ဝမ်းနည်းပူဆွေးမှု
Vol. 49 Ch. 671
“ဂျူနီယာညီလေး... ငါမင်းကိုပြောပြမယ်..ငါတို့ရဲ့အကြီးဆုံးအစ်ကိုက အမြဲသီးသန့်ကျင့်ကြံနေတာ..သူက ထာဝရ ဖန်ဆင်းခြင်းနေ့မှာပဲ ထွက်လာတာ..သူပြန်လာတိုင်း..တစ်ခုခုကြီးကြီးမားမားတော့ဖြစ်တယ်..မင်းဘာသာ မူးပြီးမှောက်နေနေ သူ့အော်သံကြားတာနဲ့ လန့်နိူးသွားလိမ့်မယ်...သူပြန်လာပြီလို့ ဟိန်းကြွေးတဲ့အသံဆိုးကြီးကို မင်း ကြားရလိမ့်မယ်..”
“မင်း သူ့ကို လိပ်တစ်ကောင်လို ဆက်ဆံလို့ရတယ်.. ပုံမှန်ဆိုရင် သူ အိပ်တယ်..ပြီးကျ နိုးလာတဲ့အခါ အကျယ်ကြီးသမ်းပြီး ပြန်အိပ်သွားလိမ့်မယ်...”
“ငါတို့ရဲ့အစ်ကိုကြီးက ငါတို့ရှေ့မှာမားမားမတ်မတ်ရပ်ပြီး ကာကွယ်ပေးမှာကွ..”
ထိုစကားများက ဒုတိယအစ်ကိုဟူကျီပြောပြသော စကားများပင်ဖြစ်သည်။
စုမင်၏ ခေါင်းတွင် ပေါ်လာသော မြင်ကွင်းများကြောင့် သူ့မျက်လုံးများမှ သွေးများ စီးကျလာ စေခဲ့သည်။ ထိုသွေး၏အရောင်မှာ ကြက်သွေးရောင်ဖြစ်ပြီး သူ၏နှလုံးသားထဲတွင် ရူးသွပ်စွာဟိန်းဟောက်သံများထွက်ပေါ်လာသည်။ထို့အပြင် ပြင်းပြင်းထန်ထန် သတ်ဖြတ်လိုစိတ်နှင့် ပြင်းထန်စွာ နာကျင်ခြင်းများကြောင့် ဖြစ်ပေါ်လာသည့် ပေါက်ကွဲသံများလည်း ပေါ်လာသည်။
“အစ်..ကို..ကြီး..”
စုမင်က မြေပြင်ပေါ်ရှိ ဝဲဂယက်ထဲမှ ထွက်သွားသော အမျိုးသားကို ကြည့်ရင်း သူ့အမြင်အာရုံမှာ ဝေဝါးသွားပုံရသည်။
အစ်ကိုကြီး၏ မျက်လုံးများက အသက်မဲ့နေသည်။ ၎င်းတို့အတွင်း၌ အလင်း ရောင်ကို မတွေ့နိုင်ပေ။ သူ့မျက်လုံးများက လူသေတစ်ယောက်၏ မျက်လုံးများကဲ့သို့ မှုန်မှိုင်းနေသည်။ သို့သော် သူ့ခန္ဓာကိုယ်မှ ပျံ့လွင့်လာသောအရှိန်အဝါက ကျီအန်းကို တိုက်ထုတ်နိုင်လောက်အောင် အားကောင်းနေခဲ့သည်။
ထိုအရာက ကျီအန်အတွက် တိထျန်းပြင်ဆင်ထားသောတိုက်ခိုက်မှုတစ်ခုဖြစ်ပြီး အရှေ့မြေရိုင်းမျှော်စင်ပိုင်ဆိုင်မှုကို အဆုံးအဖြတ်ပေးမည့် လက်နက်တစ်ခုပင်ဖြစ်သည်။
စုမင်၏အကြည့်များက သူ့အစ်ကိုကြီးနှင့် ဆုံမိသွားသော်လည်း နဝမမြောက်တောင်ထွဋ်မှာ ရှိစဉ်ကလို နွေးထွေးမှုမရှိဘဲ ရန်သူများကဲ့သို့ ပြောင်းလဲသွားကြသည်။
“တိထျန်း... ငါအသက်ရှင်နေသရွေ့ အင်မော်တယ်တွေအားလုံးကို အမြစ်ပျက်ချေမှုန်းပစ်မယ်..မင်းကို အပြင်းထန်ဆုံး နာကျင်အောင်လုပ်မယ်..ငါ ဒါကိုမလုပ်နိုင်ခဲ့ရင်...မြေအောက်ကမ္ဘာမှာထာဝရနစ်မြုပ်သွားပြီး ငါ့ဝိညာဉ် ပျောက်ကွယ်သွားပါစေ...”
စုမင်က သွေးမျက်ရည်ကျကာ ကောင်းကင်ဆီသို့ အငြိုးတကြီး အော်ဟစ်လိုက်သည်။ ထိုဟိန်းဟောက်သံအတွင်းရှိ ရူးသွပ်မှုနှင့်အမုန်းတရားတို့ကြောင့် ကြားရသူတိုင်းကို ကြောက်ရွံ့တုန်လှုပ်သွားစေသည်။
စုမင် ဟိန်းဟောက်နေစဉ်တွင် သူ့အစ်ကိုကြီးက ညာခြေတစ်လှမ်းလှမ်းလိုက်သည်။ ထို့နောက် စုမင်ရှေ့သို့ ချက်ချင်းရောက်ရှိလာသည်။
သူ၏ အရှိန်က လေအဟုန်ကဲ့သို့ လွန်စွာမြန်ဆန်နေလေသည်။ စုမင်က သူ့လက်ကို အလိုလို မြှောက်လိုက်ပြီး တိုက်ကွက်ထုတ်ရန်ပြင်လိုက်သည်။သို့သော် ယခင်က ရင်းနှီးနေသော တည်ရှိမှု၊ အစ်ကိုကြီး၏နွေးထွေးမှုနှင့် သူ့ကိုယ်ပေါ်ရှိ အဆုံးမရှိသော အမာရွတ်များကို မြင်လိုက်ရသောကြောင့် စုမင် မတိုက်ခိုက်ရက်တော့ပေ။
ကျယ်လောင်သော ပေါက်ကွဲသံက ကောင်းကင်ကို လှုပ်ခါစေပြီး လေထဲတွင် လျင်မြန်စွာ ပဲ့တင်ထပ်သွားသည်။
စုမင်က သွေးများ ချောင်းဆိုးကာ ပေရာနှင့်ချီ အကွာအဝေးအထိ နောက်သို့ ဆုတ်သွားခဲ့သည်။ သူ့ညာလက်ကို မြှောက်ထားသော်လည်း မတိုက်ခိုက်ခဲ့ပေ။ ယင်းအစာ သူ့အစ်ကိုကြီး၏ ထိုးချက်များကို ခုခံရန် ရွေးချယ်လိုက်သည်။
စုမင်က ထိုလက်သီးကို အလွန်ရင်းနှီးနေပြီး သူ့နှလုံးသားကို ကွဲကြေသွားသလို ခံစားစေခဲ့သည်။ ထိုအရာက ရှာမန်တစ်ယောက်၏တည်ရှိမှုပင်ဖြစ်သည်။
နိူင်းလီမျိူးနွယ်စုမှဆင်းသက်လာသည့် စုမင်၏အစ်ကိုကြီးက ရှာမန်နှင့်သက်ဆိုင်သောစွမ်းအားလှိုင်းများကို ဖြန့်ကျက်ထားလိုက်သည်။ ထိုစဉ် ရှာမန်နတ်ဘုရားရုပ်တု ပေါ်လာသည်။ ထိုဧရာမရုပ်တု၏ရင်ဘတ်ပေါ်တွင် လက်များကိုကန့်လန့်ဖြတ်တင်ထားလေသည်။ ရုပ်တုပေါ်တွင် (အစ်ကိုကြီး)လူကဲ့သို့
တူညီသောအမာရွတ်များ၊ မျက်ရည်စက်များနှင့်မှော်သက်ေတများရှိကြောင်း စုမင်
မြင်လိုက်သည်။
ရှာမန်နတ်ဘုရားရုပ်တုပေါ်တွင် ဒါဏ်ရာဒါဏ်ချက်များရှိနေသော်လည်း အားနည်းချက်တစ်စုံတစ်ရာကိုမှ မတွေ့ရှိနိုင်ပေ။ယင်းအစား ပြည့်လျှံနေသော အသက်စွမ်းအင်လှိုင်းလုံးကြီးတစ်ခု လည်ပတ်နေလေသည်။ ထိုအသက်စွမ်းအားက လောင်ကျွမ်းနေကြောင်းကို စုမင် အာရုံခံစားမိသည်။
အစ်ကိုကြီးက သူ့အသက်စွမ်းအားများကို လောင်ကျွမ်းစေကာ ထိုရုပ်တုကြီးကို ဖော်ထုတ်ခဲ့သည်။
စုမင် က ခေါင်းကို အမြန်မော့လိုက်သည် ။ ဝမ်းနည်းပူဆွေးမှု အလယ်တွင် သူ့အစ်ကိုကို ကြည့်ကာ တုန်ရီနေသော ညာလက်ကို မြှောက်လိုက်သည်။ သူ့ကိုယ်သူ အားတင်းကာ ပြောလိုက်သည်။…
“ငါ့အစ်ကိုကြီးက အနားမှာ မရှိတော့ဘူး..”
သူတိုက်ခိုက်မှသာ သူ့အစ်ကိုကြီးကိုယ်ပေါ်ရှိတိထျန်း ၏စိတ်ဆန္ဒကိုဖယ်ရှားနိုင်ပြီး သူ့အစ်ကိုအသက်ဆက်ရှင်ရန် မျှော်လင့်နိုင်မည်။
သို့သော် စုမင်က ကိုယ်တိုင်ပင် ထိုစကားများကို မယုံနိုင်ဖြစ်မိသည်။ သူက တုန်တုန်ယင်ယင်ဖြစ်နေသော ညာလက်ကို ချက်ချင်းပင် မြှောက်ပြီး ချိပ်တံဆိပ်ဖန်တီးလိုက်သည်။ ထို့နောက် နူးညံ့သိမ်မွေ့သောအသံက ရုတ်တရက် သူ့နားထဲတွင် ပဲ့တင်ထပ်လာသည်။
“အငယ်ဆုံးညီလေး..ငါတို့မတွေ့တာ ဘယ်လောက်ကြာပြီလဲ..”
ထိုအသံက တင်းမာသော်လည်း မယုံနိုင်လောက်အောင် နူးညံ့သည်။ ထိုအရာက စုမင်အမှတ်တရများထဲရှိ အစ်ကိုကြီး၏အသံပင်ဖြစ်သည်။
ထိုအသံက စုမင်၏ညာလက်ကို ရပ်တန့်သွားစေပြီး သူ့ရင်ဘတ်ကို နာကျင်စွာဆုပ်ကိုင်ထားလေသည်။ သူ့မျက်လုံးမှာ သွေးမျက်ရည်များ တပေါက်ပေါက်ကျလာပြီး သူ့အကြီးဆုံးအစ်ကိုကြီးဆီသို့ ကြည့်လိုက်မိသည်။
စုမင်က ထိုရင်းနှီးသောအသံကြောင့်
နဝမမြောက်တောင်ထွဋ်ဆီသို့ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော် ထိုအသံက အစစ်အမှန်မဟုတ်ကြောင်း သူသိလေသည်။
လူတစ်ချို့က သူတို့မြင်သည့်အရာက အတုအယောင်မှန်းသိလျှင်တောင် ဆက်ပြီးတွယ်ကပ်နေပြီး အဖြစ်မှန်ကိုလက်မခံချင်ကြပေ။ဤသည်မှာ သူတို့ခန္ဓာကိုယ်မှ မဟုတ်ဘဲ ရင်ထဲမှလာသောချစ်ခြင်းမေတ္တာကြောင့်လုပ်မိနေသောအရာများသာဖြစ်သည်။
စုမင် ချက်ချင်းဆိုသလိုပင် သူ့အကြီးတန်းအစ်ကိုကြီးဆီသို့ လှမ်းကြည့်ပြီး လျင်မြန်စွာ ဟစ်ကြွေးလိုက်သည်။ သူ၏
အသက်မဲ့မျက်လုံးများတွင် သွေးနီရောင်အလင်းတန်းများ လင်းလက်လာသည်။
“နိုင်းလီမျိုးနွယ်စုရဲ့အမွေအနှစ်....တားမြစ်ကျိန်စာ..သွေးရွံ့အိုင်...”
အစ်ကိုကြီး၏ အရေပြားပေါ်ရှိသွေးကြောများက ထောင်းထလာပြီး သူ့ခန္ဓာကိုယ်က လျင်မြန်စွာ အပိုင်းပိုင်းပြတ်တောက်သွားသည်။ ထို့နောက် သွေးရွံ့အိုင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
“သူက တိထျန်းမဟုတ်ဘူး... သူက ငါ့အစ်ကိုကြီး...”
စုမင်က တိုးတိုးလေးပြောလိုက်သည်။ သူ့ပါးစပ်မှ သွေးများ စီးကျနေဆဲဖြစ်ပြီးနောက်ဆုံး ရိုက်ချက်ကြောင့် ပြင်းထန်သော နာကျင်မှုကို ခံစားရဆဲဖြစ်သည်။
အကယ်၍ အစ်ကိုကြီးက တိထျန်း၏
မြင့်မြတ်သောစွမ်းရည်ကို အသက်သွင်းခဲ့လျှင် သူ့ရှေ့ကလူက အစ်ကိုကြီးမဟုတ်ကြောင်း စုမင် လက်ခံရလိမ့်မည်။ သို့သော် အစ်ကိုကြီးက မျိုးနွယ်စုကျင့်စဉ်များကိုသာ အကောင်အထည်ဖော်ခဲ့သောကြောင့် စုမင်မှာ တိုက်ခိုက်ရခက် ကျဉ်းထဲကျပ်ထဲရောက်သွားခဲ့ရသည်။
သူ့ သွေးသားရင်းအစ်ကိုလို သဘောထားရသော စီနီယာအစ်ကိုကြီးကို မတိုက်ခိုက်ရက်ပေ။
ထိုအချိန်တွင် စုမင်က ကြေကွဲစွာ ရယ်မောလိုက်ပြီး သွေးပင်လယ်က သူ့ပတ်ဝန်းကျင်တွင် လျင်မြန်စွာ ပေါ်လာသည်။
“အငယ်ဆုံးညီလေး.. လွန်ခဲ့တဲ့နှစ်အနည်းငယ်က မင်းဘယ်ကိုရောက်နေတာလဲ... ငါ့ကိုဘာလို့မပြောတာလဲ..”
ထိုသွေးအိုင်ပေါ်လာချိန်တွင် အစ်ကိုအကြီးဆုံး၏အသံက လေထဲတွင် တစ်ဖန် ပဲ့တင်ထပ်ပြန်သည်။စုမင်၏ ကြေကွဲစွာ ရယ်မောသံများကြားတွင် ဖော်မပြနိုင်သော ဝမ်းနည်းခြင်းများပြည့်နှက်လာသည်။
သူ့ခန္ဓာကိုယ်က ဝမ်းနည်းပူဆွေးမှုဒါဏ်ကို ခံရသောကြောင့် ရှောင်တိမ်းရန် မရွေးချယ်ခဲ့ပေ။ယင်းအစား အစ်ကိုကြီးကို
သူ့ကို ဝန်းရံခွင့်ပေးလိုက်သည်။ထို့နောက်
သွေးရွံ့အိုင်က သူ့အပေါ် လျင်မြန်စွာ စုရုံးလာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင်
လုံးဝဖုံးလွှမ်းသွားခဲ့သည်။
ထိုအခိုက်အတန့်၌ ကြောက်ခမန်းလိလိ ပေါက်ကွဲသံကြီးက အရပ်ရပ်သို့ပဲ့တင်ထပ်သွားသည်။ သွေးအိုင်က လူ့အသွင်သဏ္ဌာန်ကို ရရှိသွားပြီး စုမင်၏ခန္ဓာကိုယ်က မုန်တိုင်းထဲရှိကြိုးပြတ်နေသောစွန်ငယ်လေးပုံစံဖြစ်နေလေသည်။ သူ့ပါးစပ်မှ သွေးများအပြင် အခြားခန္ဓာကိုယ် အစိတ်အပိုင်းများပါ ထွက်ကျလာသည်။ စုမင်၏မျက်နှာ ဖြူဖျော့သွားသည် ။ စုမင်က ခြေလှမ်းထောင်ပေါင်းများစွာ နောက်သို့လွင့်စင်သွားလေသည်။သူ ကြေကွဲစွာ ပြုံးပြရင်း သူ့အကြီးဆုံး စီနီယာ အစ်ကိုကြီးဆီကို လှမ်းကြည့်လိုက်သည်။
သူ ဒဏ်ရာ ဆိုးဆိုးဝါးဝါးရရှိခဲ့သည်။ သို့သော် သူ့သူ့အစ်ကိုကြီး၏ စကားသံက
ပျံ့လွင့်လာပြန်သည်။
“အငယ်ဆုံးညီလေး... ဒီစွမ်းအားနဲ့ ဆရာကြီးနဲ့ မင်းရဲ့ဒုတိယအစ်ကိုကို ဘယ်လိုလုပ်ရှာနိုင်မှာလဲ..”
အစ်ကိုဖြစ်သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ စုမင်ရှေ့တွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
စုမင် သွေးချောင်းဆိုးပြီး နောက်တစ်ကြိမ် ပြန်ဆုတ်သွားပြန်သည်။ သူ့ခန္ဓာကိုယ်က ကြံ့ခိုင်မှုမရှိလျှင် သေဆုံးသွားတာ ကြာပြီဖြစ်သည်။ သူ့ခန္ဓာကိုယ်က ပြင်းထန်စွာ နာကျင်နေဆဲဖြစ်ပြီး နာကျင်မှုက ရပ်တန့်မသွားပေ။
စုမင်ကသူ့ပါးစပ်ထောင့်က သွေးတွေကို သုတ်လိုက်သည်။ ဝမ်းနည်းပူဆွေးမှုကြား၌ သူ့ခန္ဓာကိုယ်က ထုံသွားလေသည်။သူ့စိတ်ဝိညာဉ်ကို အထိနာစေခဲ့သည်။သူ့လက်ကို မြှောက်လိုက်ချိန်၌ နာကျင်မှုက ရောက်ရှိလာပြန်သည်။
“ငါတို့ အတူတူ အလုပ်လုပ်ပြီး စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုကို တိုက်ခိုက်တဲ့ အချိန်ကို မှတ်မိသေးလား...”
အစ်ကိုကြီး၏ အသံက လေထဲတွင် ပဲ့တင်ထပ်နေလေသည်။
စုမင်၏လက်က တုန်ခါသွားလေသည်။
“မင်း စစ်မြေပြင်ကို မသွားခင် ငါပေးခဲ့တဲ့ရှာမန်ဝိညာဥ် တွေကို မှတ်မိသေးလား..”
ထိုစကားများက စုမင်၏နားထဲသို့ ရောက်ရှိလာပြီး ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အသံတစ်ခု ချက်ချင်းထွက်ပေါ်လာသည်။
စုမင် လဲကျသွားပြန်သည်။ သူ့တစ်ကိုယ်လုံး သွေးအလိမ်းလိမ်း ဖြစ်နေသော်လည်း သူ့နှလုံးသား၏ နာကျင်မှု မမီပေ။ သူ့မျက်လုံးထဲရှိဝမ်းနည်းမှုကိုလည်း ဖုံးကွယ်ထား၍ မရပေ။
တိတ်ဆိတ်မှုများက စစ်မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။အင်မော်တယ်အားလုံးက ရှုပ်ထွေးသောအမူအရာနှင့်
တိုက်ပွဲကို ကြည့်နေကြသည်။ စုမင်၏
ပုံမှန်မဟုတ်သည့် အပြုအမူကို မြင်လိုက်ရပြီး စုမင်နှင့်ခေါင်းတလားထဲရှိလူကထူးခြားသော ဆက်ဆံရေးရှိကြောင်း ပြောနိုင်ခဲ့သည်။
“အစ်..ကို..ကြီး..”
ထိုအမည်မှာ စုမင်က ခေါင်းတလားထဲကလူကို ခေါ်ခြင်းဖြစ်ပြီး “အငယ်ဆုံးညီ လေး” ဟူသောအမည်မှာ စုမင်အခေါ်ခံရခြင်းဖြစ်သည်။ ထိုနာမည်များက သူတို့၏
ခန့်မှန်းချက်များ မှန်ကန်ကြောင်း သက်သေပင်ဖြစ်သည်။ထျန်းလန်းမုန့်က စုမင်၏အစ်ကိုကြီးအား မင်သက်စွာကြည့်ပြီးနောက် စုမင်ကိုကြည့်လိုက်သည်။ သူမ အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး သူမမျက်နှာပေါ်တွင် ပျက်ယွင်းနေသော အမူအရာတစ်ခု ပေါ်လာသည်။
သူမက အရှေ့မြေရိုင်းနယ်မြေကပ်ဘေးကြီး မတိုင်ခင် အင်မော်တယ်တစ်ယောက်ဖြစ်ရန် သင်ယူခဲ့သည်။ သူမက အင်မော်တယ်တစ်ယောက်ဖြစ်လာခြင်းအပေါ် လွန်စွာ ဂုဏ်ယူဝင့်ကြွားခဲ့သည်။
ထိုကြောင့် သူမက အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့သည်။သူမ၏ နှလုံးသားထဲတွင် ရှုပ်ထွေးမှုများနှင့် ရောထွေးနေသောခံစားချက်များကို မည်သူမျှ နားမလည်နိုင်ခဲ့ပေ။
ထို့နောက် သူမ၏ဖြစ်တည်မှုကို တဖြည်းဖြည်းလက်ခံလာသည်။ သူမစိတ်ကူးထဲရှိအင်မော်တယ်များနှင့် ယခုမြင်တွေ့နေရသောအင်မော်တယ်များက မိုးမြေကဲ့သို့ ကွာခြားလေသည်။
မာန်ကျင့်ကြံသူများသည်လည်း အချင်းချင်း တိုက်ခိုက်ကြပြီး ရက်စက်ကြမ်းကြုတ်သည်။ သို့သော် သူတို့က အင်မော်တယ်များနှင့်နှိုင်းယှဉ်ပါက သူတို့၏ရန်သူများကို အသုံးမချကြပေ။ ယခု တိထျန်းက စုမင်အစ်ကိုကြီးကို ထိန်းချုပ်ပြီး အသုံးချသောပုံစံမျိုး မလုပ်ကြပေ။
ဆရာတူညီအစ်ကိုများကြားက အသေခံတိုက်ပွဲပင်ဖြစ်သည်။ တိထျန်းက ထိုအချက်ကို ကြိုမြင်ပြီးသားဖြစ်ပြီး ထိုကဲ့သို့မဖြစ်ဖြစ်အောင် ပွဲတည်ပေးလိုက်ခြင်းဖြစ်သည်။
“အကြီးဆုံး အစ်ကိုကြီး...”
စုမင်က ခေါင်းကို မော့ပြီး ကောင်းကင်ဆီသို့ ကျယ်လောင်စွာ ဟိတ်းဟောက်လိုက်သည်။ အစ်ကိုကြီး၏ အသံက လွန်စွာ သနားစရာကောင်းသည်ဟု ထင်နေလေသည်။ အစ်ကိုကြီးက တိထျန်း၏မြင့်မြတ်သောဆန္ဒကို ဖျက်ဆီးနေသရွေ့ အသက်ရှင်ရန်အလားလာရှိမည်ဟု ယုံကြည်နေခဲ့သည်။
စုမင်က ထိုအတွေးကို ထပ်ခါထပ်ခါတွေးနေမိလေသည်။ ထို့နောက် ရှေ့သို့ လျင်မြန်သော ခြေလှမ်းလှမ်းလိုက်သည်။
သူ့ညာလက် ချိပ်တံဆိပ်တစ်ခုဖန်တီးလိုက်ရာ မာန်နတ်ဘုရားရုပ်တုပေါ်လာလေသည်။ ထို့နောက် သူ၏အကြီးဆုံး အစ်ကိုဖြစ်သူကို ပြင်းပြင်းထန်ထန် ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်သည်။
ယခုတစ်ခါတော့ အစ်ကိုအကြီးဆုံးက မရှောင်တိမ်းဘဲ ရပ်နေရန် ရွေးချယ်ခဲ့သည်။ ရုပ်တု၏ လက်နှစ်ဖက်က သူ့အပေါ်ကို နီးကပ်လာခဲ့သည်။
“အငယ်ဆုံးညီလေး.. ငါ့ကိုသတ်လိုက်..”
“ငါက မင်းရဲ့အကြီးဆုံး အစ်ကိုပဲ..”
“ညီလေး.. ငါက တိထျန်းရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာ.. ငါ သူ့ကို ခဏလောက် တွန်းလှန်နိုင်သေးတယ်... ငါ့ကို သတ်လိုက်.. ငါတို့ နောက်ဘဝမှာ မျိုးနွယ်တူ ညီအကိုတွေ လုပ်ရအောင်...”
အစ်ကိုကြီး၏ဝမ်းနည်းပူဆွေးသောအသံနှင့်အတူ စုမင်က ရုပ်တုကိုရပ်တန့်ပစ်လိုက်သည်။ စုမင်က သူ့ကိုယ်သူ ပြောနေခဲ့သောစကားများကို ချက်ချင်းနားလည်သွားခဲ့သည်။
“အငယ်ဆုံးညီလေး၊ ငါ့ကိုသတ်လိုက်...”
အကြီးဆုံးအစ်ကိုက ထိုစကားများပြော
ပြီး ရှေ့တစ်လှမ်းတိုးကာ စုမင်ကို ဝင့်ဆောင့်လိုက်သည်။ လေထဲရှိ ပေါက်ကွဲသံနှင့်အတူ စုမင်က နောက်သို့ ဒယီးဒယိုင်ဖြစ်သွားလေသည်။ သူ့မျက်နှာပေါ်တွင် ကြက်ခြေခတ် အရိပ်တစ်ခု ပေါ်လာသည်။
ထိုကြက်ခြေခတ်ပုံရိပ်က အစ်ကိုအကြီးဆုံး၏မျက်နှာပေါ်ရှိအမာရွတ်နှင့် အတူတူပင်ဖြစ်သည်။ စုမင်၏ မျက်နှာပေါ်တွင် ပေါ်လာပြီး သူ့အသားထဲသို့ နက်ရှိုင်းစွာ နစ်မြုပ်သွားသည်။ထိုစဥ် ပူလောင်ပုပ်စပ်နေသည့် ခံစားချက်တစ်ခု လျင်မြန်စွာ ထွက်ပေါ်လာသည်။
သို့သော် စုမင်က ထိုဝေဒနာကို လုံးဝမမှုပေ။ သူ့အစ်ကိုကြီး၏ အသက်မဲ့သောမျက်လုံးများနှင့် ထုံပေပေအမူအရာများကို တစ်ချက်ကြည့်လိုက်ပြီး သူ့မျက်လုံးများကို မှိတ်လိုက်သည်။
အချိန်အနည်းငယ်ကြာပြီးနောက် သူ့မျက်လုံးထဲတွင် ဝမ်းနည်းပူဆွေးမှုကို သူ့နှလုံးသား၏ နက်နဲသောနေရာတွင် ဖုံးကွယ်ထားခဲ့သည်။ သူ့ရှေ့တွင်ပေါ်လာသောအရာများက ရှုပ်ထွေးပွေလီသောခံစားချက်များအပြင် ဘဝအတွက်နားလည်မှုနှင့် နာကျင်မှုများဖြစ်သည်။
“အစ်ကိုကြီး..ကျုပ်အခုနားလည်ပြီ”
စုမင် ၏ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ် နာကျင်ဝမ်းနည်းနေပြီး သူ၏ညာဖက်လက်ကို မြှောက်လိုက်သည်။ ထို့နောက် ကောင်းကင်ဆီသို့ ချိန်ရွယ်လိုက်သည်။
“မာန်စိတ်ဝိညာဉ်နယ်ပယ်နှောင့်ပိုင်းအဆင့်... အသက်သွင်းလော့..”
ထိုအချိန်တွင် သူ့နှလုံးသားထဲရှိ အဆုံးမဲ့ စိတ်ဓာတ်ကျခြင်းကို တွန်းထုတ်လိုက်သည်။ စုမင်၏အသံက ဟိန်းဟောက်သံများမှ အက်ကွဲနေသောအသံအဖြစ် ပြောင်းလဲသွားသည်။