← Chapters

ရှာမန်တို့ရဲ့စတေးမှု

Vol. 49 Ch. 675

ရှာမန်တို့ရဲ့စတေးမှု

Vol. 49 Ch. 675

အစ်ကိုကြီး၏အသံက နယ်မြေတစ်ခွင် ပဲ့တင်သွားလေသည်။ အ‌ရှေ့မြေရိုင်းနယ်မြေတစ်ခုလုံးရှိမဟာပထဝီ မြေကြီးက ငလျင်လှုပ်သကဲ့သို့တုန်ခါလာလေသည်။ဤသည်မှာ မာန်ပြည်ထောင်နှင့် မရဏပင်လယ်ကြား မြှုပ်နှံထားသော အရာတစ်ခု ကြောင့်ဖြစ်သည်။

ထိုအရာများမှာ လောကကြီးထဲသို့ ဆင့်ခေါ်ခြင်းခံရလေသည်။

အသက်သုံးရှိုက်စာကြာမြင့်ပြီးနောက် နားအူမတက်ပေါက်ကွဲသံကြီးက အောက်မြေပြင်မှ အထက်ကောင်းကင်သို့ ပဲ့တင်ထပ်လာလေသည်။ လူတိုင်းရှေ့တွင် မြေကြီးမှ လှိုင်းဂယက်များ အထပ်ထပ်ထလာပြီး

ဧရာမတောင်ကြီးတစ်လုံး ဝုန်းခနဲ ထွက်ပေါ်လာလေသည်။

ထိုတောင်က ဤနေရာတွင် မြှုပ်နှံထားခြင်းမဟုတ်သော်လည်း အစ်ကိုကြီိး၏ဆင့်ခေါ်မှုကြောင့် မာန်ပြည်ထောင်သို့ စုဝေးထွက်ပေါ်လာခြင်းဖြစ်သည်။ ပေပေါင်းသောင်းနှင့်ချီမြင့်သော တောင်ကြီးဖြစ်ပြီး မြင်သူအားလုံးကို မျက်မှောင်ကြုတ်သွားစေသည်။

စုမင်က မြေကြီးမှ ထိုးထွက်လာသော တောင်ကို လှည့်ကြည့်လိုက်သောအခါ ‌တောင်ကြီးပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာသည်။ ထိုတောင်ကြီးပေါက်ကွဲသွားပြီးနောက် အစိမ်းရောင် ချပ်ဝတ်တန်ဆာတစ်ခု ပေါ်လာသည်။

ထိုချပ်ဝတ်ကို တောင်ကြီးထဲမှာ သေချာ မြှုပ်နှံထားခံရပြီး အစ်ကိုကြီး၏ဆင့်ခေါ်မှုကြောင့် ထွက်ပေါ်လာရသည်။

ချပ်ဝတ်တန်ဆာက အပြာရောင်အလင်းတန်းများဖြင့် တောက်ပနေပြီးအစ်ကိုကြီး၏ ခန္ဓာကိုယ်ပေါ်တွင် အပြာရောင်ဝဲဂယက်အသွင် ဝေ့ဝိုက်နေလေသည်။ ထို့နောက် အစ်ကိုကြီး၏ကိုယ်က ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားပြီးသားဖြစ်သွားပြီး ရှာမန်နတ်ဘုရားကဲ့သို့ အရှိန်အဝါကို ပေးစွမ်း‌နေလေသည်။

“နိုင်းလီမျိုးနွယ်စုရဲ့ရှာမန်နတ်ဘုရား..”

သူ့ညာလက်ကို မြှောက်လိုက်သည်နှင့် ညာဘက်အထက်တွင် လက်ဖဝါးအရွယ်အစားရှိသော စက်ဝိုင်းအပေါက်တစ်ခု ပေါ်လာသည်။ ထိုအပေါက်က အနက်ရောင်ဖြစ်ပြီး၊ ၎င်းက နယ်မြေတစ်ခုလုံးမှ အလင်းအားလုံးကို ဝါးမျိုနိုင်သကဲ့သို့ ထင်ရသည်။ ၎င်း၏အစွန်းတစ်ဝိုက်ရှိ နေရာလပ်များကို အဆက်မပြတ် ကွဲအက်ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေစေသည်။ ထိုအရာက ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခုပင်ဖြစ်သည်။

အစ်ကိုကြီးက ထိုတွင်းနက်လေးကို ချိတ်ဖြင့် မြှောက်လိုက်ပြီး စုမင် ဘက်သို့ တစ်ချက် လှည့်ကြည့်လိုက်သည်။

“ဒါက ရှာမန်တွေရဲ့ ဆေးဒယ်အိုးကြီး..”

စုမင်က ထိုတွင်းနက်ကို စိုက်ကြည့်ပြီးနောက် မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်လိုက်သည်။ထို့နောက် သူ့အစ်ကိုကြီးက အပြာရောင်ကြယ်ပွင့်ကဲ့သို့ သူ့ဆီ တိုးဝင်လာစဉ် သူ့မျက်လုံးများက ဖျတ်ခနဲ ပွင့်လာသည်။

သူ့ညာလက်ကို မြှောက်လိုက်ပြီး သူ့ကိုယ်ကို လခြမ်းပုံသဏ္ဍာန်ဖြစ်အောင် အနည်းငယ်ကွေးလိုက်သည်။ ထို့နောက် သူက မာန်နတ်ဘုရား၏”ကြယ် နေနှင့်လအသွင် ပြောင်းလဲခြင်း” ...ဒုတိယစွမ်းရည်: လအသွင်ပြောင်းလဲခြင်း

ဟု တိုးတိုးလေးပြောလိုက်သည်။

သူ့စကားကြောင့် ကြယ်များကြွေကျနေသော ကောင်းကင်ကြီးက မှိန်ဖျော့သွားသည်။ ထို့‌နောက် ညမြင်ကွင်းမှာ လခြမ်းငယ်လေး ပေါ်ထွက်လာသည်။

စုမင်၏ ခန္ဓာကိုယ်မှ အားပြင်းသော အမှောင် အလင်းတန်းတစ်ခု လင်းလက်လာပြီး လခြမ်းလေး အသွင် ပြောင်းလဲသွားသည်။ လခြမ်းလေး ရောက်ရှိရာနေရာရှိ လေထုက ထိတ်လန့်ဖွယ်အငွေ့အသက်ကို ထုတ်လွှတ်ပေးနေလေသည်။

စုမင်က ထိုမြင့်မြတ်သောစွမ်းရည်ကို

အကောင်အထည်ဖော်လိုက်သည်နှင့် အစ်ကိုကြီး၏ ခန္ဓာကိုယ်ပေါ်တွင် လ၏ ပုံရိပ်ယောင် ပေါ်လာသည်။ ထိုပုံရိပ်ယောင်က သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားကာ သူ့ကို ထူးထူးဆန်းဆန်း အသွင်ဖြစ်သွားစေသည်။

“လကိုသတ်ဖြတ်ခြင်း”

သူ့အစ်ကိုကြီးရောက်ရှိလာချိန်တွင်

စုမင်က မြန်မြန်အော်ဟစ်လိုက်သည်။

ကောင်းကင်ရှိလသည် အလယ်ဗဟိုမှ အက်ကွဲသွားပြီး စုမင်၏ ခန္ဓာကိုယ်ပေါ်ရှိ လသည်လည်း အက်ကွဲသွားသည်။သို့သော်လည်း သူ့အတွက် မည်သည့်အန္တရာယ်မှ မသက်ရောက်ခဲ့ပေ။ သူ့အပေါ်ရှိပုံရိပ်ယောင်များက ပျောက်ကွယ်သွားခဲ့သည်။ သို့သော် သူ့ အစ်ကိုကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ လအတွင်း အက်ကွဲကြောင်းများမှ မယုံနိုင်လောက်အောင် စွမ်းအားများစွာ ထွက်ပေါ်လာပြီး တည်ရှိနေသမျှ အရာအားလုံးကို ဖျက်စီးပစ်ချင်နေပုံပေါ်သည်။

“ကံကြမ္မာရဲ့ လူဝင်စားခြင်းဖြစ်ရပ်တွေက ငါ့ညာလက်ရုံးကို ဖန်တီးခဲ့တယ်...”

စုမင်က သူ့ညာဖက်လက်ကို မြှောက်လိုက်ပြီး ရှေ့ကို ချိန်ရွယ်လိုက်သည်။ နတ်ဘုရားရုပ်တု၏ ညာလက်ရုံးက ချက်ချင်းပင် ခရမ်းရောင်ဆံပင်နှင့် လူငယ်တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ့နောက်ရှိတောင်ကြီးနှစ်ခုက သူ့အစ်ကိုကြီးအပေါ်တွင် နီးကပ်လာလေသည်။

“လျှပ်စီးစွမ်းအားပါတဲ့မှော်စီးယာဉ်က ငါ့ဘယ်လက်ရဲ့ မြင့်မြတ်တဲ့စွမ်းရည်ဖြစ်လာတယ်..”

စုမင်က သူ၏ ဘယ်လက်မောင်းကို ဘေးတိုက် လွှဲယမ်းလိုက်ရာ သူ့ရုပ်တု၏ ဘယ်လက်မောင်းက ချက်ချင်းပင် ကျွတ်ထွက်သွားလေသည်။ ထို့နောက် သူ၏အစ်ကိုကြီးဆီသို့ ပြေးဆင်းသွားသော ကြက်သွေးရောင် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

“မာန်ရုပ်တုတွေ...ကျိန်စာ..မိုး မှော်သက်ေတက ငါ့ရဲ့ကိုယ်ထည်ဖြစ်ပေါ်လာတယ်..”

စုမင်၏ စကားလုံးများက ကောင်းကင်တွင် ပဲ့တင်ထပ်နေသေးသည်။ သူ၏ရုပ်ထု၏ကိုယ်ထည်က ချက်ချင်းပင် မာန်ရုပ်တုသုံးခုအဖြစ်သို့ ပြောင်းလဲသွားပြီးသူ့အစ်ကိုကြီးကို ဝန်းရံလိုက်သည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်မှ အနက်ရောင် မိုးရေများက သွန်းလောင်းကာ ပြင်းထန်သော ကျိန်စာများပါ သယ်ဆောင်လာခဲ့သည်။

“ပြီးတော့မာန်နတ်ဘုရားရဲ့နောက်ဆုံးပြောင်းလဲမှုက နေအသွင်ပြောင်းလဲခြင်း..”

စုမင် ထိုသို့ပြောပြီးသည်နှင့် သူ့ခန္ဓာကိုယ်မှ စူးရှသော ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာလေသည်။ ထို့‌နောက် ၎င်းက တစ်ကိုယ်လုံးကို ရစ်သိုင်းလွှမ်းခြုံထားပြီး သူ့ခန္ဓာကိုယ်သည် ရွှေရောင်နေလုံးကြီးအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။

ထိုနေလုံးကြီးက ပြင်းထန်သော အလင်းရောင်နှင့် အပူဓာတ်ကို ဖြာထွက်စေခဲ့ပြီး လောကကြီးတစ်ခုလုံးက ၎င်း၏တောက်ပမှုကြောင့် လျင်မြန်စွာ လင်းထိန်သွားခဲ့သည်။ စုမင်က ထိုနေလုံးကြီးနှင့် ပေါင်းစပ်သွားလေသည်။ သူရဲကောင်းတစ်ဦး၏ နှလုံးသားဖြင့် နေ၊ လနှင့် ကြယ်များဆီသို့ အသွင်ပြောင်းလဲမှုများတွင် အပြင်းထန်ဆုံးပုံစံကို အကောင်အထည်ဖော်ခဲ့သည်။

လောကကြီးတစ်ခုလုံးကို နေ၏အလင်းရောင်ဖြင့် အစားထိုးခဲ့ပြီး အတွင်း၌ဖြစ်ပျက်နေသည့်အရာများကို ပြင်ပလူများမမြင်နိုင်စေခဲ့ပေ။ မြေပြင်ပေါ်ရှိ အဆက်မပြတ် ပေါက်ကွဲသံများနှင့် လှိုင်းဂယက်ကြီးများအပြင် အရပ်ရပ်သို့ ပျံ့နှံ့သွားခဲ့သည်။ ထိုတိုက်ပွဲက မည်မျှပြင်းထန်ပြီး ထိတ်လန့်စရာကောင်းပါသလဲ။

ကျယ်လောင်သော အသံများက လေထဲသို့ တစ်ဟုန်းထိုး ထွက်ပေါ်လာသည်နှင့်အမျှ အစ်ကိုကြီး လဲကျသွားပြီး သူ့ပါးစပ်မှ သွေးမဲများ ထွက်လာသည်။ သူ့ကိုယ်ပေါ်ရှိ အပြာရောင် ချပ်ဝတ်တန်ဆာ ပျောက်ကွယ်သွားပြီး ရှာမန်ဆေးဒယ်အိုးကြီးလည်း ပျောက်ကွယ်သွားသည်။

သူ၏ ခန္ဓာကိုယ်က ပေါက်ကွဲသံကြီးဖြင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။

သူ ရှုံးသွားခဲ့လေပြီ။ သို့သော် စုမင်ကိုတော့ မရှုံးခဲ့ပေ။ ယင်းအစား သူ့သွေးကို လောင်ကျွမ်းစေသည့်အချိန်ကို ဆုံးရှုံးခဲ့ရသည်။ နောက်ဆုံးတွင်၊ သူက ရှာမန်နတ်ဘုရားဖြစ်လာနိုင်သည့် အချိန်အတိုင်းအတာကို လုံလောက်အောင် မဆွဲဆန့်နိုင်ခဲ့ပေ။

ကောင်းကင်က အလင်းရောင် ပျောက်ကွယ်သွားပြီး စုမင်က ‌နေလုံးထဲမှ ထွက် လာသည် ။ထို့နောက် သူက သွေးအန်ပြီး ဖြူဖျော့သော‌မျက်နှာနှင့် လဲလျောင်းဆနသောအစ်ကိုကြီးကို လှမ်းကြည့်လိုက်လေသည်။ သူ့အစ်ကိုကြီးက ဆက်မတိုက်နိုင်တော့လျှင်တောင် သူက တိုက်ပွဲအတွက် အောင်နိုင်သူဖြစ်ကြောင်း မဆုံးဖြတ်ရသေးပေ။

“အငယ်ဆုံးညီလေး… ပြီးဆုံးသွားပြီ…”

အစ်ကိုကြီးက မတ်တတ်ထရပ်ကာ စုမင်ကိုကြည့်ရန် ခေါင်းမော့လိုက်သည်။

“ငါ့မှာ နောက်ဆုံးပုံစံတစ်ခုရှိတယ်.. ဒီပုံစံက ငါ့သွေးရဲ့ကန့်သတ်ချက်ပဲ၊ အဲ့ဒါက ငါ့ကံကြမ္မာပဲ... ပြီးတော့... ငါပြန်လာမယ်...”

အကိုကြီး၏ စကားထဲရှိ ထူးထူးခြားခြားလေသံကို ရိပ်စားမိသောအခါ စုမင် ဖုံးကွယ်ထားခဲ့သော ဝမ်းနည်းခြင်းက တစ်ဖန်ပေါ်လာသည်။ သူက ခေါင်းညိတ်ပြလိုက်သည်။

စုမင် ယခင်က ဖြစ်ပျက်ခဲ့သည့်အရာများကို နားလည်သွားခဲ့သည်။ သူ့အစ်ကိုကြီး၏စိတ်ဆန္ဒက တိထျန်း လုံးဝထိန်းချုပ်နိူင်သောအရာမဟုတ်မှန်း သဘောပေါက်သွားလေသည်။သူ၏ဆန္ဒက တည်ရှိဆဲဖြစ်ပြီး ၎င်းက ရှာမန်တို့၏ စွန့်လွှတ်အနစ်နာခံမှုကို ဆန်းစစ်နေလေသည်။

ထိုအရာက သူ၏ ဘဝပုံစံတစ်ခုပင်ဖြစ်သည်။

“ နိုင်းလီမျိုးနွယ်စုရဲ့သွေးတွေက ငါ့ သွေးကြောတွေထဲ စီးဆင်းနေတယ်... ရှာမန်တွေအားလုံးက ငါ့ကို တိုက်ရိုက်ဆင်းသက်လာတယ်လို့ ထင်ကြတယ်..ဒါပေမဲ့ ငါက မဟုတ်မှန်း သိတယ်.

ငါက နိုင်းလီမျိုးနွယ်စု၊ရှာမန်နတ်ဘုရားရှင်းကန်ရဲ့ကိုယ်ပွားမျိုးဆက်ပဲ..””

“ရှင်းကန် ရဲ့ သားစဉ်မြေးဆက်တွေက... အမြဲတမ်း ခေါင်းဖြတ်သတ်ခံရတယ်...”

ထို့နောက် အစ်ကိုအကြီးဆုံးက မတ်တပ်ထရပ်ပြီး သူ့လည်ပင်းကို သူ့ညာလက်ရှိချိတ်ကောက်နှင့် ဖြတ်ပစ်လိုက်သည်။ သူ၏ခေါင်းက ပြုတ်ထွက်သွားသော်လည်း သွေးများ ပန်းထွက်လာသည်။ သူ့ခန္ဓာကိုယ်က မြေပြင်ပေါ်တွင် ရပ်နေခဲ့ပြီး လဲကျသွားသည့် အရိပ်အယောင် မပြပေ။

ထိုအချိန်တွင် သူ၏ရင်ဘတ်ပေါ်တွင် လူမျက်နှာတစ်ခု ထွက်ပေါ်လာသည်။ ထိုမျက်နှာက အစ်ကိုကြီး၏ မျက်နှာဖြစ်သည်။ လေထဲသို့ လွင့်စင်သွားသော ဦးခေါင်းက သရဖူနှင့် ဧကရာဇ်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ပုံရိပ်ယောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ သူ့မျက်နှာမှာ မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်နေလေသည်။

“ရှင်းကန်ရဲ့ သားစဉ်မြေးဆက်အနေနဲ့ အခု ငါ့ရဲ့မူလနာမည်ကို မေ့တော့မယ်.. အခုကစပြီး ငါကရှင်းကန်ပဲ.. ပုဆိန်ပျံသန်းခြင်းစွမ်းရည်...”

အစ်ကိုကြီး၏ ခန္ဓာကိုယ်မှ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်သည်။ ထို့နောက် အစ်ကိုကြီး၏ ဘယ်ဘက်လက်ကို မြှောက်လိုက်ရာ ဧရာမကြေးနီ‌ရောင်တိုက်ပွဲဝင် ပုဆိန်ကြီးတစ်ခု ချက်ချင်းပေါ်လာသည်။

All Chapters