ကျိန်စာသင့် အရိုးစု
Vol. 2 Ch. 17
ဘာသာပြန် = စမင်းသိုက်
ကျန်ရှိနေသေးသည့် တပည့်အယောက် ၂၁ ယောက်က နိုးထလာခဲ့ကြသည်..။သူတို့က အပြင်ကမ္ဘာကို ပြန်ရောက်လာကြသည်နှင့် မြေကြီးပေါ်ကို အားနည်းစွာ လဲကျသွားခဲ့ကြသည်..။အရိုးစု၏ နောက်ဆုံးတိုက်ခိုက်ခြင်းကို ခံလိုက်ရသည့် တစ်ယောက်ကတော့ ပြင်းထန်စွာ သွေးအန်နေခဲ့ချေ၏..။
"အကြီးအကဲ ကု..သူတို့ အကုန် နိုးလာကြပြီ.."
တိုင်ချင်ဂိုဏ်းက တပည့်တစ်ယောက်က ပြောလိုက်ခြင်းဖြစ်သည်..။
"အမြန်..သူတို့ ပုံရိပ်ယောင် ကမ္ဘာမှာ ဘာတွေ့ခဲ့လဲ ဆိုတာကို မေးလိုက်.."
အကြီးအကဲ ကု အမြန်မေးလိုက်၏..။
တပည့်အသစ်များကတော့..ပုံရိပ်ယောင်ကမ္ဘာထဲမှာ သေဆုံးသွားသည့် လူများက အပြင်မှာပါ သေဆုံးနေကြတာကို တွေ့လိုကိကြရသည်..။
"ဘယ်လိုဖြစ်နိုင်မှာလဲ.."
"ဒါက စမ်းသပ်မူ တစ်ခု မဟုတ်ဘူးလား..။ဘယ်လိုလုပ် သူတို့က သေသွားကြတာလဲ..။ဒါက ..ဒါက ငါတို့ သေခါနီးကနေ လွတိမြောက်လာကြတယ် လို့ ဆိုလိုတာလား.."
သူတို့က တိုင်ချင်ဂိုဏ်းကို ဝင်ချင်ကြသည်မှာ မှန်ကန် သော်လည်း အသက်နှင့်ရင်းပြီး ဝင်ရလောက်တဲ့ အထိတော့ မဟုတ်ကြပေ..။
"မစိုးရိမ်နဲ့...။မင်းတို့ကို အတွင်းစည်းတပည့်အဖြစ် ရွေးချယ်ထားပြီးပြီ..။ဒီနေ့ ဖြစ်ပျက်သွားတာက မတော်တဆ တစ်ခုပဲ..။ဒီထက် ပိုတာ မရှိဘူး.."
"ကောငိးပြီ..ဂျူနီယာလေးတို့..ပုံရိပ်ယောင် ကမ္ဘာထဲမှာ ဘာတွေဖြစ်ခဲ့တာလဲ.."
တပည့်အသစ်တွေဟာ စိတ်တည်ငြိမ်သွားတာနဲ့ အဖြစ်အပျက်များကို တစ်ခုချင်းစီ ပြန်လည်ပြောပြလာခဲ့ကြသည်..။
"အရိုးစုလား..။အရိုးစု တစ်ခုလို့ ပြောတာလား.."
အကြီးအကဲ ကု ၏ မျက်နှာဟာ ရုတ်တရက် ဖြူဖျော့သွားခဲ့၏..။
"ဟုတ်တယ်..။တစ်စုံတစ်ယောက်ရဲ့ ဦးဆောင်မူကြောင့်သာ မဟုတ်ရင် ကျွန်တော်တို့က တစ်ယောက်ချင်းစီ အသတ်ခံရတော့မှာ..။ကျွန်တော်တို့ အကုန်လုံးက အရိုးစုကို ဖမ်းချုပ်ထားကြပေမယ့်..အချိန်ခနပဲ လုပ်နိုင်ကြတာ.."
အကြီးအကဲ ကု ရေရွတ်မိလိုက်သည်..။
' ကျိန်ဆဲသင့် ရုပ်ထု ပြန်ရောက်လာတာလား..'
"အကြီးအကဲ ကု..က ဒါဘာလဲဆိုတာကို သိနေတာလား.."
တိုင်ချငိဂိုဏ်း၏ တပည့်က မေးလိုက်သည်..။
"ဒီနေ့ ဘာတွေဖြစ်ခဲ့လဲ ဆိုတာကို ဘယ်သူ့ကိုမှ ပြန်မပြောကြနဲ့..။လျိုဝှက်ချက် အဖြစ် ထိန်းသိမ်းထားရမယ်.."
အကြီးအကဲ ကု သတိပေးလိုက်သည်..။ဒီ အရိုးစုက ဘာလဲ ဆိုတာကိုတော့ သူ မရှင်းပြခဲ့ပေ..။သို့ပေမယ့်သူ၏ အမူအရာကို ကြည့်ရုံဖြင့် ဒီအရာက ဘယ်လောက် လေးနက်သလဲ ဆိုတာကို သိနိုင်၏..။
"သိပါပြီ အကြီးအကဲ.."
သို့ပေမယ့် ရှောင်နန်ဖန်းကတော့ အနည်းငယ် စိတ်မကြည်မလင် ဖြစ်နေမိသည်..။သူတို့က သေခါနီး အခြေအနေကို ကြုံတွေ့ခဲ့ရခြင်းဖြစ်၏..။ဒီအတွက် ဘာတွေ ဖြစ်ခဲ့တာလဲ ဆိုတဲ့ ဖြေ ရှင်းချက်တော့ သူတို့လိုအပ်တယ် မဟုတ်ဘူးလား..။
" ကျိန်စာသင့်..အရိုးစု လား.."
ရှောင်နန်ဖန်း သည် အကြီးအကဲ ကု ပြောလိုက်သည့် အရာကို ပြန်ပြီး ရေရွတ်မိလိုက်သည်..။
အဲ့အချိန်မှာတော့..ကျန်ရှိနေသည့်..တပည့်များသည် ရှောင်နန်ဖန်းကို ကြည့်လိုက်ကြသည်..။
သူတို့ထဲက တစ်ယောက်ကတော့ အားနည်းနေတုန်းဖြစ်ပြီး..ရှောင်နန်ဖန်း ဆီကို လျောကိသွားလိုက်၏..။
လူတိုင်း၏ ရှုပ်ထွေးသည့် အကြည့်အောက်မှာပဲ သူ က ရှောက်နန်ဖန်းကို အရိုသေပေးလိုက်သည်..။
"ကယ်တင်မူအတွက် ကျေးဇူးပါ စီနီယာ..။ဒီနေ့ အဖြစ်အပျက်ကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး.."
လူငယ်လေးသည် ရှောင်နန်ဖန်းကို လေးနက်စွာ ဂါဝရပြုလိုက်ပြီး အချိန်အတော်ကြာအောင် အဲ့အတိုင်းရှိနေခဲ့သည်..။
ရှောင်နန်ဖန်း ကိုယ်တိုင်က ငယ်ရွယ်သည့် လူငယ်တစ်ယောက်ဖြစ်ပြီး..အရိုသေပေးနေသည့် လူငယ်ထက်တောငိ ပိုငယ်နေသေးသည်..။ဒါတောင်မှ ..လူငယ်လေးက သူ့ကို စီနီယာ တစ်ယောက်အဖြစ် ဆက်ဆံနေခဲ့သည်..။ရှောင်နန်ဖန်းကြောင့်သာ မဟုတ်ရင် သူတို့က ပုံရိပ်ယောင်ကမ္ဘာထဲတွင် သေကြရမည်ဆိုတာကို နားလည်ထားခဲ့သည်..။
တစ်ခြား ရှင်သန့်ရစ်ကြသည့် တပည့်များသည်လည်း ရှောင်နန်ဖန်းဆီ လျောက်လာပြီး အရိုအသေ ပေးလိုက်ကြ၏..။
"ကယ်တင်ပေးမူ အတွက် ကျေးဇူးပါ စီနီယာ အစ်ကို.."
သူတို့ ရေရွတ်လိုက်ကြသည်..။
ရှောင်နန်ဖန်း မတ်တတ်ထရပ်လိုက်ပြီး သူတို့ကို ခေါင်းညိမ့်ပြကာ တုန့်ပြန်လိုက်သည်..။
အဲ့အချိန်မှာတော့ သူက အားလုံးရဲ့ အာရုံစိုက်မူ အောက်တွငိ ရောက်နေခဲ့၏..။လူတိုင်းက အရိုးစုကို သတ်ရန် ဦးဆောငိခဲ့သည့် ခေါင်းဆောင်မှာ ရှောင်နန်ဖန်း ဟုသာ ပြောနေကြ၏..။
တိုင်ချင်ဂိုဏ်း၏ တပည့်များသည်လည်း ရှောင်နန်ဖန်းကို မတူညီစွာကြည့်လိုက်ကြသည်..။သူက အရေးကြီးသည့် အချိန်တွင် သတ္တိနှင့် ဦးဆောင်နိုင်စွမ်းကို ပြသခဲ့သည့် သူဖြစိ၏..။
သူ၏ ပါရမီက ပုံမှန်အောက်သာ ရှိလျင်တောင် ၊ သူ၏ စိတ်စွမ်းအင်က ထိပ်တန်းအဆင့်တွင် ရှိနေခဲ့သည်..။ဒါက လူတိုင်း အလိုရှိသည့် အရာတစ်ခု ဖြစ်ချေ၏..။
လက်ရှိတွင်..ဒီအခြေအနေကို သဘောမကျသည့် အဖွဲ့က နှစ်ဖွဲ့သာ ရှိနေခဲ့သည်..။
ပထမတစ်ဖွဲ့က ယင်ကောင် တစ်ကောင်ကို ပါးစပ်ထဲ ငုံထားရသည့် ပုံစံဖြစ်နေသည့် ရီဒါဖူ တို့ အဖွဲ့ဖြစ်သည်..။
ဒုတိယ တစ်ဖွဲ့က ကျိုးယွန်ဂျီ တို့ ဖြစ်၏..။ကျိုးယွန်ဂျီသည် ရှောင်နန်ဖန်းက သူလျိုတစ်ယောက်ဟု ယုံကြည်နေသည့်သူ ဖြစ်တာကြောင့်..ဒီလို အခြေအနေမျိုးကို မနှစ်မြို့ပေ..။ဒီသူလျိုက သူထင်ထားသည် ထက်ပင် စွမ်းဆောင်ရည်များ ရှိနေခဲ့၏..။
"မင်းက နန်ဖန်း လား..။ငါက မော်တယ် ဌာန အတွက် လူစုဆောင်းဖို့ တာဝန်ရှိတဲ့လူပဲ..။မင်းသာ ငါတို့ဆီကို ဝင်ရင်...အကောင်းဆုံး ကျင့်ကြံခြင်း အထောက်အပံ့တွေကို ရလိမ့်မယ်.."
"မဟုတ်ဘူး..သူက ငါတို့ ကမ္ဘာမြေ ဌာနကို ပူးပေါင်းသွားမှာ.."
"ဟမ့်..ကောငိးကင် ဌာနက သူ့ကို အစောကတည်းက စောင့်ကြည့်နေခဲ့တာ..။ငါတို့နဲ့ ယှဥ်လု ဖို့ မစဥ်းစားနဲ့.."
လူတိုင်းဟာ ရုတ်တရက် ရှောင်နန်ဖန်းကို လိုချင်လာခဲ့ကြသည်..။ရီဒါဖူ နဲ့ နောက်လိုက်များသည် ဒီမြင်ကွင်းကို မြင်ပြီး ဒေါသထွက်လာတာကြောင့် အကြည့်ကို လွှဲထားလိုက်ကြ၏။
သို့ပေမယ့် ရှောင်နန်ဖန်းသည် အကြီးအကဲ ကု ကို ကြည့်လိုက်ပြီး..
"အကြီးအကဲ ကု..၊ ကျွန်တော် သိထားတာကတော့ နောက်ဆုံးအဆင့်ကိုအောင်မြင်တဲ့ လူတွေက ဘယ်သူ့ လက်အောက်မှာ ဝင်ရောက်ပြီး သင်ယူမှာလဲ ဆိုတာကို ရွေးချယ်လို့ ရတယ်လို့ ကြားထားတယ်..။ကျွန်တော် နန်ဖန်းက..အကြီးအကဲ ရဲ့ တပည့် အဖြစ် သင်ယူချင်ပါတယ်.."
လူတိုင်းဟာ ရှောင်နန်ဖန်းကို အံ့ဩသင့်စွာ ကြည့်လိုက်သည်..။အကြီးအကဲ ကု လက်အောက်မှာ လေ့ကျင့်ချင်တာလား..။
အကြီးအကဲ ကု ကိုယ်တိုင်တောင် အံ့ဩသွားခဲ့ပုံ ရသည်..။
"ငါက အသက်ကြီးပြီး မျက်လုံးလည်း မြင်တာ မဟုတ်ဘူး..။မင်းက ငါ့လက်အောက်မှာ လေ့ကျင့်ချင်တာလား.."
"ဟုတ်ပါတယ် အကြီးအကဲ ကု..။ကျေးဇူးပြုပြီး ကျွန်တော်ကို လက်ခံပေးပါ.."
ရှောင်နန်ဖန်း လေးနက်စွာ ဂါဝရ ပြုပြီးပြောလိုက်ခြင်းဖြစ်သည်..။
လူတိုင်းက တိတ်ဆိတ်သွားပြီး အကြီးအကဲ ကုကို ကြည့်လိုက်ကြ၏..။
အကြီးအကဲ ကု ခနလောက် စဥ်းစားလိုက်ပြီး..
"မင်းက တပည့်သစ်တွေကို စုစည်းပြီး အရိုးစုကို ရင်ဆိုင် ခဲ့တာလား..။ဘာကြောင့် ဒီလိုလုပ်ခဲ့တာလဲ."
ရှောင်နန်ဖန်း ပြောလိုက်သည်..။
"ကျွန်တော် ဘာမှ ထူးထူးခြားခြား မတွေးခဲ့ပါဘူး..။ဒီတိုင်း အသက်ရှင် ချင်ယုံ သက်သက်ပါ..။အရိုးစု ရဲ့ သတ်ဖြတ်မူကို ထိုင်စောင့်နေရတာထက်..အကုန်စုစည်းပြီး တုန့်ပြန်တာက ပိုပြီး ကောင်းမွန်တဲ့ ရွေးချယ်မူပါ.."
"အသက်ရှင်ချင်လို့ လုပ်ခဲ့တာလား.။ကောင်းတယ်..သိပ်ကောင်းတယ်..။တကယ်ကို ကောင်းမွန်တဲ့ အဖြေပဲ..။ဒါပေမဲ့ ငါ တပည့်လက်မခံခဲ့တာ နှစ်အတော်ကြာခဲ့ပြီ..။ငါက ဆရာကောင်းတစ်ယောက်လည်း မဟုတ်ဘူး..။ဒီလိုဆို ဘယ်လိုလဲ..။မင်း ငါ့လက်အောက်မှာ လေ့ကျင့်လိူ့ ရတယ်..။တစ်နှစ်ကြာပြီးလို့မှ မင်းရဲ့ စိတ်မပြောင်းဘူးဆိုရင် ငါ မင်းကို တပည့်အဖြစ် လက်ခံပေးမယ်.."
အကြီးအကဲ ကု ပြောလိုက်သည်..။
"ကောင်းပါပြီ မာစတာ..။တပည့် နန်ဖန်းက ဂါဝရ ပြုပါတယ်..."
ရှောင်နန်ဖန်း အကြီးအကဲ ကုကို ဂါဝရပြုလိုက်သည်..။
ရှောင်နန်ဖန်းကို ခေါ်ဆောင်ချင်သည့် စီနီယာ တပည့်များက စိတ်ပျက်သွားခဲ့ကြသည်..။သို့ပေမယ့် တက်ရောက်မူ ဌာန မှ တပည့်များ မပါဝင်ခဲ့ပေ..။အကြီးအကဲ ကု က တက်ရောက်မူ ဌာနရဲ့ အကြီးအကဲ ဖြစ်တာကြောင့်..ရှောင်နန်ဖန်းက တက်ရောက်မူ ဌာန နဲ့ သက်ဆိုင်သွားပြီဖြစ်သည်..။
"ကောင်းပြီ..။စမ်းသပ်မူ တွေကတော့ ပြီးသွားပြီ..။မင်း ငါ့ရဲ့ ကုချင်းကို ကူသယ်ပေးနိုင်မလား..။အခု ငါတို့ သွားရတော့မယ့် အချိန်ပဲ.."
အကြီးအကဲ ကုသည် ရှောင်နန်ဖန်းကို ပြောလိုက်၏..။
"ကောငိးပါပြီ မာစတာ.."
ရှောင်နန်ဖန်း လေးစားစွာ ပြန်ဖြေလိုက်သည်..။
သူ ကြိုးပြတ်နေတဲ့ ကုချင်းကို သယ်လိုက်ပြီး အကြီးအကဲ ကု ဆီီကို လျောက်သွားလိုက်၏..။အကြီးအကဲ ကု လက်ဝေ့ယမ်းလိုက်သည့် အချိန်တွင် အဝေးတစ်နေရာမှာ ငှက်တစ်ကောင်သည် လျင်မြန်စွာ ပျံသန်းပြီး ဆင်းသက်လာခဲ့သည်..။
အကြီးအကဲ ကု နှင့် ရှောင်နန်ဖန်းတို့ဟာ ငှက် ပေါ်ကို တက်လိုက်ကြသည်..။
"အကြီးအကဲ ကို နှုတ်ဆက်ပါတယ်.."
တိုင်ချင် တပည့်များက ရိုသေစွာ နှုတ်ဆက်လိုက်ကြ၏..။
အကြီးအကဲ ကု က ချက်ချင်း ထွက်မသွားခဲ့ချေ..။အဲဒီအစား သူ တည်ငြိမ်စွာ ပြောလိုက်သည်..။ယ
"ဒီမတော်တဆမူက ကျိန်စာသင့် အရိုးစု ပြန်လည် ထွက်ပေါ်လာလို့ ဖြစ်ရတာပဲ..။ပြီးတော့ ဒါက အနာဂတ်မှာလည်း ထပ်ပြီး ပေါ်လာလိမ့်ဦးမယ်..။လူသစ် စုဆောင်းရေး မှာ ငါ ဆက်ပြီး ရှိနေပေးနိုင်တော့မှာ မဟုတ်ဘူး..။အစားထိုးဖို့ တစ်ယောက်ယောက်ကို ရှာကြပါ.."
"အကြီးအကဲ ကု..ပြောချင်တာက ဒီအရိုးစုက မသေသေးဘူးလို့ ပြောချင်တာလား..။ဒါက ထပ်ပေါ်လာဦးမှာလား.."
တိုင်ချင် ဂိုဏ်းက တပည့်တစ်ယောက်က ပြောလိုက်သည်..။
"တကယ်လို့ ဒါကသာ သတ်ဖို့လွယ်နေရင် ကျိန်စာသင့် အရိုးစု လို့ခေါ်မှာ မဟုတ်ဘူး..။ဒါပေမဲ့ သူ့ရဲ့ ကြီးထွားမူက အရင်ကထက် စာရင် အတော် အားနည်းနေပြီ.."
အကြီးအကဲ ကု ပြောလိုက်သည်..။
"ဒီမတော်တဆ မူကို ဂိုဏ်းက အကြီးအကဲ တွေကို အကြောင်းကြားလိုက်..။သူတို့က လုပ်စရာ ရှိတာတွေကို လုပ်လိမ့်မယ်.."
"အခု သွားကြရအောင်.."
အကြီးအကဲ ကု က ငှက်ကို ပုတ်လိုက်သည်..။
ငှက်သည် အတောင်ပံကို ဖြန့်လိုက်ပြီး တိုင်ချင်ကျွန်း၏ တောင်တန်းတွေကြားထဲကို ပျံသန်း သွားခဲ့သည်..။
ရီဒါဖူ နှင့် နောက်လိုက်များကတော့ ပြောစရာ စကားတောင် ကင်းမဲ့နေကြပြီဖြစ်သည်..။ဒီလို ကံကောင်းမူတွေ ရအောင် ဆင်းရဲတဲ့ ခွေးသားလေးက ဘာတွေ များ လုပ်ခဲ့တာလဲ..။
အဲ့အချိန်မှာတော့ ကျိုးယွန်ဂျီ သည် ရှောင်နန်ဖန်း ထွက်ခွာသွားသည့် ဘက်ကို စိုက်ကြည့်နေခဲ့သည်..။
"စီနီယာ အစ်ကို..။အဲ့ကောင်လေးက အကြီးအကဲ ကု ရဲ့ လက်အောက်ကို တကယ် ရောက်သွားတာလား..။ပြီးတော့ အကြီးအကဲကုက သူ့ကို ကျမ်းစာဆောင် ဆီ ကျိန်းသေ ခေါ်သွားမှာပဲ..။ဘယ်လို လုပ်ကြမလဲ.."
ဂျူနီယာ တစ်ယောက်က မေးလိုက်ခြင်းဖြစ်သည်..။
"ကိစ္စမရှိဘူး..။ကျမ်းစာဆောင်မှာ..တက်ရောက်မူ ဌာနရဲ့ တပည့်တွေ အများကြီး ရှိနေလိမ့်မယ်..။သူတို့ကို အကြောင်းကြားပြီး သေချာစောင့်ကြည့်ခိုင်းထားလိုက်.."
"သိပါပြီ စီနိီယာ အစ်ကို.."