← Chapters

မာန်စိတ်ဝ်ညာဉ်နှောင်းပိုင်းနယ်ပယ်

Vol. 49 Ch. 673

မာန်စိတ်ဝ်ညာဉ်နှောင်းပိုင်းနယ်ပယ်

Vol. 49 Ch. 673

စုမင်က ရုပ်တုသုံးခု၏အလယ်တည့်တည့် ဟင်းလင်းပြင်တွင် ရပ်နေလေသည်။သူက ကောင်းကင်ကို မော့ကြည့်လိုက်ပြီး သူ့ကိုယ်သူ နတ်ဘုရားတစ်ပါးကဲ့သို့ ခံစားလိုက်ရသည်။ သူ့ဘေးနားတွင် သက်တံ့များက ရောင်စုံတောက်ပနေလေသည်။

ကောင်းကင်ရှိတွန့်လိမ်ပုံပျက်မှု၊ဆန်းကြယ်မှုများက စုမင်၏ နောက်ခံမြင်ကွင်း ဖြစ်လာသည်။ စုမင်ကို လောကကြီး၏ ဗဟိုချက်မအဖြစ် ထင်ဟပ်လာစေသည်။

မာန်ရုပ်တုသုံးခုက ဒူးထောက်ပြီး အရိုအသေပေးစဉ် စုမင်၏ချီစွမ်းအားများကပေါက်ကွဲသံနှင့်အတူ ထွက်ပေါ်လာသည်။ မမြင်နိုင်သောလေစွမ်းအားက သူ့ကို ဝန်းရံထားပြီး သူ့ဆံပင်များ၊ ဝတ်ရုံများက လေတိုက်ခတ်ခြင်းမရှိဘဲ တဖျပ်ဖျပ်လွင့်နေလေသည်။ထိုခဏ၌ပင် သူ၏ကနဦးကျင့်ကြံစွမ်းအားက ဗုန်းခနဲပေါက်ကွဲထွက်လာသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် စုမင်၏စွမ်းအားများက မာန်စိတ်ဝိညာဉ်အလယ်လတ်အဆင့်ရောက်သည့်အထိ မြင့်တက်လာခဲ့သည်။ သူက နှောင်းပိုင်းအဆင့်ရောက်ရန် ခြေတစ်လှမ်းသာလိုပြီး

ရှေ့တစ်လှမ်းတိုးလိုက်လျှင် ထိုအဆင့်သို့ ရောက်နိုင်သည်ဟု ခံစားရသည်။

သို့ပေမဲ့ ထိုခြေလှမ်း၏တစ်ဝက်ကိုပင် လှန်းရန် မလွယ်ကူပေ။ စုမင်၏ချီနှင့်ကနဦးကျင့်ကြံစွမ်းအားက အဆမတန် တိုးလာပြီး မာန်စိတ်ဝိညာဉ်အလယ်လတ်နယ်ပယ်၏အထွတ်အထိပ်သို့ ရောက်ရှိနေပါသည်။ အမှန်တကယ်တော့ မာန်စိတ်ဝိညာဉ်နှောင်းပိုင်းအဆင့် ကျင့်ကြံသူဖြစ်ရန် ခက်ခဲလေသည်။

ထိုအဆင့်နှစ်ခုကြားတွင် ကြားခံတစ်ခုရှိနေသကဲ့သို့ ဖြတ်ကျော်ရန် အတော်အားထုတ်ရလိမ့်မည်။

စုမင်၏ အမှတ်ရစရာများအတွင်းမှ ချိပ်တံဆိပ်က အများအားဖြင့် ကျိုးပဲ့သွားခဲ့သည်။ သူ၏ကနဦးကျင့်ကြံစွမ်းအားက

ပေါက်ကွဲသွားပြီး ထက်မြိသောဓါးနှင့်အချက်ပေါင်းများစွာ ထိုးခံရသကဲ့သို့ ခံစားနေရလေသည်။ ထိုနာကျင်မှုက သူ့ခေါင်းထဲမှာ ကျန်နေပြီး ချိပ်တံဆိပ်က ပိုပို၍ အက်ကွဲသွားပြီး အားကောင်းလာလေသည်။

သို့သော် စုမင်က သူ့အပေါ် အတိုင်းအတာတစ်ခုအထိ သက် ရောက်နေသည့် စွမ်းအားလှိုင်းကို အမြဲခံစားခဲ့ရသည်။ ထိုစွမ်းအားက သူ့ခေါင်းထဲရှိ ချိပ်တံဆိပ်ကို မကျိုးပျက်အောင် တားဆီးထားသည်။ ထိုစွမ်းအားက စုမင်၏ခေါင်းထဲရှိတံဆိပ်ကို လုံးဝချိုးဖျက်ခွင့်မပြုသလို ထိုတံဆိပ်ကို ပုံမှန်အတိုင်းပြန်ဖြစ်အောင် လုပ်ဆောင်နေလေသည်။

ထို့အပြင် ၎င်းက စုမင် မာန်စိတ်ဝိညာဉ်နယ်ပယ်နှောင်းပိုင်းအဆင့်သို့တက်လှမ်းရန် တားဆီးထားသော အလွှာတစ်ခုဖြစ်သည်။

စုမင်၏ မျက်လုံးများတွင် အေးစက်နေသော အလင်းတန်းတစ်ခု ပေါ်လာသည်။ သူ့ ညာလက်ကို မြှောက်ပြီး ကောင်းကင်သို့ လွှဲယမ်းပစ်လိုက်သည်။ လောကကြီးက ချက်ချင်းပင်တုန်လှုပ်သွားပြီး မာန်မီးစွမ်းအား၊ လျှပ်စီးစွမ်းအားနှင့်လေစွမ်းအားရုပ်တုများက ‌၎င်းတို့၏လက်များကို မြှောက်လိုက်သည်။ ၎င်းတို့က ဒူးထောက်ရာမှ ထလာပြီး စုမင်အထက်ကောင်းကင်၌ စုဝေး ပေါင်းစည်းလာသည်။

ပေါင်းစပ်မှုမှ ထွက်ပေါ်လာသော စွမ်းအားနှင့် သူ့ဆီသို့ အရပ်ရပ်မှ တိုးလာနေသော လောကကြီး၏ စွမ်းအားဖြင့် စုမင်က မာန်စိတ်ဝိညာဉ်နှောင်းပိုင်းနယ်ပယ်သို့ ထပ်မံ တက်လှမ်းခဲ့သည်။ ထိုတက်လှမ်းမှုက ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး စုမင်၏ နှလုံးသားနှင့် နှလုံးသားကို တုန်လှုပ်စေခဲ့သည်.။ သို့သော် သူ အနည်းငယ် အားနည်းနေဆဲဖြစ်ပြီး ထိုအလွှာကို မချိုးနိုင်သေးပေ။

“လေ.. မိုး၊ မိုးကြိုး၊ လျှပ်စီး..

ဒါတွေကဖုံးကွယ်နဂါးဂိုဏ်းထဲက သက်ေတလေးခုပဲ..အဲ့ဒီ့ထဲမှ မိုးကြိုးနဲ့လျှပ်စီးကို မာန်လျှပ်စီးနဲ့‌လေစွမ်းအားရုပ်တုထဲ ပေါင်းစပ်လိုက်မယ်...ဒါဆို .” မိုး” မှော်သက်ေတပဲ ကျန်တော့တယ်..ပြီးတော့ ငါ့ရဲ့စိတ်ဆန္ဒနဲ့ကောင်းကင်က မိုးသားတွေကို စုစည်းပြီး ငါ့ရဲ့ကိုယ်ပိုင်မှော်သက်ေတလုပ်ပစ်မယ်..ပြီးမှ ငါ့ရဲ့မာန်နတ်ဘုရားရုပ်တုထဲ ပေါင်းစပ်လိုက်မယ်..”

စုမင်၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။ သူ့ လက်ကိုမြှောက်ပြီး ချိပ်တံဆိပ်ဖန်တီးသောအခါ သူ့လက်များကို ဖြန့်လိုက်သည်။ ကောင်းကင်တွင် လျှပ်စီးတဝင်းဝင်းဖြစ်လာပြီး မိုးခြိမ်းသံများ ကြားရလေသည်။ မိုးသားများ တလိမ့်လိမ့်တက်လာကာ ‌တဝေါဝေါရွာချလေသည်။ တစ်ပြည်လုံးတွင် မိုး တဝုန်းဝုန်းရွာလေ၏။

အရှေ့မြေရိုင်းနယ်မြေ၊ မရဏပင်လယ်နှင့် မာန်ပြည်ထောင်တစ်ခုလုံးတွင် မိုးသည်းစွာ ရွာသွန်းခဲ့သည်။

ကောင်းကင်မှ မရပ်မနား ဆက်လက်ရွာသွန်းနေချိန်တွင် အဆုံးမဲ့ မိုးစက်များက စုမင်ရှေ့တွင် အလွန်ကြီးမားသော သင်္ကေတတစ်ခုအဖြစ် စုရုံးလာခဲ့သည်။ ထိုသင်္ကေတက အလင်းရောင်ဖြင့် ထွန်းလင်းနေပြီး ရုပ်တုသုံးခု ပေါင်းစပ်ထားသည့်နေရာဆီသို့ ဦးတည်သွားခဲ့သည်။

စုမင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော စွမ်းအားက ပို၍ အားကောင်းလာသော်လည်း နှောင်းပိုင်းနယ်ပယ်သို့ ချက်ချင်း တက်လှမ်းရန် မကြိုးစားခဲ့ပေ။ ယင်းအစား သူ၏တောက်ပသောမျက်လုံးဖြင့် ယင်မရဏနယ်မြေကိုထိုးဖောက်ဝင်ရောက်ကာ ပြင်ပ‌ကမ္ဘာရှိ စွမ်းအားလှိုင်းအရင်းအမြစ်ကို လှမ်းကြည့်လိုက်လေသည်။

“မဒမ်ကျီရဲ့ လက်စွပ်နဲ့ဖယောင်းနဂါးရဲ့မျက်လုံးထဲကကျိန်စာကို ငါ နားလည်ခဲ့ပြီးပြီ.. မသေနိုင်တဲ့ မပျက်စီးနိုင်တဲ့ထာဝရလောကထဲက ပြန်လည်မွေးဖွားခြင်းတွေက ငါ့ရဲ့စိတ်ဝိညာဉ်ကို မဖျက်စီး၊ မပျောက်ပျက်နိုင်ခဲ့ဘူး...”

“ ရုပ်ဆိုးလေးရဲ့ဖေဖေနဲ့ သူ့လက်ထဲက ကျစ်ထုံးအရုပ်ကြောင့် အရာအားလုံးကို..နားလည်ခဲ့တယ်..”

‘ဒီနေ့..ငါ့ရဲ့ မာန်နတ်ဘုရားရုပ်တုမှာ ကျိန်စာတွေကို ပေါင်းစပ်ပြီး ငါ့ရဲ့အမှတ်တရတွေကို တံဆိပ်ခတ်ဖို့ ကြိုးစားနေသူကို ငါ့ကျိန်စာအရသာ ခံစားစေရမယ်...”

စုမင်၏ မျက်လုံးများတွင် အမှောင်အလင်းတန်း ပေါ်လာပြီး သူ့ဘယ်ဘက်လက်ကို မြှောက်လိုက်သည်။ သူ့လက်ချောင်းများမှ အနက် ရောင်မြူခိုးများ ချက်ချင်း ထွက်ပေါ်လာသည်။ ထို့နောက် မြူခိုးများဝိုင်းရံနေသော အရုပ်လေးတစ်ရုပ်အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။ ထိုအရုပ်က ပုံရိပ်ယောင်တစ်ခုဖြစ်ခဲ့သည်။ ၎င်းကို ကောက်ရိုးဖြင့် ပြုလုပ်ထားပုံရပြီး ၎င်း၏အသွင်အပြင်များကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ ၎င်းမှထွက်ပေါ်လာသောအရှိန်အဝါက မယုံနိုင်လောက်အောင် ကြက်သီးထဖွယ်ဖြစ်သည်။

မြူခိုးနက်အရုပ်က ဝိညာဉ်တစ်ခုကို ပိုင်ဆိုင်ထားသကဲ့သို့ ကောင်းကင်ဆီ စူးစူးဝါးဝါးဟိန်းဟောက်သံကို ထုတ်လွှတ်လိုက်သည်။၎င်းက စုမင်၏ ခေါင်းထက်တွင် ပေါင်းစပ်ထားသည့် ရုပ်တုသုံးခုကို အရှိန်တင်လိုက်သည်။ ထိုပုံရိပ်များက တစ်ထပ်တည်းကျသွားပြီး ပေါင်းစပ်ထွက်ပေါ်လာလေသည်။

ထိုအချိန်တွင် စုမင်၏ချီနှင့်ကနဦးကျင့်ကြံစွမ်းအားက အထွတ်အထိပ်သို့ရောက်ရှိသွားခဲ့သည်။ ထိုစွမ်းအားက မီးစွမ်းအား၊ လျှပ်စီးစွမ်းအားနှင့် လေစွမ်းအားရုပ်တုများ၊ “မိုး” မှော်သက်ေတနှင့်ကျိန်စာတို့၏ပေါင်းစပ်မှုဖြစ်သည်။ ထို့နောက် ကောင်းကင်ရှိသက်တံ့များက ပျက်ပြယ်လာပြီး စုမင်ဆီသို့ အရှိန်တင်နေသော အဆုံးမဲ့သလင်းကျောက်များအဖြစ် ပြောင်းလဲသွားလေသည်။

ကျယ်လောင်သော ပေါက်ကွဲသံကြီးက လောကကြီး၏အသံမျိုးစုံကို ဖုံးလွှမ်းသွားရုံသာမက အင်မော်တယ်များကို သတိလက်လွတ် အယောင်ယောင်အမှားမှားဖြစ်စေလေသည်။

နတ်ဘုရားရုပ်တုသုံးခုကို တစ်ခုတည်း ပေါင်းစည်းသွားစေသည်။

ကျိန်စာက “မိုး” မှော်သင်္ကေတနှင့် ပေါင်းစပ်ကာ ရုပ်တုသုံးခုနှင့် ဆက်နွယ်သွားခဲ့သည်။ သူတို့ကြားကကွာဟချက်မရှိတော့ဘဲ ကြီးမားသော ခန္ဓာကိုယ်ကြီးတစ်ခု ပေါ်လာလေသည်။

၎င်းသည် ခန္ဓာကိုယ်တစ်ခုမျှသာဖြစ်သော်လည်း အတွင်းမှထွက်လာသောဖိအားသည် ကောင်းကင်နှင့်မြေကြီးကို လှုပ်ခါသွားစေလောက်အောင် ပြင်းထန်သည်။ စုမင်က သူ့လက်မောင်းကို လှုပ်ယမ်းလိုက်ပြီး ထိုကိုယ်ထည်က ချက်ချင်းပင် ပေါက်ကွဲသံနှင့်အတူ အက်ကွဲသွားသည်။ ထိုအပိုင်းအစများက စုမင်ထံသို့ တစ်ရှိန်ထိုး ဦးတည်လာလေသည်။

၎င်းတို့ကို စုမင်ခန္ဓာကိုယ်ထဲ ဝင်ရောက်စေပြီးနောက် စုမင်က လောကကြီးကို တုန်လှုပ်သွားစေသည့် ရှည်လျားသော ဟိန်းဟောက်သံကြီးကို ထုတ်လွှတ်လိုက်သည်။

သူ၏ဟိန်း ဟောက်သံက ကောင်းကင်ဘုံကိုးခုကိုပါ တဟုန်ထိုး တုန်ခါသွားစေသည်။ ထိုအချိန်တွင် သူ၏ကနဦးကျင့်ကြံစွမ်းအားက ပေါက်ကွဲသွားကာ မာန်စိတ်ဝိညာဉ်နယ်ပယ်အလယ်လတ်အဆင့်ကို ချိုးဖြတ်နေလေသည်။

“မာန်စိတ်ဝိညာဉ်နယ်ပယ်နှောင်းပိုင်းအဆင့်....”

လောကတစ်ခွင်တွင် မာန်စိတ်ဝိညာဉ်နယ်ပယ်နှောင်းပိုင်းအဆင့်ကို ရှိသူများက

နယ်ပယ်အောင်မြင်စွာပြီးမြောက်သူထက် အရေအတွက် များပြားလေသည်။ သူတို့က မည်သည့်ဒေသတွင်နေထိုင်ပါစေ ၊ အင်အားအကြီးဆုံးထဲတွင်ပါဝင်သည်ဟု သတ်မှတ်နိုင်သည်။ နယ်ပယ်အောင်မြင်စွာပြီးမြောက်သူများပင် ၎င်းတို့ကို ရန်သွားမစရဲပေ။

ထိုအဆင့်ရောက်သူအားလုံးက အားနည်းသူများ မဟုတ်တော့ပေ။သို့သော် သူတို့က စုမင်ကဲ့သို့ စစ်မှန်သောမာန်ကျင့်ကြံသူနှင့် တွေ့ဆုံခဲ့တာမျိုးမဟုတ်လျှင် တစ်လောကလုံး၏အထက်မှာ မော်ကြွားစွာနေနိုင်သည်။

စုမင်က မာန်စိတ်ဝိညာဉ်နယ်ပယ်နှောင်းပိုင်းသို့ ရောက်ခါနီးတွင့် ချိပ်တံဆိပ်ကိုတည်မြဲစေသည့် ပြင်ပစွမ်းအားနှင့်တိုက်ရိုက် တွေ့ဆုံခဲ့ရသည်။သူ့စွမ်းအားက ချိပ်တံဆိပ်၏ အစိတ်အပိုင်း အများအပြားကို ကွဲအက်သွားစေခဲ့သည်။

စုမင်က ထိုပြင်ပစွမ်းအားကို ပြန်လည်ခုခံရင်း သူ့ခေါင်းထဲတွင် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ သူ့အား ထိန်းထားနိုင်သော ထိုစွမ်းအား အားကောင်းလာသည်ကို ချက်ချင်း ခံစားလိုက်ရသော်လည်း ၎င်းသည် ယခင်ကလောက် မသန့်စင်တော့ပေ။ စွမ်းအားပိုကောင်းလာပြီး အရှိန်အဝါက မွဲထိုင်းနေလေသည်။

ထို့ပြင် သူ့ထံ သက်ရောက်လာသောပြင်ပစွမ်းအားကိုပေးပို့သူ၏လျို့ဝှက်လမ်းကြောင်းကို တွေ့ရှိခဲ့သည်။

ထိုလမ်းကို သူ၏စိတ်ဝိညာဉ်တွင် ထွင်းထုထားပုံရပြီး လျှို့ဝှက်ပုံရိပ်အဖြစ် ပြောင်းလဲသွားပုံရသည်။ အစက်ခြောက်စက်ကို ချိတ်ဆက်ပြီး

ထိုပုံရိပ်အား ပုံဖော်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ၎င်းတို့ရေးဆွဲထားသည့်အထဲတွင် ချိပ်တံဆိပ်တစ်ခုလည်း ပါရှိသည်။

စုမင်က သူ့ခေါင်းထဲက အစက် ခြောက်စက်နှင့် ဖွဲ့စည်းထားသော လမ်းကြောင်းကို ပထမဆုံးမြင်ဖူးခြင်းပင်ဖြစ်သည်။

သူက အေးစက်သောအသံတစ်ခုကို ထုတ်လွှတ်လိုက်ပြီး သူ့အပေါ် ကျရောက်လာသော ဖိနှိပ်မှု၏ စွမ်းအားကို ဂရုမစိုက်ပေ။ ယင်းအစား သူက လမ်းကြောင်း၏အသွားပလာကို ဆက်လေ့လာချင်ခဲ့သည်။သူ့နတ်ဘုရားအာရုံက အစက်ခြောက်စက်ဖြင့်ဖွဲ့စည်းထားသော ပုံရိပ်ထဲသို့ ချက်ချင်း ပေါင်းစပ်သွားသည်။ အခြားအချိန်အတိုင်းအတာနယ်ပယ်ကနေ သူ့ကိုထိန်းချုပ်နေသည့်လူကို သိချင်ခဲ့မိသည်။

စုမင်၏နတ်ဘုရားအာရုံက ဆက်နေသော အစက်ခြောက်စက်ကို ထိတွေ့မိသော် သူ့ခေါင်းထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ သူ့အသိစိတ်က ချက်ချင်း တိမ်မြုပ်သွားခဲ့သည်။ အဆုံးမဲ့ မရဏ မြူခိုးများက သူ့ဆီသို့ တဟုန်ထိုး ပျံ့လွင့်လာတာကို ယောင်ဝါးဝါး မြင်လိုက်ရသည်။ သူက ဟင်းလင်းပြင်ဆီသို့ဦးတည်ရင်း အပ်ချည်ကြိုးပေါ် လမ်းလျှောက်နေသလို ခံစားရလေသည်။

အချိန် မည်မျှကုန်‌ဆုံးခဲ့ကြောင်း သူမသိတော့ပေ။ သူ့ပတ်ဝန်းကျင်ရှိနေရာက မြူခိုးကင်းစင်သွားသောအခါတောက်ပသော နဂါးငွေ့တန်း နှင့် သူ့အောက်ရှိ ယင်မရဏ နယ်မြေ ဖြစ်သည့် ဝဲဂယက်ကို တစ်ဖန် မြင်လိုက်ရသည်။

ထိုဝဲဂယက်ပတ်ပတ်လည်တွင် ဧရာမဂြိုလ်ကိုးလုံးကိုလည်း သူတွေ့ခဲ့သည်။

ထို့ပြင်နဂါး‌ ငွေ့တန်းမှ လေထဲသို့ ဆန့်ထွက်လာသော သေးငယ်သောချည်မျှင်တစ်ခုကိုလည်း သူမြင်နိုင်ပြီး သူ၏အသိစိတ်က ထိုချည်မျှင်မှတဆင့် ဝဲဂယက်ထဲမှ ထွက်လာသည်။

စုမင်၏အသိစိတ်က ထိုချည်မျှင်ဆီသို့ လျင်မြန်စွာ ရွေ့လျားသွားသည်။သို့သော်လည်း ၎င်းကို သူ့အသိစိတ်အစား သူ့စိတ်ဆန္ဒ ကြိုးမျှင်ဟု ခေါ်ခြင်းသည် ပိုမှန်ပေမည်။ သူက တိထျန်း၏အလိုဆန္ဒကို သူ့မျက်စိဖြင့် မြင်ချင်သည်။ ၎င်းက တိထျန်း၏တကယ့်ခန္ဓာကိုယ်မှ ထွက်လာပြီး သူ့ကိုဖိနှိပ်ချုပ်ချယ်နေသည်ဟု ယုံကြည်ခဲ့သည်။

သူ့ကိုယ်က ပျံ့လွင့်နေသော ခံစားချက်သက တခဏမျှသာ ကုန်ဆုံးသွားသော်လည်း နှစ်ပေါင်းများစွာ ကြာသွားသလို ခံစားလိုက်ရသည်။ စုမင်က အချိန်မည်မျှကြာသွားသည်ကို သတိမထားမိပေ။ သူ၏ဆန္ဒက တဖြည်းဖြည်း အားနည်းလာပြီး ပျောက်ကွယ်လုနီးပါး ဖြစ်ရခြင်း၏ နောက်ကွယ်က အကြောင်းအရင်းမှာ သူ၏ စွမ်းအား မလုံလောက်သေးသောကြောင့် ဖြစ်သည်။

စိတ်ဆန္ဒပျက်ပြယ်တော့မည့်အချိန်၌ စုမင်က နဂါးငွေ့တန်းအတွင်း မရေမတွက်နိုင်သော လွင့်မျောနေသော တိုက်ကြီးများကို မြင်လိုက်ရသည်။ ထိုတိုက်ကြီးများတွင် ယဇ်ပလ္လင်များစွာရှိသည်။

ထိုနေရာကို ယခင်က မြင်ဖူးလေသည်။အတိအကျပြောရလျှင် စစ်မာရှင်း ကွယ်လွန်ချိန်တွင် ဖြစ်သည်။

သူ့စိတ်ဆန္ဒကြိုးမျှင်ရှိရာကို လိုက်သွားသော် နဂါးငွေ့တန်း၏ အဆုံးမဲ့ တိုက်ကြီးများရှိရာသို့ ရောက်ရှိသွားသည်။ ထို့ပြင် တိထျန်းကလည်း သူ့စွမ်းရည်ကို ထိုလမ်းကြောင်းမှတစ်ဆင့် အကောင်အထည်ဖော်ပြီး စုမင် ချိပ်တံဆိပ်မချိုးဖျက်နိုင်အောင် ပိတ်ပင်ထားလေသည်။

စုမင်၏ မျက်လုံးများ ပွင့်လာသည်။ သူက ကောင်းကင်တွင် ရပ်နေပြီး၊ သူ့ပတ်ဝန်းကျင်တွင် မရေမတွက်နိုင်သော အကြည့်များက သူ့ဆီကို စုစည်းထားသည်။ သူ့စိတ်ဆန္ဒဖြင့် ခရီးရှည်ကြီးကို လျှောက်လှမ်းနေပုံရသော်လည်း လက်တွေ့တွင်မူ ခဏတာမျှသာ ကြာမြင့်ခဲ့သည်။

ထိုအချိန်တွင် စုမင်၏ကနဦးကျင့်ကြံမှု ပေါက်ကွဲသွားပြီး ‌မာန်စိတ်ဝိညာဉ်နှောင်းပိုင်းနယ်ပယ်သို့ စတင်ဝင်ရောက်လေသည်။ လောကကြီးက တစ်ဟုန်ထိုး ပဲ့တင်ထပ်သွားလေသည်။ အဆုံးမဲ့ဆန်းကြယ်မှုများတွင် ‌ကောင်းကင်ပြင်ကျယ်ကြီးသည် ချက်ချင်းပင် ကွဲအက်သွားပြီး ဧရာမခန္ဓာကိုယ်ကြီး ပေါက်ကွဲသံနှင့်အတူ ကျဆင်းလာသည်။

ထိုကိုယ်ထည်၌ ခြေလက်မရှိ၊ ဦးခေါင်းမရှိပေ။ သို့သော် ဆင်းသက်လာချိန်တွင်

စုမင်မာန်နတ်ဘုရားရုပ်တုရှိလက်များက ချက်ချင်းထင်ရှားလာပြီး အံဝင်ခွင်ကျရှိသောနေရာများတွင် ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားလေသည်။ ထို့နောက် လူများရှေ့တွင် ပေါ်လာသည့်အရာမှာ ဦးခေါင်းနှင့် ခြေထောက်များမပါသော ကြီးမားသောရုပ်တုတစ်ခုဖြစ်သည်။

ရုပ်တုမှ ပြန့်ကျဲနေသော ကြီးကျယ်ခမ်းနားသော တည်ရှိနေမှုကို ထိန်းထားရန် လုံးဝမကြိုးစားခဲ့ပေ။

“မာန်စိတ်ဝိညာဉ်နယ်ပယ်နှောင်းပိုင်းအဆင့်..”

စုမင် ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ရုပ်တုရှေ့တွင် ရပ်လိုက်သည်။ သူက ကောင်းကင်မှ အကြည့်ကို လွှဲလိုက်ပြီး အဝေးရှိ သူ့အကြီးဆုံး အစ်ကိုကြီးဆီသို့ လှမ်းကြည့်လိုက်သည်။

ခက်ထန်နေသော သူ့အစ်ကိုကြီးကလည်း စုမင်ဘက်ကို လှည့်ကြည့်လိုက်သည်။

ခဏတာ တိတ်ဆိတ်သွားပြီးနောက် စုမင်ပတ်ဝန်းကျင်က ဖိအားများ လျော့ပါးလာသောအခါတွင် အစ်ကိုကြီး၏ နှုတ်ဖျားမှ သားရဲတစ်ကောင်ကဲ့သို့ စူးစူးဝါးဝါးအော်ဟစ်သံကြီး ထွက်ပေါ်လာလေသည်။

All Chapters