← Chapters

ကျိန်စာရဲ့နောက်ဆက်တွဲ

Vol. 49 Ch. 677

ကျိန်စာရဲ့နောက်ဆက်တွဲ

Vol. 49 Ch. 677

ထိုပုံရိပ်မှ အော်ဟစ်သံထွက်ပေါ်လာပြီး စုမင်၏တိုက်ခိုက်မှုကို ခုခံနေသယောင်ပြနေသည်။ သို့သော်လည်း ထိုပုံရိပ်က ထိုနေရာသို့ဆင်းသက်လာသောအခြားအင်မော်တယ်အားလုံးက ၎င်းတို့၏ ခန္ဓာကိုယ်ပုံစံများ ပြန်လည်ရရှိရန် လုပ်ငန်းစဉ်တွင် အနည်းဆုံးခုခံနိုင်မှုကို ပင် မစွမ်းဆောင်နိုင်ခဲ့ကြပေ။ စုမင်က သူ့စွမ်းရည်များကို အလျင်အမြန်ဖော်ထုတ်တိုက်ခိုက်သောကြောင့် သူတို့က ခဏအတွင်း ပြာကျသွားရလေသည်။

ထိုပုံရိပ်က သူ့ညာလက်ကို မြှောက်လိုက်ပြီး စုမင်၏ လက်သီးဆီသို့ ချိပ်တံဆိပ်တစ်ခု ဖန်တီးလိုက်သည်။ နှစ်ဦးနှစ်ဖက် ထိပ်တိုက်တွေ့ပြီး ကျယ်လောင်သော ပေါက်ကွဲသံများက ကောင်းကင်သို့ ပျံ့လွင့်သွားသည်။ အပြင်ဘက်သို့ လှိုင်းဂယက်အလွှာတစ်ခု ချက်ချင်းပျံ့နှံ့သွားကာ အလင်းတိုင်ကို ပြိုကျလုနီးပါးဖြစ်ခဲ့သည်။ စုမင်က နောက်သို့ ပေတစ်ထောင်နီးပါး တုန်ခါသွားကာ သူ့ခန္ဓာကိုယ်အတွင်းရှိချီစွမ်းအားက မတည်မငြိမ်ဖြစ်သွားလေသည်။ သူ့ခေါင်းကို မော့ကြည့်လိုက်သော် သူ့မျက်လုံးထဲမှာ တောက်ပသော အလင်းရောင်တစ်ခု ပေါ်လာသည်။

အလင်းတိုင်ရှိပုံရိပ်ကတုန်လှုပ် ချောက်ချားကာ ပါးလွှာသော အနက်ရောင်ချည်မျှင်များအဖြစ်သို့ ပြောင်းလဲသွားသည်။ နောက်ဆုံးတွင် လေထုသို့ ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားခဲ့သည်။ ထိုလူက သူ့မျိုးနွယ်စုမှာ ကျရှုံးခဲ့ပြီး မသေခဲ့လျှင်တောင် ဒဏ်ရာပြင်းပြင်းထန်ထန် ရလိမ့်မည်။

မကျေနပ်သံများ ပြည့်နှက်နေသောအသံက အခြားအချိန်အတိုင်းအတာရှိ အလင်းတိုင်တစ်ခုမှ ထွက်ပေါ်လာသည်။

“ငါ့ကို ဘယ်သူတိုက်ခိုက်ခဲ့တာလဲ မှတ်မိတယ်.. နောက်တစ်ခါ ဒီကိုလာခဲ့ရင် မင်းကို အဆတစ်ထောင်လောက် လက်စားချေပစ်မယ်..”

စုမင်က ထိုစကားများလာရာဆီသို့ လှည့်ကြည့်လိုက်သည်။ သူက ထိုအလင်းတိုင်မှ ဆင်းသက်လာသောအင်မော်တယ် များကို ကိုင်တွယ်ဖြေရှင်းနိုင်သော်လည်း နောက်တိုင်တစ်ခု ကျန်သေးသည်။ ထိုအခိုက်အတန့်တွင် ပုံရိပ်များစွာ လျင်မြန်ထွက်ပေါ်လာပြီး ထိုထဲမှနှစ်ဦးက အလင်းတိုင်ထဲမှ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ကြသည်။

စုမင်၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။ သူ့ပတ်ဝန်းကျင်တွင် ချက်ချင်းပင် အနက်ရောင်မြူခိုးငွေ့များ ထွက်ပေါ်လာသည်။ သူ၏ညာလက်တွင် အနက်ရောင်မြူခိုးငွေ့များ ချက်ချင်းပင် စုရုံးလာပြီး မကောင်းဆိုးဝါးအစောင့်အရှောက်လှံ ပေါ်ထွက်လာသည်။ စုမင်က လှံကို ဖမ်းဆုပ်ပြီး အခြားအလင်းတိုင်ဆီသို့ ပစ်ချလိုက်သည်။

စုမင်၏လှံက လေထုကိုဖောက်ထွင်းသွားသော ခရမ်းရင့်ရောင်နဂါးတစ်ကောင်နှင့် တူသည်။ ၎င်းက ချက်ချင်းပင် အလင်းတိုင်ထဲသို့ ရောက်သွားပြီး ရှေ့ထွက်လာသောပုံရိပ်များဆီသို့ ကျရောက်သွားသည်။စုမင်က သူ့ညာလက်ကို မြှောက်ကာ ချိပ်တံဆိပ်ခတ်လိုက်သည်။ ထို့နောက် သူ ပစ်ပေါက်လိုက်ရာ အလင်းတိုင်အတွင်း ဧရိယာတစ်ခုလုံးကို လှိုင်းလုံးကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုဖြစ်ရပ်က မူလပုံစံကိုပြန်လည်ရရှိနေသည့်ပုံရိပ်များကို ခေတ္တ ရပ်တန့်သွားစေခဲ့သည်။ ထိုခဏအတွင်းတွင် စုမင်က ကြယ်တစ်ပွင့်ကဲ့သို့ လျင်မြန်သောအရှိန်ဖြင့် နီးကပ်လာလေသည်။စုမင်က သူတို့ကြားထဲသို့ ပြေးဝင်သွားသည်။သူ့ပတ်ဝန်းကျင်မှာ အနက်ရောင် မြူခိုးများက သူ့မျက်နှာကို ဖုံးလွှမ်းသွားသည်။ သူ ဘယ်သွားသွား သူ့ကိုမြင်နိုင်သောအရာက မြူခိုးများကနေ ထွက်လာသော အရိုးစုကဲ့သို့ ပိန်ပိန်ပါးပါး လက်တစ်ချောင်းပင်ဖြစ်သည်။ ထိုလက်က မည်သည့်ခုခံမှုမှ မလုပ်နိုင်သောပုံရိပ်များကို ချေမှုန်းပစ်လိုက်သည်။ သို့သော် စုမင်၏ချုံခိုတိုက်ခိုက်မှုအောက်တွင် လျင်မြန်စွာ ဆုတ်ခွာသွားသူ တစ်ဦးရှိသည်။

ထိုပုံရိပ်က မူလပုံစံတစ်ဝက်သာ ပြန်လည်ရရှိခဲ့သော်လည်း သူ၏နောက်ဆုတ်မှုက နှေးကွေးသွားခြင်းမရှိပေ။ စုမင်က အလင်းတိုင်ထဲသို့ ခြေလှမ်းလိုက်သည်နှင့် သူက လှံကိုရှောင်တိမ်းပြီး အလန့်တကြား နောက်ဆုတ်သွားလေသည်။ သူက အနက်ရောင်ဝတ်ဆင်ထားပြီး သူ့မျက်နှာအမူအရာမှာ ဒေါသနှင့် ပြည့်နှက်နေ လေသည်။

နတ်ဆိုးကောင်းကင်ဂိုဏ်း၏အကြီးအကဲက မြေပြင်သို့ဆင်းသက်လာသောအင်မော်တယ်ပထမအသုတ်တွင် ပါရှိလေသည်။သူက မှော်ဆန်သော ခန္ဓာကိုယ်တစ်ခုကိုသာ ဖန်တီးပြီး မာန်ပြည်ထောင်သို့ဆင်းသက်လာခဲ့သည်။မှော်ဆန်သည့် ခန္ဓာကိုယ်တစ်ခု ဖြစ်သော်ငြားလည်း မာန်ကျင့်ကြံသူများကို ဖိနှိပ်နိုင်သည့်စွမ်းအားများ ရှိ‌နေဆဲပင်ဖြစ်သည်။နောက်ဆုံးတွင်

အင်မော်တယ်တို့၏အတွေ့အကြုံကိုအခြေခံ၍ မာန်ပြည်ထောင်ရှိအင်အားကြီးသူများက အင်မော်တယ်မဟာစက်ဝန်းကြီးနယ်ပယ်မဆင့်ရှိသူများနှင့် တူညီလေသည်။

သို့သော် သူဆင်းသက်လာစဉ်တွင် သူ့အရေပြားများ ရှုံတွ ပျက်စီးနိုင်သည့် အသက်အန္တရာယ်ကို သတိပြုမိသည်။ မာန်ပြည်ထောင်သို့ဆင်းသက်လာစဉ်တွင် သူ ယခုကဲ့သို့အန္တရာယ်မျိုးနှင့်ယှဉ်‌ဆိုင်ရမည်ဟု မထင်ထားခဲ့ပေ။

အင်မော််တယ်ဂိုဏ်းများနှင့် နတ်ဆိုးဂိုဏ်းများကြား မည်မျှပြင်းထန်သော တိုက်ပွဲဖြစ်ပါစေ၊ မူလပုံစံပြန်မရနိုင်သေးသူများ၏ ခန္ဓာကိုယ်များကို ဖျက်ဆီးခြင်း

မျိုးကို မပြုလုပ်ကြပေ။

“မင်း ဘယ်သူလဲ...”

ဝတ်ရုံနက်က အလျင်အမြန် ခေါင်းမော့ကြည့်လိုက်သော် အလင်းတိုင်ထဲတွင် သူ့လူများ မရှိတော့ပေ။ မြူခိုးများဝန်းရံထားသောပုံရိပ်တစ်ခုက ခြေလှမ်းတစ်လှမ်းတည်းဖြင့် လျင်မြန်စွာ ထွက်သွားလေသည်။

ထို့နောက် မြူခိုးအများစုက ပျောက်ကွယ်သွားလေသည်။ သို့သော် မကြာမီ သူ့မျက်နှာက နီမြန်းလာပြီး လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာသည်။ သူ သတ္တမခြေလှမ်းကို လှမ်းပြီးချိန်မှာတော့ စုမင်က သူ့ဧ။်ပုံမှန်ပုံစံကို ပြန်လည်ရရှိလာခဲ့သည်။

“ဘာတွေဖြစ်နေတာလဲ...”

ဝတ်ရုံနက်၏ မျက်နှာမှာ ဖြူဖျော့သွား လေသည် ။ စုမင်၏ ထူးဆန်းသော မြင်ကွင်းက သူ့အား ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်စေလေသည်။ ဆင်းသက်လာသောအင် မော်တယ်များကို ဖျက်ဆီးသည့် လုပ်ရပ်က စုမင်ကို သတိထားမိစေသည်။ အဝေးရှိ ကျီအန်းက ခေါင်းပြတ်နေသောလူနှင့်တိုက်ခိုက်နေသည်ကို တွေ့လိုက်ရသည်။ ထိုနေရာမှာ ဖြစ်ပျက်နေသည်များကို နားမလည်နိုင်ခဲ့ပေ။

အထူးသဖြင့် မြေပြင်ပေါ်တွင် မတ်တပ်ရပ်နေသော သောင်းနှင့်ချီသောအင်မော်တယ်များအတွက် အံ့ဩတုန်လှုပ်စရာပင်ဖြစ်သည်။ သူတို့က အင်မော်တယ်နှင့် နတ်ဆိုးဂိုဏ်းသားများဖြစ်ကြသည်။

သူတို့က စုမင်၏လုပ်ရပ်ကို လက်ပိုက်ကြည့်နေခဲ့ကြသည်။ မည်သူကမှ တားဆီးခြင်း မပြုခဲ့ပေ။ အမှန်တော့ စုမင် သူတို့ကို လှမ်းကြည့်ချိန်တွင် သူတို့မျက်နှာ၌ တုံ့ဆိုင်းခြင်းနှင့်ကြောက်ရွံ့မှုတို့ကို တွေ့ရလေသည်။

“ကြောက်နေကြတာလား...ဘာကိုကြောက် နေတာလဲ”

ဝတ်ရုံနက်က နောက်တစ်ကြိမ် ပြန်ဆုတ်သွားပြီးနောက် ခေါင်းကို အမြန်ငုံ့ကြည့်လိုက်သည်။ သူ့အကြည့်များက မြေပြင်ဆီရောက်သွားပြီး နတ်ဆိုးဂိုဏ်းသားများကို ကြည့်နေလေသည်။

“ရှန်းတုန်.. ဘာဖြစ်နေတာလဲ ငါ့ကိုပြောစမ်း...”

ဝတ်ရုံနက်က နတ်ဆိုးဝိညာဥ်ဂိုဏ်း၏ရှန်းတုန်ကို သေချာသိလေသည်။ သူ ဟိန်းဟောက်လိုက်ပြီး‌နောက် ရှန်းတုန်၏

မျက်နှာပေါ်တွင် နာကျင်နေသည့်အရိပ်အယောင်ကို တွေ့လိုက်ရသည်။သို့သော်သူ ရှန်းတုန်ဖြေသည့်အချိန်ထိ မစောင့်နိုင်တော့ပေ။

ထိုအချိန်တွင် စုမင်၏ အကြည့်ကသူ့ဆီသို့ ရောက်သွားသည် ။ သူ့မျက်လုံးထဲတွင် အလင်းတန်းတစ်ခု ပေါ်လာပြီး သူပယက လျှပ်စီးအရှိန်ဖြင့် တစ်ဟုန်ထိုးပြေးလေသည်။

ထိုလူ၏အမူအရာ ချက်ချင်းပြောင်းသွားသည်။ သူက ချက်ချင်းပင် လမ်းကြောင်း ခုနစ်သွယ်သို့ လျင်မြန်စွာ ပျံ့နှံ့သွားသော ရုပ်တုခုနစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုအချိန်တွင် သူ၏စွမ်းအားက လုံး၀ကျမသွားဘဲ စွမ်းအားကြီးနယ်ပယ်အဆင့်ရှိသူများနှင့်ညီမျှလေသည်။

သူက လွတ်မြောက်ရန် မရွေးချယ်ဘဲ မတူကွဲပြားသော လမ်းကြောင်း ခုနစ်သွယ်မှ စုမင်ဆီသို့ အရှိန်တင်ခဲ့သည်။

ယခင်က စုမင် သူ့ကို ခြိမ်းခြောက်ခဲ့ဖူးပြီး သူကလည်း စုမင်၏ ဇစ်မြစ်ကို ဆုံးဖြတ်နိုင်ခဲ့သည်။ စုမင်တွင် မာန်ကျင့်ကြံသူ၏အရှိန်အဝါ ရှိနေပြီး အင်အားအကြီးဆုံးဖြစ်ကြောင်း သူ ခံစားမိခဲ့သည်။ ယခင်က စုမင်က အလင်းတိုင်ထဲရှိ သူ့ကို ခြုံခိုတိုက်ခိုက်ခဲ့သည်။ ယခု သူအပြင်ထွက်လာချိန်၌ စုမင်က သူ့ကို မတိုက်ရဲဟု ယုံကြည်နေလေသည်။

‘ငါ သူ့ကို ခဏလောက်ထိန်းထားမယ်.. ခဏနေ အင်မော်တယ်ဒုတိယအသုတ်ဆင်းလာတော့မှာ..ပြီးတာနဲ့ ဒီလူသေပြီပဲ.. ဒါဆိုရင် ဒီ‌နေရာမှာ ဘာတွေဖြစ်နေလဲ သိရတော့မှာ...”

‘ဒါပေမဲ့ ဒီမှာ ထူးဆန်းတာတစ်ခုရှိတယ်..ကျီအန်းကို တိုက်နေတဲ့လူက ဘယ်သူလဲ.. သူက ကျီအန်းကို စကားပြောခွင့်မရအောင် လုပ်ထားတာ...သူ နည်းနည်းမှအာရုံမလွင့်ဘဲ တိုက်ခိုက်နေရတာ...”

“တိထျန်း...ဘယ်မှာလဲ...”

ဝတ်ရုံနက်၏ခေါင်းထဲမှာ ထိုအတွေးဝင်လာ‌သောအခါ စုမင်ဆီသို့ အရှိန်တင်လိုက်သည်။

စုမင်က သူ့ပတ်ဝန်းကျင်ကို စူးစူးစိုက်စိုက်ကြည့်နေသည်။ ပုံရိပ်ခုနှစ်ခုက ပတ်ပတ်လည်တွင် နေရာယူထားပြီး သူတို့၏စွမ်းရည်များက သာမန်မျှသာအစွမ်းထက်လေသည်။ စုမင် ထိုပုံရိပ်များထဲမှ လူအစစ်ကိုရှာဖွေရန် အလွန်ကြိုးစားအားထုတ်စရာမလိုပေ။ ထို့ကြောင့် စုမင်က သူ့‌‌နေရာမှာရပ်‌နေရန် ရွေးချယ်ခဲ့သည်။

စုမင်က လေထုထဲတွင် အေးခဲရပ်တန့်နေစဉ် ဝတ်ရုံနက်မှအသွင်ပြောင်းသွားသော လူခုနစ်ယောက်တို့က မျက်လုံးအရောင်ပြောင်းသွားသည်ကိုတွေ့လိုက်ရသည်။ ထို့‌‌နောက် အေးစက်သောအသံတစ်ခုထုတ်လွှတ်လိုက်သည်။

ထို့‌နောက် ပုံရိပ်ခုနစ်ခုက အရှိန်အဟုန်ဖြင့် တိုးဝင်လာပြီး စုမင်အနီးတွင် ချက်ချင်းပေါ်လာသည်။ သူတို့အားလုံး တစ်ချိန်တည်း ချိပ်တံဆိပ်တစ်ခုကို ဖန်တီးကြလေသည်။ ထို့နောက် ဟိန်းဟောက်လိုက်ပြီး စုမင်ဆီသို့ လက်ဝါးများဖြင့်တွန်းလိုက်သည်။

ထိုအချိန်တွင် စွမ်းအားကြီးနယ်ပယ်ရှိမဟာစက်ဝန်းအဆင့်စွမ်းအားများက စုမင်၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခဲ့သည်။ ကျယ်လောင်သောအသံများက လေထဲတွင် တဟုန်ထိုးမြည်နေသော်လည်း စုမင်က တုန်တုန်မလှုပ်ပေ။

သူ၏ခန္ဓာကိုယ်ပေါ်ရှိ သက်ရောက်နေသော လှိုင်းလုံးများကို ရိုးရှင်းစွာ ခွင့်ပြုလိုက်ပြီး စတုတ္ထလူကို ထိုးနှက်ရန် ညာလက်ကို မြှောက်လိုက်သည်။

လောကကြီးက တုန်လှုပ်သွားလေသည်။ စတုတ္ထမြောက်ပုံရိပ်က ထိတ်လန့်သွားပြီး သွေးအန်လိုက်ရသည်။ သူ ချက်ချင်း ‌နောက်ပြန်ဆုတ်သွားပြီး သူ့မျက်နှာမှာ မယုံကြည်နိုင်မှုနှင့်ကြောက်ရွံ့မှုများ ပေါ်လာလေသည်။

“ဒါက...စွမ်းအားကြီးနယ်ပယ်ထက် သာလွန်တဲ့ စွမ်းအားပဲ…”

စတုတ္တမြောက်ပုံရိပ်က ‌နောက်ပြန်ဆုတ်သွားပြီး ကျန်ပုံရိပ်ခြောက်ခုက ကွဲကြေပျက်စီးသွားကြသည်။ စတုတ္ထပုံရိပ်မှာ ဝတ်ရုံနက်၏ မှော်ကိုယ်ခန္ဓာအစစ်ဖြစ်သည်။ သူလဲကျသွားစဉ် စုမင်က သူ့မြင်ကွင်းမှ ပျောက်ကွယ်သွားပြီဖြစ်သည်။

သူ့နှလုံးသားထဲမှာ ပြင်းထန်သော အန္တရာယ် အငွေ့အသက်တစ်ခု တိုးလာလေသည်။ သူ့ခေါင်းလှည့်ကြည့်လိုက်သော် မျက်မှောင်ကြုတ်မိသွားသည်။ထိုမြင်ကွင်းက သူ့နောက်ဆုံးအချိန်မှာ မြင်ရမည့်ပုံရိပ်တစ်ခုပင်ဖြစ်သည်။

ထိုအရာက လက်ချောင်းတစ်ချောင်းဖြစ်ပြီး သူ့အမြင်အာရုံတစ်ခုလုံး ပြည့်သွားခဲ့သည်။ ထိုလက်ချောင်းက သူ့မျက်ခုံးအလယ်ကို ပုတ်လိုက်သည်နှင့် အဖျက်စွမ်းအားတစ်ခုက သူ့ခန္ဓာကိုယ်ထဲသို့ ပေါက်ကွဲသံတစ်ခုနှင့်အတူ တိုးဝင်လာသည်။ ၎င်းက သူ၏အသွေးအသားကို ဆုတ်ဖြဲကာ တစ်ချိန်တည်းမှာပင် သူ၏ အခြေတည်နတ်ဘုရားကို ချေမှုန်းလိုက်သည်။ ကျိန်စာကလည်း သူ့စိတ်ဝိညာဉ်ထဲသို့ ရောနှောသွားပြီး အင်မော်တယ်ပြည်ရှိ ကိုယ်အစစ်ဆီသို့ ရောက်ရှိသွားလေသည်။

“ဒါက မဖြစ်နိုင်ဘူး...”

ဝတ်ရုံနက်က ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး အမှန်တကယ် ထိတ်လန့်သွားသည်။အမှန်မှာ သူ၏ မှော်ခန္ဓာကိုယ် ကွယ်လွန်သွားလျှင်ပင် သူ၏ တကယ့်ကိုယ်က စွမ်းအား ကျဆင်းသွားသည်ဟု ခံစားမိသော်လည်း သူ့အသက်အန္တရာယ်မဖြစ်နိုင်ပေ။ ယခုပင်… သူ၏ ဝိညာဉ်တွင်းရှိ အေးစက်နေသော ကျိန်စာက သူ၏ မှော်ခန္ဓာကိုယ်မှတစ်ဆင့် သူ၏ တကယ့်ကိုယ်ခန္ဓာကို တိုက်ခိုက်နိုင်သည်။ သူ မမျှော်လင့်ထားခဲ့သောအရာဖြစ်ပြီး သူ့ကြောက်ရွံ့မှု၏အရင်းအမြစ် ဖြစ်သည်။

ကျယ်လောင်သော အော်ဟစ်သံက လေထဲတွင် ကျယ်လောင်စွာ ထွက်ပေါ်လာသောအခါ ဝတ်ရုံနက်က ပေါက်ကွဲပြီး သေဆုံးသွားခဲ့သည်။

ထိုစဉ် နဂါးငွေ့တန်းရှိ အဆုံးမဲ့ လွင့်မျောနေသော တိုက်ကြီးများ၏ အလယ်ဗဟိုတွင် ယဇ်ပလ္လင်များစွာ တည်ထားသော တိုက်ကြီးတစ်ခုရှိသည်။ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထိုင်နေပြီး ထိုလူမှာ စုမင်သတ်လိုက်သော ဝတ်ရုံနက်ပင် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် သူ့မှော် ခန္ဓာကိုယ်ကြီးက သေဆုံးသွားပြီး သူ့ခန္ဓာကိုယ်အစစ်က ပြင်းထန်စွာ တုန်ခါလာပြီး အနက်ရောင် အကွက်များ ပေါ်လာသည်။ ထို့နောက် သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားကြပြီး လျင်မြန်စွာ ပုပ်ပွလာ သည်။ ထိုလူက မချိမဆန့်ဝေဒနာခံစားရပြီး နာကျင်စွာအော်ဟစ်လိုက်သည်။

သူ့စိတ်ထဲတွင် ကြောက်ရွံ့မှု ပေါ်လာပြီး လျင်မြန်စွာ ထရပ်လိုက်သည်။ သူ့ညာလက်ကို လှုပ်ယမ်းလိုက်သော် မှော်အစီအရင်တစ်ခုပေါ်လာလေသည်။သူက ထိုမှော်အစီအရင်ထဲသို့ လှမ်းဝင်ရန် ကြံရွယ်ပြီး သူ့ခြေကို မြှောက်လိုက်သည်။

ထိုစဉ် သူ့မျက်လုံးများက ဝေဝါးသွားပြီး ခန္ဓာကိုယ်က တုန်ရီလာသည်။ ထို့နောက် ဘေးသို့လဲကျသွားသည်။ ထိုအချိန်တွင်

၏ခန္ဓာကိုယ်က အနက်ရောင်သွေးများအဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏အခြေတည်နတ်ဘုရားပင်လျှင် မလွတ်မြောက်နိုင်ပေ။

သူ တကယ် သေဆုံးသွားခဲ့လေပြီ..

သူ မသေဆုံးခင် ခဏလေးမှာ သူ့ပတ်ဝန်းကျင်ရှိယဇ်ပလ္လင်တစ်ရာကျော်နှင့်တခြားတိုက်ကြီးများမှာ အားကောင်း သောအလင်းရောင်များ ထွန်းလင်းနေတာကို သူတွေ့လိုက်ရသည်။ နောက်ထပ်အင်မော်တယ်များ ပို့ဆောင်ရေး လမ်းကြောင်းကို စတင်လုပ်ဆောင်ပြီး နောက်ထပ် လူများကို ဆင်းရန် စေလွှတ်တော့မည် ဖြစ်သကဲ့သို့ ထင်ရသည်။

စုမင်က သူ့လက်ချောင်းကို ပြန်ရုတ်သိမ်းလိုက်သည်။သူက မြေပြင်ပေါ်ရှိ သောင်းနှင့်ချီသောအင်မော်တယ်များကို

ငုံ့ကြည့်လိုက်သည်။ သူနှင့်အကြည့်ချင်းဆုံမိသူတိုင်းက အလိုလိုခေါင်းငုံ့သွားကြသည်။

ထိုသူများက ပါရမီရှင်ဖြစ်လျှင်တောင်မှ၊ သူ့အမှတ်တရထဲမှ ရင်းနှီးသူဖြစ်လျှင်တောင်မှ စုမင်အကြည့်ကို ရှောင်နေကြသည်။

‘မာန်မျိုးနွယ်စုတွေက ငါ့ကို ခွန်အားပေးတယ်..”

စုမင်၏ အကြည့်က မြေပြင်ပေါ်ရှိ လူအုပ်ကို ဖြတ်ကျော်သွားသည်။

‘မာန်မျိုးနွယ်စုတွေက အမှန်တရားကို ရှာဖွေဖို့ ခွန်အားပေးတယ်...

‘ဒီမှာ ငါနဲ့မခွဲနိုင်တဲ့သူတွေရှိတယ်...”

‘ငါ ပြန်ချင်တဲ့အိမ်က ဒီမှာရှိတယ်...”

‘ငါက ဒီမှာမွေးတယ်.. .ငါ့ရဲ့ လက်ရှိအမှတ်တရတွေကတော့ မာန်ပြည်ထောင်မှာပဲ...”

‘ဒါဆို ငါကဘာလို့ မာန်ကျင့်ကြံသူမဖြစ်ရမှာလဲ...”

ထို့နောက် စုမင်က ကောင်းကင်၌ လည်ပတ်ဆဲဖြစ်သော မှော်အစီအရင်နှစ်ခုကို တစ်ချက်ကြည့်လိုက်သည်။ ထိုနေရာသို့ ဆင်းသက်လာသောအင်မော်တယ်များ နောက်တစ်ကြိမ် ပေါ်လာသည်။သို့သော် သူ့မျက်လုံးများတွင် ရှုပ်ထွေးမှုများမရှိတော့ဘဲ စိတ်ပိုင်းဖြတ်မှု၊ ပြတ်သားမှုနှင့် အသိအမှတ်ပြုမှုတို့သာရှိတော့သည်။

“မင်းဘယ်သူလဲဆိုတာ မင်းသိလာတဲ့အခါ မင်းက မင်းမဟုတ်တော့ဘူး...မင်း ဘယ်သူလဲဆိုတာ မသိမှ အဲ့ဒါမင်းပဲ...”

ရှေးလေထုကို ဆောင်ကျဉ်းပေးနေသောပုလွေသံစဉ်က စုမင်နားထဲတွင် ပဲ့တင်ထပ်လာပြန်သည်။

All Chapters