← Chapters

အခန်း (၁၃၇၄)

Vol. 99 Ch. 1374

အခန်း (၁၃၇၄)

Vol. 99 Ch. 1374

မတွေ့ရတာကြာပြီ ....

ဟန်မူယဲ့က နေရာတွင်ရပ်နေပြီး ရှေ့တွင်ရှိသော တာအိုတန်ခိုးရှင်ကို ကြည့်လိုက်သည်။

သူက တာအိုတန်ခိုးရှင်၏ မျက်နှာနှင့် ရင်းနှီးနေသည်ဟု ခံစားရသည်။

သို့သော် သူ့ကို ဆရာဟန်ဟု ပေါ့ပါးစွာ ခေါ်ဆိုနိုင်သောလူသည် ယခုတစ်လော ကြုံတွေ့ခဲ့သော မိတ်ဆွေများသာ ဖြစ်လိမ့်မည်။

‘ငါက ရှုကျီယန်နဲ့ ဘယ်လိုလုပ်ပြီး သိနေတာလဲ’

“ဆရာဟန်၊ အပြင်စည်းဂိုဏ်းက အဆုံးသတ်မဟုတ်ဘူးလို့ ပြောခဲ့တယ်”

“ပန်းပဲပညာလမ်းစဉ်ရဲ့ အထွတ်အထိပ်မှာ ကျွန်တော်တို့ကို စောင့်နေမယ်လို့လည်း ပြောခဲ့တယ်”

ရှုကျီယန်က အဆုံးမရှိသော ခံစားချက်များနှင့်အတူ ညင်သာစွာပြောလိုက်သည်။

သူ့စကားကြောင့် ကျန်းယောင်ရန်က အံ့အားသင့်သွားသည်။

သူက ဆရာဖြစ်သူ၏ လေးနက်သောကျင့်ကြံခြင်း၊ အားကောင်းသော တိုက်ခိုက်နိုင်စွမ်းနှင့် ဆန်းကြယ်သော ပန်းပဲပညာစွမ်းရည်ကို သေချာသိထားသည်။

သူ့ဘဝတွင် ဆရာဖြစ်သူကို မကျော်ဖြတ်နိုင်သော တောင်တစ်လုံးသဖွယ် မှတ်ယူထားပြီး ထိုတောင်တန်းပေါ်သို့ ရောက်ရှိရန် ကြိုးစားခဲ့သည်။

သူက လက်နက်သန့်စင်လေ ဆရာဖြစ်သူ၏ လေးနက်သောစွမ်းရည်ကို ပိုမိုနားလည်လေ ဖြစ်နေသည်။

ထိုအကြောင်းပြချက်ကြောင့် သူက ပန်းပဲပညာလမ်းစဉ်တွင် စိတ်နှစ်ထားပြီး ကြိုးစားလေ့လာခဲ့သည်။

သို့သော် သူ၏ လေးစားရသော ဆရာက ဆရာဟန်ကို မျိုးဆက်တူတစ်ယောက်သဖွယ် ပြောနေသည်။

သို့မဟုတ် သူ့ဆရာ အမီလိုက်ရန် ကြိုးစားနေသော ကျွမ်းကျင်သူတစ်ယောက် ဖြစ်ပုံရသည်။

ထိုအချိန်တွင် ဟန်မူယဲ့က ရှေ့တွင်ရှိနေသော ရှုကျီယန်ကို မှတ်မိသွားသည်။

“ရှုအောင်း”

ဟန်မူယဲ့၊ ချူကျန်ကျားတို့နှင့်အတူ နတ်ဘုရားအဆင့် စမ်းသပ်ပွဲနယ်မြေသို့ ဝင်ရောက်ခဲ့သော ပါရမီရှင်ရှုအောင်း ဖြစ်သည်။

ရှုအောင်းက ဟန်မူယဲ့၊ ချူကျန်ကျားတို့နှင့် မယှဉ်နိုင်ခဲ့ပေ။

စမ်းသပ်ပွဲနယ်မြေတွင် သူက မီးထိုးသမားအဖြစ် နှစ်ပေါင်းသုံးဆယ် အချိန်ယူပြီး အောင်မြင်မှုရလာခဲ့သည်။

ဟန်မူယဲ့က စမ်းသပ်ပွဲနယ်မြေမှ ထွက်လာသောအခါတွင် ရှုအောင်းက အဓိကပန်းပဲပညာဂိုဏ်းကြီး သုံးဂိုဏ်းတွင်ပါဝင်သော နတ်ဘုရားရင်းမြစ်တာအိုဂိုဏ်း၏ လက်ရွေးစင်တပည့်တစ်ယောက် ဖြစ်နေသည်။

ရှုကျီယန်က အံ့အားသင့်စရာကောင်းလောက်အောင် ရှုအောင်းဖြစ်နေခဲ့သည်။

သူက ဝိညာဉ်လမ်းစဉ်တွင် ကျွမ်းကျင်ပြီး အသက်ဝိညာဉ်ဝင်္ကပါကို ဖန်တီး၍ လေဟာနယ်မြို့ကြီးများကို ဖြစ်ပေါ်စေခဲ့သည်။ သူက ကြယ်စင်စုစကြဝဠာကို နှစ်ပေါင်းမရေမတွက်နိုင်အောင် တိုးတက်လာစေသည်။

“ရှုအောင်းဆိုတဲ့နာမည်ကို ပြန်ကြားရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး”

ဟန်မူယဲ့က သူ့နာမည်ကို ခေါ်လိုက်သောအခါ ရှုကျီယန်က ညင်သာစွာ သက်ပြင်းချလိုက်သည်။

သူက ရှေ့တွင်ရှိသော ဟန်မူယဲ့ကို ကြည့်လိုက်ပြီး အနည်းငယ် စိတ်လှုပ်ရှားနေသည်။

“ဆရာဟန်ကို ပြန်တွေ့နိုင်မယ်လို့ ချူကျန်ကျားက သိနေခဲ့ရင် ....”

သူက ထိုသို့ပြောလိုက်ပြီး ရယ်သည်။

ချူကျန်ကျားက သွမ်ထျန်းဂိုဏ်း၏ လက်ရွေးစင်တစ်ယောက် ဖြစ်သည်။

ဘေးတွင်ရှိသော ကျန်းယောင်ရန်က ကြောင်အနေသည်။

သူ့ဆရာက စမ်းသပ်ပွဲကို ပြုလုပ်နေပုံမပေါ်ပေ။

မိတ်ဆွေဟောင်းနှင့် ပြန်တွေ့နေသည်။

‘ငါက ဒီမှာ ဘာလုပ်နေတာလဲ’

ရှုကျီယန်က ရှုအောင်းဖြစ်နေမည်ဟု ဟန်မူယဲ့က ထင်မထားခဲ့ပေ။

သူက အတိတ်ကို ပြန်သတိရသွားသည်။

‘စမ်းသပ်ပွဲနယ်မြေက အစစ်အမှန်လား ဒါမှမဟုတ် ပုံရိပ်ယောင်လား’

“လျန်ထျန်းဂိုဏ်းက ဘယ်လိုနေလဲ”

ခဏအကြာတွင် သူက ရှုကျီယန်ကို ကြည့်လိုက်ပြီး မေးသည်။

သူက ဝိညာဉ်ကိုယ်ပွား၏အခြေအနေကို သိချင်နေသည်။

ထိုကိုယ်ပွားက ထိပ်တန်းအဆင့်ရတနာ ခုနစ်ခုကို ချန်ထားခဲ့သည်ဟု ပြောသည်။

သူမြင်ခဲ့သော ပုံရိပ်များတွင် ကောင်းကင်နှင့်မြေကြီးက ပျက်စီးနေသည်။

‘စမ်းသပ်ပွဲနယ်မြေရဲ့ ကမ္ဘာက နောက်ဆုံးမှာ ဘယ်လိုဖြစ်သွားတာလဲ’

ဟန်မူယဲ့၏မေးခွန်းကို ကြားရသောအခါ ရှုကျီယန်က တိတ်ဆိတ်သွားပြီး ဖျော့တော့သောအပြုံးနှင့်အတူ ‌ခေါင်းခါသည်။

“ဆရာဟန်က အတိတ်ကို မမှတ်မိတော့ဘူးထင်တယ်”

“အဲဒီနှစ်မှာ ပြောင်းလဲမှုကြီးတွေ ဖြစ်ပေါ်လာပြီး ကောင်းကင်နဲ့မြေကြီးက တုန်ခါသွားတယ်။ ကျင့်ကြံခြင်းလောကကြီးက ပြိုကွဲသွားတယ်။ လျန်ထျန်းဂိုဏ်းကတော့ အရာအားလုံးကို ရင်ဆိုင်ခဲ့တယ်”

“အံ့ဖွယ်ကိုးပါးတောင်သခင် ဆရာဟန်ရဲ့နာမည်က လောကတစ်ခုလုံးကို လွှမ်းခြုံထားတယ်”

ရှုကျီယန်က အသေးစိတ်ပြောရန် ဆန္ဒမရှိလျှင်ပင် ထိုစကားများကြောင့် ဘေးတွင်ရှိသော ကျန်းယောင်ရန်၏ မျက်နှာထားက ပြောင်းလဲသွားသည်။

‘ဒါက ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ’

“ဆရာဟန်၊ ကျွန်တော်က ခရမ်းနေမင်းမီးပြင်းဖိုကို နှစ်ပေါင်းမရေမတွက်နိုင်အောင် စောင့်ကြပ်ရမယ်လို့ ထင်ထားခဲ့တာ။ အခုတော့ ခင်ဗျားကို ပြန်ပေးနိုင်တော့မယ်”

ရှုကျီယန်က သိပ်မဝေးသောနေရာတွင် အိပ်မက်ဆန်သောပုံရိပ်နှင့် လွင့်မျောနေသော ခရမ်းနေမင်းမီးပြင်းဖိုကို လှမ်းကြည့်သည်။

“ဒီမီးပြင်းဖိုကို ကျွန်တော့်ဆီအပ်တုန်းက ခင်ဗျားပြောခဲ့တာ မထူးဆန်းတော့ပါဘူး”

“အံ့ဖွယ်ကိုးပါးတောင်သခင် ဆရာဟန်ဆိုတဲ့နာမည်နဲ့ ထိုက်တန်ပါတယ်”

‘ခရမ်းနေမင်းမီးပြင်းဖိုကို ဟန်မူယဲ့ဆီ ပေးတော့မှာလား’

ကျန်းယောင်ရန်၏မျက်နှာထားက ရှုပ်ထွေးသွားသည်။

‘ငါ့ဆရာထိန်းချုပ်ထားတဲ့ နာမည်ကြီး ခရမ်းနေမင်းမီးပြင်းဖိုက တခြားလူတစ်ယောက်အတွက် ဖြစ်နေတာလား’

‘အဲဒါဆိုရင် ငါက နှစ်ပေါင်းများစွာကြာအောင် အလကားကြိုးစားနေခဲ့တာပေါ့’

“ဆရာ၊ ကျွန်တော်က စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ရင် ခရမ်းနေမင်းမီးပြင်းဖိုကို ရမယ်ဆို”

ကျန်းယောင်ရန်က ရှေ့တိုးလိုက်ပြီး ခိုင်မာစွာ ပြောသည်။

‘ဒီဆရာဟန်က ရှေးခေတ်ရဲ့ ပုဂ္ဂိုလ်ကြီးဆိုရင်ရော ဘာဖြစ်လဲ’

‘အခုက ရှေးခေတ်မဟုတ်ဘူးလေ’

ဤလောကတွင် စကြဝဠာနယ်မြေ၏ ထိပ်တန်းမိသားစုသုံးခုက အသန်မာဆုံးဖြစ်သည်။

‘ရှေးခေတ်ပုဂ္ဂိုလ်ကြီးက ဒီနေ့ခေတ်ကို လွှမ်းမိုးနိုင်အုံးမှာလား’

‘ငါ့ဆရာကတောင် ပန်းပဲပညာလမ်းစဉ်ရဲ့ တားမြစ်နယ်ပယ်နဲ့ ထိတွေ့ပြီး အချိန်အတော်ကြာအောင် အိပ်မောကျသွားခဲ့ရတယ်’

“ဆရာ၊ ခေတ်တွေက ပြောင်းလဲသွားပါပြီ”

ကျန်းယောင်ရန်က မီးစွမ်းအားကို ထုတ်လွှတ်လိုက်ပြီး ပြောသည်။

ထိုစွမ်းအားသည် ပတ်ဝန်းကျင်ကို အမှန်တကယ်ပင် သက်ရောက်နိုင်သည်။

သန်မာပြီး အားကောင်းသည်။

ကျန်းယောင်ရန်က ယုံကြည်ချက်ရှိနေသည့်အတွက် မထူးဆန်းတော့ပေ။

ရှေ့တွင်ရပ်နေသော ရှုကျီယန်က တည်ငြိမ်နေပြီး အပြုံးတစ်ခုနှင့်အတူ ဟန်မူယဲ့ကို ကြည့်သည်။

“ဆရာဟန်၊ အချိန်တွေက ပြောင်းလဲသွားပြီလို့ ခင်ဗျားပြောမှာလား”

‘အချိန်လား’

ဟန်မူယဲ့က မသိပေ။

သို့သော် သူက စိန်ခေါ်မှုများကို ဘယ်တော့မှ မကြောက်ခဲ့ပေ။

သူက အဝေးတစ်နေရာတွင်ရှိသော ရွှေရောင်မီးပြင်းဖိုကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“အဲဒါက ငါ့အပိုင်ဆိုရင် ပြန်ယူရမှာပေါ့”

ထိုစကားကို ကြားရသောအခါတွင် ရှုကျီယန်က ကျယ်လောင်စွာရယ်သည်။

“လောကရဲ့ ထိပ်တန်းအဆင့် ပန်းပဲပညာရှင်၊ ကောင်းကင်ကို ထိုးခွဲနိုင်တဲ့ ဓားတစ်လက်၊ လက်တစ်ဖက်နဲ့ ကောင်းကင်ကိုဖန်တီးခဲ့တဲ့ အံ့ဖွယ်ကိုးပါးတောင်သခင် ဆရာဟန်။ အခု ခေတ်တွေ ပြောင်းလဲသွားတာတောင် အရင်အတိုင်း လွှမ်းမိုးနိုင်တုန်းပဲ”

သူက ဟန်မူယဲ့ကို ကြည့်လိုက်သည်။ သူ့မျက်လုံးများက နတ်ဘုရားအလင်းဖြင့် တောက်ပနေသည်။

လောက၏ ထိပ်တန်းအဆင့် ပန်းပဲပညာရှင် ....

ကောင်းကင်ကို ထိုးခွဲခဲ့သော ဓားတစ်လက် ....

ကောင်းကင်ကို လက်တစ်ဖက်ဖြင့် ပြုပြင်ခဲ့သည့် ဆရာဟန် ....

ဟန်မူယဲ့၏ မျက်နှာထားက တည်ငြိမ်နေသော်လည်း နှလုံးသားက လှုပ်ရှားနေသည်။

‘အဲဒါက တကယ်ပဲငါလား’

တစ်ဖက်တွင် ကျန်းယောင်ရန်က မျက်လုံးပြူးသွားပြီး ဟန်မူယဲ့ကို ကြည့်သည်။

‘ရှေးခေတ်အချိန်မှာ အဲဒီလိုကျွမ်းကျင်သူမျိုး ရှိခဲ့တာလား’

“ဟားဟား ဆရာဟန်က စိန်ခေါ်မှုကို လက်ခံဖို့ ဆန္ဒရှိတယ်ဆိုတော့ ယောင်ရန်ကို အခွင့်အရေးတစ်ခု ပေးလိုက်မယ်”

သူက လေးနက်သောမျက်နှာထားဖြင့် ကျန်းယောင်ရန်ကို ကြည့်သည်။

“မင်းရှုံးသွားရင် အရာအားလုံးကို ခရမ်းနေမင်းမီးပြင်းဖိုက ပိုင်သွားလိမ့်မယ်”

ထိုအရာသည် ရှေးခေတ်ရတနာတစ်ပါး၏ လွှမ်းမိုးနိုင်စွမ်း ဖြစ်သည်။

အနိုင်ရလျှင် အရာအားလုံးကို ရရှိမည်။

ရှုံးနိမ့်လျှင် အရာအားလုံးကို ပေးဆပ်ရမည်။

ကျန်းယောင်ရန်က ခရမ်းနေမင်းမီးပြင်းဖို၏ အကြောင်းကို သိထားသောကြောင့် ခေါင်းညိတ်လိုက်သည်။

“ကျွန်တော်က မိသားစုရဲ့ အရေးကိစ္စတွေအားလုံးကို စီစဉ်ထားခဲ့ပါတယ်”

“ကျန်းမိသားစုမှာ ကျွန်တော်မရှိရင်လည်း ကိစ္မရှိပါဘူး”

စကြဝဠာနယ်မြေ၏ ထိပ်တန်းအဆင့် မိသားစုကြီးသုံးခုလုံးသည် အလွန်လွှမ်းမိုးနိုင်စွမ်းရှိသည်။

ထိုအင်အားစုမျိုးကို လူတစ်ယောက်တည်းကသာ ထောက်ပံ့ထားခြင်းမဟုတ်ပေ။

သို့သော် ရှေ့မီနောက်မီ ကျွမ်းကျင်သူဖြစ်သော ကျန်းယောင်ရန်က ပင်မထောက်တိုင်တစ်ခု ဖြစ်သည်။

ကျန်းယောင်ရန်က အရာအားလုံးကို စွန့်လွှတ်ထားသောကြောင့် ဤတစ်ကြိမ်တွင် အမှန်တကယ် ဆုံးဖြတ်ထားကြောင်း သိနိုင်သည်။

“ဘုန်း”

ခရမ်းနေမင်းမီးပြင်းဖိုသည် အဆုံးမရှိသော မီးတောက်များကို ထုတ်လွှတ်လိုက်ပြီး ကောင်းကင်ကို လွှမ်းခြုံသည်။

ဟန်မူယဲ့နှင့် ကျန်းယောင်ရန်သည် မီးတောက်များကြားသို့ ရောက်နေပြီး ပျောက်ကွယ်သွားကြသည်။

ရှုကျီယန်က နေရာတွင် ရပ်နေပြီး မျှော်လင့်နေသော မျက်နှာထားဖြင့် ငြိမ်းသက်သွားသော မီးတောက်များကို ကြည့်သည်။ သူက တီးတိုးရေရွတ်သည်။

“ဆရာဟန်၊ အရင်က ခင်ဗျားပြောခဲ့တယ်။ ကျွန်တော်ပြန်မွေးဖွားလာဖို့ ခင်ဗျားနဲ့ပြန်တွေ့ရမယ့် အခွင့်အရေးအပေါ်မှာ မူတည်နေတယ်တဲ့။ အခု ခင်ဗျားကို ပြန်တွေ့ရပြီ ....”

မီးတောက်များ၏ကမ္ဘာတွင် ဖြစ်သည်။

ခရမ်းနေမင်းမီးပြင်းဖိုက မီးတောက်များကို ထုတ်လွှတ်လိုက်သောအခါ ဟန်မူယဲ့က မီးစွမ်းအင်ကို ခံစားရသည်။

မီးစွမ်းအင်ဟု ပြောလျှင် သိပ်မသင့်တော်ပေ။ မီးတောက်စည်းမျဉ်း ဖြစ်သည်။

စည်းမျဉ်းစွမ်းအား ဖြစ်သည်။

မရေမတွက်နိုင်သော နတ်ဘုရားမီးတောက်များသည် လေဟာနယ်တွင် လွင့်မျောနေကြသည်။

ဟန်မူယဲ့က ထိုမြင်ကွင်းမျိုးနှင့် ရင်းနှီးနေသည်။

ယခင်က လျန်ထျန်းဂိုဏ်းတွင် သူက မီးတောက်များ၏ ဝိုင်းရံခြင်းကို ခံခဲ့ရသည်။

ယခုအချိန်တွင် မီးတောက်များကို ပြန်တွေ့လိုက်ရပြီး ရင်းနှီးမှုကို ခံစားရသည်။

ထိုမီးတောက်များက သူ့ကို ခေါ်ဆိုနေကြသည်။

သူတို့က မိတ်ဆွေဟောင်းများဟု ထင်ရသည်။

“မတွေ့ရတာကြာပြီ”

ဟန်မူယဲ့က တိတ်ဆိတ်စွာပြောသည်။

သူက လက်ကိုဆန့်ထုတ်ပြီး မီးတောက်တစ်ခုကို ပွတ်သပ်သည်။

မီးတောက်က ဆင်းသက်လာပြီး သူ့လက်ဝါးပေါ်တွင် ယိမ်းနွဲ့နေသည်။

ထိုမီးတောက်က ခံစားချက်များကို သယ်ဆောင်ထားသည်။

သက်ရှိဖြစ်သည်။

ဟန်မူယဲ့က အံ့အားသင့်နေသော မျက်နှာထားဖြင့် ခေါင်းမော့ကြည့်သည်။

‘ဒီနတ်ဘုရားမီးတောက်တွေအားလုံးက သက်ရှိလား’

‘နတ်ဘုရားမီးတောက်က သက်ရှိတွေကို ဖန်တီးလိုက်တာလား။ ဒါမှမဟုတ် သက်ရှိတွေက နတ်ဘုရားမီးတောက်ကို ဖန်တီးလိုက်တာလား’

“ဟားဟား၊ ငါနားလည်သွားပြီ”

သိပ်မဝေးသောနေရာတွင် နဂါးဖြစ်နေသော ငွေလရုပ်သေးရုပ်က ကျေနပ်စွာရယ်သည်။ သူ၏ ကြေးခွံများက တစ်ခုပြီးတစ်ခု လှုပ်ရှားလာပြီး နတ်ဘုရားအင်းကွက်များအဖြစ် ပြောင်းလဲသွားသည်။

သူ၏ ခန္ဓာကိုယ်က အစိမ်းရောင်နဂါးအဖြစ် အသွင်ပြောင်းလာသည်။

“လောကမှာရှိတဲ့ ဖြစ်တည်မှုအားလုံးက တစ်ခုတည်းပဲ။ လူသားမျိုးနွယ်ရဲ့ သွေးမျိုးဆက်ကိုပဲ အတည်ယူနေစရာမလိုဘူး”

“ငါ့ရဲ့ လူသားသွေးမျိုးဆက်က နတ်ဘုရားသားရဲအဖြစ် ပြောင်းလဲသွားတယ်ဆိုရင်တောင် အဲဒါကလည်း ကျင့်ကြံခြင်းပဲ”

လူသားသွေးမျိုးဆက်ကို နတ်ဘုရားသားရဲအဖြစ် ပြောင်းလဲမည်။

ငွေလရုပ်သေးရုပ်က အဘယ်ကြောင့် ထိုသို့ နားလည်သွားကြောင်း ဟန်မူယဲ့က မသိပေ။ သို့သော် လောကတွင်ရှိသော မျိုးနွယ်စုများက ထိုလမ်းစဉ်ကို လိုက်စားခဲ့ကြောင်း သူသိနေသည်။

ခွန်အားသည် အခြေခံအုတ်မြစ်ဖြစ်ပြီး စွမ်းအားကောင်းနေလျှင် ရုပ်ခန္ဓာပုံစံက သိပ်အရေးမကြီးပေ။

“ဟားဟား။ ငွေလ၊ မင်းပြောတာက သိပ်မမှန်ဘူး”

တစ်ဖက်တွင် ဧရာမနှင်းလူကြီးက အသွင်ပြောင်းသွားသည်။

အေးစက်နေသော အနက်ရောင်ရေခဲချပ်ဝတ်နှင့် ကျင့်ကြံသူတစ်ယောက် ပြန်ဖြစ်လာသည်။

ထိုလူပေါ်လာသောအခါ ပတ်ဝန်းကျင်တွင်ရှိသော နတ်ဘုရားမီးတောက်များက ထွက်ပြေးသွားကြသည်။

သူက ဘေးတွင်ရှိသော နတ်ဘုရားမီးတောက်များကိုပင် ထိန်းချုပ်နိုင်သည်။

အလွန်အားကောင်းသည်။

“အစ်ကိုယောင်ယန်၊ မင်းကရော ဘယ်လိုလဲ”

ထိုလူက ပြောသည်။

လေဟာနယ်တွင် ရပ်နေသော ကျန်းယောင်ရန်က ဟန်မူယဲ့ကို ကြည့်သည်။

မီးတောက်များသည် သူ့မျက်လုံးထဲတွင် လှုပ်ရှားနေသည်။

သူ၏ ပြိုင်ဘက်က ဟန်မူယဲ့တစ်ယောက်သာ ဖြစ်သည်။

All Chapters