← Chapters

အခန်း (၁၃၇၆)

Vol. 99 Ch. 1376

အခန်း (၁၃၇၆)

Vol. 99 Ch. 1376

မီးတောက်တစ်ခုသည် ဟန်မူယဲ့၏ရှေ့တွင် ပေါ်ထွက်လာသည်။

ခရမ်းနေမင်းမီးပြင်းဖိုတွင် ရှိနေသော နတ်ဘုရားမီးတောက်များ စုစည်းလာခြင်း ဖြစ်သည်။

မီးတောက်တိုင်းသည် ဟန်မူယဲ့၏ လက်ဝါးပေါ်သို့ ‌ရောက်လာကြသည်။

မရေမတွက်နိုင်သော ပုံရိပ်များသည် သူ့ရှေ့တွင် ပေါ်လာသည်။

သူက တောင်တန်းတစ်ခုကို မြင်ရသည်။ ဆင်းသက်လာသော မိုးကြိုးကိုလည်း မြင်ရသည်။ ကောင်းကင်ထက်သို့ ပျံတက်သွားသော မီးတောက်လည်း ရှိနေသည်။ နှစ်ထောင်ချီကြာအောင် ဆက်တိုက်လောင်ကျွမ်းနေသော မီးတောက်တစ်ခုလည်း ရှိသည်။

နက်ရှိုင်းသောချောက်နက်၊ သွယ်ယှက်နေသော သေဆုံးခြင်းချီနှင့် မိစ္ဆာချီ၊ ငြိမ်းသက်သွားရန် ခေါင်းမာနေသော တောက်လောင်လာသည့် အစိမ်းရောင်မီးတောက် ....

လူသားများကို လမ်းပြပေးနေသော မီးတောက်၊ တောအုပ်ကို လောင်ကျွမ်းပြီး သားရဲများကို မောင်းထုတ်လိုက်သော မီးတောက်၊ ကောင်းကင်နှင့်မြေကြီးကို အလင်းပေးလိုက်သော မီးတောက် ....

ပန်းပဲပညာရှင်တစ်ယောက် အသုံးပြုနေသော မီးတောက်သည် ဓမ္မလက်နက်နှင့် ဝိညာဉ်လက်နက်များအပြင် လက်နက်အမျိုးမျိုးကို သန့်စင်ခဲ့သည်။

အရာအားလုံး၏ အစ ....

အရာအားလုံး၏ အဆုံး ....

မီးတောက်များက စုစည်းလာပြီး သူဖန်တီးထားသော ခွဲထွက်နေသည့် မီးတောက်များနှင့် ပေါင်းစပ်သွားသည်။

ခရမ်းနေမင်းမီးပြင်းဖိုတွင် မီးတောက်များက စုစည်းလာပြီး ဝတ်ရုံရှည်နှင့် လူတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။

“ဆရာ”

ကျန်းယောင်ရန်၊ ရေခဲချပ်ဝတ်အကြီးအကဲ လင်းဟိုင်နှင့် ငွေလတို့က ထိတ်လန့်စွာ ခေါ်လိုက်ကြသည်။

သူတို့၏ရှေ့တွင် ရပ်နေသောလူက သူတို့၏ဆရာ ရှုကျီယန် ဖြစ်သည်။

“မဟုတ်ဘူး”

ကျန်းယောင်ရန်၏ခန္ဓာကိုယ်က ထိတ်လန့်မှုကြောင့် တုန်ခါနေပြီး ပြောလိုက်သည်။

“ဒီခန္ဓာကိုယ်က ဆရာရဲ့ အဆီအနှစ်ကို သယ်ဆောင်ထားတယ်။ ဒါက အသက်စွမ်းအားအဖြစ် ပြောင်းလဲသွားတဲ့ မီးစွမ်းအားပဲ။ ပြန်လည်မွေးဖွားခြင်းကို ဖြစ်ပေါ်စေတယ်”

သူက ထိတ်လန့်နေပြီး ဟန်မူယဲ့ကို ကြောက်ရွံ့စွာ ကြည့်သည်။

“မင်း၊ မင်း .... ဒါက ပန်းပဲပညာလမ်းစဉ်ရဲ့ တားမြစ်နယ်ပယ်ပဲ။ အသက်ကို ဘယ်လိုလုပ်ပြီး ဖန်တီးနိုင်မှာလဲ ....”

ပန်းပဲပညာလမ်းစဉ်၏ တားမြစ်နယ်ပယ် ....

ပန်းပဲပညာလမ်းစဉ်သည် လက်နက်များကို သန့်စင်ခြင်းသာ ဖြစ်သည်။ အသက်ကို ဖန်တီးခြင်း မဟုတ်ပေ။

ဤလောကတွင်ရှိသော ကျင့်ကြံသူများက အစစ်အမှန်အသက်ကို မဖန်တီးနိုင်ကြပေ။

သို့သော် သူတို့၏ရှေ့တွင်ရှိသော ခန္ဓာကိုယ်က မီးတောက်များမှတစ်ဆင့် ဖြစ်ပေါ်လာခဲ့သည်။

ထိုအရာမျိုးကို ကျင့်ကြံသူများက မလုပ်နိုင်ကြပေ။

“ကျေးဇူးတင်ပါတယ် ဆရာဟန်”

ရှုကျီယန်က မျက်လုံးဖွင့်လိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ဟန်မူယဲ့ကို ဦးညွတ်သည်။

အားကောင်းသော ဝိညာဉ်စွမ်းအင်သည် သူ့ခန္ဓာကိုယ်တွင် ပေါ်ထွက်လာသည်။

ရွှေကျီးကန်းနတ်ဘုရားမီးတောက်ကို အခြေခံ၍ ဖွဲ့စည်းထားသော ထိုခန္ဓာကိုယ်သည် သူ့ဝိညာဉ်စွမ်းအားကို အပြည့်အဝ သယ်ဆောင်နိုင်ရုံသာမက ဆက်လက်တိုးတက်ရန်လည်း ဖြစ်နိုင်သည်။

ထိုတိုးတက်မှု၏ လမ်းကြောင်းကိုတော့ မသိနိုင်သေးပေ။

“ဒါက မင်းကိုပေးခဲ့တဲ့ကတိ ဖြစ်လိမ့်မယ်”

ဟန်မူယဲ့က ရှေ့တွင်ရှိသော ရှုကျီယန်ကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

“ခရမ်းနေမင်းမီးပြင်းဖိုကို စောင့်ကြပ်ပေးရတဲ့အတွက် ဆုကြေးလေ”

အံ့ဖွယ်ကိုးပါးတောင်တွင်ရှိသော ဝိညာဉ်ကိုယ်ပွားသည် ထိပ်တန်းအဆင့် ရတနာခုနစ်ခုကို သန့်စင်ခဲ့သည်။

ထိုရတနာခုနစ်ခုသည် ဟန်မူယဲ့အတွက် အလွန်အသုံးဝင်လိမ့်မည်။

ရှုအောင်းသည် ခရမ်းနေမင်းမီးပြင်းဖို၏ အ‌စောင့်အရှောက် ဖြစ်သည်။

“အမှန်အတိုင်းပြောရရင် ဆုလာဘ်မရှိလည်း အရေးမကြီးပါဘူး”

ရှုကျီယန်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ခံစားချက်များဖြင့် ပြောသည်။

“ခရမ်းနေမင်းမီးပြင်းဖိုရဲ့ အကာအကွယ်ကြောင့်သာမဟုတ်ရင် ကျွန်တော်က ရှင်သန်နိုင်မှာမဟုတ်ဘူး”

ခရမ်းနေမင်းမီးပြင်းဖို ....

ဟန်မူယဲ့ကလည်း ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

ပတ်ဝန်းကျင်က စတင်တုန်ခါလာသည်။

သူ့ကို တုံ့ပြန်နေပုံရသည်။

သူက လက်ကို ဆန့်ထုတ်ပြီး လက်ဝါးပေါ်တွင် မီးတောက်တစ်ခုကို အသက်သွင်းသည်။

မီးတောက်များက ယခင်အတိုင်း လျင်မြန်စွာ ပြန့်ကျဲသွားကြသည်။ သူတို့က ငြိမ်းသက်နေပြီး ဆက်တိုက်မွေးဖွားလာသည်။

မျက်တောင်တစ်ခတ်စာအတွင်း သောင်းချီနေသော နတ်ဘုရားမီးတောက်များသည် ခရမ်းနေမင်းမီးပြင်းဖိုထဲတွင် ပြန်လည်စုစည်းလာကြသည်။

အစစ်အမှန် ရွှေကျီးကန်းနတ်ဘုရားမီးတောက် ဖြစ်သည်။

ရွှေကျီးကန်းနတ်ဘုရားမီးတောက်ကို အသက်အဖြစ် အသွင်ပြောင်းနိုင်သော ဟန်မူယဲ့အတွက် သောင်းချီသော မီးတောက်များကို လွယ်ကူစွာ ဖန်တီးနိုင်သည်။

သို့သော် ခရမ်းနေမင်းမီးပြင်းဖို၏ ကမ္ဘာလည်း ပါဝင်နေသည်။

ဤနေရာတွင် မဟုတ်လျှင် ဟန်မူယဲ့က မီးတောက်များကို ဖန်တီးနိုင်မည်မဟုတ်ပေ။

သူ၏ ကျင့်ကြံဆင့်နှင့် ပန်းပဲပညာစွမ်းရည်သည် အသက်ဝိညာဉ်ကိုဖန်တီးရန် မလုံလောက်သေးပေ။

ခရမ်းနေမင်းမီးပြင်းဖိုသည် ရွှေကျီးကန်းနတ်ဘုရားမီးတောက်များကို ပျိုးထောင်ပြီး စုစည်းပေးနိုင်သည်။

သို့မဟုတ် မီးပွားတစ်ခုကို ထိန်းသိမ်းထားသည်ဟု ပြောနိုင်သည်။

မီးပွားရှိလျှင် မျှော်လင့်ချက်ရှိသည်။

“မင်းက ငါ့အတွက် မျှော်လင့်ချက်တစ်ခုကို ချန်ထားပေးခဲ့တာမဟုတ်လား”

ဟန်မူယဲ့က ရှေ့တွင် စုစည်းလာသော ရွှေကျီးကန်းမီးတောက်များကို ကြည့်လိုက်ပြီး ညင်သာစွာ ရေရွတ်သည်။

“ဝီ”

ခရမ်းနေမင်းမီးပြင်းဖိုက တုန်ခါနေသည်။ ဟန်မူယဲ့က လက်ကိုဆန့်ထုတ်ပြီး မီးပြင်းဖိုကို ယူလိုက်သည်။

သူ့ရှေ့တွင် ပုံရိပ်အများအပြား ပေါ်ထွက်လာသည်။

နောက်ဆုံးတွင် ထိုပုံရိပ်များက မြင်ကွင်းတစ်ခုအဖြစ် စုစည်းသွားသည်။

ခမ်းနားသော မီးပြင်းဖိုတစ်ခုသည် ကောင်းကင်နှင့်မြေကြီးကို လွှမ်းမိုးထားပြီး လေဟာနယ်တွင် မရေမတွက်နိုင်သော ကမ္ဘာများကို ဖြတ်သန်းခဲ့သည်။ ထို့နောက် ထိုကမ္ဘာများတွင် မီးတောက်များကို ချန်ထားခဲ့သည်။

ထိုမီးတောက်များက ကမ္ဘာတစ်ခုချင်းစီကို အလင်းပေးနေကြသည်။

ထိုကမ္ဘာများတွင် မူလစကြဝဠာလည်း ပါဝင်နေသည်။

‘ရွှေကျီးကလန်ရဲ့ မူလရင်းမြစ်က ဒီလိုမျိုးလား’

သုံးပေကြီးမားသော မီးပြင်းဖိုသည် ဟန်မူယဲ့၏ရှေ့တွင် ညင်သာစွာ လွင့်မျောနေသည်။

“ငါ့လက်ဆောင်က စိတ်ကျေနပ်စရာကောင်းတယ်မဟုတ်လား”

ဟန်မူယဲ့က ခပ်ဟဟရယ်သံကို ကြားလိုက်ရသည်။

အံ့ဖွယ်ကိုးပါးတောင်တွင်ရှိသော ဝိညာဉ်ကိုယ်ပွား၏အသံ ဖြစ်သည်။

လက်ဆောင်က အမှန်တကယ်ပင် စိတ်ကျေနပ်စရာကောင်းသည်။

ဟန်မူယဲ့က ခရမ်းနေမင်းမီးပြင်းဖိုကြောင့် လောကတွင်ရှိသော မီးစွမ်းအားကို ထိန်းချုပ်နိုင်သည်။

ထိုအရာသည် သေခြင်းရှင်ခြင်းစွမ်းအားလည်း ဖြစ်သည်။

တစ်နေ့တွင် ဟန်မူယဲ့က မီးစွမ်းအားမှတစ်ဆင့် အသက်ဝိညာဉ်ကို သန့်စင်နိုင်လိမ့်မည်။

“မင်းရဲ့လက်ဆောင်ကို ငါလက်ခံလိုက်မယ်”

ခရမ်းနေမင်းမီးပြင်းဖို၏ တန်ဖိုးက သိပ်အရေးမပါပေ။ သို့သော် မျှော်လင့်ချက်မီးပွားကို ဟန်မူယဲ့က တန်ဖိုးထားသည်။

ထို့အပြင် သူ့အတွက် လက်ဆောင်ဖြစ်သောကြောင့် လက်ခံရန် ယုံကြည်ချက်ရှိသည်။

ဟန်မူယဲ့က လက်မြှောက်လိုက်သည်။ ခရမ်းနေမင်းမီးပြင်းဖိုက သူ့စိတ်နယ်ပယ်ထဲသို့ ဝင်ရောက်သွားသည်။

စိတ်နယ်ပယ်တွင်ရှိသော မူလဝိညာဉ်ဓား သုံးလက်က ချက်ချင်းပြန့်ကျဲသွားသည်။

တခြားရတနာများကလည်း မီးပြင်းဖို၏ ဝါးမြိုခြင်းကို ကြောက်ရွံ့နေသည့်အလား နောက်ဆုတ်သွားကြသည်။

ဟန်မူယဲ့က မီးပြင်းဖိုကို သိမ်းလိုက်ပြီး တစ်ဖက်သို့လှည့်သည်။

ကျန်းယောင်ရန်၊ လင်းဟိုင်နှင့် ငွေလတို့သည် သူ့ရှေ့တွင် ရှိနေကြသည်။

ရှုကျီယန်က တစ်ဖက်တွင် ရှိနေသည်။

“ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပါ။ ရှုံးနိမ့်တာကို လက်ခံလိုက်ပါ။ မင်းတို့က ခရမ်းနေမင်းမီးပြင်းဖိုရဲ့ စည်းမျဉ်းကို သိတာပဲ”

“မင်းတို့ရဲ့ ဝိညာဉ်အမှတ်အသားက မီးပြင်းဖိုနဲ့ ပေါင်းစပ်သွားပြီ။ မင်းတို့ရဲ့ သေခြင်းရှင်ခြင်းကို ဆရာဟန်က အတွေးတစ်ချက်နဲ့ ဆုံးဖြတ်နိုင်တယ်”

ရှုကျီယန်က ရှေ့တွင်ရှိသော သုံးယောက်ကို ပြောသည်။

ခရမ်းနေမင်းမီးပြင်းဖိုထဲသို့ ဝင်ရောက်လာလျှင် အသိအမှတ်ပြုခံရပြီး သခင်မဖြစ်လျှင် ကျွန်ဖြစ်သွားလိမ့်မည်။

ထိုမှတစ်ဆင့် မီးပြင်းဖိုကို အားဖြည့်ပေးမည့် ဝိညာဉ်တစ်ခု ဖြစ်သွားမည်။

အလွန်များပြားသော နတ်ဘုရားမီးတောက်များသည် ခရမ်းနေမင်းမီးပြင်းဖိုထဲတွင် ရှိနေကြသည်။ ထို့ကြောင့် ဝိညာဉ်များ မည်မျှပင် ဝင်ရောက်လာပါစေ ခွဲဝေပြီး ဝါးမြိုနိုင်သည်။

ထိုအရာသည် အလွန်အားကောင်းသော ရတနာတစ်ပါးဖြစ်သည့် ခရမ်းနေမင်းမီးပြင်းဖိုနှင့် တွဲပါလာသော စည်းမျဉ်း ဖြစ်သည်။

ထိုစည်းမျဉ်းကို ချိုးဖျက်ရန်အတွက် မီးပြင်းဖိုအား သန့်စင်ခဲ့သောလူထက် ပိုသန်မာနေရန် လိုအပ်သည်။

သို့သော် အံ့ဖွယ်ကိုးပါးတောင်သခင် ဆရာဟန်ထက် ပိုသန်မာသောလူများ မရှိနိုင်ပေ။

ရေခဲချပ်ဝတ်နှင့် လင်းဟိုင်၊ ရုပ်သေးရုပ် ငွေလတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ဟန်မူယဲ့ကို ဦးညွတ်သည်။

“သခင်ကို နှုတ်ဆက်ပါတယ်”

သူတို့က အရှုံးကို လက်ခံခဲ့သည်။

သူတို့က ခရမ်းနေမင်းမီးပြင်းဖို၏သခင် ဖြစ်မလာနိုင်သောကြောင့် ရှေ့တွင်ရှိသော မီးပြင်းဖို၏သခင်ကို သူတို့၏သခင်အဖြစ် အသိအမှတ်ပြုရမည်။

မဟုတ်လျှင် ရှုကျီယန်ပြောခဲ့သည့်အတိုင်း သူတို့၏အသက်ကို ဟန်မူယဲ့က ဆုံးဖြတ်နိုင်သည်။

ရှုကျီယန်က ကျန်းယောင်ရန်ကို လှည့်ကြည့်သည်။

ကျန်းယောင်ရန်၏ မျက်နှာထားက ပြောင်းလဲသွားပြီး ဟန်မူယဲ့ကို ကြည့်သည်။

“ဆရာဟန်၊ တကယ်လို့ တစ်နေ့မှာ ငါက အသက်ပြောင်းလဲခြင်းလမ်းစဉ်ရဲ့ လျှို့ဝှက်ချက်ကို နားလည်သွားရင် ပြန်ပြီး စိန်ခေါ်ချင်တယ်”

ကျန်းယောင်ရန်က ယှဉ်ပြိုင်လိုစိတ်များဖြင့် ဟန်မူယဲ့ကို ကြည့်သည်။

ယနေ့တွင် သူက အပြည့်အဝ ရှုံးနိမ့်သွားသည်။

သို့သော် ဟန်မူယဲ့၏ နည်းလမ်းကိုကြည့်ပြီး နားလည်ခဲ့သည်။

သူက အချိန်ယူပြီး လေ့ကျင့်လိုက်လျှင် အသက်ကို ဖန်တီးနိုင်သော ပန်းပဲပညာရှင်တစ်‌ယောက် ဖြစ်လာလိမ့်မည်။

“ကောင်းပြီ”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်သည်။

သူ၏ ပန်းပဲစွမ်းရည်က ကျန်းယောင်ရန်ထက် ပိုကောင်းနေသောကြောင့် အနိုင်ရခဲ့ခြင်း မဟုတ်ပေ။

သူက ကျန်းယောင်ရန်ပေးခဲ့သော ရှရူကျယ်၏ ဝိညာဉ်ပုတီးစေ့ကို ယခုအချိန်အထိ မဖြေရှင်းနိုင်သေးပေ။

ယနေ့တွင် ဟန်မူယဲ့၏ အနိုင်ပွဲက မတောက်ပခဲ့ပေ။ သူက နောက်တစ်ကြိမ်အခွင့်အရေးကို စောင့်နေပြီး ကျန်းယောင်ရန်ကို အပြည့်အဝ အနိုင်ယူရမည်။

သူအကျွမ်းကျင်ဆုံး နယ်ပယ်တွင် အနိုင်ယူမည်။

ထိုအရာသည် ဟန်မူယဲ့၏ ယုံကြည်ချက် ဖြစ်သည်။

“ကျန်းယောင်ရန်က သခင်ကို အရိုအသေပေးပါတယ်”

ကျန်းယောင်ရန်က ဟန်မူယဲ့ကို ဦးညွတ်လိုက်ပြီး ပြောသည်။

ဟန်မူယဲ့က အနာဂတ်တွင် နောက်တစ်ကြိမ်ယှဉ်ပြိုင်မည်ဟု သဘောတူခဲ့သောကြောင့် သူက တုံ့ဆိုင်းမနေတော့ပေ။

သူ၏ ဝိညာဉ်အမှတ်အသားသည် ခရမ်းနေမင်းမီးပြင်းဖိုတွင် ရှိနေသည်။ သူ၏ သေခြင်းရှင်ခြင်းကို ဟန်မူယဲ့က ဆုံးဖြတ်နိုင်သည်။

ထိုသို့မဟုတ်လျှင် သူက မီးပြင်းဖိုအား သန့်စင်ခဲ့သောလူကို ကျော်လွန်ရန် နည်းလမ်းရှာပြီး ဝိညာဉ်အမှတ်အသားကို ပယ်ဖျက်ပစ်ရမည်။

ကျန်းယောင်ရန်က ဦးညွတ်လိုက်သောအခါ ပတ်ဝန်းကျင်က ဖြည်းဖြည်းချင်း လှုပ်ရှားလာသည်။

ခရမ်းနေမင်းမီးပြင်းဖို၏ တည်နေရာက ပျောက်ကွယ်သွားတော့မည်။

သူတို့၏ ပုံရိပ်သုံးခုက တုန်ခါနေပြီး ပတ်ဝန်းကျင်နှင့်အတူ ပျောက်ကွယ်သွားသည်။

ဟန်မူယဲ့က ရှုကျီယန်ကို ကြည့်သည်။

“ရှုအောင်း၊ မင်းက ....”

ထိုရှုအောင်းသည် ယခင်ကရှုအောင်း မဟုတ်တော့ပေ။

သူက ရှေးခေတ်အချိန်တွင် ရှင်သန်ခဲ့ပြီး လောက၏ ထိပ်တန်းအဆင့် ပန်းပဲပညာရှင်တစ်ယောက် ဖြစ်သည်။ ထို့နောက် ကျီယန်မြို့ကို တည်ဆောက်ပြီး အသက်ဝိညာဉ်ဝင်္ကပါဖြင့် လေဟာနယ်မြို့ကြီးများကို ဖြစ်ပေါ်စေခဲ့သည်။

“ကျွန်တော်က ကျီယန်မြို့မှာပဲ နေမယ်”

ရှုကျီယန်၏ မျက်နှာထားက ရှုပ်ထွေးနေပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

“အရင်က ဖန်တီးခဲ့တဲ့ အသက်ဝိညာဉ်ဝင်္ကပါက မြို့ကြီးတွေအတွက် အခြေခံအုတ်မြစ် ဖြစ်လာပေမဲ့ အားကောင်းတဲ့ နတ်ဘုရားသားရဲတွေအတွက် ကပ်ဘေးတစ်ခု ဖြစ်ခဲ့တယ်”

“အဲဒါကြောင့် ကျီယန်မြို့ကို တည်ဆောက်ပြီး ချုပ်နှောင်ခံထားရတဲ့ နတ်ဘုရားသားရဲတွေကို လွှတ်ပေးနိုင်ဖို့ နည်းလမ်းရှာခဲ့တယ်”

“ကျွန်တော်က အပြစ်ဖြေချင်ခဲ့တယ်”

ထို့ကြောင့် ဘက်ပေါင်းစုံတွင်ရှိသော ကျွမ်းကျင်သူများက ရှုကျီယန်ကို ဆန့်ကျင်ခဲ့ကြသည်။

သူက အသက်ဝိညာဉ်ဝင်္ကပါကို ဆက်လက်ဖန်တီးရန် ငြင်းဆန်ခဲ့သည်။ ထို့နောက် ကျွမ်းကျင်သူများ၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရပြီး ရုပ်ခန္ဓာကို ဆုံးရှုံးခဲ့သည်။ သူ့မှာ ရွေးချယ်စရာမရှိဘဲ ကျီယန်မြို့ကို လေဟာနယ်တွင် ဝှက်ထားခဲ့သည်။ သူကိုယ်တိုင်ကလည်း ခရမ်းနေမင်းမီးပြင်းဖို၏ စွမ်းအားဖြင့် အသက်ရှင်ခဲ့ရသည်။

အကယ်၍ သူက အသက်ဝိညာဉ်ဝင်္ကပါကို ဆက်လက်သန့်စင်နေလျှင် ကြယ်စင်စုစကြဝဠာက ယခင်အတိုင်း စွမ်းအားကြီးနေနိုင်သည်။

တခြားစကြဝဠာများကို တိုက်ခိုက်နေသော ဖြစ်ရပ်ကလည်း ရပ်တန့်သွားမည်မဟုတ်ပေ။

“အဲဒါဆို ကြယ်စင်စုစကြဝဠာမှာ ကျီယန်မြို့ပြန်ပေါ်လာရင် ပြဿနာရှိလား”

ဟန်မူယဲ့က ပြောသည်။

ရှုကျီယန်ကို တိုက်ခိုက်ခဲ့သော ကျွမ်းကျင်သူများက ရှိနေကြသေးသည်။

သူတို့က ပိုမိုသန်မာလာကြသည်။

“ဆရာဟန်၊ ကျန်းယောင်ရန်အသုံးပြုနေတဲ့ ဇီဝရုပ်သေးရုပ်နည်းလမ်းကို ကျွန်တော်က သိထားခဲ့တယ်”

ရှုကျီယန်က အပြုံးတစ်ခုနှင့်အတူ ညင်သာစွာပြောသည်။

ရုပ်ခန္ဓာမှ ရုပ်သေးရုပ်အဖြစ် ပြောင်းလဲရာတွင် အားနည်းချက်ရှိသည်။

ဟန်မူယဲ့က မျက်ခုံးပင့်လိုက်သည်။

“အသင်္ချေပေါင်းစပ်ဆေးလုံးလား”

All Chapters