အခန်း (၁၁၆၉)
Vol. 78 Ch. 1169
နတ်ဘုရားကဲ့သို့ အဖြောင့်လူ
မကြာမီ အထူးတက္ကစီ တစ်စင်း သူတို့ကို လာကြိုပြီး သုံးယောက်သား အာကီဟာဘာယာသို့ ဦးတည်လိုက်ကြသည်။
အတိတ်တွင်တုန်းကတော့ လင်းရီ ကြားဖူးနားဝ ရှိခဲ့သည်မှာ ဤသည်က အိုတာခုများအတွက်သာ နိဗ္ဗာန်ဘုံ ဖြစ်သည်ဆိုပင်။ ထို့ထက်ပိုပြီး သူလည်း များများစားစား မသိခဲ့ရချေ။
သို့ပေမယ့်လည်း ဤနေရာကို ရောက်တော့မှ သူ၏ ယခင် အတွေးများမှာ မည်မျှ တစ်ဖက်သတ် ဆန်နေကြောင်းကို လင်းရီ သတိပြုမိသွားခဲ့သည်။
ဤနေရာ၏ သက်ဝင်လှုပ်ရှားပြီး ခမ်းနားနေမှုက သူစိတ်ကူးထားသည်ထက်ပင် ကျော်လွန်နေသည်။
အီလက်ထရောနစ်၊ ဒစ်ဂျစ်တယ် ဂတ်ဂျက်များ၊ အာနီမဲ(anime) အရုပ် ရောင်းချသည့် ဆိုင်များ၊ cosplay များ… စသဖြင့် အာနီမဲ ကမ္ဘာ(2D world) နှင့် ချိတ်ဆက်နေသည့် အရာမှန်သမျှကို ဤနေရာတွင် အစုံအလင် တွေ့ရှိနိုင်သည်။ အိုတာခုတို့၏ ပျော်စံရာလို့ ခေါ်ညွှန်း သမုတ်ကြသည်ကိုလည်း အပြစ်ဆို၍ မရချေ။
အာနီမဲ ကမ္ဘာဟု ဆိုရာတွင် maid café များကိုလည်း မေ့လိုက်၍ မဖြစ်ချေ။ ကြောင်ပုံစံနှင့် အိမ်စေ အဝတ်အစာများကို ဝတ်ဆင်ထားသည့် ကောင်မလေးများမှ လမ်းမပေါ်ထွက်ပြီး ဆိုင်ထဲ အလည်လာရန် ဖောက်သည်ရှာနေကြသည်ကလည်း ဤနေရာ၏ ဆွဲဆောင်မှုကို ပိုပြီး တိုးလို့သွားစေသည်။
“ ညီကိုလင်း.. ကောင်းကြီး… ငါတော့ ဒီ maid တွေရဲ့ အဝတ်စားဒီဇိုင်းက မဆိုးဘူးထင်တယ်… မင်းတို့ နှစ်ယောက် နည်းနည်းပါးပါး ဝယ်သွားကြပါလား…” လျန်ကျင်းမင် သာမန်လျှံကာ အကြံပြုလိုက်၏။
“ ဒီ စတိုင်က ငါ့အကြိုက် မဟုတ်ဘူး..”
“ ညီကိုလင်း… မင်းကတော့ ဟန်ဆောင်နေပြန်ပါပြီ… ငါတို့ကောင်တွေ ရင်းနှီးလာတာ ဘယ်လောက်ကြာနေပြီတုန်း… ဘယ်သူက ဘယ်သူ့ကို မသိလို့လဲ…”
“ ငါပြောချင်တာ… သူတို့ ဝတ်တဲ့ ဒီဇိုင်းကို မကြိုက်ဘူးလို့ ပြောတာ..”
“ ငါ သိသားပဲ..”
အမျိုးသားတို့မည်သည် လူသာ အိုမင်းလာမည် ၊ အသည်းနှလုံးကတော့ သေသည်ထိ နုပျိုနေဆဲ ဟူသည့် စကားက ဤနေရာတွင် လင်းရီတို့ သုံးယောက်ကို ပြီးပြည့်စုံစွာ ညွှန်းဆိုနေလျက် ရှိသည်။
သူတို့ လာစဉ်တုန်းကတော့ လှည့်ပတ်ကြည့်ရှုရုံ မျှဟုသာ စိတ်ဆုံးဖြတ်ပြီး လာခဲ့ကြသော်လည်း ခေတ္တမျှ လမ်းပတ်လျှောက်ပြီးနောက် လက်ထဲတွင်လည်း တော်တော်များများ ဝယ်ယူမိသွားခဲ့သည်။
One Piece , Naruto, EVA စသဖြင့် ငယ်စဉ်က နှစ်သက်ခဲ့သည်များကို မြင်တော့ မဝယ်ဘဲ မနေနိုင်ကြတော့ချေ။
သူတို့ ဝယ်ထားကြသည့် ပစ္စည်းများကို ကားထဲ ပစ်ထည့်ပြီးနောက် တက်ကြွနေသည့် လျန်ကျင်းမင်၏ ဦးဆောင်မှု အောက်တွင်ပဲ သုံးယောက်သား maid café သို့ ရောက်ရှိလာကြလေသည်။
ဆိုင်ထဲရှိ စားပွဲထိုးများ အကုန်လုံးက maid ပုံစံ အဝတ်အစားများ ဝတ်ဆင်ထားကြပြီး စကတ်များကလည်း တိုထွာလွန်းလှကာ ပေါင်ထိပ်ဆုံးနားအထိ ကပ်နေပြီး သူမတို့၏ လျှို့ဝှက်အပ်သော နေရာများကိုပင် မဆိုသလောက်လေး မြင်နေရတော့၏။
“ အား…”
သုံးယောက်သား စကားပြောဆိုရင်းဖြင့် ကော်ဖီလာချပေးမှာကို စောင့်ဆိုင်းနေတုန်းမှာပဲ ရုတ်တရက် ကောင်မလေး တစ်ယောက် အော်လိုက်သည့် အသံကို ကြားလိုက်ရသည်။
သူတို့ အလိုအလျောက် ခေါင်းလှည့်ကြည့်မိလိုက်တော့ ပတ္တူအိတ်ကို လွယ်ထားသည့် အမျိုးသမီးတစ်ယောက်မှ ကြမ်းပြင်သို့ တိုက်ချခံလိုက်ရကြောင်းကိုမြင်တွေ့လိုက်ရလေသည်။
“ သူပဲဟ…”
မူလကတော့ သုံးယောက်သား အာရုံ သိပ်ထားမကြသော်လည်း သေချာလေး ဂရုတစိုက် ကြည့်ပြီးသည့်နောက်တွင်တော့ လဲကျနေသည့် ကောင်မလေးမှာ သူတို့ မနေ့ညတုန်းက ဆုံတွေ့ခဲ့သည့် ရှိုကို နာခါဂျီးမားပင် ဖြစ်ပေတော့သည်။
လက်ရှိ ရှိုကို နာခါဂျီးမား ၀တ်ဆင်ထားသည်က ယခင်နေ့ကနှင့် လားလားလေးမျှ မတူ။
သူမက အပြာရောင် ဂျင်းနှင့် အဖြူရောင် ရှူးဖိနပ်ကို စီးနင်းထားပြီး ပန်းရောင်ဖျော့ဖျော့ ရှပ်အင်္ကျီကို ၀တ်တင်ထားသည်။ ကာတွန်းပုံများ ရေးဆွဲထားသည့် သူမ၏ ပတ္တူအိတ်နှင့် ပေါင်းစပ်လိုက်သည်တွင် ယခင်နေ့က ဖျော်ဖြေတင်ဆက်ခဲ့သည့် ဂေးရှားမယ် တစ်ဦးဖြစ်နေသည်လို့ နည်းနည်းလေးမျှ ထင်ရက်စရာကို မရှိချေ။
ဤခံစားချက်မျိုးက ကျီချင်းရန် JK ယူနီဖောင်းသို့ ပြောင်းလဲလိုက်သည့် ခံစားချက်နှင့်မတူညီ။ ကျီချင်းရန်က ချစ်စဖွယ် JK ယူနီဖောင်းကို ၀တ်ဆင်သည် ဆိုသော်လည်းပဲ ဆွဲဆောင်ရင့်ကျက်မှုရှိသည့် အမျိုးသမီး တစ်ယောက်၏ အရှိန်အဝါများက သင်းပျံ့နေသေးသည်။
သူမ၏ လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းက တည်ငြိမ် ကြော့ရှင်းနေသည်။
သို့ပေမယ့် ရှိုကို နာခါဂျီးမားကတော့ မတူညီစွာ လူကို သူမက အမြဲတမ်း ယခုလိုပင် ၀တ်စားလေ့ရှိသည်ဟူသော ခံစားချက်မျိုး ပေးစွမ်းနေခဲ့၏။
ဂေးရှား ဖျော်ဖြေမှုကက သူမ၏ ၀မ်းရေးအတွက် အလုပ်အကိုင် တစ်ခုမျှပင်...။
" ဒါ သောက်ရမ်း တိုက်ဆိုင်လွန်းသွားပြီ... မနေ့တုန်းကပဲ သူ တီးမှုတ်ဖျော်ဖြေတာကို ငါတို့ နားဆင်ခဲ့ကြတယ်... ဒီနေ့ကျပြန်တော့လည်း ထပ်တွေ့နေရပြီ... " လျန်ကျင်းမင် ပြောလိုက်၏။
" ဒါ ရေစက်ပဲ.. " ကောင်းကျုံးယွမ် ပြောလိုက်ပြီး " လင်းကော... ဒီခုချိန်က လှုပ်ရှားဖို့ အချိန်ကောင်းပဲ... ငါတို့ မရီးကို ပြန်မတိုင်ပါဘူးကွ... "
လင်းရီ ဘာမျှ မပြောနိုင်သေးခင်မှာပဲ သူ ကောင်းကျုံးယွမ်နှင့် လျန်ကျင်းမင်တို့ နှစ်ယောက်ကြောင့် ရှေ့သို့ တွန်းပို့ခြင်းကို ခံလိုက်ရသည်။
" ငါ -ိုး... "
" မစ္စတာလင်းလား... "
လင်းဂီ ရုတ်တရက် သူမ အရှေ့ ရောက်လာခဲ့သည်ကို မြင်တော့ ရှိုကို နာခါဂျီးမား အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ မည်သို့ပင်ဆိုစေ သူမတို့ နှစ်ယောက်က ယမန်နေ့ကတင် တွေ့ခဲ့ကြသည် မဟုတ်ပါလား။
" အဆင်ပြေရဲ့လား ရှိုကို မိန်းကလေး... "
ဤအခြေအနေ ရောက်မှတော့ လင်းရီ မတတ်နိုင်တော့ပဲ သူ၏ လက်ကို ကမ်းပေးလိုက်ရတော့သည်။
" ဟုတ်ကဲ့.. အဆင်ပြေပါတယ်.. "
ရှိုကို နာခါဂျီးမား၏ မျက်နှာမှာ အနည်းငယ် ရဲပတောင်းခတ်နေခဲ့သည်။ သူမ လင်းရီလက်ကို ရှက်ကိုးရှက်ကန်း ဆုပ်ကိုင်၍ လင်းရီကို အားပြုပြီး မတ်တပ်ပြန်ရပ်လိုက်၏။
" မင်း အဆင်ပြေတယ်ဆိုရင် ကောင်းတယ်... "
" ဟုတ် ဟုတ်... " ရှိုကို နာခါဂျီးမား တိုးညင်းစွာ ပြန်ပြောလိုက်သည်။
" မင်း လမ်းကို သေချာလျှောက်စမ်း... " ရှိုကို နာခါဂျီးမားနှင့် ၀င်တိုက်မိသည့် လူမှ ဒေါကန်နေသည့် အမူအရာဖြင့် ပြောလိုက်ပြီး " မင်း ငါ့ကောင်မလေးကို နာကျင်အောင် လုပ်လို့ကတော့ မင်းကို ခွင့်မလွှတ်ဘူး... "
ဟင်...
လင်းရီ စကားပြောလာသူကို ကြည့်လိုက်တော့ ထိုသူက အသက် နှစ်ဆယ် အရွယ်လောက်သာ ရှိဦးမည်။ သူက ဘောင်းဘီတိုနှင့် ညှပ်ဖိနပ်ကို စီးနင်းထား၏။ ဟာဆူနဲ မီကူ အရုပ်ကို သူ၏ လက်ထဲတွင် တင်းကြပ်စွာ ကိုင်ထားပြီး သူ၏ ဇနီးသည်ကို ကာကွယ်နေလျက် ရှိသည့် သူရဲကောင်းတစ်ယောက်နှယ် ဖြစ်နေတော့သည်။
လင်းရီ ထိုကောင်ကို လက်မထောင်ပြချင်လုနီးပါး ဖြစ်သွားခဲ့၏။
မည်သည့် မျက်လုံးနှင့်ပဲ ကြည့်ကြည့် ရှိုကို နာခါဂျီးမားမှာ လှပသည့် ပျိုကညာ တစ်ယောက်အဖြစ် သတ်မှတ်၍ ရသည်။ ယခုလိုအခြေအနေမျိုးတွင် ထိုငနဲက အလှလေးတစ်ယောက်လုံးကို လျစ်လျူရှုထားပြီး အမှန်ပင် ဆူငေါက်ရက်နေသည်။
ထို့ပြင် ဟာစုနဲ မီကူ အရုပ်ကိုလည်း သူ့ကောင်မလေးဟု ပြောဆိုနေလိုက်သေး၏။
ကွဲလွဲ မညီညွှတ်သည့် မြင်ကွင်းကို မြင်တော့ လင်းရီ ဟာသ တစ်ပုဒ်ကိုပင် ပြန်အမှတ်ရသွားခဲ့သည်။
ပုရွက်ဆိတ်မှ ဆင်ကိုကြည့်၍ " ငါ နင့်ကလေး လွယ်ထားရတယ်.. နင်ငါ့ကို တာ၀န်ယူပေးရမယ်...."
ထိုအခါ ဆင်ကလည်း ပြန်ပြောလိုက်၏။ " နောက်တစ်ခေါက် ထပ်လုပ်ကြရအောင်... "
" တောင်းပန်ပါတယ်... တောင်းပန်ပါတယ်.. စိတ်မရှိပါနဲ့.... "
ရှိုကို နာခါဂျီးမား လေးငါးကြိမ်လောက် ဦးညွှတ်လိုက်ပြီး လင်းရီ အနောက်တွင် သွားရပ်နေလိုက်သည်။
" ငါ့ ကောင်မလေး ဘာမှ ဖြစ်မသွားတာ မင်း ကံကောင်းသွားတယ်... မဟုတ်ရင် မင်းကို ကျိန်းသေပေါက် သင်ခန်းစာ ပေးလိုက်ပြီ... "
သူမကို ခြိမ်းခြောက်ပြီးနောက် အိုတာခုမှာ သူ၏ ' ကောင်မလေး ' ဆိုသူကို ရင်ခွင်ထဲပိုက်လျက် ထွက်ခွာသွားခဲ့သည်။
လင်းရီ ၎င်းကို ကြည့်ရင်း ခေါင်းကိုက်သွားခဲ့သည်။ သောက်ကျိုးနည်း ဒီကောင့်သောက်လုံးတွေ အလှည့်စားခံနေရပြီ...
" မစ္စတာလင်းကို ကျေးဇူးတင်ပါတယ်... " ရှိုကို နာခါဂျီးမား လင်းရီကို ဦးညွှတ်လိုက်၏။
" အသေးမွှားလေးပါ... "
လင်းရီ သူမကို ထိုင်ခုံတွင် နေရာပေးလိုက်ပြီး " ရှိုကို မိန်းကလေးကရော anime fan ပဲလား... "
" မဟုတ်တာ မဟုတ်တာ.. ကျွန်မ မောင်လေးကတာ ဒီလို အရာမျိုးတွေ ကြိုက်တာ.. သူက ဒီက ကိတ်မုန့် စားရတာလည်း ကြိုက်တယ်လေ... ဒါကြောင့် သူ့ဖို့ တစ်စိတ် လာ၀ယ်ပေးတာ... "
ပြောရင်းဖြင့် ရှိုကို နာခါဂျီးမား သူမ လက်ထဲရှိ ဘူး အသေးလေးကို ဝှေ့ယမ်းပြလိုက်သည်။ " သူ့ဖို့ အိမ်ပြန်ယူသွားပေးမို့လေ.. "
ကိတ်ဘူးက အလွန့်အလွန်ကို သေးငယ်လှ၏။ အထဲရှိ ကိတ်မုန့်ကလည်း ဖက်ထုပ်လောက်သာ ရှိမည်ဟု လင်းရီ ခန့်မှန်းလိုက်သည်။
" မင်းရဲ့ ၀င်ငွေနဲ့တိုရင် ချမ်းသာနေသင့်တာ မဟုတ်ဘူးလား.. ဘာလို့ ဒီလောက် နည်းနည်းလေး ၀ယ်လာခဲ့တာလဲ... "
ယင်းကို လင်းရီနှင့် ကျန်သူများ အသိချင်ဆုံးပင်။
လက်ရှိ သူမ ၀တ်စားထားသည်များက နိုင်ငံတွင်းရှိ အလုပ်လုပ်သည့် လူတန်းစားများနှင့်ပင် မနှိုင်းယှဉ်နိုင်ချေ။ သူမ၏ ဂေးရှားဟူသည့် အဆင့်အတန်းနှင့်လည်း ညီညွှတ်နေခြင်း မရှိချေ။
မည်သို့ပင်ဆိုစေ ယမန်နေ့က သူတို့ မှာယူလိုက်သည့် ဟင်းပွဲကပင် ယွမ် ငါးသောင်းကျော် တန်ကြေးရှိ၏။
ရှိုကို နာခါဂျီးမား ခေါင်းငုံ့ထားပြီး ဆံပင်ကို သပ်လိုက်ရင်း လေသံ တိုးတိုးဖြင့် " ပိုက်ဆံ အများစုကို သူဌေးက ယူသွားခဲ့တာလေ.. ကျွန်မ ရတဲ့ ၀င်ငွေကလည်း မိသားစုရဲ့ အကြွေးတွေကို ပြန်ဆပ်ဖို့ရှိတော့ ချွေချွေတာတာနဲ့ သုံးရတော့တာပေါ့.. "
လျန်ကျင်းမင်နှင့် ကောင်းကျုံးယွမ်တို့ အချင်းချင်း ကြည့်မိလိုက်ကြ၏။ ဤသည်က ရိုမန်တစ် ဆန်သည့် ဒရာမာများ ရိုက်ကူးဖို့ရာ အတွက် သိပ်ကို ကောင်းမွန်မည့် ဇာတ်လမ်းလေးတစ်ပုဒ်ပင်။
ချောမော ခန့်ညားပြီး ချမ်းသာသည့် အမျိုးသား တစ်ယောက်မှ ဖျော်ဖြေပွဲ တစ်ခု၌ အမှတ်မထင် ဂေးရှားမယ် တစ်ယောက်နှင့် ဆုံတွေ့မိပြီး ကြင်နာ သနား သက်၀င်မိကာ ဂေးရှားမယ်လေး၏ အကြွေးများကိုလည်း ပြန်ဆပ်ပေးလိုက်သည်။ ထို့နောက် သူမကို ဂေးရှား အလုပ်အကိုင်မှ ကယ်ဆယ်ရင်း ဖြည်းဖြည်းချင်း ချစ်ကျွမ်း၀င်မိသွားတော့၏။
ဒါဇာတ်ကားရိုက်ရင် ကျိန်းသေပေါက်မှာ သေချာတယ်...
" တော်တော်ခက်ခဲမှာပဲနော်... "
လင်းရီ ဘာမျှ ထပ်အပို မပြောချေ။ ဘယ်အချိန် ရပ်တန့်မလဲဆိုတာကို သူ အမြဲတမ်းသိသည်။
" မခက်ခဲတော့ပါဘူးရှင်...နေသားကျသွားပြီလေ... " ရှိုကို နာခါဂျီးမားမှ သူမ၏ ဆံပင်ကို ဖြီးသပ်လိုက်ရင်း ညင်သာစွာ ပြောလိုက်သည်။
" မစ္စတာလင်းက တခြားတစ်ယောက်နဲ့ တွေ့ဖို့ ချိန်းထားတာလား... တကယ်လို့ စိတ်မရှိဘူးဆိုရင် ကျွန်မ လိုက်ပြပေးမယ်လေ.. ကျေးဇူးတင်ရင်းပေါ့... "
" ဈေး၀ယ်ထွက်တာက ကျေးဇူးတင်မှုကို ပြဖို့ ကောင်းတဲ့ နည်းလမ်း မဟုတ်ဘူးနော... "လျန်ကျင်းမင် ပြုံးစစ အမူအရာဖြင့် ပြောလိုက်သည်။
ရှိုကို နာခါဂျီးမား ရှက်သွေးဖြန်းသွားခဲ့ပြီး ခေါင်းကို ပြန်ငုံ့လိုက်ကာ " ကျွန်မ ညစာ ၀ယ်ကျွေးနိုင်ပါတယ်.... "
" ဒါပေမယ့် ပိုက်ဆံ ရှိလို့လား... " ကောင်းကျုံးယွမ်လည်း ပြုံးစစဖြင့် စနောက်ပြောလိုက်၏။
" ရှိတယ်... " ရှိုကို နာခါဂျီးမားမှ အားတက်သရော ပြန်ပြောလိုက်ပြီး " ပြီးတော့ ကျွန်မက ဟင်းလည်း ချက်တတ်တယ်... ကျွန်မ ချက်တာတွေက သိပ်အရသာ ရှိတာ... ရှင်တို့ ကျွန်မအိမ်လာပြီး ဧည့်သည် လုပ်လို့ရတယ်နော်... "
" ငါတို့ သုံးယောက်လုံး မင်းအိမ်လာလို့ ဖြစ်ပါ့မလား... "
" အွန်း အွန်း... ရှင်တို့ကို ဖိတ်ကြားလို့ ရမယ်ဆိုရင်ပေါ့... . "
လျန်ကျင်းမင်နှင့် ကောင်းကျုံးယွမ်တို့ အချင်းချင်းကြည့်လိုက်ကြသည်။ သူမက သူတို့ သုံးယောက်ကို ဖိတ်ကြားသည် ဆိုသော်လည်းပဲ အမှန်တကယ် ဖိတ်ကြားချင်နေသည့် သူက လင်းရီ ဖြစ်ကြောင်းကို သူတို့ သိကြသည်။
သူမက လင်းရီကို အုံ့ပုန်းချစ်နေသည်မှာ သိသာလှပြီး သူတို့ ၀င်ပါလို့ မသင့်လျော်ချေ။
ကလင် ကလင် ကလင် ...
နှစ်ယောက်သား လင်းရီ တုံ့ပြန်လာမည်ကို စောင့်ဆိုင်းနေသည့် အချိန်မှာပဲ သူတို့ ဖုန်း၀င်လာသည့် အသံကို ကြားလိုက်ကြရ၏။
ဖုန်းကို ထုတ်ကြည့်လိုက်ရင်း လင်းရီ ကျီချင်းရန်ဆီမှ ဖြစ်မည်ဟု ယူဆလိုက်သည်။
သို့သော် အံ့အားသင့်ဖို့ ကောင်းသွားသည်က အာယာနဲ မစ်ဆူ ထံမှ ဖြစ်နေသည်။
ချက်ချင်းဆိုသလိုပဲ လင်းရီ နှလုံးခုန်သံ မြန်လာခဲ့၏။ သို့သော် အလျင်အမြန်ပဲ ပြန်ငြိမ်ကျသွားခဲ့သည်။
ယခု အခိုက်အတန့်တွင် သူ စိတ်လှုပ်ရှားနေ၍ မဖြစ်ချေ။
" ဟယ်လို... "
" ရှင် ဂျပန် ရောက်နေတာမလား... “