← Chapters

အခန်း (၁၁၆၁)

Vol. 78 Ch. 1161

အခန်း (၁၁၆၁)

Vol. 78 Ch. 1161

ဟိတ်ဟန်ထုတ်တဲ့ နေရာမှာတော့ ငါ၀န်ခံတယ်... မင်းက အတော်ဆုံးပဲ

" ဟုတ်ကဲ့ရှင့် ဟုတ်ကဲ့.. ကျွန်မတို့ နားလည်ပါပြီ... "

Hermes ၀န်ထမ်းများမှ ဟော်ယွမ်ယွမ်ကို ပြောမပြတတ်လောက်အောင် လေးစားအားကျမိနေကြပြီး ယဉ်ကျေးမဆုံး ဖြစ်နေခဲ့ကြတော့သည်။

သူ့မှာက ငါးနှစ်ပြည့် အထိမ်းအမှတ် စိန်အဆင့် မန်ဘာကတ်လည်း ရှိတယ်...

တစ်ချီတည်းနဲ့ ယွမ် တစ်သန်းကျော်လည်း သုံးစွဲသွားခဲ့သေးတယ်...

ကျိုးဟိုင်က ဇိမ်အကျဆုံးနဲ့ ဈေးအကြီးဆုံးပါလို့ နာမည်ကြီးလှတဲ့ ကျိုကျုံးဗီလာကြီး ကိုးခုကိုလည်း ပိုင်ဆိုင်ထားတယ်...

ဒီအချင်းအရာတွေ ပေါင်းစပ်လိုက်ရင် သူမက ကျိန်းသေပေါက်ကို အထက်တန်းလွှာ အသိုင်းအဝိုင်းကပဲ ဖြစ်ရမယ်..

သူမတို့ကို မပြောနဲ့.. သူမတို့ရဲ့ စီအီးအို ဆိုရင်တောင်မှ ဒီလိုလူစားမျိုးကို အပြစ်ပြုဖို့ တတ်နိုင်မှာမဟုတ်ဘူး.. ဒီတော့ ယဉ်ကျေးမှကို ဖြစ်မှာ...

" အင်း.. သေချာလေး ပို့ပေးကြနော်.. "ဟော်ယွမ်ယွမ် ပေါ့ပါးစွာ ပြောလိုက်ပြီး " အိုး ဟုတ်သားပဲ.. ဒီနေ့ည ရောက်အောင် ပို့ပေးဦးနော်... မနက်ဖြန်ကျရင် ကိုယ်ပိုင်လေယာဉ်နဲ့ ဂျပန်သွားဖို့ ရှိသေးတယ်... "

ကိုယ်ပိုင် လေယာဉ်နဲ့.. ဟုတ်လား..

အမျိုးသမီး ဆိုင်၀န်ထမ်းများသာ မက ဖောက်သည် တစ်ချို့ပင် ဟော်ယွမ်ယွမ်ကို တအံ့တအား ကြည့်မိလိုက်ကြတော့၏။

ဒါမျိုးမှ ချမ်းသာတယ်ခေါ်တာ..

" ကောင်းပါပြီရှင်.. ကျွန်မတို့ ခဏနေကျရင် ချက်ချင်း ပို့ဆောင်ပေးပါ့မယ်.. ဧည့်သည်တော်ရဲ့ အချိန်ဇယားကို မနှောင့်နှေးစေရပါဘူး... "

" ကောင်းပြီ.. အလုပ်ဆက်ကြိုးစားလိုက်ဦးနော်..."

" ဟုတ်ကဲ့.. ကောင်း‌သောနေ့လေး ဖြစ်ပါစေရှင်..."

ဟော်ယွမ်ယွမ် Hermes ဆိုင်ထဲမှ ကြော့ရှင်းစွာဖြင့် ‌လမ်းလျှောက် ထွက်လာခဲ့၏။

လင်းရီနှင့် ကျီချင်းရန်တို့ကတော့ နောက်မှ တိတ်တဆိတ် လိုက်ပါလျက် ရှိပြီး ဒရိုင်ဘာနှင့် လက်ထောက်အသွင်ကို ဆောင်နေတော့သည်။

လင်းရီ သူ့ကိုယ်သူ တွေးတောလိုက်၏။

' ဟိတ်ဟန်ထုတ်ပြီး ကြွားဝါတဲ့နေရာမှာတော့ ငါ၀န်ခံရမယ်... ဟော်ယွမ်ယွမ် မင်းက အကောင်းဆုံးပါပဲ...'

" ဒီယွမ်ယွမ်က ဟိတ်ဟန်ထုတ်ဖို့တော့ အတော်သိ .. ဘယ်လောက် အထင်ကြီးဖို့ ကောင်းထားလဲ.. ဟမ့်... "

" အိုက်ယား..နင်ကလည်း... ဘာမဟုတ်တာလေးကို... သူလုပ်ချင်သလို လုပ်ပါစေဟယ်... "

ကျီချင်းရန် အပြုံးလေးဖြင့် ပြောလိုက်၏။

" အင်း... ငါတို့အတွက်နဲ့ ယွမ် တစ်သန်းကျော် သုံးထားပေးမှတော့ ရှိစေတော့ပေါ့.. "

" သူက ဒါတွေ အကုန်လုံး ပေးတယ်.. ဟုတ်လား... " ကျီချင်းရန် တခစ်ခစ် ရယ်မောလိုက်ရင်း " နင်ယွမ်ယွမ်ကို ခုထိ နားမလည်ထားသေးပါဘူး.. ဟုတ်တယ်မလား... "

" သူ့ဘဏ်ကတ်နဲ့ ရှင်းတာလေ... ဘာစိတ်ပူစရာ ရှိလို့တုန်း... "

" သူက CFO လေ.. မှတ်မိသေးလား.. သူက နင်မသိအောင် ယွမ် ၁.၇ ဘီလီယမ်ကျော်တောင် ဖြောင်နိုင်သေးတာ ယွမ်တစ်သန်းလောက်ကတော့ ဘာပြောပေါက်မလဲ... "

" ဟိုက် သေစမ်း... "

Hermes ဆိုင်ထဲမှ ထွက်လာခဲ့ပြီးနောက် သုံးယောက်သား အခြားစတိုးဆိုင်များထံ လှည့်လည် ဈေး၀ယ်လိုက်ကြ၏။

ဟော်ယွမ်ယွမ်မှာတော့ သူမ၏ အရင်ပုံစံအတိုင်း စိန်အဆင့် မန်ဘာကတ်ကို အခွင့်သင့်တိုင်း ထုတ်ပြနေပြီး လူတိုင်းကို မှင်တက်အောင် ပြုလုပ်နေလျက် ရှိတော့သည်။

သူမ၏ ကြွားဝါ ဟန်ထုတ်သည့် နည်းလမ်းမှာ ထပ်ခါတလဲလဲ ဖြစ်နေသည် ဆိုသော်လည်းပဲ ယွမ်ယွမ်ကတော့ ကျေနပ်လို့ နေသည်။ လင်းရီတို့လည်း ဘာမျှ မပြောပဲနှင့် ထိုင်ကြည့်ပေးနေလိုက်ကြ၏။

ဈေး၀ယ်ထွက်ပြီးနောက် သူမ အသုံးစရိတ်မှာ ယွမ် ၁.၈ သန်းကျော်ဖိုးလောက် ကုန်သွားခဲ့၏။ အကယ်၍ လျှော့ဈေးသာ ရှိမထားဘူးဆိုပါက ယွမ် ၃.၆ သန်းပင်။ ယင်းပမာဏကို နည်းသည်လို့ မဆိုနိုင်....။

" စိတ်လှုပ်ရှားဖို့ ကောင်းလိုက်တာ... "

ဈေး၀ယ်ထွက်ပြီးနောက် သုံးယောက်သား အပြင်ဘက်ရှိ အနောက်တိုင်း စားသောက်ဆိုင် တစ်ဆိုင်သို့ ဦးတည်လိုက်ကြ၏။ ဟော်ယွမ်ယွမ် သာမန်လျှံကာ ထိုင်ချလိုက်ပြီး အထူးတလှယ် ကျေနပ် အားရနေတော့သည်။

" ပျော်လား... " လင်းရီ မေးမြန်းလိုက်၏။

" ပျော်တာပေါ့.. ကိုယ့်ပိုက်ဆံလည်း တစ်ပြားမှ မကုန်ဘဲနဲ့ သူများကို ဟာခနဲ ဟင်ခနဲ နေအောင် လုပ်လိုက်နိုင်တယ်လေ... မပျော်ပဲ နေမလား .. ခု ပြန်တွေးကြည့်လိုက်တော့ စိတ်တွေတောင် ပြန်လှုပ်ရှားလာပြီ... "

လင်းရီ ".... "

မည်သူကမျှ လင်းရီ ရှေ့တွင် ဟိတ်ဟန်ထုတ်ခွင့် မရှိပေ။ သို့သော် အနှီယွမ်ယွမ်ကတော့ ခြွင်းချက်ဖြစ်၏။

" မျက်နှာကြီး ပုတ်သိုးမနေစမ်းပါနဲ့ ရှင်ကလည်း.. ဒီ တစ်နပ်ကို ကျွန်မ ကျွေးမှာပါ. စားချင်တာ စိတ်ကြိုက်မှာလိုက်... ကျွန်မကို အားနာနေစရာ မလိုဘူး... "

" အနည်းဆုံးတော့ မင်းမှာ အသိစိတ်လေး ရှိသေးသားပဲ... "

ဈေး၀ယ်ထွက်ထားသည့် အတွက် လူတိုင်းက မောပမ်းနေသောကြောင့်လားတော့ မသိ။ စားသောက်နေစဉ်တွင် စကားသိပ်မပြောဖြစ်ကြပေ။ ညစာစားပြီးနောက် ကိုယ်စီ အိမ်ပြန်လိုက်ကြ၏။

နောက်တစ်နေ့ နံနက်ခင်းတွင် ကျီချင်းရန် မနက် အစောကြီးကတည်းက နိုးနေပြီး သူမ၏ ပစ္စည်း ပစ္စယများကို ထုပ်ပိုးကာ လင်းရီနှင့် အတူ လေဆိပ်သို့ ထွက်လာခဲ့လိုက်သည်။

လင်းယွင် အုပ်စုတွင် စုစုပေါင်း ၀န်ထမ်းပေါင်း ၂၀,၀၀၀ ကျော်ရှိ၏။

သို့သော် အများစုက ရှေ့ခြမ်းရှိ ထုတ်လုပ်ရေးနှင့် သုတေသန ၀န်ထမ်းများ ဖြစ်ကြလေသည်။

ထို့ပြင် ခရီးမထွက်စဉ်ကတည်းကလည်း လင်းရီ လူတိုင်းကို ရွေးချယ်မှု နှစ်ခု ပေးထားခဲ့၏။ အကယ်၍ ၎င်းတို့သာ ခရီး မလိုက်ဘူးဆိုပါက ခရီးသွား ကုန်ကျစရိတ်၏ ၇၀ ရာခိုင်နှုန်းကို ကုမ္ပဏီဘက်မှ ငွေသား အစားထိုး ပြန်ပေးသွားမည်။

ငွေကြေး ကြပ်တည်းသည့် ၀န်ထမ်းတစ်ချို့ကတော့ မသွားရန် ရွေးချယ်ခဲ့ကြ၏။

ရလဒ် အနေဖြင့် အဆုံးတွင် ခရီးသွားရန် ဆုံးဖြတ်လိုက်သည့် လူဦးရေက ၄၀၀ မျှသာ ရှိတော့လေသည်။

အမှုဆောင် အရာရှိများ အားလုံးကတော့ မပျက်မကွက်ရှိနေကြသည်။ ကော်ပိုရေးရှင်း၏ မဟာ ဒိတ်ဒိတ်ကျဲကြီးများဖြစ်သည့် ချီရှန်းကျောက်နှင့် ဟော်ယွမ်ယွမ်တို့တောင် ရှိနေမှတော့ အဆိုပါ အမှုဆောင်အဖွဲ့၀င်များ အနေနှင့် မလိုက်ဘဲ ဘယ်နေဝံ့ကြလိမ့်မည်နည်း။

ဤသည်ကလည်း ချီရှန်းကျောက်နှင့် ဟော်ယွမ်ယွမ်တို့ မျှော်လင့်ထားသည့် အတိုင်းအတာအတွင်းတွင် ရှိသည်။

လူအယောက် ၄၀၀ ကျော်နှင့်အတူ ခရီးသွားခြင်း။ ထိုပမာဏကပင် ဧရာမ များပြားနေပြီးဖြစ်၏။

အကယ်၍ ထို့ထက်ပိုပြီး များလာခဲ့မည် ဆိုပါက

ကိုင်တွယ်ရခက်ချေမည်။

ပိုက်ဆံက အကြောင်းမဟုတ်သော်လည်း စီစဉ်ထိန်းကျောင်းမှုအတွက်တော့ ဧရာမ ပြဿနာ ရပ်ကြီးပင်....။

သူတို့ ဤခရီးစဉ်အတွက် လေယာဉ် နှစ်စင်း စင်းလုံးငှားလိုက်ကြသည်။

ရှင်းဟွာ လေကြောင်းကလည်း လျန်ကျင်းမင်၏ မိသားစုပိုင် ဖြစ်နေသည့်အတွက် ဖုန်းတစ်ချက် ဆက်လိုက်သည်နှင့် လေယာဉ်သုံးစင်းမှာ ဂျပန်သို့ တိုက်ရိုက်ပျံသန်းလိုက်ကြ၏။

၎င်းကြောင့်ပဲ ချင်းဟန်နှင့် လျန်ကျင်းမင်မှာ ဤခရီးစဉ်၏ အထူးဧည့်သည်တော်များ ဖြစ်လာခဲ့ကြသည်။

သို့သော် ချင်းဟန်ကတော့ မတူ။ သူပြောသည်က သူသည်လည်း တိုက်တိုက်ဆိုင်ဆိုင် ဂျပန်တွင် ပရောဂျက် တစ်ခု လုပ်ဖို့ ရှိသည်ဆိုပင်။

အချို့သော အရေးပါသည့် အမှုဆောင် အဖွဲ့၀င်များ - ရှန်းထျန်းကျိုးနှင့် သူ့မိသားစု၊ ချီရှန်းကျောက် ၊ ထျန်းရန်၊ ချိန်ရွှမ်း ၊ ၀မ်ထျန်းလုံ၊ စွန်းဖုယွီ ၊ လုရင်း စသဖြင့် ထိုသူများကတော့ လင်းရီ၏ ကိုယ်ပိုင် လေယာဉ်ပေါ်တွင် စီးနင်းပြီး ပျံသန်းလိုက်ပါလာခဲ့ကြ၏။ ဤသည်က အမှုဆောင်အရာရှိများအတွက် အထူးအလေးပေး ဆက်ဆံထားခြင်းပင်။

လေယာဉ်ပေါ်ရှိ လူတိုင်းက မတူကွဲပြားသည့် အထောက်အထားကိုယ်စီ ရှိကြပြီး အဆင့်အတန်း ကွာဟမှုများပင် ရှိသည်။ သို့သော် လင်းရီကြောင့်နှင့် ရိုးရှင်းစွာ မိတ်ဆက်ပေးပြီးနောက်မှာတော့ အားလုံးက ကောင်းမွန်စွာနှင့် စကားလက်ဆုံ ကျနေကြတော့သည်။

တူရာ တူရာစုဝေးကြသည့် သဘောတရား နိယာမက ဤတွင်လည်း အကျိုးသက်ရောက်နေလျက်ရှိ၏။

ချီရှန်းကျောက်ကဲ့သို့ ရိုးရိုးသားသား လူက ရှန်းထျန်းကျိုးနှင့် အလွန်လျင်မြန်စွာ မိတ်ဆွေများ ဖြစ်လာခဲ့ကြသည်။

ထို့ပြင် တစ်ချိန်တည်း၌ လင်းယွင် အုပ်စု၏ ဖုံးကွယ်နေသော နဂါး ၀မ်ထျန်းလုံ နှင့် ဖီးနစ်ငယ် စွန်းဖုယွီတို့မှာ ထောင့်တစ်နေရာတွင် ထိုင်နေပြီး ဟာသလုပ်ရင်းဖြင့် ပွဲကျနေခဲ့ကြ၏။

လေထုအခြေမှာတော့ မည်သည့် စိုထိုင်းမှုမျှ ရှိမနေဘဲ လိုက်လျောညီထွေ ဖြစ်နေလျက်ရှိသည်။

သို့‌သော် လင်းရီမှာတော့ သူ၏ လေးပင်နေသည့် အတွေးများကို ခါထုတ်လို့ မချနိုင်။

သူ ဂျပန်သို့ ခရီးသွားမည်ဟု ဆုံးဖြတ်လိုက်စဉ်ကတည်းက အဆိုပါက သတင်းမှာ တရား၀င် စာမျက်နှာတွင် ကြေညာထားပြီးဖြစ်၏။

အကယ်၍ အာယာနဲ မစ်ဆူသာ သတင်းများကို နားစွင့်ထားမည် ဆိုပါက မကြားသိဘဲ မနေချေ။ သူမ ကျိန်းသေပေါက်ကို ဤအကြောင်း သိပေလိမ့်မည်။

သို့သော် ရက်များစွာ ကုန်လွန်ပြီးသည့်တိုင်အောင် သူမဘက်မှ လင်းရီထံ တစ်ချက်ကလေးမျှ ဆက်သွယ်လာခြင်း မရှိခဲ့ချေ။

ဖြစ်နိုင်သည်က သူမ သူ့အပေါ် စိတ်၀င်စားမှုများ ပျောက်ဆုံးသွားခြင်းကြောင့်များလော...။

အကယ်၍ တုံ့ပြန်မှု မရှိပါက ဘက်စ် သတ္တုရိုင်း အဖြစ်အပျက်ကိုလည်း စုံစမ်းစစ်ဆေးနေရန် မလိုအပ်တော့ချေ။

မွန်းလွဲပိုင်း သုံးနာရီလောက်ထိုးတော့ လေယာဉ်မှာ ဂျပန်လေဆိပ်သို့ ဆိုက်ကပ်လို့လာသည်။

လေယာဉ်ပေါ်မှ ဆင်းလာခဲ့ပြီးနောက် လေဆိပ်တွင် အသင့်စောင့်ဆိုင်းနေသည့် ခရီးသွား ဘက်စ်ကား ဆယ်စီးကို လင်းရီတို့ မြင်တွေ့လိုက်ကြရ၏။

ဟော်ယွမ်ယွမ် ကိုင်တွယ်သည် ဆိုနှင့် လှစ်ဟာသည့် နေရာ တစ်နေရာမျှပင် မရှိချေ။ အကုန်လုံးက အသေးစိတ်ကျနေသည်။

မညိသို့ပင်ဆိုစေ ဟော်ယွမ်ယွမ်ကလည်း သူမက ဦးစီးဦးဆောင် ပြုပြီး သုံးရမည့် ငွေမှာ သူမပိုက်ဆံ မဟုတ်သဖြင့် အရာရာတိုင်းကို အားမနာတမ်း စီစဉ်ပစ်လိုက်၏။

လင်းရီအတွက် နေထိုင်တည်းခိုသည့် နေရာပင်ခြွင်းချက် မရှိချေ။

လေယာဉ်ပေါ်မှ ဆင်းလာကြပြီးနောက် အုပ်စုမှာ ဘစ်စ်ကားဆီး၍ ကြိုတင် ဘွတ်ကင်ယူထားသည့် ဟိုတယ်ထံ ရောက်လာခဲ့ကြသည်။

လူအများအပြား ရှိနေသော်ငြား မူလကတည်းက လင်းရီတို့ ကြိုတင် စဉ်းစားထားပြီးဖြစ်၏။ သူတို့ မတူညီသည့် ဌာနအလိုက် သွားလိုသည့် နေရာကို လည်ပတ်ကြမည် ဖြစ်ပြီး ဤနည်းအားဖြင့် အချိန်ကုန် လူပမ်း သက်သာစေမည်။

တိုကျိုတွင် အိုမန် ဟိုတယ်၏ အဆင့်အတန်းက မသေးပေ။ အကောင်းဆုံး မဟုတ်သော်လည်း ဂုဏ်သတင်း အတော်အတန်ကို ဆုပ်ကိုင်ထား၏။ ဈေးကလည်း သင့်တင့်မျှတပြီး အထူးသဖြင့် 40 ရာခိုင်နှုန်း လျှော့ဈေးရချိန်တွင် ပိုပြီး တန်နေလျက်ရှိတော့သည်။

ထိုအရာများအားလုံးကိုတော့ ၀မ်ထျန်းလုံကိုသာ ကျေးဇူးတင်ရမည်ဖြစ်၏။

အချိန်မှာ မွန်းလွဲ ညနေခင်းသို့ ရောက်နေပြီး ဖြစ်သောကြောင့် ထိုနေ့တွင်တော့ အထူးတလှယ် လည်ပတ်ကြမည့် မည်သည့် အစီအစဉ်မျှ မရှိကြချေ။ သို့‌သော် ညနေပိုင်း စုဝေးသည့် ညစာစားပွဲ တစ်ခုတော့ ရှိပြီး ၀န်ထမ်းများအားလုံး တက်ရောက်ကြပေလိမ့်မည်။

မည်သို့ပင် ဆိုစေ ဤသည်က ကုမ္ပဏီ၏ ရင်းနှီးချစ်ခင်မှု တိုးပွားစေရန် ခရီးသွားသည့် အစီအစဉ် တစ်ခုဖြစ်ပြီး တစ်ချို့သော အုပ်စုလိုက် လှုပ်ရှားမှုလေးတော့ ရှိသင့်ပေသည်။

လူက အတော်လေး များနေသောကြောင့် ချက်ကင် ၀င်သည့် နေရာတွင် တော်တော်လေးကို ကြာသွားသည်။

အသေးစိတ် စီစဉ်ထားသည် ဆိုသော်လည်းပဲ ပြဿနာ တစ်ချို့ကိုတော့ မရှောင်လွှဲနိုင်ခဲ့ချေ။

၀မ်ထျန်းလုံ၏ ဖားယား ဖိနပ်လျက်သည့် အရည်အချင်းက အခြားသူများထက် အထင်ကြီးဖို့ ကောင်းသည် ဆိုသော်လည်းပဲ သူ၏ စီးပွားရေး အမြင်က ဆိုးရွားနေခြင်းတော့ မဟုတ်။ ယင်းကြောင့်ပဲ ပြဿနာကို အလျင်အမြန်ပဲ ဖြေရှင်းလိုက်နိုင်တော့၏။

" ဥက္ကဌလင်း.. ကျုပ် တကယ့်ကို တောင်းပန်ပါတယ်... ကျုပ် ကြိုပြီး မဆက်သွယ်မိလိုက်တဲ့ တစ်ချို့ ကိစ္စရပ်လေးတွေ ရှိသွားတော့ ပြဿနာ အသေးစားလေးတစ်ချို့ တက်သွားတယ်... " ၀မ်ထျန်းလုံ အရှက်ရစွာဖြင့် ပြောလိုက်၏။

" မင်း တာ၀န်ယူထားတာတွေကလည်း မနည်းပဲကိုး... ဒီလောက် အဆင်ပြေတာကိုပဲ ကျေနပ်လှပါပြီကွာ... " လင်းရီ ၀မ်ထျန်းလုံ၏ ပခုံးကို ပုတ်ပြီး နှစ်သိမ့်ပေးလိုက်၏။

" ပြီးတော့ မင်းက ၄၀ ရာခိုင်နှုန်း လျှော့ဈေးတောင် ရအောင် လုပ်ပေးလိုက်သေးတယ်... လူတော်တော်များများဆို ဒါမျိုး အိပ်မက် မက်ဖူးမှာတောင် မဟုတ်ဘူး.... "

၀မ်ထျန်းလုံ ရယ်သွမ်းလိုက်သည်။

" ဒီတိုင်း အကြောင်းတိုက်ဆိုင်သွားရုံပါ သူဌေး... သူတို့ဘက်က အရင်ဆုံး ဆက်သွယ်လာခဲ့တာ.. သူတို့ဘက်က ပူးပေါင်းဆောင်ရွက်ဖို့ စိတ်အားထက်သန်နေတယ်ဆိုတာ ကျုပ်ပြောနိုင်တယ်...နောက်ပြီး ဒါရိုက်တာချီက ဒီဟိုတယ်ကို စိတ်ကျေနပ်နေတော့ ကျုပ်တို့လည်း ဒီမှာတည်းခိုဖို့ ဆုံးဖြတ်လိုက်တာပဲ... "

" ဟမ်... သူတို့ဘက်ကနေပြီး အရင်ဆုံး ဆက်သွယ်လာခဲ့တယ် ဟုတ်လား…”

All Chapters