ရှောင်နန်ဖန်း၏ အခြေခံ
Vol. 2 Ch. 19
ဘာသာပြန် = စမင်းသိုက်
"ဂျူနီယာ မောင်လေး နန်ဖန်း..ဒါက နင့်အတွက် အခန်းပဲ..။ဝတ်စရာ ဂိုဏ်းဝတ်စုံနဲ့ တစ်ခြား အထောက်အပံ့ ပစ္စည်းတွေလည်း ထားထားပေးတယ်..။အတွင်းစည်းတပည့်အနေနဲ့..အရင်းမြစ် အထောက်အပံ့အတွက် နင်က တစ်နှစ်ကို ရွှေပြားတစ်ထောင် အသုံးပြုရလိမ့်မယ်.."
အကြီးအကဲ ၏ တောင်းဆိုမူကြောင့်..ယွဲ့အာသည် မလိုလားစွာပဲ..အပြင်စည်းတပည့် တစ်ချို့ကို ခေါ်ကာ ရှောင်နန်ဖန်း အတွက် နေစရာ အိမ်ယာ ပြင်ဆင်ပေးခဲ့သည်..။
"ကျေးဇူးပါ စီနီယာ အစ်မ ယွဲ့အာ.."
ရှောင်နန်ဖန်း အရိုသေ ပေးလိုက်သည်..။
သို့ပေမယ့် ယွဲ့အာက နှာခေါင်းသာ ရှုတ်လိုက်၏..။ရှောင်နန်ဖန်းက အကြီးအကဲ ကု ၏ တပည့်ဖြစ်လာပြီး ဒီနေရာတွင် နေထိုင်တော့မည်က်ို သိပြီးနောက်တွင် သူမ စိတ်မကြည်တော့ပေ..။သူမ စိတ်ထဲတွငိ..မနာလိုမူ အချို့က ဖုံးလွှမ်းနေခဲ့၏..။
"အကြီးအကဲကု က သူ့ကို ကြတော့ ရွေးပြီး ဘာလို့ ငါ့ကို ကြတော့ မရွေးတာလဲ..။ငါ က သူ့ထက် ဘယ်နေရာ နိမ့်ကျနေလို့လဲ.."
ယွဲ့အာ ရေရွတ်လိုက်ခြင်းဖြစ်သည်..။
အနီးနားတွင် ကုချင်း ကြိုးကို ပြန်လည်ပြင်ဆင်နေသည့် အကြီးအပဲ ကု သည် ဒါကို ကြားကာ ခေါင်းခါယမ်းလိုက်ပြီး..
"နန်ဖန်းကို လေ့ကျင့်ဖို့ လက်ခံလိုက်တာက သူ့ရဲ့ ပါရမီကြောင့် မဟုတ်ဘူး..။ဒီနေ့ဖြစ်ပျက်ခဲ့တဲ့ မတော်တဆ မူကို ဖြေရှင်းပေးခဲ့လို့ပဲ.."
"ဘာမတော်တဆမူလည်း..တပည့်လည်း ဖြေရှင်းနိုင်တယ်နော်.."
ယွဲ့အာ နှုတ်ခမ်းကို ကိုက်ပြီး ထပ်ပြောလိုက်သည်..။
အကြီးအကဲ ကု ခေါင်းခါယမ်းလိုက်၏..။သူ ထပ်ပြီး မရှင်းပြချက်တော့ပေ..။ယွဲ့အာကတော့ ရှောင်နန်ဖန်းကို သာ စိုက်ကြည့်နေခဲ့၏..။
ရှောင်နန်ဖန်းကတော့ သူမ၏ အကြည့်ကို မမြင်သလို ဟန်ဆောင်နေခဲ့သည်..။အကြီးအကဲ ကုက နင့်ကို တပည့်အဖြစ် လက်မခံတာက ငါနဲ့ ဘာဆိုင်လို့လဲ..။
"နန်ဖန်း..မင်းရဲ့ ကျင့်ကြံခြင်း အဆင့်က ဘယ်လောက်မှာ ရှိလဲ..။အခြေခံ ကရော ဘယ်လိုလဲ.."
အကြီးအကဲ ကု တည်ငြိမ်စွာ မေးလိုက်သည်..။
"မာစတာ ကျွန်တော်က အခြေခံ စုစည်းမူ အဆင့် ၆ ကို ရောက်နေပါပြဖိ..။ကျွန်တော် ဘာလေ့ကျင့်မူကိုမှလည်း မလုပ်ဖူးသလို..ချီတက် လက်သီး နည်းစနစ် တစ်မျိုးတည်းကိုပဲ သိပါတယ်.."
"အခြေခံ စုစည်းမူ အဆင့် ၆ တဲ့လား..။နင်က တကယ်ကို သူငယ်နှပ်စားပဲ..။ပြီးတော့ ချီတက် လက်သီးတဲ့လား..။ဒါက အင်ပါယာ စစ်တပ်တွေမှာ သင်တဲ့ အခြေခံနည်းစနစ် မဟုတ်ဘူးလား..။နင်သိတာ ဒါအကုန်ပဲလား.."
ယွဲ့အာ အံ့ဩတကြီး ပြောလိုက်သည်..။
အကြီးအကဲက သူ့ကို ရွေးမယ့်အစား ဒီလိုလူကို တကယ်ပဲ တပည့်အဖြစ်ရွေးလိုက်တာလား..။
"ချီတက် လက်သီးလို့ ပြောလိုက်တာလား..။ကိုယ့်ဟာကို သင်ယူခဲ့တာလား.."
အကြီးအကဲ ကု လည်း အံ့ဩသင့်စွာပြောလိုက်သည်..။
"ဟုတ်ပါတယ် မာစတာ..။ကျွန်တော် တစ်ခြားဘာနည်းစနစ် မှ မသိတော့ပါဘူး.."
ရှောင်နန်ဖန်း ပြန်ဖြေလိုက်သည်..။
ချီတပ် လက်သီးက လက်သီး နည်းစနစ်များထဲတွင်တောင် အခြေခံ အကျဆုံး နည်းစနစ် တစ်ခုဖြစ်သည်..။အိမ်တော်ထိန်း၏ တင်းကြပ်မူကြောင့် ဒီနည်းစနစ် အပြင် တစ်ခြား ဘာကိုမှ သူ မသင်ယူနိုင်ခဲ့ပေ..။
"မင်းတို့ထဲက ဘယ်သူက ချီတက် လက်သီးနည်းစနစ် ကို သိထားလဲ..။ငါ နန်ဖန်းရဲ့ အခြေခံကို တစ်ချက်ကြည့်ချင်တယ်.."
အကြီးအကဲ ကု သည် ..တရားထိုင်ခြင်း ချောက်ကမ်းပါးတွင် ကျမ်းစာများ ရွတ်ဆိုနေကြသည့် တပည့်များကို လှမ်းမေးလိုက်ခြင်းဖြစ်သည်..။
ဘယ်သူမှ ပြန်မဖြေခင်မှာပဲ ယွဲ့အာ ၏ အသံက ထွက်ပေါ်လာခဲ့၏..။
"အကြီးအကဲ ကု..တပည့် ဒီနည်းစနစ်ကို သိတယ်..။ကူညီပေးပါရစေ.."
"မင်းက လား..."
အကြီးအကဲ ကု မျက်မှောကိကျုတ်လိုက်၏..။
"စိတ်မပူပါနဲ့ အကြီးအကဲ..။တပည့် သူ့ကို နာကျင်အောင် မလုပ်ပါဘူး..။တပည့်က ကိုယ့်ကိုကို အခြေခံစုစည်းမူ အဆင့် ၆ ခွန်အား အဖြစ် ထိန်းချုပ်ပြီး သူ့ရဲ့ အခြေခံကို စမ်းသပ်ပေးမှာပါ.."
ယွဲ့အာ အတော်လေး စိတ်လှုပ်ရှားနေခဲ့သည်..။
အကြီးအကဲ ကု မျက်မှောက်ကျုတ်လိုက်၏..။ယွဲ့အာဘာတွေ ကြံစည်နေသည်ကို သူ သိနေသည်..။
"မာစတာ ကျွန်တော့်ကို ယောက်ျားလေး စီနီယာ နဲ့ စမ်းသပ်ခိုင်းလို့ ရမလား..။မိန်းကလေး နဲ့ လေ့ကျင့်ရတာ အဆင်မပြေဖြစ်မှာစိုးရိမ်လို့ပါ.."
ရှောင်နန်ဖန်း ဝင်ပြောလိုက်သည်..။
"ဒါက ဘာလဲ..။နင်က မိန်းကလေး တွေကို အထင်သေးနေတာလား.."
ယွဲ့အာ လက်ပိုက်ပြီး သူ့ကို စိုက်ကြည့်နေခဲ့၏..။
"ကျိန်းသေ ဘယ်ဟုတ်ပါ့မလဲ..။ကျွန်တော်က စိီနီယာ အစ်မကို..မလိုလားအပ်တဲ့ ထိတွေ့မူတွေ မဖြစ်စေချင်လို့ စီနီယာ အစ်ကိုတွေနဲ့ စမ်းသပ်ချင်တာပါ.."
"အိုး..အဲလိုလား...ဒါဆိုရင်လည်း ပြီးတာပဲ.."
ယွဲ့အာ နှာခေါင်းရှုတ်လိုက်သည်..။
အကြီးအကဲ ကု ဝင်ပြောလိုက်သည်..။
"ယွဲ့အာ ကူညီပေးလိုက်.."
"အရမ်းကောင်းတယ် အကြီးအကဲ..။အရမ်းကောင်းတယ်..။တပည့်က ဂျူနီယာလေးရဲ့ အခြေခံကို သေချာစမ်းသပ်ပေးပါ့မယ်.."
ယွဲ့အာ လက်သီးကို ဆုပ်ထားလိုက်ပြီး သူ့ဆီကို လျောက်သွားလိုက်သည်..။
"နန်ဖန်းက ကိုယ့်ကိုကို အကောင်းဆုံး ခုခံထားလိုက်.."
အကြီးအကဲ ကု ပြောလိုက်သည်..။
"သိပါပြီ မာစတာ.."
"ဂျူနီယာ မောင်လေး..စိတ်မပူပါနဲ့..အေးဆေးပဲ သွားပေးမှာပါ.."
ယွဲ့အာ စိတ်လှုပိရှားစွာ ပြုံးပြီး ပြောလိုက်သည်..။
အဲ့အချိန်မှာပဲ ရှောင်နန်ဖန်းသည် မြေကြီးကို တစ်ချက် အားထည့်နင်းလိုက်ပြဖိး..မြှားတစ်စင်းလို ယွဲ့အာ ဆီီကို ပြေးတက်သွားခဲ့သည်..။ရှောင်နန်ဖန်းဆီက ဖိအားကြောင့် ယွဲ့အာ မျက်လုံး ကျဥ်းမြောင်းသွားခဲ့၏..။
သူက မကျွမ်းကျင်သလို ဟန်ဆောင်ထားတာလား..
ယွဲ့အာ ထိုးလိုက်ပေမယ့်..ရှောင်နန်ဖန်း ခန္တာကိုယ်ကို လှည့်ကာ ရှောင်တိမ်းလိုက်ပြီး..သူမ၏ ခြေထောက်ကို ကန် လိုက်သည်..။သူမ ယိုင်သွားခဲ့ပြီး..လက်သီးကလည်း ..ရှောင်နန်ဖန်းကို မထိခဲ့ပေ..။
ယင်းနောကိ သူမကို အသက်ရူခွင့်တောင် မပေးပဲ နောကိကျောကနေ တိုက်ခိုက်လိုက်သည့် အချိန်မှာတော့..မြေကြီးပေါ်သို့ လဲကျသွားခဲ့၏..။
မဟုတ်ဘူး...
သို့ပေမယ့် ဒါက နောက်ကျသွားခဲ့ပြီဖြစ်သည်..။ရှောင်နန်ဖန်း လေပေါ်တွင် ခုန်ပြီး လဲကျနေသည့် သူမ၏ ဦးခေါင်းကို ဒူးနှင့်တိုက်ဖို့ လုပ်လိုက်၏..။တကယ်လို့ ဒီတိုက်ခိုက်မူသာ ထိမှန်သွားရင် သူမ ပြင်းပြင်းထန်ထန် ထိခိုက်တော့မည်ဖြစ်သည်..။
သူမ ..အော်လိုက်သည်..။
သို့ပေမယ့်..ဒူးခေါင်းက သူမ၏ ဦးခေါင်းကို မထိမှန်ခင်မှာပဲ..ရှောင်နန်ဖန်းသည် ခန္တာကိုယ်ကို အရှိန်သတ်လိုက်ပြီး..ရပ်တန့်လိုက်၏..။
"စမ်းသပ်ပေးလို့ ကျေးဇူးပါ စီနီယာ အစ်မ.."
ရှောင်နန်ဖန်း ဂါဝရပြုပြီး ပြောလိုက်သည်..။
အဝေးတွက် ကျမ်းစာ ရွတ်ကြသည့် တပည့်များက ရှောင်နန်ဖန်းကို အံ့ဩစွာ ကြည့်နေခဲ့ကြ၏..။
ရှောင်နန်ဖန်းက ယွဲ့အာကို ခနလေး အတွင်း အမှောက်သိပ်လိုက်တာလား..။ယွဲ့အာ ဒဏ်ရာ မရခဲ့ပေမယ့် ဒဏ်ရာ ရရန် အတော်လေး နီးစပ်ခဲ့တာကိုတော့ လူတိုင်း မြင်လိုက်ကြသည်..။
"မဟုတ်ဘူး..နင်က မိန်းကလေးတစ်ယောက်နဲ့ မတိုကိခိုက် ချင်ဘူးလို့ မပြောခဲ့ဘူးလား..။ဘယ်လိုဖြစ်ပြီး ဒီလောပ် အမြန်ကြီး ဝင်လာတာလဲ ."
ယွဲ့အာ ရေရွတ်လိုက်သည်..။သူမ ရှက်ရွံ့မူ ၊ ဒေါသထွက်မူ နဲ့ မခံမရပ်နိုင်များ ဖြစ်ပေါ်နေခဲ့သည်..။
"စီနီယာ အစ်မ...သိုင်းသူတော်စင် ဝေရဲ့ ကိုယ်ခံပညာ စိတ်နေသဘောထား စာအုပ်မှာ..တိုက်ခိုက်နေစဥ်အတွင်းမှာ..တစ်ဖက်လူ ရဲ့ နောက်ခံကို လျစ်လျူရူထားရမယ်လို့ ဖော်ပြထားတယ်လေ..။ယောက်ျား၊ မိန်းမ ၊ လူကြီး ၊ လူငယ် အကုန်လုံးအပေါ်မှာ တိုက်ခိုက်နေစဥ် ဂရုဏာ တရား မဖြစ်ပေါ်လာရဘူး..။ပြီးတော့..အားနည်းတဲ့လူ နဲ့ပဲဖြစ်ဖြစ် သန်မာတဲ့လူနဲ့ပဲ ဖြစ်ဖြစ် တိုက်ခိုက်ရင် တသတ်မတ်တည်း ဖြစ်နေရမယ်.."
ရှောင်နန်ဖန်း ပြန်လည် ရွတ်ဆိုပြလိုက်သည်..။
"အာ...ကိုယ်ခံပညာ စိတ်နေသဘောထားလား.."
"သိပ်ကောင်းတယ်.."
အကြီးအကဲ ကု ချီးကျူးလိုက်သည်..။
"ယွဲ့အာ..မင်းလည်း ဒီ ကျမ်းစာကို တစ်ကြိမ်မက ဖတ်ခဲ့တာပဲ မဟုတ်ဘူးလား..။မင်းလည်း ဒီ သင်ကြားမူတွေကို မကျင့်သုံးသင့်ဘူးလား.."
ယွဲ့အာ ဘာမှပြန်မပြောနိုင်ခဲ့ပေ..။သူမက သေချာဂရုမစိူက်မိလိုက်ခြင်းဖြစ်၏..။
"ဒီတိုက်ခိုက်မူက မရေတွက်ဘူး..။ငါက အဆင်သင့်မဖြစ်သေးဘူးလေ..။ပြန် တိုကိခိုက်ရအောင်.."
ယွဲ့အာ အော်ပြောလိုက်သည်..။
"မာစတာ ..ကျွန်တော် တစ်ခြားတပည့်နဲ့ ဆက်လေ့ကျင့်လို့ ရနိုင်မလား..။စီနီယာ အစ်မရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေက သူမရဲ့ တိုက်ခိုက်မူအပေါ် သက်ရောက်ပြီး ကြမ်းကြမ်းတမ်းတမ်းတွေ တိုက်ခိုက်လာနိုင်ပါတယ်.."
ယွဲ့အာ သူ့ကို စိုက်ကြည့်လိုက်ပြီး..
"နင် ဘာကိုဆိုလိုတာလဲ..။ငါက ကိုယ့်စကားကို တည်တဲ့ လူတစ်ယောက်ပဲ..။ငါက ..အခြေခံစုစည်းမူ အဆင့် ၆ နဲ့..ချီတက် လက်သီး ကို ကျော်လွန်ပြီး အသုံးပြုမှာ မဟုတ်ဘူး..။လာစမ်းပါ..နင်သာ ငါ့ကို အနိုင်ယူနိုင်ရင် ရွှေပြား ၃၀၀ ပေးမယ်.."
"မာစတာ.."
ရှောင်နန်ဖန်းသည်..အကြီးအကဲ ကုကို ကြည့်လိုက်ပြီး ဘယ်လို ဆုံးဖြတ်မလဲ ဆိုတာကို စောင့်နေလိုက်သည်..။
"နန်ဖန်း က..ယွဲ့အာနဲ့ နောက်ထပ် တစ်ကြိမ် ထပ်ပြီး တိုက်ခိုက်.."
အကြီးအကဲ ကု တည်ငြိမ်စွာ ပြောလိုက်သည်..။
ရှောင်နန်ဖန်း ခါးသက်စွာ ပြုံးလိုက်ပြီး..
"သိပါပြီ မာစတာ.."
"ကောင်လေး..ဒီတစ်ခါတော့ မရတော့ဘူးနော်..။လာခဲ့လိုက်..."
ယွဲ့အာ ၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမူ များ ဖြတ်သန်းသွားခဲ့ပြီး..နောက်တစ်ကြိမ် လေးနက်သွားခဲ့သည်..။
"စလိုက်ကြရအောင်.."
ရှောင်နန်ဖန်း နှင့် ယွဲ့အာတို့ နောက်တစ်ကြိမ် ထပ်ပြီး တိုကိခိုက်လိုက်ကြသည်..။အခုချိန်တွင် နှစိယောက်စလုံးက ကျင့်စဥ် တူညီပြီး..တိုက်ခိုက်သည့် နည်းစနစ် ခြင်းလည်း တူညီကြ၏..။
သူတို့နှစ်ယောက်လုံးက ချီတက် လက်သီးကိုသာ အသုံးပြုနေကြပြီး.အကြိမ်တိုင်းတွင် လက်မောင်း ၊ ခြေထောက်များ တိုက်မိသည့် အသံများထွက်နေခဲ့သည်..။
အခုချိန်မှာတော့..ကျမ်းစာရွတ်နေကြသည့် တပည့်များကလည်း ..သူတို့၏ စာထဲတွင် စိတ်ဝင်စားမူ မရှိကြတော့ချေ..။အဲဲဒီအစား ..တိိုက်ခိုက်မူကိုသာ စိတ်ဝင်တစား ကြည့်နေခဲ့ကြသည်..။
"ဒီကလေးက ချီတက်လက်သီး ကို တကယ်ပဲ သူ့ဟာသူ သင်ခဲ့တာလား.။သူက စီနီယာ အစ်မရဲ့ ခြေရွှေ့ကွက်တွေနဲ့တောင် တစ်ပြိုင်နက် လိုက်အသုံးပြုနိုင်တယ်..။သူမ ဘယ်လောက် အတွေ့အကြုံရှိလဲ ငါတို့သိနေတာပဲ..။ဒါက တကယ် ဟာသပဲ.."
တပည့်တစ်ယောက်က ရေရွတ်လိုက်သည်..။
အမှန်တကယ်ပဲ..ရှောင်နန်ဖန်း၏ တိုကိကွက်များက တစ်ခြား လူများကို စိတ်ဝင်စားစေခဲ့သည်..။တိုက်ပွဲက ဆက်တိုက်ဖြစ်သည့် အလျောက် သူက အသာစီး အနေအထားကို ရောက်လာခဲ့၏..။
ယွဲ့အာကတော့ ပိုပြီး စိတ်လှုပိရှားလာခဲ့သည်..။ဒီတစ်ကြိမ်မှာ သူမ အာရုံအပြည့်စိုက်ထားပေမယ့် ဘာလို့ အခုထိ အနိုင်မတိုက်နိုင်သေးတာလဲ..။ဒါက မဖြစ်နိုင်ပေ..။သူမက နန်ဖန်းထက် ပိုပြီး အတွေ့အကြုံများ ရှိနေသည်မှာ သေချာ၏..။ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..။
"စီနီယာ အစ်မ ..သိုင်းသူတော်စင် ဝေ ရဲ့ လက်သီးဟကျမ်းစာ ထဲမှာဆိုရင် အရာတိုင်းက ယင်နဲ့ယန် တွဲဖက်ပြီး ရှိနေတယ်လို့ ဖော်ပြထားတယ်..။အစ်မရဲ့ တိုက်ခိုက်မူတွေက..ယင် သဘောတရားကို သွယ်ဖယ်ပြီး ယန်ကို အသားပေးနေတယ်လို့ ထင်တယ်နော်..။စီနီယာ အစ်မရဲ့ တိုက်ခိုက်မူတွေက ထိုးဖောက်နိုင်စွမ်းတွေ ရှိနေပေမယ့်..အနှစ်သာရကို သွေဖယ် နေတယ်.."
ရှောင်နနိဖန်း ဝေဖန်သုံးသပ် လိုက်သည်..။
ယွဲ့အာကတော့ လက်မခံနိုင်ခဲ့ပေ..။သူမရဲ့ အတွေ့အကြုံတွေ အများကြီးကို ဘယ်လိူဖြစ်လို့ အောက်ဘက်ကနေ ခံပြီး တိုကိခိုက်နေရတာလဲ..။
နန်ဖန်း၏ လက်သီးနည်းစနစ်က အစောပိုင်းက သိပ်ပြီး မကျစ်လစ်ပေမယ့် နောက်ပိုင်းရောက်လာလေ..ပိုပိုပြီး ကျစ်လစ်လာလေ ဖြစ်သည်..။သူမ၏ လက်သီးများကလည်း သန်မာသည် ဆိုတာကို သူမ သိထား၏.။ဒီအခြေအနေမှာ သူမ အလွယ်တကူ မရှုံးနိမ့် နိုင်သော်လည်း အနိမ့်ပိုင်းက တိုက်ခိုက်နေရတာ ကြာလာတာနဲ့..စိတ်မရှည်ဖြစ်လာခဲ့သည်..။
"အဆိပ် ငါးခု ထိုးဖောက်ခြင်း လက်သီး.."
ယွဲ့အာသည် ရှောင်နန်ဖန်း၏ ကာကွယ်မူတွင် အားနည်းချက်ကို မြင်လိုက်တာနဲ့ မနေနိုင်တော့ပဲ..ရင်ဘတ်ကို ထိုးကာ နောက်ကို လွင့်စင်သွားစေခဲ့သည်..။
ရှောင်နန်ဖန်း လွင့်စင်သွားပြီး မြေကြီးပေါ် ပြုတ်ကျကာနီးမှာပဲ..သူ့နောက်ကျောဆီကို လက်တစ်ဖက် ရောက်လာခဲ့ပြီး..ယွဲ့အာ ၏ တိုကိခိုက်မူ အရှိန်ကို ထိန်းပေးထားလိုက်၏..။
"မာစတာ လား..."
ရှောင်နန်ဖန်း သူ့နောက်က ကူညီပေးတဲ့ အကြီးအကဲကို ကြည့်ကာ ပြောလိုက်သည်..။
"အဆင်ပြေရဲ့လား.."
"ကူညီပေးလို့ ကျေးဇူးပါ မာစတာ.."
ယင်းနောက် သူ ယွဲ့အာ ဘက်ကို လှည့်ကာ ပြုံးလိုက်ပြီး..
" တကယ်ကို လှပတဲ့ တိုက်ကွက်ပဲ..စီနီယာ အစ်မ.."
သို့ပေမယ့် ယွဲ့အာကတော့ ပျော်နေပုံ မရချေ..။ဘာပဲဖြစ်ဖြစ် သူမက ကတိကို ချိုးဖြက်ခဲ့တဲ့လူဖြစ်၏..။သူမက တစ်ခြား လက်သီး နည်းစနစ်ကို အသုံးပြုခဲ့ယုံသာမက..သူမ၏ အစစ်အမှန်ခွန်အားကိုပါ အနည်းငယ် အသုံးပြုခဲ့သည်..။
သူမ အနိုင်ရခဲ့တာလား...။မဟုတ်ဘူး...။
ဒါက ရှုံးနိမ့်ခြင်းသာ ဖြစ်သည်..။