နားလည် သဘောပေါက်ခြင်း
Vol. 2 Ch. 22
"ဘာဖြစ်တာလဲ..။အဲ့နာမည်ကို ကြားဖူးလို့လား.."
ယွဲ့အာက ရှောင်နန်ဖန်းရဲ့ အမူအရာကိုမြင်ပြီး သိချင်စွာမေးလိုက်သည်..။
"မသိပါဘူး.."
ရှောင်နန်ဖန်း ချက်ချင်းပဲ ခေါင်းခါယမ်းလိုက်သည်..။သူ အခုချိန် ကိုယ့်ကိုကို မဖော်ထုတ်ချင်သေးပေ..။
"ဒါဆို မျက်နှာပုံစံက ဘာလို့ အဲလိုဖြစ်သွားတာလဲ..။ရှောင်ဟွန်ယီ က မော်တယ် ဌာနရဲ့ အကြီးအကဲ ပဲ..။အကြီးအကဲ ကု ကတော့ ..တက်ရောက်မူ ဌာနရဲ့ အကြီးအကဲ ပေါ့..။စီနီယာတွေ ပြောတာအရတော့ သူတို့နှစ်ယောက်က နှစ်အတော်ကြာအောင် ပြိုင်ဆိုင်လာခဲ့ကြတာတဲ့.."
ယွဲ့အာ ပြောလိုက်သည်..။
ရှောင်နန်ဖန်း :....
သူ ဘာပြောရမလဲတောင် မသိတော့ချေ..။သူ၏ အဖေက တစ်ဖက်တွင်ဖြစ်ပြီး သူ၏ ဆရာမက တစ်ဖက်တွင် ဖြစ်၏..။
"စီနီယာ အစ်မက အကြီးအကဲ ကု လက်အောက်ကို ဝင်ချင်တာ ကုချင်း သင်ချငိလို့လား.."
"အဲလိုပြောလို့ရတယိ..။ဒါပေမဲ့ ကုချင်း နဲ့ ကျင့်ကြံတဲ့လူတွေက စိတ်ဝိဥာဥ် ကျင့်စဥ်ကို မြန်စဥ်လာစေတယ် ဆိုတာကတော့ အမှန်ပဲ.."
"စိတ်ဝိဥာဥ် ကျင့်စဥ်လား.."
ရှောငိနန်ဖန်း မျက်ခုံးပင့်တင်လိုက်သည်..။
သူ သင်္ဘောပေါ်မှာတုန်းက အကြီးအကဲ ကု ရဲ့ ကုချင်းသံစဥ်က သူ၏ စိတ်ဝိဥာဥ် ကျင့်စဥ်ကို မြင့်တင်ပေးနိုင်တာကို ခံစားရသည်..။
"နင် ဒီအတွက် မစိုးရိမ်နဲ့ဦး..။နင်က အခုမှ အခြေတည် အဆင့်မှာပဲ ရှိနေသေးတော့..ချီ စုဆောင်းဖို့ ကိုပဲ လုပ်ဆောင်ဦး..။နင် သန္ဓေတည်အဆင့်ကို ရောက်ပြီဆိုရင် အကြီးအကဲ ကုက ပိုပြီး သင်ပြပေးလိမ့်မယ်..။အာ..ငါ ပိုပြီးပြောလေလေ ပိုပြီး ဒေါသထွက်လာလေလေပဲ..။နင်က ဘယ်လိုဖြစ်ပြီး အဲလောက် ကံကောင်းနေရတာလဲ.."
ရှောင်နန်ဖန်းရဲ့ အကြည့်အောက်မှာပဲ..ယွဲ့အာသည် မျက်ရည်တွေကို သုတ်သလို ဟန်ဆောင်လိုက်သည်..။
"ကောင်းပြီ ကောင်းပြီ..ကျွန်တော် အခွင့်အရေးရရင် စီနီယာ အစ်မကို တပည့်အဖြစ် လက်ခံဖို့ အကြီးအကဲ ကုကို ပြောပေးမယ်..။ဟုတ်ပြီလား..။ဒါပေမဲ့ ကျွန်တော် လုပ်ပေးနိုင်တာ ဒါ အကုန်ပဲနော်..။အကြီးအကဲ လက်ခံမယ်လို့တော့ မထင်ဘူး.."
"ဒီလောက်ဆိုရင် လုံလောက်ပြီလေ ဂျူနီယာ မောင်လေး..။အစ်မ မှတ်ထားပါ့မယ်.."
ယွဲ့ဟာ ချက်ချင်း ဟန်ဆောင်နေတာ ရပ်လိုက်ပြီး တောက်ပစွာ ပြုံးလိုက်သည်..။
ရှောင်နန်ဖန်း သက်ပြငိးချလိုက်၏..။သူ၏ စီနီယာ အစ်မက သရုပ်ဆောင်ပင် လုပ်၍ ရလောက်သည်..။
"စီနီယာ အစ်မ ..ကျွန်တော်စားလို့ ပြီးသွားပြီ..။ကျွန်တော် လေ့ကျင့်ထားတဲ့ နည်းစနစ်ကို သရုပ်ဖော်ပြပေမယ်..။ကျေးဇူးပြုပြီး ကြည့်ပေးပါဦး.."
ရှောင်နန်ဖန်း မတ်တတ်ထရပ်လိုက်သည်..။
သူ ကိုယ်နေဟန်ထားတစ်ချက်ကို ပြုလုပ်လိုက်ပြီး..လက်သီချက်များကို ထုတ်လိုက်သည်..။လက်သီးထိုးသည့် အသံများ ထွက်ပေါ်လာခဲ့၏..။
"အိုး ဒါက လွှမ်းမိုးမူ လက်သီးလား..။နင်က တစ်လလောက်ပဲ လေ့ကျင့်တာတောင် ဒီလောက်အထိ တိုးတက်နေပြီ.."
ယွဲ့အာ အော်ပြောလိုက်သည်..။
"ကျွန်တော် ကျမ်းစာတိုက်ထဲကနေလည်း လက်သီး နည်းစနစ် တွေ အများကြီးကို ဖတ်ထားသေးတယ်..။ပြီးတော့ လွှမ်းမိုးမူ လက်သီးကို ကျွန်တော်နဲ့လိုက်ဖက်အောင် နည်းနည်း ပြုပြင်ထားသေးတယ်လေ.."
ရှောင်နန်ဖန်း လက်သီးတွေကို ဆက်တိုက်ထိုးနေရင်းနဲ့ ပြောလိုက်ခြင်းဖြစ်သည်..။
"နင်က ကျမ်းစာအနည်းငယ် ဖတ်ထားတာနဲ့ နည်းစနစ်ကို မြှင့်တင်ရဲတယ်လား..။နင်သိထားတာ တွေက မှားနေရင် ဘယ်လိုလုပ်မလဲ.."
ယွဲ့အာ အံ့ဩစွာရေရွတ်လိုက်သည်..။
"ဒါက ဖြစ်လာမှာမဟုတ်ဘူး.."
ရှောငိနန်ဖန်း တည်ငြိမ်စွာ ပြန်ဖြေလိုက်၏..။
ယွဲ့အာ မျက်မှောင်ကျုတ်ပြီး ထူးဆန်းတဲ့ အကြည့်နဲ့ကြည့်လိုက်သည်..။
"နင်က တကယ် ကြွားဝါ တတ်တာပဲ.."
ရှောင်နန်ဖန်း သရုပ်ပြလို့ ပြီးသွားတဲ့နောက်မှာတော့..ယွဲ့အာ ဖက်က်ု လှည့်ပြီးပြောလိုက်သည်..။
"ကျွန်တော် ကျမ်းစာတိုက်ထဲမှာ စာဖတ်လိုက်ဦးမယ် စီနီယာ အစ်မ..။ကျွန်တော် နဲ့ အတူလိုက်ဖတ်ဦးမလား.."
"တော်ပါပြီ.."
ယွဲ့အာ ခေါင်းခါယမ်းပြီး အလျင်အမြန် ငြင်းလိုက်သည်..။
"ကိုယ့်ဟာကို သာ သွားဖတ်ပါ..။ငါ့ကို ကတိပေးထားတာ တော့ မမေ့နဲ့ဦးနော်..ဟုတ်ပြီလား.."
"သိပါပြီ.."
"ကောင်းပြီ..ငါစားဖို့အတွက် ချန်ထားတဲ့ ရွှေရောင် ငါးရှဥ့် နှစ်ကောင်ရှိတယ်..။အဲ့အထဲက နင့်ကို တစ်ကောင်ပေးမယ်.."
ယွဲ့အာ ပြုံးပြီး ပြောလိုက်သည်..။
ရှောင်နန်ဖန်း အံ့ဩစွာ ကြည့်လိုက်၏..။သူမက အတော်လေး သဘောကောင်းတာကြောင့်..တစ်ဂိုဏ်းလုံးက ချစ်ချင်ကြတာ အံ့ဩစရာ မရှိတော့ပေ..။
"ကျေးဇူးပါ စီနီယာ အစ်မ.."
ရှောင်နန်ဖန်း အရိုအသေ ပေးလိုက်၏..။
ယွဲ့အာ လက်ဝေ့ယမ်းလိုက်ပြီး အဝေးကို ထွက်သွားလိုက်သည်..။ငါလည်း နင့်အတွက် တစ်ခုခု လုပ်ပေးလိုက်ပြီဆိုတော့ ငါ့ကိုလည်း ပြန်ပြီး ကူညီသင့်ပြီ မဟုတ်ဘူးလား..။
ယွဲ့အာ ထွက်သွားပြီးနောက် ရှောင်နန်ဖန်း အဝတ်စား လဲသည့် နေရာသို့သွားကာ အဝတ်လဲပြီး ကျမ်းစာ တိုက်ထဲမှ စားများကို ဆက်လက် ဖတ်လိုက်သည်..။
နေ့လည်ဘက်တွင်တော့..အပြင်စည်းတပည့် တန်က သူ့အတွက် နေ့လည်စာကို အစောယူလာပေးတာကို တွေ့လိုက်ရသည်..။
"စီနီယာ အစ်ကို.."
တန် ၏ မျက်လုံးများသည် ရှောင်နန်ဖန်းကို မြင်သည်နှင့် အရောင်လက်နေခဲ့သည်..။
"စီနီယာ အစ်မ ယွဲ့အာက နောက်ထပ် ရွှေရောင်ငါးရှဥ့်တစ်ကောင်ကို ယူလာပေးဖို့ မှာကြားထားလို့ပါ..။ဂိုဏ်းထဲမှာ အထူးရေကန် ရှိလို့ ငါးရှဥ့်တွေ ပုပ်သိုးသွားမှာကို စိုးရိမ်စရာ မလိုဘူးလေ.."
"စီနီယာ အစ်မရဲ့ အလုပ်လုပ်ပုံက တကယ်မြန်ဆန်တာပဲ.."
"အမှန်ပဲ .စီနီယာ အစ်မက တကယ်ပဲ ကျွမ်းကျင်မူ ရှိတယ်.."
တန် သည် ရှောင်နန်ဖန်းကို ပြုံးပြီး ပြောလိုက်သည်..။
"စီနီယာ အစ်ကို..ဂိုဏ်းရဲ့ စီနီယာ တွေက အမဲလိုက် ထွက်ရင်းနဲ့ နတ်ဆိုး သားရဲအသားတွေလည်း ပြန်ပါလာခဲ့တယ်..။ကျွန်တော်တို့ အပြင်စည်းတပည့်တွေက ချက်ပြုတ်တာတွေ ရောင်းချတာတွေကို လုပ်ကြရတာ..။ဒီလို အစားအသောက်တွေရော စိတ်ဝင်စားလား စီနီယာ အစ်ကို.."
"ဟင်.."
ရှောင်နန်ဖန်း စဥ်းစားသွားခဲ့သည်..။
"စီနီယာ အစ်မ ပေးထားတဲ့ ရွှေရောင်ငါးရှဥ့်က ရွှေပြား နှစ်ရာ တန်ကြေးရှိတယ်လေ..။တကယ်လို့ စီနီယာ က တစ်ခြားဟင်းလျာတွေကို စားချင်ရင် စျေးနှုန်းကတော့ နည်းနည်းပြောင်းသွားလိမ့်မယ်.."
တန်က ရှင်းပြလိုက်သည်..။
"စားဖိုဆောင်က ဘယ်မှာလဲ.."
"ကျွန်းရဲ့ ဆိပ်ကမ်းနားမှာပါ..။တကယ်လို့ စီနီယာ အပြောင်းအလဲ လေးတွေစားသောက်ချင်တာ ဆိုရင် ကျွန်တော် လိုက်ပြီး ပြသ ပေးလို့ရတယ်လေ..။စီနီယာ ကြိုက်တဲ့အသားကို ရွေးချယ်လိုက်ရင် ကျွန်တော် တို့ ချက်ပြုတ်ပေးလို့ ရတာပေါ့.."
တန် ရှင်းပြလိုက်သည်..။
ရှောင်နန်ဖန်း စဥ်းစားသွားခဲ့၏..။သင်္ဘောဆိပ် နားမှာလား..။သူလည်း အဲဲဲဒီကို သွားဖို့ အကြောင်းပြချက် ရှာနေခြင်းဖြစ်သည်..။
သင်္ဘောဆီမှာ သူ ယူရမည့် ရွှေပြား တစ်သောင်းက ရှိနေသေး၏..။
"ဒါဆိုလည်း အခု သွားကြရအောင်လေ.."
ရှောင်နန်ဖန်း အကြံပေးလိုက်သည်..။
"အခုလား..။အခု ချက်ချင်းလား.."
တန် မျက်မှောင်ကျုတ်လိုက်သည်..။
.
"ပြသနာ ရှိလို့လား.."
"မ..မရှိပါဘူး.။ဒါပေမဲ့ ကျွန်တော် ဘာမှ မပြင်ဆင်ရသေးဘူးလေ စီနီယာ အစ်ကို..။စီနီယာက ကျမ်းစာဆောင်မှာ စာဖတ်ဖို့ လုပ်နေတာ မဟုတ်ဘူးလား.."
"စာဖတ်တာက နောက်မှ ဖတ်လို့ ရတယ်လေ..။ငါတို့ ပြင်ဆင်နေဖို့ မလိုဘူးမလား..။ရှေ့ကနေသာ လမ်းပြပေး.."
ရှောင်နန်ဖန်း အလျင်စလိုပြောလိုက်သည်..။အကြီးအကဲ ကု ၏ တပည့်တစ်ယောက် အနေနဲ့ သူက အပြင်စည်း တပည့်တွေရှေ့မှာ ..ဟန်ဆောင်နေစရာ မလိုအပ်ပေ..။
"ကောင်းပါပြီ.."
တန် က သက်ပြင်းချပြီး ခေါင်းညိမ့်လိုက်သည်..။သူတို့ နှစ်ယောက်သည် ကျမ်းစာဆောင်ကနေ ထွက်ပြီး တောထဲကို ဦးတည် ထွက်သွားခဲ့ကြ၏..။သူတို့ရဲ့ အကြောင်းကတော့..ချက်ချင်းဆိုသလိုပဲ..ကျိုးယွန်ဂျီ ၏ နားထဲကို ရောက်သွားခဲ့သည်..။
ကျိုးယွန်ဂျီ ဒီသတင်းကို ကြားသွားခဲ့ပြီး...
"နောက်ဆုံးတော့..တစ်လကြာပြီးတဲ့နောက်မှာ သူက လှုပ်ရှားလာပြီပဲ.."
"စီနီယာ အစ်ကို သံသယ ရှိနေသလိုပါပဲ..။နန်ဖန်းနဲ့ အပြင်စည်းတပည့်တစ်ယောက်က သစ်တောထဲကို ဝင်သွားခဲ့ကြပါတယ်..။သူတို့ တစ်ခုခု ကြံစည်နေတာ အသေအချာပါပဲ.."
ဂျီနီယာ တပည့်တစ်ယောက်က ပြောလိုက်ချင်းဖြစ်သည်..။
"ငါတို့ ရဲ့ စောင့်ကြည့်သူ တွေက အလကားမဟုတ်ဘူးပဲ..။အဲဒီ အပြင်စည်းတပည့်က ဘယ်သူလဲ.."
"သူ့နာမည်က တန် ပါ..။သူက ဟင်းလျာတွေ ချက်ပြုတ်ရာမှာ တာဝန်ယူထားပါတယ်..။အစ်မယွဲ့အာက နန်ဖန်း ဆီကို ဟင်းလျာပို့ဖို့ လူရှာတဲ့အချိန်မှာ သူက လိုလိုလားလားနဲ့ ရှေ့ထွက်လာခဲ့တာပါ..။ပြီးတော့ သူက တစ်လတိတိ ဟင်းလျာတွေ ပို့ခဲ့ပါတယ်.."
ဂျူနီယာ တပည့်က တင်ပြလိုက်သည်..။
"ဒီတော့ ဒါက သူတို့ရဲ့ နည်းပရိယာယ် ပေါ့..။ငါတို့ရဲ့ ငါးစာက ဘာတွေကို ဖမ်းလာနိုင်မလဲ ကြည့်ကြတာပေါ့.."
ကျိုးယွန်ဂျီ၏ မျက်လုံးက အေးစက်သွားခဲ့သည်..။
"တစ်ခြားလူတွေကို အကြောင်းကြားလိုက်..။ငါတို့ တန် နဲ့ နန်ဖန်းကို ဖမ်းကြမယ်.."