အခန်း (၁၃၈၆)
Vol. 99 Ch. 1386
“ခုံးကျုံးချူရဲ့စုတ်တံ”
“တကယ်ကို ကွန်ဖြူးရှပ်တာအိုပဲ ....”
စုတ်တံက ဝါးရွက်များကို ထုတ်လွှတ်ပြီး ပျံသန်းလာသော ငါးကြေးခွံဓားသွားများနှင့် ရင်ဆိုင်သည်။
ငါးကြေးခွံများကို မည်သူမှ မရေတွက်နိုင်ပေ။
ဝါးရွက်များသည်လည်း ထိုသို့ပင်ဖြစ်သည်။
ပျံသန်းလာသော ငါးကြေးခွံများသည် အေးစက်သော သေဆုံးခြင်းစွမ်းအားကို သယ်ဆောင်ထားသည်။
ဝါးရွက်များသည် ခမ်းနားသော အသက်စွမ်းအားကို ထုတ်လွှတ်နေသည်။
သေခြင်းရှင်ခြင်းစွမ်းအားသည် သွယ်ယှက်နေပြီး ပေါက်ကွဲသွားသည်။
ပေါက်ကွဲမှုစွမ်းအားသည် ဟန်မူယဲ့ကို ဖိအားပေးနေသော နှင်းထုကို လွင့်ထွက်သွားစေသည်။
ကောင်းကင်အူဝံပုလွေ၏ မွေးရာပါစွမ်းရည်သည် သေခြင်းရှင်ခြင်းစွမ်းအား၏ ယှဉ်ပြိုင်မှုကို မခုခံနိုင်ခဲ့ပေ။
“ဝီ”
ပြန့်ကျဲနေသော အလင်းတန်းများက ငါးကြေးခွံနှင့် ဝါးရွက်များအဖြစ် ပြောင်းလဲပြီး မူလနေရာသို့ ပြန်လာကြသည်။
ဟန်မူယဲ့က စုတ်တံကိုင်ထားပြီး ငွေရောင်ဝတ်စုံနှင့် အကြီးအကဲကို ရင်ဆိုင်နေသည်။
သူတို့က လက်ရည်တူနေသည်။
သို့သော် လက်ရည်မတူဟု ပြောနိုင်သည်။
ကောင်းကင်အူဝံပုလွေက လက်ဦးမှုရယူပြီး တိုက်ခိုက်ခဲ့သည်။ သူက သဘာဝလွန်စွမ်းရည်၊ ထိပ်တန်းအဆင့်ရတနာနှင့် တိုက်ခိုက်မှုနည်းစနစ်ကို ပြိုင်တူ အသုံးပြုခဲ့သည်။
တစ်ဖက်တွင် ဟန်မူယဲ့က နောက်ဆုတ်မသွားဘဲ ခုခံနိုင်ခဲ့သည်။
ထို့ကြောင့် ဟန်မူယဲ့က တောရိုင်းမြေ၏ အုပ်ချုပ်သူအဆင့်သားရဲထက် ပိုသန်မာသည်ဟု ပြောနိုင်သည်။
“ကွန်ဖြူးရှပ်တာအိုနည်းစနစ်တွေက ထူးခြားတယ်။ ကောင်းကင်အူဝံပုလွေက ဒါကို မျှော်လင့်မထားလောက်ဘူး”
“ဟုတ်တယ်။ မိတ်ဆွေလေးဟန်မှာ ဒီလိုနည်းလမ်းတွေရှိနေမယ်လို့ ဘယ်သူက ထင်ထားမှာလဲ”
စကြဝဠာအဆင့် ကျွမ်းကျင်သူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ခံစားချက်များနှင့်အတူ ပြောကြသည်။
ယခုအချိန်တွင် သူတို့က ချုပ်နှောင်ခံထားရသောကြောင့် အကူအညီမဲ့စွာ စောင့်ကြည့်နေရသည်။
တောရိုင်းမြေ၏ ထိပ်တန်းအဆင့် နတ်ဘုရားသားရဲ ၁၃ကောင်ကလည်း သူတို့နည်းတူ မလှုပ်ရှားနိုင်ဘဲ ရှိနေသည်။
လက်ရှိအချိန်တွင် ဟန်မူယဲ့နှင့် အုပ်ချုပ်သူအဆင့် သားရဲနှစ်ကောင်၏ တိုက်ပွဲသည် အခြေအနေကို ဆုံးဖြတ်ပေးလိမ့်မည်။
သို့သော် လူတိုင်း၏အမြင်တွင် ဟန်မူယဲ့က အုပ်ချုပ်သူအဆင့် သားရဲနှစ်ကောင်နှင့် တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။
“ဘုန်း”
ဟန်မူယဲ့က လက်ထဲတွင်ရှိသော စုတ်တံကို သိမ်းလိုက်ပြီး လက်သီးထိုးချသည်။
ငွေရောင်ဝတ်စုံနှင့် အကြီးအကဲက လက်သီးချက်ကို ရင်မဆိုင်ဘဲ နောက်ဆုတ်သည်။
သို့သော် လက်သီးချက်ကြောင့် ကောင်းကင်နှင့်မြေကြီးက တုန်ခါသွားသည်။
ကောင်းကင်နှင့်မြေကြီး၏ အဆုံးမရှိသော စွမ်းအားသည် ဟန်မူယဲ့၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်နေသည်ဟု ထင်ရသည်။
“မင်း၊ မင်းက ကောင်းကင်တာအိုရဲ့စွမ်းအားကို ဆွဲယူထားတာပဲ”
ငွေရောင်ဝတ်စုံနှင့် အကြီးအကဲက မျက်လုံးပြူးသွားပြီး ထိတ်လန့်စွာ ပြောသည်။
“သူက အစစ်အမှန် ကွန်ဖြူးရှပ်ကျင့်ကြံသူလား”
“ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
ပတ်ဝန်းကျင်တွင်ရှိသော စကြဝဠာအဆင့် ကျွမ်းကျင်သူများအားလုံးက အံ့အားသင့်နေကြသည်။
ဟန်မူယဲ့က ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို ဆွဲယူနိုင်သော အစစ်အမှန် ကျောင်းတော်သားတစ်ယောက် ဖြစ်နေသည်။
သူက လက်သီးနည်းစနစ်တွင် ကွန်ဖြူးရှပ်တာအို၏စွမ်းအားကို ပေါင်းထည့်ခဲ့သည်။
ထိုနည်းစနစ်မျိုးကို မကြားဖူးပေ။
“ဒီနေ့မှာ သူမသေရင် စကြဝဠာနယ်မြေမှာ ထိပ်တန်းအဆင့် ကျွမ်းကျင်သူတစ်ယောက် ရှိလာလိမ့်မယ်”
လုကန်းတုန်က တီးတိုးပြောသည်။
ကျန်လူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး နတ်အာရုံဖြင့် ဆက်သွယ်နေကြသည်။
“ဘန်ုး”
ဟန်မူယဲ့က ရှေ့တိုးလာပြီး နောက်တစ်ကြိမ် လက်သီးထိုးသည်။
ခြေတစ်လှမ်း၊ လက်သီးတစ်ချက် ....
“ဘုန်း”
လက်သီးချက်များကြောင့် ငွေရောင်ဝတ်စုံနှင့်အကြီးအကဲက တည်ငြိမ်စွာ မနေနိုင်ခဲ့ပေ။
ထိုစွမ်းအားသည် သူ့စိတ်ကူးများထက် ကျော်လွန်နေသည်။
လူသားမျိုးနွယ်၏ မျိုးဆက်သစ် စကြဝဠာအဆင့် ကျွမ်းကျင်သူသည် နှစ်ပေါင်းများစွာကြာအောင် ရှင်သန်လာသော မိစ္ဆာမျိုးနွယ်၏ ကျွမ်းကျင်သူကို ဖိနှိပ်နေသည်။ သူတို့က ခေါင်းမော့နိုင်တော့မည်မဟုတ်ပေ။
ယနေ့ဖြစ်ရပ်ကို ကျွမ်းကျင်သူများက အာရုံစိုက်ထားကြသည်။
စကြဝဠာနယ်မြေ၏ မျိုးဆက်သစ်များကြားတွင် ထိုခွန်အားမျိုးကို ပိုင်ဆိုင်သောလူ မရှိပေ။
“တကယ်ထူးခြားတာပဲ”
ရှေးကျသောအငွေ့အသက်နှင့် တာအိုတန်ခိုးရှင်တစ်ယောက်က ညင်သာစွာ ရေရွတ်သည်။
“ဒီလိုခွန်အားနဲ့ဆိုရင် သူ့အနာဂတ်က အကန့်အသတ်မရှိဘူး”
လုကန်းတုန်၏ မျက်လုံးများက တောက်ပနေသည်။
“ရွှေကျောက်စိမ်းဆင်၊ မင်းက ဘာဖြစ်လို့ ရပ်ကြည့်နေတာလဲ”
ငွေရောင်ဝတ်စုံနှင့် အကြီးအကဲက နောက်လှည့်ပြီး အော်ဟစ်သည်။
ပုံမှန်အခြေအနေတွင် တောရိုင်းမြေ၏ အုပ်ချုပ်သူတစ်ယောက်ဖြစ်သော သူက အလွန်မောက်မာပြီး ရွှေကျောက်စိမ်းဆင်ကို အကူအညီတောင်းမည်မဟုတ်ပေ။
သို့သော် ယနေ့သည် မတူပေ။
တောရိုင်းမြေ၏ အင်အားစုများက ယဇ်ပလ္လင်ကို ဖွင့်နိုင်ရန်အတွက် နှစ်ပေါင်းများစွာကြာအောင် စီစဉ်ခဲ့ရသည်။
သူတို့က ကျရှုံးသွားလျှင် မဖြစ်ပေ။
“ဟားဟား၊ ကောင်းပြီ”
အသံတစ်သံကို ကြားရသည်။
ဆင်သားရဲသည် ကောင်းကင်ပေါ်သို့ ရောက်လာပြီး ဟန်မူယဲ့ကို ဝင်တိုက်သည်။
သူက ခွန်အားကို အခြေခံအုတ်မြစ်အဖြစ် ထားရှိပြီး တောရိုင်းမြေတွင် ခွန်အားအကောင်းဆုံး နတ်ဘုရားသားရဲ ဖြစ်သည်။
သူက ရုပ်ခန္ဓာခွန်အားကို စည်းမျဉ်းအဖြစ် ပြောင်းလဲထားနိုင်သည်။
ဆင်သားရဲ ပြေးဝင်လာသောအခါ အဆုံးမရှိသော တိမ်လွှာများ ပေါက်ကွဲထွက်လာသကဲ့သို့ ကောင်းကင်နှင့်မြေကြီးက တုန်ခါသွားသည်။
“နှစ်ယောက်တစ်ယောက် တိုက်တော့မှာလား”
“ရွှေကျောက်စိမ်းဆင်ရဲ့ ခွန်အားကို ကွန်ဖြူးရှပ်တာအိုရဲ့ စွမ်းအားနဲ့တောင် ခုခံနိုင်မှာမဟုတ်ဘူး”
“ခုံးကျုံးချူကိုယ်တိုင် ရောက်မလာသ၍ အဲဒီခွန်အားမျိုးကို သမာဓိစွမ်းအားနဲ့ ခုခံဖို့ မဖြစ်နိုင်ဘူး”
လူတိုင်းက စိတ်ဓာတ်ကျသွားသည်။
ဤနေရာတွင် လူသားမျိုးနွယ်၏ အဆုံးမရှိသောအလားအလာနှင့် လက်ရွေးစင်တစ်ဦးသည် သူတို့၏ မျက်စိရှေ့တွင် သေဆုံးသွားတော့မည်။
သူတို့က မလှုပ်ရှားနိုင်သည့်အတွက် နှမြောစရာကောင်းသည်။
သူတို့က ခွန်အားအရာတွင် ဆင်သားရဲနှင့် မယှဉ်နိုင်ကြပေ။
“မြန်မြန်ရှောင်လိုက်”
လုကန်းတုန်က အော်ဟစ်သည်။
‘ရှောင်ရမယ်။ ဘယ်လိုရှောင်မှာလဲ’
ဆင်သားရဲ၏ ခွန်အားသည် စကြဝဠာနယ်မြေတွင် ရှားပါးသည်။ ထိုခွန်အားကို ခုခံနိုင်သောလူက ပိုရှားသည်။
ဟန်မူယဲ့က တောင်တစ်လုံးသဖွယ် လိမ့်ဆင်းလာသော ဆင်သားရဲကို ကြည့်လိုက်ပြီး သွေးဆူလာသည်။
‘ငါက လောကရဲ့ ရှားပါးတဲ့ ဆင်သားရဲကို ရုပ်ခန္ဓာခွန်အားနဲ့ ခုခံနိုင်မှာလား’
ဟန်မူယဲ့က လက်သီးဆုပ်ထားပြီး လက်မြှောက်သည်။
“ဘုန်း”
အလွန်ကြီးမားသော မိကျောင်းပုံရိပ်သည် ဟန်မူယဲ့၏ ဦးခေါင်းထက်တွင် စုစည်းလာသည်။
နဂါးမိကျောင်း ဖြစ်သည်။
ထိုအချိန်တွင် ကောင်းကင်နှင့်မြေကြီးက တိတ်ဆိတ်သွားသည်။
‘ဒါက မူလကမ္ဘာခေတ်ရဲ့ အုပ်ချုပ်သူအဆင့်လား’
ထိုအဆင့်သည် စကြဝဠာများကို ဖြတ်သန်းပြီး မရေမတွက်နိုင်သော ကမ္ဘာများကို ဖိနှိပ်ထားသော ထိပ်တန်းအဆင့် တည်ရှိမှုမျိုး ဖြစ်သည်။
ယခုအချိန်တွင် ထိုသားရဲ၏ စွမ်းအားသည် ပတ်ဝန်းကျင်ကို ဖိနှိပ်ထားပြီး ကမ္ဘာဦးအဆင့်နှင့် စကြဝဠာတစ်ဝက်အဆင့်များကို တုန်ခါသွားစေသည်။
ထိုဖိနှိပ်မှုသည် မြင့်မားသော သွေးမျိုးဆက်နှင့် သက်ရှိပုံစံမှ ဖြစ်တည်လာသည်။
“မူလစကြဝဠာ၊ အဲဒီကမ္ဘာ ....”
ရွှေကျောက်စိမ်းဆင်က ရှေ့တွင်ရှိသော မိကျောင်းပုံရိပ်ကို ကြည့်လိုက်ပြီး ညင်သာစွာ ရေရွတ်သည်။ သူ့မျက်လုံးထဲတွင် ဖိနှိပ်ရန်ခက်ခဲသော ထိတ်လန့်မှုကို မြင်နိုင်သည်။
“အဲဒါက မရေမတွက်နိုင်တဲ့စကြဝဠာတွေကို လွှမ်းမိုးထားပြီး နောက်ပိုင်းမှာ ဖိနှိပ်ခံလိုက်ရတယ်ဆိုတဲ့ နဂါးမိကျောင်းလား”
“ကြယ်စင်စုစကြဝဠာကို တုန်ခါသွားစေတဲ့ အဲဒီကျွမ်းကျင်သူက နောက်ဆုံးမှာ အမွေခံကို ရှာတွေ့သွားပြီလား”
အဝေးတစ်နေရာတွင် အလင်းရောင်ကို ထုတ်လွှတ်နေသော ဆံပင်ဖြူအကြီးအကဲနှင့် တခြားလူများက လေးနက်စွာ ပြောသည်။
“ဒီနေ့ ကြယ်စင်စုစကြဝဠာမှာ အဲဒီလိုဖြစ်တည်မှုမျိုးကို ဖိနှိပ်နိုင်တဲ့စွမ်းအား ရှိသေးလား”
ယခင်က ကြယ်စင်စုစကြဝဠာသည် အလွန်အားကောင်းပြီး မရေမတွက်နိုင်သော စကြဝဠာများကို ဖိနှိပ်ခဲ့သည်။
မူလစကြဝဠာကိုပင် ဖိနှိပ်နိုင်ခဲ့သည်။
သို့သော် နှစ်ပေါင်းများစွာအကြာတွင် ကြယ်စင်စုစကြဝဠာက ကျဆင်းသွားသည်။
စကြဝဠာနယ်မြေမှာပင် ထိပ်တန်းအဆင့်ကျွမ်းကျင်သူများ သိပ်မရှိတော့ပေ။
ယခုအချိန်တွင် နဂါးမိကျောင်းကို မည်သူက ဖိနှိပ်မည်နည်း။
“ဂါး”
နဂါးမိကျောင်း၏ ဟိန်းဟောက်သံသည် လေထုထဲတွင် ပျံ့နှံ့လာသည်။
ကြယ်စင်စုစကြဝဠာတွင် ပထမဆုံးအကြိမ်အဖြစ် နဂါးမိကျောင်း၏ အသံကို ကြားလိုက်ရသည်။
ထိုဟိန်းဟောက်သံသည် မူလစကြဝဠာ၏ အသန်မာဆုံးတည်ရှိမှု ပေါ်ထွက်လာကြောင်း ကြေညာနေသည်။
ဟန်မူယဲ့၏နောက်တွင် စုစည်းနေသော နဂါးမိကျောင်း၏ အနက်ရောင်ကြေးခွံများသည် သွေးနီရောင်နှင့် ရောယှက်နေသည်။ သူ၏ ရွှေရောင်မျက်လုံးများသည် အလွန်ကြမ်းတမ်းပြီး အရာအားလုံကို ထိုးခွဲသွားတော့မည်ဟု ထင်ရသည်။
ထိုရွှေရောင်မျက်လုံးများသည် မရေမတွက်နိုင်သော သက်ရှိများအား ဖိနှိပ်နိုင်သည့် သွေးမျိုးဆက်စွမ်းအားကို သယ်ဆောင်ထားသည်။
“နဂါးမိကျောင်း”
ရွှေကျောက်စိမ်းဆင်က ဟိန်းဟောက်လိုက်ပြီး ခွန်အားကို အစွမ်းကုန်ထုတ်သုံး၍ နဂါးမိကျောင်းဆီသို့ ပြေးဝင်သွားသည်။
နဂါးမိကျောင်းက ဆင်သားရဲကို အေးစက်စွာ ကြည့်လိုက်ပြီး အမြီးဖြင့် ရုတ်တရက် ရိုက်ချသည်။
“ဘန်း”
အရာအားလုံးက ပျက်စီးသွားသည်။
ထိုအမြီးရိုက်ချက်သည် စကြဝဠာနယ်မြေ၏ တည်ငြိမ်သော ကောင်းကင်နှင့်မြေကြီးကို တစ်ပိုင်းတစ်စစီ ဖြစ်သွားစေသည်။
ထိုအရာသည် စည်းမျည်းနှင့် တည်ရှိမှုများအားလုံးကို လျစ်လျူရှုထားနိုင်သော အထွတ်အထိပ်ခွန်အား ဖြစ်သည်။
“ဘုန်း”
ရွှေကျောက်စိမ်းဆင်က ယိမ်းထိုးနေပြီး နောက်ဆုတ်ပေးလိုက်ရသည်။
ရွှေကျောက်စိမ်းဆင်၏ ခွန်အားကို စကြဝဠာအဆင့် ကျွမ်းကျင်သူကပင် မခုခံနိုင်ပေ။ သို့သော် နဂါးမိကျောင်း၏ အမြီးရိုက်ချက်ကြောင့် ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ဘဲ နောက်ဆုတ်ပေးလိုက်ရသည်။
ဆင်သားရဲ၏ လေးလံခြေလှမ်းများကြောင့် လေဟာနယ်က အက်ကွဲသွားသည်။
သူ၏ ကိုယ်လုံးတွင် များပြားသော အက်ကွဲကြောင်းများ ပေါ်လာသည်။
အမြီးရိုက်ချက်ကြောင့် ထိပ်တန်းအဆင့် နတ်ဘုရားသားရဲက အပြင်းအထန် ဒဏ်ရာရသွားသည်။
“ဘန်း”
ယဇ်ပလ္လင်တွင် စုစည်းနေသော ရွှေရောင်အလင်းက အက်ကွဲသွားသည်။
မရေမတွက်နိုင်သော အင်းကွက်များက ပတ်ဝန်းကျင်တွင် ပြန့်ကျဲလာသည်။ ယဇ်ပလ္လင်တစ်ခုလုံးက ဖြည်းဖြည်းချင်း တုန်ခါနေပြီး တောက်ပနေသော အလင်းရောင်က မှိန်ဖျော့သွားသည်။
ဟန်မူယဲ့က ပြန့်ကျဲလာသော အင်းကွက်တစ်ခုကို ဖမ်းယူလိုက်သည်။
အင်းကွက်က သူ့လက်ဝါးပေါ်သို့ ရောက်လာပြီး ပျောက်ကွယ်သွားသည်။
သို့သော် သူက အင်းကွက်၏ တည်ရှိမှုကို ခံစားရသည်။
“ဘုန်း”
စကြဝဠာအဆင့် ကျွမ်းကျင်သူများကို ချုပ်နှောင်ထားသော ချိန်းကြိုးက ပျက်စီးသွားသည်။ နတ်ဘုရားသားရဲ ၁၃ကောင်၏ ပုံရိပ်က ပျောက်ကွယ်သွားသည်။
ရွှေကျောက်စိမ်းဆင်နဲ့ ကောင်းကင်အူဝံပုလွေက အချင်းချင်း ကြည့်လိုက်ပြီး မကျေမနပ် အသံပေးသည်။ ထို့နောက် သူတို့က ဟန်မူယဲ့နှင့် နဂါးမိကျောင်း၏ပုံရိပ်ကို ကြည့်လိုက်ပြီး လှည့်ထွက်သွားကြသည်။
သူတို့က ဆက်နေရန် မလိုအပ်တော့ပေ။
ခွန်အားအရာတွင် ထိပ်တန်းအဆင့်ဖြစ်သော ရွှေကျောက်စိမ်းဆင်ဖြစ်စေ၊ ထူးခြားသောအမြန်နှုန်းနှင့် သဘာဝလွန်စွမ်းရည်ကို ပိုင်ဆိုင်သော ကောင်းကင်အူဝံပုလွေဖြစ်စေ နာမည်မရှိသော မျိုးဆက်သစ်တစ်ယောက်ထံတွင် ရှုံးနိမ့်ခဲ့သည်။
ထို့အပြင် ထိုမျိုးဆက်သစ်က အလွန်သန်မာပြီး အရာအားလုံးကို ရုပ်ခန္ဓာခွန်အားဖြင့် ချေဖျက်ပစ်နိုင်သော ဒဏ္ဍာရီလာ နဂါးမိကျောင်း၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည်။