ပါးစပ်ပိတ်ပြီး နားထောင်ကြ..
Vol. 2 Ch. 16
ဘာသာပြန် = စနိုးဝှိုက်
ရှောင်နန်ဖန်း၏ အော်ဟစ်သတိပေးမူကြောင့် ..တစ်ခြား လူများသည်..ပုံရိပ်ယောင် ကမ္ဘာမှ ထွက်သွားရန် ပြုလုပ်လိုက်ကြသည်..။ဒီအခါမှ သူတို့ ထွက်သွားလို့ မရဘူးဆိုတာကို သလိုက်ကြရ၏..။
"ငါတို့ ဘာလို့ ထွက်သွားလို့ မရတာလဲ.."
"ငါလည်း ထွက်သွားလို့ မရဘူး.."
"ချီးပဲ..ဒါက ပုံရိပ်ယောင် တစ်ခုပဲ မဟုတ်ဘူးလား.."
တပည့်အသစ်လေးတွေဟာ..ဆက်ပြီး ထွက်သွားဖို့ကြိုးစားနေပေမယ့် အရာမထင်ခဲ့ချေ..။အရိုးစု ပုံစံ အရာကတော့..သူတို့ကို အဝေးကနေ ကြည့်နေခဲ့သည်..။
ရှောင်နန်ဖန်း မျက်မှောင်ကျုတ်ပြီး နောက်ကို ဆုတ်လိုက်၏..။သူ လည်း ထွက်ပြေးဖို့ လုပ်ကြည့်ပေးမယ့် အရိုးစုက ဒီနေရာတွင် တစ်နေရာနှင့်တစ်နေရာ စိတ်ကြိုက်သွားလာနိုင်သည့်ပုံပေါ်သည်..။
သူ၏ လှုပ်ရှား မူများကို ဘယ်သူမှ မမြင်ကြရပေ..။
တပည့်အသစ်တစ်ယောက်သည် သူ့အနားကို အရိုးစု ရုတ်တရက် ရောက်လာတာကို မြင်ပြီး..လက်သီးဖြင့် ကြောက်လန့် တကြားထိုးချလိုက်သည်..။သို့ပေမယ့် သူ၏ ခွန်အားက အရိုးခြောက်၏ လက်သည်း သူ့ရင်ဘတ်ပေါ် ကျရောက်လာသည်ကို တားဆီးရန် အတွက် မလုံလောက်ခဲ့ပေ..။
"မ..မဟုတ်ဘူး..။ငါ မသေချင်သေးဘူး.."
ကံဆိုးသည့် တပည့်သည် အော်ဟစ်လိုက်သည်..။သူက သွေးအန်ပြီး ချက်ချင်းလဲကျသွားခဲ့၏..။
နောက်တစ်ယောက် သေပြန်ပြီလား..။
သူ၏ ခန္တာကိုယ်ဟာ..အရိုးစု ရဲ့ စုပ်ယူမူကြောင့် ခြောက်ကပ်သွားခဲ့သည်..။
တပည့်သစ်များသည် အရိုးစုနဲ့ ဝေးရာကို ထိပ်လန့်တကြား ထွက်ပြေးလိုက်ကြသည်..။
အခုချိန်မှာတော့ အရိုးစု ၏ ပတ်လည်က အမဲရောင် အော်ရာ တစ်ချို့ကို သူတို့ မြင်နေကြရ၏..။ဒီအရိုးစုက ခံစားချက် မဲ့နေပေမယ့်လည်း အစောက မွန်းစတားတွေ ထက် စာရင်တော့ ကြောက်စရာ ကောင်းလှပေသည်..။
"သူတို့ တကယ် သေသွားတာလား.."
တပည့်သစ်တစ်ယောက်က ထိပ်လန့်တကြား မေးလိုက်သည်..။
"ဖြစ်နိုင်တယ်..ဒါပေမဲ့ သူတို့က အပြင်ကို ရောက်သွားတာရော မဖြစ်နိုင်ဘူးလား..။တိုင်ချင်ဂိုဏ်းရဲ့ စမ်းသပ်မူမှာ ဘယ်လိုလုပ် လူသေနိုင်မှာလဲ.."
တစ်ခြားတစ်ယောက်က အခြေအနေကို သုံးသပ်လိုက်သည်..။
ဘေးနားက လူတွေလည်း စိတ်သက်သာရာရသွားခဲ့ကကသည်..။ဒါကလည်း စမ်းသပ်မူ ၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်နေနိုင်၏..။
"မင်းက သေချာလို့လား.."
ရှောင်နန်ဖန်း အေးစက်စွာပြောလိုက်သည်..။
"ဒါက စမ်းသပ်မူရဲ့ အစိတ်အပိုင်းလား ဆိုတာကို ငါ သေချာ မသိပေမယ့် သူတို့တွေက သေခါနီးမှာ ဆိုးဆိုးဝါးဝါး နာကျင်နေကြရတယ် ဆိုတာကိုတော့ ငါပြောနိုင်တယ်..။မင်းရဲ့ သုံးသပ်မူတွေက မှန်နိုင်ပါတယ်..။ဒါပေမဲ့ သူတို့တွေ အကုန်တကယ် သေသွားတယ် ဆိုရင်ရော..ဘယ်လိုလုပ်မလဲ.."
ရှောင်နန်ဖန်း ထပ်ပြောလိုက်သည်..။
ဆယ်စုနှစ်နဲ့ ချီကြာအောင် ပိတ်လှောင်ခံထားရပြီးနောက်မှာတော့ ရှောင်နန်ဖန်းသည် ..သူ၏ ဘဝကိုတစ်စုံတစ်ဦး လက်ထဲမှာ ထည့်ထားရတာမျိုး လက်မခံနိုင်တော့ပေ..။ဒါက အစစ်အမှန်ဖြစ်ဖြစ် အတုအယောင် ဖြစ်ဖြစ် သူက နာကျင်မူကို လက်ခံမှာမဟုတ်ချေ..။
ဘေးနားက တပည့်သစ် များကလည်း တံတွေးကို မြိုချလိုက်၏..။
ဒီအခြေအနေကို ဘယ်သူမှ အတိအကျမပြောနိုင်ကြပေ..။သူတို့က အရိုးစု သတ်တာ ခံရပြီးရင်တောင် အဆင်ပြေနေဦးမယ် တဲ့လား..။
တပည့်သစ်များသည် ခေါင်းခါယမ်းလိုက်ကြပြီး အရိုးစုကို စိုးရိမ်စွာ ပြန်ကြည့်လိုက်ကြ၏..။
"အတူ ပူးပေါင်းပြီး တိုက်ခိုက်ကြရအောင်.."
တစ်စုံတစ်ယောက်က အော်ပြောလိုက်သည်..။
.
"ကောင်းပြီ..အတူပူးပေါင်းကြမယ်.."
နောက်တစ်ယောက်က အော်ပြောလိုက်၏..။
ဒါဇင်နဲ့ချီတဲ့ လူသစ်များသည် အရိုးစု ဆီကို ပြေးသွားပြီး တိုက်ခိုက်လိုက်ကြသည်..။သူတို့တွင် လက်နက် မပါရှိတာကြောင့် လက်ဗလာနဲ့ တိုက်ခိုက်ရန်သာ တတ်နိုင်ကြ၏..။
များပြားလှတဲ့ လက်သီးထိုးချက် တွေ ခြေကန်ချက် တွေကြောင့်..အရိုးစုက လှုပ်ခါလာခဲ့ပေမယ့် လဲကျဖို့ အတွက်တော့ မစွမ်းဆောင်နိင်ကြချေ..။ခနလေး အတွင်းမှာပဲ..နောက်ထပ် တပည့်သစ် နှစ်ယောက်က အဆုံးသတ် ခံလိုက်ရ၏..။
"အရိုးစုက ငါတို့ကို တစ်ယောက်ပြီး တစ်ယောက် သတ်နေတာမျိုး ဖြစ်စေလို့ မရဘူး."
နောက်တစ်ယောက်က အော်ပြောလိုက်သည်..။
သူ ပြောလို့ မဆုံးခင်မှာပဲ အရိုးလက်သည်းကြီးက သူ၏ ရင်ဘတ်ထဲသို့ ဝင်လာခဲ့ပြီး ချက်ချင်းလဲကျသွားခဲ့သည်..။အရိုးစုကတော့ လဲကျသွားတဲ့ အလောင်းတွေရဲ့ အသွေးအသားတွေကို စုပ်ယူလိုက်၏..။
"မဟုတ်ဘူး..ငါတို့ တိုက်ခိုက်လို့ မရဘူး..အရမ်းသန်မာလွန်းတယ်..။ပြေးကြတော့.."
တစ်ချို့ပျော့ညံ့သည့် တပည့်များသည်..အဝေးကို ထွက်ပြေးရန် ကြိုးစားလိုက်သည်..။
"မပြေးကြနဲ့လေ..#$& "
ရှောင်နန်ဖန်း ပြန်အော်ပြောလိုက်သည်..။
"မင်းတို့ လွတ်မှာမဟုတ်ဘူး.."
အရိုးစုက သေဆုံးသွားသည့် အလောင်းသုံးကောင်ကို စုပ်ယူပြီးနောက်တွင် နေရာကနေ ပျောက်သွားပြီး ရှောင်နန်ဖန်း၏ အနားတွင် ပြန်ပေါ်လာခဲ့သည်..။
"ချီးပဲ.."
ရှောင်နန်ဖန်း ကျိန်ဆဲလိုက်၏..။
အရိုးစု ၏ လက်သည်းက သူ၏ ရင်ဘတ်ဆီကို ဝင်ရောက်လာခဲ့သည်..။
ထိပ်လန့်နေသည့် ရှောင်နန်ဖန်းသည် သူ၏ စိတ်ဝိဥာဥ် စွမ်းအင်နှင့် ခန္တာကိုယ်ကို အမြန်ကာကွယ်လိုက်၏..။
အရိုးစု ရဲ့ လက်သည်းက သူ၏ ရင်ဘတ်ကို ထိုးဖောက်လာမည့်အစား..အကာအကွယ်ကို သာ ထိမှန်သွားခဲ့ကာ..သူ့ကို အနောက်သို့ လွင့်စင်သွားစေခဲ့သည်..။ရှောင်နန်ဖန်း မြေကြီးတွင် လဲလျောင်းနေရင်း ချွေးစေးများ ပျံလာခဲ့၏..။အရိုးစုက သူ့အနားရောက်လာသည့် အချိန်တွင် သူ့ဘဝက အဆုံးသတ်ပြီးဟုတောင် ထင်မိခဲ့သည်..။
သူက စိတ်ဝိဥာဥ်စွမ်းအင်ကို အသုံးပြုနိုင်တာလား..
ဒါက ဖြစ်နိုင်ချေရှိ၏..။ဒီနေရာရှိ သူ၏ ခန္တာကိုယ်ကစိတ်ဝိဥာဥ် သိစိတ်လေးနှင့် ဖြစ်ပေါ်နေခဲ့ခြင်းဖြစ်သည်..။ဒါကြောင့် သူက စိတ်ဝိဥာဥ် စွမ်းအင်ကို အသုံးပြုနိုင်ယုံတင်မကပဲ..တိုက်ခိုက်မူများကိုပါ ကာကွယ်နိုင်နေခဲ့၏..။
အတော်ဝေးသည့်နေရာမှ နောက်ထပ် အော်သံတစ်ခုကို ကြားလိုက်ရသည်..။အရိုးစုက ရှောင်နန်ဖန်းကို တိုက်ခိုက်ပြီးသည်နှင့် နောက်ထပ် ပစ်မှတ်ဆီကို သွားကာ သတ်ဖြတ်လိုက်ခြင်းဖြစ်၏..။
ကျန်နေသည့် လူများကတော့ အတော်လေးကို ထိပ်လန့်နေကြပြီဖြစ်သည်..။လူတိုင်းက ထွက်ပြေးဖို့ကြိုးစားနေကြပေမယ့် အရိုးစုက သူတို့ လွတ်မြောက်နိုင်သည့် ရန်သူ မဟုတ်ပေ..။သူက တစ်ယောက်ပြီး တစ်ယောက်သာ အမဲလိုက်နေခဲ့၏..။
တစ်ချိန်တည်းမှာတော့...အပြင်ကမ္ဘာရှိ အကြီးအကဲ ကု အနားတွင် လူများစုဝေးနေခဲ့ကြသည်..။
"နောက်ထပ်သုံးယောက်သေပြန်ပြီ.."
"နောက်ထပ် တစ်ယောက်သေပြန်ပြီ အကြီးအကဲ ကု..။ကျွန်တော်တို့ ဘာလုပ်ကြမလဲ ..။ဒီလို အရည်ချင်းရှိ တဲ့ လူသစ်လေးတွေကို သေဆုံးအောင် မထားထားသင့်ဘူးလေ.."
"အကုန် တိတ်တိတ်နေကြ.."
အနီးအနားကို ရောက်လာခဲ့သည့် ကျိုးယွန်ဂျီ က အော်ပြောလိုက်သည်..။
ကျိုးယွန်ဂျီသည် ရှောင်နန်ဖန်းကို လာရောက် စောင့်ကြည့်နေခြင်းဖြစ်ပြီး..ဒီလိုအရာမျိုးတွေ ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ပေ..။
"တိုင်ချင်ဂိုဏ်းက တပည့်တွေ..လေးဖက်လေးလံကို စောင့်ကြည့်ထား..။ဘယ်သူမှ ဝင်တာ ထွက်တာ မလုပ်စေနဲ့.."
ကျိုးယွန်ဂျီ အမိန့်ပေးလိုက်သည်..။
"နားလည်ပါပြီ.."
လူတိုင်း ငြိမ်သွားပြီးနောက်တွင်တော့..ကျိုးယွန်ဂျီသည် အကြီးအကဲ ကု ဘက်လှည့်လိုက်ပြီး ရှင်းပြတာကို စောင့်နေခဲ့၏..။
"ငါ ဒီအရာကို အခု ဖြေရှင်းလို့ မရသေးဘူး..။သူတို့ရဲ့ စိတ် ကမ္ဘာတွေက တစ်ဆက်တည်း ဖြစ်သွားလောက်ပြီ.."
အကြီးအကဲ ကု တစ်ခုခု ဆက်ပြောဖို့ လုပ်ပေမယ့် နောက်ထပ် အော်သံတစ်ခု ထွက်ပေါ်လာခဲ့၏..။
"နောက်တစ်ယောက် သေပြန်ပြီ.."
အော်သံတစ်ခု ထွက်လာခဲ့သည်..။
ပုံရိပ်ယောင်ထဲတွင်တောင် တပည့်သစ်တွေ ဘယ်လောက်ထိ ပြေးပြေး လွတ်မြောက်ဖို့ဆိုတာ မဖြစ်နိုင်ကြပေ..။ထိပ်လန့်မူတွေက သူတို့ကို ကြီးစိုးနေခဲ့၏..။သူတို့ထဲက ရှစ်ယောက်လောက်က သေဆုံးကြပြီ ဖြစ်သည်..။
"အားလုံးပဲ ငါ့အနားကို လာခဲ့ကြ.."
ရှောင်နန်ဖန်း အော်လိုက်သည်..။
ရှောင်နန်ဖန်း၏ အော်လိုက်သည့် အသံက..တပည့်များအတွက်တော့..ရေနစ်နေသည့် အခိုက်အတန့်တွင် ကောက်ရိုးတစ်မျှင် ရလိုက်သလို ဖြစ်နေခဲ့သည်..။
"မင်းတို့ မသေချင်ကြဘူးဆိုရင် ဒီီကို အမြန်လာခဲ့ကြ..။မင်းတို့ ရှင်သန်အောင် ငါ ကူညီပေးနိုင်တယ်.."
ရှောင်နန်ဖန်း အော်လိုက်သည်..။
သူ ဘာကိုမှ ရှင်းပြမနေချင်ပေ..။လူတိုင်းရဲ့ စိတ်အခြေအနေက ပင်ပန်းလွန်းတာကြောင့် လဲကျချင်နေကြပြီဆိုတာကို သူ သိထားသည်..။သူ လုပ်ဖို့လိုတာဆိုလို့ ဒီလူတွေရဲ့အာရုံစိုက်မူကို တတ်နိုင်သမျှ ယူရန်ဖြစ်၏..။
ရှောင်နန်ဖန်းကတော့ သူ့အနေဖြင့် လူတိုင်းကို ကယ်တင် နိုင်လိမ့်မယ်လို့ ယုံကြည်ချက် မရှိပေ..။သို့ပေမယ့် တစ်ခြားလူတွေ သူ့ကို ယုံကြည်လာအောင် လုပ်ရမည် ဆိုတာကိုတော့ သိထား၏..။
နောက်ဆုံးမှာတော့ တစ်ခြားလူများသည် ရှောင်နန်ဖန်း၏ အနားကို အသီးသီး ရောက်လာခဲ့ကြသည်..။
သူတို့ ပြေးလာနေတုန်းမှာပဲ နောက်ထပ် တစ်ယောက်က သေဆုံးသွားခဲ့ပြီး ကျန်သည့်လူများကတော့ ဆက်ပြေးလာခဲ့ကြသည်..။
ရှောင်နန်ဖန်း တွင်လည်း ရွေးချယ်စရာ မရှိပေ..။အကယ်၍ အရိုးစုက ဒီလူတွေကို သတ်ပြီး သန်မာလာခဲ့ရင် သူ့ကို ပစ်မှတ်ထားဦးမည် ဖြစ်၏..။သူ၏ စိတ်ဝိဥာဥ် စွမ်းအင်ကလည်း အကန့်အသတ် ရှိတာကြောင့်..အရိုးစုကို အကြာကြီး တောင့်ခံထားနိုင်မှာမဟုတ်ပေ..။
"မင်းမှာ အစီစဥ် ရှိလို့လား.."
"ငါတို့ ဘာလုပ်ရမှာလဲ.."
လူတိုင်းက ရှောင်နန်ဖန်းကို ကြည့်လိုက်ကြသည်..။
"နားထောင်ကြ.."
ရှောင်နန်ဖန်း အော်ပြောလိုက်၏..။
ထင်ထားသည့်အတိုင်းပင် လူတိုင်းက သူ့ကို မျှော်လင့်ချက်ဖြင့် ကြည့်နေခဲ့ကြသည်..။
"ငါ ဒီကနေ ဘယ်လိုထွက်သွားရမလဲ ဆိုတာကို မသိဘူး..။ဒါပေမဲ့ မင်းတို့ အသက်ရှင်ချင်တယ် ဆိုရင် ဒီအရိုးစုကို အတူတူ အဆုံးသတ်မှရမယ်.."
ရှောင်နန်ဖန်း ပြောလိုက်သည်..။
လူတိုင်း မျက်တောင်ခတ်လိုက်ကြ၏..။ဒါက သူတို့ အစောကတင် လုပ်ဆောင်ပြီးကြပြီဖြစ်ပြီး..အလုပ်မဖြစ်ခဲ့သည့် အကြံအစည်သာ ဖြစ်သည်..။
ရှောင်နန်ဖန်း ထပ်ပြီး အော်ပြောလိုက်၏..။
"တိတ်တိတ်နေကြ..။ဒီအရိုးစုက တိုက်ခိုက်လို့ မရတာ မဟုတ်ဘူး..။ငါတို့ အစောက တိုကိခိုက်တုန်းကတောင် သူ့ ခန္တာကိုယ်က လှုပိလာတာ တွေ့တယ်မလား..။မင်းတို့ အကုန်လုံးက သူ့ရဲ့ ခြေလက်တွေကို ဝိုင်းပြီး ချုပ်ထားကြ..။ငါက သူ့ရဲ့ ခန္တာကိုယ်ကို တိုက်ခိုက်မယ်.."
"ဒါပေမဲ့.."
တစ်ခြားလူတွေကတော့ သံသယ ရှိနေကြဆဲပင်ဖြစ်သည်..။
"မင်းတို့ မသေချင်ရင် ငါပြောတဲ့ အတိုင်းလုပ်ကြ.."
ရှောင်နန်ဖန်း ဘယ်သူ့ကိုမှ အခွင့်အရေး မပေးပဲ
ဖြတ်ပြောလိုက်၏..။
ရှောင်နန်ဖန်း၏ အမူအရာကြောင့် အားလုံးခနတာ တည်ငြိမ်သွားကြသည်..။သူ၏ အသံက အတော်လေးကို ယုံကြည်မူ ရှိပုံ ရနေသည် မဟုတ်ပါလား..။
ဒီအစီစဥ်က တကယ်ပဲ အောင်မြင်နိုင်မလား..။
အရိုးစူက သူတို့ ရှေ့တွင် နောက်တစ်ကြိမ် ပြန်ထွက်ပေါ်လာခဲ့သည်..။
"တိုက်ခိုက်ကြ.."
ရှောင်နန်ဖန်း အော်ပြောလိုက်သည်..။
"ငါ သေရမယ် ဆိုရင်တောင် ဒီကောငိကိုတော့ ဆွဲခေါ်သွားမယ်.."
"ငါ မသေချငိသေးဘူး..။ငါ့ အသက်နဲ့ရင်းပြီး တိုကိခိုက်ရမှာပဲ.."
'ချီးပဲ..ငါ့ ရဲ့ ကျင့်ကြံခြင်း ခရီးတောင် မစရသေးဘူး..။ဘာလို့ သေရမှာလဲ.."
စိတ်ဓာတ်တွေ ပြင်းထန်လာသည့် လူငယ်လေးတွေက အရိုးစုဆီကို ဒုတိယ အကြိမ်ပြေးတက်သွားခဲ့ကြသည်..။
အရိုးစု၏ လက်သည်းက တစ်စုံတစ်ယောက်ရဲ့ ရင်ဘတ်ကို ထိုးဝင်သွားပေမယ့်..ဘယ်သူမှ နောက်ပြန်မဆုပ်ကြပေ..။
လူတိုင်းက အရိုးစု၏ လက်တွေခြေထောက်တွေကိုသာ ကြိုးစားပစ်စား ချုပ်ထားလိုက်ကြသည်..။ချုပ်ထားသည့် လူများထဲတွင် ရင်ဘတ်ကို ထိုးဖောက်ခံထားရသည့် ဂိုဏ်းသား အသစ်ကလေးတောင် ပါဝင်နေခဲ့၏..။သူက သွေးတွေ စီးကျနေတာတောင် အံကိုကြိတ်ပြီး ချုပ်ထားခဲ့သေးသည်..။
အရိုးစု၏ ခြေလက်တွေကို ချုပ်ထားတာကြောငိ့ ရှောင်နန်ဖန်းသည် အရိုးစု၏ ခန္တာကိုယ်ကို စိတ်ကြိုက် တိုက်ခိုက်ခွင့်ရနေခဲ့သည်..။သူ အရိုးစု၏ လည်ပင်းကို လက်နှစ်ဖက်နှင့် ညှစ်ပေမယ့်လည်း အသုံးမဝင်ခဲ့ပေ..။
အရိုးစုကတော့ ပိုပိုပြီး ကြမ်းတမ်းစွာ ရုန်းကန်လာခဲ့၏..။
"ငါ ထပ်ပြီး ထိန်းမထားနိုင်တော့ဘူး..။ဒီအရိုးစုက အတော်သန်မာတာပဲ.."
ရှောင်နန်ဖန်းသည် သူ၏ စိတ်ဝိဥာဥ်စွမ်းအင်ကို လက်ထဲတွင် စတင် အသုံးပြုလိုက်၏..။ရှောင်နန်ဖန်း ရဲ့ လက်တွင် အပြာရောင် အလင်းတန်း ပေါ်ထွက်လာသည်ကို ဘယ်သူမှ သတိ မထားမိခဲ့ကြပေ..။
"ခရက် "
ရှောင်နနိဖန်း ၏ လက်သည် အရိုးစု၏ လည်ပင်းထဲကို ထိုးဖောက်ဝင်သွားခဲ့သည်..။
ကြီးမားသည့် အက်ကွဲမူနှင့်အတူ အရိုးစု၏ လည်ပင်းကျိုးသွားသည်ကို လူတိုင်းမြင်လိုက်ကြရ၏..။
အရိုးစု၏ လည်ပင်းကို ကိုင်ထားသည့် တပည့်တစ်ယောက်သည် အောက်ကို ပြုတ်ကျသွားခဲ့သည်..။
.
"ဟင်..ဒါက တကယ် ကျိုးသွားပြီ.."
သူမ စိတ်လှုပ်ရှားစွာ အော်လိုက်၏..။
"ငါတို့ အောင်မြင်ပြီ.."
လူတိုင်း အော်ဟစ်လိုက်ကြသည်..။
ကျန်နေသည် အရိုးစု၏ ကိုယ်ထည်ကလည်း မြေကြီးပေါ်ကို ပြုတ်ကျသွားခဲ့သည်..။
ရုတ်တရက် အရိုးစုသည် အနက်ရောင် အငွေ့များ အဖြစ်ပြောင်းသွားပြီး..လေထဲတွင် ပျောက်ကွယ်သွားတာကို တွေ့လိုက်ကြရသည်..။
ပုံရိပ်ယောင် ကမ္ဘာက ကျိုးပျက်သွားတာကို လူတိုင်းက ခံစားမိလိုက်ကြသည်..။သူတို့ အစစ်အမှန် ကမ္ဘာကို ပြန်ရောက်ကြပြီဖြစ်၏..။
သူတို့ မြေကြီးပေါ် လဲကျသွားခဲ့ကြသည်..။
"ငါတို့ တကယ် လွတ်မြောက်နိုင်ကြပြီ..။ငါတို့ တကယ် လုပ်နိုင်ခဲ့ကြတာပဲ.."
တပည့်အသစ်များက ဝမ်းသာစွာ ပြောလိုက်ကြသည်..။
"အကြီးအကဲ ကု..သူတို့ နိုးလာကြပြီ..."
တိုင်ချင် ဂိုဏ်းက တပည့်တစ်ယောက်က ပြောလိုက်ခြင်းဖြစ်၏..။
"ငါတို့ တကယ်ပဲ.."
ရှောင်နန်ဖန်းသည်လည်း မြေကြီးတွင် လဲကျနေပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့နေခဲ့သည်..။
သူတို့ တကယ်ပဲ အစစ်အမှန် ကြုံတွေ့ခဲ့ကြရတာလား...