← Chapters

အမှန်တရားကို ချစ်တဲ့ ယွဲ့အာ..

Vol. 2 Ch. 27

အမှန်တရားကို ချစ်တဲ့ ယွဲ့အာ..

Vol. 2 Ch. 27

ဘာသာပြန် = စမင်းသိုက်

သိပ်မကြာခင်..အကြီးအကဲ ကု ၏ ခန်းမ အပြင်ဘက်တွင်...။

များပြားလှသည့် တိုင်ချငိဂိုဏ်းသား နှစ်ဖွဲ့သည့် မျက်နှာချင်းဆိုင် တွေ့ကာ..တစ်ဖွဲ့နှင့် တစ်ဖွဲ့ ငြင်းခုန်နေကြ၏..။

တစ်ဖွဲ့ကိုတော့ ယွဲ့အာက ဦးဆောင် ထားခဲ့သည်..။တိုင်ချင်းဂိုဏ်း၏ များပြားလှသည့် တပည့်များသည်သူမကို ဝန်းရံထားပြီး အကာအကွယ် ပေးထားကြ၏..။ယွဲ့အာကတော့..သူမ၏ ပါးစပ်မှ သွေးကို သုတ်လိုက်ပြီး..ဒေါသတကြီး စိုက်ကြည့်နေခဲ့သည်..။

"ဒီကို ထွက်လာခဲ့ မာရှန်း..။မင်းက ဂိုဏ်းတူ အစ်ကို ရဲ့ နောက်မှာ ပုန်းနေရဲတယ်ပေါ့.."

"မင်း ယွဲ့အာကို အနိုင်ကျင့်တဲ့အတွက် ပြန်ပေးဆပ်ရလိမ့်မယ်..။အခု ထွက်လာခဲ့..မင်းကို မသတ်ဘူးလို့ အာမခံတယ်.."

ဒီတပည့်များသညိ့ ယွဲ့အာ ၏ အဖွဲ့ထဲမှဖြစ်ပြီး မာရှန်းဆိုသည့် တပည့်ကို သတ်ဖြတ်တော့မယ့် အလား စိုက်ကြည့်နေခဲ့ကြသည်..။

မာရှန်း သည် ကျိုးယွန်ဂျီ အနောက်ကို သွားပြီး ပြောလိုက်သည်..။

"ဂိုဏ်းတူ အစ်ကို..ကျွန်တော်ကို ကူညီပါဦး..။ကျွန်တော်တို့ ခန်းမထဲကို ဝင်ပြီး သူလျိုကို ဖမ်းဖို့ လုပ်ပေမယ့် ယွဲ့အာက ကျွန်တော်တို့ကို တားဆီးယုံတင်မကပဲ တိုက်ခိုက်လာခဲ့တယ်လေ..။ဒါကြောင့် ကျွန်တော် မတော်တဆ သူမကို ထိခိုက်အောင် လုပ်မိလိုက်တာ.."

ကျိုးယွန်ဂျီ ခေါင်းညိမ့်ပြီး ယွဲ့အာကို အေးစက်စွာကြည့်လိုက်သည်..။

"ယွဲ့အာ..ငါ့လူတွေ သူလျိုကို ဖမ်းဖို့ လုပ်တာကို ဘာလို့ တားဆီးရတာလဲ.."

"ဟာသပဲ...ဂျူနီယာ မောင်လေး နန်ဖန်းက ဘယ်တုန်းက သူလျိုဖြစ်သွားတာလဲ..။ဂိုဏ်းတူ အစ်ကို..ဒီလိုမျိုးတော့..အမှန်ကို အမှားလာပြောလို့ မရဘူးလေ.."

ယွဲ့အာ အော်ပြောလိုက်သည်..။

"ယွဲ့အာ...ငါ့မှာ အခု သက်သေမရှိသေးပေမယ့်..တန် နဲ့ နန်ဖန်းက ဒီမနက်မှာ ထူးထူးဆန်းဆန်း ထွက်သွားကြတာ..။ငါ သူတို့ကို စစ်မေးမှရမယ်.."

"အ်ိုး..ဒါဆို သက်သေမရှိပဲ စွပ်စွဲနေတာပေါ့..။ညီမ ကိုယ်တိုင် တန် ကို နန်ဖန်း နဲ့ မိတ်ဆက်ပေးခဲ့တာ..။ဘာလ်ို့ ညီမက သူလျိုမဖြစ်တာလဲ.."

ယွဲ့အာ ငြင်းခုန်လိုက်သည်..။

"ဟာသပဲ..ကိစ္စတွေကို ကြီးလာအောင် မလုပ်နဲ့ ယွဲ့အာ.."

ကျိုးယွန်ဂျီ ပြန်ဖြေလိုက်သည်..။

"တစ်ခုခု ကြီးမားတာ မဖြစ်ခင်မှာ ငါ့အနေနဲ့ သံသယရှိတဲ့ တပည့်တိုင်းကို စစ်ဆေးမှဖြစ်မယ်.."

"နန်ဖန်းက အကြီးအကဲ ကု ရဲ့ တပည့်ပဲ.."

ယွဲ့အာ အေးစက်စွာ ပြန်ဖြေလိုက်သည်..။

"အကြီးအကဲ ကု က ဒီကိစ္စကို သဘောတူလား.."

"ငါ လုပ်နေတဲ့အရာတွေကို မင်းကို ရှင်းပြစရာ မလိုအပ်ဘူး..။တကယ်လို့ ငါလုပ်နေတဲ့ အရာက မှားနေတယိ ဆိုရင် ..သူ့ကို နောက်မှ တောင်းပန်လိုက်မယ်.."

"ကောင်းပြီ..ဒါဆိုလည်း ညီမကို အရင် ကျော်ဖို့တော့ လိုလိမ့်မယ်.."

ယွဲ့အာ သည်..ကျိုးယွန်ဂျီကို လုံးဝ ကြောက်ရွံ့နေသည့်ပုံ မပေါ်ခဲ့ပေ..။

"ယွဲ့အာ နင်က တကယ် ရယ်ရတာပဲ.."

မာရှန်း ရှေ့ကို ထွက်ကာ ပြောလိုက်သည်..။

"ဂိုဏ်းတူ အစ်ကို ကျိုးက အကြီးအကဲ ကု ရဲ့ တပည့်ပဲ..။မင်းကမှ အပြင်လူတစ်ယောက်ဆိုတာ သတိရဦး..။ဘာလို့ သူတို့ကြားထဲကို ဝင်ပါချင်နေရတာလဲ.."

"နင်..."

ယွဲ့အာ ဘယ်လိုပြန်ဖြေရမလဲ မသိခဲ့ပေ..။သို့ပေမယ့် သူ လက်လျော့ဖို့ ဆန္ဒမရှိပဲ...

"ဂရုမစိူက်ဘူး..။တကယ်လို့ ဒီနေရာကနေ ကျော်သွားချင်ရင်..အရင်ဆုံး အနိုင်တိုက်နိုင်မှရမယ်.."

"စိတ်မပူနဲ့ ယွဲ့အာ..ငါတို့ နောကိမှာ ရှိတယ်.."

"ဟုတ်တယ်..မင်းတို့ ယွဲ့အာကို ထိမယ် ဆိုရင်တော့..နောကိဆကိတွဲကို စဥ်းစားထားလိုက်..."

ဝါရင့် ဂိုဏ်းသားတွေ အများစုဟာ ယွဲ့အာ ကို ထောက်ခံပေးထားကြသည်..။သူက လူချစ်လူခင် ပေါ်သည့် လူတစ်ယောက်ဖြစိပြီး..အခုချိန်မှာတော့ ဒီအရာက အသုံးဝင်နေပြီဖြစ်သည်..။

"ဂိုဏ်းတူ အစ်ကို..ယွဲ့အာက တကယ်ရူးနေပြီ..။ကျွန်တော်တော့ သူမလည်း သူလျို တစ်ယောက်လို့ပဲ ထင်တယ်..။နန်ဖန်းက အခု ခန်းမထဲမှာ..။အကြီးအကဲ ကုက တံခါးပိတ်ကျင့်ကြံနေရင် လှုပ်ရှားလို့ ရတာ မဟုတ်ဘူး..။တကယ်လို့ နန်ဖန်းသာ တစ်ခုခု လုပ်ခဲ့ရင်....။ကျွန်တော်တို့ နှစ်ယောက်လုံးကို ဖမ်းဆီးလိုက်ရင်ရော.."

မာရှန်း အကြံပေးလိုက်သည်..။

"လုပ်ရဲလား...ခွေးမသား..မာရှန်း..။မင်း ထမင်းဝအောင် စားထား"

ယွဲ့အာကို ကာကွယ်နေသည့် တပည့်များက ကျိန်ဆဲလိုက်ကြသည်..။

ကျိုးယွန်ဂျီ ကတော့ အခြေအနေကို ကြည့်ပြီး ဆုံးဖြတ်ချက် ချဖို့ ခဲယဥ်းနေ၏..။

သူတို့ နှစ်ဖွဲ့လုပ် ဆက်ပြီး တင်းမာနေကြသည့် အချိန်မှာပဲ တည်ငြိမ်သည့် အသံတစ်ခုက ထွက်ပေါ်လာခဲ့ငည်..။

"စီနီယာ တို့ ကျွန်တော်ကို ရှာနေတာလား.."

လူတိုင်းက..အသံလာရာ ဘက်ကို လှည့်ပြီး ကြည့်လိုက်ကြသည်..။

"နန်ဖန်း...အကြီးအကဲ ကု ရော..."

ယွဲ့အာ စိုးရိမ်စွာ မေးလိုက်သည်..။

"မာစတာ က တရားထိုင်နေတုန်းပဲ..။အခု ထွက်လာလို့ မရသေးဘူး..။ဂိုဏ်းတူ အစ်မ..ကျွန်တော် အစောက ပြောနေတာတွေကို အကုန်ကြားလိုက်ပါတယ်..။ကျွန်တော်ကို ကာကွယ်ပေးတဲ့အတွက် ကျေးဇူးပါ..။စိတ်မပူပါနဲ့..ကျွန်တော် ရောက်လာပါပြီ.."

ရှောင်နန်ဖန်း ယွဲ့အာကို နောက်ကို ပို့လိုက်ပြီး ရှေ့ကို ထွက်လာကာ ပြောလိုက်ခြင်းဖြစ်သည်..။

ယွဲ့အာက ဒီလောက် တပည့်အများကြီးနှင့် အတိုက်အခံ လုပ်ပြီး သူ့ကို ကာကွယ်ပေးနေလိမ့်မည်လို့ မထင်ထားခဲ့ချေ..။

"မင်းက ထွက်လာရဲတယ်လား..။သိပ်ကောင်းတယ်..နန်ဖန်းကို ဖမ်းလိုက်ကြ.."

ကျိုးယွန်ဂျီ အမိန့်ပေးလိုက်သည်..။

"သိပါပြီ.."

မာရှန်း တက်ကြွစွာ ပြန်ဖြေလိုက်ပြီး ဖမ်းဆီးဖို့ ရှေ့ကို တက်လာလိုက်သည်..။ရှောင်နန်ဖန်းကတော့ လက်ထဲမှာ ရှိနေတဲ့ တံဆိပ်ပြားက်ို မြှောက်ပြလိုက်ပြီး..

"ငါက ..တက်ရောက်မူဌာန တံဆိပ်ပြားကို ကိုင်ဆောင်ထားတဲ့လူပဲ..။ဘယ်သူ ဆန့်ကျင်ရဲလဲ..."

သူ၏ ချီကို တံဆိပ်ပြားထဲ ထည့်လိုက်သည့် အချိန်တွင် အလင်းရောင် မှိန်ဖျော့ဖျော့ လင်းလာခဲ့သည်..။

လူတိုင်းက ရှောင်နန်ဖန်းကို အံ့ဩသင့်စွာကြည့်လိုက်ကြ၏..။

"တကိရောက်မူ တံဆိပ်ပြားလား..။မအိမ်လုံး မင်း အကြီးအကဲ ကု ရဲ့ တံဆိပ်ပြားကို ခိုးလာတာ လား.."

မာရှန်း တန်းပြီး စွပ်စွဲလိုက်သည်..။

"မဖြစ်နိုင်တာ..တက်ရောက်မူ တံဆိပ်ပြားကို ဝင်္ကပါ နဲ့ ကာရံထားတာပဲ..။အကြီးအကဲ ကု ကိုယ်တိုင် သူ့ကို ပေးလိုက်တာပဲ ဖြစ်မယ်.."

တစ်စုံတစ်ယောက်က အော်ပြောလိုက်သည်..။

"နင် တံဆိပ်ပြားကို ဘယ်လို ရလာတာလဲ နန်ဖန်း.."

ယွဲ့အာ..သိချင်စွာ မေးလိုက်ခြင်းဖြစ်သည်..။

"ဒါပေါ့..မာစတာ ပေးခဲ့တာလေ..။ဒီ တံဆိပ်ပြားက..ဌာနခေါင်းဆောင် ရဲ့ လုပ်ပိုင်ခွင့် အာဏာ ရှိတဲ့ တံဆိပ်ပြားပဲ..။မင်းတို့ ငြင်းဆန်ချင်တာလား..။ဒီဂိုဏ်းရဲ့ စည်းမျဥ်းတွေက ဒီတိုင်းရှိနေတာလို့ ပြောချင်တာလား.."

ဘယ်သူမှ မပြောခင်မှာပဲ..ရှောင်နန်ဖန်း ထပ်ပြောလိုက်သည်..။

"တက်ရောက်မူ ဌာနက တပည့်တွေအားလုံး နားထောင်ပါ..။အခုချက်ချင်း..နတ်ဆိုးဂိုဏ်းက သူလျိုဖြစ်တဲ့ မာရှန်း ကို ဖမ်းဆီးကြ.."

မာရှန်းက..တန် ဖော်ထုတ်ခဲ့သည့် သူလျိုတွေထဲမှ တစ်ယောက် အပါအဝင် ဖြစ်သည်..။သူက သူလျိုတစ်ယောက်ဖြစ်တာကြောင့် အစောကတည်းက ရှောင်နန်ဖန်းကို ခန်းမထဲအထိ ဝင်ပြီး..နှုတ်ပိတ်ချင်နေခြင်းဖြစ်၏..။သူက ယွဲ့အာကို ထိခိုက်ဒဏ်ရာ ရစေမှာကိုပင် ဂရုမစိုက်ခဲ့ပေ..။

"မင်း..ဘာတွေလာပြောနေတာလဲ.."

မာရှန်း ပြန်တုန့်ပြန်လိုက်၏..။

တပည့်တွေ အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ကြသည်..။သူတို့ က အကြီးအကဲ ကု ၏ အကြီးဆုံး တပည့် ကျိုးယွန်ဂျီ ကို ကြည့်လိုက်ကြ၏..။ရှောငိနန်ဖန်းတွင်..တံဆိပ်ပြား ရှိနေသည် မှန်သော်လည်း သူက

သူလျို အဖြစ် သံသယ ဝင်ခံထားရသည့် သူတစ်ယောက်ဖြစ်သည်..။တပည့်တွေအများစုက ကျိုးယွန်ဂျီ ၏ ဘက်ကို သာ ရွေးချယ်ကြမည်ဖြစ်သည်..။

ကျိုးယွန်ဂျီ ၏ မျက်နှာမှာတော့..ခံစားချက်များစွာ ဖြတ်ပြေးနေ၏..။အချိန်တစ်ချို့ တွေးတောပြီးသည့် နောက်မှာတော့ သူ ဆုံးဖြတ်ချက်ချလိုက်၏..။

"နန်ဖန်း..မင်းက တကယ် အကြောင်းကျိုး ဆီလျော်မူ မရှိတာပဲ..။မင်းက တစ်စုံတစ်ယောက်ကို စွပ်စွဲဖို့ ဘယ်လိုလုပ် တက်ရောက်မူ တံဆိပ်ပြားကို အသုံးပြုရဲရတာလဲ..။သူ့ကို ဖမ်းလိုက်..."

အခုမှသာ ရှောင်နန်ဖန်းသည် သူ၏ ရှေ့မှ လူကို မှတ်မိလိုက်သည်..။ဒါက..စုတ်ပြတ်နေတဲ့အဝတ်အစားများဖြင့် သူ့ဆီကနေ ရွှေပြားလေးပြား ယူသွားခဲ့တဲ့လူ မဟုတ်ဘူးလား..။သူက ဟန်ဆောင်ပြီးတော့ ငါ့ဆီကို ချည်းကပ်ခဲ့တာလား..။

အဲ့အချိန်မှာပဲ..ယွဲ့အာသည် ရှောင်နန်ဖန်း၏ အင်္ကျီစကို ဆွဲပြီး တီးတိုးပြောလာခဲ့၏..။

"နင့်မှာ တံဆိပ်ပြား ရှိနေတယ် ဆိုရင်တောင်..အရမ်းကြီး စည်းမကျော်နဲ့လေ..။မာရှန်းက စက်ဆုပ်ဖို့ ကောင်းပေမယ့် သူ့ကို ဒီလိုစွပ်စွဲလိုက်တာက ကျိုးယွန်ဂျီကို ပိုဒေါသထွက်စေလိမ့်မယ်.."

ရှောင်နန်ဖန်း ဆွံ့အသွားခဲ့သည်..။သူက အမှန်ကိုသာ ပြောနေခြင်းဖြစ်၏..။ဘာလို့ ဘယ်သူကမှ မယုံကြည်ကြတာလဲ..။

"ဒီ ကျိုးယွန်ဂျီက ဘယ်သူလဲ.."

သူ မနေနိုင်စွာပဲ မေးလိုက်သည်..။

"သူက တက်ရောက်မူ တပည့်တွေရဲ့ ခေါင်းဆောင် ကျိုးယွန်ဂျီ ပဲ..။ပြီးတော့ အကြီးအကဲ ကု ရဲ့ အကြီးဆုံး တပည့်.."

ယွဲ့အာ တီးတိုးပြန်ဖြေလိုက်သည်..။

ရှောင်နန်ဖန်း မျက်ခုံးပင့်တင်သွားခဲ့သည်..။ငါ့ရဲ့ ဆရာတူ အစ်ကိုလား...။သူကလေ...

ကျိုးယွန်ဂျီ ၏ အဆင့်အတန်းကို သိပြီးနောက်မှာတော့..ရှောင်နန်ဖန်းသည် သူ့ကို သွားမရှုပ်သင့်ဘူးဆိုတာ နားလည်သွားခဲ့သည်..။သူ အော်ပြောလိုက်၏..။

"မာရှန်းရဲ့ ပါးစပ်ထဲမှာ အဆိပ်ဆေးလုံး ရှိလိမ့်မယ် မဟုတ်ဘူး..သေဟန်ဆောင်တဲ့ ဆေးလုံးပဲ..။ဒါက နတ်ဆိုး ဂိုဏ်းက သူတို့ရဲ့ သူလျိုတွေအတွက် ပေးအပ်ထားခဲ့တာ..။သူ့ပါးစပ်ကို စစ်ဆေးကြည့်လိုက်..ဘယ်သူက လိမ်နေတာလဲ ဆိုတာ ကြည့်ကြတာပေါ့.."

လူတိုင်းက မျက်နှာ နက်မှောင်နေသည့် မာရှန်းကို လှမ်းကြည့်လိုက်ကြသည်..။ရှောင်နန်ဖန်းက ဒီလျိုဝှက်ချက်ကိုပါ သိထားလိမ့်မယ်လို့ သူ မထင်ထားခဲ့ချေ..။

"သူက လိမ်နေတာပဲ..စီနီယာ အစ်ကို..။ကျွန်တော်ကို ယုံကြည်မှရမယ်.."

မာရှန်း ​ငြင်းလိုက်သည်..။

"ပါးစပ်ဟ.."

ကျိုးယွန်ဂျီ အရူးမဟုတ်ပေ..။ရှောင်နန်ဖန်း၏ နောက်ထပ် အချက်အလက်က အရမ်းကို တိကျနေတာကြောင့် ဘယ်သူလိမ်နေတာလဲ ဆိုတာကို ချက်ချင်း သိရှိနိုင်သည့် အရာဖြစ်သည်..။

"စီနီယာ အစ်ကို.."

မာရှန်း၏ မျက်လုံးတွေက..ထိပ်လန့်မူတွေဖြင့် သစ္စာဖောက်နေခဲ့၏..။

ကျိုးယွန်ဂျီ သည် မာရှန်း၏ မူမမှန်သည့် အခြေအနေကို သတိထားမိတာကြောင့် ချက်ချင်းပဲ လက်ကို ဆန့်ထုတ်ကာ..သူ့၏ အောက်ဘက်မေးရိုးကို ရိုက်လိုက်သည်..။

မာရှန်း၏ ပါးစပ်ပွင့်လာသည့် အချိန်တွင် သူ လက်ဖြင့် နှိုက်ပြီး..သွားကြားထဲမှ ဆေးလုံးကို ထုတ်ယူလိုက်၏..။

မာရှန်း၏ မျက်နှာ ဖြူဖျော့သွားခဲ့သည်..။

လူတိုင်း အံ့ဩသင့်ကုန်ကြ၏..။မာရှန်း က တကယ်ပဲ သူလျိုတစ်ယောက်ဖြစ်နေတာလား..။

"မင်း ဒါကို ဘယ်လိုဖြေရှင်းမှာလဲ.."

ကျိုးယွန်ဂျီ အော်​ပြောလိုက်သည်..။

"ကျွန် ကျွန်တော်..."

ကျိုးယွန်ဂျီ ၏ အကြည့်တွေက ပိုပိုပြီး အေးစက်လာခဲ့သည်..။

"လွန်ခဲ့တဲ့ တစ်လက ..ငါတို့ကို သစ္စာဖောက်ခဲ့တာ မင်းလား..။ဂျူနီယာ တပည့်လေးတွေကို ဘယ်သူ သတ်ခဲ့တာလဲ.."

မာရှန်း ငြင်းဆန်ဖို့ကြိုးစားလိုက်သည်..။

"ဂိုဏ်းတူ အစ်ကို..ကျွန်တော် က သူလျိုမဟုတ်ပါဘူး..။တကယ်ပါ..ဒီဆေးက ကျွန်တော် ရန်သူတွေဆီကနေ ကာကွယ်ဖို့ ဆောင်ထားတာပါ..။ဒီ ကောင်လေး ဒါကို ဘယ်လိုသိနေတာလဲ ကျွန်တော် မသိတော့ဘူး..ဒါပေမဲ့..."

မာရှန်း စကားပြောလို့ မပြီးခင်မှာပဲ..ရှောင်နန်ဖန်း ဝင်ပြောလိုက်သည်..။

"အိုး ပြောဖို့မေ့နေလို့..။ငါတို့ သိထားတဲ့ သူလျိုက မင်းတစ်ယောက်တည်း မဟုတ်ဘူး..နောက်ထပ် ခုနှစ်ယောက် ရှိနေသေးတယ်.."

"မင်း ဘာပြောတာလဲ.."

မာရှန်း တုန်လှုပ်သွားခဲ့သည်..။ချန်းဟိုင် နဲ့ တန် က ဘာတွေ ဖော်ထုတ်ခဲ့တာလဲ..။သူတို့ က အချက်အလက်တွေ ဘယ်လောက်တောင် ပေးလိုက်တာလဲ..။

ရှောင်နန်ဖန်း တံဆိပ်ပြားကို လေထဲမြှောက်လိုက်ပြီး..

"တက်ရောက်မူ ဌာနက တပည့်တွေ နားထောင်ကြ..။ကျန်ရှိနေတဲ့ သူလျိုတွေကို အခုပဲ ဖမ်းရမယ်..။သူတို့ နာမည်တွေက..."

တပည့်တွေ အကုန်လုံးက ရှောင်နန်ဖန်း ပြောတာကို ကြားပြီး ကျိုးယွန်ဂျီကို ကြည့်လိုက်ကြသည်..။

"မင်းတို့ ဘာတွေ စောင့်နေကြတာလဲ..။သူလျိုတွေကို ဖမ်းကြ.."

အခုချိန်တွင် သူ့အနေဖြင့် ရှောင်နန်ဖန်းကို ..သံသယ ရှိနေသေးသော်လည်း..သူလျိုများကို အရင်ဆုံး ဦးစားပေး ဖမ်းဆီးရမည်ဖြစ်သည်..။

"နားလည်ပါပြီ.."

တပည့်တွေဟာ ချက်ချင်းလှုပ်ရှားလိုက်ကြသည်..။

"မာရှန်းကို ဖမ်းထားလိုက်..။သူ့ကို စစ်မေးစရာတွေ ရှိသေးတယ်.."

ကျိုးယွန်ဂျီ ညွှန်ကြားလိုက်သည်..။

.

"သိပါပြီ.."

"ကျွန်တော်မှာ အပြစ်မရှိဘူး ဂိုဏ်းတူ အစ်ကို.."

မာရှန်းက တော့ သူ အပြစ်ကင်းစင်ကြောင်း အော်ဟစ်ပြီး ငြင်းဆန်နေဆဲဖြစ်သည်..။သို့ပေမယ့် ဖမ်းဆီးမူကိုတော့ တုန့်ပြန်ရဲခြင်း မရှိပေ..။

"မင်း အပြစ်ရှိလား မရှိလား အချိန်က ဆုံးဖြတ်ပေးလိမ့်မယ်.."

ကျိုးယွန်ဂျီ အေးစက်စွာ ပြောလိုက်သည်..။

အခုချန်မှာတော့ သူ တည်ငြိမ်နေခဲ့သည်..။မာရှန်း၏ အခြေအနေက မရှင်းလင်း သေးပေမယ့် ဖြစ်န်ိုင်ချေက အတော်များ၏..။ရှောင်နန်ဖန်း အတွက်ကတော့..ကျိုးယွန်ဂျီ အပြည့်အဝ မယုံကြည်သေးပေ..။

"ငါ မင်းရဲ့ စကားတွေကိုပဲ ကြားရသေးတယ်..။ငါ မာစတာကို ကိုယ်တိုင်မေးပြီး အတည်ပြုဖို့ လိုအပ်တယ်.."

ကျိုးယွန်ဂျီ ရှောင်နန်ဖန်းကို အေးစက်စွာကြည့်ပြီး ပြောလိုက်သည်..။

"မာစတာက အခုချိန်မှာ အရေးကြီးတဲ့ ကျင့်ကြံမူကို လုပ်နေတယ်..။အခုချိန်ဘယ်သူမှ နှောက်ယှက်လို့ မရဘူး.."

"ဘေးဖယ်လိုက်..။မင်းက တစ်ခုခုကို ဖုံးကွယ်ချင်နေတာလား.."

ကျိုးယွန်ဂျီ မျက်လုံးကျဥ်းမြောင်းသွားခဲ့သည်..။

"တက်ရောက်မူ တံဆိပ်ပြားနဲ့..ခန်းမထဲကို ဘယ်သူမှ မဝင်ဖို့ အမိန့်ပေးတယ်..။ဒီအရာကို မနာခံတာက တံဆိပ်ပြားရဲ့ လုပ်ပိုင်ခွင့်တွေကို ဆန့်ကျင်တာပဲ.."

ရှောင်နန်ဖန်း တံဆိပ်ပြားကို မြှောက်လိုက်ပြီး..ခန်းမ၏ ဝင်ပေါက်ကိုသွားကာ ပိတ်ရပ်ထားလိုက်သည်..။

"ငါ ဝင်မယ် ဆိုရင်ရော.."

ကျိုးယွန်ဂျီ၏ အော်ရာ ဟာ ထွက်ပေါ်လာခဲ့၏..။

ရှောင်နန်ဖန်းသည် သူ့ဆီကို သန်မာသည့် ဖိအားတစ်ခု ရောက်လာတာကို ခံစားလိုက်ရသည်..။သူ၏ နှာဖူးတွင် ချွေးများ စို့လာခဲ့၏..။ဆရာတူ အစ်ကိုက ဘယ်လောက်ထိတောင် သန်မာနေပြီလဲ..။

ယွဲ့အာ သည် ရှောင်နန်ဖန်း၏ အနားကို လျောက်လာခဲ့ပြီး အကာအကွယ်တစ်ခု ဖန်တီးကာ..ဖိအားကို လျော့ချပေးလိုက်သည်..။

"ဂိုဏ်းတူအစ်ကို..နန်ဖန်းက တံဆိပ်ပြားကို ကိုင်ထားတာနော်..။သူ့ရဲ့ လုပ်ပိုင်ခွင့်ကို ဆန့်ကျင်တော့ မလို့လား.."

"ယွဲ့အာ..ဘေးကိုဖယ်နေ..မဟုတ်ရင် ငါ့ကို အပြစ်မတင်နဲ့.."

ကျိုးယွန်ဂျီ အေးစက်စွာ ပြောလိုက်သည်..။

ကျိုးယွန်ဂျီ လှုပ်ရှားတော့မယ့် အချိန်မှာပဲ ခန်းမ ၏ တံခါးဟာ ပွင့်လာခဲ့ပြီး လူတစ်ယောက်ထွက်လာခဲ့သည်..။

"မာစတာ..ထွက်လာပြီလား.."

ရှောင်နန်ဖန်း စိတ်သက်သာရာ ရသွားခဲ့၏..။

"ထပ်ပြီး လွတ်သွားပြန်ပြီ..။စိတ်ပျက်စရာပဲ.."

အကြီးအကဲ ကု သက်ပြင်းချလိုက်၏..။

ရှောင်နန်ဖန်း အံ့ဩသွားခဲ့သည်..။အရိုးစုက ထပ်ပြီး လွတ်သွားခဲ့တာလား..။

"ဘယ်သူ လွတ်သွားတာလဲ မာစတာ.."

ကျိုးယွန်ဂျီ သိချင်စွာ မေးလိုက်သည်..။

အကြီးအကဲ ကုက တော့ ပြန်ရှင်းပြမနေပဲ ခေါင်းကိုသာ ခါယမ်းလိုက်၏..။

"အစောက ဘာတွေငြင်းခုန်နေတာလဲ.."

"မာစတာ..ဒီတပည့်ရဲ့ နောက်ခံက အတိအကျမသိရပါဘူး..။တပည့် သူ့ကို နတ်ဆိုးဂိုဏ်းရဲ့ သူလျိုလို့ သံသယ ရှိပါတယ်.."

"မာစတာ..ကျွန်တော် မာရှန်း နဲ့ တစ်ခြား သူလျို တွေကို ဖော်ထုတ်ပေးခဲ့ပေမယ့် သူက ယုံကြည်ဖို့ ငြင်းဆန်နေပါသေးတယ်.."

ရှောင်နန်ဖန်း ရှင်းပြလိုက်သည်..။

ကျိုးယွန်ဂျီ ," မာစတာ..ဒါတွေက နတ်ဆိုးဂိုဏ်းက ရှောင်နန်ဖန်း အဖမ်းခံရတော့မှာသိလို့ လှည့်ကွက်လုပ်လိုက်တာ ဖြစ်နိုင်ပါတယ်..။မာစတာက သူ့ကို ယုံကြည်နေတာကြောင့် နတ်ဆိုးဂိုဏ်းက သူ့အတွက် လူတစ်ချို့ကို စတေးပေးဖို့လည်း ဝန်လေးမှာမဟုတ်ပါဘူး.."

ရှောင်နန်ဖန်းသည် ကျိုးယွန်ဂျီ ကို ထူးဆန်းစွာကြည့်လိုက်သည်..။မင်းက..ကျင့်ကြသူ ထက်..ဇာတ်ညွှန်းရေး ဆရာပဲ ပိုပြီး လုပ်သင့်တာ မဟုတ်ဘူးလား..။

"မာစတာ..လူရွေးချယ်ပွဲတုန်းကလည်း သူက ..ဂိုဏ်းကတပည့်တွေကို အဆက်အသွယ်ရှိတယ် ဆိုပြီး သင်္ဘောပေါ်ကို တက်လာခဲ့ပါတယ်..။ဒါပေမဲ့ ကျွန်တော် အတည်ပြုလိုက်တဲ့ အချိန်မှာတော့ ဒီလို အဆက်အသွယ်တွေ သူ့မှာ မရှိပါဘူး..။ဖြစ်နိုင်တာက သူ့ရဲ့ နောက်မှာ နတ်ဆိုးဂိုဏ်းက ထောက်ပံ့ပေးထားတာ ဖြစ်နိုင်ပါတယ်..။ထပ်ပြောရရင် သူ ဘယ်သူလဲ ဆိုတာကိုလည်း အတိအကျ မသိရပါဘူး..။သူက နာမည် အတုအယောင်ကို သုံးနေတာလား ဆိုတာ ဘယ်သူသိမှာလဲ..."

"အ်ိုး..."

အကြီးအကဲ ကု မျက်ခုံးပင့်တင်သွားခဲ့သည်..။

"ကျွန်တော် သင်္ဘောပေါ်တက်မယ့် တုန်ကင်ပြားကို ရွှေပြား ၂၀ နဲ့ ဝယ်ခဲ့တာပါ..။ဒါက အဆက်အသွယ် မဟုတ်ဘူးလား..။ကျွန်တော်ရဲ့ နောက်ခံကတော့ မိဘတွေက လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက ဆုံးပါးသွားကြပါပြီ..။အစေခံတွေ က သူတို့သေသွားပြီလိူ့ ပြောကြပြီး ကျွန်တော်ရဲ့ ပိုင်ဆိုင်မူတွေကိုပါ လုယူခဲ့ကြပါတယ်..။ဒါကို ကျွန်တော်ရဲ့နောက်ခံကို ဘယ်လိုလုပ် စာရင်းသွင်းရတော့မှာလဲ..။နာမည်အတွက်ကတော့..ကျုပ် နန်ဖန်းရဲ့ နာမည်ကို ကျုပ်ရဲ့ အဖေကိုယ်တိုင် ပေးထားခဲ့တယ်ဆိုတာ မိုးကောင်းကင်ကို တိုင်တည်ပြီး သစ္စာဆိုပါတယ်.."

သူ ဆက်ပြောလိုက်သည်..။

"မော်တယ် ဌာနရဲ့ ရီဒါဖူက ကျွန်တော်ပြောနေတာတွေကို သက်သေခံပေးနိုင်ပါတယ်..။ဆရာတူ အစ်ကိုကရော..တကယ်လို့ ကျွန်တော်ကို သံသယဖြစ်တယ်ဆိုရင် ဘာလို့ ပေါ်တင် စစ်ဆေးမူ မလုပ်ရတာလဲ..။ဘာလို့ ကျွန်တော်ဆီကို သူတောင်းစားလို ချည်းကပ်ပြီး ကျွန်တော်ရဲ့ ပိုက်ဆံကို လိမ်ညာဖို့ ကြိုးစားရတာလဲ.."

ကျိုးယွန်ဂျီ အေးခဲသွားခဲ့သည်..။

"ငါ ဘယ်တုန်းက သူတောင်းစားပုံစံ ဟန်ဆောင်လို့လဲ..။ငါ မင်းရဲ့ ပိုက်ဆံကို ဘယ်တုန်းက လိမ်ညာခဲ့လို့လဲ..။မင်းကိုယ်တိုင် ငါ့လက်ထဲကို ထည့်ပေးခဲ့တာလေ..။မင်းရဲ့ ရွှေပြားလေးပြားကို ငါစိတ်ဝင်စားတယ်လို့ မင်းထင်နေတာလား.."

"ဂိုဏ်းတူအစ်ကိုက..နန်ဖန်းဆီက ရွှေပြားလေးပြား လိမ်ညာခဲ့တာလား..။ဘယိလိုလုပ် ဒီလို အလုပ်မျိုးကို လုပ်ရတာလဲ.."

ယွဲ့အာ ရေရွတ်လိုက်သည်..။

ကျိုးယွန်ဂျီ : " ရွှေပြားလေးပြားကိစ္စကို အခု မပြောသေးလို့ မရဘူးလား.."

"မာစတာ တပည့်ပြောတာတွေ အားလုံး အမှန်တွေဖြစ်ကြောင်း ကျိန်ဆိုပါတယ်..။ကျေးဇူးပြုပြီး သေချာ ဆင်ခြင်ပေးပါ.."

ရှောင်နန်ဖန်း အကြီးအကဲ ကုကို ဂါဝရပြုပြီး ပြောလိုက်သည်..။

"မာစတာ..ဒီတပည့်က တစ်ခုခု မှားယွင်းနေတာ သေချာပါတယ်..။သူက ကျွန်တော်တို့ကို တစ်ခုခုဖုံးကွယ်ထားပါတယ်.."

ကျိုးယွန်ဂျီ အော်ပြောလိုက်သည်..။

"တော်လောက်ပြီ.."

အကြီးအကဲ ကု ပြောလိုက်၏..။

လူတ်ိုင်း တိတ်ဆိတ်သွားခဲ့ကြသည်..။

"နန်ဖန်း မလိမ်ဘူးဆိုတာ ဆရာ ယုံကြည်တယ်..။သူက နတ်ဆိုးဂိုဏ်းရဲ့ သူလျိုမဟုတ်ဘူး.."

အကြီးအကဲ ကု လေးနက်စွာ ပြောလိုက်သည်..။

"မာစတာ.."

ကျိုးယွန်ဂျီ မခံရပ်နိုင်စွာ ရေရွတ်လိုက်၏..။

"သက်သေခံပေးတဲ့အတွကိ ကျေးဇူးပါ မာစတာ.."

ရှောင်နန်ဖန်း အကြီးအကဲ ကု ကို အရိုအသေပေးကာ ပြောလိုက်သည်..။

All Chapters