← Chapters

အခန်း (၁၃၈၂)

Vol. 99 Ch. 1382

အခန်း (၁၃၈၂)

Vol. 99 Ch. 1382

မီးခိုးပြာရောင်ချိန်းကြိုးများသည် ဤနေရာတွင်ရှိသော လူတိုင်းကို ချုပ်နှောင်ထားသည်။ သို့သော် ယှဉ်ကြည့်လိုက်လျှင် မိစ္ဆာသားရဲများ၏ နည်းလမ်းက လူသားများထက် ရိုးရှင်းသည်။ ဤနေရာတွင်ရှိသော လူအများအပြားသည် ချိန်းကြိုးများကို ဖြတ်တောက်နိုင်ကြသည်။

မိစ္ဆာများကလည်း ထိုအကြောင်းကို ဂရုစိုက်ပုံမပေါ်ပေ။

ဤနေရာတွင် မိစ္ဆာမျိုးနွယ်များ စုစည်းနေသည်။ လူသားများ လွတ်မြောက်လာလျှင်ပင် ကြောက်နေရန်မလိုအပ်ပေ။

“ဒီလိုဖြစ်ရပ်မျိုးက တောရိုင်းမြေကို လှုပ်ခါသွားစေလိမ့်မယ်။ တခြားအင်အားစုတွေကလည်း စုံစမ်းဖို့ ရောက်လာကြလိမ့်မယ်”

ပတ်ဝန်းကျင်တွင်ရှိသော လူများက တည်ငြိမ်သွားသောအခါ လုကျီရှုက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

ယဇ်ပလ္လင်တစ်ခုနှင့် အုပ်ချုပ်သူအဆင့် သားရဲနှစ်ကောင်၏ လှုပ်ရှားမှုသည် စကြဝဠာနယ်မြေတွင်ရှိသော တခြားလူများကို လှုံ့ဆော်မိလိမ့်မည်။

“လုမိသားစုရဲ့ ကျွမ်းကျင်သူတွေလည်း ရောက်လာလောက်တယ်”

လုကျီရှု၏ မျက်လုံးများက တောက်ပသွားသည်။

လုမိသားစုသည် အဓိကမိသားစုကြီး ခုနစ်ခုထဲတွင် ပါဝင်သည်။ သူတို့က ကျွမ်းကျင်သူများကို ပိုင်ဆိုင်ထားပြီး စကြဝဠာအဆင့် တစ်ယောက်၊ နှစ်ယောက်ခန့် ရောက်လာလျှင် လုကျီရှုတို့ကို လွယ်ကူစွာ ခေါ်ထုတ်သွားနိုင်သည်။

“စောင့်ကြရအောင်”

ဟန်မူယဲ့က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။

သူက အုပ်ချုပ်သူအဆင့် သားရဲနှစ်ကောင်အား တိုက်ပွဲဖြစ်သွားစေသော ရတနာကို သိချင်သည်။ ထို့အပြင် ယဇ်ပလ္လင်တွင် ပတ်သတ်နေသော အင်အားစုကိုလည်း မြင်ချင်သည်။

မီးခိုးရောင်ကျောက်တောင်သည် တုန်ခါသွားသည်။ မိစ္ဆာသားရဲနှင့် နတ်ဘုရားသားရဲများသည် မကြာခဏဆိုသလို လူများကို ပစ်ချလိုက်ကြသည်။

ပစ်ချခံလိုက်ရသော လူများသည် အဆင့်ကိုးနှင့် အထက်တွင် ရှိကြသည်။ အဆင့်ကိုးအောက်တွင်ရှိသော လူများက သေဆုံးသွားပုံရသည်။

ဤနေရာသည် စကြဝဠာနယ်မြေ၏ တောရိုင်းမြေဖြစ်သည်။ လုံလောက်သောခွန်အား မရှိလျှင် သေဆုံးရလိမ့်မည်။

သို့သော် ဟန်မူယဲ့က အလျင်မလိုပေ။ သူက နေရာတွင် တင်ပျဉ်ခွေထိုင်ပြီး စုတ်တံကို ကိုင်ထားသည်။

ထိုစုတ်တံသည် ခုံးကျုံးချူ၏လက်ဆောင် ဖြစ်သည်။ ယခု သူက ချုံးဝမ်စံအိမ်၏ပိုင်နက်မှ ထွက်ခွာလာသောကြောင့် စုတ်တံကို စစ်ဆေးကြည့်နိုင်သည်။

မှိန်ဖျော့သော စွမ်းအင်အလင်းသည် စုတ်တံကို လွှမ်းခြုံသွားသည်။ ဟန်မူယဲ့က မျက်လုံးမှိတ်ထားပြီး စိတ်ထဲတွင်ပေါ်လာသော မြင်ကွင်းများကို ကြည့်သည်။

အဆုံးမရှိသော တိမ်ပင်လယ်တွင် စိမ်းလန်းသော ဝါးပင်က ယိမ်းနွဲ့နေသည်။

နှစ်ထောင်ချီကြာသောအခါ ဝါးပင်၏ သစ်ရွက်များက ဖြာထွက်လာပြီး တစ်ခုချင်းစီသည် ကောင်းကင်နှင့်မြေကြီးကို ထိုးခွဲနိုင်သည်။

ထိုဝါးပင်မျိုးသည် အစစ်အမှန်ရတနာတစ်ခု ဖြစ်သည်။

“ကံကောင်းခြင်းဝါးစိမ်းပင်လား”

အသံတစ်သံ ပေါ်ထွက်လာပြီး အဖြူရောင်အင်္ကျီနှင့် လူအိုကြီးတစ်ယောက်ကို မြင်ရသည်။

ခုံးကျုံးချူ ဖြစ်သည်။

ခုံးကျုံးချူက အံ့အားသင့်နေသော မျက်နှာထားဖြင့် ရှေ့တွင်ရှိသော ဝါးစိမ်းပင်ကို ကြည့်လိုက်သည်။ သူက လက်မြှောက်ပြီး ရွှေအလင်းကို စာလုံးများအဖြစ် အသွင်ပြောင်း၍ ဝါးပင်ကို ဖုံးလွှမ်းသည်။

ဝါးပင်၏ သစ်ရွက်များက တုန်ခါနေပြီး ဓားများသဖွယ် ခုံးကျုံးချူကို ချိန်ရွယ်လိုက်သည်။

ကောင်းကင်နှင့်မြေကြီးကို ထိုးခွဲလာသော ဝါးရွက်များသည် ခုံးကျုံးချူနှင့် သုံးပေအကွာတွင် ရပ်တန့်ခံလိုက်ရသည်။

“ချည်နှောင်စမ်း”

ချုံးကျုံးချူ၏ စကားတစ်ခွန်းကြောင့် ဝါးရွက်များအားလုံးက သိမ်မွေ့သောမြွေတစ်ကောင်သဖွယ် ပြောင်းလဲသွားပြီး သူ့ရှေ့တွင် ရစ်ခွေနေကြသည်။

ခုံးကျုံးချူက ဝါးပင်ကို ယူသွားပြီး စုတ်တံအဖြစ် သန့်စင်ခဲ့သည်။

ထိုစုတ်တံသည် ကောင်းကင်နှင့်မြေကြီး၏ အတားအဆီးကို တစ်ချက်တည်း ချိုးဖျက်နိုင်သည်။

စုတ်ချက်တစ်ခုဖြင့် တောင်တန်းနှင့် မြစ်များကို ဖန်တီးနိုင်သည်။

အမျိုးမျိုးသော ပုံရိပ်များကို မြင်ရသည်။ အမည်မသိသောကမ္ဘာတစ်ခု၏ ဝါးစိမ်းပင်စုတ်တံသည် ခုံးကျုံးချူနှင့်အတူ အမျိုးမျိုးသော စကြဝဠာများတွင် သွားလာခဲ့သည်။

ထိုစုတ်တံသည် စကြဝဠာနယ်မြေ၏ ထိပ်တန်းအဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်သော ခုံးကျုံးချူ၏ အတွေ့အကြုံကို သယ်ဆောင်ထားသည်။

ထို့အပြင် ခုံးကျုံးချူသည် အလိုရှိလျှင် စုတ်တံဖြင့် အရာအားလုံးကို ဖော်ညွှန်းနိုင်သော ကွန်ဖြူးရှပ်ပညာရှင် ဖြစ်သည်။

ဟန်မူယဲ့က ထိုမြင်ကွင်းများတွင် မျောပါနေခဲ့သည်။ သူက ခမ်းနားသော ဖန်တီးမှုများကို မြင်ခဲ့ရသည်။

မှိန်ဖျော့သော မြူခိုးအငွေ့အသက်သည် ဟန်မူယဲ့၏ပတ်ဝန်းကျင်တွင် ပေါ်ထွက်လာပြီး တစ်ကိုယ်လုံးကို လွှမ်းခြုံလိုက်သည်။

ယခုအချိန်တွင် သူက ပြောင်းလဲသွားပုံပေါ်သည်။

ကွန်ဖြူးရှပ်တာအိုသည် စိတ်အခြေအနေကို တန်ဖိုးထားသည်။

ဟန်မူယဲ့က ကွန်ဖြူးရှပ်တာအိုကို ကျင့်ကြံခဲ့သော်လည်း ခုံးကျုံးချူထက် အဆပေါင်းများစွာ နိမ့်ကျသည်။

ယခုအချိန်တွင် စုတ်တံ၏ အတွေ့အကြုံများမှတစ်ဆင့် သူက လျင်မြန်စွာ နားလည်သဘောပေါက်လာသည်။

ကွန်ဖြူးရှပ်တာအို၏ ဉာဏ်အလင်းကြောင့် သူ၏ စိတ်အခြေအနေက လှုပ်ရှားနေပြီး ဆက်တိုက်မြင့်တက်လာသည်။

ထို့ကြောင့် သူထိန်းချုပ်ထား‌သော ဓားစွမ်းအားအပြင် နဂါးမိကျောင်း၊ ခွေ၏ စွမ်းအားနှင့် လိုက်ဖက်ညီမှုလည်း တိုးတက်လာသည်။

အချိန်ကြာမြင့်စွာ ငြိမ်သက်နေသော ဟန်မူယဲ့၏ ကျင့်ကြံခြင်းစွမ်းရည်များအားလုံးက တိုးတက်လာကြသည်။

ထိုတိုးတက်မှုသည် သူ၏ စွမ်းအားများအားလုံးကို စုစည်းလာစေပြီး တစ်ခါမှ မရောက်ဖူးသော အဆင့်တစ်ခုသို့ ရောက်သွားသည်။

“ဝီ”

သူ့ခန္ဓာကိုယ်တွင်ရှိသော အနက်ရောင်ဓားသည် တုန်ခါနေပြီး ရွှေကျီးကန်းအဖြစ် ပြောင်းလဲသွားသည်။

ရွှေကျီးကန်း၏ ခန္ဓာကိုယ်တွင်ရှိသော နတ်ဘုရားအင်းကွက်များသည် တိုးတက်လာပြီး ၁၃၁ခုအထိ ရောက်သွားသည်။

သူ၏ အစစ်အမှန်ဝိညာဉ်အရိုးသည် စကြဝဠာအဆင့် ဓားတစ်လက်အဖြစ် ပြောင်းလဲသွားခဲ့သည်။

ယခုအချိန်တွင် ထိုဓား၏ အစစ်အမှန်စွမ်းရည်ကို အမှန်တကယ် ‌‌ဖော်ထုတ်နိုင်ခဲံသည်။

ထိုဓားဖြင့် စကြဝဠာအဆင့် ကျွမ်းကျင်သူများကို တိုက်ခိုက်နိုင်သည်။ ကောင်းကင်နှင့်မြေကြီးကို ချိုးဖျက်နိုင်သည်။ နတ်ဘုရားအင်းကွက်များကို အသုံးပြုပြီး အရာအားလုံးကို လောင်ကျွမ်းစေနိုင်သော ရွှေကျီးကန်းမီးတောက်အား ပျိုးထောင်ပေးနိုင်သည်။

တစ်နည်းပြောရလျှင် ‌နောက်ဆုံးတွင် ဟန်မူယဲ့က စကြဝဠာအဆင့် တိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ခဲ့သည်။

ထို့အပြင် ချပ်ဝတ်နှင့် လက်နက်များကို ထုတ်သုံးလိုက်လျှင် စကြဝဠာအဆင့်များနှင့် တိုက်ရိုက် ယှဉ်ပြိုင်နိုင်သည်။

သိပ်မဝေးသောနေရာတွင် ထိုင်နေသည့် နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်က တစ်ခုခုကို အာရုံခံမိပြီး ဟန်မူယဲ့ကို လှည့်ကြည့်သည်။ ထို့နောက် ပြုံးသည်။

သူက တစ်လှမ်းချင်းစီ တိုးတက်လာသော ဟန်မူယဲ့ကို စောင့်ကြည့်ခဲ့သည်ဟု ပြောနိုင်သည်။

သူတို့က သင်္ချိုင်းအင်မော်တယ်မြို့မှ စတင်၍ လမ်းတစ်လျှောက်တွင် အတူတူ ခရီးဆက်လာကြသည်။

ယနေ့အချိန်တွင် သူက ဟန်မူယဲ့၏ ကျင့်ကြံခြင်းစွမ်းရည်ကို အာရုံမခံနိုင်တော့ပေ။

သခင်မမူယွဲ့က တောက်ပနေသော မျက်လုံးများနှင့် လှည့်ကြည့်သည်။

သူမက ဟန်မူယဲ့ကို ပြိုင်ဘက်တစ်ယောက်အဖြစ် မယူဆခဲ့ပေ။

သူမက ဟန်မူယဲ့နှင့် မယှဉ်နိုင်သော်လည်း ရုပ်ခန္ဓာကို စွန့်ပစ်ပြီး ကျင့်ကြံဆင့် လျော့ကျသွားသောကြောင့် ဖြစ်သည်ဟု မှတ်ယူထားခဲ့သည်။

ယခုအချိန်တွင် ဟန်မူယဲ့က သူမ၏ အထွတ်အထိပ်အချိန်ထက် ပိုသာနေကြောင်း သိလိုက်ရသည်။

“နောက်ကျရင် ငါတို့က နင့်ကို ဆရာသခင်မူယဲ့လို့ ခေါ်ရတော့မှာထင်တယ် ....”

သခင်မမူယွဲ့က ညင်သာစွာ ပြောလိုက်သည်။

ဟန်မူယဲ့၏ ပတ်ဝန်းကျင်တွင်ရှိသော တိမ်မြူခိုးများ ပျောက်ကွယ်သွားသည်။ ဟန်မူယဲ့က ထူးခြားသော အငွေ့အသက်တစ်ခုကို ပိုင်ဆိုင်လာသည်။

ထိုအငွေ့အသက်ကြောင့် သူက သာမန်လူတစ်ယောက်ဟု ထင်ရသည်။

သူ့ကို အာရုံခံကြည့်နေသော အပြင်လူများက ဟန်မူယဲ့ကို သူတို့နှင့် အဆင့်တူဟု ထင်ကြလိမ့်မည်။

စကြဝဠာအဆင့် ကျင့်ကြံသူများလည်း ပါဝင်သည်။

“ဟမ်၊ အစ်ကိုဟန် အဆင့်တက်သွားတာလား”

လုကျီရှုက မျက်လုံးပြူးသွားပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။

သူကလည်း ပြောင်းလဲမှုကို သတိထားမိသည်။

“နည်းနည်းတော့ ဉာဏ်အလင်းရခဲ့တယ်”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး မတ်တပ်ရပ်သည်။

အဝေးတစ်နေရာတွင် ရာချီသော အလင်းတန်းများက ထွက်ပြေးနေကြသည်။

ရာချီသော ချိန်းကြိုးများသည် ကောင်းကင်ထက်မှ ဆင်းသက်လာကြသည်။

“တိုက်ခိုက်မယ် ....”

လူတစ်ယောက်က ညင်သာစွာ အော်ဟစ်လိုက်သည်။ ပတ်ဝန်းကျင်တွင်ရှိသော မီးခိုးပြာရောင်ချိန်းကြိုးများက ပေါက်ကွဲသွားသည်။

ဒါဇင်ချီသော ကျင့်ကြံသူများက ပျံသန်းလိုက်ကြသည်။ နတ်ဘုရားအဆင့် ရုပ်သေးရုပ်နှင့် ချပ်ဝတ်များ ပေါ်ထွက်လာကြသည်။

“ဟမ်”

ဓားအလင်း ပေါ်ထွက်လာပြီး ကောင်းကင်ကို ထိုးခွဲသွားသည်။

ဟန်မူယဲ့က ပထမဆုံးအကြိမ်အဖြစ် စကြဝဠာနယ်မြေ၏ ဓားကျင့်ကြံသူကို မြင်လိုက်ရသည်။

ထိုဓားချက်သည် အင်မော်တယ်သခင် အထွတ်အထိပ်အဆင့်၊ အင်မော်တယ်ဘုရင် တစ်ဝက်အဆင့် စွမ်းအားကို သယ်ဆောင်ထားသည်။ ကြယ်စင်စုစကြဝဠာ၏ ကမ္ဘာဦးတစ်ဝက်အဆင့် ဖြစ်သည်။

ကောင်းကင်တွင်ရှိ‌သော တောင်ပံသားရဲများက ဟိန်းဟောက်လိုက်ပြီး ပြုတ်ကျလာကြသည်။ သူတို့၏ သွေးစက်များသည် မိုးရွာနေသကဲ့သို့ ဖြစ်သည်။

ရုပ်သေးရုပ်များက မိစ္ဆာသားရဲများနှင့် တိုက်ခိုက်နေပြီး လေဟာနယ်ကို တုန်ခါသွားစေသည်။

စကြဝဠာနယ်မြေ၏ ကောင်းကင်နှင့်မြေကြီးက အလွန်တည်ငြိမ်သောကြောင့် သူတို့က လေဟာနယ်ကို မထိုးဖောက်နိုင်ကြပေ။

“ဟမ့်”

အေးစက်သော နှာမှုတ်သံကို ကြားရသည်။ ပေထောင်ချီရှည်လျားသော ပုံရိပ်တစ်ခု ဆင်းသက်လာသည်။

ခြေလေးချောင်းရှိသော ‌ရွှေရောင်ကြေးခွံများနှင့် ချိုတစ်ချောင်းသားရဲ ဖြစ်သည်။ ထိုသားရဲ၏ နှာမှုတ်သံသည် ရုပ်သေးရုပ်များအားလုံးကို ချုပ်နှောင်ခဲ့သည်။

“ဟမ်း”

သားရဲက ဟိန်းဟောက်လိုက်သည်။ မီးခိုးရောင်ကျောက်တောင်က တုန်ခါနေပြီး ဖြည်းဖြည်းချင်း လွင့်မျောလာသည်။

ပေဆယ်ချီကျယ်ဝန်းသော ကျောက်တောင်သည် ပင့်မခံလိုက်ရသည်။

ထိုအချိန်တွင် လူတိုင်းက ဖိအားကြီးတစ်ခုကို ခံစားလိုက်ရပြီး မလှုပ်ရှားနိုင်တော့ပေ။

လုကျီရှု၏ ဘေးတွင်ရှိသော သက်တော်စောင့်များက လုကျီရှုကို ကြည့်လိုက်ကြသည်။ လုကျီရှုက တည်ငြိမ်နေသော ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ခေါင်းခါသည်။

ကျောက်တောင်က မိုင်တစ်ထောင်အထိ ပျံသန်းလာခဲ့သည်။

ပတ်ဝန်းကျင်တွင် ပိုမိုသန်မာသော မိစ္ဆာသားရဲများကို မြင်နိုင်သည်။

ထိုသားရဲများကြားတွင် ခမ်းနားသော အငွေ့အသက်နှင့် ဧရာမ နတ်ဘုရားသားရဲများကိုလည်း မြင်ရသည်။

ကျောက်တောင်ကို သယ်ဆောင်လာသော သားရဲက ရွှင်မြူးနေသောမျက်လုံးများဖြင့် နောက်လှည့်ကြည့်သည်။

“အူ ....”

ရှည်လျားသော အူသံကို ကြားနိုင်သည်။

ရှေ့တွင် ယဇ်ပလ္လင်ကြီးတစ်ခုကို မြင်ရသည်။

ဆန်းကြယ်သော အင်းကွက်များသည် ယဇ်ပလ္လင်တွင် သွယ်ယှက်နေကြသည်။

ကျောက်တောင်ပေါ်တွင်ရှိနေသော ဟန်မူယဲ့က လေးနက်သောမျက်နှာထားဖြင့် ယဇ်ပလ္လင်ကို ကြည့်လိုက်သည်။

“ဒီယဇ်ပလ္လင် ....”

ဟန်မူယဲ့က ယဇ်ပလ္လင်၏ အင်းကွက်များနှင့် ရင်းနှီးနေသည်။

ပျက်စီးခြင်းတောရိုင်းကမ္ဘာ၏ ရွှေကျီးကလန်တွင် ဆင်တူသော ယဇ်ပလ္လင်တစ်ခုကို မြင်ခဲ့ရသည်။ သို့သော် အင်းကွက်များက ဤယဇ်ပလ္လင်ကဲ့သို့ မရှုပ်ထွေးပေ။

သွေးစက်ကျချောက်ကမ်းပါး၏ နဂါးမိကျောင်းအား ဖိနှိပ်ထားသော ဝင်္ကပါတွင်လည်း ဆင်တူသော အမှတ်အသားများကို မြင်ခဲ့ရသည်။

‘အဲဒါဆိုရင် ဒီယဇ်ပလ္လင်က ဘယ်လိုအရာမျိုးကို ချိပ်ပိတ်ထားတာလဲ’

‘အခု ကျောက်တောင်မှာရှိတဲ့ လူသားတွေအားလုံးကို စတေးပြီး ယဇ်ပလ္လင်ကို ဖွင့်တော့မှာလား’

All Chapters