← Chapters

တိုက်ပွဲ

Vol. 49 Ch. 674

တိုက်ပွဲ

Vol. 49 Ch. 674

“ဒီတိုက်ပွဲကို ရှောင်လွှဲလို့ မရဘူး”

“ဒီတိုက်ပွဲကို တိုက်ကိုတိုက်ရမှာ..”

ယခုတိုက်ပွဲကို ရှာမန်၏ယဇ်ပူဇော်မှုအဖြစ်လူသိများခဲ့သည်။

စုမင်၏အစ်ကိုကြီး ဟိန်းဟောက်သည်နှင့် သူ့အမူအရာမှာ မယုံနိုင်လောက်အောင် ရက်စက်ကြမ်းကြုတ်ဟန်ပေါ်လာသည်။ သူ့ဘယ်ဘက်လက်ကို မြှောက်လိုက်ပြီး လေထုကို ဆုပ်ကိုင်လိုက်သည်။ အလွန်ကြီးမားသော စစ်ပွဲတီးစည်တော်ကြီးကို သူ့ရှေ့ရှိ ဟင်းလင်းပြင်မှ ချက်ချင်း ဆွဲထုတ်လိုက်သည်။

ထိုစည်တော်ကြီးက ပေတစ်ရာမြင့်ပြီး နီညိုရောင်ရှိသည်။ ခေတ်အစဥ်ဆက်တစ်လျှောက်လုံး မရေမတွက်နိုင်သော လူ့အသက်သွေးများဖြင့် ဆေးခြယ်ထားသကဲ့သို့ ဖြစ်နေသည်။ သူ့ပတ်ဝန်းကျင်မှာ အာဃာတဝိညာဉ်အများအပြားရှိနေလေသည်။ ထိုဝိညာဉ်များထံမှ ဆွဲဆွဲငင်ငင် အော်ဟစ်သံများ ထွက်ပေါ်လာသည်။

အစ်ကိုကြီးဖြစ်သူက စည်တော်ကြီးဘေးတွင် ဝမ်းနည်းစွာ ရပ်နေပြီး သူ့ညာဘက် နေရာယူထားသောချိတ်ကောက်ဖြင့် တီးလိုက်သည်။ စည်တော်ကြီး၏တုန်ခါမှုက မြင်သူတိုင်းကို ကြက်သီးထဖွယ်ဖြစ်စေကာ ပဲ့တင်သံများ နေရာအနှံ့ ပျံ့နှံ့သွားစေခဲ့သည်။

ကောင်းကင်ယံ၌ လှိုင်းဂယက် အထပ်ထပ်ပင် ထသွားစေသည်။ ထိုစည်တော်က သာမန်မဟုတ်ပေ။ ၎င်းက နိုင်းလီရှာမန်မျိုးနွယ်စု၏ နိုင်းလီစစ်ပွဲတီး စည်တော်ကြီးပင်ဖြစ်သည်။ စည်တီးလိုက်သည်နှင့် ရန်သူများကို သေးထွက်မတက် ကြောက်လန့်သွားစေသည်။ တီးခတ်သူ၏သွေးများ ပွက်ပွက်ဆူလာသည်ကို ခံစားရလာသည်။၎င်းတို့၏ ကနဦးကျင့်ကြံမှုက မီးလောင်သွားသလိုပင် ပေါက်ကွဲထွက်လာသည်။

အစ်ကိုကြီး၏မျက်နှာက စည်တော်သံကြောင့် ချက်ချင်းနီမြန်းလာသည်။ သူ့မျက်လုံးများက အသက်ကင်းမဲ့နေသော်လည်း အသိဉာဏ်မရှိသော သားရဲတစ်ကောင်လို လင်းလက်တောက်ပနေလေသည်။ အစ်ကိုကြီးက ချက်ချင်းပင် ပါးစပ်ကိုဖွင့်ကာ စုမင်ဆီသို့ လှမ်းဟိန်း ဟောက်လိုက်သည်။

သူ့‌နောက်တွင် အဆုံးမရှိသော အာဃာတဝိညာဉ်များက လှည့်ပတ်နေလေသည်။ ထိုသရဲတစ္ဆေများက နိုင်းလီစည်တော်ကြီးမှ ဆင်းသက်လာပြီး အူသံများ ထုတ်လွှတ်နေလေသည်။ သူတို့က လူတို့၏အသွေးအသားများကို

စားသုံးပြီးမှသာ ငြိမ်သက်သွားမည်ဖြစ်သည်။

အစ်ကိုကြီးက ထိတ်လန့်ဖွယ်အရှိန်နှင့် ပြေးသွားလေသည်။စုမင်က နေရာတွင် ရပ်ပြီး လက်ကို တိတ်တဆိတ် မြှောက်ကာ ရှေ့သို့ချိန်ရွယ်လိုက်သည်။ သူ့နောက်မှ မာန်နတ်ဘုရားရုပ်တုကြီး ချက်ချင်းပေါ်လာလေသည်။ရုပ်တုကြီးက လျှပ်စီး နှင့် မိုးကြိုးကို ကိုယ်စားပြုသည့် ဘယ်လက်ကို မြှောက်လိုက်ပြီး ရှေ့သို့ လက်သီးပစ်လွှတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် စုမင်က ကံကြမ္မာကိုကိုယ်စားပြုသော ညာလက်မောင်းကို မြှောက်ကာ အစ်ကိုကြီး၏ဘက်သို့ လွှဲယမ်းလိုက်သည်။ ခန္ဓာကိုယ်တစ်ခုနှင့်ချိတ်ဆက်လိုက်ခြင်းကြောင့် လက်နှစ်ဖက်က ပိုမိုသွက်လက်လာရုံသာမက ပို၍အားကောင်းလာသည်။

ပေါက်ကွဲသံက လေထဲတွင် ပဲ့တင်ထပ်ကာ မာန်ဘုရားရုပ်တု၏နောက်ရှိ စုမင်က မျက်လုံးမှိတ်ထားသည်။ ထို့နောက် ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုဖန်တီးပြီး

ရှေ့သို့ လက်သီးပစ်လွှတ်လိုက်သည်။

ထိုစဉ် စုမင်၏ရုပ်တုက သူ့လက်သီးနှင့် အစ်ကိုကြီးကြား နေရာလွတ်တွင် ရှိနေခဲ့သည်။ ထို့နောက် သူ့လက်သီးက အစ်ကိုကြီး၏မြင့်မြတ်သောစွမ်းရည်နှင့် ထိပ်တိုက်တွေ့ပြီးနောက် သူ့ရုပ်တုက သူ့ကိုကျော်ဖြတ်ကာ နောက်သို့ လွင့်စင်သွားလေသည်။

အစ်ကိုကြီးက စစ်ပွဲတီး

စည် တော်ကြီးဘေးနား ရောက်သည့်အထိ နောက်ပြန်ဆုတ်သွားလေသည်။ ကြက်သွေးရောင်အလင်းတန်းက သူ့မျက်လုံးထဲတွင် တဖြည်းဖြည်း ပေါ်လာသည်။ ၎င်းတို့က မွဲတေပြီး အသက်မဲ့နေသေးသော်လည်း သူ့မျက်လုံးများတွင် ကြက်သွေးရောင်အရိပ်က နေရာယူထားလေသည်။ ထို့နောက် အစ်ကိုကြီးက သူ၏ညာလက်မှ ချိတ်ကောက်ဖြင့် နောက်တစ်ကြိမ် တီးခတ်လိုက်သည်။

ယခုတစ်ခါတော့ သုံးချက်တီးခတ်လိုက်သည် ။

စည်တော်ကြီးမှ အသံများက လေထဲတွင် ဝေဝေဆာဆာ ပျံ့လွင့်နေလေသည်။ စုမင်က မာန်စိတ်ဝိညာဉ်နှောင်းပိုင်းအဆင့်တွင် ရှိစေသော်ငြားလည်း သူ့နှလုံးသားက တုန်ယင်နေသေးသည်။ သူ့‌နောက်ရှိ မာန်နတ်ဘုရားရုပ်တုက တွန့်လိမ်ပုံပျက်နေသည့်လက္ခဏာများ စတင်ပြသလာသည်။တစ်ချိန်တည်းမှာပင် ထိုစည်သုံးချက်တီးခတ်သံက လေထဲတွင် ကျယ်လောင်စွာ ထွက်ပေါ်လာပြီးနောက် အစ်ကိုကြီးသည် ပါးစပ်ကိုဖွင့်ကာ ထိတ်လန့်စဖွယ် ဟိန်းဟောက်လေသည်။

သူ ထိုသို့လုပ်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်ပေါ်မှာ အဆုံးမရှိသော အက်ကြောင်းများ ချက်ချင်းပေါ်လာ လေသည်။ အနက်ရောင်သွေးများက အက်ကြောင်းများဆီကနေ စီးကျလာပြီး ခရမ်းရောင် မြူခိုးများ ဖြစ်သွား လေသည်။ သူ့အား လုံး၀ဝိုင်းရံလိုက်သည်နှင့် ထိုမြူခိုးများအတွင်းမှ ပြင်းပြင်းထန်ထန် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

ထိုတည်ရှိမှုက ရှာမန်၏ သန့်စင်သော တည်ရှိမှုဖြစ်ပြီး ရှာမန်များ၏ဆန်းကြယ်မှုနှင့် ရှေးခေတ်အငွေ့အသက်ပါသည့်လေထုကို တစ်ပါတည်း ယူဆောင်လာလေသည်။ ထိုစဉ် မြူခိုးများကြားမှ ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာသည်။

“နိုင်းလီမျိုးနွယ်စုမှ ဆင်းသက်လာတဲ့ငါက အခု ရှာမန်နတ်ဘုရားအသွင် ပြောင်းတော့မယ်...”

သူ့အသံက လေထဲတွင် ပဲ့တင်ထပ်နေချိန်တွင် မြူခိုးများက သူ့ခန္ဓာကိုယ်ကို လျင်မြန်စွာ စုပ်ယူသွားသည်။ ထို့နောက်

စုမင်ရှေ့တွင် ပေါ်လာသောအစ်ကိုကြီးက ယခင်ကနှင့် မတူတော့ပေ။

ရှုပ်ထွေးသောမှော်သင်္ကေတများက သူ့မျက်ခုံး၊ လက်၊ ခြေထောက်နှင့်ရင်ဘတ်ပေါ်မှာ ထင်းပေါ်လာလေသည်။ထို သင်္ကေတများ အင်မော်တယ်များနှင့်သက်ဆိုင်ပုံမပေါ်သော်လည်း မာန်ကျင့်ကြံသူများကြားတွင် တွေ့ရသောသင်္ကေတများနှင့် ဆင်တူသော်လည်း ကျင့်ကြံသူများက မမှတ်မိနိုင်ပေ။

ထိုအရာက ရှာမန်မှော်ဂါထာအတွက် မှော်သင်္ကေတများဖြစ်သည်။

“အငယ်ဆုံးညီလေး… အရင်က စည် တော်ကို သုံးခါလောက်တီးတာနဲ့ သွေးတွေဆူပွက်လာပြီး ရှာမန်နတ်ဘုရားအသွင်ပြောင်းလဲနိုင်ခဲ့တယ်… ဒါပေမဲ့ အရင်တုန်းကတော့ ဒီပုံစံကို အကြာကြီး မထိန်းနိုင်ခဲ့ဘူး.. ပိုအားကောင်းတဲ့မှော်သသင်္ကေတတွေကို ထုတ်မပြနိုင်ခဲ့ဘူး...”

“ဒီနေ့... သခင်ကြီးတိထျန်း ရဲ့အကူအညီနဲ့ ငါလုပ်နိုင်ခဲ့ပြီ..အာဏာကို ချုပ်ကိုင်ထားရတဲ့ ဒီခံစားချက်က အရမ်းကောင်းတယ်... အရမ်းကောင်းတယ်...”

အစ်ကိုကြီး၏အမူအရာမှာ ယခင်ကထက် သနားစရာအဖြစ်ရှိနေဆဲဖြစ်သည်။ သူက ဖြည်းညှင်းစွာပြောပြီး သူ့အသံက နေရာတိုင်းကို ပျံ့နှံ့သွားလေသည်။

“ကံကြမ္မာက ငါတို့ကို တိုက်ခိုက်ဖို့ စီစဉ်ပေးတဲ့အတွက် ဒီတိုက်ပွဲမှာ မင်းငါ့ကို စိတ်ပျက်စေမှာမဟုတ်ဘူးလို့ ငါမျှော်လင့်တယ်...”

အစ်ကိုကြီးပြောသည့်အတိုင်း သူက ဘယ်လက်ကို ရုတ်သိမ်းလိုက်ပြီး ဒူးထောက်ထိုင်ချလိုက်သည်။ စုမင်ဘက်သို့ မဟုတ်ဘဲ ကောင်းကင်သို့ မျက်နှာမူထားလေသည်။

“ငါကနိုင်းလီမျိုးနွယ်စုနဲ့ရှာမန်နတ်ဘုရားကနေ ဆင်းသက်လာသူပဲ.. မင်း ငါ့ကို ဘယ်ထောက်ထိ ရှာမန်စွမ်းအားတွေထုတ်သုံးစေမလဲဆိုတာ ကြည့်ရအောင်..”

“ ပထမရှာမန်မှော်သင်္ကေတ၊ ကောင်းကင်ဘုံဆုတောင်းခြင်းသံစဉ်... ငါတို့ရှာမန်တွေကိုဆန့်ကျင်ရဲတဲ့ လူတွေအတွက် ကောင်းကင်ဘုံရှာမန်မှော်စီးယာဉ်ကို တောင်းဆိုထားတယ်...”

အစ်ကိုကြီးက ကောင်းကင်ကို ဦးညွှတ်လိုက်သည်။

ကောင်းကင်ရှိတွန့်လိမ်ပုံပျက်မှုများက

ချက်ချင်းရပ်တန့်သွားကာ ခရမ်းရောင်မြူခိုးများက လေထုထဲမှ ထွက်ပေါ်လာသည်။ ထို့‌နောက် ခရမ်းရောင်ဦးခေါင်းခွံတစ်ခုအဖြစ်သို့ စုစည်းသွားသည်။

ထိုဦးခေါင်းခွံက လေထဲ၌ လွင့်ပျံသွားလေသည်။ အင်မော်တယ်များကို ဖျက်ဆီးရန် တည်ရှိနေသည့် တိုက်ကြီးတိုင်းရှိမာန်ကျင့်ကြံသူများ၏အမြင့်ဆုံးနှင့် အဖိုးမဖြတ်နိုင်သော ရတနာများကဲ့သို့အရှိန်အဝါများ ထုတ်လွှတ်ပေးနေလေသည်။

ဤသည်မှာ နိုင်းလီရှာမန်မျိုးနွယ်စု၏ အမြင့်မြတ်ဆုံးရတနာဖြစ်သော ရှာမန် ဦးခေါင်းခွံဘုရားဖြစ်ကြောင်း ထင်ရှားသည်။

ဤရတနာပေါ်လာသည်နှင့် တပြိုင်နက် ပြန်လည်ရှင်သန်လာပုံရပြီး အမှောင်အလင်းတန်းက ၎င်း၏မျက်လုံးအိမ်များအတွင်း ချက်ချင်းပေါ်လာသည်။ ထို့နောက် ၎င်းက မြေပြင်ကို စူးစူးစိုက်စိုက်ကြည့်ရင်း စုမင်ဆီသို့ အကြည့် ရောက်သွားလေသည် ။

အေးစက်သော တည်ရှိမှုတစ်ခုက စုမင် ၏ နှလုံးသားကို ချက်ချင်း ပြည့်စေခဲ့သည်။ ထိုဦးခေါင်းခွံ၏အကြည့်က ချက်ချင်းပင် အန္တရာယ် အငွေ့အသက်ကို ခံစားရစေသည်။

တစ်ချိန်တည်းမှာပင် အစ်ကိုကြီးက ဘယ်လက်ကို မြှောက်ကာ ရှေ့သို့ ချိန်ရွယ်လိုက်သည်။ ထိုစဉ် ဦးခေါင်းခွံက အသံထွက်လာပြီး စုမင် ဆီသို့ ဦးတည်သွားလေသည်။ ၎င်းက ရှေ့သို့ ရွေ့လျားလာသည်နှင့်အမျှ ၎င်းအပေါ်တွင်အားကောင်းသော ပုံရိပ်ယောင်တစ်ခုပေါ်လာသည်။ထိုပုံရိပ်ယောင်က ‌ဦးခေါင်းခွံနှင့် လက်တစ်ကမ်းစာမှာ ရှိနေသည်။ ၎င်း၏အကြည့်နှင့်တင် စုမင်ကို တစ်စစီနင်းချေချင်ကြောင်း သိသာလေသည်။

‘ဒီတိထျန်း...ဒါက ဘယ်လောက် လိမ္မာပါးနပ်တဲ့ လှုပ်ရှားမှုမျိုးလဲ... ဒါဆို ဒီကလေးက သေချာပေါက် နိုင်းလီမျိုးနွယ်ရဲ့ဆင်းသက်လာသူလား.. ဒါပေမဲ့ သူ့ပုံစံအရတော့ တကယ့်တိုက်ရိုက်ဆင်းသက်လာစူမဖြစ်နိုင်ဘူး.. သူက ရှင်းကျန်း မျိုးနွယ်စုဘက်ကို ပိုပါ လောက်မယ်...”

‘ဒါတောင် သူ့သွေးကို လေးလေးနက်နက်သုံးရုံနဲ့ နိုင်းလီရှာမန်မျိုးနွယ်စုပိုင်တဲ့ အမြင့်မြတ်ဆုံးရတနာကို ဆင့်ခေါ်နိုင်တယ်...တိထျန်း...အော်..တိထျန်း.. ဒီကလေးကို အသုံးချပြီး မင်းရဲ့ရည်ရွယ်ချက်တွေ ဖြစ်မြောက်အောင်လုပ်နေတာ..”

ကျီအန်းက စုမင်ဧ။်အစ်ကိုကြီးကို ကြည့်ရင်း သူ့မျက်လုံးက တောက်ပလာကာ တစ်စုံတစ်ခုကိုနားလည်သွားသည်။

‘’ဒီပြည် ထောင်က တကယ့်ကို ဆန်းကြယ်တယ်...လေ့ရှန်ရှို့လိုမျိုး

ကြောက်မက်ဖွယ်ကောင်းတဲ့တည်ရှိမှုမျိုး

ပေါ်လာရုံသာမက နိုင်းလီရှာမန်မျိုးနွယ်စုရဲ့ နတ်ဘုရားလိုလူမျိူးလည်း ထပ်ပေါ်လာတယ်...ဒါပေမဲ့ မာန်မျိုးနွယ်စုတွေ ကို ကွဲထွက်သွားတယ်.. ပြီးတော့ရှာမန်မျိုးနွယ်စုတွေ ပေါ်လာတယ်..ဒါကြောင့်မလို့ လေ့ရှန်ရှိုက သူ့ချန်ခဲ့တဲ့ တန်ပြန်အစီအမံတွေကို အသုံးမပြုနိုင်ခဲ့ဘူး..”

“နိုင်းလီမျိုးနွယ်စုရဲ့ရှာမန်နတ်ဘုရားက

အချိန်မှားပြီး မွေးဖွားလာခဲ့တယ်..သူ့အစွမ်းသတ္တိက မာန်ပြည်ထောင်ရဲ့ပထမနတ်ဘုရားနဲ့ယှဉ်လို့ရတယ်...ရှာမန်မျိုးနွယ်စုကိုတောင် မွေးဖွားပေးနိုင်ခဲ့တယ်..

ပြီး‌တော့ လေ့ရှန်ရှို့က အတုယူပြီး သူ့မျိုးနွယ်ကို ကာကွယ်ဖို့ ရတနာများစွာ ဖန်တီးခဲ့တယ်..အဲဒီရတနာကို သူ့သားစဉ်မြေးဆက်တွေကပဲ ဆင့်ခေါ်နိုင်တယ်..အဲ့ဒီနေရာမှာတော့ လေ့ရှန်ရှို့က သူ့ထက် တစ်ဆင့်သာတယ်...”

“နိုင်းလီမျိုးနွယ်စုရဲ့ ရှာမန်နတ်ဘုရားမှာ

မြင့်မြတ်တဲ့ အတွေးအမြင်နဲ့ ဉာဏ်ပညာကို ပိုင်ဆိုင်တဲ့ ကိုယ်ပွားသုံးယောက်ရှိတယ်..သူတို့ကို တိုက်ရိုက်ဆင်းသက်လာသူတွေအဖြစ် သတ်မှတ်နိုင်ပြီး အဲ့ဒီ့သုံးယောက်ထဲက တစ်ယောက်က နတ်ဘုရားဖြစ်လာနိုင်တယ်...”

ကျီအန်းက အတွေးသီကုံးရင်း စိတ်မအားမလပ်ဖြစ်နေလေသည်။ ထို့နောက် စုမင်ဧ။်အစ်ကိုကြီးကို ကြည့်ကာ ခေါင်းတညိတ်ညိတ်လုပ်နေလေသည်။

အစ်ကိုကြီးက နိုင်းလီမျိုးနွယ်စု၏ဆင်းသက်လာသူအဖြစ် ပထမဆုံးရှာမန် မှော်သက်ေတကို အကောင်အထည်ဖော်ခဲ့သည်။ သူ၏ကောင်းကင်ဘုံဆုတောင်းခြင်းသံစဉ်ကြောင့် ခရမ်းနက်ရောင် ဦးခေါင်းခွံကြီး ထွက်ပေါ်လာသည်။ထိုစဉ် စုမင် အသက်ပြင်းပြင်းရှူရှိုက်လိုက်သည်။ သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖန်တီးလိုက်သော် မာန်နတ်ဘုရားရုပ်တု၏ညာလက်က အလိုလိုမြှောက်တက်လာသည်။ ဘယ်လက်လည်း အလားတူပင် ဖြစ်သည်။

“မာန်နတ်ဘုရားသခင်ရဲ့ ကြယ်၊ နေနဲ့လအသွင် ပြောင်းလဲခြင်း..ပထမဆုံးအသွင်ပြောင်းလဲခြင်း..ကြယ်အသွင် ပြောင်းလဲခြင်း...”

စုမင်က လက်များကို သူ့ခေါင်းပေါ် မြှောက်ထားတာ ကောင်းကင်သို့ လွှဲယမ်းလိုက်သည်။ ‌ထိုစဉ် ပုံပျက်နေသောကောင်းကင်ကြီးက မမြင်နိုင်သောလက်တစ်စုံကြောင့် စုတ်ဖြဲခံလိုက်ရသလို ဖြစ်သွားသည်။ ထို့နောက် လေထုထဲတွင် ပုံရိပ်ယောင်တစ်ခုပေါ်လာသည်။

ထိုနေရာက အဆုံးမဲ့ ကြယ်များစွာ ရှိသော ကောင်းကင်ပြင်ကျယ်ဖြစ်ပြီး ကြယ်ရောင်များဖြင့် တောက်ပနေသည်။ ထိုအချိန်တွင် ကြယ်များက ရွေ့လျားသွားပြီး တစ်ခုတည်းသောကြယ်ကြီးအဖြစ် စုစည်းပြောင်းလဲသွားသည်။ ထို့‌နောက်ဦးခေါင်းခွံမှ ထွက်လာသောလက်များဆီသို့ ဦးတည်သွားလေသည်။

ဤတိုက်ပွဲက စုမင်နှင့် သူ၏အကြီးဆုံးအစ်ကိုကြားတိုက်ပွဲဖြစ်သည်၊၊ သို့သော်

မာန်နတ်ဘုရားသခင်နှင့်ရှာမန်နတ်ဘုရားအကြားတိုက်ပွဲလည်းဖြစ်သည်။

စုမင်က မာန်နတ်ဘုရား၏စွမ်းရည်များကို အကောင်အထည်ဖော်နေပြီး အစ်ကိုကြီးက ရှာမန်နတ်ဘုရား၏မှော်သက်ေတများကို အသက်သွင်းနေလေသည်။သူတို့နှစ်ဦး အချင်းချင်း ရန်ဖြစ်နေပုံမှာ ရှေးနှစ်ပေါင်းများစွာကို ထင်ဟပ်‌စေသည်။

ဒုတိယမာန်နတ်ဘုရားနှင့် ရှာမန်နတ်ဘုရားတို့၏တိုက်ပွဲကို အမှတ်ရစေလေသည်။

ထိုခဏ၌ ကျယ်လောင်သော အသံများ ကောင်းကင်သို့ ပျံ့လွင့်သွားကာ ကောင်းကင်တစ်ခုလုံးရှိ ကြယ်များ ပြိုကျလာလေသည်။ ဤသည်မှာ စုမင်၏ မြင့်မြတ်သော စွမ်းရည်ကို ဖြိုခွဲပစ်လိုက်ခြင်းပင်ဖြစ်သည်။ ထိုဦးခေါင်းခွံမှ ဖြစ်ပေါ်လာသော လက်မှ လက်ချောင်းများအားလုံး ကြေမွသွားလေသည်။ ထိုဦးခေါင်းခွံမှ ကွဲအက်နေသော အသံများထွက်ပေါ်လာပြီး ပုံရိပ်ယောင်များ ဆက်တိုက်ထွက်ပေါ်လာသည်။ ထို့နောက် ပျက်စီးသွားသောလက်ကိုချက်ချင်းပြန်ကောင်းလာစေသည်။

ထိုစဉ်မှာပင် လက်က စုမင်ကို နောက်တစ်ကြိမ် ဖမ်းဆုပ်ရန် ရှေ့သို့ဆန့်ထွက်လာသည်။

“ကြယ်တာယာတွေရဲ့ ကပ်ဆိုး...”

စုမင်က သူ့နေရာတွင် မနေဘဲ ရှောင်တိမ်းလိုက်သည်။ ထိုအစား သူက ချိပ်တံဆိပ်ဖန်တီးပြီး ပြိုကျနေသော ကြယ်တာယာကောင်းကင်ဆီသို့ ညွှန်ပြလိုက်သည်။ထို့နောက် ထိုစကားလေးလုံးကို အော်ဟစ်လိုက်သည်။

ကောင်းကင်ရှိပဲ့ကျနေသောကြယ်များက

အကောင်းပကတိဖြစ်သွားပြီး သတ်ဖြတ်လိုစိတ်များဖြင့် တောက်ပလာပြန်သည်။

ကြယ်အလင်းတန်းများက ရုပ်ပိုင်းဆိုင်ရာအသွင်သဏ္ဍာန်ရရှိလာသကဲ့သို့ တစ်ခုနှင့်တစ်ခု ပိုင်းဖြတ်စွာ တည်ရှိနေလေသည်။ ထိုသတ်ဖြတ်လိုစိတ်က ကောင်းကင်၊ ကြယ်နှင့် ပျက်ယွင်းနေသောစကြာဝဠာမှ ဆင်းသက်လာသည်။

မြေပြင်က လင်းထိန်လာကာ ကောင်းကင်တွင် ကြယ်များ ဝင်းဝင်းတောက် ပြည့်လျှံနေလေသည်။ထို့နောက်၎င်းတို့ကမြှားများအသွင်ယူကာ ဦးခေါင်းခွံအထက်တွင် တစ်ဖန်ပြန်လည်စုစည်းထားသော လက်ကြီးဆီသို့ ဦးတည်လေသည်။

လွန်စွာပြင်းထန်သော ပေါက်ကွဲသံက လေထုထဲမှာ ပဲ့တင်ထပ်နေလေသည်။

စုမင်က နောက်သို့ ဒယီးဒယိုင်ဖြစ်သွားပြီး

ပါးစပ်မှ သွေးများ ချောင်းဆိုးလိုက်သည်။ သူ့မျက်နှာတွင် စိတ်ဓာတ်ကျသော အမူအရာများ ပေါ်လာပြီး တိုက်ခိုက်ရေး စိတ်ဓာတ်က အထိန်းအကွပ်မရှိ ပွက်ပွက်ဆူလာသည်။ ထိုတိုက်ခိုက်ရေးစိတ်ဓာတ်က သူ၏အလိုဆန္ဒအရမဟုတ်ဘဲ မာန်ကျင့်ကြံသူနှင့်ရှာမန်တို့၏တိုက်ပွဲမှမွေးဖွားလာခြင်းဖြစ်သည်။

အစ်ကိုကြီးလည်း လဲကျသွားပြီး သွေးချောင်းဆိုးလိုက်ရသည်။ထိုအန်ထွက် သောသွေးများက မည်းနက်နေလေသည်။ သူ နောက်ပြန်ဆုတ်ရင်း ခေါင်းကို အမြန်မော့လိုက်သည်။

“နိုင်းလီမျိုးနွယ်စုရဲ့ ဒုတိယရှာမန်မှော်သက်ေတ.. မြေကြီးအားမြှုပ်နှံခြင်း..ငါတို့ရှာမန်တွေကို ဆန့်ကျင်ရဲတဲ့ ဒီလူကို ဖျက်ဆီးပစ်ဖို့

ရှာမန်မြေကြီးမှော်ရတနာကို ဆင့်ခေါ်ပါတယ်...”

“နိုင်းလီမျိုးနွယ်စုရဲ့ တတိယရှာမန်မှော်သက်ေတ..နိုင်းလီရဲ့ ရှာမန်နတ်ဘုရားမှ ဆင်းသက်လာတဲ့ ဆေးဒယ်အိုးအသွင်ပြောင်းလဲခြင်း..အခု.ဆေးဒယ်အိုးကြီး ပေါ်လာဖို့ ကျုပ်တောင်းဆိုပါတယ်..”

အစ်ကိုအကြီးဆုံးက ခေါင်းကိုမော့ပြီး ဘယ်လက်ကို မြေပြင်ဆီ ဖိချလိုက်သည်။

All Chapters