← Chapters

ဒီထက် ပိုပြင်းပြင်း တိုက်နိုင်မလား

Vol. 010 Ch. 964

ဒီထက် ပိုပြင်းပြင်း တိုက်နိုင်မလား

Vol. 010 Ch. 964

ရှားရှင်းယွန်ကား တစ်ဖန် ပိတ်ဆို့ ခံရပြန်သည်။ သူမက ရီဖူရှင်းအား ကြည့်သည်။ ကြည့်ရသည်မှာ ပြည်နယ်ကိုးခု၌ တန်ခိုး အဆင့်တူအတွင်း သူမကို ရပ်တန့်နိုင်သူတစ်ဦး ရှိနေသည်။ လှံရှည်ထံမှ အလွန် အားကောင်းသော အာကာသဓာတ် တစ်ခုအား ခံစားမိခဲ့၏။

ထိုအခိုက်တွင် ဟောင်ကျူဂီကား ရန်ဟောင် အမွေအနှစ်ကို ဆက်ခံခဲ့ပြီးဖြစ်ကာ သူ့ထံမှ ရောင်စဉ်များ လင်းလက်နေသည်။ နန်းတော်ရာက တုန်ခါနေပြီး လှပသော အလင်းများ တိုက်ခိုက်နေသော သဏ္ဌာန်နှစ်ခုပေါ်သို့ လာရောက် ဖျန်းပက်၏။ အုတ်ဂူ အပြင်ဘက်တွင်လည်း လူတိုင်းက ကောင်းကင်နှင့် မြေကြီး တုန်ခါနေသည်ကို ခံစားကြရသည်။ လောက၌ ရန်ဟောင် အမွေအနှစ်မှာ တစ်ဖန် ပေါ်ထွက် လာခဲ့ပြန်၏။

သို့သော် မည်သူ ရရှိခဲ့သနည်း။

အခြေအနေကား မင်းသမီး ဝင်သွားပြီး မကြာခင် အပြောင်းအလဲ ဖြစ်ခဲ့ရာ အမွေအနှစ်အား သူမ ရရှိရန် များပေသည်။ သို့သော်လည်း ထိုအရာကလည်း ထူးဆန်းသည်တော့ မဟုတ်။ အတွင်း၌ ရှန့်ထိုနှစ်ပါး ရှိသော်လည်း သူတို့က ရှားရှင်းယွန်နှင့် မည်သို့ ယှဉ်ပြိုင် ရဲမည်နည်း။ ရီဖူရှင်းနှင့် ဟောင်ကျူဂီတို့ မူကား သူတို့ တိုက်ခိုက် လိုလျှင်ပင် ထိုသို့ စွမ်းရည် ရှိပါမည်လား။

ပြည်နယ်ကိုးခုမှာ အင်ပါယာရှား၏ အုပ်ချုပ်မှု အောက်တွင် ရှိသည်။ ရှေးနန်းတော်ရာမှာ ဟောင်ကလန် ဘိုးဘေးများ ချန်ထားခဲ့သော အရာ ဖြစ်သော်လည်း ထိုအရာမှာ အင်ပါယာရှား ပိုင်ဆိုင်လိုသည် ဆိုလျှင် မည်သူ ငြင်းဆန် ရဲမည်နည်း။

သူတို့အားလုံးက အလွန် မာနကြီးသော ရီဖူရှင်းကို တွေးမိကြသည်။ သူ၏စိတ်နေ သဘောထားဖြင့် ရီဖူရှင်းကား မင်းသမီးကိုပင် လှည့်စားရဲ၏။ သူက မင်းသမီးကို အမှန်တကယ် တိုက်ခိုက်ရဲလောက် ပေသည်။ သူက အုတ်ဂူထဲမှ ထွက်လာနိုင်မည်လား သူတို့ မသိပေ။

အားလုံး ခန့်မှန်းသလိုပင် ရီဖူရှင်းကား အမှန်တကယ် တိုက်ခိုက် နေသည်။ သို့သော်လည်း ရီဖူရှင်းကား သူကိုယ်တိုင် အတွက် တိုက်ခိုက်ခြင်း မဟုတ်ပေ။ သူကား ဟောင်စီနှင့် ဟောင်ကျူဂီတို့ အတွက် တိုက်ခိုက် နေသည်။ ရှားရှင်းယွန်က အင်ပါယာရှား နာမည်သုံးကာ ဖိနှိပ်ပါက သူနောက်ဆုတ်မည်။ ဟောင်ကျူဂီက အမွေအနှစ်ကို ရရှိပိုင်ဆိုင်ခဲ့ကာ သေဆုံးခဲ့ပါက ရှားရှင်းယွန်ကား သူမပေးခဲ့သော ကတိကို ကိုယ်တိုင် ချိုးဖျက်ရာ ကျပေမည်။ ထို့ကြောင့် သူကား သိပ်မစိုးရိမ်ပေ။

အင်ပါယာရှားက ပြည်နယ်ကိုးခု၌ အဘယ်ကြောင့် အုပ်ချုပ်ရေး ယန္တရားအား တည်ဆောက် ထားခဲ့သနည်း။

ရှားရှင်းယွန်က အဘယ်ကြောင့် ကောင်းကင် ရွေးချယ်ခံများအား သတ်မှတ်ခဲ့သနည်း။

လှံရှည်အား လက်တွင် ကိုင်ထားရင်း အလင်းများ ရီဖူရှင်းကို ရစ်ပတ်လာခဲ့၏။ သူက ရှားရှင်းယွန်ကို လှံဖြင့် ချိန်ရွယ်လျှင် တိုက်ခိုက်ရေး စိတ်ဆန္ဒများ ပြင်းထန်စွာ ဖြစ်ပေါ်လာသည်။

ရှားရှင်းယွန်ကို ပိုမို အားကောင်းသော ဓားအသိများ စီးဆင်းလာခဲ့၏။ ဓားအသိကား ကပ်ဘေးများ ဖြစ်စေလောက်အောင် ကြောက်မက်ဖွယ် ဖျက်ဆီးအားကို ပိုင်ဆိုင်သည်။ သူက ဓားအသိကို ခံစားမိကာ ဓားအသိမှာ သူ၏စိတ်ဝိညာဉ်အား ဖျက်ဆီးတော့မည့်အလား ထင်မှတ်ရ၏။

ဓားအသိမှာ တဖြည်းဖြည်း အားကောင်း လာခဲ့ကာ စူးရှသော အသံများ လေထဲတွင် ဖြစ်ပေါ်လာသည်။ ဓားအသိများ ကောင်းကင် တစ်ခွင်တွင် လှည့်ပတ် စီးဆင်းကြသည်။ ထိုအရာက နေရာတိုင်းတွင် ရှိနေသည့်အလား ထင်မှတ်ရ၏။

ရှားရှင်းယွန်က ရှေ့သို့ တက်လာလျှင် ကြောက်မက်ဖွယ် ကပ်ဘေးဓားက ရီဖူရှင်း၏ စိတ်ဝိညာဉ်သို့ ထွင်းဖောက်လာဟန် ရသည်။ သို့သော်လည်း ရီဖူရှင်းကား သူ၏ စိတ်နယ်ပယ်ကို ကောင်းကောင်း ကာကွယ်ထားရာ ပြဿနာ သိပ်မရှိပေ။ တစ်ချိန်တည်းမှာပင် ကောင်းကင်မှ ဓားတစ်လက် လျှပ်စီးတန်းအလား ကျဆင်း လာသည်။

ဘုန်း  ... ကျယ်လောင်သော အသံတစ်ခုနှင့်အတူ ရီဖူရှင်းအား ကြယ်တာရာ အရံအတားတစ်ခု လာရောက် ရစ်ပတ်သည်။ သူက ကောင်းကင်နှင့် မြေပြင်၏ စွမ်းအားများကို အသုံးပြုရာ၌ အကန့်အသတ် ရှိသော်လည်း သူကိုယ်တိုင် အတွက်မူ အားကောင်းသော အားနယ်ပယ်တစ်ခု ဖန်တီးနိုင်စွမ်း ရှိနေဆဲ ဖြစ်သည်။ ထိုနယ်ပယ်ထဲ၌ အချိန်ပင် ရပ်တန့် သွားဟန် ရသည်။ အရာအားလုံးမှာ နှေးကွေး သွားသော်လည်း ဓားက သူ၏လောကဓာတ် နယ်ပယ်အား ဖောက်ထွင်းကာ ကြယ်တာရာ အရံအတားကို ထိမိပြီး အက်ကွဲ သွားသည်။

ရှားရှင်းယွန် ရှေ့သို့ တက်လာသည်။ အကယ်၍ တစ်စုံ တစ်ယောက်သာ သူမ၏ရှေ့၌ လာရပ်ပါက သေချာပေါက် ဖိနှိပ်ခံရမည်သာ။ သူမ၏ ဓားအသိကား အားကောင်း လွန်းသည်။ သူမက ဓားကို ဆုပ်ကိုင်ကာ မြန်ဆန် ပြင်းထန်စွာ ခုတ်သည်။ နောက်ထပ် ကျယ်လောင်သော အသံတစ်ခုနှင့်အတူ အရံအတားက ပိုမို အက်ကွဲလာခဲ့သည်။

ပိုမို များပြားသော ဓားများ ပြင်းထန်စွာ ကျဆင်း လာကြ၏။ ဓားတစ်ချက်စီက အလွန် အားကောင်းသည်။ အရံအတားကား ပြိုကျတော့မည် ကဲ့သို့ပင် ဖြစ်လာ၏။ ထိုအခိုက်တွင် ရီဖူရှင်း၏ သက်စောင့်ဝိညာဉ် ပေါ်လာကာ နတ်လူဝံက မာန်သွင်းကာ ဗုဒ္ဓသန့်စင် ခန္ဓာအဖြစ် ပြောင်းလဲ ပေါင်းစပ်သွား၏။

ဘန်း ...

အရံအတား ကြေပျက်သွားကာ ဓားက ဆက်လက် ကျဆင်းလာခဲ့၏။ နတ်လူဝံက အော်ဟစ်ကာ လက်ဝါးဖြင့် ရိုက်ထုတ်လျက် ဓားကို ကာကွယ်သည်။ မြေကမ္ဘာပြိုလဲမတတ် ပြင်းထန်သော ပေါက်ကွဲမှုများ ဖြစ်လာသည်။ သို့သော်လည်း ရှားရှင်းယွန်က ထိုအရာအား မြင်ဟန်ပင် မရပေ။ သူမ၏ အေးစက်သော မျက်လုံးများမှာ အနည်းငယ်မှပင် မပြောင်းလဲပေ။

ပိုမိုသော ဓားများ ပေါ်လာခဲ့ကာ ရီဖူရှင်း ရှိနေသော နေရာမှာလည်း ပြိုလဲတော့မည်ကဲ့သို့ ဖြစ်လာသည်။ စုစုပေါင်း ဓားအစင်းပေါင်း ၃ဝဝဝ ဖြစ်သည်။ သိဒ္ဓိဝင် လက်နက်အား အသုံးမပြုဘဲ ရှန့်ထို အဆင့်အောက်မှ မည်သူမဆို ထိုတိုက်ခိုက်မှုအား အန်တုနိုင်မည် မဟုတ်ပေ။

လူဝံကြီးက ပြင်းထန်စွာ တိုက်ခိုက်၏။ သူ၏ တိုက်ခိုက်မှုတိုင်းက လေထုကို တုန်ခါစေသည်။ နတ်လူဝံ၏ တိုက်ခိုက်မှုအောက်တွင် ကောင်းကင်နှင့် မြေပြင်မှာ ပြိုကျတော့မည်ကဲ့သို့ ထင်မှတ်ရ၏။ သို့သော်လည်း သူ၏တိုက်ခိုက်မှုက ကပ်ဘေးဓားများကို မဖျက်ဆီးနိုင်ပေ။ ဓားအများအပြားက လူဝံကြီးကို ကျဆင်းလာခဲ့ကာ များစွာသော ဒဏ်ရာများအား ဖြစ်ပေါ်စေခဲ့၏။

သိပ်မဝေးသော နေရာ၌ ထိုင်နေသော မှန်နန်းတော် သခင်မပင် တိုက်ပွဲကို ကြည့်ကာ တုန်လှုပ်ရသည်။ သူမကား အင်ပါယာရှား၏ သမီးဖြစ်သည်။ သူမက အဆင့်နိမ့်ကွန်းရှီ ဖြစ်သော်လည်း ပြည်နယ်ကိုးခု ရှီအဆင့်မှ တစ်စုံ တစ်ယောက်ကပင် သူမအား အနိုင်ရမည်ဟု အတတ် မပြောရဲပေ။ ယခု သူမနှင့် တန်ခိုးအဆင့်တူ ရီဖူရှင်းက သူမအား တန်းတူ ရင်ဆိုင် တိုက်ခိုက်နေသည်။

ကြည့်ရသည်မှာ နတ်လူဝံ၏ခန္ဓာမှာ ဆက်လက်၍ ခံနိုင်ဟန် မတူတော့။ ထို့ကြောင့် ရီဖူရှင်းက လက်မြှောက်ကာ လှံရှည်တစ်လက် ဖန်ဆင်း လိုက်သည်။ ဒြပ်မှုန် လောကဓာတ်များ ဖြစ်ပေါ်လာကာ လှံကို ရစ်သိုင်း၏။

ရွှေရောင် အလင်းများ ဝင်းလက်သွားကာ နတ်ငှက်တစ်ကောင် ပေါ်လာ၏။ လေလောကဓာတ်များ သူ့ကို လာရောက် ရစ်ပတ်၏။ ထိုအခိုက်တွင် ရီဖူရှင်းကား စစ်နတ်ဘုရားအလား ထင်မှတ်ရသည်။ ပြင်းထန်သော လေများ တိုက်ခတ်လျှင် ရီဖူရှင်းက မူလနေရာမှ ပျောက်ကွယ် သွားပြီး ရှားရှင်းယွန်ထံသို့ ရွေ့လျား သွားသည်။ ရှားရှင်းယွန်ကလည်း မြန်ဆန်စွာ ရှေ့သို့ လက်ညှိုး ထိုးသည်။ ဓားစွမ်းအင် ကွဲထွက်လာကာ အရာအားလုံးကို ဖျက်ဆီးလျက် ရီဖူရှင်းထံသို့ ဦးတည်သည်။

ဝှီး  ... ဝုန်း ...

ရီဖူရှင်းက လှံရှည်ဖြင့် ထိုးနှက် လိုက်ကာ ကပ်ဘေးဓားကို ရိုက်ထုတ်လျက် သူ၏ အတောင်ပံများကို ခတ်ကာ လေဟာနယ်ကို ခွင်းလျက် တစ်ဖက်လူထံသို့ တိုးဝင်လာခဲ့သည်။ သူ၏စွမ်းအားများ ပိုမို အားကောင်း လာနေသည်။

ရှားရှင်းယွန်ကား တောင်တစ်လုံးအလား လှုပ်ရှားခြင်း ကင်းသည်။ ဓား၃ဝဝဝက သူမအား မုန်တိုင်းအလား ရစ်ပတ် ထားကြသည်။ သူမကလည်း ရီဖူရှင်းထံသို့ ဆက်လက် တိုးဝင်လာခဲ့သည်။

နတ်လူဝံက အော်ဟစ်သည်။ သူ၏သွေးကြောမ ခုနစ်ခုပွင့်လာခဲ့ကာ သူ့အနီး၌ ပုံရိပ်ယောင်များ ပေါ်လာခဲ့သည်။ ပုံရိပ်တစ်ခုစီက လှံရှည်တစ်လက် ကိုင်ဆောင် ထားကြကာ နောက်ဆုံးတွင် ပုံရိပ်များက ပင်မခန္ဓာ၌ လာရောက် ပေါင်းစပ်ကြပြီး ရှားရှင်းယွန်အား ထိုးနှက်သည်။

ဓား၃ဝဝဝ မှာ သူ့ထံသို့ ဦးတည် လာခဲ့သော်လည်း လှံရှည်က အလယ်ဗဟိုမှ ထွင်းဖောက်ကာ ရှားရှင်းယွန်ပေါ်သို့ ကျဆင်း လာခဲ့သည်။ ထိုအခိုက်တွင် ရီဖူရှင်းမှာလည်း ပြင်းထန်စွာ တိုက်ခိုက် ရိုက်ခတ်ခံရသလို ရှားရှင်းယွန်မှာလည်း နောက်သို့ တစ်ဖန် လွင့်စဉ် သွား၏။

ဖျက်ဆီးအား မုန်တိုင်းမှာ လှုပ်ရှားနေဆဲ ဖြစ်သည်။ ရီဖူရှင်း၏ ဗုဒ္ဓသန့်စင်ခန္ဓာမှာ ပျက်စီးသွားပြီး သူ၏သက်စောင့် ဝိညာဉ်မှာလည်း ဒဏ်ဖြစ်သွားသည်။ သူ၏လည်ပင်းမှ ပျို့တက်လာသော သွေးများအား သူက အတင်း ပြန်မျိုချ၏။

ရှားရှင်းယွန် သည်လည်း ကောင်းမွန်သော အခြေအနေ၌ မရှိပေ။ သူမ၏ အဝတ်အစားများမှာ ရှုပ်ပွနေပြီး ဆံပင်များမှာ ပြန့်ကျဲနေ၏။ လေပြင်းများ ရိုက်ခတ်လျှင် သူမကား အမှန်ပင် မိန်းမဆန်သောပုံစံ ထင်မြင်ရ၏။

ရီဖူရှင်းက သူမအား ဤသို့သော အခြေအနေ ဖြစ်စေမည်ဟု ရှားရှင်းယွန်ကား တစ်ခါမှ မထင်မှတ်ခဲ့ဖူးပေ။ သူမက ရန်ဟောင် အမွေအနှစ်အား ဂရုမစိုက်တော့။ သူမက ရီဖူရှင်းကိုသာ ကြည့်သည်။

သူမကား အင်ပါယာရှား နယ်မြေ၌သာ ပြိုင်ဘက်ကင်းသည် မဟုတ်ပေ။ သူမ ငယ်ရွယ်စဉ် အခါက သူမ၏အဖေသည် သူမအား တခြား ရန်ဟောင်ဘုံများစွာသို့ ခေါ်ယူ သွားလာခဲ့ကာ လောက အတွေ့အကြုံများကို ပေးသည်။ သူမသည် အလွန် ငယ်ရွယ်သေး သော်လည်း နေရာမျိုးစုံ ရောက်ဖူးကာ များစွာသော စွမ်းအားမြင့် တန်ခိုးရှင်များအား မြင်ဖူးသည်။ တခြားဘုံများတွင်ပင် သူမအား တန်ခိုးအဆင့်တူ အတွင်း ယှဉ်နိုင်သူ မတွေ့ခဲ့ပေ။ ယခု အောက်ဘုံရှိ ပြည်နယ်ကိုးခုတွင် သူမက တစ်စုံ တစ်ယောက်အား တွေ့သည်။

“ရှင် ဒီထက် ပိုပြင်းပြင်း တိုက်ခိုက်လို့ ရသေးလား” ရှားရှင်းယွန်က မထင်မှတ်ထားစွာ ပြောသည်။

ရီဖူရှင်းက အံ့အားသင့်သွားကာ ပြောသည် ... “မင်းသမီး တိုက်ခိုက်နိုင်သရွေ့ ကျုပ် တိုက်ခိုက်နိုင်တယ်”

ဘေးတွင် မှန်နန်းတော် သခင်မအား ဆွံ့အနေသည်။ သူတို့က သည့်ထက် ပိုပြင်းပြင်း ထန်ထန် တိုက်ခိုက်ဦး မည်လား။

ကျောက်ပြည်ထောင် ဘုရင်ကား တိုက်ပွဲကို မျက်လုံးဖွင့်လျက် ကြည့်နေသည်။ သူက ရီဖူရှင်းအား သတ်ဖြတ်လိုသော စိတ်ဆန္ဒမှာ ပိုမိုပြင်းထန် လာခဲ့သည်။

“ဒါဆိုလည်း ကြည့်ရအောင်...” ရှားရှင်းယွန်က ဖြည်းညင်းစွာ ပြောသည်။ သူမ၏ သက်စောင့်ဝိညာဉ် မွေးဖွားလာခဲ့၏။ အလွန်လှပသော ရွှေကြာပန်း တစ်ပွင့် မွေးဖွား လာခဲ့၏။

ရှားရှင်းယွန်က ရွှေကြာပန်းထက်သို့ တက်လိုက်လျှင် အဆုံးအစမဲ့သော နတ်ဘုရား အလင်းများ ဖြာထွက်လာသည်။

ရှေးနန်းတော်ရာမှာ ပိုမိုပြင်းထန်စွာ တုန်ခါ လာသော်လည်း သူမက ဂရုမစိုက်ပေ။ ယခု သူမကား ရန်ဟောင် အမွေအနှစ်ထက် ရီဖူရှင်းသည် ပိုမို စိတ်ဝင်စားဖွယ် ကောင်းနေ၏။

***

All Chapters