မာန်ကျင့်ကြံသူများ ရောက်ရှိလာခြင်း
Vol. 49 Ch. 680
“အဲ့ဒီသုံးဆယ့်ခြောက်ကြိမ်မှာ မင်းငါ့ရဲ့
အသူရာဓါးအောက်မှာ သေရတာ ဆယ့်ကိုးကြိမ်ရှိတယ်..ဒီတစ်ခါ မင်းဘယ်လိုရင်ဆိုင်မလဲဆိုတာ သိချင်မိတယ်...”
တိထျန်း ရှေ့သို့ ရွေ့သွားသောအခါ သူ့တည်ရှိမှုက တောင်ကြီးတစ်လုံးကဲ့သို့ ခမ်းနားထည်ဝါနေလေသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက စုမင် သူ့ကိုပထမဆုံးမြင်ရချိန်ကလို မွန်းကျပ်သော ခံစားချက်ကို ရလေသည်။ ထို့နောက် တိထျန်းက သူ့ညာလက်ကိုမြှောက်ပြီး လေထုကိုဆုပ်ကိုင်လိုက်သည်။
အနက်ရောင်အလင်းတန်းတစ်ခု ချက်ချင်းပေါ်လာပြီး တိထျန်း၏ ညာလက်ဆီသို့ စူးရှစွာ ရောက်ရှိလာသည်။ထို့နောက် ဓားတစ်လက်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ထိုဓားက တိထျန်း၏အသူရာဓါးပင်ဖြစ်သည်။
ယခင် ကိုင်ဆောင်သူမှာ တိထျန်း၏ကိုယ်ပွားဖြစ်သည်။ ယခုမူ အနက်ရောင်ဝတ်ရုံတိထျန်းက ဓါး၏ပိုင်ရှင်ဖြစ်လာပြန်သည်။
ထိုအနက်ရောင်မှော်ကိုယ်ထည်က တိထျန်း၏ကိုယ်ပိုင်အသက်နှင့်ချိတ်ဆက်ထားပြီး ကျန်ကိုယ်ပွားများထက် စွမ်းအားကြီးလေသည်။ မာန်ပြည်ထောင်တွင်ရှိသောအင်မော်တယ်များထက် အပြင်းထန်ဆုံး စွမ်းအားကို ပိုင်ဆိုင်ထားသည်။
လွန်ခဲ့သော သုံးဆယ့်ခြောက်ကြိမ်တွင် တိထျန်းက နောက်ဆုံးစီရင်ချက်ချရန် မှော်ခန္ဓာကိုယ်ကို အသုံးပြုခဲ့သည်။ထို့အပြင် သူ့မှော်ခန္ဓာကိုယ်ကို ပေးပို့တာက စုမင်ကို လက်စဖျောက်ရန်ဖြစ်သည်။
ထိုအချိန်တွင် သူ၏ မှော်ဆန်သော ခန္ဓာကိုယ်က အင်မော်တယ်ပြည်မှ ဆင်းသက်လာခဲ့သည်။ ယခုမှပင် သူ့ ဆုံးဖြတ်ချက်ကို အမှန်တကယ် ချမှတ်ခဲ့ကြောင်း သက်သေပြနေလေသည်။
သို့သော် မှော်ခန္ဓာကိုယ်က ဤနေရာသို့ နှစ်ပေါင်း သုံးဆယ့်ခြောက်ကြိမ်တိုင်တိုင် ဆင်းသက်လာခဲ့သော်လည်း ၎င်းကို ငြင်းပယ်သည့်မာန်ပြည်ထောင်ဥပဒေဿများက တဖြည်းဖြည်းပို၍အားကောင်းလာခဲ့သည်။ ထို့ကြောင့် ဆင်းသက်နိုင်သော်လည်း ကြာရှည်မနေနိုင်သောကြောင့် တိုက်ပွဲကို တတ်နိုင်သမျှ အဆုံးအဖြတ်ပေးရသည်။
တိထျန်းက သုံးဆယ့်ခြောက်ကြိမ်မြောက်ဆင်းသက်ပြီးနောက်တွင် အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။သူက စုမင်ကိုမေ့မြောအောင်လုပ်ပြီး အမှတ်တရများကို ချိတ်ပိတ်ထားသောကြောင့်ဖြစ်သည်။ ထိုအငွေ့အသက်က စုမင်ဆီမှမဟုတ်ဘဲ မာန်ပြည်ထောင်ရှိ
မမြင်နိုင်သော မျက်လုံးတစ်စုံထံမှဖြစ်သည်။
ထိုမျက်လုံးတစ်စုံက သူ့ကို အမြဲစိုက်ကြည့်နေပုံရသည်။ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်ကျော်က မှော်ကိုယ်ထည်မဟုတ်ဘဲ သူ့ကိုယ်ပွားများကိုသာ မာန်ပြည်ထောင်သို့စေလွှတ်နိုင်ခဲ့သည်။ ယခုမူ စုမင်ကိုဖျက်ဆီးချင်သောကြောင့် မှော်ကိုယ်ထည်ကို ပို့ရခြင်းဖြစ်သည်။
တိထျန်းကလည်း ထိုကိစ္စကို ကိုင်တွယ်ရန် တခြားလူကို စေလွှတ်ရမှာကို အရမ်းစိုးရိမ်နေလေသည်။ သူ့ကိုယ်ပွား အားလုံး ပျက်စီးသွားသည့်အတွက်... သူ့ မှော်ကိုယ်ထည်ကို ပို့လိုက်ရုံပင်ဖြစ်သည်။
အသူရာဓားပေါ်လာပြီးနောက် ကောင်းကင်၌ အကန့်အသတ်မဲ့ လေလှိုင်းက လည်ပတ်မှုအရှိန်ကို တခဏချင်း တိုးလာသည်။ထို့နောက် ယင်မရဏအရှိန်အဝါက အသူရာဓါးမှတစ်ဆင့် မြေပြင်ပေါ် ပျံ့နှံ့လာလေသည်။ ထိုအရှိန်အဝါက အနက်ရောင် ဓားကို ဝိုင်းရံထားသည့် မြူခိုးလုံးကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက် ထိုမြူခိုးထဲမှ အန္တရာယ်ရှိသော သရဲတစ္ဆေများ၏ မျက်နှာများ ပေါ်ထွက်လာကာ စုမင်ကို ဒေါသတကြီး ဟိန်းဟောက်ကြသည်။
“ပထမအသူရာဓါးက ကောင်းကင်ဘုံကို ချီးမြှောက်ဖို့ပဲ...”
“ဒုတိယအသူရာဓါးက မြေကြီးကို ချီးမြှောက်ဖို့ပဲ..”
“တတိယအသူရာဓါးက လူတွေကို သတ်ပစ်ဖို့ပဲ”
အနက်ရောင်ဝတ်ရုံတိထျန်းက သူ့လက်ထဲရှိအသူရာဓားကို ဆွဲယမ်းလိုက်ရာ ဓါးသုံးချောင်းအဖြစ် ကွဲထွက်သွားသည်။ ဓါးများက တိထျန်းဘေးနားတွင်ဝေ့ဝိုက်နေစဉ် ကောင်းကင်ရှိဝဲဂယက်မှ ယင်မရဏစွမ်းအားများ ထွက်ပေါ်လာလေသည်။
“စတုတ္ထမြောက်အသူရာဓါးက ဝိညာဉ်တွေကို နှုတ်ဆက်ဖို့ပဲ..”
“ပဉ္စမမြောက်အသူရာဓါးက ကိုယ်ခန္ဓာအတွက် ငိုကြွေးဖို့ပဲ..”
“ဆဋ္ဌမမြောက်အသူရာဓါးက ဝိညာဉ် တွေကို ဖျက်ဆီးဖို့ပဲ..”
အနက်ရောင်ဝတ်ရုံတိထျန်း၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။အသူရာဓါးသုံးချောင်းက လှုပ်ယမ်းသွားပြီး ဓါးခြောက်ချောင်းအဖြစ်ပြောင်းလဲသွားသည်။ ထိုဓါးများက တရွှီးရွှီးမြည်သံများနှင့်အတူ စုမင်ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားလေသည်။ ၎င်းတို့နိူးဆော်လိုက်သော ယင်မရဏအရှိန်အဝါများက ထူထဲသောအနက်ရောင် မြူခိုးများအဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်တွင် မကောင်းဆိုးဝါး တစ္ဆေမျက်နှာကြီး ပေါ်လာလေသည်။
စုမင်၏ နှလုံးသားထဲတွင် ပြင်းထန်သော အန္တရာယ် အာရုံတစ်ခု ချက်ချင်း ပေါ်လာသည်။ ထိုအန္တရာယ်အာရုံခံစားမှုက သူ့စိတ်ဝိညာဉ်မှဖြစ်ပြီး ယခင်က သူသတိမထားမိခဲ့သော အမှတ်တရတစ်ခုမှ ထွက်ပေါ်လာသည်။ ဤထူးခြားသောပုံစံအောက်တွင် တိထျန်းပြောသလို သူ၏ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ဖျက်ဆီးခံလိုက်ရသည့်အကြိမ်ပေါင်း တစ်ဒါဇင်ခန့်ရှိခဲ့သည်။
“မင်းပြောခဲ့တဲ့စကားက မှန်တယ်ဆိုရင် ဒါက သုံးဆယ့်ခုနစ်ကြိမ်မြောက်ပေါ့..
အရင်အကြိမ်တွေတုန်းက ငါ ဒီဓါးကို ရှုံးခဲ့ရလဲဆိုတာ မမှတ်မိတော့ဘူး...”
စုမင် စကားမဆုံးသေးဘဲ ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်။ သူ့ခြေချလိုက်သည်နှင့် သူ့ကိုယ်က ဖျတ်ခနဲပျောက်သွားလေသည်။ သူပြန်ပေါ်လာသောအခါ သူက ထိုဓား ခြောက်ချောင်းရှေ့တွင် ရောက်နေပြီဖြစ်သည်။
သူ့လက်သီးကို ချက်ချင်းပင် ရှေ့သို့ ပစ်ချလိုက်သည်-
“သတ္တမမြောက်ဓါးက အသက်ကို နှုတ်ယူဖို့...”
“အဋ္ဌမမြောက်ဓါးက ဘဝကို နှုတ်ဆက်ဖို့ပဲ...”
“နဝမမြောက်ဓါးက ဖျက်ဆီးပစ်ဖို့ပဲ...”
အနက်ရောင်ဝတ်ရုံတိထျန်းက သူ့လက်မောင်းကို လှုပ်ယမ်းလိုက်သော် သူ့ပတ်ဝန်းကျင်တွင် အရိပ်များထွက်ပေါ်လာပြီး ဓားခြောက်ချောင်းကို ချက်ချင်း ဖုံးလွှမ်းသွားသည်။ ထိုစဉ် ဓါးကိုးခြောက်အဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ယံသို့ ပျံ့လွင့်သွားသည်။
ထို့နောက် စုမင်၏ လက်သီးနှင့်ထိတွေ့မိသောအခါ ကျယ်လောင်သောပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ အနက်ရောင်ဓားကိုးချောင်းက တစ်လက်မချင်းစီ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသော်လည်း ပျောက်ကွယ်မသွားပေ။ ယင်းအစား ၎င်းတို့က မြူခိုးများနှင့် ပေါင်းစပ်သွားပြီး ရုပ်ပိုင်းဆိုင်ရာအသွင်သဏ္ဌာန်ရှိ ကြောက်မက်ဖွယ်မကောင်းဆိုးဝါးပါးစပ်ကြီးအဖြစ် ထွက်ပေါ်လာသည်။ ထို့နောက် စုမင်ကို ဝါးမျိုရန် ဟန်တပြင်ပြင်လုပ်နေလေသည်။
ဤစွမ်းအားက မာန်စိတ်ဝိညာဉ်နယ်ပယ်ရှိ
ကြီးကျယ်စွာ ပြီးမြောက်အောင်မြင်သူများအားလုံးကို ဝါးမြိုနိုင်သည်။ ကြီးကျယ်သောကနဦးစွမ်းအားရှိသူများပင် ၎င်းကို လွတ်မြောက်ရန် ခက်ခဲနေပေလိမ့်မည်။ယင်မရဏ၏ စွမ်းအားမှ တုံ့ပြန်မှုက တိထျန်း၏ စွမ်းရည်များမှ ထွက်ပေါ်လာသည်။ ၎င်းက စုမင်ကိုအကြိမ်ပေါင်း တစ်ဒါဇင်ခန့် သတ်ပစ်နိုင်သည့် တိုက်ခိုက်မှုတစ်ခုဖြစ်သည်။
တိထျန်း၏ မှော်ကိုယ်ထည်က တိုက်ပွဲစတင်ချိန်မှစ၍ တစ်ချက်မျှ ယိမ်းယိုင်မသွားပေ။ သူ၏ တိုက်ခိုက်မှုအားလုံးက သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေပါသည်။
သို့သော် ယခင်က နတ်ဘုရားစွမ်းရည်မှာ စုမင်ကိုအကြိမ်တစ်ဒါဇင်ခန့်ကို ဖျက်ဆီးနိုင်သော်လည်း ယခုမူစုမင်ကို အနည်းငယ်မျှ ပျက်စီးအောင် မလုပ်နိုင်ပေ။တိထျန်းက မှားယွင်းသော တွက်ချက်မှုတစ်ခု ပြုလုပ်ခဲ့ပြီး၊ ဤအမှားက သူ သည်းမခံနိုင်သော ပြန်ပေးဆပ်မှုကို လုပ်ဆောင်ရလိမ့်မည်။
သူ့အမှတ်တရများတွင် ယခုအကြိမ်က
စုမင်၏ သုံးဆယ့်ခုနစ်ကြိမ်မြောက် နိုးထမှုဖြစ်သည်။ စုမင် နိုးထလာတိုင်းတွင် ကနဦးကျင့်ကြံစွမ်းအားပေါက်ကွဲထွက်လာပြီး ယခင်ကထက် ပိုမိုအားကောင်းလာသည်။ သို့ပေမဲ့ သုံးဆယ့်ခုနစ်ကြိမ်မြောက်နိုးထလာသည့်ကံကြမ္မာကို သူ ထိန်းချုပ်နိုင်မည်ဟု ယုံကြည်ခဲ့သည်။
သို့သော်စုမင် နိုးထလာသည်မှာ သုံးဆယ့်ခုနစ်ကြိမ်မြောက်မဟုတ်မှန်း သူမသိပေ။ စုမင် အကြိမ်ပေါင်း မရေတွက်နိုင်အောင် နိုးထလာခဲ့သည် ။ဖယောင်းနဂါး၏မသေနိုင်ပြီး မပျက်စီးနိုင်သော လောကတွင် သူ၏ဝိညာဉ်ကို မရေမတွက်နိုင်အောက် ဖျက်ဆီးခံခဲ့ရသည်။ ထိုအတွေ့အကြုံက စုမင်၏စွမ်းအားများကို ခုန်ပျံကျော်လွှား တိုးတက်လာစေရုံသာမက သူကိုယ်တိုင်မသိဘဲ အကြိမ်ကြိမ်နိူးထနိုင်ခဲ့သည်။
နိုးထမှုတိုင်းတွင် သူ၏ အလားအလာက အနည်းငယ် တိုးလာသည်။ ယခုတိထျန်း၏ အစီအစဉ်တွင် လွဲမှားစွာ တွက်ချက်ခဲ့ပြီး စုမင်ကို ပို၍ရင့်ကျက်၊ စွမ်းအားပိုကြီးလာစေသလို ဖြစ်ခဲ့သည်။
ယင်မရဏမြူခိုးများမှ ထွက်လာသော မကောင်းဆိုးဝါးပါးစပ်ကြီးက စုမင်နား နီးကပ်လာသောအခါ သူ့အမူအရာ ပြောင်းလဲသွားသည်။ စုမင်က ခေါင်းကိုမော့ပြီး ထိုပါးစပ်ကြီးဆီသို့ ဟိန်းဟောက်လိုက်သည်။
“ယင်မရဏအရှိန်အဝါက ငါ့ခန္ဓာကိုယ်ထဲမှာကိန်းအောင်းနေတဲ့ အရှိန်အဝါနဲ့အတူတူပဲ..မင်း ငါ့ကို ဝါးမြိုဖို့ သတ္တိရှိတယ်ပေါ့...”
စုမင်၏ဟိန်းဟောက်သံက နေရာတိုင်းသို့ တဟုန်ထိုး ပျံ့လွင့်သွားသည်။ သူ့မျက်နှာပေါ်ရှိ သွေးကြောများ ထောင်းထလာစဉ် ကောင်းကင်ရှိဝဲဂယက်ကြီးမှ တဝုန်းဝုန်းမြည်သံများ ပေါက်ထွက်လာသည်။
နီးကပ်လာသောမကောင်းဆိုးဝါးပါးစပ်ကြီးက တုန်လှုပ်ခြောက်ခြားသွားပြီး တုံ့ဆိုင်းနေသောအပြုအမှုများ ပြသနေလေသည်။ ထို့နောက် ထိုပါးစပ်ကြီးကလမ်းကြောင်းပြောင်းကာ အနက်ရောင်ဝတ်ရုံတိထျန်းဆီသို့ ဦးတည်လိုက်လေသည်။
ပြင်းထန်သော သတ်ဖြတ်လိုစိတ်က စုမင်၏ မျက်လုံးများတွင် တောက်ပလာခဲ့သည်။ သူက တစ်ချက်လှုပ်ရုံဖြင့် ကြယ်တစ်ပွင့်ကဲ့သို့ တိထျန်းဆီသို့ ပြေးသွားခဲ့သည်။ ဤအရာက သူ၏ကိုယ်ပွား သို့မဟုတ် သူ၏ မှော်ကိုယ်ထည် ဖြစ်မဖြစ် အရေးမကြီး ပေ။ မာန်ပြည်ထောင်တစ်ခုလုံးက စုမင်၏ လူသတ်ရောင်ဝါဖြင့် ပြည့်နှက်နေပြီး သူသတ်ချင်သူ မည်သူမဆို သေရမည် ။
“တိထျန်း...မင်းသေရတော့မယ်...”
စုမင်၏ မျက်လုံးများက သွေးဆာလောင်မှုများဖြင့် ရဲရဲတောက်နေလေသည်။ သူ့ခေါင်းထဲရှိ ချိပ်တံဆိပ်က ဆက်တိုက်ကျိုးပဲ့လာပြီး သူ့စိတ်ထဲမှာ မုန်တိုင်းထန်နေလေသည်။
စုမင်က တိထျန်းဆီသို့ ဦးတည်သွားစဥ် ကောင်းကင်ကို ဖယ်ရှားပြီး မြေကြီးကို ဖုံးလွှမ်းသွားသည့် ရှည်လျားသောအလင်းတန်းများစွာက မိုးကုပ်စက်ဝိုင်းမှ ပြေးဆင်းလာခဲ့သည်။ ဦးဆောင်သူမှာ… အထင်ကရကလန်၏အကြီးအကဲ..
ထျန်းချီ.. မာန်စိတ်ဝိညာဉ်နယ်ပယ်တွင် ကြီးကျယ်စွာ ပြီးမြောက်အောင်မြင်ခဲ့သောကျင့်ကြံသူများ ဖြစ်သည်။
သူတို့မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။ သူ့နောက်ရှိ မာန်ကျင့်ကြံသူအားလုံးက စိတ်အားထက်သန်မှုများ ရှိနေပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။
ထိုအချိန်တွင်၊ အခြားဦးတည်ချက်မှ ရှေ့သို့ အရှိန်တင်နေသော အလင်းတန်းတစ်သောင်းနီးပါးလည်း ရှိနေသည်။ သူတို့၏ ဦးဆောင်သူမှာ အရိုးစုကဲ့သို့ ပိန်လှီသော အဘိုးအိုဖြစ်သည်။ ထိုအဘိုးကြီးက မဟာတိမ်လွှာဂိုဏ်း၏ရွှယ်ရွှပင် ဖြစ်သည်။