အစစ်အမှန် အခြေအနေ
Vol. 2 Ch. 26
ဘာသာပြန် = စမင်းသိုက်
"မာစတာက ဒီ ကျိန်စာသင့် အရိုးစုကို လိုက်ဖမ်းနေတာလား..."
ရှောင်နန်ဖန်း မေးလိုက်သည်..။
"လိုက်ဖမ်းတာလား..။ဆရာ သူ့ကို တစ်ခါထက် မက သတ်ပြီးပြီ..ဒါပေမဲ့ သူက အကြိမ်တိုင်း ပြန်ပြန် ရှင်လာတယ်..။ဒီတော့ ဆရာတို့ သူတို့ သူ့ကို ပိတ်လှောင်ထားမှပဲ ရလိမ့်မယ်လေ..။ကံဆိုးချင်တော့..သူက အတော်လေးကို တွကိချက်တတ်တယ်..။ဆရာ ဖမ်းဖို့ လုပ်တိုင်း ရှောင်တိမ်းနိုင်သွားတာချည်းပဲ.."
အကြီးအကဲ ကု သက်ပြင်းချလိုက်သည်..။
"သူကတောင် ကြောက်ရွံ့ရတယ် ဆိုတော့ မာစတာက တော်တော် အစွမ်းထက်တာပဲ.."
ရှောင်နန်ဖန်း ပြုံးပြီး ပြောလိုက်သည်..။
အကြီးအကဲ ကု ခေါင်းခါယမ်းလိုက်ပြီး..
"မဟုတ်ဘူး..သူ့ရဲ့ အထွပ်အထိပ်မှာ တုန်းက ဆိုရင်..ဆရာ့အနေနဲ့လည်း ထွကိပြေးဖို့ပဲ တတ်နိုင်လိမ့်မယ်..။အခုက..တစ်ချို့အကြောင်းတရားတွေကြောင့်..သူက အားနည်းနေခဲ့တာ.."
"အားနည်းနေတာလား.."
ရှောင်နန်ဖန်း အရိုးစုကို အံ့ဩစွာ လှမ်းကြည့်လိုက်သည်..။
ဒီအရိုးစုက ..လူသစ်များကို ဆက်တိုက် သတ်ဖြတ်ခဲ့ခြင်း ဖြစိသည်..။ဒါတောင်မှ သူက အားနည်းနေတဲ့ အခြေအနေမှာပဲ ရှိနေသေးတာလား..
"နှစိတွေအကြာက နောက်ဆုံးတစ်ခေါက် တွေ့ဆုံပြီး နောက်မှာ..ပြန်ပေါ်လာတော့ ဆရာလည်း အံ့ဩသင့်ခဲ့ရတယ်..။ကံကောငိးချငိတော့ ..သူ့ရဲ့ ခွန်အားတွေ အလုံးစုံ ပြန်မရသေးခင်မှာ ဖမ်းဆီးနိုင်ခဲ့ပြီလေ..။ကျေးဇူးတင်စွာပဲ....မဟုတ်ရင် ကပ်ဆိုးတစ်ခုလို ဖြစ်လာတော့မှာ.."
အကြီးအကဲ ကု အသက်ကို ပြင်းပြင်းရူလိုက်သည်..။
"ဒါပေမဲ့ တပည့်က ဒီမှာ ဘာလုပ်နေတာလဲ..။လူတိုင်းကို မနှောကိယှက် ဖို့အတွက် ဆရာ သေချာ မှာထားခဲ့တယ်လေ.."
"မာစတာ..တပည့် တောင်းပန်ပါတယ်..။တပည့်လည်း ရွေးချယ်စရာ မရှိလို့ပါ..။ခန်းမ အပြင်ဘက်မှာ..တစ်ခြားတပည့်တွေ အများကြီးက တပည့်ကို ဖမ်းဆီးဖို့ ကြိုးစားနေကြတာကြောင့် ရွေးချယ်စရာ မရှိပဲ ဒီကို ဝင်လာခဲ့ရတာပါ.."
"ဘာ..ဘယ်သူက ဒီလို သတ္တိမျိုး ရှိနေတာလဲ.."
အကြီးအကဲ ကု ရေရွတ်လိုက်သည်..။
"ဒါက သူတို့ထဲက တစ်ယောက်ပါ မာစတာ..။သူက တပည့်ကို အပြင်ဖက်ဆီ မြှားခေါ် အဆိပ်ခတ်ပြီး တစ်ခုခုကို ခိုးယူခိုင်းခဲ့ပါတယ်.."
ရှောင်နန်ဖန်းက တန်ကို လက်ညိုးထိုးပြီး ပြောလိုက်ခြင်းဖြစ်သည်..။
တန် ကြောက်လန့်သွားပြီး ချက်ချင်းဆိုသလိုပဲ ဒူးထောက်ချလိုက်သည်..။
"ဂိုဏ်းတူ အစ်ကို..ကျွန်တော် အမှားကြီးကို ကျူးလွန်မိပါတယ်..။ကျွန်တော်က..အမိန့်ကိုပဲ နာခံခဲ့ရတာပါ.."
အကြီးအကဲ ကု မျက်မှောငိကျုတ်နေခဲ့သည်..။
ရှောင်နန်ဖန်း , " ထပ်ပြောရရင် တပည့်ကို ဂိုဏ်းတူ အစ်ကို တွေ အများကြီးကလည်း ဖမ်းဖို့ ကြိုးစားနေကြပါသေးတယ် မာစတာ..။အစတုန်းကတော့ တပည့် အပြင်ကနေ ပဲ..စကားလှမ်းပြောခဲ့ပေမယ့် လာဖမ်းတဲ့ ဂိုဏ်းသားတွေက အနားကို နီးကပ်လာခဲ့တာကြောင့် ဒီထဲကို အမြန်ဝင်လာခဲ့ရတာပါ.."
"ဒီလိုလဲ..."
အကြီးအကဲ ကု တန်ကိုကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်..။
"တိုင်ချင် ဂိုဏ်းမှာ ဘယ်သူတွေကများ..ဒီလို ထင်ရာစိုင်း ရဲ နေတာလဲ.."
တန် လည်း အံ့ဩသင့်နေမိခဲ့သည်..။နန်ဖန်းကို သူ့အပြင် ဘယ်သူတွေကရော ဖမ်းချင်နေသေးတာလဲ..။
သူ့ အနေနဲ့ ဒီအတွက်ကိုပါ တာဝန်မယူပေးနိုင်ပေ..။
တန် ရှင်းပြလိုက်သည်..။
"ဂိုဏ်းတူ အစ်ကို နန်ဖန်းကို ဖမ်းဆီးဖို့က..ကျွန်တော်တို့ အဖွဲ့အစည်းကနေပြီး ကျွန်တော်တို့ နှစ်ယောက်တည်းကိုပါ တာဝန်ပေးထားတာပါ..။ကျန်တာတွေကိုတော့ ကျွန်တော်လည်း မသိပါဘူး.."
"တန်...မင်း အဖွဲ့အစည်းရဲ့ နာမည်တွေကို ဝန်ခံမယ်လို့ ပြောထားတယ် မဟုတ်ဘူးလား..။အခု မင်း ဝန်ခံ လို့ ရပြီ.."
ရှောင်နန်ဖန်း တန်ကို စိုက်ကြည့်ပြီး ပြောလိုက်သည်..။
တန် ပြန်ပြီး ပြောလိုက်၏..။
"တကယ်လို့ ပြောပြရင် ကျွန်တော်ကို လွှတ်ပေးမှာလား.."
အကြီးအကဲ ကု.. ကုချင်းကို စတင် တီးခတ်လိုက်သည်..။ချက်ချင်းဆိူသလိုပဲ..နတ်ဆိုးပုံရိပ်တွေဟာ..တန် ကို စတင် ဝန်းရံလာခဲ့၏..။
"မလုပ်ပါနဲ့..အကြီးအကဲ ကု..။ကျွန်တော် အကုန်လုံးကို ဝန်ခံပါ့မယ်.."
တန် အော်ဟစ်လိုက်သည်..။
"အခုပြော.."
တန် ..တံတွေးကို မြိုချလိုက်ပြီး..ချက်ချင်းဆိုသလိုပဲနာမည် ရှစ်ခုကို ဆက်တိုက် ရွတ်ပြလိုက်၏..။
"ကျွန်တော် သိတာ ဒါ အကုန်ပါပဲ..။ပိုပြီး သိဖို့အတွက် အဖွဲ့အစည်း ထဲမှာ ကျွန်တော်ရဲ့ အဆင့်က ရာထူးမမြင့်လို့ပါ..။ချန်းဟိုင် လည်း ရှိသေးပေမယ့် သူက ပုံရိပ်ယောင် ကမ္ဘာထဲမှာ သေဆုံးသွားခဲ့ပါပြီ..။ချန်းဟိုင်က အခြေခံ စုစည်းမူ အဆင့် ၈ မှာရောက်နေပေမယ့် ဂိုဏ်းတူ အစ်ကို နန်ဖန်းက သူ့ကို လွှမ်းမိုးမူ လက်သီးနဲ့ အနိုင်ယူနိုင်ခဲ့တယ်လေ.."
"အိုး..နန်ဖန်းက လွှမ်းမိုးမူ လက်သီးကို အသုံးပြုနိုင်နေပြီလား..."
အကြီးအကဲ ကု အနည်းငယ် အံ့ဩသွားခဲ့သည်..။
"တပည့် တောင်းပန်ပါတယ် မာစတာ..။အခြေခံကို တတ်မြောက်ဖို့ အတွက်တောင် တစ်လ လောက် ကြာသွားခဲ့ပါတယ်.."
ရှောင်နန်ဖန်း ပြန်ဖြေလိုက်သည်..။
"အခြေခံလား..။အခြေခံကို တတ်မြောက်ဖို့ တပည့်က တစ်လပဲ ကြာခဲ့တာလား...။လွှမ်းမိုးမူ လက်သီးက ရှုပ်ထွေးမူကြောင့် လူသိများတယ်လေ..။အနည်းဆုံး တစ်နှစ်လောက် မလေ့ကျင့်ပဲနဲ့ အခြေခံကို နားလညိနိုင်မှာ မဟုတ်ဘူး.."
"မာစတာက တပည့်ကို ..ကျမ်းစာတိုက် ပထမထပ်က ကျမ်းစာတွေကို ဖတ်ဖို့ ခွင့်ပြုပေးခဲ့တယ်လေ..။အဲဒီထဲမှာ တပည့်က လွှမ်းမိုးမူ လက်သီးနဲ့ ဆင်တူတဲ့ တစ်ခြား လက်သီးသိုင်းတွေကိုလည်း တွေ့ခဲ့ပါတယ်..။ဒီ တာအိုမာစတာ တွေရဲ့ ကျမ်းစာတွေနဲ့ ဆက်နွယ်ပြီး သုံးသပ်ကြည့်လိုက်တဲ့ အချိန်မှာ..လွှမ်းမိုးမူ လက်သီးကို နားလည်ဖို့ လွယ်ကူသွားခဲ့တာပါ.."
အကြီးအကဲ ကု : .....
တစ်ခြားတပည့်တွေက ကျမ်းစာ ရွက်ဖတ်ရသည်ကို စိတ်ပင်ပန်း နေကြချိန်တွင် ရှောင်နန်ဖန်းကတော့ လက်သီးသိုင်း တစ်ခုကို နားလည်ရန် တစ်ခြား ကျမ်းစာ ရှစ်ခုလောက်ကို ထပ်ပြီး ဖတ်ခဲ့သည်..။
သူ ရထားတာ ဘယ်လို တပည့်များ ဖြစ်နေတာလဲ.
"တပည့်က ဒီခန်းမ ထဲကို..အကြောင်းပြချက်ကောင်းနဲ့ ဝင်လာခဲ့ပေမယ့် စည်းမျဥ်းကို ချိုးဖောက်ထားတဲ့ အတွက် အပြစ်ပေးမှ ရမယ်..။ဆရာ မင်းကို..သန့်စင်သော ယန်ချီ ကျင့်စင် ဆယ်ခု ကို မှတ်သားဖို့ အပြစ်ပေးတယ်..။မင်းအတွက် ကျမ်းစာ ရှာပေးဖို့ စီနီယာ တပည့်တွေကို နောက်မှ တာဝန်ပေးလိုက်မယ်.."
"ကျေးဇူးပါ မာစတာ..."
ရှောင်နန်ဖန်း စိတ်ကျေနပ်သွားခဲ့သည်..။သူ့ အတွက် ကျမ်းစာ ရွေးပေးမည့်သူ ရှိရင် သူ တကုတက ရွေးချယ်နေစရာ မလိုတော့ပေ..။
တန်ကတော့ အံ့ဩစွာကြည့်နေခဲ့သည်..။အကြီးအကဲ ကုက အပြစ်ပေးတာကို သူက ဘာလို့ ..ကျေးဇူးတင်နေရတာလဲ..။
"ဒီိမှာ အကြာကြီး မနေနဲ့တော့.."
အကြီးအကဲ ကု သတိပေးလိုက်သည်..။
"ဆရာ ဒီ ကျိန်စာသင့် အရိုးစုကို စည်းချ ရဦးမယ်.."
"မာစတာ..အပြင်မှာ..တစ်ခြားဂိုဏ်းသားတွေ အများကြီးက တပည့်ကို ဖမ်းဖို့ စောင့်နေကြပါတယ်.."
ရှောင်နန်ဖန်း အမြန်ပြောလိုက်သည်..။
"ဒုတိယ အခန်းက ..ဆရာ့ စာအုပ်စင်ရဲ့ ဘယ်ဘက်မှာ တက်ရောက်မူ ဌာနရဲ့ တပည့်တွေကို အမိန့်ပေးနိုင်တဲ့ တံဆိပ်ပြား ရှိတယ်..။တံဆိပ်ပြား ထဲကို တပည့်ရဲ့ ချီကို ထည့်သွင်းလိုက်..။ဒီတံဆိပ်ပြားနဲ့ဆိုရင် တပည့်ကို ဘယ်သူကမှ မထိရဲတော့ဘူး.."
အကြီးအကဲ ကု ပြောပြလိုက်၏..။
"သိပါပြီမာစတာ.."
ရှောင်နန်ဖန်း လေးစာစွာ ဂါဝရပြုလိုက်သည်..။
"အခု ပုံရိပ်ယောင် နယ်ပယ်ထဲကနေ ထုတ်ပေးမယ်..။အရိုးစုက ..အရမ်းအားနည်းနေတာကြောင့်..စိတ်ပိုင်းကို ပဲ လွှမ်းမိုးနိုင်ပြီး အပြင်ကမ္ဘာအထိ မလွှမ်းမိုးနိုငိသေးဘူး..။တပည့် အပြင်ကို ထွက်ပြီးသွားတဲ့ အချိန်မှာ ဆရာ့ရဲ့ ခန္တာကိုယ်ကို လုံးဝ မထိဖို့ သတိရပါ..။သူ့နေရာမှာပဲ ထားထားလိုက်.."
အကြီးအက ကု သတိပေးလိုက်သည်..။
သူ ကုချင်းကို စပြီးတီးခတ်လိုက်သည် နှင့် လေလှိုင်းတစ်ခုက ရှောင်နန်ဖန်း နှင့် တန်ကို ရိုက်ခတ်သွားခဲ့သည်..။သူတို့က ချက်ချင်း ပုံရိပ်ယောင် ကမ္ဘာထဲကနေ ထွက်ပြီး အပြင်ကို ရောက်ရှိသွားခဲ့ကြ၏..။
ရှောင်နန်ဖန်းသည်..သူ့ကိုယ်သူ တန် နှင့် ချန်းဟိုင်တို့ ရှိနေသည့် အထုတ်ကြီးကို သယ်ထားသည်ကို တွေ့လိုက်ရသည်..။တစ်ယောက်က သေပြီး တစ်ယောက်ကတော့ သတိလစ်နေခဲ့၏..။
ခန်းမ အထဲမှာတော့..အကြီးအကဲ ကု ၏ ကုချင်းကို ကိုင်ပြီး ထိုင်နေသည့် ခန္တာကိုယ်ကို တွေ့နေရသည်..။
သူ ရှာဖွေကြည့်လိုက်သည့် အချိန်မှာတော့ အကြီးအကဲ ကု ၏ တက်ရောက်မူ တံဆိပ်ပြားကို တွေ့လိုက်၏..။
သူ ထွက်သွားဖို့ လုပ်လိုက်သည့် အချိန်မှာပဲ မျက်လုံးပြူးကျယ်သွားခဲ့သည်..။သူ့ခန္တာကိုယ် တစ်ခုလုံး အေးခဲသွားပြီး ကြောက်ရွံ့သည့် စိတ်များ ဖြစ်ပေါ်လာခဲ့၏..။မှိန်ပြပြ အလင်းရောင်သာ ရှိနေသည့် အခန်း၏ ထောင့်နားတွင်..အဖြူရောင် အရိုးစုက သူ့ကို တိတ်တဆိတ် စိုက်ကြည့်နေခြင်း ဖြစ်သည်..။
ကျိန်စာသင့် အရိုးစုက အပြင်ကမ္ဘာအထိကိုပါ လာနိုင်တာလား...
သူက အခုမှ အကြီးအကဲ ကု၏ ပုံရိပ်ယောင် နယ်ပယ်ထဲမှ ထွက်လာခြင်းဖြစ်သည်..။ဒီ အရိုးစုက ဘယ်လိုလုပ် လွတ်မြောက်လာတာလဲ..။ဒီအကောင်က အပြင်ကမ္ဘာအထိ လာလို့ မရဘူးလို့ မာစတာက ပြောထားခဲ့တာ မဟုတ်ဘူးလား..။
အရိုးစုဟာ အကြီးအကဲ ကု ၏ အနားကို ရောက်သွားခဲ့သည်..။
"မလုပ်နဲ့.."
ရှောင်နန်ဖန်း အော်ဟစ်လိုက်၏..။
အရိုးစုက သူ၏ လက်သည်းတွေကို မြှောက်ပြီး အကြီးအကဲ ကု ၏ လည်ပင်းကို ထိုးဖောက်ဖို့ ဟန်ပြင်လိုက်သည်..။
"နေဦး.."
ရှောင်နန်ဖန်း တွေဝေခြင်းမရှိပဲ ပြေးတက်သွားခဲ့သည်..။
အရိုးစု ၏ လက်သည်းက အကြီးအကဲ ကု ၏ လည်ပင်းကို ထိုးဖောက်ဖို့ အနည်းငယ်သာ လိုတော့သည်..။
အချိန်တွေ ရပ်တန့်သွား၏..။အရိုးစု ၏ လက်သည်းတွေက လည်ပင်းကို မထိုးဖောက်သွားခဲ့ချေ..။အဲဲဒီအစား သူက ရှောင်နန်ဖန်း အနားကို ရောက်လာအောင်သာ စောင့်နေခဲ့သည်..။
လမ်းတစ်ဝက်မှာသာ ရှိနေသေးသည့် ရှောင်နန်ဖန်းသည် သူ၏ မာစတာပြောတာကို ပြန်အမှတ်ရလိုက်သည်..။
'ငါ့ရဲ့ ခန္တာကိုယ်ကို မထိနဲ့...'
အကြီးအကဲ ကုက အကြောင်းပြချက် မရှိပဲ အခုလိုပြောမည် မဟုတ်ပေ..။အကယ်၍ အရိုးစုသာ..အစစ်အမှန်ကမ္ဘာကို သက်ရောက်နိုင်မယ် ဆိုရင် အခုလို စောင့်ဆိုင်းနေမှာမဟုတ်ချေ..။
သူက ရှောင်နန်ဖန်း ကို တစ်ခုခု ပြုလုပ်ရန်အတွက် ဆွဲဆောင် နေခြင်းသာ ဖြစ်၏..။
ရှောင်နန်ဖန်း သူ့ဆရာ၏ ခန္တာကိုယ်ကို ထိခါနီးလေးမှာပဲ အရှိန်ကို ထိန်းပြီး ရပ်တန့်လိုက်သည်..။
ထင်ထားသလိုပဲ အရိုးစုက အတိုက်ခိုက်ခဲ့ပေ..။
အရိုးစု သည် ရှောင်နန်ဖန်းကို သာ အေးစက်သွာ စိုက်ကြည့်နေခဲ့၏..။
ရှောင်နန်ဖန်း ပုခုံးတွန့်ပြလိုက်သည်..။
အရိုးစုက ထပ်ပြီး မလှုပ်ရှားတော့မှ ရှောင်နန်ဖန်းသည် သူ၏ ယူဆချက်က မှန်ကန်သွားပြီ ဆိုသည်ကို သေချာသွားခဲ့သည်..။သူ အကြီးအကဲ ကု ကို ဂါဝရပြုလိုက်ပြီး..အရိုးစုကို လျစ်လျူရူကာ တံဆိပ်ပြားနှင့်အတူ အပြင်ကို ထွက်သွားခဲ့သည်..။
အရိုးစုသည် ..ဒီတိုင်းထွက်သွားသည့် ရှောင်နန်ဖန်းကို ကြောင်တောင်တောင် ကြည့်နေခဲ့သည်..။မင်းက ဘာလို့ ထွက်သွားတာလဲ..။ငါ့ကို ရပ်တန့်ရမှာ မဟုတ်ဘူးလား...။
ခန်းမ တံခါး ပိတ်သွားသည့် အချိန်ကျမှ အရိုးစုသည် ပြတင်းပေါက်နားကို သွားလိုက်ပြီး..အပြင်ကို ထွက်သွားသည့် ရှောင်နန်ဖန်းကို ကြည့်ကာ..ကျိန်ဆဲရန် ကြိုးစားနေခဲ့သည်..။