← Chapters

ကျိန်စာသင့် ကျူးကျော်ခြင်း

Vol. 2 Ch. 30

ကျိန်စာသင့် ကျူးကျော်ခြင်း

Vol. 2 Ch. 30

ဘာသာပြန် = စမင်းသိုက်

လေးရက်ကြာပြီးနောက်..။

ညဘက် မှိန်ပြပြ လရောက် အောက်တွင်..။

ရှောင်နန်ဖန်းသည် အဝေးမှ ကျမ်းစာရွတ်ဖတ်သံများကို နားထောင်ရင်း အိပ်စက် အနားယူနေခဲ့၏..။ကျမ်းစာတွေ မှတ်သားရတာ နှင့် ကိုယ်ခံပညာ လေ့ကျင့်ရသည့် အတော်လေးကို အားအင်ကုန်ခမ်းစေသောကြောင့် သူ ညဘက်ကို ကောင်းစွာ အနားယူလေ့ရှိသည်..။

သို့ပေမယ့် ဒီနေ့ည အိပ်မက်ကတော့ သိပ်ပြီး မူမမှန်ခဲ့ပေ..။ရှောင်နန်ဖန်း သည် သူ့ကိုယ်သူ တောင်တန်းတစ်ခု ကြားတွင် ရောက်နေသည်ကို ခံစားမိလိုက်၏..။သူက ရေအိုင်တစ်အိုင် အနားတွင် ထိုင်ပြီး ငါးမြှားနေခဲ့သည်..။အတော်ကြာအောင် စောင့်နေခဲ့သော်လည်း ဘာ ငါးမှ ပေါ်မလာခဲ့ပေ..။သို့ပေမယ့် ူာ အလျင်မလိုခဲ့ချေ..။သူ စိတ်ရှည်ရှည်နှင့်သာ စောင့်ဆိုင်းနေခဲ့၏..။

ရုတ်တရက် သူ၏ ငါးမြှားကြိုးက တင်းလာခဲ့၏..။

သူ တစ်ခုခုကို ဖမ်းမိခဲ့တာလား...

သူ၏ မျက်လုံး အရောင်တောက်သွားခဲ့သည်..။သူ ငါးမြှားတံကို အပေါ်ကို ဆွဲလိုက်သည့် အချိန်တွင်..ရေအိုင်က လှိုင်းများ လှုတ်ခတ်လာခဲ့သည်..။ဖြည်းညှင်းစွာပဲ အရိုးစု တစ်ခုသည် မျက်နှာပြင်ထက်သို့ တက်လာခဲ့၏..။

"အား..."

ရှောင်နန်ဖန်း အော်ဟစ်လိုက်သည်..။

သူ ဒီအရိုးစုက ဘာလဲ ဆိုတာကို ချက်ချင်းမှတ်မိလိုက်၏..။

"ငါ အိပ်မက်ကမ္ဘာထဲကို ရောက်နေတာလား.."

ရှောင်နန်ဖန်း သိချငိသွားခဲ့သည်..။

ရုတ်တရက် ရေကန်က များပြားလှသည့် အငွေ့များ ပေါ်ထွက်လာခဲ့ပြီး ကောငိးကင်ကိုတောငိ ဖုံးအုပ်သွားခဲ့သည်..။ရေအိုင် နှင့် တောင်ကြားတစ်ခုလုံးက အနက်ရောင် အငွေ့တွေ ပြည့်နှက်သွားခဲ့၏..။

"ငါ အိပ်မက်မက် နေတာလား..။ဒါဆိုရင် ငါ ပြန်ပြီး နိုးထဖို့ လိုအပ်တယ်.."

ရှောင်နန်ဖန်း သူ့ကိုယ်သူ ဆိတ်ဆွဲလိုက်သည်..။

သူ ပြန်ပြီး နိုးထဖို့ နည်းလမ်းပေါင်းစုံကို အသုံးပြုခဲ့ပေမယ့်လည်း ပြန်နိုးလာအောင် မစွမ်းဆောငိနိုင်ခဲ့ပေ..။

ရေကန်ထဲမှာတော့ အရိုးစု၏ ဦးခေါင်းက လှုပ်နေခဲ့၏..။သူက ရေကန်၏ မျက်နှာပြင်ထက်ကို တက်ဖို့ အတွက် ကြိုးစားနေခဲ့သည်..။

"မင်း..မင်း ငါ့အိပ်မက်ထဲကို ဘယ်လိုဝင်လာတာလဲ.."

ရှောင်နန်ဖန်း ဒေါသတကြီး အော်ဟစ်လိုက်သည်..။

သူ ငါးမြှားကြိုးထဲကို စိတ်ဝိဥာဥ် စွမ်းအင် ထည့်သွင်းပြီး အရိုးစူကို တိုက်ခိုက်လိုက်ပေမယ့်..အရိုးစုကတော့ နစ်မြုပ်သွားရမယ့်အစား အပေါ်ကိုသာ ပိုပို ရောက်လာခဲ့သည်..။

ရှောင်နန်ဖန်းသည် အရိုးစု၏ အထင်မြင်သေးသည့် ပုံစံကို မြင်ရလိုက်၏..။သူ့ဆီကို ကပ်ဆိုးတစ်ခု ရောက်လာတော့မယ်လို့တောင် ခံစားနေခဲ့ရသည်..။

"ချီးပဲ..အရိုးစု..ငါ့အိပ်မက်ထဲကနေ ထွက်သွား.."

အရိုးစုကတော့ ရေကန်ထဲကနေ ထိုးတက်ပြီး ရှောင်နန်ဖန်း၏ အိပ်မက်ထဲကို မရမက ဝင်ရောက်ဖို့ကိုသာ ကြိုးစားနေခဲ့သည်..။ရှောင်နန်ဖန်းကတော့ ထွက်ပြေးလို့ မရသလို ပြန်ပြီး နိုးထရန်လည်း မစွမ်းဆောင်နိုင်ခဲ့ချေ..။

အပြင်ဘက် ကမ္ဘာရှိ ရှောင်နန်ဖန်း၏ အိပ်ခန်းတွင်တော့ သူ၏ ခန္တာကိုယ်ဟာ နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့သည်..။အိပ်ခန်းတွင်လည်း အနက်ရောင် အငွေ့များဖြင့် ပြည့်နှက်နေခဲ့ပြီး..ကြောက်စရာကောင်းသည့် အရိုးစုက ရှိနေပြန်ခဲ့သည်..။

အရိုးစူက လှုပ်ရှားလိုက်သည့် အချိန်မှာတော့..အငွေ့တွေဟာ ပိုမိုသိပ်သည်းလာခဲ့ပြီး ရှောင်နန်ဖန်းကို ရစ်ပတ်ကာ လေပေါ်ကို မြှောက်တက်လာစေခဲ့သည်..။

ရှောင်နန်ဖန်းကတော့..လေပေါ်တွင် မြောက်နေပြီး အိပ်စက်နေဆဲဖြစ်၏..။

အိပ်ဆောင်၏ အပြင်ဘက်တွင်တော့..ကျမ်းစာ ရွတ်ဖတ်သံများက အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်..။

အဲ့အချိန် တရားထိုင်ခြင်း ကမ်းပါး မှာတော့ ရီဒါဖူသည် နောက်လိုက်တွေထဲမှ တစ်ယောက်ကို စိုက်ကြည့်နေခဲ၏..။

"မင်းက ကျမ်းစာကျတ်တာ အနှေးဆုံးပဲ..။ငါတို့ အကုန်လုံး မင်းကို အကြာကြီး စောင့်နေရတယ်.."

"သခင်လေး ကျွန်တော်လည်း အကောင်းဆုံး ကြိုးစားတာပဲ..။ဒီကျမ်းစာကိုက တစ်ခြားဟာတွေထက်ပိုခက်နေတာ.."

နောက်လိုက်ဖြစ်သူက ပြန်ချေပလိုက်သည်..။

"ထားလိုကိတော့..။အခုပြီးပြီ ဆိုတော့ ငါတို့ အကုန်သွားကြမယ်..။ငါတို့ ဘာဆက်လုပ်ရမလဲ ဆိုတာကိုတော့ သိတယ်မလား.."

ရီဒါဖူ ပြုံးလိုက်၏..။

"ဟို ခွေးသားလေးကို လက်စားချေကြမယ်.."

"အမှန်ပဲ..ငါ တကယ်ကို မစောင့်နိုင်တော့ဘူး."

"ဘာအစီစဥ် ရှိလဲ သခင်လေး.."

နောက်လိုက်တွေဟာ ချက်ချင်း တက်ကြွလာခဲ့ကြသည်..။ရီဒါဖူ သူတို့ရဲ့ ပုံစံတွေကိုမြင်ပြီး ကျေနပ်စွာ ခေါင်းညိမ့်လိုက်၏..။

.

"မင်းတို့ အဲ့ကောင်လေးရဲ့ အိပ်ဆောငိကို သိတယ်မလား..။ဟိုဘက်မှာ.."

ရီဒါဖူ ပြတင်းပေါက်တစ်ခုကို လက်ညိုးထိုးပြလိုက်သည်..။

"သူက အထဲမှာလား.."

နောကိလိုက် တစ်ယောက်က မေးလိုက်၏..။

"ဒါပေါ့..သူ အိပ်ခန်းထဲမှာ အိပ်နေတယ် ဆိုတာကို ငါ ကျိန်းသေ ပြောနေနိုင်တယ်.."

ရီဲဒါဖူ ယုံကြည်မူ ရှိစွာ ပြောလိုက်ခြင်းဖြစ်သည်..။

"သူက အိပ်နေတာလား..။သခင်လေး..ကျွန်တော်တို့ကို သူ့အခန်းထဲ ဝင်ပြီးတော့ ရိုက်နှက်ခိုင်းနေတာတော့ မဟုတ်ပါဘူးနော်.."

"ဒီလောက် မျက်လုံးတွေ များနေတာကို..ကျွန်တောိတို့ အဲလို ဝင်လုပ်လို့ ဖြစ်ပါ့မလား.."

"..ဒီကိုကြည့်..."

ရီဒါဖူ မြေကြီးကို လက်ညိုးထိုးပြလိုင်သည်..။မြေကြီးပေါ်မှာတော့..အတော်လေးကြီးသည့် ကျောက်တုံး ၁၁ ခန့် ရှိနေခဲ့၏..။

"ဒါက..."

"ငါ ဒီကျောက်တုံးတွေကို စုဆောင်းထားခဲ့တာ..။ငါတို့ ဒီဟာတွေကို သူ့ ပြတင်းပေါက်ကနေ ပစ်ထည့်ကြပြီး ဒီကောင့်ကို တစ်လလောက် မထနိုင်အောင် လုပ်ကြမယ်..!

ရီဒါဖူ ရက်စက်စွာ ပြုံးပြီးပြောလိုက်သည်..။

"ငါတို့ ပစ်ပြီးတာနဲ့ တန်းပြီးထွက်ပြေးမယ် ဆိုရင် ငါတို့ လုပ်တယ် ဆိုတာကို ဘယ်သူမှ သိကြမှာမဟုတ်ဘူး.."

"အကြံကောင်းပဲ သခင်လေး.."

"ပြတင်းပေါက်က စက္ကူတွေနဲ့ လုပ်ထားတာပဲ..။ငါတို့ရဲ့ ခွန်အားနဲ့ဆိုရင် ​ကျောက်တုံးတွေက သူ့ဆီကို တန်းတန်း မတ်မတ်သွားလိမ့်မယ်..။တကယ်လို့သာ ကျောက်တုံးတွေ သူ့ကို ထိသွားလိမ့်မယ် ဆိုရင်..."

"သူ ဒဏ်ရာတွေ အပြည့်နဲ့ လအနည်းငယ်လောက် အနားယူနေရမှာ အသေအချာပဲ.."

"အံ့ဩစရာ အစီစဥ်ပဲ သခင်လေး..။ပြီးသွားတာ နဲ့ ကျွန်တော်တို့ ကျမ်းစာတိုက်ကို ချက်ချင်းထွက်ခွာမှ ရမယ်..။ဘာပဲဖြစ်ဖြစ်..ကျွန်တော်တို့က အပြစ်ခံယူပြီးသွားပြီလေ.."

ရီဒါဖူ ၏ နောက်လိုက်များဟာ စုဝေးလိုက်ကြသည်..။

"မင်းတို့ တစ်ယောက်ကို တစ်လုံးစီယူထားကြ..။ခနနေ ငါ အချက်ပေးတာနဲ့ အကုန်လုံးတစ်ပြိုင်တည်းပစ်ကြ..။ပြီးတာနဲ့ အတူတူပြေးကြမယ်.."

ရီဒါဖူ ညွှန်ကြားလိုက်သည်..။

"သိပါပြီ သခင်လေး.."

သူတို့ဟာ..ပြတင်းပေါက်နားကိုကပ်ပြီး ရှောင်နန်ဖန်း ရှိလောက်မည့်နေရာကိာ ခန့်မှန်းကာ နေရာကောင်းကို ယူနေကြသည်..။

"အကုန် ပစ်ကြတော့.."

ရီဒါဖူ အချက်ပေးလိုက်၏..။

"မင်းခေါင်းကို ထိဖို့ ဆုတောငိးပေးပါတယ်.."

"မင်းမျက်နှာကိုထိပြီး တစ်လလောက် သတိလစ် နေလိုက်စမ်း..."

ရီဒါဖူနှင့် နောက်လိုက်များသည် ကျိန်ဆဲလိုက်ကြပြီး ရှောင်နန်ဖန်း ၏ ပြတင်းပေါက်ကို ကျောက်တုံးတွေ တစ်ပြိုင်နက်တည်း ပစ်လိုက်ကြ၏..။

ချွန်ထက် လေးလံသည့် ကျောက်တုံးများသည် ပြတင်းပေါက်ကို ထိုးဖောက်ပြီး အိပ်ခန်းထဲအထိ ဝင်သွားခဲ့သည်..။

ရုတ်တရက် မြည်လာသည့် အသံများကြောင့် တစ်ခြားတပည့်များသည် ရှောင်နန်ဖန်း အိပ်ဆောငိ ရှိရာသို့ ကြည့်လိုက်ကြ၏..။

အမှောင်ထဲမှာတော့ ..လူငယ်လေးတွေသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်..။

"ငါတို့ကို ဘယ်သူမှ သတိမထားမိကြဘူး..။လာ သွားကြရအောင်.."

ရီဲဒါဖူ ညွှန်ကြားလိုက်သည်..။

သူတို့ထွက်သွားဖို့ လုပ်ခါနီးမှာပဲ..ဝတိစုံပြည့်လူတစ်ချို့က သူတို့၏ နောက်တွင် ပေါ်လာခဲ့၏..။

"မင်းတို့ ဂိုဏ်းတူ ညီလေး နန်ဖန်းရဲ့ အိပ်ဆောင်ထဲကို ကျောက်ခဲ ပစ်ထည့်လိုက်ကြတာလား.."

"မင်းတို့က ဂိုဏ်းတူညီလေး နန်ဖန်းကို ခိုးပြီး တိုကိခိုက်ချင်နေကြတာပဲ.."

တပည့်များသည်..ရီဒါဖူတို့ အဖွဲ့ကို ဝန်းရံလိုက်ပြီး တားဆီးထားလိုက်ကြသည်..။

"ဟင်..မင်းတို့ ဘယ်တုန်းက ဒီကို ရောက်နေတာလဲ.."

ရီဒါဖူ ပြန်မေးလိုက်၏..။ငါတို့ ဒီခွေးသားလေးရဲ့ ပြတင်းပေါက်ကို ပစ်ထည့်တာ သူတို့ မြင်သွားကြတာလား..။

ရီဒါဖူ၏ နောက်လိုက်များသည်လည်း ထိပ်လန့်သွားခဲ့ကြ၏..။ဘာတွေဖြစ်နေတာလဲ..။သူတို့ ဘယ်လိုရှာတွေ့သွားတာလဲ .။

"မင်းတို့ ဘယ်ကိုရောက်နေတယ်လို့ ထင်နေတာလဲ..။ကျမ်းစာတိုက် ဆိုတာက ဂိုဏ်းထဲမှာ လုံခြုံရေးတင်းကြပ်တဲ့ နေရာတွေတည်းက တစ်ခုပဲ..။တပည့်တွေက အမြဲတမ်း ကင်းလှည့်နေကြတာ..။ငါတို့က ညဘက် ကင်းလှည့်ရတဲ့ အဖွဲ့ပဲ..။မင်းတို့ ဒီမှာ ခိုးကြောင်ခိုးဝှက်လုပ်နေတာကို ငါတို့ မြင်တယ်..။မင်းတို့က တကယ်ပဲ ဂိုဏ်းတူညီလေး နန်ဖန်း ရဲ့ ဆိပ်ဆောင်ကို တိုက်ခိုက်ရဲတာလား.."

ကျမ်းစာရွတ်ဆိုနေကြသည့် တပည့်များသည်လည်း လှုပ်လှုပိရှားရှား ဖြစ်နေကြသည်ကို မြင်ပြီး..ရောက်လာခဲ့ကြသည်..။

"ဂိုဏ်းတူ အစ်ကို နန်ဖန်း တစ်ခုခုဖြစ်သွားသေးလား သွားကြည့်ရအောင်.."

အပြင်စည်းတပည့်တစ်ယောက်က အမြန်ပြောလိုက်ခြင်းဖြစ်သည်..။

ရှောင်နန်ဖန်း ကတော့ အမှန်တကယ်ပဲ အန္တရာယ်နှင့် ကြုံတွေ့နေရပြီဖြစ်၏..။အနက်ရောင် အငွေ့များက ရှောင်နန်ဖန်း၏ ပတ်လည်တွင် ဝန်းရံနေခဲ့ပြီး သူ၏ ခန္တာကိုယ်ကို လေထဲတွင် လွင့်မျောနေစေခဲ့သည်..။

ရှောင်နန်ဖန်း၏ ခန္တာကိုယ်က တဆတ်ဆတ် လှုပ်နေခဲ့သည်..။သူ၏ မျက်နှာမှာ ဒေါသထွက်မူ ၊ ကြောက်လန့်မူ များ ရှိနေပေမယ့်..သူ ပြန်ပြီး နိုးထဖို့အတွက်တော့ မစွမ်းဆောင်နိုင်ခဲ့ပေ..။

ခနအကြာမှာတော့ ​ကျောက်တုံးများတစ်ခုပြီး တစ်ခု ဝင်ရောက်လာခဲ့၏..။

ကျောက်တုံးများက အနက်ရောင် အငွေ့များကို ထိမှန်ပြီး ရှောင်နန်ဖန်းကို ထိန်းချုပ်ထားမူကို ပျက်ပြယ်စေခဲ့သည်..။

ရှောင်နန်ဖန်းသည် လေထဲကနေ ပြီး အောက်ကို ပြင်းထန်စွာ ပြုတ်ကျသွားခဲ့၏..။ဒီလိုကျသွားတာနဲ့ သူ၏ ခန္တာကိုယ် တုန်ခါသွားခဲ့ပြီး မျက်လုံးများပွင့်သွားခဲ့သည် .။

သူ နိုးထနိုငိခဲ့ပြီဖြစ်၏..။

သူ၏ နှာဖူးတွင် ချွေးစေးများ ..ထွက်နေပြီး အတော်လေး ကြောက်ရွံ့နေသည့်ပုံ ပေါ်နေခဲ့သည်..။သူ ဘေးနားပတ်ဝန်းကျင်ကို ကြည့်လိုက်သည့် အချိန်တွင်..အနက်ရောင် အငွေ့အနည်းငယ် ရှိနေသေးပေမယ့် အရိုးစုကိုတော့ မတွေ့ရတော့ပေ..။

"ဂိုဏ်းတူ အစ်ကို နန်ဖန်း ..အဆင်ပြေရဲ့လား.."

တစ်စုံတစ်ယောက်က အပြင်ကနေ အော်ခေါ်လိုက်သည်..။

ရှောင်နန်ဖန်း သူ၏ နှာဖူးက ချွေးစေးများကို သုတ်ပြီး ..အိပ်ခန်းထဲကနေ အမြန်ထွက်လိုက်၏..။

"စီနီယာ အစ်ကို အဆင်ပြေရဲ့လား..။ကျွန်တော်တို့ ဒီအိပ်ခန်းထဲကို ကျောက်ခဲတွေနဲ့ ပေါက်တဲ့ လူတွေကို ဖမ်းမိထားတယ်.."

အပြင်စည်း တစ်ပည့်က ရှေ့ကို တက်လာပြီး ပြောပြလိုက်ခြင်းဖြစ်သည်..။

ရှောင်နန်ဖန်းသည် တပည့်တွေ အများကြီး၏ ဝန်းရံခြင်းကို ခံနေရသည့် ရီဒါဖူတို့ အဖွဲ့ကို ကြည့်လိုက်၏..။

"ဂိုဏ်းတူ ညီလေး..နန်ဖန်း ..ဒါ...ဒါက နားလည်မူ လွဲနေတာပါ.."

ရီဒါဖူ ၏ မျက်နှာတွင် ရှက်ရွံ့မူများ ပြည့်နှက်နေခဲ့သည်..။

"ဟုတ်တယ် ဒါက နားလည်မူ လွဲနေတာပဲ.."

သူ၏ နောကိလိုက်များသည်လည်း ဝင်ပြောလိုက်ကြ၏..။သူတို့က မိသွားတဲ့နောက်မှာ ဘာများ ထပ်လုပ်နိုင်ဦးမှာလဲ..။ဘာမှ မလုပ်နိုင်သည့်အပြင်..ခွင့်လွှတ်မူ တောင်းခံယုံသာ တတ်နိုင်ကြတော့သည်..။

ချီးပဲ ဘာလို့ ဒီလောက် ကံဆိုးနေတာလဲ...

ရှောင်နန်ဖန်းကတော့ ရီဒါဖူတို့ကို တစ်ချက်သာ ကြည့်လိုက်ပြီး လျစ်လျူရူကာ အကြီးအကဲကု ၏ ခြံဝန်းကို ဦးတည်ကာ အမြန်သွားလိုက်သည်..။

"မာစတာ...တပည့် နန်ဖန်း..တွေ့ခွင့်တောငိးပါတယ်.."

ရှောင်နနိဖန်း အော်ပြီးပြောလိုက်၏..။

ရီဒါဖူတို့အဖွဲ့သည် အံ့ဩတကြီး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်..။

"ငါတို့တော့ အဆုံးသတ်ပြီ..။ဒီကောင်လေးက ဒီကိစ္စကို အကြီးအကဲ ကု ဆီသွားတိုင်ချင်နေတာလား.."

"သခင်လေး ကျွန်တော်တို့ အဆုံးသတ်ပြီထင်တယ်.."

ရီဒါဖူလည်း အံ့ဩတုန်လှုပ်နေခဲ့၏..။ဘာလဲ..သူက အကြီးအကဲ ကု ဆီကို တိုက်ရိုက်သွားပြီး တိုင်ချင်နေတာလား..။

ဒါက ကလေးတွေ ရန်ဖြစ်ပြီး သူ့အဖေကို သွားတိုင်နေတာနဲ့ မတူဘူးလား..။

All Chapters