← Chapters

အခန်း (၁၃၈၄)

Vol. 99 Ch. 1384

အခန်း (၁၃၈၄)

Vol. 99 Ch. 1384

“ငါတို့ လုမိသားစုရဲ့ ဘယ်မျိုးဆက်သစ်က ဒီနေရာမှာ ရောက်နေတာလဲ”

“ငါ လုကန်းဟုန် ရောက်လာပြီ။ ငါတို့မိသားစုရဲ့ မျိုးဆက်သစ်ကို တောရိုင်းမြေမှာ ပစ်မထားနိုင်ဘူး”

အသံတစ်သံ ပေါ်ထွက်လာပြန်သည်။

လုမိသားစု၏ အကြီးအကဲလည်း ရောက်လာသည်။

“ငါက ချန်ကျွင်းလျန်ပဲ။ ချန်မိသားစုရဲ့ မျိုးဆက်သစ်များ ရှိနေလား”

ကျယ်လောင်သောအသံကို ကြားရသည်။

“ဘိုးဘေး၊ ချန်ယွီမင်က ဒီမှာရှိနေပါတယ်။ မိစ္ဆာသားရဲတွေက အနန္တလောကယဇ်ပလ္လင်ကို အသက်သွင်းဖို့ ကြံစည်နေကြတယ်”

သိပ်မဝေးသော ကျောက်တောင်တွင် စကားသံကို ကြားရသည်။

လီ၊ ရွှင်၊ ချန်၊ လု .... မိသားစုကြီးလေးခု ဖြစ်သည်။

လီမိသားစုနှင့် လုမိသားစုသာမက ချန်မိသားစုလည်း ရောက်လာသည်။

တောရိုင်းမြေ၏ ဖြစ်ရပ်သည် အရေးကြီးပုံပေါ်သည်။

“အနန္တလောကယဇ်ပလ္လင်လား”

လုကျီရှု၏ မျက်လုံးများက တောက်ပသွားပြီး တီးတိုးပြောသည်။

“အဲဒီလိုကိုး”

“စကြဝဠာနယ်မြေက လောကအသီးသီးကို တိုက်ခိုက်ပြီးတဲ့အချိန်မှာ အနန္တလောကယဇ်ပလ္လင်ကို တည်ဆောက်ခဲ့တယ်”

သခင်မမူယွဲ့က ပြောလိုက်သည်။

“အနန္တလောကယဇ်ပလ္လင်ကို အသက်သွင်းလိုက်ရင် မရေမတွက်နိုင်တဲ့ လောကတွေက သွယ်ယှက်သွားပြီး လောကတစ်သောင်းပြိုင်ပွဲကို စတင်မိလိမ့်မယ်”

“စကြဝဠာတွေရဲ့ မရေမတွက်နိုင်တဲ့ လက်ရွေးစင်တွေက ဒီမှာ စုဝေးလာကြမယ်”

စကြဝဠာနယ်မြေ၏ ကျွမ်းကျင်သူများက လောကအသီးသီး၏ လက်ရွေးစင်များကို စုစည်းချင်သောကြောင့် ထိုယဇ်ပလ္လင်ကို တည်ဆောက်ခဲ့ကြသည်။

ထိုနေရာသည် လောက၏ အနှစ်သာရစွမ်းအင်ကို သယ်ဆောင်ထားပြီး လူတစ်ယောက်ကို လျင်မြန်စွာ တိုးတက်လာ‌စေသည်။

ယခင်က စကြဝဠာနယ်မြေသည် ပြိုင်ဘက်ကင်းပြီး လူတိုင်းကို လွှမ်းမိုးထားနိုင်သည်။ သူတို့က အနန္တလောကယဇ်ပလ္လင် ၃၆ခုကို တည်ဆောက်ပြီး လောကများကို စောင့်ကြပ်ရန်အတွက် လက်ရွေးစင်များကို ပျိုးထောင်ပေးရန် ရည်ရွယ်ခဲ့ကြသည်။

သို့သော် ကြယ်စင်စုစကြဝဠာက ကျဆင်းသွားပြီး ယဇ်ပလ္လင်များကို အသက်သွင်းရန် စွမ်းအားမလုံလောက်တော့ပေ။

ယနေ့အချိန်တွင် ထိပ်တန်းအဆင့် မိသားစုကြီးသုံးခုနှင့် တခြားအင်အားစု အနည်းငယ်ကသာ ထိုယဇ်ပလ္လင်များကို ထိန်းချုပ်ထားနိုင်ကြသည်။

သို့သော် ယဇ်ပလ္လင်ကို အသက်သွင်းရန် စွမ်းအားမလုံလောက်သောကြောင့် အနည်းငယ်ကသာ ယဇ်ပလ္လင်များကို ဖွင့်လှစ်ရန် ဆန္ဒရှိကြသည်။

“တောရိုင်းမြေက အနန္တလောကယဇ်ပလ္လင် ဖွင့်မလို့လား”

ကျယ်လောင်ပြီး ခမ်းနားသောအသံကို ကြားနိုင်သည်။

“တာအိုရောင်းရင်းတို့၊ ငါတို့ကို ဖြေရှင်းချက်ပေးသင့်တယ်လို့ မထင်ဘူးလား”

လေဟာနယ်က တုန်ခါနေပြီး အနည်းဆုံး စကြဝဠာအဆင့် ကျွမ်းကျင်သူဆယ်ယောက်၏ ပုံရိပ်ကို မြင်လိုက်ရသည်။

“ငါတို့လူသားမျိုးနွယ်က အသင့်ပြင်ထားနိုင်တာပဲ”

လီချန်းယွင်က မိသားစု၏ ဘိုးဘေးနှင့် တခြားကျွမ်းကျင်သူများကို မြင်ရသောအခါတွင် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ယနေ့သည် အလွန်အန္တရာယ်များသည်။

သို့သော် ယခုအချိန်တွင် သူတို့က မိစ္ဆာသားရဲများ၏ အကြံအစည်ကို ဖော်ထုတ်နိုင်ခဲ့သောကြောင့် အများအပြား ဆုချီးမြှင့်ခံရလိမ့်မည်။

တခြားလက်ရွေးစင်များကလည်း ပျော်ရွှင်သွားကြသည်။

“သတိထား။ နတ်ဘုရားသခင်နှစ်ယောက်က ဒီအကြောင်းကို ကြိုတွေးထားမှာပဲ”

ဟန်မူယဲ့က သတိပေးလိုက်သည်။ သူ့စကားကြောင့် လုကျီရှုက အသိဝင်လာပြီး တုန်ခါသွားသည်။

မိစ္ဆာများက ထိပ်တန်းအဆင့်အင်အားစု မဟုတ်သော်လည်း အတော်လေး သန်မာသည်။

တောရိုင်းမြေသည် မိစ္ဆာများ၏အုပ်ချုပ်မှုအောက်တွင် ရှိနေသည်။

သူတို့က ကိုယ်ပိုင်နယ်မြေကို ထိန်းသိမ်းထားနိုင်သည်ဟု ပြောရမည်။

“တည်ငြိမ်ခြင်း”

လုကျီရှုက ညင်သာစွာ ရေရွတ်သည်။ သူ၏ လှံကျိုးက သက်တော်စောင့်များ၏ အလင်းလွှာကို အားဖြည့်ပေးလိုက်သည်။

အလင်းလွှာ၏ ခုခံနိုင်စွမ်းက အဆပေါင်းများစွာ ပိုတိုးလာသည်။

“ဟမ့်၊ မင်းတို့လူသားတွေ ဝင်ပါလာမှာကို ငါသိနေတယ်”

ဆင်သားရဲက ရေရွတ်လိုက်ပြီး ခေါင်းမော့ကြည့်သည်။ သူ့အကြည့်ကြောင့် ကောင်းကင်နှင့်မြေကြီးက တုန်ခါသွားသည်။

“ရှုကျီယန်က ပြန်ပြီး မွေးဖွားလာတယ်။ တကယ်လို့ ကြယ်ကောင်းကင်မြို့တည်ဆောက်မှုကို ပြန်စလိုက်ရင် ငါတို့ မိစ္ဆာမျိုးနွယ်က ပျက်စီးခြင်းနဲ့ ရင်ဆိုင်ရလိမ့်မယ်”

“ငါတို့က အဆုံးအထိ တိုက်ခိုက်ရုံပဲ တတ်နိုင်တယ်”

ဆင်သားရဲက ပြင်းထန်‌သော တိုက်ခိုက်လိုစိတ်ကို ထုတ်လွှတ်သည်။

ရှုကျီယန် ....

ယခင်က ရှုကျီယန်သည် လေဟာနယ်မြို့များ၏ တည်ဆောက်မှုကို ဖန်တီးခဲ့သောလူ ဖြစ်သည်။

သူက မရေမတွက်နိုင်သော အသက်ဝိညာဉ်ဝင်္ကပါများကို သန့်စင်ခဲ့သည်။ နတ်ဘုရားသားရဲများက ဝိညာဉ်နှင့်ခန္ဓာကိုယ် ခွဲထုတ်ခံလိုက်ရပြီး ထာဝရ ကျွန်ပြုခံရသည်။

ရှုကျီယန်က စိတ်မကောင်းဖြစ်လာသောကြောင့် လေဟာနယ်မြို့များ တည်ဆောက်မှုကို ရပ်တန့်လိုက်သည်။

သို့သော် နှစ်ပေါင်းများစွာအကြာတွင် ပြန်မွေးဖွားလာသော ရှုကျီယန်က မြို့များကို ဆက်လက်မတည်ဆောက်ဟု မည်သူမှ မပြောနိုင်ပေ။

မိစ္ဆာမျိုးနွယ်က ရှုကျီယန်ကို သတ်ဖြတ်ရန် အစွမ်းကုန်ထုတ်ခဲ့သည်။

စကြဝဠာနယ်မြေတွင်ရှိသော တောရိုင်းမြေ၏ အရှုပ်အထွေးသည် ပြန်မွေးဖွားလာသော ရှုကျီယန်နှင့် ပတ်သတ်နေမည်ဟု ဟန်မူယဲ့က ထင်မထားခဲ့ပေ။

‘အဲဒါဆိုရင် ငါကလည်း ဒီအရှုပ်အထွေးမှာ ဆွဲခေါ်ခံရမှာလား’

ဘေးတွင်ရှိသော လုကျီရှု၏ နှုတ်ခမ်းများက တွန့်သွားသည်။

‘ဒါက ငါတို့ကြောင့်ဖြစ်လာတဲ့ ကပ်ဘေးလား’

“တာအိုရောင်းရင်းတို့၊ ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့က စကြဝဠာနယ်မြေမှာ တားမြစ်ထားတဲ့ လူသားမျိုးနွယ်ရဲ့ အသက်စွမ်းအားကိုသုံးပြီး အနန္တလောကယဇ်ပလ္လင်ကို အသက်သွင်းဖို့ ကြိုးစားနေတယ်။ မင်းတို့ရဲ့ အပြုအမူကို ရပ်တန့်လိုက်တာ ပိုကောင်းလိမ့်မယ်”

လုမိသားစု၏ စကြဝဠာအဆင့် ကျွမ်းကျင်သူ လုကန်းတုန်က ကျယ်လောင်စွာပြောသည်။

“ရပ်ရမှာလား”

ကောင်းကင်အူဝံပုလွေက မောက်မာသောလေသံဖြင့် ပြောသည်။

“ငါတို့က ဒီမျိုးဆက်သစ်တွေကိုပဲ စတေးဖို့ စီစဉ်ထားတယ်လို့ ထင်နေတာလား”

“သူတို့က အရည်အချင်းမမီဘူး”

‘မျိုးဆက်သစ်တွေကို စတေးဖို့ စီစဉ်ထားတာမဟုတ်ဘူးလား’

‘သူတို့က ငါးစာချနေတာပဲ’

“ဘုန်း”

တောက်ပသော မိစ္ဆာအလင်းကို မြင်ရသည်။ တောရိုင်းမြေ၏ ကောင်းကင်သည် မည်းမှောင်သွားသည်။

နတ်ဘုရားသားရဲများ ပေါ်ထွက်လာကြသည်။

“ခေါင်းကိုးလုံးသိမ်းငှက်”

“နတ်ဘုရားချပ်ဝတ်မိစ္ဆာလူဝံ”

“ရင်းတိုက်ပင်မိစ္ဆာ”

အံ့အားသင့်နေသော စကားသံကို ကြားနိုင်သည်။

တောရိုင်းမြေ၏ နတ်ဘုရားသားရဲဆယ့်သုံးကောင် ပေါ်ထွက်လာသည်။

ထိုပုံရိပ်များသည် တိုက်ပွဲအတွက်မဟုတ်ပေ။ သူတို့က ကိုယ်ပိုင်စွမ်းအားဖြင့် ယဇ်ပလ္လင်ကို အားဖြည့်ပေးလိုက်ကြသည်။

မှိန်ဖျော့နေသော ယဇ်ပလ္လင်က ရုတ်တရက် တောက်ပလာပြီး မရေမတွက်နိုင်သော အလင်းကြိုးမျှင်များသည် ပတ်ဝန်းကျင်တွင်ရှိသော စကြဝဠာအဆင့် ကျွမ်းကျင်သူများဆီသို့ ကျဆင်းလာကြသည်။

“ပြေး”

“ဒီမှာဖြစ်နေတဲ့အကြောင်းကို မြန်မြန်သတင်းပို့လိုက်ကြ”

“ဒါက နှစ်ဖက်လုံးကို ပျက်စီးစေတဲ့ နည်းလမ်းမျိုးပဲ။ အပြင်ဘက်ကနေ ချိုးဖောက်ဖို့ မဖြစ်နိုင်ဘူး”

ပတ်ဝန်းကျင်က ဆူညံသွားသည်။

မရေမတွက်နိုင်သော ချိန်းကြိုးများက တောရိုင်းမြေတွင် ဆင်းသက်လာပြီး ပုံရိပ်တိုင်းကို အမှတ်အသားပြုလိုက်သည်။

လူတိုင်း၏ခေါင်းပေါ်တွင် အလင်းတန်းတစ်ခုကို မြင်ရသည်။

ဤနေရာတွင်ရှိသော လူတိုင်းက ယဇ်ပလ္လင်နှင့် သက်ဆိုင်သွားသည်။

လူသားမျိုးနွယ်၏ စကြဝဠာအဆင့် ကျွမ်းကျင်သူဆယ်ယောက်၊ နတ်ဘုရားသားရဲ ၁၃ကောင်တို့သည် ယဇ်ပလ္လင်ကို အသက်သွင်းရန်အတွက် အခြေခံအုတ်မြစ်စွမ်းအား ဖြစ်လာကြသည်။

“ထွက်သွားမှာလား”

“ဒီနေ့ မင်းတို့တွေ တစ်ယောက်မှ ထွက်မသွားနိုင်ဘူး”

ငွေရောင်ဝတ်စုံနှင့် အကြီးအကဲက ကျယ်လောင်စွာ ရယ်လိုက်ပြီး မရေမတွက်နိုင်သော ‌ငွေအလင်းဖြင့် ပတ်ဝန်းကျင်တွင်ရှိသော ကျောက်တောင်များကို တိုက်ခိုက်သည်။

ဤတစ်ကြိမ်တွင် လူသားမျိုးနွယ်က မခုခံတော့ပေ။

လီချန်းယွင်ဖြစ်စေ၊ ပိုင်ကျန်းဖြစ်စေ မျှော်လင့်ချက်မဲ့နေကြသည်။

သူတို့၏ ဘိုးဘေးများကပင် ဤနေရာတွင် ပိတ်မိနေကြသည်။ သူတို့က မည်သို့ ရှင်သန်နိုင်မည်နည်း။

“အစ်ကိုဟန်၊ ကျွန်တော်တို့ ဘာလုပ်ကြမလဲ”

လုကျီရှုက အသက်ရှူသွင်းလိုက်ပြီး ရှေ့တွင်ရှိသော ဟန်မူယဲ့ကို ကြည့်သည်။

ဟန်မူယဲ့က ဖြည်းဖြည်းချင်း လက်မြှောက်ပြီး ရှေ့တွင်ရှိသော ပုံရိပ်နှစ်ခုကို ညွှန်ပြသည်။

အုပ်ချုပ်သူအဆင့် သားရဲနှစ်ကောင် ဖြစ်သည်။

“သူတို့ကို အနိုင်ယူလိုက်ရင် ယဇ်ပလ္လင်က ရပ်တန့်သွားလိမ့်မယ်”

သူ့စကားကြောင့် ပတ်ဝန်းကျင်တွင်ရှိသော လူများက နှုတ်ခမ်းတွန့်သွားကြသည်။

စကြဝဠာအဆင့် ကျွမ်းကျင်သူများက ပိတ်မိနေသည်။ အုပ်ချုပ်သူအဆင့် သားရဲနှစ်ကောင်ကို မည်သို့ အနိုင်ယူမည်နည်း။

“ငါကြိုးစားကြည့်မယ်”

သခင်မမူယွဲ့က လေးနက်စွာပြောသည်။

“ဒီလူတွေကိုပဲ ခေါ်သွားလိုက်ပါ”

ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်ပြီး လက်သီးဆုပ်သည်။

“ဒီနေရာကို ကျွန်တော်က ထိန်းထားလိုက်မယ်”

“တောရိုင်းမြေရဲ့ အုပ်ချုပ်သူအဆင့် သားရဲနှစ်ကောင်နဲ့ တိုက်ခိုက်ကြည့်ရတာပေါ့”

ဟန်မူယဲ့က စကားပြောလိုက်သောအခါ သူ့ခန္ဓာကိုယ်တွင်ရှိသော အထွတ်အထိပ်သို့ရောက်နေသည့် စွမ်းအားများက ရုတ်တရက် ပေါ်ထွက်လာသည်။

ထိုစွမ်းအားကို ကောင်းကင်နှင့် မြေကြီးကပင် မဖိနှိပ်နိုင်ခဲ့ပေ။

ကောင်းကင်ပေါ်သို့ ထိုးတက်သွားသော တိုက်ခိုက်လိုစိတ်သည် ပတ်ဝန်းကျင်ကို နီရဲသွားစေသည်။

ထိုစွမ်းအားကြောင့် ရှေ့တွင်ရှိသော အုပ်ချုပ်သူအဆင့် သားရဲနှစ်ကောင်က လှည့်ကြည့်လိုက်သည်။

All Chapters