မနာလိုမူ
Vol. 2 Ch. 28
ဘာသာပြန် = စမင်းသိုက်
နှစ်ရက် ကြာပြီးနောက်..။
ကျမ်းစာ တိုက်ထဲတွင်...။
"ဂိုဏ်းတူ အစ်ကို နန်ဖန်း..ဒီမှာ သန့်စင်သော ယန်ချီနဲ့ ပတ်သက်တဲ့..ကျမ်းစာ ဆယ်ခုကို ရွေးပေးထားပါတယ်..။အကြီးအကဲ ကု က ..အပြစ်ပေးဖို့အတွက် ရွေးချယ်ထားဖို့ တောင်းဆိုထားတယ်လေ.."
ကျမ်းစာတိုက်တွင် အလုပ်လုပ်သည့် တပည့်တစ်ယောက်က အလွန်ထူသည့် ကျမ်းစာလိပ်တွေကို ရှောင်နန်ဖန်း ထံ ကမ်းပေးလိုက်ပြီး ပြောလိုက်ခြင်းဖြစ်သည်..။
ရှောင်နန်ဖန်း ဂရုတစိုက်နှင့် လှမ်းယူလိုက်ပြီး..
"တရားထိုင်ခြင်း ကမ်းပါး မှာ..ရွက်ဆိုဖို့ နောက်ထပ် စာလိပ် နည်းနည်းလောက် ထပ်ယူလို့ ရနိုင်မလား.."
"ဟင်..."
ခနကြာမှ တပည့်ဖြစ်သူက ပြန်ဖြေလိုက်သည်..။
"ဒီလို မယူရဘူးဆိုတဲ့ စည်းကမ်းတော့ မရှိပေမယ့် ကိုယ်ရွေးထားတဲ့ စာလိပ်တွေကို ပြီးပြည့်စုံအောင် ရွတ်ဆိုနိုငိဖို့တော့ လိုအပ်တယ်နော်.."
"ကောင်းပါပြီ..ကျေးဇူးပြုပြီး နောက်ထပ် အလိပ်နှစ်ဆယ် လောကိ ရွေးပေးပါဦး.."
ရှောင်နန်ဖန်း ပျော်ရွှင်စွာ ခေါင်းညိမ့်ပြီးပြောလိုက်သည်..။
"သေချာရဲ့လား.."
တပည့်ဖြစ်သူ အံ့ဩသွားခဲ့သည်..။သူ နားကြားမှားတာတော့ မဟုတ်ဘူးမလား..။
"ဘာဖြစ်လို့လဲ..။ပြသနာ တစ်ခုခု ရှိနေတာလား.."
ရှောင်နန်ဖန်း နားမလည်စွာ မေးလိုက်သည်..။
"မဟုတ်ပါဘူး ဂိုဏ်းတူ အစ်ကို..။ဒါက အံ့ဩဖို့ကောင်းလို့ပါ.."
တပည့်ဖြစ်သူက ရှောင်နန်ဖန်းကို ထူးဆန်းသည့် အကြည့်ဖြင့်ကြည့်လိုက်သည်..။သူ ရှောင်နန်ဖန်းလို လူမျိုးကို အရင်က တစ်ခါမှ မမြင်ခဲ့ဖူးပေ..။သူက ကိုယ့်ဘဝကို ခက်ခဲအောင် လုပ်နေတာ မဟုတ်ဘူးလား..။
"ကျေးဇူးပါ.."
ရှောင်နန်ဖန်းကတော့..စိတ်ဝိဥာဥ် ထဲမှာ ယင် ပုလဲလုံးရှိနေခြင်းကြောင့်..စာလိပ်များကို တစ်ခေါက်ဖတ်ပြီးလျင်..ပြန်ပြီးမှတ်မိနေခဲ့သည်..။သူ့အနေနဲ့ ဒီအရာတွေကို နားလည်ရတာ လွယ်ကူယုံတင်မကပဲ..သန်မာလာစေရန် အတွက်ပါ ဖြတ်လမ်းတစ်ခုဖြစ်သည်..။
တရားထိုင်ခြင်း ကမ်းပါးကို လျောက်သွားသည့် အချိန်တွင် သူက အရင်နေ့တွေကနဲ့ မတူသည့် ခံစားချက်မျိုးကို ရနေခဲ့သည်..။
"ကောင်းသော မနက်ခင်းပါ ဂိုဏ်းတူ အစ်ကို နန်ဖန်း.."
"ကောင်းသော မနက်ခင်းပါ ဂိုဏ်းတူ ညီလေး နန်ဖန်း.."
မရေမတွက် နိုင်သည့် တပည့်များသည် ရှောင်နန်ဖန်းကို မြင်တာနဲ့ တလေးတစား နှုတ်ဆက်နေခဲ့ကြသည်..။
ရှောင်နန်ဖန်း စိတ်ရှုပ်ထွေးနေခဲ့၏..။သို့ပေမယ့် သူ တစ်ယောက်ချင်းစီကို ခေါင်းညိမ့်ပြပြီး ပြန်နှုတ်ဆက်နေခဲ့သည်..။
"သူတို့က နင့်ကို ဘာလို့ ဒီလို ဆက်ဆံလဲ ဆိုတာ သိချင်နေတာလား.."
အနက်ရောက် ဝတ်စုံနှင့် ယွဲ့အာသည် သူ့အနားကို ရုတ်တရက် ပေါ်လာခဲ့သည်..။
ရှောင်နန်ဖန်း မျက်လုံးအရောင်လက်သွားခဲ့ပြီး..
"ဂိုဏ်းတူ အစ်မ ယွဲ့အာ..ဒီကို ရောက်နေတာလား..။ကျေးဇူးပြုပြီး ကျွန်တော်ကို ရှင်းပြပေးပါဦး.."
"လူတိုင်းက နင်က ကျိုးယွန်ဂျီကို ထိပ်တိုက် ရင်ဆိုင်ခဲ့တဲ့ အကြောင်းကြားထားခဲ့ကြတယ်လေ.."
ယွဲ့အာ ပြုံးပြီးပြန်ဖြေလိုက်သည်..။
"ဒီတော့ ဘာဖြစ်လဲ.."
ရှောင်နန်ဖန်းကတော့ စိတ်ရှုပ်ထွေးနေတုန်းဖြစ်၏..။
"ကျိုးယွန်ဂျီ က တက်ရောက်မူ ဌာနရဲ့ တပည့်ခေါင်းဆောင်ဖြစ်ပြီး စည်းကမ်းထိန်းသိမ်းရေး တာဝန်ရှိတဲ့ လူတစ်ယောက် ဆိုလည်း ဟုတ်တယ်..။သူက အရမ်းကိုတင်းကြပ်ပြီး အမှားသေးသေးလေး ဆိုရင်တောင်..ကျမ်းစာတိုက်ကိုလွှတ်ပြီး ပြစ်ဒဏ်ပေးတတ်တယ်လေ..။သူက ဌာနခေါင်းဆောင်ကို တောင် မတင်ပြပဲ..ကိုယ်တိုင်အပြစ်ပေးမူ တွေကို အမြဲလုပ်လေ့ရှိတယ်လေ..။ငါတို့ ဌာနက လူတွေက သူ့ရဲ့ ဆိုးဝါးတဲ့ ဘက်ခြမ်းကိုပဲ မြင်တွေ့နေခဲ့ရတယ်..။တစ်ခြားလူတွေက သူ့ကို မကြိုက်ပေမယ့်လည်း ထိပ်တိုက် ရင်မဆိုင်ရဲကြဘူး..။နင် လုပ်ခဲ့တဲ့ အရာကသူတို့ လုပ်ချင်နေကြတဲ့ အရာဖြစ်နေတော့ သူတို့က နင့်ကို လေးစားအားကြနေကြတာလေ.."
ယွဲ့အာ ရှင်းပြလိုက်သည်..။
"ဂိုဏ်းတူ အစ်မ ကိုလည်း အဲ့နေ့က ကျွန်တော့်ဘက်မှာ ရပ်တည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.."
ရှောင်နန်ဖန်း ကျေးဇူးတင်စွာပြောလိုက်သည်..။
"ဒါပေါ့ ငါက တိုင်ချင် ဂိုဏ်းရဲ့ ဂျီရှီယု ပဲ..။ငါက မိတ်ဆွေတွေ အကူညီလိုနေရင် ဘယ်တော့မှ နောက်မှာ မနေတတ်ဘူး..။နင်ကရော..အကြီးအကဲ ကု ငါ့ကို တပည့်အဖြစ် လက်ခံလာအောင် ပြောဖို့ ကတိပေးထားတာလေ..။တစ်ခုခု လုပ်ပြီးပြီလား.."
"စိတ်မပူပါနဲ့..ကျွန်တော် အစွမ်းကုန် ကြိုးစားပေးသွားမှာပါ.."
ရှောင်နန်ဖန်း လေးနက်စွာ ပြန်ဖြေလိုက်သည်..။
ယွဲ့အာ မျက်လုံး အရောင်လက်သွားခဲ့၏..။
"ဒီလိုဆိုရငိတော့ နင့်ကို ကျေးဇူးတင်ရတော့မယ်.."
သူတို့နှစ်ယောက်သည် တရားထိုင်ခြင်း ကမ်းပါးကို ရောက်သည်အထိ စကားပြောနေခဲ့ကြသည်..။
သူတို့ နှစ်ယောက် စကားပြောနေတုန်းမှာပဲ ရှောင်နန်ဖန်းသည် သူ့ကို သတ်ဖြတ်လိုသည့် အကြည့်များဖြင့် တစ်စုံတစ်ယောက်က ကြည့်နေသည်ကို ခံစားမိလိုက်၏..။
သူ လှည့်ကြည့်လိုက်သည့် အချိန်မှာတော့ သိပ်မဝေးသည့် နေရာတွင် ရင်းနှီးသည့် မျက်နှာများကို တွေ့လိုက်ရသည်..။
"ရီဲဒါဖူ လား..။မင်းက ဒီမှာ ဘာလုပ်နေတာလဲ.."
ရှောင်နန်ဖန်း မိတ်ဆွေကို ပြန်တွေ့သည့်အလား လှမ်းအော် မေးလိုက်သည်..။
ရီဒါဖူ နှင့် နောက်လိုက်များကတော့ ရှောင်နန်ဖန်းကို ဒေါသတကြီး ကြည့်နေကြ၏..။
ရီဒါဖူ နှာခေါင်းရှုတ်လိုက်ပြီး တစ်ဖက်ကို လှည့်ကာ ရှောင်နန်ဖန်း၏ မေးခွန်းကို လျစ်လျူရူထားလိုက်သည်..။သူ၏ နောက်လိုက်များကလည်း အတူတူပင်ဖြစ်၏..။
"ဒီကောင်တွေက ဘာဖြစ်နေကြတာလဲ.."
ရှောင်နန်ဖန်း အံ့ဩသွားခဲ့သည်..။
"မနေ့က..နင် တုန်ကင်ကို တစ်စုံတစ်ယောက် ဆီကဝယ်ခဲ့တာကို ရီဒါဖူတို့ သိတယ်လို့ မပြောခဲ့ဘူးလား..။ကျိုးယွန်ဂျီက ဒီကိစ္စကို သွားအတည်ပြုခဲ့ပေမယ့် သူတို့က အမှန်ကို မပြောခဲ့ကြဘူး..။သူတိူ့က ကျိုးယွန်ဂျီကို စိတ်ရှုတ်အောင် သွားလုပ်ကြလို့ ကျမ်းစာတိုက်မှာ အပြစ်ပေးခံထားကြရတာ..ဟီးဟီး.."
ရှောင်နန်ဖန်း : ....
ကျိုးယွန်ဂျီကို လူတိုင်းက ကြည့်မရဖြစ်နေသည်မှာ အံ့ဩစရာ မရှိတော့ပေ..။သူက တက်ရောက်မူ ဌာနက စီနီယာ ဖြစ်ပေမယ့် တစ်ခြား ဌာနမှ ဂိုဏ်းသားအသစ်ကို အပြစ်ပေးထားခဲ့သည်..။ဒါက တစ်ခြား ဌာနအတွက် ရှက်စရာ တစ်ခုဖြစ်၏..။
"ရီဒါဖူ ..မင်းက ကျိုးယွန်ဂျီကို ဘာတွေသွားပြောခဲ့တာလဲ.."
ရှောင်နန်ဖန်း မနေနိုင်တော့ပဲ မေးလိုက်သည်..။
ရီဒါဖူ ကတော့ နှာခေါင်းရှုတ်လိုက်ပြီး သူမေးတာကို မကြားဟန် ဆောင်နေခဲ့သည်..။
"ငါကတော့ ရီဒါဖူ နဲ့ သူ့နောက်လိုက်တွေက နင့်အကြောင်းကို မဟုတ်တာတွေ အကုန်လျောက်ပြောခဲ့တယ်လို့ ကြားတယ်..။ကျိုးယွန်ဂျီက အစကတော့ စိတ်လှုပ်ရှားခဲ့ပေမယ့် နောက်ပိုင်းမှာ အလိမ်ညာတွေဆိုတာကို သိသွားပြီး ဒေါသထွက်ပြီး သူတို့ကို အပြစ်ပေးခဲ့တာ.."
ယွဲ့အာ ရှင်းပြလိုက်သည်..။
"ကောင်းပြီ ငါ ကျမ်းစာတိုက်ကို သွားလိုက်ဦးမယ်..။ငါ့ကို ကတိပေးထားတာလည်း မမေ့နဲ့ဦး.."
ယွဲ့အာ ..ရှောင်နန်ဖန်းနှင့် စကားပြောပြီးသည်နှင့် ချက်ချင်းပဲ ပြန်ထွက်သွားခဲ့သည်..။
"ဂိုဏ်းတူ အစ်ကို နန်ဖန်း..ကျွန်တော်က ဒီက တပည့်တွေ အပြစ်ပေးခံရတာကို စောင့်ကြပ်ရတာပါ..။ဒီ စာလိပ် သုံးဆယ်က..ဂိုဏ်းတူ အစ်ကို အလွတ်မှတ်ရမယ့် စာလိပ်တွေလား.."
အပြင်စည်း တပည့်တစ်ယောက်သည် ရှေ့ကို တက်လာပြီး ပြောလိုက်သည်..။
"ဒါ အမှန်ပဲ..အလွတ်ရပြီဆိုရင် အသိပေးပါ့မယ်.."
"ကောင်းပါပြီ စီနီယာ အစ်ကို.."
တပည့်ဟာ ပြောပြီး ထွက်သွားခဲ့သည်..။
"စာလိပ်သုံးတယ်လား..။သူက ငါတို့ထက်တောင် ဘဝပျက်နေပါလား.."
ရီဒါဖူ၏ နောကိလိုက်တစ်ယောက်က တီတိုးပြောလိုက်သည်..။
ရီဲဒါဖူ နှင့် နောက်လိုက်များသည် စာလိပ်အပြည့် ကိုင်ထားသည့် ..ရှောငိနန်ဖန်းကို လှမ်းကြည့်လိုက်ကြ၏..။
"တကယ် စာလိပ်သုံးဆယ်လား..။ငါက သူဒီမှာ သက်သောင့်သက်သာ ရှိနေရတယ် လို့ ထင်နေတာ..။ကျိုးယွန်ဂျီက ငါတို့ကို စာလိပ်တစ်လိပ်စီပဲ..အပြစ်ပေးခဲ့ပေမယ့် သူက အခုသုံးဆယ်တောင် အလွတ်မှတ်ရမှာ..။ဒါက ဘယ်လောက်တောင်ကြာလိုက်မလဲ.."
ရီဒါဖူ ရုတ်တရက် ခံစားချက်တွေကောင်းမွန် လာခဲ့သည်..။
.
"အမှန်ပဲ..။သူ ဒုက္ခရောက်နေတာကို ကျွန်တော်တို့ အေးဆေးကြည့်လို့ ရပြီ.."
ရီဒါဖူ၏ နောကိလိုက်တစ်ယောက်က ရေရွတ်လိုက်သည်..။
ရှောင်နန်ဖန်း ခေါင်းခါယမ်းလိုက်ပြီး သူ တို့ကို လျစ်လျူ ရူထားလိုက်၏။သူ တာအိုကျမ်းစာလိပ် တစ်ခုကို ထုတ်လိုက်ပြီး စတင်ဖတ်လိုက်သည်..။
ရီဒါဖူ နှင့် နောက်လိုက်များကတော့ စကားတွေကိုသာ တီးတိုးပြောဆိုနေကြသည်..။သူတို့က စာလိပ်တစ်ခုသာ ..ကျတ်မှတ်ရသော်လည်း ..ဒါက ညှင်းပန်းနိုပ်စက် ခံနေရသလို ခံစားရ၏..။
"ဂိုဏ်းတူ ညီလေး..။အစ်ကို ဒီစာလိပ်ကို ရသွားပြီ..။အလွတ်ရွတ်ဆို ချင်လို့ ရလား.."
ရှောင်နန်ဖန်းသည် အပြစ်ပေးသည့်နေရာတွင် တာဝန်ရှိသည့် တစ်ပည့်တစ်ယောက်ကို လှမ်း ခေါ်လိုက်၏..။
"အာ..စီနီယာ အစ်ကို နန်ဖန်းက တစ်ခေါက်ဖတ်လိုက်တာနဲ့ ရနေပြီလား.."
အပြည်စည်း တပည့်က အံ့ဩသင့်စွာ ပြောလိုက်သည်..။
"ဟင်.."
ရီဲဒါဖူ အံ့ဩသင့်စွာ ကြည့်လိုက်၏..။
"ဟာသပဲ..ငါတို့ ကျတ်နေတာ တစ်မျက်နှာတောင် မရသေးတာကို ဒီငနဲက ဘယ်လိုလုပ် စာလိပ်တစ်ခုလုံးကို ရသွားတာလဲ.."
နောကိလိုက်တစ်ယောက်က ရေရွတ်လိုက်သည်..။
သိပ်မဝေးတဲ့ နေရာမှာတော့ ရှောင်နန်ဖန်းသည် ကျမ်းစာကို စတင်ရွတ်ဆိုနေခဲ့၏..။
"မဖြစ်နိုင်တာ..သူက ဘယ်လိုဖြစ်ပြီး မြန်မြန်ရသွားတာလဲ ."
ရီဒါဖူတို့သည် မနာလိုသည့် မျက်နှာများဖြင့် စောင့်ကြည့်နေကြ၏..။
ခနကြာပြီးနောက်မှာတော့ ရှောင်နန်ဖန်း ရွတ်ဆိုလို့ ပြီးသွားခဲ့၏..။
"ပြီးပြည့်စုံတယ် ဂိုဏ်းတူ အစ်ကို..။တစ်လုံးမှကို မှားပြီး မဆိုသွားဘူး..။ဒီဟာကို အရင်ကများ ဖတ်ဖူးနေတာလား.."
ရှောင်နန်ဖန်းကတော့ ဘာမှ ပြန်မဖြေပဲ ပြုံးယုံသာ ပြုံးပြလိုက်သည်..။
နာရီဝက်ခန့်ကြာပြီး နောကိတွင်တော့ ရှောင်နန်ဖန်းသည် တပည့်ကို ထပ်ပြီး ခေါ်လိုက်၏..။
"ဂိုဏ်းတူ ညီလေး..နောက်တစ်လိပ်လောက် ထပ်ဆိုချင်လို့.."
စောင့်ကြည့်ရသည် ထူးဆန်းသည့် အကြည့်ဖြင့် အနားကို ရောက်လာခဲ့သည်..။
ရီဒါဖူတို့လည်း ဒီအသံကိုကြားပြီး ထပ်ကြည့်လိုက်ကြ၏..။သူက နောက်တစ်လိပ်ကို တကယ်ပဲ ရသွားတာလား..။
ရှောင်နန်ဖန်း ဒုတိယ စာလိပ်ကို ဆိုပြီးသည့် နောက်တွင် မျက်လုံးကို ခနမှိတ်ကာ..အနက်အဓိပ္ပါယ်တွေကို ဆင်ခြင်လိုက်ပြီးမှ တတိယ စာလိပ်ကို ထပ်ကြည့်လိုက်၏..။
ရီဒါဖူနှင့် နောကိလိုက်များ..အမှန်တရားကို လက်ခံရန် ခက်ခဲနေသည့် အချိန်မှာပင် မနက်ခင်းက တဖြည်းဖြည်း ကုန်လွန်သွားခဲ့သည်..။
အဲ့အချိန်မှာတော့ ရှောင်နန်ဖန်းက ကျမ်းစာလိပ် ငါးခုကို မမှားယွင်းပဲ ဆက်တိုက် ဆိုပြီးသွားပြီ ဖြစ်၏..။တစ်ချို့လူတွေကတော့ ရှောင်နန်ဖန်းကို ထူးဆန်းစွာ လှမ်းကြည့်နေခဲ့ကြသည်..။
"ဘာတွေများ ဆန်းကျယ်နေလို့လဲ..။သူက စားသားမှတ်တဲ့နေရာမှာပဲ..ထူးချွန်နေတာ..။အမှန်က သူရွတ်နေတာ ဘာအဓိပ္ပါယ်လဲ ဆိုတာတောင် သူ သိမှာမဟုတ်ဘူး..။ဘာတွေ အံ့ဩစရာရှိလို့လဲ.."
ရီဒါဖူ ..ရှောငိနန်ဖန်းကို လူတွေ အာရုံစိုက်နေတာကိုမြင်ပြီး မနာလိုစွာ လှမ်းပြောလိုက်ခြင်းဖြစ်သည်..။