သုံးဆယ့်ခုနှစ်ကြိမ်မြောက် ဆင်းသက်ခြင်း
Vol. 49 Ch. 679
စုမင်က မာန်စိတ်ဝိညာဉ်နယ်ပယ်တွင် ကြီးကျယ်စွာ ပြီးမြောက်မှုကို ရရှိခဲ့သည်။စူးရှ ပြင်းထန်သောနာကျင်မှုက သူ့ခေါင်းရှိချိပ်တံဆိပ်ထံမှ ချက်ချင်း ထွက်ပေါ်လာသည်။ ထိုနာကျင်မှုက စုမင်၏သွေးကြောများကို ထောင်းထလာစေပြီး ချိပ်တံဆိပ်မှာလည်း အက်ကွဲကြောင်းများပေါ်လာသည်။ထိုစဉ် စုမင်က အချိန်အတိုင်းအတာနယ်ပယ်မှ ထွက်လာသည့် စွမ်းအားကို တစ်ကြိမ် ထပ်မံ ခံစားလိုက်ရသည်။ ထိုစွမ်းအားက သူနှင့်မနီးမဝေးမှာရှိနေပြီး စောင့်ကြည့်နေသည်ဟု ခံစားလိုက်ရသည်။
၎င်းတို့က ချိပ်တံဆိပ်ပွင့်လာစေသော အက်ကွဲကြောင်းများကို တားဆီးနေလေသည်။ သို့သော် ချိပ်တံဆိပ်က ဆက်လက်ကွဲအက်လာလိုက် ပြန်ပိတ်လိုက်သွားလိုက် တစ်လှည့်စီဖြစ်နေပြီး စုမင်၏အသိစိတ်ကို နှောင့်ယှက်နေလေသည်။
သူ့အမှတ်တရများကို တံဆိပ်ခတ်ရန် ကြိုးစားနေသည့် စွမ်းအားဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောပြနိုင်သည်။ ယခင်နှင့် ယခုကြားရှိ တစ်ခုတည်းသော ခြားနားချက်မှာ ယခင်က အခြားသော အတိုင်းအတာတစ်ခုတွင် ရှိနေခဲ့ခြင်း ဖြစ်သည်။ ယခုမူ ထိုစွမ်းအားက စုမင်မျက်စိရှေ့ မာန်ပြည်ထောင်သို့ရောက်ရှိလာသည်။
စုမင်က ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်သည်။ ကနဦးစွမ်းအားပေါက်ကွဲမှု၊ သူ့စိတ်ထဲရှိလွန်ဆွဲမှုနှင့် ချိပ်တံဆိပ်အက်ကွဲမှုတို့ကြောင့် သူ့မျက်လုံးတွင် အနီရောင်အမျှင်များ သမ်းလာလေသည်။ ထို့နောက် မျက်လုံးများက လုံးဝ ကြက်သွေးရောင်အဖြစ် ပြောင်းလဲသွားပြီး မှော်အစီအရင်မှ ထွက်ပေါ်လာသောအလင်းတိုင်ဆီသို့ အကြည့်ရောက်သွားလေသည်။
“အားလုံးအဆင်သင့်ဖြစ်ပြီလား...”
စုမင်က ခပ်တိုးတိုးမေးလိုက်သည်။ သူ့ခန္ဓာကိုယ်ထဲတွင် လောကကြီးမှ မထင်မှတ်ထားသော စွမ်းအားများစွာ ရှိနေသည်။ သူ့အတွေးတစ်ခုတည်းဖြင့် တစ်လောကလုံးကို ပြိုပျက်သွားစေနိုင်သည့် ခံစားချက်မျိုးတောင် ရှိခဲ့သည်။
သူသာ ကောင်းကင်ဖြစ်ခဲ့လျှင် ကောင်းကင်သည်လည်း သူပင်ဖြစ်သည်။
သူ့စကားများက လေထဲမှာ ပျံ့လွင့်သွားပြီး သူ့အသံက ကောင်းကင်နှင့် တစ်သားတည်း ဖြစ်သွားသည်။ ထိုအသံက တစ်လောကလုံးကို တုန်လှုပ်ခြောက်ခြားသွားသည့် ဥပဒေတစ်ခုလိုပင်ဖြစ်သည်။ ထိုစဉ် အလင်းတိုင်နှစ်တိုင်က သူ၏ စွမ်းအားကို ခံနိုင်ရည်မရှိသောကြောင့်ပြိုကျပျက်စီးတော့မည် ဖြစ်သကဲ့သို့ တုန်လှုပ်လာသည်။
ထိုအလင်းတိုင်များအတွင်း ပုံရိပ်တစ်ရာနီးပါးရှိကာ အများစုမှာ ဆင်းသက်ပြီးဖြစ်သည်။ထိုလူအားလုံးက စုမင်အား တုန်လှုပ်ခြောက်ခြားစွာဖြင့် တိတ်တဆိတ်ကြည့်နေကြသည်။
ထို့ပြင် စုမင်၏မာန်စိတ်ဝိညာဉ်နယ်ပယ်ပြီးမြောက်ခြင်းနှင့် ပေတစ်သောင်းမြင့်သောမာန်နတ်ဘုရားရုပ်တုကိုလည်း တွေ့လိုက်ရသည်။ သူတို့စိတ်ထဲတွင် ကြောက်လန့်စိတ်များက ဒီရေအလားတရိပ်ရိပ်တက်လာလေသည်။
စုမင်၏အသံကြောင့် အလင်းတိုင်ကို တုန်လှုပ်စေခဲ့ပြီး စောင့်ကြည်သူများကို မယုံကြည်နိုင် ဖြစ်စေသည်
“မာန်ပြည်ထောင်မှ ကြိုဆိုပါတယ်...”
စုမင်က ခေါင်းကို အမြန်မော့လိုက်သည်။ ထိုစဥ် အလင်းတိုင်နှစ်တိုင်က ပြင်းထန်စွာ တုန်လှုပ်သွားသည်။ တစ်ချိန်တည်းမှာပင် အတွင်းရှိလူများက အရပ်ရပ်သို့ ထွက်လာကြသည်။
လူအများစုမှာ ထူးကဲသော စွမ်းအားများ ရှိကြပြီး အချို့မှာ စွမ်းအားကြီးနယ်ပယ် မဟာစက်ဝန်းအဆင့်တွင် ရောက်ရှိသူများဖြစ်သည်။ ထို့အပြင် တိထျန်း၏
ကိုယ်ပွားများနှင့် ညီမျှသော စွမ်းအားရှိသူ နှစ်ဦးပင် ရှိသေးသည်။
ထိုလူများက တစ်ဟုန်ထိုးထွက်မလာသေးခင် စုမင်က သူ့ညာလက်ကိုဖြန့်ကာ သူ့ရှေ့ရှိလေထုကို ဆုပ်ကိုင်လိုက်သည်။ ဤသည်မှာ မသေနိုင်ပြီးမပျက်စီးနိုင်သောလောကရှိအဖိုးအိုကို တွေ့ပြီးနောက်
မပျက်စီးနိုင်သောဝိညာဉ်များအပေါ် ပြုမူသည့် တိုက်ခိုက်မှုမျိုးပင်ဖြစ်သည်။
ထို့အတူ သူ့ညာလက်ကိုမြှောက်လိုက်ချိန်တွင် နတ်ဘုရားရုပ်တုကလည်း အလားတူ လိုက်မြှောက်လေသည်။
ကျယ်လောင်သောအသံများ လေထုထဲသို့ တစ်ဟုန်းထိုး ပျံ့နှံ့လာပြီး အလင်းတ်ုင်မှ အင်မော်တယ်များ အေးခဲရပ်တန့်သွားလေသည်။ သူတို့၏ခန္ဓာကိုယ်များ
တုန်လှုပ်သွားပြီး စူးစူးဝါးဝါးအော်လိုက်ကြသည်။ ထို့နောက် ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ ဝုန်းခနဲ ပေါက်ကွဲသွားကြသည်။
ထို့နောက် အသက်စွမ်းအားမျှင်များ ထွက်ပေါ်လာကာ စုမင်၏ညာဖက်လက်ဆီသို့ ရောက်ရှိလာသည်။ စုမင်က စွမ်းအားမျှင်များကို ဆုပ်ကိုင်ထားပြီး သူ့ကျိန်စာစွမ်းအားများက တငွေ့ငွေ့ထွက်ရှိလာသည်။ ထို့နောက် ကျိန်စာက အင်မော်တယ်များဆင်းသက်ရာမှော်အစီအရင်အတွင်းထဲရှိ ခြေရာခံ ပျံ့နှံ့လာလေသည်။
တစ်ချိန်တည်းမှာပင် စုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ တိထျန်း၏ ကိုယ်ပွားနှင့် စွမ်းအားတူသူတစ်ဦးရှေ့တွင် ချက်ချင်း ပေါ်လာသည်။ ထိုသူက ခေါင်းကို ချာခနဲလှည့်ကြည့်လိုက်ပြီး အစိမ်းရောင်အလင်းတန်းက သူ့ခန္ဓာကိုယ်ပေါ်တွင် ချက်ချင်းပေါ်လာသည်။ သူနောက်ဆုတ်ခါနီးမှာ စုမင်က ဘယ်လက်ကိုမြှောက်ပြီး အစိမ်းရောင်အလင်းတန်းကို ထိုးဖောက်လိုက်လေသည်။သူကယ့လက်က ထိုကျင့်ကြံသူ၏ရင်ဘတ်ပေါ်ရောက်ရှိသွားပြီးနောက် လည်ပင်းကို ညှစ်လိုက်သည်။
ထိုလူ၏ မျက်လုံးများ ပြူးကျယ်သွားကာ နှလုံးကြေမွသွားလေသည်။
ကျိန်စာကလည်း ပျံ့နှံ့သွားပြီး ထိုလူ၏ အခြေတည်နတ်ဘုရားကို ဖျက်ဆီးပစ်လိုက်ပြီး အင်မော်တယ်ပြည်ကို သွားကာ ထိုသူ၏အစစ်အမှန်ကိုယ်ခန္ဓာကိုဖျက်ဆီးပစ်လိုက်သည်။
“အခုကစပြီးအင်မော်တယ်တွေ မာန်ပြည်ထောင်ပေါ်ကို ဆင်းသက်တာကို တားမြစ်လိုက်ပြီ...”
စုမင်က မာန်ပါပါ ပြောလိုက်သည်။
သူ့လက်သီးဆုပ်ကိုပြန်ဖြည်လိုက်စဉ် သူ့ဆံပင်များက လေထဲတွင် တဖျပ်ဖျပ် လွင့်ပျံနေလေသည်။ သူလှည့်ကြည့်လိုက်သော် တိထျန်းနှင့်စွမ်းအားတူ ကျင့်ကြံသူက သူ့နားသို့ ရောက်ရှိလာလေသည်။ ထိုစဉ် စုမင်၏ဘယ်လက်ထဲတွင် တောင်နှင့်မြစ်များ ပေါ်လာပြီး အတွင်း၌ နေ၊ လ၊ ကြယ်များအပြင် စကြဝဠာတစ်ခုလုံး တည်ရှိနေပုံရသည်။ထိုအရာများက
အလွန်ကြီးမားသော အလံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ စုမင်ကို ဝေ့ဝိုက် လှည့်ပတ်နေလေသည်။
စုမင်၏ ဘယ်ဘက်လက်ညိုးက မရပ်မနား လှုပ်ရှားနေသည်။ သူက ထိုအလံကို ဖြတ်ပြီး ကျင့်ကြံသူ၏ ရင်ဘတ်ကို ထိလိုက်သည်။ထိုကျင့်ကြံသူက သွေးစိမ်းရှင်ရှင်အန်ထွက်လာပြီး အလန့်တကြားနောက်ဆုံးလိုက်ရသည်။
စုမင်က ရှေ့သို့ ခြေတစ်လှမ်းလှမ်းပြီး အလံကို ညာလက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူ၏ဘယ်လက်ဖြင့် ကျင့်ကြံသူကို ထိုးပစ်လိုက်သည်။
“ဒီကိုရောက်လာတဲ့ အင်မော်တယ်အားလုံးကို သတ်ပစ်မယ်...”
စုမင်၏ခံစားချက်မဲ့သော စကားလုံးများကို တုံးတိပြောချလိုက်သည်။ ထို့နောက် သူ့လက်သီးကို ဟင်းလင်းပြင်ဆီသို့ ထိုးလိုက်ရာ လှိုင်းဂယက်အထပ်ထပ်များ ထလာလေသည်။ ထိုကျင့်ကြံသူ၏ခန္ဓာကိုယ်က ပေါက်ကွဲသွားပြီး အသားစများ အပြင်သို့လွင့်စင်သွားလေသည်။ထို ပေါက်ကွဲသွားသည့်ခန္ဓာကိုယ်က ကိုယ်ပွားများမဟုတ်ပေ။ သေဆုံးသွားသောကျင့်ကြံသူနှစ်ယောက်စလုံးက မှော်ဆန်သောကိုယ်ကိုသာ စေလွှတ်ခဲ့ကြသည်။
မှော်ကိုယ်ခန္ဓာများက ကိုယ်ပွားများထက် အဆင့်မြင့်မားသည်။ ၎င်းတို့က အင်မော်တယ်များကြားတွင် အခြေတည်နတ်ဘုရားများနှင့်ညီမျှသော တည်ရှိမှုများဖြစ်သည်။ ကျင့်ကြံသူများက သူတို့ဧ။်အသက်စွမ်းအင်များကို မှော်ကိုယ်ထဲထည့်သွင်းသာ တစ်ဆင့်ကိုယ်ပွားအဖြစ် အသုံးပြုကြသည်။
ထို့ကြောင့် ၎င်းတို့၏ကျင့်ကြံဆင့်က တိထျန်း၏ကိုယ်ပွားများ နှင့် ညီမျှသည်။ သို့သော်လည်း ယခုစုမင်က မာန်စိတ်ဝိညာဉ်နယ်ပယ်တွင် ကြီးမားသော ပြီးမြောက်အောင်မြင်ပြီး မာန်ပြည်ထောင်၏ကံကြမ္မာကို ရယူခဲ့သည်။ တိထျန်း၏ ကိုယ်ပွားများကို သတ်ပစ်ခြင်းက သူ့အတွက် ခက်ခဲသော အလုပ်မဟုတ်တော့ပေ။
စုမင်က သူ့လက်မောင်းကို ဝှေ့ယမ်းပြီး ရှေ့သို့ခြေတစ်လှမ်းတိုးကာ ရုပ်တု၏ပုခုံးပေါ်၌ ပေါ်လာလေသည်။ထို့နောက် သူ ကောင်းကင်ကို မော့ကြည့်လိုက်ရာ သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များပေါ်လာလေသည်။
“တိထျန်း.. မင်းရောက်တာကြာပြီ.. မင်းဘာလို့ ကိုယ်ထင်မပြတာလဲ..”
မာန်ပြည်ထောင်၏ကောင်းကင်ရှိတောက်ပသောမှော်အစီအရင်မှ ဝုန်းဝုန်းဒိုင်းဒိုင်းမြည်သံများ ထွက်ပေါ်လာလေသည်။ တစ်ချိန်တည်းမှာပင် အနက်ရောင် ဧကရာဇ်၀တ်ရုံကို ၀တ်ဆင်ထားသည့် အနက်ရောင်သရဖူနှင့် အမျိုးသားတစ်ဦးက ညာဘက်မှော်အစီအရင်အောက်တွင်ရှိသော သူ့ခန္ဓာကိုယ်ကို ထုတ်ဖော်ပြသခဲ့သည်။
ထိုခဏ၌ ပေါ်လာသော စွမ်းအားလှိုင်းက ကောင်းကင်ကို လျှပ်ပန်းလျှပ်နွယ်များဖြင့် လင်းလက်စေပြီး အဆက်မပြတ်မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။
ဤသည်မှာ ကိုယ်ပွားမဟုတ်ပေ။
စုမင်က အနက်ရောင်ဝတ်ရုံတိထျန်းကို တည်ငြိမ်သော မျက်နှာဖြင့် ကြည့်လိုက်သည်။ သူတစ်ချက်ကြည့်လိုက်ရုံဖြင့် တိထျန်းက သူသတ်ခဲ့သောအရင်သုံးယောက်နှင့်ယှဉ်လျှင် လွန်စွာကွဲပြားမှန်းသိလေသည်။
ထိုလူက တိထျန်း၏လက်ဝယ်မှထွက်ပေါ်လာသောသူမဟုတ်ကြောင်း စုမင် ခံစားရလေသည်။ လောကကြီး၏စွမ်းအားစုစည်းပြီးနောက် မွေးလာသူပင်ဖြစ်သည်။ သူ၏အသွင်အပြင်မှာလည်း မယုံနိုင်လောက်အောင် လေးနက်လှသည်။
တကယ်တော့ စုမင်က ထိုခံစားချက်ကို ဒုတိယအကြိမ် ခံစားခဲ့ရသည်။ ပထမအကြိမ်မှာ သူ နက်မှောင်တောင်မှထွက်ခွာပြီး တောင်ပိုင်းအရုဏ်ဦးနယ်မြေသို့ ဝင်ရောက်ချိန်ဖြစ်သည်။ ထိုစဉ် အမှောင်ထုကြီးစိုးသောဟင်းလင်းပြင်တွင် အနက်ရောင်ဝတ်လူတစ်ယောက်က ကြီးမားသောဦးခေါင်းကြီးပေါ်၌ ရပ်နေသည်ကို တွေ့လိုက်ရသည်။ ထိုမြင်ကွင်းမှာ သူ တိထျန်း၏ကိုယ်ပွားကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရသည်။
ထိုအချိန်တွင် သူ၏စွမ်းအားဖြင့် တိထျန်း၏ကိုယ်ပွားမှန်း သိပ်မသိခဲ့ပေ။ သူ့စိတ်ထဲတွင် သာမန်ကာလျှံကာမျှသာ သဘောထားမိခဲ့သည်။
ထိုအချိန်မှစ၍ သူက တိထျန်း၏ ဒုတိယနှင့် တတိယမြောက် ကိုယ်ပွားများကို မြင်ခဲ့သည်။ သူတို့ဟာ သန်မာသော်လည်း စုမင်စိတ်ထဲတွင် ယခုကဲ့သို့ခံစားချက်မျိုး မပေါ်လွင်လာခဲ့ပေ။
စုမင်၏ လက်ရှိကျင့်ကြံမှုဖြင့် အနက်ရောင်ဝတ်ရုံကိုယ်ပွားကို မြင်သောအခါ သူ့အမှတ်တရများရှိချိပ်တံဆိပ်က တော်တော်များများ ကွဲအက်သွားသည်။ ထို့အပြင် သူက တစ်စုံတစ်ရာကို ယောင်ဝါးဝါးမှတ်မိနေပုံရသည်။
မည်သို့ပင်ဆိုစေကာမူ မရေမတွက်နိုင်အောင် ရှင်းရှင်းလင်းလင်း ခံစားခဲ့ရသည်... ဤအနက်ရောင်ဝတ်ရုံတိထျန်းကို သူမြင်ဖူးသည်မှာ ပထမဆုံးအကြိမ်မဟုတ်ပေ။ ယခင်ဟင်းလင်းပြင်မှာ ပေါ်လာသူက ဤတိထျန်းပင်ဖြစ်သည်။
ပို၍တိကျစွာပြောရလျှင် ဤလူက တိထျန်းအဖြစ် အမှန်ပင် ယူဆနိုင်သည့် တစ်ဦးတည်းသော သူဖြစ်သည်။ယခင် စုမင်သတ်ခဲ့ဖူးသမျှသူများက တိထျန်း၏အလိုဆန္ဒများ ဖြင့် ထိန်းချုပ်ထားသော ကိုယ်ပွားများပင်ဖြစ်သည်။
“ဒီနေရာကို ငါ့ မှော်ကိုယ်ပွားပို့ရတာ သုံးဆယ့်ခုနစ်ကြိမ် ရှိပြီ...”
အနက်ရောင်ဝတ်ရုံတိထျန်းက အေးဆေးတည်ငြိမ်စွာပြောလိုက်သည်။ သူ့အသံမှာ ရှေးကျသော လေထုလွှမ်းမိုးနေပြီး သူ့ကိုယ်ပွားများနှင့် အလွန်ကွာခြားသည်။ သူ့စကားတွင် စိတ်အားထက်သန်သောအရိပ်အယောင်မရှိပေ။ သို့သော်လည်း သူ့မျက်လုံးက စုမင်ကို စူးစူးစိုက်စိုက်ကြည့်နေပြီး သက်ရှိမျိုးစုံကို ငုံ့ကြည့်နေသလို ထင်ရစေသော မြင့်မြတ်သောလေထုတစ်ခု ရှိနေသည်။
ထို့နောက် တိထျန်းက ခြေထောက်ကို ဖြည်းညှင်းစွာ မြှောက်ကာ သူ့ဆီသို့ လျှောက်လာခဲ့သည်။
“အရင်က ငါ သုံးဆယ့်ခြောက်ကြိမ်ရောက်လာခဲ့တာက မင်းကြောင့်ပဲ.. မင်းရဲ့ကတိတွေကိုဖျက်ပြီး မင်းကျိန်ဆိုထားတဲ့အရာတွေကို မလိုက်နာလို့ပဲ..မင်း ငါ့ကိုတိုက်ခိုက်ဖို့ကြိုးစားခဲ့တယ်..အဆုံးမှာတော့ ငါမင်းကို သုံးဆယ့်ခြောက်ကြိမ်သတ်ခဲ့တယ်..”
“တကယ်တော့ ငါ မင်းကို လုံးဝသေအောင်မသတ်ဖူးပေမဲ့ မေ့မြောသွားအောင် လုပ်ခဲ့တာ...အဲ့ဒါ သုံးဆယ့်ခုနစ်ကြိမ်ရှိပြီ... ပြီးတော့ အခုတစ်ခါ နောက်ဆုံးအကြိမ် ဖြစ်လိမ့်မယ်...”
တိထျန်း၏ ခံစားချက်မဲ့သော အသံက ဥပဒေတစ်ခုကဲ့သို့ ခံစားရလေသည်။ သူ နီးကပ်လာသည်နှင့် စုမင်၏အမှတ်တရများပေါ်ရှိ တံဆိပ်ခတ်ထားသော နာကျင်မှုက ပိုပြင်းထန်လာပြီး အက်ကြောင်းများလည်း များပြားလာသည်။
“အခုတစ်ကြိမ်တော့ အရင်ကထက် ပိုပြီးအပြောင်းအလဲတွေရှိခဲ့တာပဲ... ဒါကလည်း မင်း ငါ့ရဲ့ကိုယ်ပွားတွေအားလုံးကို ဖျက်ဆီးပစ်နိုင်တဲ့ တစ်ခုတည်းသောအချိန်ပဲ..ဒါပေမဲ့ နောက်ဆုံးတော့ မင်း... ကျရှုံးမှာပဲ...”
ထိုအချိန်တွင် စုမင်နှင့် အနက်ရောင် ၀တ်ရုံတိထျန်းကြား အကွာအဝေး ပေထောင်ပေါင်းများစွာသာ လိုတော့သည်။ ရူးသွပ်သွားစေလောက်အောင်ဖြစ်စေသည့် စူးရှသော နာကျင်မှုက စုမင်၏ ခေါင်းထဲတွင် ပေါ်လာပြီး သူ့မှတ်ဥာဏ်များ တဖြည်းဖြည်း ပြန်လည်ရရှိလာသည်။
တိထျန်းက ရှေ့သို့နောက်တစ်လှမ်းတိုးလိုက်ချိန်တွင် စုမင်၏ခေါင်းထဲတွင် ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာသည်။ သူ့စိတ်ထဲတွင် ပုံရိပ်အများအပြား လျင်မြန်စွာထွက်ပေါ်လာပြီး ဖရိုဖရဲဖြစ်သွားသည်။
ထိုမငြိမ်မသက်မှုများကြားတွင် လွန်ခဲ့သည့်နှစ်တစ်ထောင်က ပုံရိပ်များကို သူမြင်လိုက်ရသည်။
လွန်ခဲ့သည့်နှစ်တစ်ထောင်က ကောင်လေးက နက်မှောင်တောင်၏
အပြောင်းအလဲအတွင်း ဟင်းလင်းပြင်ထဲသို့ စုပ်ယူခံလိုက်ရသည်။ သို့သော် သူ တောင်ပိုင်းအရုဏ်ဦးနယ်မြေတွင် ပြန်ပေါ်မလာခဲ့ပေ။ ယင်းအစား ယခင်က သူမရောက်ဖူးသော တိုက်ကြီးဆီသို့ ရောက်သွားခဲ့သည်။ထိုနေရာက ဆီးနှင်းများ တဖွဲဖွဲကျနေပြီး လေပြင်းတိုက်ခတ်နေလေသည်။ ထိုနေရာ၌ လူအားလုံးသည် သူစိမ်းများပင် ဖြစ်သည်။
ထိုအချိန်တွင် သူ၏အမှတ်တရများကိုတွေ့ရှိခဲ့ပြီး ကောင်းကင်ဘုံကို ဆန့်ကျင်ရန်ကြိုးစားခဲ့သည်။ ထိုတိုက်ပွဲအတွင်း တိထျန်းပေါ်လာခဲ့ပြီး သူက အဆုံးမဲ့သံကြိုးများဖြင့် ခတ်နှောင်ခြင်းခံရသည်။ထိုအချိန်တွင် သူက စိတ်ဆင်းရဲစွာ ရှုံးနိမ့်ခဲ့ရပြီး သူ့ကို အနိုင်ယူခဲ့သူမှာ အလွန်ကြီးမားသော ခေါင်းပေါ်တွင် ရပ်နေသူဖြစ်သည်။ ယခု သူ့မျက်စိရှေ့မှာရပ်နေသော အနက်ရောင်ဝတ်ရုံတိထျန်းဖြစ်သည်။
“ဒါက ငါဆင်းသက်လာတာ သုံးဆယ့် ခြောက်ကြိမ်မြောက်ပဲ.. အရင်တုန်းကလို မင်း ငါ့ရဲ့ မှော်ဆန်တဲ့ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်မယ်ဆိုရင် မာန်ပြည်ထောင်ကို နောက်ထပ် မဆင်းသက်နိုင်တော့ဘူး..မင်းလည်း လွတ်လပ်မှုကို ရမယ်.. မင်းကို ဒီပန်းကန်တောင် ပေးမယ်...”
စုမင်၏ အသစ်ပေါ်လာသော အမှတ်တရများတွင် ဤစကားများက လွန်ခဲ့သော အနှစ်တစ်ထောင် စစ်မတိုက်မီက အနက်ရောင်ဝတ်ရုံတိထျန်း ပြောခဲ့သော စကားများဖြစ်သည်။
“မင်းငါ့ကိုတကယ်စိတ်ပျက် စေတာပဲ..”
ထိုအရာက လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်က စုမင်ဧ။်အမှတ်တရ အဆုံးသတ်ဖြစ်ပြီး သူတို့နှစ်ယောက်က တူညီသောလူကနေဆင်းသက်လာသည်။
အနက်ရောင်ဝတ်ရုံတိထျန်းက သူ့ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာပြီး “အခု မှတ်မိသေးလား” ဟု ပြတ်ပြတ်သားသား မေးလိုက်သည်။
စုမင်၏ မျက်လုံးများ ဒေါသကြောင့် နီရဲတောက်လာသည်။ သူ့ခေါင်းကို မော့ကာ သတ်ဖြတ်လိုစိတ်ဖြင့် တိထျန်းကို စိုက်ကြည့်နေလေသည်။
“အရင်သုံးဆယ့်ခြောက်ကြိမ်လိုပဲ.. မင်းငါ့ရဲ့ မှော်ဆန်တဲ့ခန္ဓာကိုယ်ကို သတ်နိုင်ရင် မင်းတကယ်လွတ်မြောက်မှာ..ပြီး တော့ ငါ ဒီပန်းကန်ကို မင်းကိုပေးလိုက်မယ်..”
တိထျန်းက ညာလက်ကို မြှောက်လိုက်သော် အနက်ရောင်ပန်းကန်ပြားတစ်ခု ထွက်လာသည် ။ ထိုပန်းကန်ပြားပေါ်တွင် ကျောရိုး ရှည်ကြီးရှိပြီး ကြောက်မက်ဖွယ်ကောင်းသောတည်ရှိမှုတစ်ခုက ဝိုင်းရံထား လေ သည်။
စုမင်က ထိုအရာကို မြင်လိုက်သည်နှင့် ကျယ်လောင်သော အသံတစ်ခုက သူ့ခေါင်းထဲတွင် ထွက်ပေါ်လာသည်။ ယခင်က သူ ထိုပန်းကန်ကို မြင်ဖူးလေသည်။