← Chapters

ပိုက်ဆံကို ပြန်ယူခြင်း

Vol. 2 Ch. 24

ပိုက်ဆံကို ပြန်ယူခြင်း

Vol. 2 Ch. 24

ဘာသာပြန် = စမင်းသိုက်

"အခုချိန်မှာ..မင်းသေချင်ရင်တောင် သေခွင့်ရမှာ မဟုတ်ဘူး..။မင်း ရဲ့ သရုပ်မှန်ကို ထုတ်ပြောဖို့ အတွက် ငါ မင်းကို နိပ်စက်ပေးဖို့ လိုသေးလား.."

ရှောင်နန်ဖန်းက လဲကျနေသည့် တန် ကို ကြည့်ကာ ပြောလိုက်ခြင်း ဖြစ်သည်..။

သို့ပေမယ့် ရုတ်တရက် ဆိုသလိုပဲ ရှောင်နန်ဖန်းအန္တရာယ် အငွေ့အသက်ကို ရလိုက်သည်..။သူ လျင်မြန်စွာ ပဲ ဘေးဘက်ကို လှိမ့်ချလိုက်၏..။ဒါတောင်မှ သူ၏ နောက်ဘက်မှ လာသည့် ကျောကိတုံးက သူ့ရဲ့ ပုခုံးကို ရှပ်ထိ သွားခဲ့သေးသည်..။

ကျောက်တုန်းက မရပ်တန့်သွားပဲ အနားရှိ ကျောက်တုံးအကြီးကို အရှိန်နဲ့ ထိမှန်သွားခဲ့သည်..။

ရှောင်နန်ဖန်း အံ့ဩသွားပြီး နောက်ကို လှည့်ကြည့်လိုက်သည့် အချိန်တွင်..လူတစ်ယောက် လျောက်လာနေသည့်ကို တွေ့လိုက်ရ၏..။ဒီလူကပင် ကျောက်တုံးကို ပစ်လိုက်သည့်သူ ဖြစ်သည်..။

ရှောင်နန်ဖန်း၏ ပုခုံးသည် နာကျင်နေခဲ့ပြီး ကျောက်တုံး ထိမှန်သည့် အရှိန်ကြောင့် သူ့ ဝတ်ရုံပါ အနည်းငယ် စုတ်ပြဲသွားခဲ့သည်..။သူသာ အချိန်မှီ မရှောင်တိမ်းလိုကိလျင်..ဒဏ်ရာ အပြင်းအထန် ရသွားပေနိုင်သည်..။

"မင်း ဘယ်သူလဲ.."

ရှောင်နန်ဖန်း ..မျက်နှာပျက်ယွင်းစွာ မေးလိုက်ခြင်းဖြစ်၏..။

"ချန်းဟိုင်း..မင်းဘာလို့ ကြာနေတာလဲ.."

တန်က အော်ပြောလိုက်သည်..။

ချန်းဟိုင် မျက်မှောင်ကျုတ်လိုက်ပြီး တန်ကို မကျေမနပ် ကြည့်လိုက်၏..။

"မင်းက ကျန်တဲ့လူတွေကို သတင်းမပေးပဲ ဘာလို့ ထွက်သွားတာလဲ..။တကယ်လို့ ငါသာ စိတ်ပူပြီး လာ မစစ်ဆေးကြည့်ဖူး ဆိုရင် မင်းရဲ့ အလောင်းကို ကောက်နေရလောက်ပြီ.."

"ငါ လည်း အစကတော့ သူ့ကို ဖြည်းဖြညိးချင်း ထောင်ခြောက်ဆင်မလို့ပဲ..။ဒါပေမဲ့ ဒီကောင်က ဆိပ်ကမ်းကို သူ့အဖေ ရှိနေသလို ချက်ချင်း သွားချငိနေတာ..။ငါ မင်းကို သတင်းပို့ဖို့ အချိန်မမှီခဲ့ဘူး.."

တန်က ပြန်ဖြေရှင်းလိုက်သည်..။

"မင်းက ဘယ်လိုဖြစ်ပြီး အဆိပ်မိနေရတာလဲ.."

ချန်းဟိုင် မျက်မှောင်ကျုတ်ပြီး ပြောလိုက်သည်..။

"ငါ သတိမထားမိလိုက်တာ..။အမြန် သူ့ကို ဖမ်းထား..ထွက်မပြေးစေနဲ့.."

တန် အားနည်းစွာ ပြောလိုက်ခြင်းဖြစ်သည်..။

"ချီစုဆောင်းမူ အဆင့် ၆ ကျင့်ကြံသူ လား..။သူက ငါ့လက်ထဲက ပြေးနိုင်မယ်လို့ မင်းထင်နေတာလား.."

ချန်းဟိုင် ယုံကြည်မူရှိစွာ မေးလိုက်၏..။

"အထင်မသေးနဲ့..."

တန် သတိပေးလိုက်သည်..။

"ငါ အဆိပ်မိသွားတာလည်း အဲတာကြောင့်ပဲ.."

"မင်းက ပိုပိုပြီး သွေးကြောင်လာသလိုပဲ..။ငါက သူ့ထက် နှစ်ဆင့်လောက် အဆင့်ပိုမြင့်တယ်..။အရာရာတိုင်းမှာ ခွန်အား ကွာခြားမူက အဓိကပဲ.."

ချန်းဟိုက် ရှေ့ကို ပြေးတက်သွားခဲ့ပြီး..ရုတ်တရက် ဆိုသလိုပဲ လျင်မြန်တဲ့ အရှိန်ဖြင့် ရှောင်နန်ဖန်း ရှေ့တွင် ပေါ်လာခဲ့သည်..။သူ မယုံနိုင်သည့် ခွန်အားဖြင့် ရှောင်နန်ဖန်း ဆီကို လက်သီးတစ်လုံး ပစ်သွင်းလိုက်၏..။

သို့ပေမယ့် ရှောင်နန်ဖန်းက လွယ်ကူစွာပဲ ရှောင်တိမ်းလိုက်သည်..။

ချန်းဟိုင် ရဲ့ တိုက်ခိုက်မူက လေထဲကိုသာ ထိမှန်သွားခဲ့သည်..။

အဲ့အချိန်မှာပဲ..ရှောင်နန်ဖန်း သည်..ကျွံထွက်လာသည့် ချန်းဟိုင်ဆီကို လက်သီးတစ်လုံး ထိုးလိုက်၏..။သူ ထိုးလိုက်သည့် အရှိန်က သန်မာလွန်းတာကြောင့် လေထဲမှာပင် အသံများ မြည်လာခဲ့သည်..။

ချန်းဟိုင်ကတော့ ဒီ လက်သီးချက်ကို အစောကတည်းက မျှော်လင့်ထားခဲ့ခြင်း ဖြစ်သည်..။သူ နှုတ်ခမ်း တွန့်ကွေးသွားခဲ့ပြီး ရှောင် နန်ဖန်း၏ လက်သီကို တံထောင်ဖြင့် ရင်ဆိုင် ပေးလိုက်သည်..။

နှစ်ဖက်စလုံး ထိပ်တိုက် တွေ့သွားခဲ့၏..။

ရှောင်နန်ဖန်း နောက်ကို ခြေလှမ်း အနည်းငယ် ဆုတ်သွားခဲ့ပြီးကာမှ ..သေချာ ပြန်ရပ်နိုင်ခဲ့သည်..။ချန်းဟိုင်ကတော့ တစ်လှမ်းသာ ဆုတ်လိုက်ရပေမယ့်..တစ်ကိုယ်လုံး တုန်ရီသွားခဲ့၏..။

"ဘယ်လို မယုံနိုင်စရာ ခွန်အားမျိုးလဲ..။ဒီကောင်လေးက တကယ်ပဲ အခြေခံ စုစည်းမူ အဆင့် ၆ လား.."

ချန်းဟိုင် ရေရွတ်လိုက်သည်..။

"သူ၏ ကျင့်ကြံခြင်း နည်းစနစ်က မနက်ခင်း ကျင့်စဥ် ပဲ..။သူ့ ရဲ့ ချီတွေက အရမ်းကို သန့်စင်တယ်..။အရည်အသွေးမှာဆိုရင် မင်းထက် ကျိန်းသေသာမှာပဲ..သတိထားဦး.."

"သန့်စင်တဲ့ ယန်ချီ တွေလား..။သူ ဒီလောက်ထိ သန်မာနေတာ အံ့ဩစရာ မရှိတော့ဘူး..။ဒါပေမဲ့ သူ တတ်ထားတာက ချီတက် လက်သီး တစ်ခုတည်း ဆိုရင်တော့..ငါ့ အတွက် ပြိုင်ဖက်မဟုတ်ဘူး.."

ချန်းဟိုင် ထပ်ပြီး တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်သည်..။

သူတို့ နှစ်ယောက်စလုံးက ရှောင်နန်ဖန်း လွှမ်းမိုးမူ လက်သီးကို လေ့ကျင့်နေကြတာ သိထားပေမယ့်..ဒါက တစ်လခန့်သာ ရှိနေသေးသည်..။ရှောင်နန်ဖန်းက တစိလအတွင်းမှာတော့ တတ်မြောက်ဖို့ဆိုတာ မဖြစ်နိုင်သေးပေ..။

ပြင်းထန်တဲ့ အော်ရာတွေ ထွက်ပေါ်လာသည့် ချန်းဟိုင်သည် ရှောင်နန်ဖန်း ဆီကို ကျားတစ်ကောင်လို ပြေးဝင်သွားခဲ့ပြန်သည်..။သူ၏ လက်သီး တွေ ခြေထောက်တွေဖြင့် ရှောင်နန်ဖန်းကို တရစပ် တိုက်ခိုက်လိုက်၏..။

သို့ပေမယ့် ဒီတစ်​ကြိမ်မှာတော့ ရှောင်နန်ဖန်း မရှောင်တော့ပေ..။ပထမတစ်ကြိမ် တိုက်ခိုက်မူကနေ ချန်းဟိုင် ၏ အကန့်အသတ်ကို သူ သိခဲ့ရ၏..။ချန်းဟိုင်က သူ့ထက် သန်မာသည် မှန်သော်လည်း သူတို့ နှစ်ယောက် ကြားက ကွာဟချက်က ရှောင်ပြေးရလောက်သည် အထိတော့ မဟုတ်သေးပေ..။

လက်သီးတွေက ဆက်တိုက် ထိပ်တိုက်တွေ့နေပြီး လေထဲမှာ အသံတွေ မြည်လာခဲ့၏..။အံ့ဩစရာက နှစ်ဖက်စလုံး အသာစီး မယူနိုင်ခဲ့ခြင်းဖြစ်သည် .။

နောကိဆုတ်ရမည့် အစား..ရှောင်နန်ဖန်းသည် ကြိုးစားပြီးသာ ထိပ်တိုက်ရင်ဆိုင်နေခဲ့သည်..။သူ နောက်ထပ် အင်အားအပြည့်ပါသည့် လက်သီးချက် တစ်ချက်ဖြင့် ချန်းဟိုင်ကို ထိုးလိုက်၏..။လှောင်ပြောင်စွာပဲ ချန်းဟိုင်သည် သူ၏ လက်သီးဖြင့် ထိပ်တိုကိရင်ဆိုင်ဖို့ လုပ်လိုက်သည်..။သူက ခွန်အားကို ထိပ်ချန်ထားခဲ့ပြီး..ရှောင်နန်ဖန်း အခုလို တိုက်ခိုက်လာမှာကို စောင့်နေခြင်းဖြစ်သည်..။

သို့ပေမယ့် သူတို့ လက်သီးတွေ မထိခင်မှာပဲ ရှောင်နန်ဖန်း ၏ လက်သီးသည် ပုံရိပ်ယောင်အသွင် ပြောင်းသွားခဲ့ပြီး..လမ်းကြောင်းပြောင်းသွားခဲ့သည်..။ဒါက လွှမ်းမိုးမူ လက်သီး၏ လုပ်ကြံရေး နည်းစနစ် တစ်ခုဖြစ်၏..။

"ဟင်..."

ချန်းဟိုင် မျက်လုံးပြူးကျယ်ပြီး ထိပ်လန့် သွားခဲ့သည်..။သူ့ မျက်နှာပေါ်မှာတော့ မယုံကြည်မူတွေ ပြည့်နှက်နေ၏..။

"မဟုတ်ဘူး.."

မျက်နှာကို လက်သီးချက် ထိမှန်းသွားသည့် ချန်းဟိုင်သည် မြေကြီးပေါ်ကို လဲကျသွားခဲ့သည်..။

ရှောင်နန်ဖန်း၏ လက်သီးချက်ကြောင့်..ချန်းဟိုင်၏ နှာခေါင်းက ကျိုးသွားခဲ့ခြင်းဖြစ်သည်..။သူ၏ မျက်နှာမှာ သွေးများ ထွက်နေပြီဖြစ်ပြီး..ကြည့်ရ အတော်ကိုဆိုးဝါး နေစေသည်..။သို့ပေမယ့် ရှောင်နန်ဖန်းကတော့ မရပ်တန့်သေးပေ..။သူ လဲကျနေပြီဖြစ်တဲ့ ချန်းဟိုင် ၏ ဦးခေါင်းကို ထပ်ပြီး ဖြတ်ကန် လိုက်၏..။

အန္တရာယ် အငွေ့အသက်ကို ရလိုက်တာကြောင့် ..ချန်းဟိုင် အလျင်အမြန်ပဲ ဘေးဖက်ကို လှိမ့်ကာ ရှောင်တိမ်းလိုက်သည်..။သူ၏ ရှောင်တိမ်းမူကြောင့် ရှောင်နန်ဖန်းရဲ့ ကန်ချက်က သူ့ခေါင်းနဲ့ လွဲသွားပေမယ့် သူ၏ ပုခုံးကတော့ မလွတ်ခဲ့ပေ..။

သူ နောက်တစ်ကြိမ် စူးရှစွာ အော်ဟစ်လိုက်၏..။သို့ပေမယ့် သူ၏ အိပ်မက်ဆိုးက ဒီနေရာမှာ အဆုံးမသတ်သေးပေ..။ရှောင်နန်ဖန်းက နောက်ကနေ ဆက်လိုက်လာခဲ့၏..။

အကြိမ်ပေါင်းများစွာ..ဆက်တိုက် ထိုးကြိတ် ကန်ကြောက် ခံရပြီးတဲ့ နောက်မှာတော့..ချန်းဟိုင် တစ်ယောက် ထပ်ပြီး တိုက်ခိုက်နိုင်စွမ်း မရှိတော့ချေ..။

ဒါတောင်မှ ရှောင်နန်ဖန်းသည် မလိုလားအပ်တာတွေ မဖြစ်ရအောင် သူ၏ ခြေတွေ လက်တွေကို ချိုးကာ လှုပ်မရအောင် လုပ်ထားခဲ့၏..။

သိပ်မဝေးတဲ့နေရာမှာတော့..တန် သည် မြင်ကွင်းကို ကြောင်အစွာ ကြည့်နေခဲ့သည်..။ချန်းဟိုင်းက အခြေခံ စုစည်းမူ အဆင့် ၆ တွင် ရောက်နေသော လူတစ်ယောက် ဖြစ်၏..။တကယ်လို့ သူ ဂရုမစိုက်မိခဲ့လျင်တောင် ၊ ရှောင်နန်ဖန်း တွင် သန်စင်သော ယန်ချီ ရှိလျင်တောင် တိုက်ခိုက်မူက ဒီလောက် အထိ ရုပ်မဆိုးသင့်ပေ..။

"ဒါက ချီတက် လက်သီးမဟုတ်ဘူး..။မင်း ဘာနည်းစနစ်ကို သုံးလိုက်တာလဲ.."

တန်က အံ့ဩစွာမေးလိုက်ခြင်းဖြစ်သည်..။

"မသိဘူးလား..ဒါက လွှမ်းမိုးမူ လက်သီးလေ.."

"မဖြစ်နိုင်တာ..မင်း လေ့ကျင့်နေတာ တစ်လပဲ ရှိသေးတယ်လေ.."

တန် အော်ပြောလိုက်သည်..။

ရှောင်နန်ဖန်း ကတော့ ကံကောင်းသလို ခံစားလိုက်ရသည်..။ချန်းဟိုင်က အဆင့် ၈ သာ ရှိသေး၍ သူ၏ လှည့်ကွက်က အောင်မြင်သွားခဲ့ခြင်းဖြစ်၏..။ထို့ပြင် သူက ပြိုင်ဘက်ကိုလည်း အထင်သေးနေခဲ့သေးသည်..။

သူ ချန်းဟိုင် ပါးစပ်ထဲက အဆိပ်လုံးကို ထုတ်လိုက်ပြီး..နှစ်ယောက်လုံးကို ..အရက် အတင်းအကြပ် ထပ်တိုက်လိုက်သည်..။

"မင်းဘာလုပ်နေတာလဲ..။နန်ဖန်း..ငါတို့ဘယ်သူတွေလဲ ဆိုတာကို သိရဲ့လား..။ငါတို့ အဖွဲ့အစည်းကို အပြစ်ပြုမိရင် ဘယ်လို နောက်ဆက်တွဲတွေ ခံစားရမလဲ ဆိုတာရော သိရဲ့လား.."

တန် အော်ဟစ်လိုက်သည်..။

ရှောင်နန်ဖန်း ကြည့်ရတာ အတော်လေးကို အတွေ့အကြုံများ သည့် လူတစ်ယောက်နှင့်ပင် တူနေခဲ့သည်..။သူက တကယ်ပဲ အသက် ၁၆ နှစ်ရော ဟုတ်ရဲ့လား..။

တန် နောက်ထပ် စကားပြောဖို့ လုပ်လိုက်တဲ့ အချိန်မှာပဲ ရှောင်နန်ဖန်း က ..လက်သီးတစ်လုံး ပစ်သွင်းပြီး သတိလစ်အောင် လုပ်လိုက်သည်..။

သူတို့ကို ဒီမှာ ထားခဲ့လို့ မဖြစ်ပေ..။တန် နဲ့ ချန်းဟိုင်ရဲ့ အပေါင်းအပါတွေ မရှိဘူးလို့ ဘယ်သူသိနိုင်မှာလဲ..။ရှောင်နန်ဖန်း သူတို့ နှစ်ယောက်လုံးကို ဆိပ်ကမ်းဆီ ဆွဲခေါ်သွားခဲ့သည်..။

ဒါကြောင့် သာ အကူအညီလည်း မတောင်းရဲပေ..။

သူ အလွတ်မှတ်ထားသည့် မြေပုံ ထဲကအတိုင်း..လျောက်သွားပြီးသည့် နောက်တွင် အလျင်အမြန်ပဲ ဆိပ်ကမ်း ဆီကို ရောက်လာခဲ့သည်..။သူ ခရီးနှင်လာခဲ့သည့် သင်္ဘောကိုလည်း သိပ်မဝေးသည့် နေရာတွင် တွေ့နေရ၏..။

သတိလစ်နေသည့် တပည့်နှစ်ယောက်ကို တောစပ်နားတွင် ဝှက်ထားပြီးသည့် နောက်တွင် အသက်ကို ပြင်းပြင်းရူ ပြီး..သင်္ဘောဆီကို ရေကူးကာ သွားလိုက်သည်..။

သိပ်မကြာခင်မှာပဲ..သင်္ဘော၏ ကိုယ်ထည်ထဲတွင် ထားခဲ့သည့် ရွှေပြားတစ်သောင်းနှင့် ညီမျှသည့် ဘဏ်စာရွက်များကို တွေ့လိုက်၏..။

သင်္ဘောပေါ်မှာ ဘယ်သူမှ မရှိတာကြောင့် အပေါ်ကို တက်ကာ..ရွက်ဖျင်တဲ တစ်ခုကို ယူပြီး ရေကူးပြန်လာခဲ့သည်..။လျင်မြန်စွာပဲ သူ တောထဲကို ပြန်ရောက်လာခဲ့၏..။

"မင်းတို့က လူမိုက်တွေမလား..။ဘာလို့ မင်းတို့မှာ ပိုက်ဆံ အများကြီး မရှိရတာလဲ.."

ရှောငိနန်ဖနိး သူတို့ နှစ်ယောက်ကို ရှာကြည့်ပေမယ့် ရွှေပြားငါးရာ ခန့်သာ တွေ့ရပြီး..သူတို့၏ နောက်ခံကိုတော့ မသိရပေ..။

နောင်တရစွာပဲ သာ ရွှေတွေကို သိမ်းထားလိုက်ကာ နှစ်ယောက်စလုံးကို ရွက်ဖျင်တဲ ထဲကို ထည့်လိုက်သည်..။သူ နှစ်ယောက်လုံးကို စစ်မေးဖို့ စိတ်မဝင်စားတာကြောင့် အကြီးအကဲ ကု ဆီကို ခေါ်သွားခြင်းကသာ အကောင်းဆုံး အကြံဖြစ်သည်..။

တိုင်ချင်ကျွန်းတွင် ဝင်္ကပါများစွာ ရှိနေသော်လည်း ဆိပ်ကမ်းကနေ ထွက်ခွာသည့် အဓိက လမ်းကတော့ ရှင်းလင်းနေခဲ့သည်..။သူက ထူးဆန်းသည့် အထုတ်ကြီးကို ယူလာတာကြောင့်..တပည့်အချို့နှင့်တွေ့သည့် အချိန်တွင် စိတ်ဝင်စားခြင်းကို ခံနေရသည်..။

"စီနီယာ အစ်ကို နန်ဖန်း..။ဘာတွေ သယ်လာတာလဲ..။အထုတ်ထဲက သားရဲ အသေကောင်တွေလား.."

အပြင်စည်းတပည့်တစ်ယောက်က မေးလိုက်ခြင်းဖြစ်သည်..။

ရှောင်နန်ဖန်း ဒီတပည့်ကို မသိပေမယ့် တပည့်အတော်များများကတော့ သူ၏ လူသစ်ရွေးပွဲမှ ထူးချွန်မူများကြောင့် မှတ်မိနေကြသည်..။

"အင်း..လုပ်စရာလေးရှိလို့.."

ရှောင်နန်ဖန်း ပြုံးပြီး ပြန်ဖြေလိုက်သည်..။

သူ ဆိပ်ကမ်းကနေ ကျွန်းဆီကို လျောက်လာစဥ် အတွင်းမှာ ဘယ်သူမှကမှ သူ့ကို မတားဆီးကြပေ..။

နောက်ပိုင်းမှာတော့..ရှေ့နားတွင် လူရိပ်အချို့ကို စိတ်ဝိဥာဥ် အာရုံနဲ့ ခံစားမိပြီ ဆိုတာ ဒီလူတွေနဲ့ မတွေ့ရအောင် ရှောင်နန်ဖန်း တစ်နေရာတွင် ဝင်ပုန်းကာ ခရီးဆက်နေခဲ့သည်..။

အံသြစွာပဲ သူ၏ ဂရုစိုက်မူကြောင့်..သူ သိသင့်သည့် အရာတစ်ချို့ကို သိလိုက်ရ၏..။

"သူ့ကို တွေ့ရပြီလား.."

"မတွေ့သေးဘူး..."

"ဆက်ပြီးရှာထား..။ငါ တို့ ဘယ်နည်းနဲ့မဆို မိအောင် ဖမ်းရမယ်..။အထူးသဖြင့် နန်ဖန်း ပဲ..။သူ့ကို တွေ့ပြီဆိုတာနဲ့ သူ ပြောတာတွေ နားမထောင်နဲ့..ဖမ်းစရာ ရှိတာဖမ်း..."

"နားလည်ပါပြီ..."

ဒီ တပည့်များက ရှောင်နန်ဖန်းကို ရှာဖွေနေကြခြင်းဖြစ်သည်..။ရှောင်နန်ဖန်း မျက်ခုံးပင့်တင်လိုက်၏..။

နေ့ဘက်ကြီးမှာတောင် ငါ့ကို တွေ့တာနဲ့ ချက်ချင်း ဖမ်းကြမှာလား..။သူတို့က တန် နဲ့ ချန်းဟိုင် တို့ရဲ့ အဖွဲ့အစည်းက လူတွေလား..။

အခြေအနေကို သူ မသိပေမယ့် သူ့အတွက် သိပ်ပြီး မကောင်းနိုင်ဘူးဆိုတာကိုတော့ ရှောင်န်ဖန်း နားလည်လိုက်သည်..။သူ လူတွေနဲ့ တတ်နိုင်သမျှ ရှောင်ကွင်းပြီး ကျမ်းစာတိုက်ဆီကို ရောက်အောင်သွားနေခဲ့သည်..။

နှစ်နာရီခန့် ကြာပြီးနောက်မှာတော့ သာ ..ကျမ်းစာတိုက် နားကို ရောက်လာခဲ့၏..။အခုချိန်မှာတော့ သူ၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်မယ့် တပည့်များက ရှိမနေခဲ့ပေ..။

ဒီကိစ္စကို လူတွေ အများကြီး မသိသေးတာကြောင့် တိုင်ချင် ဂိုဏ်းက တပည့်အများစုက မသိကြပေ..။ရှောင်နန်ဖန်း ဘယ်သူ့ကိုမှ စကားမပြောပဲ..သူ၏ မာစတာ တံခါးပိတ် ကျင့်ကြံနေသညိ့ ခန်းမဆီကိုသာ အလျင်အမြန် ဦးတည်သွားလိုက်သည်..။

သူ တံခါးရှေ့ကို ရောက်တာနဲ့ အကြီးအကဲ ကုက သူ့ကို မနှောက်ယှက်ဖို့ လေးလေးနက်နက် သတိပေးထတာကို ပြန်အမှတ်ရလိုက်၏..။

"မာစတာ..တပည့် နန်ဖန်း တွေ့ဖို့ ခွင့်တောင်းပါတယ်.."

ရှောင်နန်ဖန်း အော်ပြောလိုက်သည်..။

သို့ပေမယ့် တုန့်ပြန်မူ မရှိပေ..။ရှောင်နန်ဖန်းလည်း ဘာလုပ် ရမှန်း မသိတော့ချေ..။သူ ဆက်ပြီးတော့ စောင့်နေသင့်လား...။

"ငါ သူ့ကို တွေ့ပြီ...။အကုန်လုံးကို အကြောင်းကြားလိုက်...နန်ဖန်းက ဒီမှာပဲ..."

သူ၏ နောက်က တပည့်တစ်ယောက်၏ ရုတ်တရက် အော်သံကို ကြားလိုက်ရခြင်းဖြစ်သည်..။

ရှောင်နန်ဖန်း ထပ်လန့်သွားခဲ့၏..။အကြီးအကဲ ကု ၏ ကာကွယ်မူ မရှိတုန်း သူ အဖမ်းခံရလျင် အခြေအနေတွေ ဆိုးဝါးကုန် လိမ့်မည် ဖြစ်သည်..။

"အနှောက်ယှက် ပေးမိလို့ တောင်းပန်ပါတယ် မာစတာ..."

ရှောင်နန်ဖန်း တံခါးကို အားနှင့် တွန်းဖွင့်လိုက်သည်..။အံ့ဩပြီး စိတ်သက်သာရာရစွာပဲ တံခါးက လော့ခ် မချထားခဲ့ပေ..။

ရှောင်နန်ဖန်း ခန်းမထဲကို ဝင်လိုက်၏..။သို့ပေမယ့် သူ ဝင်လိုက်သည်နှင့်..အနောက်ဘက်တွင် ရှိနေသည့် တံခါးသည် ဘန်း ဟူသော ကျယ်လောင်သည့် အသံနှင့်အတူ ပိတ်သွားခဲ့သည်..။

All Chapters