← Chapters

အသေခံခြင်း

Vol. 010 Ch. 968

အသေခံခြင်း

Vol. 010 Ch. 968

ရီဖူရှင်းက ကောင်းကင်ထက်မှနေ၍ တော်ဝင်မြေများမှ လူများအား ကြည့်ကာ ပြောသည်… “ကျုပ် ခင်ဗျားတို့ကို ပြောပြီးပြီ။ ရန်ဟောင် အမွေအနှစ်ဟာ ဟောင်မိသားစု ဘိုးဘေးတွေက သူတို့ မျိုးဆက်အတွက် ချန်ရစ်ထားခဲ့တာပဲ။ ကျုပ်ကလည်း ဒီအမွေအနှစ်ကို မယူသလို မင်းသမီးလည်း မယူခဲ့ဘူး။ အခု ဟောင်မျိုးဆက် တစ်ယောက်က ဒီအမွေအနှစ်ကို လက်ခံ ရရှိခဲ့ပြီးနောက်မှာ ကျုပ်တို့ အားလုံးက ဒါကို ကျေနပ်သင့်တယ်”

ရီဖူရှင်း၏ စကားကို ကြားကာ အားလုံးမှာ ထူးဆန်းသော အမူအရာများ ဖြစ်လာကြ၏။ ရှားရှင်းယွန်ကား အမှန်ပင် ရက်ရောစွာဖြင့် အမွေအနှစ်များကို ယူဆောင်ခဲ့ခြင်း မရှိခဲ့ပေ။ သို့သော် ရှန့်ထိုတစ်ပါးပင် မဟုတ်သေးသော ရီဖူရှင်းက ပြည်နယ်ကိုးခုမှ ပုဂ္ဂိုလ်များအား သည်မျှဖြင့် ကျေနပ်သင့်သည်ဟု နားချ၏။

မည်သူမှ ဂရုမစိုက်ပေ။

ရှီဟွာတောင် ရှန့်ထိုကား နှာခေါင်းရှုံ့နေသော အချိန်တွင် ကျောက်ပြည်ထောင် ဘုရင်သည်လည်း မြန်ဆန်စွာ လှုပ်ရှားခြင်း မပြုပေ။ ရီဖူရှင်း၏ စစ်မှန်သော အရည်အချင်းများအား သူကိုယ်တိုင် မြင်တွေ့ခဲ့ပြီး ဖြစ်၏။ သို့သော်လည်း လက်ရှိတွင် ပြည်နယ်ကိုးခု ရှီအဆင့်ဝင် တစ်ဝက်ခန့်မှာ သည်နေရာ၌ ရှိနေပြီး အားလုံးနီးပါးမှာ တော်ဝင် ရတနာများအား ပိုင်ဆိုင်ကြ၏။

ရီဖူရှင်းသည် အမှန်ပင် ရှန့်ထိုအဆင့် အောက်၌ ပြိုင်ဘက်ကင်းသည်ဟု ဆိုနိုင်သော်လည်း အကယ်၍ သူသာ ဟောင်ကျူဂီ၏ ရန်ဟောင် အမွေအနှစ်အား ကာကွယ်ပေးလိုလျှင် သည်နေရာမှ အသက်ရှင် လွတ်မြောက် သွားရန်ပင် မလွယ်ကူပေ။

ရှန့်ထိုကျိက ရီဖူရှင်းအား ကြည့်ကာ စိတ်ထဲ သိပ်ထည့်ဟန် မရပေ။ သူ၏ မျက်လုံးများထဲ၌ ရီဖူရှင်းနှင့် သူ့လူများ အားလုံးမှာ သေလူများ ဖြစ်ကြသည်။ တော်ဝင်ကျဲနန်းတော်ကို ကျိမိုအတွက် လက်စားချေမည်ဟု သူဆုံးဖြတ်ပြီး ဖြစ်သည်။

“ခင်ဗျားပြောတာ အဓိပ္ပာယ် မရှိဘူး… နန်းတော်သခင်ရီ။ ရှေးအမွေအနှစ် ဆိုတာ ယူမယ့်လူက လုံလောက်တဲ့ အရည်အချင်း ရှိလား အပေါ် မူတည်တာပဲ။ အမွေအနှစ်ကတော့ ဦးဆုံး ရနိုင်တဲ့သူက ပိုင်ဆိုင်သင့်တာပဲ” လက်ရှိ ပင်လယ်နန်းတော် သခင်ဖြစ်သော ပင်လယ်ရှန့်ထိုက ရီဖူရှင်းနှင့် တခြားသော ရှန့်ထိုများအား ကြည့်ကာ ပြောသည်။

လက်ရှိတွင် အဆုံးမဲ့ ပင်လယ်မှ တော်ဝင်မြေများမှာ အတူတူ ရပ်နေကြကာ အချင်းချင်း နားလည်မှု ယူထားကြပြီး ဖြစ်ဟန်ရသည်။ မူလအားဖြင့် သူတို့ အချင်းချင်းမှာ သိပ်ရင်းနှီးခြင်း မရှိသော်လည်း လက်ရှိ အခြေအနေတွင် အဆုံးမဲ့ပင်လယ်မှ တော်ဝင်မြေများ အတူတူ မဟာမိတ် ပြုခြင်းမှာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်၏။

သူတို့သည် ဟောင်ကျူဂီကို ဦးစွာ အဆုံးမဲ့ ပင်လယ်သို့ ဆောင်ယူပြီးမှ သူ့အား မည်သို့ ခွဲဝေမည်ကို ဆုံးဖြတ်ပေမည်။

“ရှန့်ထိုကျိရဲ့ အကြံပေးမှုကို ကျုပ်သဘောတူတယ်”

မြောက်ဘက် ချောက်နက်မှ မြေအောက်ရှန့်ထိုက ပြော၏။ ပင်လယ်ပြည်နယ်မှ တော်ဝင်မြေ သုံးခုမှာ နွေဦးပြည်နယ်၊ ချီပြည်နယ်နှင့် စစ်ဘုရင် ပြည်နယ်တို့အား ယှဉ်ရန် မလွယ်ပေ။ သူတို့က တခြား တော်ဝင်မြေများ အားလုံးဖြင့် ယှဉ်ပြိုင်ရပါက အနိုင်ရရန် မျှော်လင့်ချက် ရေးရေးမျှသာ ရှိပေသည်။

မည်သို့ဆိုစေ ရန်ဟောင် အမွေအနှစ်ကား မက်မောစရာ ကောင်းလွန်းပေ၏။

လက်ရှိတွင် အထက်ဘုံဖြစ်စေ၊ အောက်ဘုံဖြစ်စေ ရန်ဟောင် တန်ခိုးရှင်မှာ အင်ပါယာရှား တစ်ပါးသာ ရှိသည်။

ရန်ဟောင် အဆင့်ကား ရှန့်ထိုတန်ခိုးရှင်များ အတွက်ပင် မမျှော်မှန်းနိုင်သော အရာတစ်ခု ဖြစ်ကာ သူတို့က မည်သို့ စိတ်မဝင်စားပဲ နေမည်နည်း။ ဟောင်ကျူဂီကား တော်ဝင်ကျဲ နန်းတော်မှ မထင်မရှား ရှီတန်ခိုးရှင်တစ်ပါး ဖြစ်ရာ သူ့အနေဖြင့် ရန်ဟောင် အမွေအနှစ်ကို ပိုင်ဆိုင်ရန် မထိုက်တန်ဟု အားလုံးက ရှုမြင်ကြသည်။

ရီဖူရှင်း သေဆုံးခြင်းက နှမြောစရာဟု အားလုံးက တွေးသော်လည်း သူတို့ သိပ်ဂရုမစိုက်ပေ။ ရီဖူရှင်းကား သည်လမ်းစဉ်ကို သူကိုယ်တိုင် ရွေးခဲ့ခြင်းဖြစ်ရာ သူ့အနေဖြင့် သေသင့်ပေသည်။

“ကောင်းပြီ…” ရှန့်ထိုကျိက ခေါင်းညိတ်သည်။

“ဒါဆို ဘယ်လို လုပ်ကြမလဲ…” ယိကလန် ခေါင်းဆောင်က ရီဖူရှင်းနှင့် ဟောင်ကျူဂီကို သတ်ဖြတ်ရန် မည်သို့ လုပ်ဆောင်မည်ကို ရှန့်ထိုကျိ၏ အမြင်အား မေးသည်။

တခြား တော်ဝင်မြေများမှ ရှန့်ထိုများက ရီဖူရှင်းအား ကြည့်ကာ ဘာမှ မပြောသော်လည်း သူတို့အားလုံးမှာ ကိုယ်ပိုင် အစီအစဉ်များ ရှိကြပေသည်။

များစွာသော ရှီတန်ခိုးရှင်များ ရှေ့ထွက်လာကြကာ ပြေးလမ်းများအား ပိတ်ဆို့ ထားကြ၏။ တော်ဝင်ကျဲ နန်းတော်မှ လူများအတွက် ထွက်ပြေးခြင်းကား မဖြစ်နိုင်သော ကိစ္စပင်။

မြေရိုင်း ပြည်နယ်မှ လူများ အားလုံးသည်လည်း ရီဖူရှင်း၏ အနီးတွင် ရပ်ကာ တခြား ပြည်နယ်မှ တော်ဝင်မြေများ အားလုံးကို အေးစက်စွာ ကြည့်နေကြ၏။ သူတို့၏ မျက်လုံးများထဲတွင် ရဲဝံ့ခိုင်မာသော စိတ်ဓာတ်များ ရှိနေသည်။

သူတို့ အားလုံးက ပြည်နယ်ကိုးခုမှ လူများအားလုံးနှင့် ရန်ဘက် ဖြစ်လာမည့်နေ့ ရှိမည်ဟု တစ်ခါမှ မတွေးမိခဲ့ကြပေ။

ယနေ့ သူတို့အားလုံး သေရတော့မည်လားဟု သူတို့အားလုံး တွေးမိကြသည်။

ရီဖူရှင်းက တခြား တော်ဝင်မြေမှ လူများ အားလုံးကို ကြည့်ကာ မဲ့ပြုံးပြုံးသည်။

အဆုံးမဲ့ ပင်လယ်မှ တော်ဝင်မြေ သုံးခု၊ ယိကလန်နှင့် တော်ဝင်အလင်း နန်းတော်တို့သည် သူတို့၏ ရပ်တည်ချက်အား ထုတ်ဖော်ခဲ့ပြီး ဖြစ်၏။ သူတို့က ရီဖူရှင်းအား သေလူအဖြစ် သတ်မှတ်ထားကြပြီး ဖြစ်ကြောင်း သိသာစေ၏။

မြေရိုင်းပြည်နယ်၊ တော်ဝင်ကျဲ နန်းတော်ကား ရှီဟွာတောင်၊ ကျောက်ပြည်ထောင်နှင့် တခြားသော တော်ဝင်မြေများကို ရင်ဆိုင်ခုခံ ရပေတော့မည်။

ဤအရာကပင် ရန်ဟောင် အမွေအနှစ်၏ ဆွဲဆောင်မှုဖြစ်၏။ ရှားရှင်းယွန်သာ သည်အမွေအနှစ်ကို ယူဆောင် သွားပါက မည်သူမှ သူမအား တိုက်ခိုက်ရဲကြမည် မဟုတ်ပေ။ မည်သို့ဆိုစေ အသက်ထက် အရေးကြီးသည် မရှိပေ။ သို့သော် ရှားရှင်းယွန်က ယူဆောင်သွားခဲ့ခြင်း မရှိမှတော့ သူတို့အားလုံး ယှဉ်ပြိုင် လုယက်ခြင်းက ပြဿနာမရှိဟု ယူဆကြသည်။

“တော်ဝင်ကျဲ နန်းတော်သားတွေ … ကျုပ်နဲ့အတူ တိုက်ခိုက်ကြ” ရီဖူရှင်း ပြောသည်။ သူ၏အသံမှာ တည်ငြိမ် လေးနက်၏။

တော်ဝင်ကျဲ နန်းတော်မှ လူများ အားလုံးမှာ သူ့နောက်တွင် တိတ်ဆိတ်စွာ ရပ်နေကြ၏။ ထိုမြင်ကွင်းက လူအများအပြားကို အထင်ကြီး လေးစားစေသည်။ တော်ဝင်ကျဲ နန်းတော်၏ စည်းလုံးမှုကား အံ့ဖွယ်ကောင်း၏။ သူတို့က တိုက်ခိုက်ပါက သေမည်ကို သိကြသော်လည်း တိုက်ခိုက်ရန်ကိုသာ ရွေးချယ် ခဲ့ကြသည်။

တော်ဝင်ကျဲ နန်းတော်မှ လူများ၏ အမြင်တွင်ကား သူတို့အတွက် နောက်ထပ် ရွေးချယ်စရာ မရှိတော့ပေ။

သူတို့၏ စိတ်ဓာတ်မှာ အသိအမှတ်ပြုဖွယ် ကောင်းသော်လည်း တခြားလူများ အမြင်တွင် သေလူများနှင့် မခြားတော့။

ကျုံးကျိုးမြို့မှ ပရိသတ်များ အားလုံးမှာ ထိုမြင်ကွင်းကို ကြည့်ကာ အထင်ကြီး လေးစားကြရသည်။ တော်ဝင်ကျဲ နန်းတော်ကား မည်မျှ စိတ်ဓာတ် ခိုင်မာလိုက် သနည်း။

သည်လူငယ်လေး တော်ဝင်ကျဲ နန်းတော်ကို ဦးဆောင်ခဲ့ ကတည်းက မြေရိုင်း ပြည်နယ်ကား စိတ်ဓာတ် ခိုင်မာကာ စည်းလုံးကြ၏။

သူတို့မှာ ပြည်နယ် ကိုးခုလုံးကို ရန်သူ ဖြစ်ရသည့်တိုင် မျက်တောင်တစ်ချက် မခတ်ပေ။

“ဒီကလေး တော်တော် လွန်နေပြီ…” ရှန့်ထိုရှားက တိတ်တခိုး သက်ပြင်းချသည်။

သို့သော်လည်း ရီဖူရှင်း၏ ခိုင်မာသော ခံယူချက်က သူ့အား အထင်ကြီး စေသည်မှာ သေချာ၏။ သည်လူငယ်ကား အမှန်ပင် အကြောက်တရား ကင်းမဲ့၏။

ကျင့်ယွီချန်းသည် မှန်နန်းတော် သခင်မဘေးသို့ ရောက်လာ၏။ သည်အဆုံးသတ်အား သူမ မမျှော်လင့်ထားခဲ့ပေ။

ရီဖူရှင်းသာ သည်နေရာ၌ ဆုံးပါးခဲ့လျှင် မှန်နန်းတော်သည်လည်း အဆုံးသတ်ပေပြီ။

“သခင်မ… သူက ဘာလို့ ရန်ဟောင် အမွေကို ရယူနိုင်တာလဲ” ကျင့်ယွီချန်းက နားမလည်စွာ မေးသည်။

မှန်နန်းတော် သခင်မက ရီဖူရှင်းအား ရှုပ်ထွေးသော ခံစားချက်များဖြင့် ကြည့်သည်။ ရီဖူရှင်းက သည်နေရာမှ ထွက်သွား နိုင်ပါမည်လော။

“သူ ရှားရှင်းယွန်ကို အနိုင်ယူခဲ့တယ်…” မှန်နန်းတော် သခင်မက ကျင့်ယွီချန်းအား စိတ်ဖြင့် ပြောသည်…

“သူက ပြည်နယ် ကိုးခုလုံးနဲ့ ရန်သူ မဖြစ်ခဲ့ရင် ဒီနေ့မှာ သူထွက်သွားမှာကို ဘယ်သူမှ တားလို့ရမှာ မဟုတ်ဘူး”

ကျင့်ယွန်ချန်း တုန်လှုပ်၏။ ရီဖူရှင်း ထိုမျှ အားကောင်းသည်လား။

ဤသို့သော လူသာ ရှန့်ထို ဖြစ်လာပါက ကျောက်ပြည်ထောင် ဘုရင်နှင့် ရှီဟွာတောင်ရှန့်ထိုတို့ သေချာပေါက် ကြောက်ဒူးတုန် ရပေမည်။

ကျင့်ယွီချန်း၏ မျက်လုံးများက ခိုင်မာသော ဆုံးဖြတ်ချက်များဖြင့် အရောင်လက်သွားသည်။

အံ့ဖွယ်ရာများ ဖြစ်လာရန် မျှော်လင့်ချက်များ ရှိသေးပေသည်။

သူတို့ ပြန်လှန် တိုက်ခိုက်ရန် ရွေးချယ်ခြင်းမှာ အဓိပ္ပာယ်တော့ ရှိပေသည်။

ကျင့်ယွီချန်းက ခိုင်မာသော ဆုံးဖြတ်ချက်များဖြင့် ရှေ့သို့ ထွက်လာ၏။

“ယွီချန်း… ” မိန်းကလေး ရှေ့သို့ ထွက်သွားလျှင် မှန်နန်းတော် သခင်မက လှမ်းခေါ်သည်။

“သခင်မ … ရှန့်ထိုတွေက ပါဝင် တိုက်ခိုက်လို့ မရဘူး။ မျှော်လင့်ချက် ရှိပါသေးတယ်” ကျင့်ယွီချန်းက ရှေ့သို့ ဆက်လျှောက်သွားကာ လစန္ဒာရှန့်ထိုအား စိတ်ဖြင့် လှမ်းပြောသည်…

“ရှန့်ထိုယွီ… ယွီကလန်က လူတွေကို သတ်တာ ကျွန်မပါ”

လစန္ဒာရှန့်ထိုက ကျင့်ယွန်ချန်းအား လှမ်းကြည့်သော်လည်း သူမ၏ မျက်လုံးများထဲ အံ့အားသင့်ဟန်များ သိပ်မတွေ့ရပေ။ တော်ဝင်ကျဲ နန်းတော်နှင့် ယွီကလန်တို့ မဟာမိတ် ပြုခြင်းက မှန်နန်းတော် အတွက် မည်မျှ အရေးပါသည်ကို သူနားလည်၏။

ကျင့်ယွီချန်းက အဘယ်ကြောင့် ထုတ်ပြောသည်ကိုသာ သူနားမလည်။

“မင်းသမီး ရှိနေရက်နဲ့တောင် ဟောင်ကျူဂီ ဘာလို့ ရန်ဟောင် အမွေအနှစ်ကို ရတာလဲ သိပါသမလား… စီနီယာ ရှန့်ထိုယွီ...” ကျင့်ယွီချန်းက ဆက်လက်၍ ပြောသည်။ လစန္ဒာရှန့်ထိုလည်း ထိုအချက်ကို တွေးမိသည်။ ရှန့်ထို နှစ်ပါးနှင့် မင်းသမီးတို့ ရှိနေခြင်းက ရီဖူရှင်းအတွက် အခွင့်အရေး အနည်းဆုံး အခြေအနေ ဖြစ်သည်။

သို့သော် ရန်ဟောင် အမွေအနှစ်အား ဟောင်ကျူဂီ ရယူနိုင်ခဲ့၏။

“ရီဖူရှင်း မင်းသမီးကို အနိုင်ယူခဲ့တယ်…” ကျင့်ယွီချန်းက ဆက်လက်၍ ပြောသည်…

“ဒါတင် မဟုတ်ဘူး…။ ရီဝူချင်း အထက်ဘုံမှာ အန္တရာယ်နဲ့ ကြုံတုန်းကလည်း ရီဖူရှင်းက ကောင်းကင် လှေကားကနေ အထက်ဘုံသို့ တက်ပြီး ကျူးထန်နန်းတော် ကိုးလွှာမှာ တက်ရောက် တိုက်ခိုက်ပြီးတော့ အဲဒီက ပါရမီရှင်တွေကို ချိုးနှိမ်ခဲ့တယ်။ မင်းသမီးနဲ့ အထက်ဘုံက လူတွေ ရီဖူရှင်းကို ထူးဆန်းတဲ့ ပုံစံနဲ့ ဆက်ဆံတာ စီနီယာ သတိထားမိပါ သလား”

လစန္ဓာရှန့်ထို၏ မျက်လုံးများ အရောင်လက် သွားသည်။ ကျင့်ယွီချန်း၏ စကားများမှာ အကြောင်းအရာ များစွာကို ရှင်းလင်းစေ၏။

ရှန့်ထိုရှားကား ရီဖူရှင်းကို သွယ်ဝိုက်သော နည်းလမ်း များစွာဖြင့် ကူညီနေဟန် ရသည်။

ရီဖူရှင်းအပေါ် မင်းသမီး၏ သဘောထားမှာလည်း ထူးဆန်းနေသည်။

“ယွီကလန်က ရီဖူရှင်းနဲ့ မဟာမိတ်ဖွဲ့လိုတာ ကလည်း သူ့ရဲ့ မြင့်မားလွန်းတဲ့ ပါရမီကြောင့်ပဲ...။ လက်ရှိ မြေရိုင်းပြည်နယ် ကျဉ်းထဲကျပ်ထဲ ရောက်နေတဲ့ အချိန် ယွီကလန်သာ ဝင်ပြီး ကူညီတယ်ဆိုရင် ဒါက လက်ထပ်ပြီး မဟာမိတ် ဖွဲ့တာထက် အများကြီး ပိုထိရောက် ကောင်းမွန်လိမ့်မယ် ... ” ကျင့်ယွီချန်းက ဆက်ပြောသည် ...

“ပြီးတော့ လက်ရှိ အခြေအနေမှာ ရှင့်ထိုရှားနဲ့ ရှန့်ထိုလီတို့က ရီဖူရှင်းနဲ့ ပတ်သက်ဆက်နွှယ်မှု အချို့ရှိပြီး သူ့ကို သဘောကျ နှစ်သက်တယ်လို့ ယူဆရတယ်။ ရီဖူရှင်းက ပြည်နယ်ကိုးခု ကျောင်းတော်သို့ အခေါက်ခေါက် သွားလာခဲ့ပြီး ရှန့်ထိုကျင့်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု တည်ဆောင်ထားတယ်။ ဗာဂျာရာဒေသ သခင်ကိုယ်တိုင်က တော်ဝင်ကျဲ နန်းတော်တပည့် ယူချင်းကို ကိုယ်တိုင် လက်ထပ်သင်ကြား ပေးတယ်လို့လည်း သတင်းကြား ရတယ်။ အခု ယွီကလန်သာ ရီဖူရှင်းကို ကူညီမယ်ဆိုရင် မှန်နန်းတော်ရဲ့ အင်အားနဲ့ သူတို့ကို ကယ်တင် နိုင်မယ်လို့ ကျွန်မ ယူဆတယ်...”

“ဒါက မင်းနဲ့ ဘာဆိုင်လဲ...” လစန္ဒာရှန့်ထိုက နောက်ဆုံးတွင် အေးစက်စွာ ပြောသည်။ ကျင့်ယွီချန်းက သူ၏ ကလန်သားများအား သတ်ဖြတ်ခဲ့မှတော့ သူမအား အသက်ရှင်ရက် လွှတ်ပေးမည် မဟုတ်သည်မှာ သေချာ၏။

“ကျွန်မက ကျိရှမ်းကမ်းပါး တိုက်ခိုက်ဖျက်ဆီး ခံခဲ့ရပြီး ကတည်းက ကျုံးကျိုးမြို့မှာ အခြေအနေတွေကို စောင့်ကြည့် နေခဲ့တယ်။ လုပ်ကြံခြင်းက ကျွန်မ တစ်ယောက်တည်း စီစဉ်ခဲ့တဲ့ ကိစ္စပဲ။ အခြေအနေက မြန်မြန်ဆန်ဆန် ပြောင်းလဲနေတဲ့ အချိန်မှာ ကျွန်မက သခင်မရဲ့ အမိန့်ကို မစောင့်ဆိုင်း နိုင်ခဲ့တာ အမှန်ပဲ။ ယွီကလန်က တော်ဝင်ကျဲ နန်းတော်ကို လာရောက် လည်ပတ်မယ်လို့ မမျှော်လင့်ခဲ့ဘူး။ စီနီယာကလည်း သခင်မကို အပြစ်တင်လို့ မရနိုင်ဘူး။ သခင်မက စီနီယာနဲ့အတူ တော်ဝင်ကျဲ နန်းတော်ဘက်က ရပ်တည်ပြီးတော့ အခက်အခဲကို ကျော်လွှားပေး လိမ့်မယ်”

ကျင့်ယွီချန်းက လစန္ဒာ ရှန့်ထိုအား စိတ်ဖြင့် ဆက်လက်၍ ပြောနေရင်းဖြင့်ပင် ရီဖူရှင်းဘေးသို့ ရောက်လာကာ ဆက်ပြောသည် ...

“ဒါက ကျွန်မအားလုံး ပြောခဲ့တာပါပဲ စီနီယာ...။ စီနီယာလည်း အားလုံးကို နားလည်မယ်လို့ ယုံကြည်ပါတယ်။ ရီဖူရှင်းက ဒီနေ့ သေဆုံးနိုင်တယ်။ ဒါပေမဲ့ သူသာ ဒီနေ့ အသက် ရှင်ခဲ့ရင် အနာဂတ်မှာ သူ့ကို တားဆီးနိုင်တဲ့သူ ရှိလိမ့်မယ်လို့ ကျွန်မ မထင်ဘူး”

“ယွီကလန်က လူတွေ သေဆုံးမှု အတွက် ကျွန်မရဲ့ အသက်နဲ့ ပေးဆပ် နိုင်ပါတယ်။ ဒီနေရာက ကျွန်မ အသက်ရှင်ရက် ထွက်သွားမှာ မဟုတ်ဘူး။ လုပ်ကြံမှုရဲ့ အမှန်တရားကို ဘယ်သူမှ သိမှာ မဟုတ်တော့ဘူး”

ကျင့်ယွီချန်းက အားလုံးကို ပြောပြီးနောက် လေထဲမှ လူများအားလုံးကို ပြုံးလျက် ပြောသည် ...

“အမွေအနှစ်က သူ့ဆရာကို ရှာတွေ့သွားပြီ ဖြစ်ပြီးတော့ ဘာလို့ နောက်ထပ် တိုက်ခိုက်မှာလဲ။ ရှင်တို့အားလုံးက ပြည်နယ်ကိုးခုရဲ့ ရှန့်ထိုတွေ ဖြစ်ကြပြီးတော့ မြေရိုင်းပြည်နယ်ကို အရှက်မရှိ အနိုင်ကျင့်ဖို့ ကြိုးစား နေကြတယ်။ ကျွန်မက သခင်ရီကို အရင်ကတည်းက လေးစားတဲ့သူ ဖြစ်လို့ ဒီနေ့ သခင်ရီဘက်က ရပ်တည် တိုက်ခိုက်ရလိမ့်မယ်”

လေထဲမှ လူများ အားလုံးက ကျင့်ယွီချန်းအား ထူးဆန်းစွာ ကြည့်ကြသည်။ ကျင့်ယွီချန်းက သည်အတိုင်း အသေခံရန် ထွက်လာသလား။

သို့သော်လည်း သူတို့အတွက် ထိုမျှသော အရေးမပါသော ကိစ္စရပ်များအား ခေါင်းထဲ သိပ်မထည့်ကြပေ။ သူမက သေလိုသည် ဆိုလျှင်လည်း သူမ၏ဆန္ဒကို ဖြည့်ဆည်း ပေးရပေမည်။

***

All Chapters