← Chapters

ကျိန်စာသင့် အရိုးစု ပြန်ပေါ်လာပြီ

Vol. 2 Ch. 25

ကျိန်စာသင့် အရိုးစု ပြန်ပေါ်လာပြီ

Vol. 2 Ch. 25

ဘာသာပြန် = စမင်းသိုက်

ရှောင်နန်ဖန်း ခေါင်းမော့ပြီးကြည့်လိုက်သည်..။ခန်းမ အတွင်းပိုင်းက အတော်လေးကို မှောင်မဲနေပြီး ထူးဆန်းသည့် မြူများနှင့် ပြည့်နှက် နေခဲ့၏...။သူ ခန်းမ တစ်ခုလုံးကို သေချာမမြင် ရပေ..။

"မာစတာ လား..။ကျွန်တော် နန်ဖန်း ပါ..။အနှောကိယှက် ပေးမိလို့ ကျွန်တော် တောင်းပန်ပါတယ်.."

ရှောင်နန်ဖန်း လေးစားစွာ ထပ်ပြောလိုက်သည်..။

သို့ပေမယ့် မြူခိုင်းများ ကြားထဲမှ ဘာတုန့်ပြန်မူမှ ရောက်မလာခဲ့ပေ..။

ရှောင်နန်ဖန်း ရှေ့ကို တိုးသွားဖို့ လုပ်သည့် အချိန်တွင် ရုတ်တရက် မျက်လုံးပြူးကျယ် သွားခဲ့သည်..။သူ ဒီ ခန်းမ ထဲကို..လူနှစ်ယောက်ပါသည့် ကြီးမားတဲ့ အထုတ်တစ်ထုတ် နှင့် လာခဲ့ပေမယ့် အခုတော့ အထုတ်က မရှိတော့ပေ..။

မဟုတ်ဘူး..ဒါ မဟုတ်သေးဘူး...။ရှောင်နန်ဖန်း ရုတ်တရက် သူ့ဘေးနားမှာ လူနှစ်ယောက် ရောက်နေတာကို တွေ့လိုက်ရသည်..။သူတို့က တန် နှင့် ချန်းဟိုင် တို့ ဖြစ်ကြ၏..။သူတို့ အထုတ်ထဲမှာ ရှိနေရမှာ မဟုတ်ဘူးလား..။အခုတော့ သူတို့က န်ိူးနေကြပြီဖြစ်သည်..။သူတို့က မျက်လုံးတွေကို ပွတ်ပြီး မတ်တတ်ရပ်ကာ ရှိနေကြ၏..။ခြေလက်တွေ ကျိုးနေသည့် ချန်းဟိုင် တောင် အကောင်းအတိုင်းပုံစံ ရှိနေခဲ့သည်..။

"အမြင်မှားနေတာလား..."

ရှောင်နန်ဖန်း ဘာတွေဖြစ်နေတာလဲ ဆိုတာကို စဥ်းစားနေခဲ့သည်..။

ရုတ်တရက် ဘေးနားတွင် ရှိနေကြသည့် တန် နှင့် ချန်းဟိုင် တို့သည် ရှောင်နန်ဖန်းကို သတိထားမိကြသွား၏..။

"မင်း..."

တန် အော်ဟစ်လိုက်သည်..။

"ခွေးသားလေး..ငါက ဂရုမစိူက်မိလို့ ရှုံးသွားတာ..။ဒီတစ်ကြိမ် မင်းကို ကျိန်းသေ အနိုင်ယူပြမယ်.."

ချန်းဟိုင် မခံမရပ်နိုင်စွာ အော်ပြောလိုက်ခြင်းဖြစ်သည်..။

"မင်း အရှက်မရှိဘူးလား..။အရှုံးကို ဝန်ခံစမ်းပါ.."

ရှောင်နန်ဖန်း ပြန်ပြီး ငြင်းခုန်လိုက်သည်..။သူတို့ထဲက တစ်ယောက်မှ..ပုံရိပ်ယောင် ကမ္ဘာထဲကို ရောက်နေတာ သတိမထားမိကြပေ..။

ရှောင်နန်ဖန်းသည် အနောက်ဘက် မြူတွေကြားထဲကနေ ပုံရိပ်တစ်ခု ထွက်လာတာကို မြင်ပြီး မျက်လုံးပြူးကျယ်သွားခဲ့သည်..။ခနအကြာမှာတော့ ဒါက ဘာလဲဆိုတာကို သူ သေချာ မြင်လိုက်ရ၏..။မြူတွေကြားထဲတွင် အရိုးစုက ထွက်ပေါ်လာနေခဲ့သည်..။

"သူက ဒီမှာ ဘာလုပ်နေပြန်တာလဲ.."

ရှောင်နန်ဖန်း ထပ်လန့်တကြား ပြောလိုက်သည်..။ဒါက လူသစ်ရွေးချယ်ပွဲကို ဖျက်ဆီးခဲ့တဲ့ ကျိန်စာသင့် အရိုးစု မဟုတ်ဘူးလား..။

သူ တကယ် ပြန်ရှင် သန်လာတာလား..။ဘယ်လိုလုပ်ရမလဲ....

"မာစတာ မာစတာ..ဘယ်မှာလဲ..။ကယ်ပါဦး.."

ရှောင်နန်ဖန်း တန် နဲ့ ချန်းဟိုင် တို့ကို လျစ်လျူရူကာ မြူတွေရဲ့ တစ်ဖက်ကို ပြေးသွားခဲ့သည်..။

"ဟားဟား..မင်းအခုတော့ ငါတို့ကို ကြောက်ရကောင်းမှ သိသွားပြီပေါ့..."

ချန်းဟိုင် ရယ်မောပြီးပြောလိုက်သည်..။

"တန်...ဒီကောင့်ကို ဆုံးမ ကြရအောင်.."

"ခနလေး..ဘာတွေဖြစ်နေတာလဲ..။နန်ဖန်းက မင်းရဲ့ ခြေတွေ လက်တွေကို ချိုးထားတာ မဟုတ်ဘူးလား..။မင်းက ဘယ်လိုလုပ် အကုန်ပြနိကောင်းနေတာလဲ.."

တန် အံ့ဩစွာ မေးလိုက်သည်..။

"ဟင်.."

ချန်းဟိုင် လည်း ပြန်သတိရသွားခဲ့၏..။

အဲ့အချိန်မှာတော့ အဖြူရောင် အရိုးစုက သူတို့နောက်ကနေ တစ်ဖြည်းဖြည်း နီးကပ်လာပေမယ့် သူတို့တွေက သတိမထားမိကြသေးပေ..။

"ဘာတွေဖြစ်လာတာလဲ..။ဘာလို့ ငါ့နောကိကျောတွေ အေးစက်လာတာလဲ.."

တန် အေးခဲနေခဲ့သည်..။

"သောက်ရူးတွေ..ပြေးလေ...မင်းတို့က သေချင်နေကြတာလား..."

ရှောင်နန်ဖန်း အဝေးကနေ အော်ပြောလိုက်သည်..။

သူက ဒီနှစ်ယောက် တွေကို ကယ်တင်ချင်လို့ မဟုတ်ပေ..။သူ ကိုယ်တိုင်လည်း ထွက်ပေါက်ကို မသိတာကြောင့် အခုချိန်တွင်..လူတစ်ယောက်ပိုနေတာကလည်း အန္တရာယ် ကျရောက်လာလျင် ကူညီပေးနိုင်၏..။

တန် နှင့် ချန်းဟိုင် တို့သည် ရှောင်နန်ဖန်း၏ အော်သံကို ကြားပြီး တစ်ခုခုကို ခံစားမိလိုက်၏..။သူတို့ ခေါင်းကို လှည့်ကြည့်လိုက်သည့် အချိန်မှာ အရိုးစုနှင့် မျက်နှာချငိးဆိုင် တွေ့သွားခဲ့ကြသည်..။

သူတို့ ထိပ်လန့်သွားခဲ့ကြ၏..။အရိုးစုက သူ၏ ချွန်ထက် သည့် လက်သည်းနှစ်ခုနှင့် ထိုးချလိုက်၏..။တစ်ခုက လွဲချော်သွားပြီး တစ်ခုကတော့..ချန်းဟိုင်၏ လက်မောင်းထဲကို ဖောက်ဝင်သွားခဲ့သည်..။

"အား..."

ချန်းဟန် လက်မောင်းကနေ ထိုးတက်လာတဲ့ နာကျင်မူကို အံကြိတ်ခံရင်း နောက်ကို ဆုတ်​နေခဲ့သည်..။

"ဒါက ဘာလဲ.."

တန် က အော်ဟစ်လိုက်သည်..။

သူတို့ နှစ်ယောက် အတော် ကြာအောင် ပြေးပြီး မှ..နောက်မှာ ရပ်နေသေးသည့် အရိုးစုကြီးကို ပြန်ကြည့်လိုက်ကြသည်..။

"ငါ နားလည်သွားပြီ..ဒါက ပုံရိပ်ယောင်ပဲ..။မင်းရဲ့ ဒဏ်ရာတွေ ဒီလောက်ထိ မြန်မြန်သက်သာလာစရာ အကြောင်းမရှိဘူး..."

တန် ရေရွတ်လိုက်သည်..။

"ပြီးတော့ဒီအရာကြီးကလည်း ..လူသစ်ရွေးပွဲမှာ ထွက်ပေါ်လာခဲ့တဲ့ ကျိန်စာသင့်အရိုးစုပဲ.."

"ကျိန်စာ သင့်အရိုးစုလား.."

ချနိးဟိုင် ရဲ့ မျက်နှာဖြူဖျော့သွားခဲ့သည်..။

အရိုးစုက တပည့်သစ် အများကြီးကို သတ်ဖြတ်ခဲ့ပြီး..အကြီးအကဲ ကု တောင် ဘာမှ မတတ်နိုင်ခဲ့ပေ..။အခု သူတို့ အလှည့်ကို ရောက်လာပြီလား..."

"လှုပ်လာပြီ..."

အရိုးစုသည် မျက်စိတ်တစ်မှတ်အတွင်း မှာပဲ ရှောင်နန်ဖန်း ၏ ရှေ့ကို နေရာ ကူးပြောင်းပြီး ရောက်လာခဲ့သည်..။

တန် ၏ မျက်နှာ ဖြူဖျော့သွားခဲ့၏..။ဒီ အမြန်နှုန်းကို ဘယ်သူ ယှဥ်နိုင်မှာလဲ...။

ရှောင်နန်ဖန်း သည် သူ့အနားက လေထု အေးစက်လာတာကြောင့် ..သူ့ဆီကို လာနေပြီ မှန်း ချက်ချင်းသိလိုက်သည်..။သူ လှည့်ကြည့်လိုက်တာနဲ့ ချွန်ထက်သည့် လက်သည်းတွေက သူ့နောက်ကျောကို ဦးတည်လာတာ တွေ့လိုက်ရ၏..။သူ ချက်ချင်းပဲ စိတ်ဝိဥာဥ် စွမ်းအင်ကို အသက်သွင်းကာ အကာအကွယ် ဖန်တီးလိုက်သည်..။

အရိုးစုရဲ့ လက်သည်းဟာ ရှောင်နန်ဖန်းကို လေထဲလွင့်သွားစေပေမယ့်..ကျေးဇူးတင်စွာပဲ..စိတ်ဝိဥာဥ် အကာအကွယ်ကြောင့် ဒဏ်ရာ ရအောင်မစွမ်းဆောင် နိုင်ခဲ့ပေ...။

သိူ့ပေမယ့် ရှောင်နန်ဖန်း အသုံးပြုနိုင်သည့် စိတ်ဝိဥာဥ် စွမ်းအင်က အကန့်အသတ် ရှိ၏..။သူ အချိန်အကြာကြီး ဆက်တိုက် ထိန်းထားနိုင်မှာမဟုတ်ပေ..။သူ ထွက်ပြေးရမှာလား..။မဟုတ်ဘူး..သူက အရိုးစု၏ အမြန်နှုန်းကို ယှဥ်နိုင်မှာ မဟုတ်ချေ..။

အဲဒီအစား သူက တန် နှင့် ချန်းဟိုင် ဆီကိုသာ ထွက်ပြေးသွားခဲ့၏..။

တန် နဲ့ ချန်းဟိုင် : ??????

အရိုးစုသည့် ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်ပြီး ရှောင်နန်ဖန်းပြေးသွားသည့် ဖက်ကို အေးစက်စွာကြည့်လိုက်သည်..။

"ငါတို့နားကို မလာနဲ့လေ..သောက်ရူးရဲ့..သွား..သွား."

တန် အော်ပြောလိုက်သည်..။

"အရိုးစု က ငါတို့သုံးယောက်လုံးကို သတ်နိုင်တယ်.."

ရှောင်နန်ဖန်း ပြောလိုက်သည်..။

"ဒီလို အဖြစ်ခံမယ့်အစား..ဘာလို့ အတူတူ မပူးပေါင်းတာလဲ ။မင်း မသေချင်ဘူးဆိုရင် ငါပြောတာ နားထောင်..."

"ငါက # မို့လို့ မင်း ပြောတာ နားထောင်ရမှာလား.."

တန်က စိုက်ကြည့်ပြီး ​ပြန်ပြောလိုက်သည်..။

အဲ့အချိန်မှာပဲ အရိုးစုသည် ချန်းဟိုင် ၏ အနောက်ဘက်တွင် ရုတ်တရက် ပေါ်လာခဲ့၏..။

သူ၏ လက်သည်းတွေက သူ့နောကိကျောကနေ ဖောက်ဝင်သွားခဲ့ပြီး...ရင်ဘတ်ကနေ ပြန်ထွက်လာခဲ့သည်..။

"မဟုတ်ဘူး..."

ချန်းဟိုင် မယုံကြည်နိုင်စွာပဲ ပါးစပ်နှင့် သွေးအပြည့်အန်လိုက်သည်..။

အရိုးစုက သူ၏ ခန္တာကိုယ်ကို စုပ်ယူလိုက်ပြီး မြူများ ပေါ်ထွက်လာခဲ့သည်..။

သူ သေသွားပြီ...။ချန်းဟိုင် သေသွားပြီ ဆိုတာကို တန် သေချာသိနေခဲ့သည်..။

ရှောင်နန်ဖန်း လည်း..တန် လ်ိုမျိုး တွေဝေနေခဲ့သည်..။ဒီအချိန် အသတ်ခံရသည့် သူက အပြင်ကမ္ဘာ မှာလည်း ဆွေးမြေ့သွားမည် ဆိုတာကို သူ နားလည်ထား၏..။

"ငါ မှားသွားတယ်..။ငါ မင်းပြောတာ နားထောင်မယ်..။ကျေးဇူးပြုပြီး ငါ့ကို ကယ်တင်ပေးပါ.."

တန် အော်ပြောလိုက်သည်..။

!ကောင်းပြီ အတူတူ တိုက်ခိုက်ကြမယ်.."

ရှောင်နန်ဖန်း ရှေ့ကို တက်ပြီး အရိုးစု၏ လည်ပင်းကိုညှစ်လိုက်သည်..။ပြီးခဲ့တဲ့ တစ်ခေါက်တုန်းကလည်း သူ ဒီလိုလုပ်ပြီး အိပ်မက်ဆိုးကို အဆုံးသတ်နိုင်ခြင်းဖြစ်၏..။

တန် လည်း..ချက်ချင်းပဲ ..ရှောင်နန်ဖန်းညွှန်းကြားချက် အတိူင်း အရိုးစု ၏ ခြေတွေ လက်တွေကို အားနဲ့ ဖက်ထားခဲ့သည်..။

သို့ပေမယ့် ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက အရိုးစုကို ထိန်းထားရန် လူသစ်အယောက်နှစ်ဆယ် လောက် ပူးပေါင်းခဲ့ကြခြင်းဖြစ်၏..။တန် နှင့် ရှောင်နန်ဖန်း တို့ နှစ်ယောက်တည်း၏ ခွန်အားက ဘယ်လိုမှ မလုံလောက် ချေ..။

ကျယ်လောင်သည့် အသံနှင့်အတူပဲ အရိုးစုသည် လွတ်ထွက်သွားခဲ့ပြီး..ကျန်တဲ့နှစ်ယောက်ကတော့ လွင့်ထွက်သွားခဲ့သည်..။

"မဟုတ်ဘူး..ဒါ အလုပ်မဖြစ်ဘူး..။ဂိုဏ်းတူ အစ်ကို နန်ဖန်း...ကျွန်တော် တို့ ဘယ်လိုလုပ်ကြမလဲ.."

တန် အော်ပြောလိုက်သည်..။

အရိုးစုက သူတို့ နှစ်ယောက် ဆီကို ပြန်လှည့်လာခဲ့၏..။

"ဂိုဏ်းတူ အစ်ကို နန်ဖန်းက ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက လူတိုင်းကို ကယ်ခဲ့တာ မလား..။အဲလို ထပ်လုပ်လို့ မရတော့ဘူးလား..။တကယ်လို့ ကျွန်တော်ကို ကယ်ရင် အရာအားလုံးကို ဝန်ခံပါ့မယ်.."

တန်က ရှောင်နန်ဖန်း၏ အင်္ကျီစကို ဆုပ်ကိုင်ပြီး ကယ်တင်ရှင် တစ်ယောက်လို ပြောဆိုနေခဲ့သည်..။

ရှောင်နန်ဖန်း နှုတ်ခမ်းကို သပ်လိုက်၏..။အသက်ရှင်ဖို့ အတွက် တန်က..အရာအားလုံးကို စွန့်လွှတ်ဖို့ အသင့်ဖြစ်နေခဲ့ပြီဖြစ်သည်..။

"ကံကောင်းပါစေ...ငါထင်တာတော့..ငါ လည်း ဘာမှ မတတ်နိုင်တော့ဘူးထင်တယ်..။ငါတို့နှစ်ယောက်လုံး ထွက်ပြေးပြီး ဘယ်သူကံကောင်းမလဲ ကြည့်ကြတာပေါ့..."

ပြောပြီးတာနဲ့ ရှောင်နန်ဖန်းသည် နောက်ကိုပင် လှည့်မကြည့်တော့ပဲ ထွက်ပြေးသွားခဲ့သည်..။

သူ၏ စိတ်ဝိဥာဥ် စွမ်းအင်က အရိုးစုကို အန္တရာယ် မပေးနိုင်ပေမယ့် ကိုယ့်ကိုကိုတော့ ခနလောက် ကာကွယ် ထားနိုင်ပေသည်..။သူ၏ စိတ်ဝိဥာဥ် စွမ်းအင် မကုန်ခမ်းခင် သူ့ဆရာကို ဆက်သွယ်နိုင်သ၍ သူက အဆင်ပြေမည်ဖြစ်၏..။သူ နှင့်အတူ လူပိုတစ်ယောက် ရှိနေခြင်းက အလကား သက်သက်..အားအင် ကုန်ခမ်း စေလိမ့်မည် ဖြစ်သည်..။

"မဟုတ်ဘူး..ဂိုဏ်းတူ အစ်ကို ကျွန်တော်ကို စောင့်ဦးလေ..။ကျွန်တော် လည်း လိုက်မယ်.."

တန်း လည်း ချက်ချင်းထရပ်ပြီး..နောက်ကနေ အမြန် ပြေးလိုက်သွားခဲ့သည်..။

"ဘာလဲ...။ငါ မင်းကို ဖမ်းမိတုန်းက မင်းကိုယ့်ကိုကို သတ်သေဖို့ လုပ်ခဲ့တာ မဟုတ်ဘူးလား..။မင်း က သေရမှာကိုတောင် မကြောက်တာကို ဘာလို့ အရိုးစု သတ်မှာကို ကြောက်နေရတာလဲ.။ဟေး..ငါ ပြောပြီးပြီနော်...ငါ့နောက်ကို လိုက်မလာနဲ့..တစ်ခြားနေရာကို ပြေး..."

ရှောင်နန်ဖန်းသည် သူနှင့် ဘေးချင်းယှဥ် အမှီလိုက်ပြီး ပြေးနေသည့် တန်ကို စိုက်ကြည့်ကာ ပြောလိုက်ခြင်းဖြစ်သည်..။

တန် က ပြန်ပြီး ပြောလိုက်သည်..။

"အဲဲဒါက နားလည်မူ လွဲနေတာ ဂိုဏ်းတူ အစ်ကို..။အဲ့ဆေးလုံးက သတ်သေမယ့် ဆေးလုံးမဟုတ်ဘူး..တကယ်တော့ သေချင်ယောင် ဟန်ဆောင်တဲ့ ဆေးလုံးပါ..။ကျွန်တော် အဲ့ဆေးလုံးကို နတ်ဆိုးဂိုဏ်း ကနေ ရလာခဲ့တာ..။တကယ်လို့ ကျွန်တော်တို့ အဖမ်းခံရရင် အဲ့ဆေးလုံးကို မြိုချလိုက်ရင် သေနေတဲ့လူတစ်ယောက်လို ဖြစ်သွားမှာလေ..။ကျွန်တော်တို့ သေသွားပြီ ထင်ပြီး စွန့်ပစ်လိုက်တဲ့ အချိန်မှာ..ကျွန်တော်တို့ရဲ့ စီနီယာ တွေက အလောင်းကို အတတ်နိုင်ဆုံး ကြိုးစားပြီး လာကယ်တင်ကြမှာ..။ကျွန်တော် တကယ် မသေချင်ဘူး ဂိုဏ်းတူ အစ်ကို နန်ဖန်း..။ကျေးဇူးပြုပြီး ကျွန်တော်ကိုလည်း ကယ်ပေးပါဦး..."

"သေချင်ယောင် ဆောင်တဲ့ ဆေးလုံးလား.."

ရှောင်နန်ဖန်းသည် တန် တွင် ဒီလို အရာရှိနေတာကို သိပြီး အံ့ဩသွားခဲ့၏..။

"ငါ ဒီနေရာကနေ ထွက်သွားလို့ရတဲ့ နည်းလမ်းကို သိထားတယ်..။ဒါပေမဲ့ မင်းကို ဘာလို့ ပြောပြရမှာလဲ.."

ရှောင်နန်ဖမ်း လိမ်ပြောလိုက်သည်..။

"ကျွန်တော် ..မှားသွားပါတယ် ဂိုဏ်းတူ အစ်ကို..။ကျွန်တော် ..တိုင်ချင်ဂိုဏ်းကို ဝင်ရောက်လာတဲ့ လူတွေ အများကြီးကို မသိထားပေမယ့်..ကျွန်တော် သိသလောက် ကို စာရင်းစာရွက်လုပ်ထားတာ ရှိတယ်လေ..။တကယ်လို့ အဲတာကို ပေးရင် ကျွန်တော်ကိုပါ ခေါ်သွားပေးမှာလား..။ကူညီပေးပါ ဂိုဏ်းတူ အစ်ကို.."

တန် အော်ဟစ် ပြောနေခဲ့သည်..။သူတို့ ပြောနေတုန်းမှာပဲ..အရိုးစု သည် သူတို့၏ နောက်ကို နောက်တစ်ကြိမ် ရောက်လာခဲ့ပြန်သည်..။

သူတို့ကို အရိုးလက်သည်းတွေနဲ့ တိုကိခိုက်တော့မည့် အချိန်မှာပဲ..အနက်ရောင် ပုံရိပ်တစ်ခုသည် မြူများထဲမှ ထွက်ပေါ်လာပြီး အရိုးစုကို တိုက်ခိုက်လိုက်သည်..။

ဒီအရာက အရိုးစုကို ဝင်တိုက်လိုက်ခြင်းဖြစ်သည်..။ဒီပုံရိပ်က ဘာမှမဖြစ်သွားပေမယ့် အရိုးစုကတော့ လွင့်စင်သွားခဲ့၏..။

"ဟင်..."

ရှောင်နန်ဖန်း အံ့ဩသွားခဲ့၏..။

ရုတ်တရက် ကုချင်းသံက အဝေးက နေ ထွက်ပေါ်လာခဲ့သည်..။အနက်ရောင် နတ်ဆိုးကတော့ ..ပြန်ထလာခဲ့ပြီး အရိုးစု ဆီကို ပြေးဝင်သွားကာ တရစပ် ထိုးကြိတ်နေခဲ့ပြီဖြစ်သည်..။သူက အရိုးစုကို ဘက်ပေါင်းစုံကနေ တိုက်ခိုကိ နေခဲ့၏..။

ဒီ နတိဆိုးတွေက ပုံရိပ်ယောင်သာ ဖြစ်ပြီး သူတို့ရဲ့ ခန္တာကိုယ်တွေကလည်း ပုံရိပ်ယောင်ကနေ ဖွဲ့စည်းထားခြင်းဖြစ်သည်..။

တန် လည်း မြင်ကွင်းကို ကြည့်ပြီး အံ့ဩသင့်နေခဲ့၏..။

"မာစတာ.."

ရှောင်နန်ဖန်း မျက်လုံးအရောင်လက်သွားခဲ့သည်..။

အညိုရောင် မြူတွေက ခနလေးအတွင်းမှာပဲ ပျက်ပြယ်သွားခဲ့ပြီး သူတို့ရဲ့ မြင်ကွင်းထဲကို လေးထောင် စားပွဲတစ်ခု ပေါ်လာခဲ့သည်..။အကြီးအကဲ ကု ကတော့ မျက်လုံးကို မှိတ်ထားပြီး ကုချင်းကို တီးခတ်နေခဲ့၏..။

သူ၏ ကု ချင်းသံ ပိုပြီး ကျယ်လောင်လာလေ..နတ်ဆိုးတွေ ပိုပိုပြီး ထွက်ပေါ်လာလေ ဖြစ်သည်..။နတ်ဆိုးတွေက အရိုးစု ကို ဝန်းရံပြီး ..အဖက်ဖက်ကနေ ပိတ်ဆို့ ထားခဲ့၏..။

ကုချင်း သံက ဆက်လက်ထွကိပေါ်နေခဲ့သည်..။အရိုးစုက ရုန်းကန်ဖို့ ကြိုးစားနေပေမယ့်လည်း..အသုံးမဝင်ခဲ့ချေ..။

"ကယ်တင် ပေးတဲ့အတွက် ကျေးဇူးပါ မာစတာ.."

ရှောင်နန်ဖန်း အရိုသေပေးလိုက်သည်..။

သို့ပေမယ့် တန်ကတော့ ခံစားချက် သိပ်မကောင်းပေ..။အကြီးအကဲ ကု ရှေ့တွင် အဆုံးသတ်ရမည့် သူ့ဘဝက ဂိုဏ်းချုပ် ရှေ့မှာ အဆုံးသတ်ရသည် ထက်ပင် ပို၍ ဆိုးဝါး သွားနိုင်ပေလိမ့်မည်..။

အကြီးအကဲ ကု သည် ရှောင်နန်ဖန်းကို လျစ်လျူရူ လိုက်ပြီး ကုချင်းကိုသာ ဆက်ပြီး တီးခတ်နေခဲ့၏..။

"ဆယ်စု နှစ်တွေ ရှိသွားပြီ..။ဒါပေမဲ့ နောက်ဆုံးတော့ ငါမင်းကို ဖမ်းနိုင်ခဲ့ပြီပေါ့.."

အကြီးအကဲ ကု ၏ အသံတွင် စိတ်လှုပ်ရှားမူ တွေ ရှိနေခဲ့သည်..။

ရှောင်နန်ဖန်းသည် ..အရိုးစု နဲ့ အကြီးအကဲ ကု ၏ နတ်ဆိုးတွေကို ကြည့်လိုက်သည်..။သူ့ မာစတာ က တံခါးပိတ် ကျင့်ကြံမယ် လို့ ပြောခဲ့တာက..ကျိန်စာသင့် အရိုးစုကို ဖမ်းဆီးဖို့ အတွက်လား..။

"နန်ဖန်း...တကယ်ကို ချိန်သားကိုက်ပဲ..။မင်းက ကျိန်စာသင့် အရိုးစုကို မြှားခေါ်လာနိုင်ခဲ့တာပဲ..။မဟုတ်ရင် ငါ ဘယ်လောက်ကြာအောင် တောငိ စောင့်နေရမလဲ ဆိုတာ မသိနိုင်ဘူး..။တကယ်လို့ ငါ သာ ဘာတွေဖြစ်နေလဲ မခံစားမိလိုက်ဘူးဆိုရင်..အခြေအနေ တစ်ခုလုံးနဲ့ လွဲချော်သွားခဲ့မှာ..."

အကြီးအကဲ ကု ရှင်းပြလိုက်သည်..။

All Chapters