← Chapters

ကမ္ဘာပေါ်က ကောင်းကင်ဘုံ

Vol. 2 Ch. 18

ကမ္ဘာပေါ်က ကောင်းကင်ဘုံ

Vol. 2 Ch. 18

ဘာသာပြန် = စမင်းသိုက်

ငှက်ပေါ်တွင်စီးနင်း နေရင်းနှင့် ရှောင်နန်ဖန်းသည် အောက်ကို ငုံ့ကြည့်လိုက်သည်..။သို့သော် မြူများ ဖုံးလွှမ်းနေခြင်းကြောင့်..တိုင်ချင်ကျွန်း၏ မြင်ကွင်းကို သေချာ မမြင်ရပေ..။

သူ ပင်လယ်ဘက်ကို ကြည့်လိုက်သည့် အချိန်တွင် ရွှေ​ပြားတစ်သောင်း ဝှက်ထားခဲ့သည့် သင်္ဘောကြီးကို မြင်နေရ၏..။ရှောင်နန်ဖန်းသည် ဒီ ရွှေပြားတွေကို သွားမယူ ရသေးပေမယ့် စိုးရိမ်ခြင်း မရှိပေ..။အခုချိန်က သူ့ကို လူတိုင်းက အာရုံစိုက်နေကြသည့် အချိန်ဖြစ်၏..။

အချိန်အတော်ကြာပြီးနောက်တွင် ငှက်ကြီးသည်..မြေပြင်ကို ဖြည်းဖြည်းချင်း ဆင်းသက်လိုက်သည်..။ဒီနေရာ ပတ်ပတ်လည်မှာတော့ များပြားလှသည့် တစ်ထပ် ဆောင်များ ရှိနေခဲ့သည်..။အကြီးအကဲ မားဆုံး အဆောက်အဦးကတော့..လေးထပ်ခန့် မြင့်မားသည့် အဆောက်အဦးတစ်ခုဖြစ်သည်..။

" ကျမ်းစာ တိုက်..."

ရှောင်နန်ဖန်း အဆောက်အဦး၏ နာမည်ကို ဖတ်လိုက်၏..။ဒါက တိုင်ချင်ဂိုဏ်းရဲ့ ကျင့်စဥ်တွေ ထားတဲ့ နေရာလား..။

အဆောက်အဦးက ရွှေရောင် တောက်ပနေခဲ့သည်..။မရေမတွက် နိုင်သည့် တပည့်များကတော့..အဝင်အထွက် များ ရှိနေခဲ့၏..။ဒီနေရာက အကြီးအကဲ ကု နေသည့်နေရာ ဖြစ်သည်..။သူက မျက်လုံး မမြင်သော်လည်း ဒီနေရာကို အတော်လေး ရင်းနှီး ကျွမ်းဝင်နေပြီဖြစ်၏..။

အကြီးအက ကု သည် ကျမ်းစာတိုက်၏နောက်ဘက်ရှိ ခြံဝန်းဆီကို လျောက်သွားသည့် အခါမှာတော့..ငှက်ကြီးသည် ပျံသန်း၍ ထွက်သွားခဲ့သည်..။ရှောက်နန်ဖနိးကတော့ အကြီးအကဲ ကု၏ ကုချင်းကို သယ်ပြီး နောက်က လိုက်သွားခဲ့၏ ။

ကျမ်းစာ တိုက်၏ အနောက်ဘက်တွင် မတ်စောက်သော တောင်ကုန်းတစ်ခု ရှိနေခဲ့သည်..။သိပ်မဝေးသည့် နေရာမှ ရွတ်ဖတ်နေသည့် တရားစာ များကိုလည်း ကြားနေခဲ့ရ၏..။သူ လှမ်းကြည့်လိုက်သည့် အချိန်မှာတော့..တာအိုဝတ်စုံနှင့် အမျိုးသား တစ်ယောက် ၊ အမျိုးသမီး တစ်ယောက်တို့က မျက်နှာချင်းဆိုင် တင်ပျဥ်ခွေ ထိုင်ကာ..တရားထိုင်နေကြတာကို တွေ့လိုက်ရသည်..။

"သူတို့က...တာအိုကျမ်းစာ တွေကို ရွတ်ဆိုနေတာပဲ.."

"အိုး..မင်းက နားလည်တယ်လား.."

အကြီးအကဲ ကု သိချင်စွာ မေးလိုက်သည်..။

"ဟုတ်ပါတယ် မာစတာ..။ကျွန်တော်လည်း အတွေ့အကြုံတစ်ချို့ ရှိပါတယ်.."

ရှောင်နန်ဖန်း ပြန်ဖြေလိုက်သည်..။

"ငါက ဒီမှာနေတာဆိုတော့ သူတို့ ရွတ်ဖတ်တာတွေကို တစ်နေ့လုံး တစ်ညလုံး ကြားနေရတာ..။မင်း ငါနဲ့ ဒီမှာ နေချငိလား..။မဟုတ်ရင်တော့ မင်းကို တက်ရောက်မူ တောင်ထိပ် မှာ နေရာပေးဖို့ တစ်ယောက်ယောက်ကို ပြောလိုက်မယ်..။တက်ရောက်မူ တပည့်တွေက အဲဒီမှာနေပြီး အခြေခံ ကျင့်ကြံခြင်းတွေကို သင်ယူကြတာ ."

အကြီးအကဲ ကု ကမ်းလှမ်းလိုက်သည်..။

"ဒီမှာနေပြီး သူတို့ ရွတ်ဖတ်တာတွေကို တစ်နေလုံးကြားနေရတာလား.."

ရှောင်နန်ဖန်း အကြီးအကဲ ကုကို ကြည့်လိုက်သည်..။

"အမှန်ပဲ.."

အကြီးအကဲ ကု..တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်..။ဒါက သူ၏ တပည့်သစ် ရဲ့ စိတ်သဘောထားကို စမ်းသပ်မူ တစ်ခုလည်း ဖြစ်၏..။

တစ်ချိန်တည်းမှာပဲ..။

အင်မော်တယ် လူသစ်စုဆောင်းရေး ခန်းမတွင်..။

ရီဒါဖူ သည် ရှောင်နန်ဖန်း ထွက်သွားသည့် ဘက်ကို စိုက်ကြည့်နေခဲ့သည်..။

"တတိယ အန်ကယ်..အဲ့ကောင်လေးက ကျွန်တော်တို့ တွေထက် သာသွားပြီလား.."

ရီဒါဖူ မေးလိုက်၏..။

"မသေချာဘူး..။သူက အကြီးအကဲ ကု ရဲ့ နေထိုင်မူ ပုံစံတွေကို တောင့်ခံနိုင်ပါ့မလား ဆိုတာကို ငါသံသယ ရှိတယ်.."

ရီဒါဖူ ၏ အန်ကယ် ဖြစ်သူဟာ ပြန်ဖြေလိုက်သည်..။

"အိုး..တစ်ခုခု မှားနေတာ ရှိလို့လား.."

ရီဒါဖူ ၏ မျက်လုံးတွေက အရောင် လက်သွားခဲ့သည်..။

"ဒါက ငရဲလိုပဲ.."

ရီဒါဖူ ၏ အန်ကယ်က ပြန်ဖြေလိုက်၏..။

!ငရဲလား..ဒါက ဘာကိုဆိုလိုတာလဲ.."

ရှောင်နန်ဖန်း အဆင်မပြေနိုင်မယ့် အရာကို သူ သိချင်နေမိသည်..။ရှောင်နန်ဖန်းက ငရဲလို အခြေအနေနဲ့ ကြုံရမည်ကို ကြားတာနဲ့ သူ စိတ်ဝင်စားသွား၏..။

"အကြီးအကဲ ကုက ကျမ်းစာတိုက်ဘေးနားမှာနေတော့ သူ့အနားမှာ..တရားထိုင်ခြင်း ချောက်နက် တစ်ခု ရှိတယ်..။တပည့်တွေ အများကြီးက နေ့တိူင်း တရားလာထိုင်ပြီး တာအို ကျမ်းစာတွေ ရွတ်ဖတ်နေကြတာလေ..။အဲ့နေရာက တိုင်ချင်ဂိုဏ်းက တပည့်တွေ အတွက်တော့ အိပ်မက်ဆိုး နေရာပဲ.."

"ဟင်...။ကျမ်းစာ တိုက်လား..။တရားထိုင်တဲ့ ချောက်ကမ်းပါး..။ဘာလို့ အိပ်မက်ဆိုး လို ဖြစ်နေတာလဲ.."

"တိုင်ချင်ဂိုဏ်းမှာ စည်းကမ်းတွေ အများကြီးရှိတယ်..။အပြစ်ဒဏ် ကျူးလွန်တဲ့ လူတိုင်းက တရားထိုင်ခြင်း ချောက်နက်မှာ ..ကျမ်းစာကို အလွတ်ရွတ်ပြပြီး အပြစ်ကို ခံယူကြရတယ်.."

"ကျမ်းစာကို အလွှတ်ရွတ်ပြရတာလား..။ဘယ်လို ကျမ်းစာ မျိုးလဲ.."

ရီဒါဖူ ရှုပ်ထွေးနေခဲ့သည်..။

"ကျမ်းစာတိုက်ထဲမှာ ကျမ်းစာပေါင်း ၄၈၀၀၀ လောက် ရှိတယ်..။အပြစ်ပေးခံရတဲ့ တပည့်က သူ့ကျင့်စဥ်နဲ့ ကိုက်ညီတဲ့ ကျမ်းစာကို ရွေးချယ်ပြီး ချောက်ကမ်းပါးမှာ အကြိမ်တစ်ရာ အလွှတ်ရွတ်ပြရမှာ..။ထပ်ပြောရရင် ရွေးပြီးသား ကျမ်းစာကိုလည်း ထပ်ရွေးလို့ မရဘူး..။ကျမ်းစာ တစ်ခုကို ဘယ်လောက်တောင် ရှညိလဲ သိရဲ့လား..။တိုတဲ့ ကျမ်းစာ တွေက ပြသနာ မရှိပေမယ့် ရှည်တဲ့ ကျမ်းစာတွေကတော့ တကယ်ကို ရူးလောက်စရာပဲ..။မင်း အဲ့ကျမ်းစာကို အလွတ်မရသ၍ အဲ့နေရာကနေ ထွက်သွားလို့ မရဘူး.."

တတိယ အန်ကယ်က ရှင်းပြနေခဲ့သည်.။

"ပြီးခဲ့တဲ့ တစ်ခေါက်က ငါ့ကြောင့် ပန်းအိုး တစ်လုံး မတော်တဆ ကျကွဲသွားတဲ့ အတွက် ကျမ်းစာ နှစ်ခုကို အလွတ်ကျတ်ဖို့ အပြစ်ပေးခံရတယ်..။ငါ အဲ့မှာ တစ်လ ကျော်လောက် ကြာသွားတယ်လေ.."

"ဟင်..ကျမ်းစာတွေကို အလွတ်ကျတ်ခိုင်းပြီး အပြစ်ပေးတာလား..။ဒါက ရူးသွပ်စရာပဲ..။ကျွန်တော်က အလွတ်ကျတ်ရတာကို အမုန်းဆုံးပဲ..။ဘယ်သူကများ ဒီအရူးလို ကြံကို ပေးလိုက်တာလဲ.."

ရီဒါဖူ မျက်လုံးပြူးပြီး အော်ပြောလိုက်သည်..။

"ဂိုဏ်း ခေါင်းဆောင်နဲ့ ဌာန အကြီးအကဲ တွေပဲ.."

ရီဒါဖူ ၏ အန်ကယ်သည် သူ့တူကို စိုက်ကြည့်ပြီး ပြန်ဖြေလိုက်၏..။

မင်း စကားမပြောခင် နည်းနည်း စဥ်းစားလို့ မရဘူးလား..။ဒီတိုင်းဆိုလျင် ..သူက ဂိုဏ်းက လူတိုင်းကို အပြစ်ပြုမိ နေတော့မည်ဖြစ်သည်..။

ရီဒါဖူ ," အာ..ကျွန်တော်ပြောချင်တာက ဒီနည်းလမ်းက တကယ်ကို ဥာဏ်ပညာ ရှိတယ်လို့ ပြောချင်တာပါ.."

တတိယ အန်ကယ်သည် သူ့တူ၏ အရည်ထူပုံကို ကြည့်ပြီး ထပ်ပြောလိုက်သည်..။

"ငါတို့က ဒီတာအို ကျမ်းစာတွေကို သဘောမကျတာက နားလည်းဖို့အတွက် အရမ်းခက်လ်ို့ပဲ..။ဒါပေမဲ့ ဂိုဏ်း ခေါင်းဆောင်နဲ့ အကြီးအကဲ တွေက ဒီဟာတွေကို နားလည်ထားတာက ကျင့်စဥ် ထက်တောင် ပိုပြီး အရေးကြီးတယ်လို့ ယူဆထားကြတယ်..။ဒါကြောင့် သူတို့က ကြိုးစားပြီး မှတ်ခိုင်းကြတာ..။ဒါက ငါတို့ အတွက် ကောင်းဖို့ပဲ.."

"ဒါက ဟာသတစ်ခု မဟုတ်ဘူးလား..။တာအိုကျမ်းစာက ဘယ်လိုလုပ် ကျင့်စဥ် ထက်ပိုပြီး အရေးကြီး နိုင်မှာလဲ.."

"အကြီးအကဲ ကုက ကျမ်းစာ ဆောင်ဘေးနားမှာ နေတာကြောင့် ဂျူနီယာလေး နန်ဖန်းက ဒီအသံတွေကို အမြဲတမ်းကြားနေရလိမ့်မယ်..။ပြီးတော့ အကြီးအကဲ ကု ကလည်း တိုင်ချင်ဂိုဏ်းက တပည့်တွေကို ဒီီလို အပြစ်ပေးရတာ အရမ်းသဘောကျတယ်လေ..။ဂျူနီယာ နန်ဖန်း ဘယ်လိုဘဝကို ဖြတ်သန်းရမလဲ ဆိုတာကိုသာ တွေးကြည့်လိုက်တော့.."

ရီဒါဖူ အံ့ဩသွားခဲ့သည်..။

"ဒါက တကယ်ကို ငရဲပဲ..။ကျွန်တော်သာ တစ်နေ့လုံး တစ်ညလုံး ကျမ်းစာ သံတွေချည်းပဲ ကြားနေရရင်တကယ်ကို ရူးသွပ်သွားလိမ့်မယ်.."

"အမှန်ပဲ..."

တိုင်ချင်ဂိုဏ်းမှ တပည့်အများစုသည်လည်း ..ဒီလို ရူထောင့်ကနေ သာ မြင်ကြသည်..။

ရှောင်နန်ဖန်းသည် အကြီးအကဲ ကုကို မျက်လုံး အရောင်လက်ပြီး ကြည့်လိုက်၏..။

"ဒါက တကယ်ကို နိဗ္ဗာန်ဘုံပဲ..။ကျွန်တော် ဒီမှာပဲ နေပါရစေ.."

ရှောင်နန်ဖန်း ပြောလိုက်သည်..။

"ဟင်..."

အကြီးအကဲ ကု ဘာမှ မပြောနိုင်သေးခင်မှာပဲ ဘေးနားက တပည့်တွေက လှည့်ကြည့်လိုက်ကြသည်..။

ဒီကောင်လေးက ဘယ်သူလဲ..။သူက နိဗ္ဗာန်ဘုံလို့ ပြောလိုက်တာလား..။ဘယ်သူ့ကို အရူလုပ်ချင်နေတာလဲ...။

အကြီးအကဲ ကု ကတော့ တိတ်ဆိတ်ပြီးသာ နေခဲ့သည်..။ဒီကောင်လေးက အတည်ပြောနေတာလား မျက်နှာလို မျက်နှာရ ပြောနေတာလားကိုတော့ သူလည်း မသိချေ..။

!မာစတာ ပြန်လာပြီလား.."

ရုတ်တရက် မိန်းမငယ် လေးတစ်ယောက်၏ အသံကို ကြားလိုက်ရ၏..။

ရှောင်နန်ဖန်း လှည့်ကြည့်လိုက်သည့် အချိန်တွင် တရားထိုင်ခြင်း ချောက်နက်တွင် တရားထိုင်နေရာမှ အောက်ကို ဆင်းလာသည့် မိန်းကလေးကို မြင်လိုက်ရသည်..။

မိန်းမငယ်လေးဟာ အသက် နှစ်ဆယ် ခန့်ရှိမည်ဖြစ်ပြီး အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားခဲ့၏..။သူမ၏ မျက်နှာက လှပပြီး အသားအရည်က သိမ်မွေ့နေခဲ့သည်..။

"ယွဲ့အာ..ဒီမှာဘာလုပ်နေတာလဲ..။ငါ တပည့် လက်မခံဘူးလို့ ပြောထားပြီးပြီလေ..။အချိန်ကို မဖြုန်းပဲ..ဌာနခေါင်းဆောင် လက်အောက်မှာ သွားလေ့ကျင့်ချည်.."

အကြီးအကဲ ကု ပြောလိုက်၏..။

ယွဲ့အာ ​မျော်လင့်ချက် အပြည့်ဖြင့် ပြောလိုက်သည်..။

"အကြီးအကဲ ကု ရဲ့ ကုချင်းပညာကို တကယ် သင်ယူချင်တာပါ

အကြီးအကဲ ကု ပြောလိုက်သည်..။

"ငါ့ ပညာက သင်ရတာ လွယ်ကူတာ မဟုတ်ဘူး..။ထပ်ပြောရရင် မင်းက သန္ဓေတည် အထွပ်အထိပ် အဆင့်ကိုတောင် ရောက်နေပြီ..။ကျင့်ကြံမူကို အလေးထားတဲ့ လူတစ်ယောက်က အချိန်မဖြုန်းသင့်ဘူး..။ငါ မင်းကို လက်ခံမှာမဟုတ်ဘူး.."

ယွဲ့အာ ဆက်ပြီး အသနားခံချင် ပေမယ့် ဘေးနားက တပည့်များက အကြံပေးလိုက်ကြသည်..။

"စီနီယာ အစ်မ ယွဲ့အာ..ဘာလို့ လက်မလျော့သေးတာလဲ..။အကြီးအကဲ ကုက တပည့်လက်မခံတာကြာပြီ ဆိုတာ သိနေတာပဲ..။ဘယ်​လောက် ပြောပြော ဒါက အသုံးဝင်မှာ မဟုတ်ဘူးနော်.."

"ဂျူနီယာ အစ်မ ယွဲ့အာ.. ။အကြီးအကဲကု ရဲ့ အကျင့်စရိုက်ကိုလည်း သိနေတာပဲ..။သူက ငြင်းပယ်ပြီးပြီဆိုမှတော့ လက်ခံမှာမဟုတ်တောါဘူး.."

ယွဲ့အာ သည် ဘေးနားက တပည့်များကို ကြည့်ပြီး အော်ပြောလိုက်၏..။

"ကိုယ့်အလုပ်ပဲ ကိုယ်လုပ်ကြ...ဟမ့်..."

လူတိုင်းက ရယ်မောပြီးသာ ရှိနေကြပြီး စိတ်မဆိုးကြပေ..။ယွဲ့အာက တိုင်ချင်းဂိုဏ်း တက်ရောက်မူ ဌာနမှ တပည့်များ၏ ချစ်ခင် မူကို ခံနေရသည်ဆိုတာ သိသာ၏..။

"မင်း ကျမ်းစာတွေကို မှတ်ပြီးပြီလား.."

.

"ပြီးပါပြီ အကြီးအကဲ...။တပည့်က ဥာဏ်ကောင်းတော့ အကြိမ်အနည်းငယ် ဖတ်လိုက်တာနဲ့ မှတ်မိတယ်လေ..။ဒါက လုံးဝ ပြသနာ မရှိဘူး.."

ယွဲ့အာ ပြုံးပြီး ပြောလိုက်၏..။

"ဒါဆိုလည်း..နန်ဖန်းကို ကူညီပြီး နေစရာ ရှာပေးလိုက်.."

အကြီးအကဲ ကု ညွှန်ကြားလိုက်သည်..။

အဲ့အချိန်မှ ယွဲ့အာ က ရှောင်နန်ဖန်းကိုကြည့်လိုက်ပြီး..

"အိုး ..ဒါက ဘယ်သူများလဲ..။စောနက အကြီးအကဲ ကု ရှေ့မှာ ဟန်ရေးပြချင်တဲ့ တစ်ယောက်လား..။ငါ ပြောထားလိုက်မယ် ဒီီလိုနည်းလမ်းတွေက အသုံးမဝင်ဘူး..။ဒီလို ပြောတဲ့အထိ အရည်ထူ တဲ့လူမျိုးကို တော့ ငါ မတွေ့ဖူးသေးတာ အမှန်ပဲ..ဟားဟား.."

"ဒီမှာနေရတာက အိပ်မက်တွေ ပြည့်ဝလာသလိုပဲလေ.."

ရှောင်နန်ဖန်း ပြန်ဖြေလိုက်သည်..။ဒီနေရာတွင် ပိုက်ဆံ မကုန်ပဲ ကျမ်းစာများကို ဖတ်နိုင်မည်ဖြစ်သည်..။ဒီလို နိဗ္ဗာန် မျိုးကို ဘယ်နေရာကနေ ရှာလို့ ရတော့မှာလဲ..။

"အိပ်မက်တွေ ပြည့်လာတယ် တဲ့လား..။ဘယ်လောက် အရှက်မရှလိုက်လဲ..။အကြီးအကဲ ကုက မင်းကို ဘာလို့ ဒီနားမှာ နေခိုင်းတာလဲ..။ငါပြောထားသလိုပဲ..အကြီးအကဲ ကုကို ဖားတာက အသုံးမဝင်ဘူးနော်.."

ယွဲ့အာ သည် ခါးကို လက်နဲ့ထောက်ထားရင်း ရှောင်နန်ဖန်းကို စစ်ဆေးနေခဲ့၏..။

"ကျွန်တော်က အခုမှ လူသစ်စုဆောင်းရေး ခန်းမ ကနေ လာတာပါ..။ကံကောင်းချင်တော့ အကြီးအကဲ ကု လက်အောက်မှာ လေ့ကျင့်ခွင့်ရခဲ့တယ်လေ.."

ရှောင်နန်ဖန်း ပြန်ဖြေလိုက်သည်..။

ယွဲ့အာ ၏ ရယ်မောနေသည့် အမူအရာက ရပ်တန့်သွားခဲ့၏..။

"အကြီးအကဲ ကုက နင့်ကို တပည့်အဖြစ် လက်ခံလိုက်တာလား..။ ဘယ်လိုဖြစ်နိုင်မှာလဲ..."

သူမက အကြိမ်များစွာ အသနားခံနေပေမယ့် အမြဲတမ်း လျစ်လျူရူခံနေခဲ့ရသည်..။ဒါပေမယ့် ဒီကောင်လေးကျတော့ ဘယ်လိုလုပ် အောင်မြင်သွားတာလဲ..။

တစ်ခြားတစ်ပည့်များကလည်း..ရှောင်နန်ဖန်းကို အံ့ဩစွာကြည့်နေကြ၏..။

"အကြီးအကဲ ကု က လူရွေးတာ တော်လို့ပါ.."

ရှောင်နန်ဖန်း တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်..။

ယွဲ့အာသည် ရှောင်နန်ဖန်းကို အတော်ကြာအောင်ကြည့်နေပြီးမှ ခြံဝန်းထဲကို ဝင်သွားသည့် အကြီးအကဲ ကု ကို ကြည့်လိုက်၏..။အကြီးအကဲ ကုက ဒီလို မြှောက်ပင့်မူ မျိုးတွေကို သဘောကျတာလား..။ဒီငနဲ ဘယ်လောက်တောင် အရှက်မဲ့လဲ ဆိုတာ ကြည့်လိုက်ဦး..။သူက အကြီးအကဲ ကု ကို ချီးမွှမ်းနေတာလား သူ့ကိုယ်သူ ချီးမွှမ်းနေတာလား..။

All Chapters