← Chapters

အခန်း (၁၁၆၆)

Vol. 78 Ch. 1166

အခန်း (၁၁၆၆)

Vol. 78 Ch. 1166

ရှင့်ဖို့ ဇီသာတီးပြီး သေရည်သောက်ပေးပါ့မယ်

ဆိုင်ထဲတွင်တော့ လေးယောက်သားမှာ အပေါ်ထပ်သို့ ရောက်ရှိလာခဲ့ကြသည်။

ဤနေရာက ရိုးရာ စားသောက်ဆိုင်နှင့် နည်းနည်းလေး အလား သဏ္ဌာန်တူသည်။ အကုန်လုံးကို သစ်သားများဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး ယူကီယိုပန်းချီများကို နံရံထက် ချိတ်ဆွဲထားကာ လူတိုင်းကို အီဒို ခေတ်သို့ ကူးပြောင်းရောက်ရှိလာသည့် ခံစားချက်မျိုး ပေးစွမ်းနေခဲ့သည်။

အပေါ်ထပ်သို့ တက်လာခဲ့ပြီးနောက် ကီမိုနိုနှင့် သက်လတ်ပိုင်း အမျိုးသမီးမှ လျှောက်လာပြီး သူတို့ကို ဦးညွှတ်လိုက်၏။ ထို့နောက် သူမက ဘေးရှိ တံခါးကို လက်ဖြင့် ဘေးဘက်သို့ ဆွဲဖွင့်၍ လင်းရီနှင့် သူ့ဘော်ဒါများကို အထဲသို့ ကြိုဆိုလိုက်သည်။

သို့သော် ရှိုကို နာခါဂျီးမားကတော့ သူတို့နှင့်အတူ လိုက်ပါ ဝင်ရောက်ခြင်း မပြု။ ထိုအစား အခြား အဆုံး တစ်ဖက်သို့ ဦးတည်သွားခဲ့၏။

“ လူကြီးမင်းတို့ ခေတ္တစောင့်ပေးကြဦးနော်… မစ်ရှိုကိုက သွားပြီး ပြင်ဆင်ဖို့ လိုအပ်နေလို့ပါ… ခဏကျရင် ရောက်လာပါလိမ့်မယ်..”

“ ရပါတယ်… ကျုပ်တို့လည်း အလျင်လိုမနေပါဘူး…”

လေးယောက်သား အခန်းထဲသို့ ဝင်ရောက်လိုက်ကြသည်။ အခန်းက ၃၀ စတုရန်းမီတာခန့်လောက်တော့ ကျယ်ဝန်း၏။ ထို့ပြင် သစ်သား စားပွဲ အကြီးကြီး တစ်လုံးရှိပြီး တန်ဆာဆင် ပစ္စည်းသေးသေးလေးများနှင့်အတူ ဂျပန်၏ ဆွဲဆောင်မှုကို ဖော်ပြနေလျက်ရှိသည်။

“ လျန်ကြီး… မင်း ဒီကို အမြဲတမ်း ရောက်ဖြစ်လား…”

အခန်းထဲသို့ ရောက်လာခဲ့ပြီးနောက် ကောင်းကျုံးယွမ်မှ မေးလိုက်သည်။

“ ငါ အောက်ထပ်ကိုပဲ ရောက်ဖူးတာ… ဒီ အပေါ်ထပ်တော့ တစ်ခါမှ မရောက်ဖူးဘူး…” လျန်ကျင်းမင် အခန်းကို လှည့်ပတ်ကြည့်ရင်း ပြောလိုက်ပြီး “ ငါလည်း ဒီတစ်ခေါက် ဘာမှ လုပ်စရာ မရှိတာနဲ့ ဒီလာပြီး တစ်ချက် လာကြည့်ကြည့်လိုက်တာပဲ…”

“ ဒီလို ပတ်ဝန်းကျင်နဲ့ ငါ ဘာလို့ ရှေးခေတ်က ပြည့်တန်ဆာအိမ်မှာ ဂီတနားဆင်နေတယ်ဆိုပြီး ခံစားနေရပါလိမ့်..” လင်းရီ မှတ်ချက်ပြုလိုက်သည်။

“ ဒါ သူတို့ ဖြစ်စေချင်တဲ့ ခံစားချက်မျိုးပဲလေ…” လျန်ကျင်းမင် ပြောလိုက်ပြီး “ တကယ်လို့ အမျိုးသားနဲ့ အမျိုးသမီးက လိင်မှု မပြုဘူးဆိုရင် တခြား ဘာလုပ်စရာ ရှိသေးလဲ… ဂီတနားထောင်ပြီး ပြန်အိပ်တာကမှ ခရီးသွားရခြင်းရဲ့ စစ်မှန်တဲ့ အနှစ်သာရပဲ…”

“ ဟုတ်သလိုတော့ ရှိသား..” ချင်းဟန် စားပွဲပေါ်ရှိ အစားအသောက်များကို ကောက်ယူလိုက်ပြီး သာမန်လျှံကာ လေသံဖြင့် “ လင်းကြီး… မင်းက ဗဟုသုတ စုံလင်တဲ့ ကောင်ပါ.. ဟီရိုမီချီ ကလန်က ဘာလဲ မင်းသိလား…”

“ ဟက်စကီ တက်တူး တစ်အုပ်နဲ့ ကောင်ကို ပြောနေတာလား…..”

သုံးယောက်လုံး တဟားဟား ပွဲကျသွားခဲ့ကြပြီး “ ဟုတ်တယ်… အဲ့ကောင်တွေ…”

“ ငါလည်း မသေချာဘူး… ကြည့်ရတာတော့ ယာမာဂူချီ ဂိုဏ်းခွဲကပဲ ထင်တယ်… ဒီတစ်ဝိုက်မှာ အာဏာနဲ့ ဂုဏ်သတင်းတစ်ချို့တော့ ရှိလောက်တယ်.. မဟုတ်ရင် ဂျပန်ကောင်တွေက အဲ့ကောင်တွေကို မြင်တာနဲ့ ဒူးတုန်အောင် ကြောက်နေကြမှာ မဟုတ်ဘူး…”

လင်းရီ ပြောလိုက်သည်။

“ ဒါပေမယ့် ငါတော့ ဘယ်လိုပဲကြည့်ကြည့် အဲ့ကောင်တွေကို ပိန်းတယ်လို့ပဲ မြင်တယ်… ဘာပဲဆိုဆို သူတို့ခေါင်းဆောင်ကလည်း ဝိလွန်းတယ်လေ… မင်းတို့ သုံးယောက် ရိုက်တာနဲ့တင် ပွဲကပြတ်နေပြီ… ဘာမှ ဟုတ်တဲ့ကောင်တွေ မဟုတ်ပါဘူး…”

“ ငိုးပဲ… မင်း စကားက ဘာကြီးတုန်း… မင်းက ငါတို့ကို နိမ့်ချပြီး ကြည့်နေတာလား…” ချင်းဟန် ကျိန်ဆဲလိုက်ပြီး “ -ိုးစို့… ဒီကောင့်ကို ဝိုင်း -ိုးကြကွာ…”

လျန်ကျင်းမင်နဲ့ ကောင်းကျုံးယွမ်တို့ လင်းရီထံ ချဉ်းကပ်လာခဲ့ကြသည်။ ပြီးနောက် လေးယောက်သား နပန်းလုံး သတ်ပုတ်နေကြတော့၏။ လင်းရီကတော့ အမှန်ပင် ဘာမျှ မလုပ်ချေ။ အကယ်၍ သူသာ တကယ်လုပ်မည် ဆိုပါကလည်း ဤသုံးကောင်လုံး ဆေးရုံရောက်နေလောက်ချေပြီ။

မိနစ် အနည်းငယ်ကြာပြီးနောက် တံခါး အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ကြရပြီး လင်းရီတို့လည်း ကိုယ့်နေရာကိုယ် ဣန္ဒြေရရ သွားထိုင်နေလိုက်ကြတော့၏။

တစ်ချိန်တည်းတွင် သစ်သားတံခါးမှာ ဘေးသို့ ပွင့်ဟလာပြီး အရောင်စုံသည့် မြင်ကွင်းမှာ လင်းရီတို့ ရှေ့မှောက် ဖြည်းဖြည်းချင်း ထွက်ပေါ်လာလေသည်။

“ ဒါက ဘယ်လို အစီအစဉ်မျိုးလဲတဲ့…”

သူတို့ရှေ့ရှိ မြင်ကွင်းက လင်းရီတို့ကို မေးရိုးကြီးများ ပြုတ်ကျအောင် စွမ်းဆောင်နေတော့သည်။ သူတို့ ထင်မှတ်ထားသည်ထက် ကမ္ဘာကြီးလောက်ကို ကွာခြားလို့နေသည်။

လင်းရီ ထင်မှတ်ထားခဲ့သည်က ရှိုကို နာခါဂျီးမား ဆိုသည့် ဂေးရှားမယ်မှာ သူမ၏ မိတ်ကပ်ကို ပြန်ပြင် ၊ အဝတ်အစား အနည်းငယ် လဲပြုပြီး သီချင်း အနည်းငယ် သီဆို ဖျော်ဖြေပြီးနောက် ယနေ့ အစီအစဉ်သည်လည်း ပြီးဆုံးချေပြီဟု တွေးထင်ထားခဲ့သည်။

အမှန်လည်း သူမ မိတ်ကပ် ခြယ်သပြီး အဝတ်များ လဲပြုခဲ့၏။

သို့သော် သူမက သာမန်ရိုးရိုး မိတ်ကပ်ကိုသာ ခြယ်သပြီး ခွဲရာ အရှည်နှင့် ဟွာရှ ချုံဆန် ဝတ်စုံကို ပြောင်းလဲ ဝတ်ဆင်ထားခဲ့ခြင်းပင်…။

သူမ၏ အသားအရေက ယခုချိန်တွင် ကျောက်စိမ်းတုံးကဲ့သို့ ချောမွတ်နေပြီး ခြေတံများကလည်း ရှည်လျားသွယ်လျနေကာ သူမ၏ မျက်ခုံး၊ မျက်လုံး၊ အပြုံးလေးများက ထန်ခေတ်သို့ ရောက်ရှိသွားသည့်နှယ် အိပ်မက်ဆန်ဆန် ခံစားချက်မျိုးကို ပေးစွမ်းနေပေတော့သည်။

ထိုအခိုက်အတန့်တွင်တော့ ရှိုကို နာခါဂျီးမား တစ်ဦးတည်းသာ တံခါးဝတွင် မတ်တပ်ရပ်နေခြင်း မဟုတ်။ သူမ၏ နှစ်ဖက်နှစ်ချက်စီတွင် ဒေါင်ကောင်းကောင်းနှင့် အမျိုးသမီး နှစ်ယောက်စီ မတ်တပ်ရပ်နေပြီး သူမတို့၏ ရုပ်ရည်သွင်ပြင်က အနည်းငယ် ကွာခြားနေသော်လည်းပဲ ကိုယ်လုံးကိုယ်ပေါက်လေးများကတော့ မဆိုးလှချေ။

သူတို့အားလုံးက ချုံဆန်ဝတ်စုံနှင့် မိတ်ကပ်ပါးပါး ပုတ်ထားကြ၏။ ယင်းက သေလောက်စရာ ရိုက်ချက်ကြီးပင်။

“ ဒါက ဘယ်လို အစီအစဉ်မျိုးကြီးလဲ.. ဘာလို့ ဒီလို ပုံစံမျိုး ပြောင်းလိုက်ရတာလဲ…” လျန်ကျင်းမင်မှ မေးမြန်းလိုက်သည်။

“ ကျွန်မ ကြားမိတာ လူကြီးမင်းတို့က ဂေးရှား ယဉ်ကျေးမှုကို မနှစ်သက်ကြဘူး ဆိုလို့လေ… လူကြီးမင်းတို့ ကျေနပ်အောင်လို့ ကျွန်မတို့ ဆွေးနွေးပြီး တခြား အစီအစဉ်တစ်ခုကို ပြင်ဆင်လိုက်တာ…”

“ မင်း… မင်း ဟွာရှန့်လို ပြောတတ်နေတယ်…”

“ ပြောတတ်ပါတယ်…” ရှိုကို နာခါဂျီးမားမှ သိမ်မွေ့သည့် အသံဖြင့် ပြောလိုက်ပြီး “ ဟွာရှန့် စကားအပြင်ကို အင်္ဂလိပ်နဲ့ ပြင်သစ်လိုလည်း ကျွမ်းကျင်ပါသေးတယ်… အဲ့လိုမှလည်း ဒီလာတဲ့ ဖောက်သည်တွေနဲ့ ကောင်းကောင်းဆက်သွယ်နိုင်မှာလေ…”

အထက်တန်းစား ပြည့်တန်ဆာ ဆိုသည့်အတိုင်းပဲ သူမ၏ အုတ်မြစ်က အထင်ကြီးလောက်စရာကြီးပင်...။

“ ကျွန်မတို့ ဝင်လာခဲ့လို့ ရပြီလားရှင့်..” ရှိုကို နာခါဂျီးမားမှ ခွင့်ပန်လိုက်သည်။

“ ဒါပေါ့… ကြွခဲ့ကြပါ… ကျုပ်တို့ကလည်း မိန်းကလေးတို့ကို စောင့်နေခဲ့ကြတာပါ…”

ခွင့်ပြုချက် ရရှိပြီးနောက် ရှိုကို နာခါဂျီးမားနှင့် ကျန်လေးယောက်လည်း အထဲသို့ ဝင်လာခဲ့ကြသည်။

တစ်ချိန်တည်းတွင် ဘန်နီဂဲ ဝတ်စုံ ဝတ်ဆင်ထားသည့် အခြား မိန်းကလေး နှစ်ယောက်မှ ဆာခူဟာချီ(ဂျပန်ဝါးပုလွေ)၊ ဖီဖာ အစရှိသည့် ဂီတ တူရိယာများကို ပွေ့လျက် အထဲသို့ ဝင်လာကြလေသည်။

သို့သော် အဆိုပါ ပစ္စည်းမျာကို နေရာချပြီးနောက် ဘန်နီဂဲ နှစ်ယောက်မှာ ချက်ချင်း ထွက်ခွာသွားခဲ့ကြသည်။

အရာအားလုံး ပြင်ဆင်ပြီးသည့်နောက် လင်းရီ ဖျော်ဖြေတင်ဆက်မှု ပုံစံကို နားလည်သွားခဲ့လေသည်။

အရင်ဆုံး ရှိုကို နာခါဂျီးမားနှင့် ဆွဲဆောင်မှု ရှိသည့် မိန်းကလေးက ဂိမ်းကစားပြပြီး ရှုံးသည့် သူက ဆာကေးသောက်ရ၏။ ကျန်သူများကတော့ ဂီတတူရိယာများဖြင့် ပတ်ဝန်းကျင်ကို တိတ်ဆိတ်မနေပဲ သက်တောင့်သက်သာ ဖြစ်စေရန် ဆောင်ရွက်ပေးနေကြလေသည်။

ထို့နောက် လင်းရီနှင့် သူ့ဘော်ဒါများကလည်း ရှိုကို နာခါဂျီးမားတို့နှင့် ဂိမ်းကစားကြသည်။ ဂိမ်းက တော်တော်လေး ပျော်ဖို့ကောင်းပြီး အခန်းထဲတွင် ရယ်မောသံများ ညံလို့နေသည်။ သို့သော် လူတိုင်းက စည်းအကန့်ခြားထားပြီး သာမန်ထက်ပိုသည်များကို မပြုကြချေ။

လင်းရီ ခံစားမိသလောက်တော့ လက်ရှိ အခြေအနေအတိုင်း ဆိုပါက အကယ်၍ သူတို့ဘက်က တောင်းဆိုမှု တစ်စုံတစ်ရာ ပြုလာခဲ့ပါက ရှိုကို နာခါဂျီးမားမှာ မငြင်းပယ်လောက်ဟု စိတ်ထဲ သေချာနေမိသည်။

သို့သော်လည်း လူတိုင်းက ဂေးရှားမယ်များအပေါ် စိတ်ဝင်စားမှု ပျောက်ဆုံးနေကြကာ မည်သူကမှ ထိုအကြောင်း မဟခဲ့ကြချေ။ သူတို့လိုချင်သည်က ခေတ္တ အပန်းဖြေပြီး အတွေ့အကြုံအသစ်များ ရရှိနိုင်ရေးသာ ဖြစ်သည်။

“ မိန်းကလေး ရှိုကို… ကျုပ် မေးချင်တာလေး တစ်ခု ရှိလို့..”

ဂိမ်းတစ်ချီ ကစားပြီးနောက် လျန်ကျင်းမင်မှ မေးမြန်းလိုက်၏။

“ ဟုတ်…. မေးလေ…”

“ မင်း ခုန ရွေးချယ်တုန်းက စားပွဲဝိုင်း ခြောက် ဝိုင်း ရှိတယ်နော်… ဘာလို့ ကျုပ်တို့ ဝိုင်းကို ရွေးချယ်လိုက်ရတာလဲ…” လျန်ကျင်းမင် အပြုံးလေးဖြင့် မေးမြန်းလိုက်ပြီး “ အဲ့တာ ကျုပ်ရဲ့ အထင်ကြီးဖို့ကောင်းတဲ့ ဘော်ဒီ အနေအထားနဲ့ ကြီးစိုးနိုင်လွန်းတဲ့ ကျုပ်ရဲ့ အရှိန်အဝါတွေကြောင့်ဆိုတာ ဟုတ်တယ်မလား…” “ ငါ-ိုးမ… ဟားဟား….”

ကောင်းကျုံးယွမ် အူလှိမ့်နေအောင် ရယ်မောလိုက်ရင်း “ လင်းကောသာ အဲ့လို ပြောခဲ့ရင် နည်းနည်း ယုတ္တရှိရင် ရှိဦးမယ်… ငါချီး မင်း အခွက်ကြီးနဲ့…”

ရှိုကို နာခါဂျီးမား လင်းရီကို တစ်ချက် ခိုးကြည့်လိုက်သည်။ ထို့နောက် ရှက်သွေးဖြန်းသွားခဲ့၏။ သူမခေါင်းကိုသာ ငုံ့ထားပြီး စကားပြန်မပြောဘဲ တိတ်ဆိတ်နေလျက် ရှိသည်။

“ ဟင်း….”

လင်းရီ လျန်ကျင်းမင်၏ ပခုံးကို လေးလေးနက်နက် ပုတ်လိုက်ပြီး “ ကိုယ့်အကန့်အသတ်ကို သိဖို့က အရေးကြီးတယ်… မင်းကိုယ်မင်း အသိဆုံး ဖြစ်မှာပါ…”

“ ယီးပဲ.. မင်းတို့ကောင်တွေ တအား တရားလွန်နေပြီ…” လျန်ကျင်းမင် ပြောလိုက်ပြီး “ ရုပ်ချောကြည့်ကောင်းတဲ့ ရုပ်က သာမန်ပဲ… ငါထင်တာ မင်းတို့ကောင်တွေကို တမူထူးတဲ့လူတွေလို့ ထင်ထားတာ မင်းတို့လည်း တခြားသူတွေနဲ့ ထူးမခြားနားပါပဲ… မင်းတို့က ငါ့ရဲ့ ထူးခြားမှုတွေကို မမြင်နိုင်တဲ့ သူတွေ…”

“ ဒါဆိုလည်း မင်း ရပ်ကွက် လမ်းကြားတွေထဲ တစ်ချက် သွားကြည့်လိုက်လေ… အဲ့မာ မာမားစန် တွေ အများကြီးပဲ.. သူတို့ရဲ့ မျက်နှာမှာ ဇာတ်လမ်းတွေ အများကြီးနဲ့ မင်းရင်ထဲက ဇာတ်လမ်းတွေကိုပါ တူးထုတ်နိုင်နေဦးမယ်..” ကောင်းကျုံးယွမ် စနောက်လိုက်သည်။ “ ဒါပေမယ့် မင်းအခု ဘေးဖယ်နေပြီး လင်းကောကို မီးရောင်အောင် ပေးနေလိုက်.. ကောင်မလေးက ရွေးချယ်ပြီးနေပြီကို မင်းက ဘာတွေ အတွ့န်တက်ချင်နေတာတုန်း… အဲ့လောက်ထိ မသေးသိမ်စမ်းပါနဲ့ကွ…”

“ ချီးပဲ…”

လျန်ကျင်းမင် ထရပ်ပြီး ဘေးတွင် သွားထိုင်လိုက်သည်။ သူက အခြား ကောင်မလေးများနှင့် အတူ ဂိမ်းသွားဆော့ပြီး အရက်တွေ တစ်ကျိုက်ပြီး တစ်ကျိုက် မော့နေခြင်း ဖြစ်၏။

ရှိုကို နာခါဂျီးမားအတွက်ကတော့ လင်းရီ ရှေ့တွန်းပို့ခံလိုက်ရပြီး လင်းရီတစ်ဦးတည်းကိုသာ ဖျော်ဖြေပေးရတော့သည်။

“ မစ္စတာလင်းက ကခုန်တာကို သဘောကျလား… ကျွန်မ ရှင့်အတွက် ကခုန်ပေးမယ်လေ…” ရှိုကို နာခါဂျီးမားမှ ညင်သာစွာ ပြောဆိုလိုက်သည်။

လင်းရီ ခေါင်းခါရမ်းလိုက်၏။ “ ကျုပ်က အဲ့ဒီ နှာဘူးအိုကြီးတွေနဲ့ မတူဘူး… ဒီတိုင်း အရက်ပဲ သောက်ပေး…”

“ ကောင်းပါပြီ..” ရှိုကို နာခါဂျီးမား သူမ၏ ဖန်ခွက်ကို မြှောက်၍ လင်းရီအတွက် ဆာကေးတစ်ခွက် ငဲ့ပေးလိုက်သည်။ သူမ၏ မျက်ဝန်းများက မက်မွန်ပန်းများ ပွင့်လန်းသည့်နှယ် လှပလို့နေပြီး နောက်ပိုင်းတွင် ဖြည်းဖြည်းချင်း လူမသိ သူမသိ ညှိုးလျော်သွားရှာတော့သည်။

လင်းရီ အရက်ခွက်ကို လက်ထဲတွင် ခေတ္တ ကစားလိုက်ပြီး နောက်ဆုံးတွင် တစ်ငုံမော့လိုက်၏။

“ နောက်ကျနေပြီ… ပြန်ကြတာပေါ့…”

လင်းရီ၏ စကားလုံးများက တက်ကြွနေသည့် လေထုကို ငြိမ်ကျသွားစေသည်။ ချင်းဟန် သူ့နာရီကို ငုံ့ကြည့်လိုက်၏။

“ တကယ်ကြီး ၁၁ တောင်ကျော်နေပြီပဲဟ.. ပြန်သင့်ပြီ…”

“ ကောင်းပြီလေ… ပြန်ကြတာပေါ့…” ကောင်းကျုံးယွမ် အညောင်းဆန့်လိုက်ရင်း “ ငါ့အထင် ယွမ်ယွမ်နဲ့ တခြားသူတွေလည်း မကြာခင် ပြန်လာတော့မယ်နဲ့ တူတယ်…”

လင်းရီတို့အားလုံး မတ်တပ်ရပ်ပြီး ထွက်ခွာရန် ဟန်ပြင်လိုက်ကြသည်။ ရှိုကို နာခါဂျီးမားနှင့် ကျန်သည့် မိန်းကလေးများကလည်း မတ်တပ်ရပ်ပြီး သူတို့ကို လိုက်လံ ပို့ဆောင်ပေးသည်။

“ မစ္စတာလင်း… နောင်ကျရင်လည်း ရှင့်အတွက် ဇီသာ တီးပေးပြီး ရှင့်ရဲ့ ဝိုင်ခွက်ကို ဖြည့်ပေးနိုင်ဖို့ မျှော်လင့်မိပါတယ်နော်…” ရှိုကို နာခါဂျီးမားမှ ညင်သာစွာ ပြုံးလျက် ပြောလိုက်၏။

All Chapters