← Chapters

မင်းအရင်လုပ်ခဲ့တာ

Vol. 2 Ch. 23

မင်းအရင်လုပ်ခဲ့တာ

Vol. 2 Ch. 23

ဘာသာပြန် = စမင်းသိုက်

လှိုင်းလုံးများသည် ကျောက်ဆိုင်များရှိနေသည့် ကမ်းခြေကို ရိုက်ခတ်နေခဲ့သည်..။ရှောင်နန်ဖန်း မျက်မှောင်ကျုတ်လိုက်ပြီး..သူတို့ ဖြတ်သန်းလာခဲ့သော မူမမှန်သည့် မြူများကို ပြန်ကြည့်လိုက်သည်..။

"စီနီယာ အစ်ကို ..တိုင်ချင်ကျွန်းမှာက..ကျူးကျော်သူတွေကို တားဆီးဖို့ နဲ့ ..ကျွန်းရဲ့ လုံခြုံရေး လျို့ဝှကိချက် တွေကို ထိန်းသိမ်းဖို့..လမ်းမှားစေတဲ့ ဝင်္ကပါတွေ အများကြီး ရှိတယ်လေ..။သူတို့က ပြန်ထွက်သွားမယ့် ..လမ်းကိုသာ မသိရင်..ဒီဝင်္ကပါတွေ ထဲမှာပဲ ပိတ်မိနေတော့မှာ.."

"ဟိုဘက်က ဆိပ်ကမ်းမဟုတ်ဘူးလား.."

ရှောင်နန်ဖန်း အနားက ပင်ဘလယ်ကို လက်ညိုးထိုးပြကာ ပြောလိုက်သည်..။

"ကျွန်တော်တို့က ဖြတ်လမ်းက နေသွားနေတာလေ..။တကယ်လို့ ကျွန်တော်တို့သာ ပုံမှန်လမ်းအတိုင်း သွားမယ် ဆိုရင် တောငိအနည်းငယ်ကို တက်ရလိမ့်မယ်..။ကမ်းရိုးတန်းကနေ သွားတော့..ဆိပ်ကမ်းကို မြန်မြန် ရောက်နိုင်တယ်လေ..။တကယ်လို့ စီနီယာ အစ်ကို ပင်ပန်း နေရင် ကျွန်တော်တို့ ခနလောက် နားကြမလား.."

တန် က ကမ်းလှမ်းလိုက်သည်..။

"ဒါဆိုလည်း နားကြတာပေါ့..။မင်းက ဒီကျွန်းနဲ့ ရင်းနှီးနေလို့ တော်သေးတယ်..။မဟုတ်ရင် ဒီခရီးက အတော်လေးကို ကြာမယ့် သဘောပဲ.."

ရှောင်နန်ဖန်း ကြီးမားသည့် ကျောက်တုံးတစ်ခုပေါ်တွင် ထိုင်ချလိုက်ကာ ပြောလိုက်သည်..။

"စီနီယာ အစ်ကို..က ဂိုဏ်းထဲကို ရောက်ကတည်းက စိတ်ဝိဥာဥ် သားရဲ အသားကိုပဲ စားနေတာ ကျွန်တော် သတိထားမိတယိ..။တစ်ခြား အရသာ ရှိတာတွေကို ရော စားဖူးသေးလား..။ကျွန်တော်က အပြင်စည်းတပည့်ဖြစ်ပေမယ့် ဂိုဏ်းထဲကို တစ်နှစ်စောပြီး ဝင်ခဲ့တာ ဆိုတော့ ထိပ်တနိး အစားအသောက်တွေ အများကြီးနဲ့ ထိတွေ့နိုင်ခဲ့တယ်လေ..။ဥပမာ ပြောရရင် ဒီ အိတ်ထဲမှာ ရှိတဲ့ စိတ်ဝိဥာဥ် အရက် က စီနီယာ မှာစားခဲ့တဲ့ စိတ်ဝိဥာဥ် သားရဲ အသားတွေနဲ့ ယှဥ်လို့ရတယ်..။နည်းနည်း လောက် မြည်းကြည့်မလား စီနီယာ.."

တန် က ခါးတွင် ချိတ်လာသည့် အရက်အိတ်ကို ယူကာ ပြောလိုက်ခြင်းဖြစ်သည်..။

"အိုး..စိတ်ဝိဥာဥ် အရက်လား.."

ရှောင်နန်ဖန်း မျက်လုံးအရောင်လက်သွားခဲ့၏..။

"ဒီမှာပါ စီနီယာ အစ်ကို.."

တန်က ..နွေးထွေးစွာပဲ..အရက်အိတ်ကို ကမ်းပေးလိုက်သည်..။

ရှောင်နန်ဖန်း ယူလိုက်ပြီး အဖုံးကို ဖွင့်ကာ အနံ့ခံကြည့်လိုက်၏..။

"မွှေးလိုက်တဲ့ ရနံ့.."

"စိတ်ဝိဥာဥ် အရက် လေ .."

တန်က ပြုံးပြီး ပြန်ဖြေလိုက်သည်..။

"ကျေးဇူးပြုပြီး မြည်းကြည့်ပါဦး..စီနီယာ အစ်ကို.."

ရှောငိနန်ဖန်း..အရက်အိတ်ကို မော့ကာ သောက်လိုက်သည်..။တန် သည် ရှောင်နန်ဖန်း သောက်တာ မြင်ပြီး နှုတ်ခမ်းကို သပ်ကာ မျက်လုံး အရောင်လက်သွားခဲ့၏..။

သို့ပေမယ့် ရုတ်တရက် ရှောင်နန်ဖန်းက အရက်တွေကို ပြန်ထွေးထုတ်လိုက်သည်..။

"အာ..စီနီယာ အစ်ကို..ဘယ်လို..."

တန် စိတ်ရှုတ်ထွေးသွားခဲ့သည်..။

"မင်း အရက်က ပြင်းလွန်းတယ်.."

ရှောင်နန်ဖန်း အရက်အိတ်ကို နောက်တစ်ကြိမ် အနံ့ပြန်ခံပြီး တန်ကို ပြန်ပေးလိုက်၏..။

တန်က ခနလောက် တွေဝေသွားခဲ့သည်..။ပြင်းလွန်းတာလား..။သူ ရှောင်နန်ဖန်းကို ထူးဆန်းစွာ ကြည့်လိုက်ပြီး..

"စီနီယာ အစ်ကိုက..အခုမှ အရက်ကို ပထမဆုံး သောက်ဖူးတာလား.."

"အာ..မင်း ဘယ်လိုသိတာလဲ.."

ရှောင်နန်ဖန်း ရှက်ရွံ့စွာ ပြန်​မေးလိုက်သည်..။

တန် : ....

အမှန်တကယ်ပဲ..နန်ဖန်း သည် အသက် ၁၆ နှစ်သာ ရှိသေးတာကြောင့် အရင်က အရက်ကို တစ်ခါမှ မသောက်ဖူးသေးပေ..။ဒါကြောင့် သူ့အတွက် ပြင်းလွန်းနေတာက အဓိပ္ပါယ် ရှိ၏..။

"စီနီယာ အစ်ကို..အရက်တွေက ဒီလို အရသာပဲလေ.."

တန် က ပြုံးပြီး ပြန်ပြောလိုက်သည်..။

"ဒါပေမဲ့ ပြင်းလွန်းတယ်.."

ရှောင်နနိဖန်း ခေါငိးခါယမ်းပြီး ပြောလိုက်ခြင်းဖြစ်သည်..။

"စီနီယာ အစ်ကိုက ဒီလို အများကြီး တစ်ခါတည်း မော့သောက်သင့်တာ..!,

တန်က ..အရက်အိတ်ကို မပြီး ...တစ်ချိုင့်မော့သောက်ပြလိုက်သည်..။

"အား...တွေ့တယ်မလား..။ဒါက စိတ်ဝိဥာဥ် အရက်ပဲ..။ယောက်ျား စစ်စစ်တွေ အကုန်လုံးက ဒီလိုပဲ သောက်ကြတာ..။ဒီအရက်က အကောင်းတကာ့ အကောင်းဆုံးပဲ..။အစောတုန်းကလို ထွေးထုတ်ပစ်တယ် ဆိုတာက ဖြုန်းတီးမူပဲလေ..။သိတယ်မလား..။နောက်ဆိုရင် စီနီယာ အစ်ကိုက ဆိပ်ကမ်းကို လာပြီး ကျွန်တော်ဆီက ထပ်ထပ် လာဝယ်တော့မှာ..

"တကယ်လား...ကျေးဇူးပြုပြီး နောက်တစ်မော့ လောက်.."

ရှောငိနန်ဖန်း တကယ်ပဲ စိတ်ဝင်စားတဲ့ပုံပေါ်နေခဲ့သည်..။

သူ နောက်တစ်ကြိမ် အများကြီး မော့သောက်လိုကိပေမယ့်..မြိုချရမယ့် အစား..ထပ်ပြီး ထွေးထုတ်ပစ်လိုက်၏..။

တန် မျက်မှောင်ကျုတ်လိုက်သည်..။မင်းက ငါ့အရက်ကို တမင်တကာ လုပ်နေတာလား...။

"တောင်းပန်ပါတယ်..ငါ ထပ်ပြီး ဖြုန်းတီးမိပြန်ပြီ..။ငါက အရက်နဲ့ အသားမကျသေးတော့ တစ်ဝက်လောက်ပဲ မြိုချလို့ရတယ်လေ...။လည်ချောင်းထဲကို ပူ ပြီး ဆင်းသွားသလို ခံစားရတယ်.."

ရှောင်နနိဖန်းက တန်ကို ပြောလိုက်သည်..။

တန် မျက်မှောင်ကျုတ်သွားခဲ့ပြီး..

"ကောင်းတယ်..ဒါကမှ တကယ့်ခံစားချက် အစစ်ပဲ..။စီနီယာ လန်းဆန်းသွားသလို မခံစားရဘူးလား.."

"အာ..ဒါက တကယ်ကို ပြင်းလွန်းတယ်..။အစာအိမ်ထဲမှာ လောင်ကျွမ်းနေသလိုပဲ..။ဒါပေမဲ့ ရီဝေပြီး သက်သောင့်သက်သာ ရှိသလိုပါ ခံစားနေရတယိ.."

"ဟားဟား..အရက်က တကယ်ကောင်းလွန်းနေတာ မဟုတ်ဘူးလား.."

ယင်းနောက် သူ ရှောင်နန်ဖန်း ရှေ့မှာပဲ ပေါ်တင် နှာခေါင်းရှုတိလိုက်ပြီး တစ်ခုခု ဖြစ်လာမှာကို စောင့်နေလိုက်သည်..။

ရှောင်နနိဖန်း ရုတ်တရက် တုန်ရီကာ..ခေါင်းက နာကျင်ကိုက်ခဲလာခဲ့သည်..။

"ငါ ဘာလို့...ငါ့ ခန္တာကိုယ်..အစာအိမ်က..."

"မင်း ခွန်အားတွေ မရှိတော့ပဲ..အားနည်းလာသလို ခံစားနေရပြီလား.."

တန် က ရုတ်တရက် မေးလိုက်သည်..။

ရှောင်နန်ဖန်း ခေါင်းကို ကိုင်နေတာ ရပ်လိုက်ပြီး..အနီးနားရှိ ကျောက်တုံးနားကို လဲကျသွားခဲ့သည်..။

"တန်...ငါ လှုပ်လို့ မရတော့ဘူး..။ငါ မူးနေတာလား..။ဘာဖြစ်နေတာလဲ.."

ရှောငိနန်ဖန်း စိုးရိမ်တကြီးမေးလိုက်သည်..။

တန် က ရှောင်နန်ဖန်းကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး...

"အခြေခံစုစည်းမူ အဆင့် ၆ ကျင့်ကြံသူက ဒီလို အရက်ကလေး နဲ့ ဘယ်လိုလုပ် မူးမှာလဲ..။မင်းက မူးနေတာ မဟုတ်ဘူး..အဆိပ်မိနေတာ..."

"အဆိပ်လား...ဘာ အဆိပ်လဲ..။အရက်မှာ အဆိပ်ပါနေတာလား..။ဘာလို့လဲ..."

ရှောင်နနိဖနိး၏ မျက်နှာတွင် စိုးရိမ်မူတွေ ပြည့်သွားခဲ့သည်..။

"မင်းက ငါ့ပြိုင်ဖက် မဟုတ်ဘူး..။ဒါပေမဲ့ ငါက ဂရုစိုက်တတ်တဲ့ လူတစ်ယောက်ပဲ..။ငါတို့က ကျွန်းရဲ့ အစပ်နားမှာ ရောကိနေတာ ဆိုတော့ ဘယ်သူမှ ရှိမှာမဟုတ်ဘူး..။မင်း လည်ချောင်းကွဲအောင် အော်ရင်တောင် မင်းကို ဘယ်သူမှ လာကယ်မှာ မဟုတ်ဘူး.။ငါ့ကို အရမ်းအပြစ်မတင်ပါနဲ့..ဟုတ်ပြီလား စီနီယာ အစ်ကို နန်ဖန်း လေး..."

တန်က ပြုံးပြီး ပြောလိုက်သည်..။

"မဟုတ်ဘူး..မင်းလည်း သောက်ခဲ့တာပဲလေ..။မင်းက ဘာလို့ အဆင်ပြေနေတာလဲ.."

ရှောင်နန်ဖန်း ရေရွတ်လိုက်သည်..။

"ဒါပေါ့ ငါ့မှာ ဖြေဆေးရှိတယ်လေ.."

တန်က အေးဆေးစွာ ပြန်ဖြေလိုက်သည်..။

"မင်း ဘာတွေ ကြံစည်နေတာလဲ..။ငါ မင်းကို အပြစ်မပြုမိဘူးလေ..ဟုတ်တယ်မလား.."

ရှောင်နန်ဖန်း နားမလည်နိုင်စွာ မေးလိုက်ခြင်းဖြစ်သည်..။

"မင်း အပြစ်မပြုပါဘူး.။ဒါပေမဲ့ မင်းက ဂိုဏ်းထဲမှာ နေရာကောင်းကို ယူထားခဲ့တယ်လေ..။မင်းက အကြီးအကဲ ကု ရဲ့ တစ်ဦးတည်းသော တပည့်ပဲ..။စိတ်မပူနဲ့ မင်းနာခံသ၍ ငါတို့ မင်းကို သတ်မှာ မဟုတ်ဘူး..။မင်းက အကြီးအကဲ ကု ရဲ့တပည့်အဖြစ် ဆက်နေပြီး ကျမ်းစာဆောင် လေးထပ်မြောက်က တစ်ခုခုကို ငါတို့အတွက် ယူပေးရမယ်.."

တန် က တီးတိုးပြောလိုက်သည်..။

"မင်း..မင်းက ဘယ်သူလဲ.."

ရှောင်နန်ဖန်း အော်ပြောလိုက်သည်..။

"ငါ ဘယ်သူလဲက အရေးမကြီးဘူး..။မင်း သိထားရမှာက မင်းအဆိပ်မိနေပြီ..။ပြီးတော့ ငါ့ဆီမှာ ဖြေဆေးရှိတယ်..။မင်း နားမထောင်ရင် သေရလိမ့်မယ်.။အကြီးအကဲ ကုတောင် မင်းကို ကယ်နိုင်မှာမဟုတ်ဘူး..။အခု ..မင်း သေချာလား ရှင်ချင်လား ဆိုတာက မင်းရွေးချယ်မူ အပေါ်မူတည်သွားပြီ.."

တန် ခြိမ်းခြောက်လိုက်သည်..။

"အာ..ငါတို့ လို့ ပြောလိုက်တာလား..။မင်းက တစ်ခြားတစိယောက်ယောက် အတွက် အလုပ်လုပ်ပေးနေတာလား.."

ရှောင်နန်ဖနိး လဲလျောင်းနေပေမယ့် သိချင်စွာပဲ ဆက်မေးနေခဲ့သည်..။

"ငါ ဘယ်သူလဲ ဆိုတာက အရေးမကြီးဘူး..။အခု မင်းသေချင်လား..ရှင်ချင်လား ဆိုတာပဲ ပြောလိုက်.."

တန် က နောက်ဆုံးမေးခွန်းကို မေးလိုက်သည်..။

"ဒါပေါ့..ငါ သေချင်ပါတယ်..။ဒါပေမဲ့ ငါ သေချင်တယ် ဆိုရငိတောင် မင်းငါ့ကို သတ်နိုင်ပါ့မလား သိချင်မိတယ်.."

ရှောင်နန်ဖန်း ရုတ်တရက် ရယ်မောကာ ပြောလိုက်သည်..။

"မင်း..."

တန် မတ်တတ်ထရပ် ဖို့ လုပ်လိုက်ပေမယ့် သူ စကားထပ်မပြောနိုင်ခင်မှာပဲ ခေါင်းတွေ ချာချာလည် လာတာကို ခံစားလိုက်ရသည်..။သူ မထနိုင်ခဲ့ပဲ မြေကြီးပေါ်ကိုသာ ပြန်လဲကျသွားခဲ့၏..။

တန် အံသြမူတွေ ပြည့်နှက်သွားခဲ့ပြီး..

"ငါ အဆိပ်ဖြေဆေးသောက်ထားတယ် လေ..ဘာလို့လဲ.."

တန် ပြန်ပြီး ထဖို့ လုပ်လိုက်ပေမယ့် သူ့ဆီမှာ ခွန်အားတွေ ကျန်မနေခဲ့ပေ..။

သိပ်မဝေးတဲ့ နေရာမှာတော့..ရှောင်နန်ဖန်းက အစောကလို အခြေအနေ မဟုတ်တော့ပဲ..အကောင်းအတိုင်း ထရပ်လာခဲ့သည်..။သူက တန်ကို အေးစက်စွာကြည့်နေခဲ့၏..။

"မင်းက ဟန်ဆောင် နေတာလား..။မဟုတ်ဘူး..ဒါက မဖြစ်နိုင်တာ..။မင်း အရက်ကို သောက်ခဲ့တာပဲ.."

တန်က အော်ပြောလိုက်သည်..။

" ငါ ထွေးထုတ်လိုက်တာ မင်း မမြင်ဘူးလား.."

ရှောင်နန်ဖန်း တည်ငြိမ်စွာ ပြန်ဖြေပေးလိုက်၏..။

တန် တံတွေးမြိုချလိုက်သည်..။ရှောင်နန်ဖန်းက တစ်ဝက်ကို ထွေးထုတ်ပြီး တစ်ဝက်ကို မြိုချလိုက်တာ မဟုတ်ဘူးလား..။မဟုတ်ဘူး..သူက ဒါကိုလည်း လိမ်နေတာလား..။

"မင်း ငါ့ကို အဆိပ်ခတ်ထားတာလား..။ဘယ်အချိန်ကလဲ.."

တန် ရေရွတ်လိုက်သည်..။

အခုတော့ ဘာတွေ ဖြစ်နေတာလဲ ဆိုတာကို တန် နားလည်သွားခဲ့ပြီ ဖြစ်၏..။သူက ရှောင်နန်ဖန်းကို အဆိပ်ခတ်ခဲ့ပေမယ့် ရှောင်နန်ဖန်းက ဘာမှ မသောက်ခဲ့သည့် အပြင် သူ့ကို ပါ ပြန်ပြီး အဆိပ်ခတ်ထားခဲ့သည်..။

"မင်းရှေ့မှာတင် ငါ အရက်အိတ်ကို ဖွင့်လိုက်တာ မဟုတ်ဘူးလား.."

ရှောင်နန်ဖန်း ပြနိဖြေလိုက်သည်..။

တန် မျက်မှောင်ကျုတ်လိုက်၏..။သူက သူ့ကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့တာ ဖြစ်သည်..။ရှောင်နန်ဖန်း အဆိပ်ခတ်တာကို သူ လုံးဝ မမြင်ခဲ့​ပေ..။မဟုတ်ဘူး...အဲ့အချိနိ ခနလေး အတွင်းမှာလား..။

"မင်း အရက်ကို ထွေးထုတ်တာကို ငါ ကြည့်နေတဲ့ အချိန် အဆိပ်ထည့်ထားလိုက်တာလား..။ဒါပေမဲ့ အရက်ကို ငါ သောက်မယ် ဆိုတာကို မင်း ဘယ်လို သိတာလဲ ."

တန် ..နားမလည်နိုင်စွာ ပြောလိုက်ခြင်းဖြစ်သည်..။

"ခန့်မှန်း ကြည့်ရတာပေါ့..။တကယ်လို့ တစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင်တော့ မင်းရဲ့ သရုပ်ဆောင် ညံ့ဖျင်းမူကိုပဲ အပြစ်တင်လိုက်တော့..။မင်းက ငါ့ကို အဆိပ်ပါတဲ့ အရက်ကို တိုက်လိုက်တဲ့ အချိန်မှာ ပိုပြီးတော့တောင် သေချာသွားခဲ့တယ်..။ဒါပေါ့..မင်း အရက်ကို မသောက်ဘူးဆိုရင်လည်း မင်းကို အနိုင်ယူနိုင်မယ့်နည်းလမ်း တွေ ငါ့မှာ ရှိနေသေးတယ်.."

ရှောငိနန်ဖန်း သည် တန်ကို အေးစက်စွာ ကြည့်လိုက်ပြီး...

"တန်...ငါ မင်းနဲ့ ဘာရန်ငြိုးမှ မရှိခဲ့ပေမယ့် ငါ့ကို ထောင်ခြောက်ဆင်ဖို့ ကြိုးစားခဲ့တယ်..။တစ်လလောက် အချိန်ယူပြီး ငါနဲ့ရင်းနှီးအောင် ကြိုးစားခဲ့ပြီးမှ ဒီလိုမျိုး အပြင်ကို ထွက်လာဖို့ ဆွဲဆောင်ခဲ့တာပဲ..။မင်းဒီအရာတွေ တစ်ခုလုံးကို စီစဥ်ထားခဲ့တာမလား."

"မင်း...ငါ့မှာရည်ရွယ်ချက် ရှိနေတာကို မင်း ဘယ်ကတည်းက သိထားခဲ့တာလဲ..။ငါ့ရဲ့ အပြုအမူတွေက ဒီလောက် ဟာကွက် မရှိတာကို မင်းဘယ်လို သိသွားတာလဲ.."

"ငါ ကျမ်းစာတိုက်ထဲမှာပဲ နေနေတာနဲ့..တိုင်ချင် ကျွန်းရဲ့ ​လမ်းတွေကို မသိဘူးလို့ ထင်နေတာလား..။ကျမ်းစာ တိုက်ထဲမှာ တိုင်ချင်ကျွန်း တစ်ခုလုံးရဲ့ မြေပုံ ရှိတယ်..။ဒါပေါ့..မြေပုံထဲမှာ တစ်ချို့ မဖော်ပြထားတဲ့ နေရာတွေ ရှိပေမယ့်..ငါက ကျမ်းစာတိုက်ကနေ ဆိပ်ကမ်းဆီကို မလာတတ်ဘူးလို့ မင်းတကယ် ထင်နေတာလား.."

ရှောင်နန်ဖန်း မေးလိုက်သည်..။

"ဘာ..."

"အစကတော့ မင်းငါ့ကို အမှန်တကယ်ပဲ ငါ မသိတဲ့ ဖြတ်လမ်းကနေ ခေါ်သွားနေတယ်လို့ ထင်ထားခဲ့တာ..။ဒါပေမဲ့ နောက်ပိုင်းမှာ မူမမှန်တာကို ငါ ချက်ချင်း သတိထားမိလိုက်တယ်.."

"မင်းက တစ်ချိန်လုံး ဟန်ဆောင်နေတာပဲ.."

"မင်း စတင်ခဲ့တဲ့ အရာပဲ.."

"မင်း...."

တန် က ရှောင်နန်ဖန်းကို လက်ညိုးထိုးလိုက်ပေမယ့် ဘာပြောရမလဲ ဆိုတာကို မသိတော့ပေ..။

သူက ရှောင်နန်ဖန်းကို လှည့်စားနိုင်ပြီလို့ ထင်ထားခဲ့ပေမယ့် သူ ကိုယ်တိုင် ပြန်ပြီး လှည့်စားခံခဲ့ရသည်..။

"ကောင်းပြီ..မင်း ဘယ်သူလဲ..။တိုင်ချင် ဂိုဏ်ကနေ ဘာကို ခိုးယူဖို့ ကြိုးစားနေတာလဲ.."

ရှောင်နန်ဖန်း တန်ကို ကြည့်ကာ မေးလိူက်သည်..။

"ငါ ပြောမှာ မဟုတ်ဘူး.."

တန်က ဆုံးဖြတ်ချက် ပြတ်သားတဲ့ မျက်လုံးတွေနဲ့ ပြန်ကြည့်လိုက်၏..။

"မင်းက သေရမှာ မကြောက်ဘူးလား.."

"ငါတို့ တိုင်ချင်ဂိုဏ်းကို ဝင်လာကတည်းက အသက်ရှင်လျက် ပြန်ထွက်ဖို့ ဘယ်တုန်းကမှ စိတ်မကူးခဲ့ဘူး.."

တန်က ပြောကြားလိုက်သည်..။

ရှောင်နန်ဖန်း ရုတ်တရက် ရှေ့ကို တက်သွားပြီး တန် ရဲ့ အောက်ဘက် မေးရိုးကို ဆုပ်ကိုင်ကာ..သူ၏ ပါးစပ်ထဲကို ရှာဖွေလိုက်သည့် အချိန်တွင် သွားကြားထဲမှ အနက်ရောင် အလုံးလေး တစ်လုံးကို တွေ့လိုက်သည်..။

"မင်း...မင်း ဒါကို ဘယ်လို သိတာလဲ.."

တန် မထင်မှတ်ထားစွာ ရေရွတ်လိုက်သည်..။

"မင်း ပုံစံက အရမ်းတက်ကြွလွန်းနေသလိုပဲ..။ဒီတော့ ငါ ခန့်မှန်းကြည့်ရတာပေါ့..။ရိုးရိုးသားသား ပြောရရင် ငါ လည်း အတော် အံ့ဩမိတယ်.."

ရှောင်နန်ဖန်း ထူးဆန်းစွာ ကြည့်ပြီး ပြန်ဖြေလိုက်သည်..။ဒါက အစွန်းရောက်သည့် လူများသာ လုပ်လေ့ရှိသည့် အရာတစ်ခုဖြစ်၏..။

All Chapters