← Chapters

ထိပ်တန်း ကုချင်း မာစတာ

Vol. 2 Ch. 21

ထိပ်တန်း ကုချင်း မာစတာ

Vol. 2 Ch. 21

ဘာသာပြန် = စမင်းသိုက်

.

တစ်လကြာပြီးနောက်..။

တိုင်ချင်ကျွန်း၏ အကျဥ်းထောင် တစ်ခုထဲတွင်..။

အကျဥ်းသား နှစ်ယောက်သည် သူတို့၏ ရင်ဘတ်ကို မီးအပူကြောင့် နီရဲနေသော သံတံဆိပ်ဖြင့် ခတ်နှိပ်ခံရခြင်းကြောင့် နာကျင်စွာ အော်ဟစ်နေကြသည်..။

ကျိုးယွန်ဂျီကတော့ အနီးနားက ထိုင်ခုံတွင်ထိုင်ပြီး သူတို့ကို ကြည့်နေခဲ့၏..။

"စီနီယာ အစ်ကို ..ကျွန်တော်တို့ သံသယ ရှိတဲ့ လူသစ်တွေကို သေချာကြပ်မတ်ပြီးစောင့်ကြည့်ခဲ့ပေမယ့် ဒီနှစ်ယောက်ကိုပဲ နတ်ဆိုးဂိုဏ်းက သူလျို အဖြစ်လက်ပူးလက်ကြပ်နဲ့ ဖမ်းမိပါတယ်.."

တပည့်တစ်ယောက်က တင်ပြလိုက်သည်..။

"မင်း သူတို့ဆီက တစ်ခုခု သိရပြီလား."

ကျိုးယွန်ဂျီ မေးလိုက်သည်..။

"သူတို့က နတိဆိုးဂိုဏ်းမှာ ရာထူးအတော်လေး နိမ့်ကြတော့ အများကြီး မသိကြပါဘူး..။သူတို့က အပြင်စည်း တပည့်တွေက သူတို့ကို လာဆက်သွယ်မယ် ဆိုတာကိုပဲ သိထားပြီး သူတို့တွေက ဘယ်သူတွေလဲ ဆိုတာကိုလည်း မသိကြပါဘူး..။သူတို့ပြောတာ အရဆိုရင်တော့..နတိဆိုးဂိုဏ်းက..ရာထူးကြီး တစ်နေရာထက်မက ချုပ်ကိုင်ထားတယ်လို့ပြောပါတယ်.."

"ကြည့်ရတာတော့ နတိဆိုးဂိုဏ်းရဲ့ လက်တံက ရှည်လာပြီထင်တယ်.."

ကျိုးယွန်ဂျီ၏ မျကိနှာက မဲမှောင်သွားခဲ့သည်..။

"စီနီယာ အစ်ကို..ဒီကိစ္စက သေးသေးလေး မဟုတ်ဘူးနော်..။ကျွန်တော်တို့ ဂိုဏ်းကို တင်ပြသင့်လား.."

တပည့်ဖြစ်သူက ပြောလိုက်ခြင်းသည်..။

"ငါ တင်ပြပြီးပြီ..။ငါ့ကို ဒီကိစ္စအတွက် တာဝန် အပြည့်ပေးထားတယ်..။သူတို့က ဒီအတွက် ပြန်ပေးဆပ် ကြရလိမ့်မယ်."

ကျိုးယွန်ဂျီ ပြောလိုက်သည်..။

"ဒီကိစ္စကို အပြင်ဆီ မပေါက်ကြားစေနဲ့..။တိတ်တဆိတ် ဆက်ထောက်လှမ်းပြီး..ဒီနှစ်ယောက်ဘာတွေ သိထားလဲ ဆိုတာလဲ ဖော်ထုတ်..။သူတို့ သိတာ ဒီလောက်တင်မဟုတ်ဘူးလို့ ငါယုံကြည်တယ်.."

"သိပါပြီ စီနီယာ အစ်ကို.."

"ဟုတ်သားပဲ..ကျမ်းစာတိုက်မှာ တစ်ခုခု ထူးခြားသေးလား.."

ကျိုးယွန်ဂျီ ဂျူနီယာ တပည့်ကို ကြည့်ပြီးမေးလိုက်သည်..။

"ဂျူနီယာ နန်ဖန်း ကို ပြောတာလား စီနီယာ အစ်ကို.."

"ဂျူနီယာ လေး တဲ့လား..။သူ့ကို အဲလို ခေါ်ဖို့ စောနေသေးတယ်လို့ မထင်ဘူးလား..။သူ ဘာတွေလုပ်နေလဲ.."

ကျိုးယွန်ဂျီ မေးလိုက်သည်..။

"သူ နဲ့ စီနီယာ အစ်မ ယွဲ့အာ နဲ့တိုကိခိုက်တာကို သိပြီးပြီလား စီနီယာ..."

"သိပြီးပြီ..ယွဲ့အာက ချီတက် လက်သီးသိုင်းနဲ့ သိပ်ပြီး ရင်းနှီးတာ မဟုတ်ဘူး..။သူမ အဲ့ကောင်လေးကို ရှုံးနိမ့်တယ် ဆိုတာက ပုံမှန်ပဲ..။သိသူတာ ဆိုလို့ ချီတက် လက်သီးပဲ ရှိတယ်..။ဂျီနီယာ ညီမလေး ယွဲ့အာ က ရွှေပြားသုံးရာ ပေးရလောက်အောင် အတော် ရိုးသားတာပဲ.."

ကျိုးယွန်ဂျီ ဝေဖန်လိုက်သည်..။

"စီနီယာ အစ်ကို..အကြီးအကဲ ကုက တပည့်အသစ်ကိုတော့ အတော်လေး အလေးထားတယ် ထင်တယ်..။သူက သူ့တပည့်ကို လွှမ်းမိုးမူ လက်သီး သိုင်းကို ငါးရက် လောက် ကိုယ်တိုင်သင်ကြားပေးပြီးမှ ..တံခါးပိတ် ကျင့်ကြံမူကို ဝင်သွားတာ..။ထပ်ပြောရရင် တစ်ခြားတပည့်တွေကို လုပ်သလိုမျိုး..ရှောင်နန်ဖန်းကို အပြစ်ပေးတာမျိုးလည်း မရှိဘူး.."

တပည့်က တင်ပြလိုက်၏..။

"ငါးရက် ဆက်တိုက် သင်ပေးတာလား.."

ကျိုးယွန်ဂျီ မျက်မှောင်ကျုတ်လိုက်သည်..။

"ဟုတ်ပါတယ်..ဒီကောင်လေးက မနက်ခင်းဆိုရင် လွှမ်းမိုးမူ လက်သီးသိုင်းကို လေ့ကျင့်ပြီး နေ့ဘက်နဲ့ ညဘက် ဆိုရင်လည်း ကျမ်းစာတိုက်ထဲမှာပဲ စာဖတ်နေတတ်ပါတယ်.."

"ကျမ်းစာတိုက်မှာ စာဖတ်တယ်တဲ့လား..။သူက ဒုတိယ အထပ်ကို တက်ချင်နေတာလား."

ကျိုးယွန်ဂျီ မျက်မှောငိကျုတ်လိုက်သည်..။

"မဟုတိပါဘူး စီနီယာ အစ်ကို..။သူက ဒုတိယ အထပ်ကို တက်ဖို့ အရည်အချင်းမမှီပါဘူး..။သူက ပထမထပ်မှာ ရှိတဲ့ တာအိုကျမ်းစာတွေကိုပဲ တစ်ချိန်လုံး ဖတ်နေတာပါ..။သူက အတော်လေး စိတ်ဝင်စားနေတာ.."

"စိတ်ဝင်စားနေတာလား.."

ကျိုးယွန်ဂျီ အံ့ဩသွားခဲ့သည်..။

တာအိုကျမ်းစာများက အတော်လေးကို ရှုပ်ထွေးပြီး နားလည်ဖို့ဆိုသည်က မလွယ်ကူပေ..။သူ လည်း တစ်ချို့ကို ဖတ်ဖူးပေမယ့် အနည်းငယ်လောက်သာ နားလည်နိုငိခဲ့သည်..။

ရှောင်နန်ဖန်းက ဘယ်လိူလုပ် စိတ်ဝင်တစားဖတ်နေတာလဲ..

"ဟာသပဲ..။သူက ဘယ်လောက်များများကို စိတ်ဝင်တစား ဖတ်နိုင်မှာလဲ..။သူက စောင့်ကြည့်ခံထားရတာကို သိလို့ ငါတို့ အကုန်လုံးကို အရူးလုပ်ချင်နေတာပဲဖြစ်ရမယ်..။ဒါပေမဲ့ ကံဆိုးချင်တော့ ဒါက မဖြစ်နိုင်ဘူး..။သူက ငါတို့ကို အရူးလို့ ထင်နေတာလား."

"စီနီယာ အစ်ကို ဒါဆိုရင်..."

"သူ့ကို ဆက်ပြီး စောင့်ကြည့်ထား..။သူ့ကို လာပြီး ဆက်သွယ်တဲ့လူက ကျိန်းသေပေါက် ရှိကို ရှိရမယ်..။သူက ငါတို့ စောင့်ကြည့်မူ လွတ်တာနဲ့ သူလျိုနဲ့ တန်းပြီး ဆက်သွယ်မှာပဲ..။အဲ့အချိန်ကျရင် သူ့ကို ချက်ချင်းဖမ်းပြီး စစ်မေးရတယ်.."

"ဖမ်းပြီး စစ်မေးမှာလား..။ဒါပေမဲ့ သူက အကြီးအကဲ ကု ရဲ့ တပည့်လေ..။ကျွန်တော်တို့..."

"ဖမ်းသာ ခေါ်လာခဲ့.."

ကျိုးယွန်ဂျီ အမိန့်ပေးလိုက်သည်..။

"နားလည်ပါပြီ.."

ကျမ်းစာတိုက်ထဲမှာတော့..ရှောင်နန်ဖန်းသည် တရားထိုင်ပြီး မနက်ခင်း ချီကို စုပ်ယူနေခဲ့သည်..။နာရီဝက်ခန့်ကြာပြီးနောကိ သူ ပါးစပ်နဲ့အပြည့်လေကို မှုတိထုတိလိုက်ပြီး မျက်လုံးမှိတိလိုက်၏..။

သူ့ဘေးပတ်လည်တွင်တော့ ကျမ်းစာ ရွတိဖက်သည့် အသံများကို ကြားနေရသည်..။

အဲ့အချိန်မှာပဲ..အပြင်စည်းတပည့်တယောက်သည် သူ့ဆီကို ရောက်လာခဲ့၏..။

"စီနီယာ အစ်ကို နနိဖန်းက တကယ်ကို ကံကောင်းတာပဲ..။ကျွန်တော်တို့ဆီကို စိတ်ဝိဥာဥ် ငါးရှဥ့် ရောက်လာလို့ ပွဲသေးတစ်ပွဲပြင်ဆင်ပေးထားတယ်..။ဒီငါးရှဥ့်က ရွှေပြားတစ်ရာ ကျသင့်တယိလေ..!

အပြင်စည်းတပည့်က ပြောလိုက်သည်..။

"ကျေးဇူးပါ.."

"ကျွန်တောိကို ကျေးဇူးတင်ဖို့ မလိုပါဘူး စီနီယာ အစ်ကို..။ကျွန်တော်က စီနီယာ ယွဲ့အာ ရဲ့ လက်အောက်မှာ အလုပ်လုပ်နေတာပါ..။ကျေးဇူးပြုပြီး တန်လို့ပဲ ခေါ်ပါ."

ရှောင်နန်ဖန်း ရွှေပြားတစ်ရာကို တန် ဆီကို ကမ်းပေးလိုက်သည်..။ဒီလတွင် ယန်ချီ အစားအသောက်အတွက် သူအသုံးပြုနေသည့်က ရွှေပြား ၁၃၀၀ ခန့် ရှိနေပြီဖြစ်ပြီး..ထောက်ပံ့ကြေး၏ နောက်ဆုံးငွေဖြစ်သည်..။

သူ စားပွဲမှာ ထိုင်ပြီး စားသောက် လိုက်တဲ့အချိန်မှာ ယွဲ့အာ ၏ ရယ်မောသံကို ကြားလိုက်ရ၏..။

"နင် ဒီ ရွှေရောင်ငါးရှဥ့်ကို စိတ်ဝင်စားမယ် ဆိုတာ သိသားပဲ .။ဒါပေမဲ့ နင်က တစ်ခြားလူတွေကို သရည်ရေကျအောင် လုပ်နေတာလား.."

"စီနီယာ အစ်မ..။ဒီမှာ ဘာလုပ်နေတာလဲ.."

ရှောင်နန်ဖန်း အသံလာရာကို လှည့်ပြီးပြောလိုက်သည်..။

ယွဲ့အာ သည် တိုက်ခိုက်ရေးဝတ်စုံကို ဝတ်ထားပြီး ပြုံးကာ ပြောလိုက်သည်..။

"ဒါပေါ့ ငါက နင့်အခြေအနေကို လာကြည့်တာပေါ့.."

ယွဲ့အာ ရယ်မောပြီးပြောလိုက်သည်..။

"ကျမ်းစာ ကျတ်မှတိနေကြတဲ့ တစ်ခြားတပည့်တွေကို ကြည့်လိုက်ဦး..။သူတို့က အပြစ်ပေးခံရယုံတင်မကသေးပဲ..နင့်ရဲ့ ဟင်းပွဲက ရနံ့ကြောင့် အတော်လေး ဆာလောင်နေကြပြီ..။နင့်မှာ ကိုယ်ချင်းစာတရား မရှိဘူးလား..."

အဲ့အချိန်မှာတော့ တစ်ချို့ တပည့်တွေက အမှန်တကယ်ပဲ စားသောက်ချင်လာခဲ့ကြသည်..။

ရှောင်နန်ဖန်း ပြုံးလိုက်ပြီး..

"စီနီယာ အစ်ကို နဲ့ အစ်မ တွေက အစားအသောက်တော့ ဝယ်စားလို့ ရကြတယ်မလား..။ကျမ်းစာ မှတ်နေတုန်းမှာ သူတို့ကို အစားအသောက် ဖြတ်တောက်ထားတာ တော့ မဟုတ်ဘူးလေ.."

ယွဲ့အာ မျကိလုံးကျဥ်းမြောင်းသွားခဲ့ပြီး..

"ထောက်ပံ့ကြေးက တစ်နှစ်မှ ရွှေပြားတစ်ထောင် လောက်ပဲ ရတာလေ..။ဒါပေမဲ့ နင်ကတော့ တစ်လတည်းနဲ့ အဲတာကို အကုန်သုံးပစ်လိုက်တယ်..။ဒီနှစ်ရဲ့ကျန်တဲ့ ရက်တွေမှာ နင် ဘယ်လိုလုပ်တော့မှာလဲ..။တစ်ခြား လူတွေကို နင့်လိုများ ထင်နေတာလား.."

ဒါကိုကြားပြီး တစ်ခြားတပည့်များကလည်း ထောက်ခံစွာ ခေါင်းညိမ့်လိုက်ကြသည်..။သူက ကျန်သည့် တစ်နှစ်လုံး..မစားမသောက်ပဲ နေရမှာတောင် ဖြစ်နိုင်၏..။

"ကျွန်တော်မှာ ရွေးချယ်စရာ မရှိဘူးလေ စီနီယာ အစ်မ.."

ရှောင်နန်ဖန်း ပြန်ဖြေလိုက်သည်..။

"သိတဲ့အတိုင်းပဲ ကျွန်တော်ရဲ့ ကျင့်စဥ်က ဒီဟာတွေကို စားမှ အဆင့်တက်နိုင်မှာလေ.."

"ကောင်းပြီလေ..နင် များများဝယ်နိုင်ပါစေလို့ ငါဆုတောငိးပေးပါတယ်..။ဘာပဲဖြစ်ဖြစ် အဲတာမှ ငါ ဝင်ငွေ ပိုကောင်းမှာ..။ငါ ဒီပင်လယ်ငါးရှဥ့်ကို အသက်နဲ့ ရင်းပြီး ရထားတာ..။ငါက တစ်ခြားတပည့်တွေနဲ့ ပူးပေါင်းပြီး ပင်လယ်သားရဲ နဲ့ တိုက်ခိုက်နေရင်း..ရွှေရောင် စိတ်ဝိဥာဥ် ငါးရှဥ့်တွေကို တွေ့ခဲ့တာလေ.."

ယွဲ့အာ ဂုဏ်ယူစွာ ပြန်ပြောပြနေခဲ့သည်..။

"အာ...ကျွန်တော် ရဲ့ ရွှေပြားတစ်ရာ က စီနီယာ အစ်မ ဆီကို ရောက်သွားတာလား.."

"အကုန်တော့ ဘယ်ဟုတ်မလဲ..။အကျ်ိုးအမြတ်ကို ငါတို့က စွမ်းဆောင်ရည်ပေါ်မူတည်ပြီး ခွဲကြတာလေ..။ငါက ရသင့်သလောက်ပဲ ရတာ.."

ယွဲ့အာ ပြန်ဖြေလိုက်သည်..။သူမ အသံက ပုံမှန်ပဲ ဖြစ်ပေမယ့် သူမ၏ မျက်လုံးတွေမှာတော့ ဂုဏ်ယူမူ တွေနဲ့ ပြည့်နေခဲ့သည်..။

"ပိုက်ဆံ လည်း ရှာနိုင်သလို..ကိုယ်ရှာနိုင်တဲ့ သားရဲကို လည်း စားသောက်နိုင်သေးတာလား.."

ရှောင်နန်ဖန်း၏ မျက်လုံးအရောင်လက်သွားခဲ့သည်..။

"အိုး..နင့်အတွက် စိတ်ဝင်စားစရာ ဖြစ်သွားတာလား..။ငါ နဲ့အတူလိုက်ပြီး ပိုက်ဆံ ရှာချင်စိတ်များ ဖြစ်သွားသေးလား.."

ယွဲ့အာ ရှောင်နန်ဖန်းကို စနောက်လိုက်သည်..။

ရှောင်နန်ဖန်း ခနလောက်တွေးပြီးမှ ခေါင်းခါယမ်းလိုက်သည်..။

"ဟင့်အင်..အခုတော့မဟုတ်သေးဘူး..။လက်ရှိ ကျွန်တော် ရဲ့ ကျင့်စဥ်အဆင့် နဲ့ ဆိုရင်သားရဲ တွေအတွက်တော့..ရွေ့လျားနေတဲ့ အစာတုံးကြီး လိုပဲဖြစ်နေလိမ့်မယ်..။ဂိုဏ်းထဲမှာနေပြီး ကျင့်ကြံနေတာက လတ်တလော တော့ အကောင်းဆုံးပဲ.."

"ဟမ့်..နင်က ရွှေပြား ၁၃၀၀ တောင် သုံးထားပြီးပြီနော်..။နင်ဘယ်လို လေ့ကျင့်မှာလဲ..။နင့်မှာ ယန်ချီ ရနိုင်တဲ့ အစားအသောက် မရှိရင် ကျင့်စဥ်က ရပ်တန့်နေလိမ့်မယ်.."

"စိတ်မပူပါနဲ့ စီနီယာ အစ်မ..။အစားအသောက်တွေ မရှိရင်တောငိ ကျွန်တော် ဒီမှာနေပြီး ကျမ်းစာတွေ ဖတ်နေရရင် လုံလောက်ပါပြီ..!

ရှောင်နန်ဖန်း ပြန်ဖြေလိုက်သည်..။

ယွဲ့အာ ဒါကိုကြားပြီး ဘာပြောရမလဲတောင် မသိတော့ပေ..။အစကတော့ ဒီငနဲက အကြီးအကဲ ကုကို မျက်နှာလုပ်ချင်၍ ဒီလိုပြောသည်ဟု သူမ ထင်ထားခဲ့ပေမယ့် သူက အမှန်တကယ်ပဲ ကျမ်းစာကို နေ့တိုင်း ဖတ်နေခဲ့သည်..။

ဒါကို ဖတ်နေရတာကတင် လုံလောက်ပြီတဲ့လား..။အတော် အရည်ထူတာပဲ..။

"ကျွန်တော့်ကို တစ်ခုခု အကြောင်းရှိလို့ လာရှာတာလား စီနီယာ အစ်မ.."

"ငါက နင်နဲ့စကားပြောခွင့်ရဖို့ အကြောင်းပြချက်လိုသေးတာလား..။ငါက နင့်အတွက် အကောင်းဆုံး ရွှေရောင် ငါးရှဥ့်ကို ရအောင်လုပ်ပေးထားတာလေ..။နင့်ရဲ့ ဆက်ဆံပုံက ဒီလောက်ပဲလား.."

ယွဲ့အာ ရှောင်နန်ဖန်းကို စိုက်ကြည့်ပြီးပြောလိုက်သည်..။

ရှောင်နန်ဖန်း လက်နှစ်ဖက်ကို ဆုပ်လိုက်ပြီး..

"ကျွန်တော် တောင်းပန်ပါတယ် စီနီယာ အစ်မ..။ကျွန်တော် ကူညီနိုင်တဲ့အရာ များ ရှိမလား သိပါရစေ.."

"အင်း..ငါက အဲလို ပြောလာဖို့ကို စောင့်နေတာ.."

ယွဲ့အာ ၏ မျက်လုံးများ အရောင်လက်သွားခဲ့သည်..။

"စိတ်မပူနဲ့ ငါ နင့်ကို ခက်ခဲအောင် မလုပ်ပါဘူး..။ငါက အကြီးအကဲ လက်အောက်မှာပဲ ကုချငိးကို သင်ယူ ချင်တာ..။ဒီအတွက် နင် ငါ့ကို ကူပြီး ပြောပေးမယ်လို့ မျှော်လင့်မိတယ်.."

ယွဲ့အာ စိတ်အားထက်သန်စွာ ပြောလိုက်သည်..။

"အကြီးအကဲ ကု က ကုချင်းကို အဓိက ထားပြီး ကျွမ်းကျင် တာလား.."

ရှောင်နန်ဖန်း သိချင်စွာ မေးလိုက်သည်..။

"နင်က မသိဘူးလား.."

ယွဲ့အာ အံ့ဩတကြီး တအော်လိုက်သည်..။

"မာစတာ က သန်မာတယ် ဆိုတာ သိပေမယ့် ဘယ်အဆင့်ထိ သန်မာလဲ ဆိုတာတော့ မသိဘူးလေ..။နဲနဲ လောက် ပြောပြပေးပါလား.."

ယွဲ့ အာ ရှောင်နန်ဖန်းကို ထူးဆန်းတဲ့ အမူအရာဖြင့်ကြည့်လိုက်ပြီး..

"နင်ဘယ်လောက် ကံကောင်းလိုက်လဲ..။ဒါလေးကို တောင် မသိဘူး..."

"ဒီကနေ စပြောရအောင်..။အကြီးအကဲ ကု ရဲ့ ကျင့်ကြံခြင်းက သူ့ရဲ့ ကုချင်း အပေါ်နားလည်နိုင်စွမ်းကို အခြေခံပြီး တွေ့ရှိထားတာ..။ဂိုဏ်းခေါင်းဆောင်တောင် သူ့ကို အလေးထားပြီး ဆက်ဆံရတယ်..။ဒါပေမဲ့ အရငိတုန်းက အကြီးအကဲ ကု ကို ယှဥ်နိုင်တဲ့ အကြီးအကဲ တစ်ယောက် ရှိဖူးတယ်လို့ ငါထင်တယ်..။ဒါပေမဲ့ သူ့အကြောင်းကို မကြားရတာတော့ အတော်ကြာပြီ.."

ယွဲ့အာ ပြောလိုက်သည်..။

"အိုး..ဘယ်သူများလဲ.."

"ငါ ထင်တာတော့..သူ့နာမည်က ရှောင်ဟွန်ယီ လား မသိဘူး..။မော်တယ် ဌာနရဲ့ အကြီးအကဲ တစ်ယောက်ပဲ.."

"ရှောင်ဟွန်ယီ လား.."

ရှောင်နန်ဖနိး အတွေးနက်သွားခဲ့သည်..။ဒါက ငါ့အဖေ ရဲ့ နာမည် မဟုတ်ဘူးလား..

All Chapters