အခန်း (၁၃၈၃)
Vol. 99 Ch. 1383
ဟန်မူယဲ့၏ မျက်လုံးများက ထက်မြိသွားပြီး ယဇ်ပလ္လင်၏ အစွန်အဖျားတွင်ရပ်နေသော ပုံရိပ်နှစ်ခုကို ကြည့်သည်။
ကောင်းကင်ကို ထောက်ပံ့ထားနိုင်သော ဆင်သားရဲတစ်ကောင်နှင့် ငွေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူအိုကြီးတစ်ယောက် ဖြစ်သည်။
ဆင်သားရဲသည် ရွှေကျောက်စိမ်းဆင်ဖြစ်ပြီး ငွေရောင်ဝတ်စုံနှင့် လူအိုကြီးက ကောင်းကင်ဝူဝံပုလွေ ဖြစ်သည်။
သူတို့က တောရိုင်းမြေ၏ အုပ်ချုပ်သူအဆင့် နတ်ဘုရားသားရဲများဖြစ်ပြီး ယခုအချိန်တွင် တင်းမာသောမျက်နှာထားဖြင့် မျက်နှာချင်းဆိုင်လျက် ရပ်နေကြသည်။
“စတေးခံတွေကို ယူလာပါပြီ”
ကျောက်တောင်ကို သယ်လာသော ဧရာမသားရဲက ကျယ်လောင်စွာ ပြောလိုက်ပြီး ကျောက်တောင်ကို ယဇ်ပလ္လင်ဆီသို့ ပစ်လွှတ်သည်။
ထိုအချိန်တွင် ကျောက်တောင်၏ ဖိအားက ပျောက်ကွယ်သွားသည်။
“ဘုန်း”
ကျောက်တောင်တွင်ရှိနေသော လူများက မစောင့်ရဲကြပေ။ သူတို့က ထွက်ပြေးရန် ကြိုးစားလိုက်ကြသည်။
ယခုအချိန်တွင် ထွက်မပြေးနိုင်လျှင် လွတ်မြောက်တော့မည်မဟုတ်ပေ။
“ဘန်း”
နတ်ဘုရားအဆင့် ရုပ်သေးရုပ်က ကျောက်တောင်မှ ပျံသန်းလာသောအချိန်တွင် ချက်ချင်း ရိုက်ချခံလိုက်ရသည်။
ကောင်းကင်တွင် လက်ဝါးချက်တစ်ခုကို မြင်နိုင်သည်။
ရုပ်သေးရုပ်ကို ထိန်းချုပ်နေသော နတ်ဘုရားအဆင့် ကျင့်ကြံသူက တစ်ကိုယ်လုံး တုန်ခါသွားပြီး သွေးအန်ထုတ်လိုက်ရသည်။ သူက မျက်လုံးပြူးနေပြီး လဲကျသွားသည်။
ထိုဖြစ်ရပ်ကြောင့် လူတိုင်းက ကြောင်အနေပြီး ရှေ့ဆက်မသွားရဲတော့ပေ။
“ဝှစ်”
ကျောက်တောင်က ယဇ်ပလ္လင်နှင့် နီးကပ်လာသည်။
တစ်ခုတည်း မဟုတ်ပေ။ အနည်းဆုံး ကျောက်တောင်ဆယ်ခု ရှိနေသည်။
ကျောက်တောင်တစ်ခုချင်းစီတွင် ရာချီ၊ ထောင်ချီသော လူသားကျင့်ကြံသူများ ရှိနေကြသည်။
ကျောက်တောင်များသာမက အမျိုးမျိုးသော မိစ္ဆာသားရဲများကိုလည်း ပစ်လွှတ်လိုက်ကြသည်။
ယဇ်ပလ္လင်တွင်ရှိသော အမှတ်အသားများက အစိမ်းရောင်မြွေပုံရိပ်အဖြစ် ပြောင်းလဲသွားပြီး ကျောက်တောင်နှင့် မိစ္ဆာသားရဲများဆီသို့ ဆင်းသက်လာသည်။
အစိမ်းရောင်မြွေပုံရိပ်ကြောင့် သားရဲများက တုန်ခါနေပြီး သွေးမြူများကို ထုတ်လွှတ်လျက် တစ်ပိုင်းတစ်စစီ ဖြစ်သွားကြသည်။
ကျောက်တောင်များက တုန်ခါနေပြီး အက်ကွဲလာသည်။ ကျင့်ကြံသူများက ခြေမချနိုင်တော့ဘဲ ပြုတ်ကျလာကြသည်။
“ကျွန်တော်က မဟာတောရိုင်းဘုရားကျောင်းရဲ့ တိုက်ရိုက်တပည့် စုကျင်ရှင်းပါ။ နတ်ဘုရားသခင်နှစ်ယောက်က ညှာတာပေးမယ်လို့ မျှော်လင့်ပါတယ် ....”
သိပ်မဝေးသောနေရာတွင် အော်ဟစ်သံကို ကြားရသည်။
အနက်ရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က ကျောက်တောင်ထိပ်တွင် ရပ်နေပြီး ဆင်သားရဲနှင့် လူအိုကြီးကို ဦးညွတ်လိုက်သည်။
“မဟာတောရိုင်းဘုရားကျောင်းမှာ စကြဝဠာအဆင့်ကျွမ်းကျင်သူ ၁၃ယောက် ရှိတယ်။ စကြဝဠာနယ်မြေရဲ့ လွှမ်းမိုးနိုင်တဲ့ အင်အားစုတစ်ခုပဲ”
လုကျီရှုက တီးတိုးပြောသည်။
“ပိုင်ကျန်းက ဘိုးဘေးပိုင်ချင်ရဲ့ကိုယ်စား နတ်ဘုရားသခင်နှစ်ယောက်ကို နှုတ်ဆက်ပါတယ်”
နောက်ထပ် ကျောက်တောင်တစ်ခုစီမှ တည်ငြိမ်သောအသံကို ကြားရသည်။ အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ပြီး ခရမ်းရောင်သရဖူကို ဆောင်းထားသော သတ်လတ်ပိုင်းရွယ်လူတစ်ယောက်က လေးစားစွာ ဦးညွတ်လိုက်သည်။
“ဘိုးဘေးပိုင်ချင်က စကြဝဠာနယ်မြေရဲ့ အာခီမီပညာရှင်တစ်ယောက်ပဲ။ သူက နာမည်ကြီးတဲ့ စကြဝဠာအဆင့်ကျွမ်းကျင်သူပဲ”
လုကျီရှုက ဟန်မူယဲ့ကို ရှင်းပြလိုက်သည်။
ယခုအချိန်တွင် ကျောက်တောင်များဆီမှ အော်ဟစ်သံကို ကြားနေရသည်။
တောရိုင်းမြေသည် စကြဝဠာနယ်မြေ၏ လူငယ်ကျွမ်းကျင်သူများ လေ့ကျင့်သောနေရာ ဖြစ်သည်။ ထို့ကြောင့် အင်အားစုကြီးများ၏ မျိုးဆက်သစ်ကို လွယ်ကူစွာ တွေ့နိုင်သည်။
“သူတို့ကို ချမ်းသာပေးဖို့ အုပ်ချုပ်သူအဆင့် နတ်ဘုရားသားရဲနှစ်ကောင်အပေါ်မှာပဲ မူတည်နေတယ်”
လုကျီရှုက ညင်သာစွာ ရေရွတ်လိုက်ပြီး မှိန်ဖျော့သော စွမ်းအင်အလင်းကို ထုတ်လွှတ်သည်။
သူက လုမိသားစု၏ တိုက်ရိုက်မျိုးဆက်ဖြစ်ပြီး တခြားလူများထက် မနိမ့်ကျပေ။ တောရိုင်းမြေ၏ အုပ်ချုပ်သူအဆင့် သားရဲနှစ်ကောင်က လွှတ်ပေးရန် ဆန္ဒရှိလျှင် သူကလည်း ထုတ်ပြောလိမ့်မည်။
“လီချန်းယွင်က နတ်ဘုရားသခင်နှစ်ယောက်ကို နှုတ်ဆက်ပါတယ်”
သိပ်မဝေးသောနေရာတွင် အနက်ရောင်ချပ်ဝတ်နှင့် လူငယ်က ဦးညွတ်လိုက်ပြီး ပြောသည်။
“လီမိသားစုကလား”
လုကျီရှုက အံ့အားသင့်သွားပြီး ညင်သာစွာ ရေရွတ်သည်။
“တောရိုင်းမြေကို စုံစမ်းဖို့ အင်အားစုကြီးတွေက လူလွှတ်ထားကြတာလား”
လီမိသားစုသည် မိသားစုကြီးခုနစ်ခုတွင် အောက်ပိုင်းမိသားစုလေးခု၏ ခေါင်းဆောင် ဖြစ်သည်။
ယခုအချိန်တွင် ကျောက်တောင်တိုင်းသည် မြွေပုံရိပ်များကြောင့် အက်ကွဲနေကြသည်။
ကျင့်ကြံသူများအားလုံးက ရှေ့တွင်ရှိသော မြင်ကွင်းကို တင်းမာသောမျက်နှာထားဖြင့် ကြည့်နေကြသည်။
“ဟမ့်၊ မင်းတို့ လူသားတွေက ငါတို့ တောရိုင်းမြေကို အကြောင်းပြချက်မရှိဘဲ ဝင်ရောက်လာကြတယ်။ အခု အသက်ရှင်လျက် ထွက်သွားနိုင်ဖို့ မျှော်လင့်နေကြတာလား”
ဟိန်းဟောက်သံကို ကြားနိုင်သည်။ ငွေရောင်ဝတ်စုံနှင့် လူအိုကြီးက လက်ကို ဝှေ့ယမ်းလိုက်ပြီး ငွေအလင်းဖြင့် ကျောက်တောင်များကို ရိုက်ခတ်သည်။
ငွေအလင်းများသည် တစ်လက်မခန့်သာ ရှည်လျားသည်ဟု ထင်ရသော်လည်း ကျောက်တောင်များကို လွယ်ကူစွာ ထိုးခွဲနိုင်သည်။
အလင်းစီးကြောင်းတိုင်းသည် စိတ်ကူးမယဉ်နိုင်သော ခွန်အားကို သယ်ဆောင်ထားသည်။
ငွေအလင်းတစ်ခုသည် အနက်ရောင်ချပ်ဝတ်ရုပ်သေးရုပ်အား ထိန်းချုပ်နေသော လူအိုကြီးတစ်ယောက်၏ရှေ့သို့ ရောက်လာသည်။ လူအိုကြီးက အံကြိတ်ထားပြီး ရုပ်သေးရုပ်ကို ရှေ့တက်သွားစေသည်။
သို့သော် နတ်ဘုရားအဆင့် ရုပ်သေးရုပ်သည် အလင်းတန်းကို မခုခံနိုင်ဘဲ တစ်ပိုင်းတစ်စစီ ဖြစ်သွားသည်။
နတ်ဘုရားအဆင့် ကျင့်ကြံသူကလည်း ပေါက်ကွဲထွက်သွားသည်။
“မတားနိုင်ဘူး”
“မြန်မြန်ရှောင်ကြ”
“အဲဒါက နတ်ဘုရားသခင်တစ်ယောက်ရဲ့ ခွန်အားပဲ။ ကမ္ဘာဦးအဆင့်ဆိုရင်တောင် ခုခံနိုင်မှာမဟုတ်ဘူး”
ထိတ်လန့်နေသော အသံများကို ကြားနိုင်သည်။
ထိုအရာသည် စကြဝဠာအဆင့် ကျွမ်းကျင်သူ၏ တိုက်ခိုက်မှု ဖြစ်သည်။
လုကျီရှု၏ နောက်တွင်ရှိသော အစောင့်အကြပ်များက ရှေ့တက်လာကြသည်။ သူတို့၏ ရွှေအလင်းက ပေါင်းစပ်သွားပြီး အလင်းလွှာအဖြစ် ပြောင်းလဲ၍ အလယ်တွင်ရှိသော လုကျီရှုကို လွှမ်းခြုံလိုက်သည်။
ယခင်ကဆိုလျှင် သူတို့က လုကျီရှုကို ကာကွယ်နိုင်မည်မဟုတ်ပေ။ လှုပ်ရှားရန်လည်း အခွင့်အရေးရှိမည်မဟုတ်ပေ။
သို့သော် ယခုအချိန်တွင် သူတို့က ကမ္ဘာဦးအဆင့်ခွန်အားကို ပိုင်ဆိုင်သော ရုပ်သေးရုပ်များ ဖြစ်နေကြသည်။ သူတို့၏ ပေါင်းစပ်စွမ်းအားက ထူးခြားသည်။
အလင်းတန်းသုံးခုသည် အလင်းလွှာနှင့် ထိတွေ့သွားသော်လည်း မထိုးဖောက်နိုင်ခဲ့ပေ။
တစ်ဖက်တွင် သခင်မမူယွဲ့က ပေါ့ပါးစွာ အသွင်ပြောင်းလိုက်ပြီး အလင်းတန်းတစ်ခုကို လွယ်ကူစွာ ချေဖျက်သည်။
သူမက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး စကားမပြောဘဲ မတ်တပ်ရပ်နေသည်။
“ဘုန်း”
နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်ကလည်း လှုပ်ရှားလိုက်ပြီး တိုးဝင်လာသော အလင်းတန်းကို လက်သီးဖြင့် ထိုးချသည်။
ထိုသို့ တိုက်ရိုက်ကျသော နည်းလမ်းကြောင့် ပတ်ဝန်းကျင်တွင်ရှိသော ထိတ်လန့်နေသည့် ကျင့်ကြံသူများက အံ့အားသင့်သွားကြသည်။
ထိုအချိန်တွင် ကျင့်ကြံသူအများအပြားက လျင်မြန်စွာ နောက်ဆုတ်လိုက်လာပြီး အလင်းတန်းများကို ရှောင်တိမ်းရန် ကြိုးစားနေကြသည်။
ပိုမိုများပြားသော ကျင့်ကြံသူများက အလင်းတန်း၏ တိုက်ခိုက်မှုကြောင့် လဲကျသွားကြသည်။
အလင်းတန်းနှစ်ခုသည် ဟန်မူယဲ့ဆီသို့ တိုးဝင်လာသည်။
ဟန်မူယဲ့က ချဉ်းကပ်လာသော အလင်းတန်းများကို ကြည့်လိုက်ပြီး တည်ငြိမ်နေသည်။ သူက လက်မြှောက်ပြီး ဖမ်းယူလိုက်သည်။
ထိုအပြုအမူကြောင့် ပတ်ဝန်းကျင်တွင်ရှိသော လူများက အံ့အားသင့်သွားကြသည်။
‘တောရိုင်းမြေက အုပ်ချုပ်သူအဆင့် နတ်ဘုရားသားရဲရဲ့ အလင်းတန်းကို လက်ဗလာနဲ့ ဖမ်းယူတာလား’
‘ဒါက သေလမ်းရှာနေတာမဟုတ်ဘူးလား’
“ဝီ”
ဟန်မူယဲ့၏လက်က အနည်းငယ် တုန်ခါသွားပြီး ငွေရောင်သားမွေးနှစ်ခုကို မြင်ရသည်။
သူက သန့်စင်သော ခွန်အားဖြင့် အုပ်ချုပ်သူအဆင့် သားရဲ၏ တိုက်ခိုက်မှုကို ဖမ်းးယူခဲ့သည်။
ထိုသားရဲက ထူးခြားသော်လည်း နဂါးမိကျောင်းတို့နှင့် ယှဉ်လိုက်လျှင် လိုအပ်နေသေးသည်။ ထို့အပြင် ငွေရောင်အလင်းတန်းများသည် အုပ်ချုပ်သူအဆင့် သားရဲ၏ အကောင်းဆုံးနည်းလမ်း မဟုတ်ပေ။
ထိုအလင်းတန်းများကို ပေါ့ပါးစွာ ပစ်လွှတ်လိုက်ခြင်း ဖြစ်သည်။
ဟန်မူယဲ့က ငွေရောင်သားမွေးများကို ကိုင်ထားပြီး မျက်လုံးများက တိုက်ခိုက်လိုစိတ်ဖြင့် တောက်ပလာသည်။
တောရိုင်းမြေ၏ အုပ်ချုပ်သူအဆင့် နတ်ဘုရားသားရဲနှင့် တိုက်ခိုက်ကြည့်မည်။
သူက အဆင့်မတက်ခင်မှာ ယုံကြည်ချက်မရှိသော်လည်း ယခုအချိန်တွင် ယုံကြည်ချက်ရှိနေသည်။
ဟန်မူယဲ့၏လက်ထဲတွင်ရှိသော သားမွေးများကို မြင်ရသောအခါ လုကျီရှု၏ မျက်လုံးများက တောက်ပသွားသည်။
သူက ရှေ့တက်လာပြီး ကျိုးပဲ့နေသောလှံကို ထုတ်ယူသည်။
ထိုလှံက ကျိုးနေသော်လည်း စကြဝဠာအဆင့် ဖြစ်သည်။
“ကျွန်တော်က လုမိသားစုရဲ့ လုကျီရှုပါ။ အစ်ကိုဟန်နဲ့ ကျွန်တော်က တောရိုင်းမြေကို မတော်တဆ ရောက်လာတာပါ။ နတ်ဘုရားသခင်နှစ်ပါးက ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်”
လုကျီရှုက သက်တော်စောင့်များ၏ အကူအညီဖြင့် ခိုင်မာစွာ ရပ်နေခဲ့သည်။
ငွေအလင်းကို ဖျက်ဆီးလိုက်သော နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်၏ လက်သီးချက်၊ သားမွေးနှစ်ခုကို ဖမ်းယူခဲ့သော ဟန်မူယဲ့၏ အပြုအမူကြောင့် ပတ်ဝန်းကျင်တွင်ရှိသော ကျင့်ကြံသူများက လုကျီရှု၏စကားကို အလေးအနက်ထားလိုက်ကြသည်။
လီမိသားစု၏ မျိုးဆက်သစ်က စကားပြောခဲ့သော်လည်း နတ်ဘုရားသခင်နှစ်ပါးက မျက်နှာသာမပေးပေ။
သို့သော် ယခုအချိန်တွင် လုကျီရှု၏ အင်အားစုက သန်မာပုံရသည်။
အကယ်၍ သူတို့က ကိုယ့်ကိုယ်ကိုယ် ကယ်တင်ချင်လျှင် လုကျီရှုနှင့် ပူးပေါင်းရလိမ့်မည်။
လီမိသားစု၏ လီချန်းယွင်၊ မဟာတောရိုင်းဘုရားကျောင်း၏ စုကျင်ရှင်း၊ ဘိုးဘေးပိုင်ချင်၏ တိုက်ရိုက်မျိုးဆက် ပိုင်ကျန်းနှင့် ကျန်လူများအားလုံးက ဟန်မူယဲ့တို့ ရှိနေသော ကျောက်တောင်ဆီသို့ ပျံသန်းလာကြသည်။
တခြားလူများကလည်း မတုံးအပေ။ သူတို့က ပူးပေါင်းနိုင်ရန် အစွမ်းကုန်ထုတ်သုံးလိုက်ကြသည်။
ယခုအချိန်တွင် လူသားကျင့်ကြံသူအများစုက လေထုထဲတွင် ရှိနေကြသည်။
“ညီအစ်ကိုလု၊ ဒီနေ့မှာ ငါတို့က အစွမ်းကုန်ထုတ်သုံးရင် အခွင့်အရေးရှိလိမ့်မယ်”
လီချန်းယွင်က ပြောလိုက်ပြီး အောက်သို့ ဆင်းသက်လာသည်။ သူက ဟန်မူယဲ့ကို ခေါင်းညိတ်ပြလိုက်ပြီး လုကျီရှုကို ကြည့်သည်။
ဟန်မူယဲ့က အားကောင်းသော်လည်း မိသားစုကြီးတစ်ခု၏ မျိုးဆက်သစ်ဖြစ်သော လုကျီရှုကဲ့သို့ မယုံကြည်ရပေ။
တခြားလူများကလည်း ဟန်မူယဲ့ကို ခေါင်းညိတ်ပြလိုက်ကြပြီး လုကျီရှုကို လှည့်ကြည့်ကြသည်။
ယနေ့တွင် လုကျီရှု၏ ခွန်အားအရ ခေါင်းဆောင်ဖြစ်နိုင်သည်။
“သေချင်နေတာပဲ”
အေးစက်သောအသံကို ကြားရသည်။
ထိုအသံ၏နောက်တွင် ပေါက်ကွဲနိုင်သော စွမ်းအားလှိုင်းတစ်ခု ပါလာသည်။
နတ်ဘုရားအဆင့်၏အောက်တွင်ရှိသော ကျင့်ကြံသူများက ပေါက်ကွဲထွက်သွားကြသည်။
သူတို့က မခုခံနိုင်ခဲ့ပေ။
သွေးမြူသည် ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။
ယဇ်ပလ္လင်သည် တောက်ပနေပြီး သွေးမြူကို စုပ်ယူလိုက်သည်။
“ဟမ်”
ယဇ်ပလ္လင်က မကောင်းသောနိမိတ်နှင့် တုန်ခါသံပေးသည်။
ဟန်မူယဲ့၏ မျက်လုံးများက တောက်ပလာပြီး လက်မြှောက်သည်။ ရွှေရောင်မိုးကြိုးသည် သူ့လက်ချောင်းထိပ်တွင် စုစည်းလာသည်။
နွားသိုးတစ်ကောင်၏ပုံရိပ်ကို သူ့နောက်တွင် မြင်နေရသည်။
“ဘုန်း”
တုန်ခါသံနှင့်အတူ မိုးကြိုးတစ်စင်း ပေါ်ထွက်လာသည်။
ဟန်မူယဲ့က မိုးကြိုးစွမ်းအားကို အသုံးပြုပြီး ပြိုင်ဘက်၏စွမ်းရည်ကို ဖျက်ဆီးခဲ့သည်။
ထိုအရာသည် တိုက်ရိုက်စိန်ခေါ်ခြင်း ဖြစ်သည်။
ကျောက်တောင်တွင်ရှိသော လီချန်းယွင်နှင့် တခြားလူများက ကြောင်အနေကြသည်။
‘သူက ဒီလောက်တောင် သန်မာတာလား’
“ဝူ ....”
အဝေးတစ်နေရာတွင် ခရာသံကို ကြားနိုင်သည်။
“တာအိုရောင်းရင်းတို့ ငါက လီတောက်ကျင်းပါ။ ငါတို့မိသားစုရဲ့ မျိုးဆက်သစ်က ဘာကိုမှ နားမလည်ဘဲ မင်းတို့ကို နှောင့်ယှက်မိခဲ့တယ်။ ငါ့ကို မျက်နှာသာပေးမယ်လို့ မျှော်လင့်တယ်”
အသံတစ်သံကို ကြားရသည်။
ထိုအသံသည် ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေသည်။
ထို၏စကားသည် တောင်းဆိုချက်ထက် စွမ်းအားပြနေခြင်း ဖြစ်သည်။
လီမိသားစု၏ စကြဝဠာအဆင့် ကျွမ်းကျင်သူတစ်ယောက် ရောက်လာသည်။
လီချန်းယွင်က ပျော်ရွှင်သွားသည်။