← Chapters

အခန်း (၁၁၇၀)

Vol. 78 Ch. 1170

အခန်း (၁၁၇၀)

Vol. 78 Ch. 1170

ရှင့်ကိုပေးမယ့် အမှတ်တွေ လျော့ကုန်ပြီ

' ငိုးမ ဒါပဲလေ... ' လင်းရီ ရင်ထဲတွင် အော်ဟစ်နေလိုက်၏။

ထင်ထားသည့် အတိုင်း အယာနဲမစ်ဆူသည် သူ့ကို ဘယ်တော့မှ စိတ်မပျက်စေခဲ့ချေ။

သူ့ဆီ ဆက်မသွယ်လာ၍ လင်းရီ ဤတစ်လျှောက်လုံး စိုးရိမ် ပူပန်နေမိခဲ့‌သော်လည်း ယခုလို အချိန်မျိုးတွင် ဆက်သွယ်လာလိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။

" ငါ ဒီရောက်နေတာ မင်း ဘယ်လိုသိလဲ "

" ရှင်မှတ်မိသေးလား.. ကျွန်မတို့ မစ်ဆူ အုပ်စုရဲ့ စီးပွားရေး ဘဏ်ခွဲ ဆူမီတိုမို ဘဏ်ကနေပြီး လတ်တလောတုန်းကမှ ရှင့် ကုမ္ပဏီမှာ ရင်းနှီးမြုပ်နှံခဲ့တာကိုလေ... "

အာယာနဲ မစ်ဆူ၏ ပြောသံကိုကြားတော့ လင်းရီ ထိုကိစ္စကို ပြန်အမှတ်ရသွားခဲ့သည်။

ကြည့်ရသည်မှာတော့ သူ ထုံးဟွာ အီလက်ထရောနစ်တွင် အသုံးပြုလိုက်သည့် ကန်ဒေါ်လာ သန်း ၄၀ ကို ပြောနေခြင်း ဖြစ်လောက်၏။

" အဲ့တာနဲ့ ဘာဆိုင်လို့... "

" မိသားစုက ယခင်နှစ် ရင်းနှီးမြုပ်နှံမှု ရလဒ်တွေကို စစ်ဆေးကြည့်နေတာလေ.. ကျွန်မလည်း ပျင်းပျင်းရှိတာနဲ့ တစ်ချက် ကြည့်လိုက်တော့ ရှင်တို့ရဲ့ တရား၀င် စာမျက်နှာမှာ ဂျပန်ကို အုပ်စုလိုက် ခရီးထွက်မယ့် အကြောင်း ကြေညာထားတာ မြင်မိလို့... ဒါကြောင့်မို့ ရှင့်ဆီ ဖုန်းဆက်လိုက်တ... "

အာယာနဲ မစ်ဆူ၏ စကားလုံးများက လင်းရီကို တစ်စုံတစ်ရာအား နားလည်သဘောပေါက်သွားစေခဲ့သည်။

ဟိုတယ်ကိစ္စနှင့် ပတ်သက်ပြီး စီစဉ်ပေးခဲ့သူက အာယာနဲ မစ်ဆူ မဟုတ်ချေ။ ဤအတိုင်း တိုက်ဆိုင်သွားရုံ သပ်သပ်မျှသာ ဖြစ်၏။

" အင်း... ကုမ္ပဏီရဲ့ တခြား အမှုဆောင်တွေကနေပြီး စီစဉ်လိုက်တာ... ငါနဲ့ ဘာမှ မဆိုင်ဘူး... ငါက ဒီတိုင်း လိုက်ခဲ့ရုံသပ်သပ်ပဲ..."

" ရှင့် ကောင်မလေးကိုရော ခေါ်လာခဲ့သေးလား... " အာယာနဲ မစ်ဆူမှ အပြုံးလေးဖြင့် မေးလိုက်၏။

" သေချာပေါက်ပဲပေါ့... "

" ကိစ္စ မရှိပါဘူး.. အောင်မြင်နေတဲ့ ယောက်ျားတစ်ယောက်အတွက်တော့ မိန်းမဆိုတာအနှောင့်အယှက်မှ မဟုတ်ပဲ... " အာယာနဲ မစ်ဆူ ပြောလိုက်ပြီး " အခု အချိန်ရလား.. ရှင်က တိုကျိုရောက်နေမှတော့ အနည်းဆုံးတော့ ကျွန်မကို ဧည့်၀တ်ကျေခွင့် ပြုသင့်တယ်နော်... "

" အလုပ်ရှုပ် ခံမနေစမ်းပါနဲ့.. ငါက ဒီတိုင်း အလည်လာတာ.. ဘာကောင်မှလည်း မဟုတ်ဘူး... ထားလိုက်ပါ... "

ရရန် ခက်ခဲသည့် ဂိမ်းကို လင်းရီ ကျွမ်းကျင်စွာ ကစားတတ်သည်။

သို့သော်လည်း သူ၏ ပြိုင်ဘက်က အာယာနဲ မစ်ဆူ ဖြစ်နေ၍သာ လင်းရီ ယခုလို ပြုမူနေခြင်းပင်.....။

" အဲ့ကိစ္စ ပူစရာ မလိုပါဘူး.. ရှင့်ကောင်မလေးသာ ရှင်နဲ့အတူ ရှိမနေရင် ပြီးတာပါပဲ.. အဲ့လိုဆိုရင်တော့ ကျွန်မလည်း ရှင့်ဆီ လာမရှာရဲပါဘူး.. ကျွန်မကြောင့်နဲ့ ရှင်တို့တွေ ရန်ဖြစ်စကားများရမှာမျိုး မဖြစ်စေချင်ဘူးလေ... "

" မင်း အခု ဘယ်မှာလဲ.. ငါပဲ လာရှာလိုက်မယ်.. "

အာယာနဲ မစ်ဆူက အခြား မိန်းကလေးများနှင့် မတူညီပေ။ ရရန် ခက်ခဲသည့် ကစားနည်းက အတိုင်းအတာ တစ်ခုအထိသာ အကျိုးသက်ရောက်မှု ရှိသည်။ အကယ်၍ သူသာ နောက်တစ်ခေါက် ငြင်းဆန်လိုက်မည် ဆိုပါက သူ့ကို ပြန်ပြီး ဖိတ်ခေါ်တော့မည် မဟုတ်ချေ။

" ရှင်ဘယ်မှာလဲ.. အိုမန် ဟိုတယ်မှာလား... "

" ဟင်... ငါ အဲ့မှာ နေမှန်း မင်း ဘယ်လိုလုပ်ပြီး သိသွားတာလဲ... "

" ဒါက ဂျပန်လေ.. အဲ့လို အသေးမွှား ကိစ္စလောက်လေးကတော့ ရှင်ကျွန်မဆီကနေ ဖုံးကွယ်ထားလို့ မရပါဘူး.. "

လင်းရီ ပြုံးလိုက်ပြီး " ငါအခု အာကီဟာဘာယာမှာ.. ဒီမှာ maid cafe လည်း ရှိတယ်လေ... "

" ဟင်... ရှင်လည်း အဲ့လိုနေရာမျိုးတွေ စိတ်၀င်စားတယ်ပေါ့... ကျွန်မက အိုတာခု စစ်စစ်တွေပဲ အဲ့လိုနေရာမျိုးကို ကြိုက်မယ် ထင်နေတာ... "

" မင်းနှုတ်ကနေ ' အိုတာခု' ဆိုပြီး ပြောသံကြားရတာ တကယ့်ကို မတူညီတဲ့ ဆွဲဆောင်မှုပဲ... "

" နိုင်ငံ အချင်းချင်း ယဉ်ကျေးမှုချင်း မတူညီဘူးဆိုပေမယ့် ကျွန်မတို့ကြားမှာ တူညီနေတာတွေ တစ်ချို့လည်း ရှိတာပဲလေ.. " အာယာနဲ မစ်ဆူ တခစ်ခစ် ရယ်မောလိုက်ရင်း " ရှင့်ရဲ့ အဆင့်အတန်းနဲ့ဆိုရင် ရှင်သာ ဒီလိုမျိုးတွေ စိတ်၀င်စားရင် တံခါးလာခေါက်မယ့် မိန်းကလေးတွေမှ အများကြီးပါ... ဒါပေါ့.. ကျွန်မလည်း အဲ့ထဲက တစ်ယောက်ပဲပေါ့... "

" ဒါဆိုလည်း မြန်မြန်သာ လာခဲ့လိုက်တော့ ... ငါ မင်းကို ဒီမှာ စောင့်နေမယ်... "

" ‌အင်း.. အခု လာနေပြီ... "

အာယာနဲ မစ်ဆူနှင့် ဖုန်းချပြီးနောက် လင်းရီ ဖုန်းချလိုက်၏။

" လင်းကော... ဘာကိစ္စလဲတဲ့... " ကောင်းကျုံးယွမ် မေးမြန်းလိုက်သည်။

" ငါ အပြင်ခဏသွားဦးမယ်.. ဘယ်အချိန် ပြန်လာမလဲ မသေချာဘူး... ခဏကျရင် ချင်းကြီးကို ဖုန်းဆက်ပြီး ဒီည ပြန်မလာနဲ့လို့ ပြောလိုက်... ချင်းရန် မေးလာခဲ့ရင် ငါနဲ့ အဲ့ကောင် ကိစ္စတစ်ခုရှိလို့ တစ်နေရာသွားတယ် ပြောထားလိုက်... "

" ကျစ် ကျစ်... ပါးစပ်ဟလိုက်တာနဲ့ ဘယ်လောက်တောင် မကောင်းတဲ့ကောင် ဖြစ်လိုက်သလဲဆိုတာ ဖော်ပြနေတော့တာပဲ... "

" ဘယ်တတ်နိုင်မှာ.. အရာအားလုံးကို သေချာချင့်ချိန်ရမယ်လေ.. မဟုတ်ရင် ငါဘယ်လိုလုပ်ပြီး ဒီနေ့ထိ အသက်ရှင်နေတော့မှာလဲ... "

" မစ္စတာလျန်.. မစ္စတာကောင်း.. ရှင်တို့ ကျွန်မအိမ် လိုက်ကြဦးမလား... ကျွန်မ ရှင်တို့ကို ထမင်းချက်ကျွေးနိုင်ပါတယ်... "ရှိုကို နာခါဂျီးမားမှ မေးမြန်းလိုက်သည်။

" ညီကိုလင်းက မသွားဘူးဆိုမှတော့ ငါတို့နှစ်ယောက်တည်း လိုက်လို့လည်း အလကားပဲ.. နောက်မှ ဆက်ပြောကြတာပေါ့.. ဘာပဲဆိုဆို ငါတို့လည်း များများစားစား ကူညီခဲ့တာမှ မဟုတ်တာ... အဲ့လောက် ယဉ်ကျေးနေဖို့ မလိုပါဘူး... "

" ဟုတ် ဟုတ်... " ရှိုကို နာခါဂျီးမား ခေါင်းညိမ့်လိုက်ပြီး သူမ၏ အိတ်ထဲမှ မှတ်စုစာရွက်ကို ထုတ်၍ တစ်ရွက်ဖြဲလိုက်ပြီး သူမ၏ ဖုန်းနံပါတ်ကို ရေးပေးလိုက်သည်။

" မစ္စတာလင်း... ဒါက ကျွန်မရဲ့ နံပါတ်ပါ.. နောင် ဆိုင်လာပြီး အပန်းဖြေချင်တယ်ဆိုရင် ကျွန်မကို ဖုန်းဆက်လိုက်... ရှင့်ကို ဒုတိယထပ် ခေါ်သွားပေးပါ့မယ်... "

" ကောင်းတာပေါ့... "

" အင်း... ဒါပေမယ့်....... ဒါပေမယ့်.. ရှင် ပိုက်ဆံတော့ သုံးရမှာနော်... ကျွန်မ ရှင့်ကို အလကား ဖျော်ဖြေပေးပိုင်ခွင့်က မရှိတော့လေ... " ရှိုကို နာခါဂျီးမားမှ အရှက်သည်းစွာ ပြောဆိုလိုက်သည်။

" ဒါပေါ့.. ပြဿနာ မရှိပါဘူး... ကျုပ်တို့က တခြား အရာသာ ချို့ယွင်းရင် ချို့ယွင်းမယ်.. ငွေကြေးတော့ မချို့ယွင်းဘူး... "

" ရှင် စိတ်မဆိုးသရွေ့ အဆင်ပြေပါတယ်... "

" မဆိုးပါဘူး... "

မကြာမီ သူတို့ မှာထားသည့် ကော်ဖီများ ရောက်လာပြီး အတူသောက်လိုက်ကြသည်။ ရှိုကို နာခါဂျီးမားက တစ်၀က်တွင်မှ လာရောက်ရောနှောခြင်း ဖြစ်သော်လည်း မည်သူကမျှ သက်တောင့် သက်သာ မဖြစ်သလို မခံစားရချေ။ ထို့ပြင် တစ်ယောက်နှင့်တစ်ယောက်က ရင်းနှီးစ ပြုနေပြီဟူ၍ သတ်မှတ်၍ ရလေသည်။

ဂျပန် မိန်းကလေးများနှင့် ပတ်သက်၍ကတော့ လင်းရီ နားလည်မှု အသစ်တစ်ခု ရရှိသွားခဲ့သည်။

သူတို့က ပေါ့ပါးပြီး ညင်သာသည်။ ထို့ပြင် အနည်းငယ်လုံး နိမ့်နိမ့်ချချရှိသည်။

လင်းရီ သူ့ကိုယ်သူ ပြန်တွေးကြည့်လိုက်တော့ လီချူးဟန် သူ့အနားတွင် ရှိနေစဉ်၌ပင် ယခုလို ခံစားချက်မျိုး မခံစားခဲ့ရကြောင်း သတိမူမိလိုက်၏။

နာရီ၀က်ခန့် ကြာပြီးနောက် သူ၏ ဖုန်းသံ တစ်ဖန် မြည်လာပြန်သည်။ အာယာနဲမစ်ဆူမှ ဆက်သွယ်လာခဲ့ခြင်းပင်။

" ငါ ဂိတ်အပြင်ဘက်မှာ စောင့်နေတယ်... မာစီးတီးမေဘက် အနက်ရောင်နော်... နင် ထွက်လာရင် မြင်ပါလိမ့်မယ်... "

" ကောင်းပြီ... "

သို့နှင့် လင်းရီ ဖုန်းပြန်ချလိုက်၏။

" ငါ အရင်လစ်ပြီ.. မင်းတို့ နှစ်ကောင်ကတော့ လုပ်ချင်ရာသာ လုပ်ကြတော့... "

" မင်းက ကောင်မလေး တွေ့တာနဲ့ ညီကိုတွေကို စွန့်ပစ်နေတယ်ပေါ့.. ဟမ်.. "

ခေတ္တစကားပြောပြီးနောက် လေးယောက်သား ကော်ဖီဆိုင်ထဲမှ ထွက်လာခဲ့ကြသည်။

အာယာနဲ မစ်ဆူ၏ ကားက အ၀င်၀တွင် ထိုးရပ်ထားပြီး သိပ်ကို အမြင်ဖမ်းစားလွန်းနေသည်။

သူမ ၀တ်စားထားသည်ကလည်း သာမန်နှင့် မတူကွဲပြားနေခဲ့၏။

အဖြူရောင် ဂါ၀န်နှင့် ပခုံးထက်ဖြာကျသည့် ဆံပင်ရှည်၊ ကျက်သရေ ရှိလှသည့် လည်တိုင်တွင် တစ်ဖနီ စိန်လည်စွဲကို တန်ဆာဆင်ထားကာ တောက်ပသည့် အလင်းရောင်အောက်က ညင်သာသည့် ညချမ်းလေပြေလေးကဲ့သို့ပင်။

" ကောင်မလေး အသစ်လား.. "

အာယာနဲ မစ်ဆူ ပြတင်းပေါက်မှတဆင့် ရှိုကိုနာခါဂျီးမားကို ကြည့်ပြီး ပြောလိုက်သည်။

" အင်း... မနေ့ညက ဂေးရှားရှိုးမှာ ဆုံခဲ့တာလေ.. ဒီနေ့ ဒီလာတော့ တိုက်တိုင်ဆိုင်ဆိုင် သူနဲ့ ပြန်လာဆုံတာပဲ... "

" ဂေးရှားရှိူး.. ဟုတ်လား... "

"ရှင် ဂျပန်ရောက်လာတာ ခံစားစရာ ယဉ်ကျေးမှုက အတော်ရှားလို့ ဖြစ်လိမ့်မယ်... " အာယာနဲ မစ်ဆူမှ ပြုံးစစဖြင့် စနောက်လိုက်ပြီး " ကျွန်မစိတ်ထဲ ရှင့်ကို ပေးမယ့် အမှတ်တွေတော့ အများကြီး လျော့ကုန်ပြီ... "

" ငါက ဒီတိုင်းသွားပြီး နားသောတဆင်တာကို ဘာလို့ အမှတ်တွေ လျော့ကုန်တာတုန်း... "

" ဘာလို့ဆို အဲ့လိုနေရာက မိန်းကလေးတွေက ရှင့်နဲ့ မထိုက်တန်ဘူးလေ.. " အာယာနဲ မစ်ဆူပြောလိုက်ပြီး သနားစဖွယ် အမူအရာဖြင့် " ရှင်က ဒီလာတာတောင် ကျွန်မ မတိုင်ခင် တခြားမိန်းကလေး တစ်ယောက်နဲ့ အရင်ထိတွေ့ပြီးမှဆိုတော့ ကျွန်မ အရမ်း ၀မ်းနည်းမိတယ်... "

" ကောင်းပြီလေ.. ငါကတိပေးတယ်.. ဖြစ်နိုင်ရင် ငါမင်းနဲ့ သေချာပေါက် အရင်ဆုံး အိပ်မယ်... "

" ဒါ ဒီနှစ်ထဲ ကျွန်မရဖူးတဲ့ ကတိတွေထဲက အကောင်းဆုံး ကတိပဲ.. "အာယာနဲ မစ်ဆူ ပြုံးလိုက်ပြီး " ဂျပန်ကို ပြန်ရောက်လာပြီးတော့ ကျွန်မစိတ်ထဲ တွေးမိတာ ရှင်နဲ့ မိတ်ဆွေဖြစ်ရတာလည်း ကောင်းတယ်လို့ ခံစားမိတယ်... ရှင်က ထက်ထက်မြက်မြက်လည်း ရှိတယ်... ကတိလည်း တည်တယ်.. ရှင်နဲ့အတူ စီးပွားရေးလုပ်ပြီး အတူအိပ်ရတာက ဆိုးတဲ့ ကိစ္စတော့ မဟုတ်ပါဘူး.... "

" မင်း ငါ့အပေါ် အရင်က စိတ်ကူးတွေ မရှိသရွေ့တော့ ငါတို့ချင်း မိတ်ဆွေကောင်းတွေ ဖြစ်လို့ရတယ်... "

" ဖြစ်နိုင်မယ်ဆိုရင် ကျွန်မလည်း မရှိချင်ပါဘူး.. ဒါပေမယ့် ကျွန်မတတ်နိုင်တာကလည်း မရှိပဲ... ကျွန်မတို့ အမြင့်ကို တက်လေလေ... ကိုယ့်ဘ၀ကိုယ် ထိန်းချုပ်နိုင်စွမ်း နည်းလာလေလေ...တချို့ အရာတွေဆိုတာ ကျွန်မတို့ လက်လှမ်းမီနိုင်တဲ့ ဟိုးအလွန်မှာ ရှိနေကြတယ်လေ.... " အာယာနဲ မစ်ဆူမှ ပြုံးလျက် ပြောလိုက်ပြီး " ဒါပေမယ့် ရှင့်ကို မနှောင့်ယှက်မိအောင်တော့ အကောင်းဆုံး ကြိုးစားသွားမှာပါ... "

" အဲ့လိုမှပေါ့.. " လင်းရီ သူ့ထိုင်ခုံနောက်သို့ မှီလိုက်ရင်း " အချိန်ရတယ်ဆိုရင် မင်းကို တိုက်ခိုက်ခဲ့တဲ့သူ အကြောင်း စုံစမ်းသင့်တယ်... အဲ့ကိစ္စက ပိုအရေးကြီးတယ်... "

စာစဉ် (၇၈) ပြီး၏။

All Chapters