← Chapters

ခေါင်းတလားထဲရှိ လူ

Vol. 49 Ch. 670

ခေါင်းတလားထဲရှိ လူ

Vol. 49 Ch. 670

ထိုအချိန်တွင် လောကကြီးထဲရှိ အလင်းရောင်များ မှေးမှိန်သွားပြီး အမှောင်ထုကြီး လွှမ်းခြုံလာသည်။ အချိန်အတန်ကြာပြီး‌နောက် လောကကြီးက မီးထွန်းလိုက်သကဲ့သို့ အလင်းပြန်ရသွားလေသည်။ အဝေးရှိ ထောင်ချီသောကျင့်ကြံသူများက ဖယောင်းနဂါးနှင့်တိထျန်းပါ ပျောက်ကွယ်သွားကြောင်း

တွေ့လိုက်ရသည်။

လေထုထဲတွင် ကျန်ရစ်ခဲ့သောအရာမှာမောပန်းနွမ်းနယ်နေသော စုမင်ဖြစ်သည်။ သို့သော်လည်း သူ့မျက်လုံးများက တောက်ပသော အလင်းရောင်ဖြင့် တောက်ပနေသည်။

အသွင်ပြောင်းလဲခြင်းဆယ်သွယ်စွမ်းရည်က အင်မတန် အစွမ်းထက်ပြီး စုမင်ကို နဂါးအသွင်ပုံစံတွင် ပို၍ကြာကြာနေ စေခဲ့သည်။ သို့သော် မြွေငယ်လေးက စုမင်၏ဆန္ဒနှင့် ပေါင်းစပ်ပြီးနောက် အခွင့်အရေးကို မဖမ်းဆုပ်နိုင်ခဲ့ပေ။ ထိုစွမ်းအားက ၎င်းအတွက် မခံနိုင်လောက်အောင် ကြီးမားလေသည်။

ထို့ကြောင့် စုမင်က တိထျန်းကို ဝါးမြိုပြီးနောက် အသွင်ပြောင်းလဲခြင်းဆယ်သွယ်မှ ရရှိထားသော လက်ရှိပုံစံကို စွန့်လွှတ်လိုက်သည်။ ထို့နောက် နှစ်ပေါင်းများစွာဖိနှိပ်ခံထားခဲ့ရသော ခံစားချက်များကို ဟိန်းဟောက်သံအဖြစ် ထုတ်လွှတ်ပြောင်းလဲလိုက်သည်။

လွန်ခဲ့သည့်နှစ်များ အားလုံးတွင် ကောင်းကင်ဘုံ၏ စွမ်းအားကဲ့သို့ တည်ရှိခဲ့သော တိထျန်း၏ ပထမဆုံးကိုယ်ပွား ကွယ်လွန်သွားခဲ့သည်။

စုမင်ကို မရဏပင်လယ်၏သေမင်းတံခါးဝကို တွန်းပို့ခဲ့သော ခရမ်းရောင်ဝတ်ရုံတိထျန်းလည်း ပျက်စီးသွားခဲ့သည်။

ကိုယ်ပွားသုံးယောက်တွင် စွမ်းအားအကြီးဆုံးဖြစ်သော ရွှေဝတ်ရုံတိထျန်းက သူ့အသက်စွမ်းအားများကိုအသုံးပြုကာ ကောင်းကင်ဖောက်ထွင်းကျင့်စဉ်ကို အသက်သွင်းခဲ့သည်။

ထိုအချိန်တွင် စုမင်အပေါ်တွင် တောင်ကြီးကဲ့သို့ လေးလံသောဝန်ထုပ်ဝန်ပိုးက ယူပစ်သကဲ့သို့ ပျောက်ကွယ်သွားလေသည်။ သူ့နှလုံးသားထဲတွင်လွတ်လပ်မှုကို

ချက်ချင်း ခံစားရလေသည်။ သို့ပေမဲ့ တိထျန်းတွင် ကိုယ်ပွားလေးယောက်ရှိပြီး နောက်ဆုံးတစ်ယောက်ကျန်‌နေသေးသည်။

သူ့ဟိန်းဟောက်သံများက သူ့လွတ်လပ်မှုကို ပြန်ရရှိကြောင်း ဖော်ပြနေခဲ့သည်။ တိထျန်းအပေါ် စိတ်ပျက်ခြင်းနှင့် မုန်းတီးမှုများအားလုံး ထွက်ပေါ်လာသည်။ထိုအချိန်တွင် သူ့ဟိန်းဟောက်သံများက အရပ်ရပ်သို့ပျံ့နှံ့သွားကာ အင်မော်တယ်များ၏နှလုံးသားကို တုန်လှုပ်စေလေသည်။

ကျီအန်း၏ အမူအရာမှာ မယုံနိုင်လောက်အောင် နက်မှောင်နေသည်။ စုမင်က သူ့ရှေ့တွင် တိထျန်းကိုဝါးမြိုပစ်ခဲ့သော်လည်း ရပ်ကြည့်နေရုံမှတစ်ပါး မတတ်နိုင်ခဲ့ပေ။ထိုအချိန်တွင် စုမင်၏ချီအားလုံးက အဆုံးမဲ့မြင့်တက်နေပြီးသူ့ခန္ဓာကိုယ်မှ ပြင်းထန်သော စွမ်းအားလှိုင်းများ ထွက်ပေါ်လာသည်။

စုမင် တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားသည် ။ထိုစဉ် မာန်စိတ်ဝိညာဉ်အလယ်လတ်နယ်ပယ်အဆင့်ကိုဖြတ်ကျော်နိုင်သည့် လက္ခဏာများက မယုံနိုင်လောက်အောင် အားကောင်းလာခဲ့သည်။ သူ၏အောင်မြင်မှုကို အချက်ပြသည့် ပေါက်ကွဲမှုများကို

ရှင်းရှင်းလင်းလင်း ခံစားနိုင်ခဲ့သည်။

သူ ခေါင်းငုံ့ပြီး မြေပြင်ကို ငုံ့ကြည့်လိုက်သည်... စိုက်ထူထားသော ခေါင်းတလားပေါ်တွင် အနီးပတ်ဝန်းကျင်တွင် မည်သည့် ကျင့်ကြံသူမျှ မပါရှိပေ။

စုမင်က ခေါင်းတလားဆီသို့ လှမ်းကြည့်ချိန်တွင် အဖုံးကို လက်သီးချက်ဖြင့် ထိုးနှက်လိုက်သကဲ့သို့ အတွင်းမှ စွမ်းအားလုံးကြီးတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ခေါင်းတလားဝန်းကျင်တွင် အက်ကြောင်းအချို့ ပေါ်လာသည်။

“ဗုန်းးးးဗုန်းးးးဗုန်းးးး..”

ထိုပေါက်ကွဲသံများက ဆက်လက်ထွက်ပေါ်လာပြီး အဖုံးပေါ်ရှိ အက်ကွဲကြောင်းများက တစ်စတစ်စ တိုးပွားလာသည်။ ရွှေရောင်ဝတ်ရုံတိထျန်းထက် သာလွန်သည့်စွမ်းအားလှိုင်းများက ထိုခေါင်းတလားမှ တဖြည်းဖြည်း ပျံ့နှံ့လာသည်။

‘အရင်ကတိထျန်းရဲ့စကားအသွားအလာကြည့်ရင်.. သူ့မှာ ကိုယ်ပွားသုံးယောက်ပဲရှိတာ..ဒါပေမဲ့ နောက်ဆုံးကိုယ်ပွားကို မာန်ပြည်ထောင်မှာ ဖန်တီးခဲ့တာ..”

စုမင်၏ မျက်လုံးများတွင် ရှုပ်ထွေးသော အကြည့်တစ်ခု ပေါ်လာသည်။ အခေါင်းတလားရှိရာနေရာကို သတိရပြီး… ကောင်းကင်တာအိုမြူခိုးမြို့တော်မှ ဆင်းသက်လာသောအကြီးဆုံးအစ်ကိုဖြစ်သူ၏ ရှာမန်ဝိညာဉ်များကို ပြန်အမှတ်ရမိသည်။

ခေါင်းတလားရှိလူထံမှ ပျံ့နှံ့လာသည့် ရင်းနှီးမှုကိုလည်း သူခံစားနိုင်သည်။

ထိုရင်းနှီးကျွမ်းဝင်မှုက စုမင်၏နှလုံးကို တုန်လှုပ်စေခဲ့သည်။ တိထျန်း၏ကိုယ်ပွားများကိုသတ်ပြီးချိန်တွင် သူခံစားရသောစိတ်လှုပ်ရှားမှုက ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။

“အဲဒါ..မင်းလား..”

စုမင်က မျက်လုံးမှိတ်လိုက်သည်။ သူ့နှလုံးသားထဲတွင် တုန်လှုပ်ခြောက်ခြားမှုများက ဝမ်းနည်းမှုနှင့် အပြင်းထန်ဆုံးသော နာကျင်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။ ဤရင်းနှီးသောခံစားချက်ကို သူ မေ့ထားရန် နည်းလမ်းမရှိပေ။ ထိုရင်းနှီးမှုက နဝမမြောက် တောင်ထွဋ်မှ ဆင်းသက်လာခြင်းဖြစ်သည်။

စုမင်၏ စိတ်ခံစားမှုများ အပြောင်းအလဲများကို သတိပြုမိသွားသောကြောင့် ကျီအန်းက လျို့ဝှက်ကွပ်မျက်ကျင့်စဉ်ကို

မခုခံတော့ပေ။ ယင်းအစား သူက စုမင်

ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် မြေပြင်ပေါ်ရှိ ခေါင်းတလားပေါ်သို့ အမြန်ကျရောက်သွားခဲ့သည်။သူ့မျက်လုံးထဲတွင် အမှောင်အလင်းတန်းတစ်ခု ပေါ်လာသည်။

တိထျန်းက ဤနေရာသို့ ကိုယ်ပွားသုံးကောင်သာ စေလွှတ်ခဲ့သည်ကို သူရှင်းရှင်းလင်းလင်းသိသည်။ ထို့ကြောင့် ယခုစတုတ္ထကိုယ်ပွားက အတော်စိတ်ဝင်စားစရာကောင်းလေသည်။

“မင်းရဲ့စိတ်ဆန္ဒ‌တွေ သုံးပြီး စကြာဝဠာတွေအလွန်မှာ ရှိတဲ့စုမင်ကို ထိန်းချုပ်နေခဲ့တာပေါ့.. တိထျန်း...အော် တိထျန်း.. မင်း ကံကြမ္မာကို ထိန်းချုပ်နိုင်ဖို့ အများကြီး အားထုတ်ပြီးသွားပြီ..အခုကိုယ်ပွားက သေသွားရင် မင်းတောင်ဒဏ်ရာကြီးကြီး ရသွားနိုင်တယ်...”

“ကံကြမ္မာရဲ့အမူအရာအရ... သူက ဒီကိုယ်ပွားကို ရင်းနှီးပြီးသားထင်တယ်..အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်..”

ကျီအန်း၏နှုတ်ခမ်းထောင့်များတွင် ကောက်ကျစ်သော အပြုံးတစ်ခုပေါ်လာပြီး ပို၍ထင်ရှားလာသည်။

ထိုအချိန်တွင် စုမင်၏ ပုံမှန်မဟုတ်သော အပြုအမူကို မြင်သူအရေအတွက်က တိုးပွားလာခဲ့သည်။ သူ၏ တိတ်ဆိတ်မှုနှင့်ဝမ်းနည်းပူဆွေးမှုများကို ဖုံးကွယ်ထား၍မရပေ။

“အခေါင်းထဲမှာရှိတဲ့လူက...”

“မဟာမြူရွက်အင်မော်တယ်ဂိုဏ်းက လူလား.. ဒါမှမဟုတ် တိထျန်းရဲ့လူလား...”

ပွက်လောညံသော ဆွေးနွေးမှုများက တိတ်ဆိတ်သော လောကကြီးကို စတင်ဖြိုခွင်းလိုက်သည်။ စုမင်ပုံမှန်မဟုတ်သော အမူအရာကြောင့် လူအများစုက ခေါင်းတလားကို အာရုံစိုက်ခဲ့ကြသည်။

“ဗုန်းးးးးး”

ခေါင်းတလားမှ ဆူညံသံများ မရပ်မနား ထွက် ပေါ်လာခဲ့သည်။ အဖုံးပေါ်ရှိ အက်ကွဲကြောင်းများက ပို၍ပင် ပြန့်ကျဲလာသည်။ ထို့နောက် ခေါင်းတလား၏ အဖုံးက လက်သီးဖြင့်ထိုးနှက်လိုက်သကဲ့သို့ ပေါက်ကွဲသံကြီးထွက်ပေါ်လာပြန်သည်။

ထိုအရာက လူတစ်ဦး၏လက်သီးချက်ပင် ဖြစ်သည်။

ထို့‌နောက် ပေါက်ကွဲသံများထပ်မံထွက်ပေါ်လာသောအခါ ခေါင်းတလားက ပြင်းထန်စွာ တုန်ခါလာသည်။ယခုတစ်ခါတော့ လက်သီးချက်နှစ်ချက်က အခေါင်းကို ထိုးဖောက်၍ ထွက်ပေါ်လာသည်။

စုမင်၏ မျက်နှာပေါ်ရှိ ဝမ်းနည်းမှုမှာ ပို၍ ပြင်းထန်လာသည်။ သူက ခေါင်းတလားရှိ လက်သီးချက်ကို မင်သက်စွာ စိုက်ကြည့်နေလေသည်။သူ့စိတ်ထဲရှိ ရင်းနှီးကျွမ်းဝင်မှုများက ပိုမို အားကောင်းလာကာ သူ့နှလုံးသားကို ပိုနာကျင်စေခဲ့သည်။

ထိုအချိန်တွင် ခေါင်းတလား၏အဖုံးက လုံးဝ ကွဲအက်သွားပြီး အတွင်းမှ မြူခိုးများ အများအပြား ထွက်လာသည်။ အားကောင်းသောစွမ်းအားလှိုင်းလုံးကြီးက အရပ်ရပ်သို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။

ထိုစဉ် သတ်ဖြတ်လိုစိတ်များက ကောင်းကင်သို့ လွင့်ပျံလာပြီး စကြာဝဠာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ဗဟိုချက်ဖြစ်သော ခေါင်းတလားမှ ဧရာမဝဲဂယက်ကြီး စတင်လည်ပတ်လာသည်။

အရပ်ရှည်ရှည် လူတစ်ယောက်က ဝဲဂယက်တွင်းမှ တဖြည်းဖြည်း ထွက်လာသည်။ သူ့ခန္ဓာကိုယ်က မြူခိုးများထဲတွင် နှစ်မြုပ်နေပြီး သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ သို့သော် စုမင်က သူ့ရင်ထဲမှာ မှန်းဆပြီးသားပုံရိပ်ကို မြင်လိုက်ရသော် သူ့ကိုယ်ပေါ် တောင်ကြီးတစ်တောင်ပြိုကျလာသကဲ့သို့ ခံစားခဲ့ရသည်။ သူခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားကာ သူ့မျက်လုံးများက သွေးများစီးကျလာသည်။ သူ့မျက်နှာက ဝမ်းနည်းပူဆွေးမှုများနှင့် ပြည့်နှက်နေပြီး ရူးသွပ်သွားတော့မည့်ပုံပေါ်လေသည်။

ထိုအချိန်တွင် တိထျန်းအပေါ် သူ၏မုန်းတီးမှုက ယခင်ကထက် ပိုမိုပြင်းထန်လာခဲ့သည်။ သူက တိထျန်းနှင့် တစ်မိုးအောက်တွင် မနေနိုင်တော့ဘဲ လွန်စွာ ခံပြင်းနေလေသည်။ သူ့စိတ်ထဲတွင် တိထျန်းကို စက်ဆုပ်ရွံ့ရှာနေလေသည်။

သူက မြူခိုးများထဲမှ တဖြေးဖြေး လျှောက်လာနေသော လူကို စိုက်ကြည့်နေလေသည်။ ထိုပုံရိပ်က တဖြည်းဖြည်း ရှင်းလင်းလာပြီး..ရုပ်လုံးပေါ်လာသည်။

စုမင် ဝမ်းနည်းတကြီး ငိုခဲ့လေသည်။ အမှန်မှာ နက်မှောင်တောင်မှ ထွက်ခွာပြီးနောက် တောင်ပိုင်းအရုဏ်ဦးနယ်မြေသို့ရောက်ရှိခဲ့သော်လည်း သူတစ်ခါမှ ဝမ်းနည်းစွာ မငိုကြွေးဖူးပေ။

အဘယ်ကြောင့်ဆိုသော် သူ့အကြီးအကဲက “ ယောကျာ်းဆိုတာ သွေးထွက်ချင်ထွက်မယ်၊ မျက်ရည်တော့မထွက်ဘူးကွ..”ဟု ပြောခဲ့သောကြောင့်ဖြစ်သည်။ ထိုစကားများက သူ ငယ်ရွယ်စဉ်က သူ့အကြီးအကဲ ဆိုဆုံးမသောစကားများဖြစ်သည်။

ထို့ပြင် စုမင်က သူတို့ကို အမြဲသတိရအောက်‌မေ့‌နေလေသည်။

ယခု ထိုပုံရိပ်ကို မြင်လိုက်ရသောအခါ စုမင် ငိုကြွေးမိသည်။ သို့သော် ထိုမျက်ရည်များက သူ့နှလုံးသားထဲတွင်သာ ကိန်းအောင်းနေသည်။ သူ့မျက်နှာပေါ် စီးကျခြင်းမရှိသောကြောင့် သူ၏ငိုကြွေးမှုကိုမည်သူမျှ မမြင်နိုင်ပေ။

“စီနီယာအစ်ကိုကြီး…”

စုမင်က ပြတ်သားသောပုံရိပ်ကို စိုက်ကြည့်ရင်း သူ့ကမ္ဘာရှိ အရာအားလုံးက ပျောက်ကွယ်သွားသလို ခံစားရသည် ။ လောကကြီးထဲတွင်

အရပ်ရှည်ရှည်လူနှင့် သူသာ ကျန်ရှိတော့သည်။

သူက အပေါ်ပိုင်းဗလာနှင့်ခွန်အားကြီးသော ခန္ဓာကိုယ်ကို ထုတ်ဖော်ပြသခဲ့သည်။သူ၏ခန္ဓာကိုယ်ပေါ်တွင် မယုံနိုင်လောက်အောင် ရှုပ်ထွေးပွေလီသောမှော်

သင်္ကေတတစ်ခုရှိပြီး သူ့အရေပြားအများစုကို ဖုံးအုပ်ထားသည်။

သူ့အသားအရောင်က ခရမ်းရောင်ပြောင်းလဲသွားသည်။

သူ့ခန္ဓာကိုယ်မှာ အမာရွတ် အများကြီးရှိ လေသည်။ ဒါဏ်ရာကျက်ပြီးနောက် ဖြစ်ပေါ်လာသောအမာရွတ်များ ဖြစ်သော်လည်း မကြာသေးခင်ကမှ နှိပ်စက်ခံခဲ့ရကြောင်း ပြောနိုင်လေသည်။

စုမင်က အမာရွတ်များကို မြင်လိုက်သည်နှင့် အကြီးဆုံးအစ်ကိုက ဆရာနှင့်သူ့ညီလေးများကို ထပ်ခါထပ်ခါရှာဖွေခဲ့ကြောင်း သိရှိသွားလေသည်။ နဝမမြောက်တောင်ထွဋ်ရှိ သူ့မိသားစုကို ရှာဖွေရင်း အစ်ကိုကြီး၏ရူးသွပ်မှုနှင့် စိတ်ပျက်အားငယ်မှုများကို တွေ့လိုက်ရသည်။

အစ်ကိုအကြီးဆုံးက သဲပေါ်မှာ ခြေဗလာဖြင့် ရပ်နေ လေသည်။ သူ့နောက်ကျောက တောင့်တောင့်ကြီးဖြစ်နေလေသည်။သူ့စိတ်ဆန္ဒကို မည်သူမှ ချိုးနှိမ်ခြင်းမပြုနိုင်သည့်အနေအထားဖြင့် သူ့ကျောကို နည်းနည်းလေးမှ ကုန်းမထားပေ။

သူ့မှာ ဆံပင်မရှိတော့ပေ။သူက ထိပ်ပြောင်နေပြီး ဦးခေါင်းခွံတွင် သံမဏိအပ် ကိုးချောင်းရှိသည်..။

သူ့ပုံစံက စုမင်၏အမှတ်တရများထဲရှိမျက်နှာမျိုးမဟုတ်တော့ပေ။ယခုတွင် သူ့မျက်နှာတွင် ကြက်ခြေခတ် အမာရွတ်တစ်ခု ရှိနေပြီး ရှေးလေထုအငွေ့အသက်ပေးစွမ်းနေလေသည်။ ထိုအမာရွတ်က သူ၏မျက်ခုံးနှင့်နားရွက်ကို ကန့်လန့်ဖြတ် ရှိနေလေသည်။

ယခုတိုက်ပွဲတွင် သူရခဲ့သော အမာရွတ်မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်းပြောနိုင်သည်။ တစ်စုံတစ်ယောက်က သူ့အပေါ်ကို တစ်နည်းနည်းဖြင့် ထွင်းထုခဲ့ခြင်း ဖြစ်သည်။ ထို့နောက် သူ ပြန်ကောင်းမလာစေရန် ရက်စက်သောနည်းလမ်းကို အသုံးပြုပြီး အမာရွတ်ကို ခရမ်းရောင်မီးခိုးများဖြင့် ဖိသိပ်ခဲ့သည်။ ၎င်းက အစ်ကိုကြီး၏ ခန္ဓာကိုယ်ပေါ်ရှိမှော်သင်္ကေတနှင့် ပေါင်းစပ်ထားသည့် ပေါင်းစပ်မှုတစ်ခုဖြစ်သည်။

အကြီးဆုံးအစ်ကိုက စုမင်၏အမှတ်တရများထဲမှ နူးညံ့သိမ်မွေ့သော လူမဟုတ်တော့ပေ။

ထို့ပြင်သူ့ညာလက်မှ တွဲလောင်းကျနေသော ချိတ်ကြီးတစ်ခုရှိလေသည်။ယခု ထိုချိတ်က သူ့ညာလက်နေရာကို အစားထိုးဝင်ယူလိုက်သည်။

သူ့ဘယ်ဘက်လက်မောင်းက ကျန်ရှိနေသော်လည်း သွေးပြန်ကြောများက ထောင်းထနေလေသည်။သူ့ခန္ဓာကိုယ်ထဲတွင် ဆန်းကြယ်သောပစ္စည်းများ မြုပ်နှံထားသယောင်ထင်ရလေသည်။

စုမင်က သူ့အစ်ကိုကြီးကို ကြည့်နေသည်။ ထို့နောက် သူ၏ ဝမ်းနည်းပူဆွေးမှု အလယ်တွင် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသော ဟိန်းဟောက်သံကြီးကို လွှင့်ထုတ်လိုက်သည်။ သူ့မျက်လုံးများမှ သွေးများ တဖြည်းဖြည်း စီးကျလာသည်။ သူ မျက်ရည်မကျ‌သော်လည်း

မျက်ရည်အစားသွေးများ စီးကျလာသည်။

သူ့အစ်ကိုကြီးက ပွင့်လင်းပြီး စကားပြောကောင်းသူမဟုတ်ကြောင်း စုမင် သိလေသည်။ သို့သော် သူ့အစ်ကိုက အနည်းငယ် ထိုင်းမှိုင်းသွားကြောင်း သတိထားမိလေသည်။ သူ့အစ်ကိုက စိုးရိမ်ကြောင့်ကြမှုများကို အမြဲဖုံးကွယ်ထားပြီး မြိုသိပ်တတ်သူဖြစ်သည်။ထို့ကြောင့် အခြားသူများက သူ့အကြောင်းကိုကောင်းစွာနားမလည်ပေ။ သူအမြဲ အဆင်ပြေနေသည်ဟု ယူဆထားလေသည်။

စုမင် နဝမမြောက်တောင်ထွဋ်သို့ ပထမဆုံးရောက်ရှိချိန်ကို ပြန်မြင်ယောင်လေသည်။ ထိုအချိန်တွင် ဒုတိယအစ်ကိုကျီချဲ့က သူ့ကို တိုက်ခိုက်ခဲ့သော်လည်း အကြီးဆုံးအစ်ကိုက ကျီချဲ့ဘက်‌တွင်သာ နေပေးခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အပြင်လူများမှ သူ့ညီလေးကို ထိခိုက်အောင် လုပ်ခွင့်မပေးပေး။

ထို့ပြင် စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုတိုက်ပွဲအတွင်း နဝမမြောက်တောင်ထွဋ်တစ်ခုလုံးအတူတကွ ခရီးထွက်ခဲ့ရသည်။

ထိုအချိန်တွင် အစ်ကိုကြီးက ညီလေးများကို စိတ်ပူသောကြောင့် ရှာမန်ဝိညာဉ်များကို အစောင့်အရှောက်အဖြစ် ထည့်ပေးလိုက်သည်။ သူသေချင်သေပါစေ၊ သူ့ညီလေးများကို အဆုံးထိကာကွယ်စောင့်ရှောက်ရန် အမိန့်ပေးခဲ့သည်။

နဝမမြောက်တောင်ထွဋ်က စုမင်၏အိမ်ဖြစ်ပြီး စီနီယာအစ်ကိုဖြစ်သူမှာ သူ့အကိုကြီးဖြစ်သည်။

“အကြီးဆုံး အစ်ကိုကြီး…”

စုမင်က တုန်လှုပ်သွားပြီး သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော ခံစားချက်လှိုင်းလုံးများ ထွက်ပေါ်လာသည်။

“မင်းကတောင်ပေါ်ကိုရောက်လာတဲ့ လေးယောက်မြောက်လူပဲ...ငါအခု တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာလို့မရတာ နှမြောစရာပဲ...ရော့..ဒီပစ္စည်းလေးဆိုရင်ရော ဘယ်လိုလဲ...မင်းကိုပေးလိုက်မယ်...ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အခါသုံး..”

အစ်ကိုကြီး၏ နူးညံ့သောအကြည့်နှင့် ကြင်နာသောစကားများက သူဘယ်တော့မှမမေ့နိုင်သော အရာများဖြစ်သည်။

“အငယ်ဆုံးညီလေး... ရှာမန်ပြည်ကိုသွားမဲ့ မင်းရဲ့ခရီးစဥ်က အန္တရာယ်များလိမ့်မယ်.. မင်းကို ငါ့ကျွန်တစ်ယောက် ပေးမယ်... သူ့နာမည် ဖာကျန်း...”

စုမင် နဝမမြောက်တောင်ထွဋ်ကို မထွက်ခွာမီ သူ့အကြီးဆုံး အစ်ကိုကြီး ပြောခဲ့သောစကားများဖြစ်သည်။ သူ့အသံရှိ စိုးရိမ်ပူပန်မှုကို ဘယ်တော့မှ မေ့ထားနိုင်မည်မဟုတ်ပေ။

All Chapters