လွှမ်းမိုးမူ လက်သီး
Vol. 2 Ch. 20
ဘာသာပြန် = စမင်းသိုက်
ယွဲ့အာသည် ရှုံးနိမ့်သွားမူ အတွက် လုံးဝ ဆငိခြေမပေးခဲ့ပေ..။သူမက ချက်ချင်း..ငွေကို ထုတ်ပေးလိုက်၏..။
"ဒီမှာ..ငါက ချီတက်လက်သီးနဲ့ သိပ်ပြီး ရင်းနှီးတာမဟုတ်ဘူး..။တစ်ခြား လက်သီးနည်းစနစ် နဲ့ဆိုရင် ငါရှုံးမှာမဟုတ်ဘူးဆိုတာကို ကျိန်းသေ ပြောရဲတယ်.."
ယွဲ့အာ သူမ၏ အိပ်ထဲမှာ ရွှေပြား သုံးရာနှင့် ညီမျှသည့် ဘဏ်စာရွက်ကို ထုတ်ကာ ပေးလိုက်သည်..။
ရှောင်နန်ဖန်းကတော့ သူမ ၏ ကတိတည်မူကြောင့် အနည်းငယ် အံ့ဩသင့်နေမိသည်..။သူက သူမကို ပြသနာ ရှာတတ်သည့် လူတစ်ယောက် အဖြစ်သာ တွေးထားမိခြင်းဖြစ်သည်..။သို့ပေမယ့်..သူမတွင်လည်း တစ်ချို့ အရည်အသွေးများ ရှိနေခဲ့သည်..။သူမကို တစ်ခြားတပည့်များ အားလုံးက ချစ်ခင်နေကြသည်မှာ အံ့ဩစရာ မရှိတော့ချေ..။
"ကျေးဇူးပါ စီနီယာ အစ်မ.."
"ကျေးဇူးတင်ဖို့ မလိုဘူး.။ငါက ဒီလိုပြောပြီးတော့ ရှုံးနိမ့်သွားခဲ့တာပဲ..။အကြီးအကဲ ကု က အစောက ရခဲ့တဲ့ ဒဏ်ရာကို ပြန်ကု ပေးပြီးပြီလား..။ငါ နင့်ရဲ့ ကျင့်ကြံခြင်းကို မထိခိုက်စေချင်ဘူး.."
ယွဲ့အာ သတိပေးလိုက်သည်..။
"စိုးရိမ်ဖို့ မလိုတော့ပါဘူး စီနီယာ အစ်မ.."
ရှောင်နန်ဖန်း ဘဏ်စာရွက်ကို အိပ်ကပ်ထဲ ထည့်ပြီးပြောလိုက်သည်..။
"အဆိပ်ငါးခု ထိုးဖောက်ခြင်း လက်သီးက သန့်စင်တဲ့ ယန် နည်းစနစ်ပဲ..။ဒဏ်ရာရသွားရင် ပြန်ပြီး ဖယ်ရှားဖို့ ခက်ခဲတယ်..။မင်းက ဘယ်လို နည်းစနစ် နဲ့ ဖယ်ထုတ်ခဲ့တာလဲ ."
အကြီးအကဲ ကု သိချင်စွာမေးလိုက်သည်..။
"မာစတာ..ကျွန်တော်ရဲ့..ချီ ကျင့်စဥ်က နည်းနည်းတော့..ညံ့ပါတယ်..။မာစတာ ကျွန်တော်ကို လမ်းညွှန်ပေးပါဦး..။ကျွန်တော်က လတ်တလော..မနက်ခင်း ကျင့်စဥ်ကိုပဲ အသုံးပြုနေတာပါ.."
"မနက်ခင်း ကျင့်စဥ်လား.."
ယွဲ့အာ ရှောင်နန်ဖန်းကို အံ့ဩစွာကြည့်လိုက်သည်..။သူကဒီကျင့်စဥ် နဲ့ဘာလုပ်နေတာလဲ..။
"ဟုတ်ပါတယ်..။တတိယ အဆင့် ဖြစ်တဲ့ မနက်ခင်း ကျင့်စဥ် ပါ.."
ရှောင်နန်ဖန်း ပြန်ဖြေလိုက်သည်..။
"မနက်ခင်းကျင့်စဥ်..။မဖြစ်နိုင်တာ..။နင့်အသက်က ဘယ်လောကိလဲ..။နင်က မနက်ခင်း ကျင့်စဥ်နဲ့ ကျင့်ကြံခြင်း အဆင့် ၆ အထိ ရောက်လာနိုင်တာလား.."
"သိထားတဲ့ အတိုင်း ကျွန်တော်က ၁၆ နှစ်ပါ စီနီယာ အစ်မ.."
"မဖြစ်နိုင်တာ ဒီကျင့်စဥ်က ဒီလောက်အထိ ခက်ခဲတာကို..။ဒီကျင့်စဥ်ကြောင့် နင့်ရဲ့ကျင့်ကြံမူက ဒီလောက်ပဲ ရှိနေတာ အံ့ဩစရာ မရှိတော့ဘူး."
ယွဲ့အာ အံ့ဩစွာပြောလိုက်သည်..။
"ဒါက အရမ်းခက်ခဲတယ် ဆိုတာ ကျွန်တော်သိပါနယ်..."
"သိရင် ဘာလို့ ရွေးချယ်ထားသေးလဲ.."
"ရွေးချယ်စရာ မရှိလို့ပါ.."
ရှောင်နန်ဖန်း သက်ပြင်းချကာ ပြောလိုက်သည်..။ငါကရော..ဒီကျင့်စဥ် အစုတ်ကို ကျင့်ချင်တယ်လို့ ထင်နေတာလား..။
"ဒါတောင်မှ နင့်က အခြေခံစုစည်းမူ အဆင့် ၆ ကို ရောက်လာနိုင်သေးတာပဲ.."
ယွဲ့အာ အတော်လေး အံ့ဩနေမိခဲ့သည်..။
"အမှန်က ကျွန်တော် လွန်ခဲ့တဲ့ ရက်အနည်းငယ် အထိ အဆင့် ၅ မှာပဲ ရှိနေသေးတာပါ..။ဒါပေမဲ့ ကံကောင်းစွာပဲ သင်္ဘောပေါ်မှာ ရွှေရောင် စိတ်ဝိဥာဥ် ငါးရှဥ့်ကို ဖမ်းနိုင်ခဲ့တယ်လေ..။ငါးရှဥ့်ရဲ့ တစ်ဝက်ကို စားပြီး အဆင့် ၆ ကို ရောက်နိုင်ခဲ့တာပါ.."
ရှောင်နန်ဖန်း ရှင်းပြလိုက်သည်..။
!မနက်ခင်း ကျင့်စဥ်ရဲ့ ပထမ ၅ ဆင့်က အခြေခံပဲ..။ဒါပေမဲ့ မင်းက အစားအသောက်ကနေပြီး တော့ ကျင့်ကြံခြင်းကို မြှင့်တင်နိုင်ခဲ့တယ် ..။တကယ် ကံကောင်းတာပဲ..!
အကြီးအကဲ ကု..မှတ်ချက်ပေးလိုက်သည်..။
.
"မာစတာ..ကျွန်တော်ရဲ့ ကျင့်စဥ် တိုးတက်မူက ကန့်သတ်မူ တွေ ရှိလာတာကို ခံစားမိပါတယ်..။ကျွန်တော် ဘယ်ကျင့်စဥ် နဲ့ အစားထိုးသင့်လဲ ဆိုတာကို သိပါရစေ.."
အခုထိ အခြေခံစုစည်းမူ အဆင့် ၆ မှာသာ ရှိနေသေးတာက..သာမန်ထက်ပိုပြီး နှေးကွေးနေသည်ကို သူသိထားသည်..။သို့ပေမယ့် ဒီလိုကျင့်စဥ်ကို ကျင့်နေတဲ့လူတစ်ယောက် အတွက်ဆိုရင်တော့ ဒါက မဆိုးလှပေ..။
အကြီးအကဲ ကု ခေါင်းခါယမ်းလိုက်ပြီး..
"မနက်ခင်း ကျင့်စဥ်က ကျင့်ကြံဖို့ခက်ခဲတဲ့ ကျင့်စဥ်တစ်ခုပဲ..။သူ့ကို တတိယအဆင့် သတ်မှတ်ထားတာကလည်း ခက်ခဲမူကြောင့်ပဲ..။ဒါပေမဲ့ ဒီကျင့်စဥ်ကနေ ရလာတဲ့ ချီကတော့ အတော်လေးကို သန့်စင်မူရှိတယ်..။ဒါက သန့်စင်တဲ့ ယန်ချီပဲ..။မဟုတ်ရင် မင်းက ယွဲ့အာ ရဲ့ အဆိပ် ငါးခု ထိုးဖောက်ခြင်း လက်သီးကို ခံနိုင်ရည် ရှိမှာမဟုတ်ဘူး.."
"စစ်မှန်တဲ့ ယန်ချီလား.."
ရှောင်နန်ဖန်း မေးလိုက်သည်..။
"အမှန်ပဲ..စစ်မှန်တဲ့ ယန်ချီက အတော်လေး အဖိုးတန်တယ်..။မင်းအနေနဲ့ သန္ဓေတည်အဆင့်ကို ရောက်ပြီဆိုရင် သန့်စင်သော ယန်ချီ ကျင့်ကြံခြင်းနည်းစနစ် တစ်ခုကို ရွေးချယ်လို့ရတယ်..။စစ်မှန်သော ယန်ချီ ကျင့်စဥ်တွေက အစပိုင်းမှာ အတော်ခက်ခဲကြပေမယ့် အရှိန်ရသွားတာနဲ့ တစ်ဟုန်ထိုး ထိုးတက်သွားလိမ့်မယ်.."
"မာစတာ..ကျွန်တော်ရဲ့ မနက်ခင်း ကျင့်စဥ်က ကျွန်တော်အတွက် အခြေခံကောင်းတွေ ဖြစ်လာစေတယ်လို့ ဆိုလိုတာလား.."
ရှောင်နန်ဖန်း မျက်ခုံးပင့်တင်သွားခဲ့သည်..။
"အမှန်ပဲ.."
"ကျေးဇူးပါ မာစတာ..။ကျွန်တော် ပိုပြီး ကြိုးစားပါ့မယ်.."
ရှောင်နန်ဖန်းသည် သူ့ပုခုံးက လေးလံမူကြီး ပြုတ်ကျသွားသလို ခံစားလိုက်ရသည်..။သူ၏ ချီကျင့်စဥ်က ထင်ထားသလို အားနည်းမနေခဲ့ပေ..။
"မင်းက အဆင့် ၆ က်ို ရောက်နေပြီဆိုတော့ လိုအပ်တဲ့ ယန်ချီ အစားအသောက်တွေကို စားသုံးလိူ့ရပြီ..။ဒီအတွက်ကတော့ ယွဲ့အာဆီမှာမေး..။သူမက တိုင်ချင်ဂိုဏ်းက စားဖိုဆောင် အများစုကို တာဝန်ယူထားတာ..။မင်းသူ့ဆီကနေ ပြန်ပြီး ဝယ်လို့ ရတယ်.."
"လမ်းညွှန်မူအတွက် ကျေးဇူးပါ မာစတာ.."
ဒီတော့ ယွဲ့အာ မှာလည်း လုပ်ပိုင်ခွင့်တွေ ရှိနေတာပေါ့..။
"မင်းရဲ့..ချီတက် လက်သီး အတွက်ကတော့.."
အကြီးအကဲ ကု မျက်မှောင်ကျုတ်လိုက်သည်..။
"မင်း လွှမ်းမိုးမူ လက်သီးကို ကြားဖူးလား.."
"လွှမ်းမိုးမူ လက်သီးလား..။ကျွန်တော် တစ်ခါတော့ ဖတ်ဖူးပါတယ်..။ဒါကို အထွပ်အထိပ်ထိ ရောက်ခဲ့တဲ့အင်ပါယာ တစ်ယောက်က ဖန်တီးခဲ့တာပဲ..။ဒီကျင့်စဥ်ကို ထိပ်ပိုင်းအထိ ကျင့်နိုင်ရင် လက်သီးတစ်ချက်နဲ့ တပ်သားပေါင်း တစ်ထောင်ကို အနိုင်ယူနိုင်ပါတယ်.။လက်သီးနှစ်ချက်က တောင်တန်းတွေ ၊ မြစ်တွေကို ရွေ့လျားနိုင်ပြီး လက်သီးသုံးချက်က ကောင်းကင်နဲ့မြေကြီးကို တောင် ထိုးခွဲနိုင်ပါတယ်..။ဒါက အင်အားကြီးတဲ့ လက်သီးနည်းစနစ်ပဲ.."
ရှောင်နန်ဖန်း သူ ဖတ်ထားတာတွေကို ပြန်စဥ်းစားလိုက်သည်..။
"အတိအကျပဲ..။မင်းရဲ့ ချီတက်လက်သီးက ဒီနည်းစနစ်နဲ့ ဆင်တူနေတယ်..။ပြီးတော့ တိုင်ချင်ဂိုဏ်းမှာလည်း လွှမ်းမိုးမူ လက်သီး ကျမ်းစာရဲ့ မိတ္တူ ရှိနေတယ်..။မင်း လေ့ကျင့်ချင်လား.."
အကြီးအကဲ ကု မေးလိုက်သည်..။
"လေ့ကျင့်ချင်ပါတယ် မာစတာ..။ကျွန်တော့်ကို လွှမ်းမိုးမူ လက်သီးကို သင်ကြားပေးဖို့ တောင်းဆိုပါတယ်.."
"ကောင်းတယ်..။မနက်ဖြန်ကနေစပြီး စကြတာပေါ့..။မင်းမှာ တစ်ခြား မေးစရာ ရှိသေးလား.."
အကြီးအကဲ သည် ရှောင်နန်ဖန်း၏ စိတ်နေစိတ်ထားကို အတော်လေး သဘောကျနေခဲ့သည်..။
"မာစတာ ကျွန်တော်က တာအိုကျမ်းစာတွေကို ဖတ်ရတာ ကြိုက်ပါတယ်..။ကျွန်တော် ကျမ်းစာတိုက် ထဲကို သွားပြီး ဖတ်လို့ ရနိုင်မလား သိချင်ပါတယ်.."
ကျမ်းစာ တိုက်တစ်ခုလုံး သူ့အနားတွင် ရှိနေမှတော့..သူ ပိုက်ဆံကုန်ခံပြီး ဝယ်ဖတ်စရာ မလိုတော့ပေ..။
ယွဲ့အာ နဲ့ ကျမ်းစာ ရွတ်ဆိုနေကြသည့် စိီနီယာ များဟာ ဒါကိုကြားပြီး အံ့ဩသင့်သွားခဲ့ကြ၏..။သူက တာအိုကျမ်းစာ တွေကို ကိုယ့်ဆန္ဒနဲ့ကိုယ် လေ့ကျင့်ချင်တာလား..။သူက ရူးနေတာ မဟုတ်ဘူးလား..။
အကြီးအကဲ ကု လည်း အနည်းငယ် အံ့ဩသင့်သွားပေမယ့် သူ၏ အသိပညာ ဗဟုသုတများကို ပြန်စဥ်းစားမိသည့် အချိန်မှာတော့ သူ့တပည့်က အမှန်တကယ်ပဲ စာဖတ်ရတာ ဝါသနာ ပါကြောင်းနားလည်လိုက်သည်..။
"ကောင်းပြီလေ..။မင်းအနေနဲ့ အောက်ဆုံးထပ်က ကျမ်းစာတွေကို ဆန္ဒရှိသလို ယူပြီး ဖတ်လို့ရတယ်..။ဒီစာလိပ် ပမာဏ လောက်ဆိုရင် မင်းအတွက် လုံလောက်မှာပါ.."
အကြီးအကဲ ကု ကျေနပ်စွာပြောလိုက်သည်..။