← Chapters

အင်မော်တယ်များ ဆင်းသက်လာခြင်း

Vol. 49 Ch. 676

အင်မော်တယ်များ ဆင်းသက်လာခြင်း

Vol. 49 Ch. 676

တိုက်ပွဲဝင်ပုဆိန် ပေါ်လာထွက်ပြီးနောက်

အစ်ကိုကြီးက ၎င်းကို မိမိရရ ဖမ်းဆုပ်လိုက်သည်။ဦးခေါင်းမပါသော ခန္ဓာကိုယ်မှ ပြင်းထန်သောလေထုနှင့်ရက်စက်ကြမ်းကြုတ်မှုက လျင်မြန်စွာ ပျံ့လွင့်လာသည်။

ထိုတည်ရှိမှုက အလွန်ကြီးမားသော ဝဲဂယက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး အစ်ကိုကြီးရပ်နေသည့်‌နေရာ ‌တစ်ခုလုံးမှ အရပ်ရပ်သို့ ပျံ့နှံ့သွားတော့သည်။ လောကကြီးက ပုခက်လွှဲသကဲ့သို့ လှုပ်ခါနေ‌တော့သည်။ အင်မော်တယ်များ၏ မျက်နှာများက ရုတ်ချည်းပြောင်းလဲသွားသည်။

အထူးသဖြင့် မျက်လုံးများ‌တောက်ပနေသောကျီအန်းက အမူအရာပျက်ယွင်းသွားလေသည်။ သူက စုမင်၏ အကြီးဆုံးအစ်ကိုကို စိုက်ကြည့်ရင်း လေးနက်သော အမူအရာ ပေါ်လာသည်။ ထိုအခိုက်အတန့်တွင် သူက အစ်ကိုကြီး၏ဆုံးဖြတ်ချက်ခိုင်မာမှုနှင့်ပြတ်သားမှုကို တွေ့မြင်ခဲ့ရသည်။

‘ဒီလူမှာ မယုံနိုင်လောက်အောင် အစွမ်းထက်တဲ့ စိတ်ဆန္ဒရှိတယ်... ဒါကြောင့် တိထျန်းက သူ့ကို ထိန်းချုပ်ထားပြီးနောက်မှာတောင် သူ့အလိုဆန္ဒရဲ့တစ်စိတ်တစ်ပိုင်းကို ပြန်ရခဲ့တယ်... ပြီးတော့ သူ့စိတ်ဝိညာဉ်ရဲ့ နက်နဲရာမှာ တိထျန်းကို ခါးခါးသီးသီးတွန်းလှန်နေခဲ့တယ်... ဒါပေမဲ့ သူ့တွန်းလှန်ပုံကထူးခြားတယ်..သူက တိထျန်းရဲ့စွမ်းအားကို အသုံးပြုပြီး တိထျန်းနဲ့တူညီတဲ့ သူ့သွေးတွေကို ဆင့်ကဲပြောင်းလဲပြီး အကြီးကျယ်ဆုံး ခွန်အားကို ရရှိအောင် လုပ်ခဲ့တယ်..”

‘ဘိုးဘေးတွေပိုင်ဆိုင်တဲ့ အသွေးအသားကိုရအောင်လို့ သူ့ခေါင်းကိုတောင် ဖြတ်ပစ်ခဲ့တာ..တိထျန်းရဲ့စွမ်းအားနဲ့ သူ့ကိုယ်သူ ရှင်းကန်ရဲ့ဆန္ဒနဲ့ ရဲရင့်မှုအဖြစ် အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့တယ်..ဒီလူက စုမင်နဲ့အတူတူပဲ.. သူတို့နှစ်ယောက်လုံးကို ကိုင်တွယ်ထိန်းချုပ်ဖို့ခက်ခဲတယ်... သူပုံစံကြည့်ရတာ ဒီရှင်းကန်ရဲ့တည်ရှိမှုက စုမင်ထက် နည်းနည်းပိုအားကောင်းတယ်...”

“ သူ စုမင်ကိုအရင်က ပြောခဲ့တဲ့ စကားတွေက တိထျန်းရဲ့စကားတွေပဲ..ဒါပေမဲ့ သူ့စကားတွေလည်း ပါတယ်..ခုနက သူ့ခေါင်းကို စုမင်ကြောင့် ဖြတ်ပစ်လိုက်တယ်..အခြားလူတွေက သူ့လုပ်ရပ်က တစ်ခုခုရည်ညွှန်းနေတာကို သတိမထားမိကြဘူး..သူတို့က ဆရာတူညီအစ်ကိုတွေဆိုတာ သေချာတယ်..ဒါ့ကြောင့် စုမင်က တိုက်ပွဲမှာ သူ့အစ်ကိုကြီးကို ညှာနေတာ..”

ကျီအန်း၏အမူအရာက နက်မှောင်သွားသည်။အဖြစ်အပျက်များကိုကြည့်ခြင်းအားဖြင့် သူ၏ယူဆ‌ချက်မှန်ကန်ကြောင်း ပို၍သေချာလာလေသည်။

စောစောက စုမင်မှာ တစ်စုံတစ်ခုကို နားလည်လာပြီဖြစ်ကြောင်း ပြောခဲ့သည်။ သူ့အစ်ကို၏ လုပ်ရပ်များ၏ နောက်ကွယ်တွင် အဓိပ္ပာယ်ရှိနေသည်။ သူ့အစ်ကိုကြီးက ဓားတစ်လက်ဖြစ်ပြီး ထိုဓားကို ကိုင်ထားသူကတော့ တိထျန်းဖြစ်သည်။ ထိုဓားက ပိုထက်မြိလာချင်လျှင် ၎င်းက ဓါးသွေးကျောက်တုံး လိုအပ်သည်။

စုမင်က သူ့အစ်ကိုကြီး၏ ရည်ရွယ်ချက်ကို နားလည်လာသည်။စုမင်က သူကိုယ်တိုင် ထိုကျောက်တုံးကြီးဖြစ်ချင်လာပြီး ရှင်းကန်ဓါးဖြစ်သော သူ့အစ်ကိုကြီးကို ထက်မြိလာစေချင်သည်။

ဓါး၏အစွန်းများကို ချွန်ထက်အောင်ပြုလုပ်ခြင်းက ဓါးကိုထိန်းချုပ်သူထံသို့ ဓါးဦးပြန်လှည့်သွားစေသည်ဟု ဆိုရိုးစကားရှိလေသည်။ သူ့ခေါင်းကို ဝေဟင်သို့ လွှင့်ပစ်လိုက်သည့် လုပ်ရပ်က အစ်ကိုကြီး၏စိတ်ဆန္ဒ မည်မျှ ပြင်းထန်ပြီး အစွမ်းထက်ကြောင်း ပြသရုံသာမကဘဲ တိထျန်း နှင့် ချိတ်ဆက်ထားသော အဆက်အသွယ်အားလုံးကို ဖြတ်တောက်နိုင်ခဲ့သည်။

ထို့ကြောင့် ခေါင်းမှ ပေါ်လာသောတိထျန်း၏မျက်နှာတွင် မယုံကြည်နိုင်မှုများ

ရှိ‌နေလေသည်။ တိထျန်း၏ဝိညာဉ်ပျောက်ကွယ်သွားပြီး အစ်ကိုကြီးက သူ့ခန္ဓာကိုယ်ကို မြှောက်တက်သွားအောင် ခြေကြွလိုက်သည်။ သူ့ရင်ဘတ်ရှိ ပြူးထွက်နေသော မျက်နှာက ကောင်းကင်ကို မော့ကြည့်နေလေသည်။

ထိုအချိန်တွင် အစ်ကိုကြီး၏ပါးစပ်မှ ကောင်းကင်ကို လှုပ်ယမ်းစေသော အသံတစ်ခု ထွက်ပေါ်လာသည်။

“အငယ်ဆုံးညီလေး.. ဆရာကြီး ဘယ်သွားမှန်း ငါမသိဘူး..သူ့တည်ရှိမှုက မာန်

ပြည်‌ထောင်ကနေ ပျောက်ကွယ်သွားပေမဲ့ သူမသေဘူးလို့ ခံစားမိတယ်..ဒါပေမဲ့ မင်းဒုတိယမြောက်အစ်ကိုရဲ့ တည်ရှိမှုက မယုံနိုင်လောက်အောင်ကို အားနည်းနေတယ်...အခု သူ မဟာမြူရွက်အင်မော်တယ်ဂိုဏ်းမှာရှိတယ်...”

“ဒီတိုက်ပွဲရဲ့ရလဒ်က ဘာပဲဖြစ်ဖြစ်

မင်း မဟာမြူရွက်အင်မော်တယ်ဂိုဏ်းကိုသွားပြီး မင်းရဲ့ဒုတိယအစ်ကိုကိုကယ်တင်ရမယ်..”

အစ်ကိုကြီး၏အသံက ကောင်းကင်နှင့်မြေကြီးကို တသိမ့်သိမ့်တုန်ခါသွားစေသည်။

“အငယ်ဆုံးညီလေး...မင်းရဲ့ကနဦးကျင့်ကြံမှုစွမ်းအားက တိုးပွားလာတဲ့အရိပ်အယောင်ပြနေတယ်..မင်းက ပိုပြီးမြင့်မားတဲ့ကျင့်ကြံဆင့်ကို ရောက်ရှိနိုင်ပေမဲ့ မင်းရဲ့နှလုံးသားက ဆုံးဖြတ်ချက်မပြတ်သားသေးဘူး...မာန်ပြည်ထောင်က မင်းရဲ့တည်ရှိမှုကို အသိအမှတ်ပြုလိုက်ပြီဆိုတာ ငါပြောနိုင်တယ်..မာန်ပြည်ထောင်ရဲ့ ကံကြမ္မာက မင်းအပေါ်မှာ သက်ရောက်နေပြီး မင်းက စတုတ္ထနတ်ဘုရားဖြစ်လာမဲ့သူပဲ...”

“ဒါပေမဲ့ မင်းက မာန်ပြည်ထောင်နဲ့ သူ့ရဲ့ကံကြမ္မာကို သေချာလက်မခံသေးဘူး...စတုတ္ထနတ်ဘုရားဖြစ်လာမဲ့အခြေအနေကို အသိအမှတ်မပြုသေးဘူး..မင်းအတွက် ဒီတိုက်ပွဲကို ငါတိုက်မယ်..မင်း စတုတ္ထမာန်နတ်ဘုရားဆိုတဲ့ဂုဏ်ပုဒ်ကို လက်ခံနိုင် မခံနိုင် သေချာစဉ်းစားအုံး...”

အစ်ကိုကြီးက များသောအားဖြင့် စကားအနည်းငယ်ပြောတတ်သူဖြစ်သော်လည်း ထိုအချိန်တွင် စီကာပတ်ကုံး ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် ထိုသို့ပြောပြီး လေထဲသို့ ခြေတစ်လှမ်းတိုးလိုက်သည်။

ထိုအချိန်တွင် ကျီအန်းက မျက်မှောင်ကြုတ်သွားလေသည်။ သူက ရှင်းကန်ထံမှ သတ်ဖြတ်လိုစိတ်နှင့်ရက်စက်ကြမ်းကြုတ်မှုကို ခံစားရလေသည်။ကျီအန်းက သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖန်တီးလိုက်သည်။ သူ့ခန္ဓာကိုယ်တစ်ဝိုက်မှာချက်ချင်းအဆုံးမဲ့ အလင်းကွင်းများ ပေါ်လာသည်။ ထိုအလင်းကွင်းများက သူ့အား အတိုင်းအတာရှိသော ပါးစပ်တစ်ခုကဲ့သို့ ဝိုင်းရံထားသည်။ ထိုအခိုက်အတန့်တွင် ကြောက်မက်ဖွယ်ကောင်းပြီး ထိတ်လန့်ဖွယ်မြင်ကွင်းတစ်ခု လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

စုမင်၏အစ်ကိုက ကျီအန်းနား နီးကပ်လာသည် ။ကျီအန်းကို ခုတ်ထစ်ရန် သူ့လက်ထဲမှ ပုဆိန်ကို ကိုင်လိုက်သည်။

ကျယ်လောင်သော အသံက ကောင်းကင်သို့ လွင့်ပျံလာသည်။ ထိုလူနှစ်ယောက်သည် ချက်ချင်းပင် အပြင်းအထန် တိုက်ခိုက်လာကြသည်။ မြေပြင်ပေါ်ရှိ မပျက်စီးနိုင်သောရှာမန်ဝိညာဉ်တစ်ရာနီးပါးက ခေါင်းကို မော့လိုက်ကြသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့၏ မျက်နှာတွင် တည်ငြိမ်မှု ပြန်လည်ရောက်ရှိလာသည်။ ၎င်းတို့က ကောင်းကင်ဆီသို့ ဟိန်းဟောက်လိုက်ကြပြီး တစ်ချိန်တည်းမှာပင် ၎င်းတို့ခေါင်းများကို ဖြတ်ပစ်လိုက်ကြသည်။ သူတို့က စုမင်ဧ။်အစ်ကိုကြီးနှင့် အလားတူဖြစ်တည်လာသောအခါတွင် သူတို့၏ခေါင်းများက တိုက်ပွဲဝင်ပုဆိန်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူတို့ ချက်ချင်း ပြေးလာပြီး ကျီအန်းဆီသို့ အရှိန်တင်လိုက်လေသည်။

စုမင်က ဘေးနားမှာရပ်နေရင်း တိတ်ဆိတ်နေလေ၏။ ခေါင်းမပါသော သူ့အစ်ကိုကြီးက ကျီအန်းနှင့် မာန်ပါပါအော်ဟစ်တိုက်ခိုက်‌နေတာကို ကြည့်နေလေသည်။ထိုစဉ် သူ့ခေါင်းထဲမှာ ပေါ်လာတာကအစ်ကိုကြီး၏ စကားပင်ဖြစ်သည်။

သူတို့က စုမင်၏နှလုံးသားထဲမှာ သံမှိုရိုက်ထားသကဲ့သို့ စွဲမြဲစွာ နေရာယူထားလေသည်။

စုမင်က အစ်ကိုကြီးပြောသလို မာန်ပြည်ထောင်နှင့်ကံကြမ္မာကို သေချာအသိအမှတ်မပြုခဲ့ပေ။ သူက မာန်နတ်ဘုရားသခင်ဖြစ်လိုသော ဆန္ဒမရှိခဲ့ပေ။

အကယ်၍ နက်မှောင်တောင်၏ အမှတ်တရများက အတုအယောင်ဖြစ်ပြီး အရာအားလုံးက အတုအ‌ယောင်ဖြစ်ပါက၊ သူက မာန်ကျင့်ကြံသူ မဟုတ်ပေ။ သူ့သွေးကြောထဲတွင် မာန်သွေးများ စီးဆင်းနေမည်မဟုတ်ပေ။သူ့ဘဝဇာတ်ကြောင်း ပြန်တွေးကြည့်လျှင် သူက အခြားကျင့်ကြံသူများနှင့် သိသိသာသာကွဲပြားသည်ကို တွေ့ရမည်။ သူက ပထမဆုံးမာန်စွမ်းအားစစ်ဆေးမှုကို အောင်မြင်ခဲ့ပြီးကျင့်စဥ်များကို ကျင့်ကြံခွင့်ရရှိခဲ့သော တစ်ခုတည်းသောအကြောင်းပြချက်မှာ...တစ်ခုသာရှိသည်။

စုမင် သူ့ရင်ဘတ်ပေါ်တွင် နှစ်ပေါင်းများစွာ ချိတ်ဆွဲထားသည့် အနက်ရောင်ကျောက်တုံးကို ထိလိုက်သည် ။ အားလုံးက ထိုဆွဲကြိုးကြောင့်ပင်ဖြစ်သည်။

စုမင်စိတ်ထဲတွင် အနည်းငယ် စိတ်ဆင်းရဲနေလေသည်။ အမှန်တော့ သူက အမြစ်မရှိသော သစ်ပင်တစ်ပင်ဖြစ်သည်ကို သတိပြုမိခဲ့သည်။ သူက ကောင်းကင်တွင် ပျံဝဲနေပြီး မည်သည့်နေရာသို့ သွားရမှန်း မသိ၊ မည်သည့်နေရာတွင် မွေးဖွားသည်ကို မသိခဲ့ပေ။

ဤအခြေအနေတွင်၊ သူက မာန်ပြည်ထောင်နှင့်ကံကြမ္မာ၊ မာန်နတ်ဘုရားသခင်ဖြစ်ခြင်းကို အမှန်တကယ်အသိအမှတ်မပြုခဲ့ပေ။

“ငါက မာန်ကျင့်ကြံသူမဟုတ်ဘူး..”

စုမင်က တိုးတိုးလေးပြောလိုက်သည်။

ကောင်းကင်ယံ၌ တုန်ခါမှုများ ဆက်လက်ဖြစ်ပေါ်နေသည်။ ကျီအန်း၏ ၏နောက်တွင် ဧရာမရုပ်တု ဆယ့်ရှစ်ခု ပေါ်လာသည်။ သူတို့တစ်ဦးစီက မယုံနိုင်လောက်အောင် ထူးဆန်းပြီး ဆိုးယုတ်မှုကို ပေးစွမ်းလေသည်။ ၎င်းတို့အားလုံးတွင် မတူညီသောအသွင်အပြင်များရှိသည်။ အချို့က လူပုံစံ၊ အချို့က သားရဲပုံစံရှိကြသည်။ ၎င်းတို့က ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြည့်နှက်နေပြီး မကောင်းဆိုးဝါးအငွေ့အသက်များကို ထုတ်လွှတ်နေလေသည်။

ရုပ်တု‌ဆယ့်ရှစ်ခုပေါ်၌ အာဃာတ ဝိညာဉ်များက လည်ပတ်နေလေသည်။ သူတို့ပေါ်တွင် သွေးဆာခြင်းနှင့်သတ်ဖြတ်လိုစိတ်များ ထူထဲနေလေသည်။ ၎င်းတို့က မာန်ပြည်ထောင်မှ မဟုတ်ဘဲ အကန့်အသတ်မဲ့ နဂါးငွေ့တန်းမှ ဆင်းသက်လာကြသည်။ ၎င်းတို့က နှစ်ပေါင်းများစွာ ပျံ့လွင့်နေသော အငြိုးကြီးသော ဝိညာဉ်များဖြစ်သည်။

သူတို့၏ဟိန်းဟောက်သံများက မယုံနိုင်လောက်အောင် ထူးခြားသည်။ သူတို့အသံများက နားအူမတက် စူးရှ‌နေလေသည်။ ကြားရသူတိုင်းက ၎င်းတို့၏ချီစွမ်းအား နှင့် သွေးများ နောက်ပြန်စီးဆင်းလာပြီး နှလုံးခုန်သံများ တဒိတ်ဒိတ်မြန်လာမည်။ထို့နောက ၎င်းတို့၏ စိတ်ခံစားမှုများ ပြောင်းလဲလာသည်ကို တွေ့ရမည်။

စုမင်က ရုပ်တု ဆယ့်ရှစ်ခုကို ကြည့်လိုက်ရင်း မျက်မှောင်ကြုတ်သွားလေသည်။သူက လောကကြီး၏နောက်ကွယ်မှာရှိသော တစ်စုံတစ်ခုကို သတိရသွားပုံရပြီး ထိုသတ်ဖြတ်လိုစိတ်အငွေ့အသက်များကိုညရင်းနှီးနေလေသည်။ယခင်က

တစ်နေရာရာမှာ ကြားဖူးသကဲ့သို့ ခံစားရလေသည်။

ထိုအချိန်တွင် စုမင်က ၎င်းကိုဂရုတစိုက်ကြည့်နေချိန်တွင် ကောင်းကင်မှ ရောက်ရှိလာသော ကျယ်လောင်သောအသံကြီး ထွက်ပေါ်လာသည်။

ထိုဟိန်းဟောက်သံများက မာန်ပြည်ထောင်နှင့်သက်ဆိုင်သော နေရာတစ်ခုမှ ရောက်ရှိလာသည်။ စုမင် ချက်ချင်းသတိထားမိတာက သူ့ခန္ဓာကိုယ်ကယိုယွင်းလာသောလက္ခဏာများ ပေါ်ပေါက်လာသည်။

မူလက ထို‌နေရာ၌ ဧရာမမှော်အစီအရင်နှစ်ခုရှိခဲ့သည်။သို့သော် ကောင်းကင်ရှိတွန့်လိမ်ပုံပျက်မှုများကြောင့် ထိုအစီအရင်များမှာ ဖုံးကွယ်ခံရလိုက်သည်။စုမင် က ခေါင်းကို အမြန်မော့ကြည့်လိုက်သော် မှော်အစီအရင်များကို တွေ့လိုက်ရသည်။

ထိုတည်ရှိမှုက မာန်ကျင့်ကြံသူများနှင့်မသက်ဆိုင်ဘဲ အင်မောတယ်များနှင့် ပတ်သတ်နေလေသည်။

“ တောက်ပတဲ့ယန် ရောက်ရှိလာပြီ...”

စုမင်က မျက်လုံးကို မှိတ်ထားလိုက်သည်။ အတိတ်ကစုမင်က တောက်ပသောယန်၏တည်ရှိမှုကို လုံးဝခံနိုင်ရည်စွမ်း မရှိပေ။ယခုအချိန်မှာတော့ သူ့ခန္ဓာကိုယ်ထဲမှာ ချိတိပိတ်ထားသော တောက်ပသောယန်ကျောက်တုံးတစ်ဝက်ရှိလေသည်။သူက ထိုတည်ရှိမှုကို အဆက်မပြတ် ဆန့်ကျင်နေသဖြင့် အတိတ်နှင့် နှိုင်းယှဉ်ပါက အနည်းငယ် ပိုခံနိုင်ရည် ရှိလေသည်။

ထိုအချိန်တွင် သူ၏မျက်လုံးများ တောက်ပလာပြီး ကောင်းကင်ရှိမှော်အစီအရင် နှစ်ခုဆီသို့ ဦးတည်သွားခဲ့သည်။ အောက်ရှိ သောင်းနှင့်ချီသောအင်မော်တယ်များ၏စိတ်လှုပ်ရှားဖွယ်အသံများ နားထောင်စရာမလိုဘဲ သိရှိနိုင်သည်။ ထိုနေရာသို့ အင်မော်တယ်များ ဆင်းသက်လာခြင်းပင်ဖြစ်သည်။

စုမင်က ထိုနေရာသို့ နီးကပ်လာချိန်မှာ အသံများက ဝုန်းဝုန်းဒိုင်းဒိုင်း ညံလာလေသည်။လူတိုင်း၏မျက်စိရှေ့တွင် ဧရာမအလင်းတန်းကြီးနှစ်ခု လာပြီး ကောင်းကင်၌ စူးစူးရဲရဲတောက်နေသော အလင်းတန်းများ ထွက်ပေါ်လာသည်။ ၎င်းတို့က ပေါက်ကွဲသံကြီးဖြင့် မြေပြင်ပေါ်သို့ ဆင်းသက်ကာ ကောင်းကင်နှင့် မြေကြီးကို ချိတ်ဆက်ပေးသည့် ဧရာမ အလင်းတိုင်နှစ်တိုင် ဖြစ်ပေါ်လာသည်။

အလင်းတန်းနှစ်တိုင်အတွင်းမှ ပုံရိပ်များက လင်းထိန်နေလေသည်။ မပြတ်မသားမြင်ကွင်းတွင် ပုံရိပ်များက တဖြည်းဖြည်း ထွက်ပေါ်လာလေသည်။

တစ်ချိန်တည်းမှာပင် ထိုလူများ ဆင်းသက်လာပြီး သူတို့မူလပုံစံမပြောင်းရ‌သေးပေ။ ထိုစဉ် စုမင်၏စိတ်ထဲတွင် သတ်ဖြတ်လိုစိတ်များ တဖွားဖွားပေါ်ပေါက်လာသည်။သူက မျက်စိတစ်မှိတ်အတွင်း အလင်းတိုင်တစ်ခုထဲသို့ ပြေးဝင်သွားသည်။ သူလှမ်းဝင်လိုက်သည်နှင့်ပင် သူ့ကိုယ်မှ အနက်ရောင် မြူခိုးများက ကောင်းကင်သို့ တလိပ်လိပ်တက်သွားလေသည်။သူက အနက်ရောင်မြူခိုးများကို ဖြန့်ကျက်လို၍မဟုတ်ပေ။ တောက်ပသောယန်၏သိပ်သည်း ထူထပ်သောစွမ်းအားကြောင့် သူ့ခန္ဓာကိုယ် ညှိုးနွမ်းပြီး အိုမင်းရင့်ရော်လာသည်။ ထို့နောက် ထိုမြူခိုးနက်များက အလိုအလျောက် ထွကိပေါ်လာသည်။

စုမင်၏ ခန္ဓာကိုယ်က လျင်မြန်စွာ အိုမင်းရင့်ရော်လာသော်လည်း သူ့အရှိန်မလျှော့ဘဲ မြန်စွာ ခရီးဆက်ခဲ့သည်။ တောက်ပသောယန်၏ စွမ်းအားကြောင့် သူ့တစ်ကိုယ်လုံးတွင် ပေါ်လာသော နာကျင်မှုကို ဖြေဖျောက်ပြီး ညာလက်ကို သူ့ရှေ့တည့်တည့်သို့ လွှဲယမ်းလိုက်သည်။

မူလပုံစံကို ပြန်မရနိုင်သေးသော အင်မော်တယ်သုံးဦးက ချက်ချင်းပင် တုန်လှုပ်သွားကာ နာကျင်စွာ အော်ဟစ်သံများက အခြားတစ်ဖက်မှ ထွက်ပေါ်လာသည်။ ထိုပုံရိပ်သုံးခု ချက်ချင်းအရည် ပျော်ကျပြီး လေထဲသို့ ပျောက်ကွယ်သွားသည်။

စုမင်က တခဏမျှပင် မရပ်လိုက်ပေ။ မူလပုံစံအများစုကို ပြန်လည်ရရှိထားသည့် အခြားပုံရိပ်များကို သူ၏ညာဖက်လက်ညိုးဖြင့် ဖိနှိပ်လိုက်သည်။ ထိုပုံရိပ် ကွဲအက်သွားသည်နှင့်အမျှ စုမင်က သူ့အောက်ရှိ လေထုကိုနင်းခြေလိုက်လေသည်။ ထို့နောက် လှိုင်းဂယက်များ အထပ်ထပ် ထ‌လာလေသည်။

ထိုလှိုင်းဂယက်များက အနီးဆုံးလူသုံး ယောက်ကို ချက်ချင်း တုန်လှုပ်သွားစေကာ ပေါက်ကွဲသံနှင့်အတူ ပေါက်ကွဲသွား စေသည်။ စုမင်က လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး အလင်းတိုင်ထဲရှိ နောက်ဆုံးပုံရိပ်ကို ထိုးပစ်လိုက်သည်။

ထိုလက်သီးမှာ မာန်စိတ်ဝိညာဉ်နှောင်းပိုင်းအဆင့်စွမ်းအားအပြည့် ပါရှိလေသည်။သူ့ခန္ဓာကိုယ်တစ်ခုလုံးကို စစ်မှန် သောမာန်ကျင့်ကြံသူအဖြစ် ပြောင်းလဲပြီးနောက် ရရှိခဲ့သော စွမ်းအားပင်ဖြစ်သည်။ တိထျန်း၏ကိုယ်ပွားတောင် ထိုလက်သီးကို သေချာသတိထားရမည်။ ထို့နောက် ‌မူလပုံစံရရှိခဲ့သော အင်မော်တယ်ကို လက်သီးဖြင့် ပိတ်ထိုးလိုက်သည်။

Note...

ရှင်းထျန်း... အဲ့ဒါကက ရှင်းကန်ဆိုတဲ့ အမည်နာမအပေါ်မှာ အခြေခံထားတယ် သူက မီးတောက်..(သို့) အနီရောင်ဧကရာဇ်လက်အောက်တွင် အမှုထမ်းနေသည့် အမည်မဲ့ ဘီလူးကြီးဖြစ်တယ်...မီးတောက်..(သို့) အနီရောင်ဧကရာဇ်အသတ်ခံရပြီးနောက် သူက လက်စားချေဖို့ကျိန်ဆိုခဲ့တယ်..ပြီးတော့ အဝါရောင်ဧကရာဇ်(သတ်သူ)ကို သတ်ဖို့ ဒိုင်းနဲ့ဓါးတစ်လက် ယူလာခဲ့တယ်..ဒါပေမဲ့ သူရှုံးသွားပြီး ခေါင်းဖြတ်ခံလိုက်ရတယ်..ခေါင်းပြတ်သွားပေမဲ့ ဆက်လက်တိုက်ပွဲဝင်ခဲ့တယ်.. သူ့ရဲ့မျက်နှာက သူ့ရင်ဘတ်ပေါ်မှာ ပေါ်လာခဲ့တယ်..အဲ့လိုအဖြစ်အပျက်ပြီးတဲ့နောက်မှာ သူ့ကို ရှင်းထျန်းလို့ လူသိများခဲ့တယ်..

All Chapters