← Chapters

တောက်ပသောယန်..ယင်မရဏ အရှိန်အဝါ...

Vol. 49 Ch. 681

တောက်ပသောယန်..ယင်မရဏ အရှိန်အဝါ...

Vol. 49 Ch. 681

လွင့်မျောတိမ်လွှာဂိုဏ်းမျိုးနွယ်ဝင်များ သို့မဟုတ် အထင်ကရကလန်မျိုးနွယ်ဝင်များဖြစ်စေ အရေးမကြီးပေ။ တစ်ချိန်တည်းတွင် လမ်းကြောင်းနှစ်ခုမှ နှစ်သောင်းနီးပါးရှိသော ဤလူများက

အံ့ဩဖွယ်ရာ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။ သူတို့က မာန်နတ်ဘုရားရုပ်တုကြီးကို မြင်တွေ့ရပြီး သူတို့၏သွေးများ ပွက်ပွက်ဆူလာသည်ကိုခံစားလိုက်ရသည်။

မာန်ဘုရားရုပ်တုက အင်မော်တယ်များကို မွန်းကျပ်စရာကောင်းသောဖိအားကိုပေးစွမ်းနေလေသည်။သို့သော် မာန်ကျင့်ကြံသူများအတွက် စကားလုံးများဖြင့်ဖော်ပြမရနိုင်သောစိတ်လှုပ်ရှားမှုနှင့်ရူးသွပ်မှုကိုဆောင်ကျဥ်းခဲ့လေသည်။ ၎င်းတို့က ထိုရုပ်တုဘေးတွင် ရှိနေပါက ၎င်းတို့၏ စွမ်းရည်အပြည့်ဖော်ထုတ်နိုင်ပြီး ယခင်ကထက် စွမ်းအားများ တိုးပွားလာသလို ခံစားရလေသည်။

သူတို့၏သွေးများကို ပွက်ပွက်ဆူစေသည့် ရုပ်တုအပြင်၊ မြေပေါ်ရှိ သောင်းနှင့်ချီသော တိမ်လွှာမြူခိုးဂိုဏ်းသားနှင့်ကျန်ဂိုဏ်းသားများကြောင့် မျက်မှောင်ကြုတ်မိသွားလေသည်။

ထို့အတူမြေပြင်ပေါ်ရှိ အင်မော်တယ်များက မာန်ကျင့်ကြံသူများအစုလိုက်အပြုံလိုက် ရောက်ရှိလာသည်ကိုလည်း မြင်တွေ့ခဲ့ရသည်။ သူတို့အားလုံး နှုတ်ဆိတ်နေကြသော်လည်း အတိတ်ကလို မောက်မာမှုနှင့်နိုင်လိုမင်းထက်ပြုမှုများ မရှိတော့ပေ။ဤနေရာတွင်

အင်မော်တယ်ပမာဏများစွာကို သတ်ဖြတ်ပြီး တိထျန်း၏ကိုယ်ပွားများကိုပင် ဖျက်ဆီးခဲ့သော ကြောက်စရာကောင်းသော ပုဂ္ဂိုလ်တစ်ဦးရှိသောကြောင့် ဖြစ်သည်။ ထိုဖြစ်စဉ်တစ်ခုလုံးကို သူတို့မျက်ဝါးထင်ထင်တွေ့ခဲ့ရသည်။

လွင့်မျောတိမ်လွှာဂိုဏ်းနှင့် အထင်ကရဂိုဏ်းအားလုံးက စစ်မြေပြင်ကိုအနည်းငယ် အပြောင်းအလဲ ဖြစ်ပေါ် စေသည် ။သို့သော် သူတို့ ဖြစ်ပျက်နေသည့်အရာများကို နားမလည်မီတွင် မာန်နတ်ဘုရားရုပ်တုနှင့် ကောင်းကင်တွင်လည်ပတ် နေသောမှော်အစီအရင်များကို တွေ့လိုက်ရသည်။

မှော်အစီအရင်များအတွင်းမှ အားကောင်းသည့် အလင်းတန်းများ ပျံ့နှံ့သွားပြန်သည်။ ဤသည်မှာ အင်မော်တယ်အဖွဲ့သစ်များ ဆင်းသက်မည့်လက္ခဏာပင်ဖြစ်သည်။

ထို့ပြင် လွင့်‌မျောတိမ်လွှာဂိုဏ်းရှိ ရွှယ်ရွှနှင့် အထင်ကရကလန်ရှိ ထျန်းချီတို့၏အာရုံများကို ဖမ်းယူသွားသောအရာတစ်ခုလည်း ရှိနေ‌သေးသည်။

သူတစ်ပြန် ကိုယ်တစ်ပြန်တိုက်ခိုက်နေသော ကျီအန်းနှင့် စုမင် အစ်ကိုကြီး၏ တိုက်ပွဲပင်ဖြစ်သည်။ အစ်ကိုကြီး၏လက်တစ်ဖက်မှာ တိုက်ပွဲဝင်ပုဆိန်တစ်လက်ကို ကိုင်ထားပြီး ကျန်တစ်ဖက်၌ ရှာမန်ဝိညာဉ်များစွာနှင့်ဖွဲ့စည်းထားသော ဒိုင်းကြီးကို ကိုင်ထားလေသည်။ သူက ကျီအန်းနှင့် အသေအကျေတိုက်ခိုက်နေပြီး ကျီအန်းက အဆက်မပြတ် ဆုတ်ခွာသွားရင်း အမူအရာပျက်နေလေသည်။သူက ကြီးမားသော တိုက်ခိုက်မှုများစွာကို လုပ်ဆောင်ခဲ့သော်လည်း သူ့ပြိုင်ဘက်၏ပြင်းထန်သောဆန္ဒကို ချိုးနှိမ်နိုင်မည်မဟုတ်ပေ။

ထိုလူနှစ်ယောက် တိုက်ခိုက်ရာနေရာတွင် မြူမည်းများ ပိန်းထူနေပြီး ရက်စက်ကြမ်းကြုတ်သော သားရဲများ ရှိနေပုံရသည်။ သို့သော် စုမင်၏ အစ်ကိုကြီးနှင့် နီးစပ်ရန် သတ္တိမရှိကြပေ။ ကျယ်လောင်သောအသံများက စစ်မြေပြင်မှ ကောင်းကင်ထက်ဝက်အထိ ပျံ့နှံ့သွားခဲ့သည်။

သရဖူနှင့် အနက်ရောင်ဝတ်ရုံတိထျန်းဆီသို့ ဦးတည်နေသော ရှည်လျားသောအလင်းတန်းတစ်ခု ရှိလေသည်။ ထိုလူ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရဘဲ မှုန်ဝါးသော အရိပ်တစ်ခုမျှသာ ဖြစ်သည်။ ထိုအချိန်တွင် မာန်ကျင့်ကြံသူများ ခရီးဝေးကို ပျံသန်းလာပြီး တိုက်ခိုက်နေသူများနှင့် ဆူညံစွာပေါက်ကွဲသံများကို မြင်ရကြားရလေသည်။

“သုံးဆယ့်ခြောက်ကြိမ်..သုံးဆယ့်ခုနစ်ကြိမ်ပဲဖြစ်ဖြစ် အရေးမကြီးဘူး.. ဒီအမှတ်တရတွေက အစစ်လား အတုလား အရေးမကြီးဘူး... အဲဒါတွေက ငါ့အတွက် အရေးမပါဘူး..”

စုမင်၏အသံက လေထဲတွင် ပဲ့တင်ထပ်နေသည်။ သူက နောက်သို့ ပေတစ်ထောင်နီးပါး ဆုတ်ခွာသွားပြီး သူ ရပ်သွားချိန်တွင် ခေါင်းကို မော့လိုက်သည်။ သူ့ပါးစပ်ထောင့်မှာ သွေးများ စီးကျနေလေသည်။

ထိုသွေးများက တိထျန်းကြောင့်ရသော ဒဏ်ရာမှ မဟုတ်ပေ။ သူ့စိတ်ထဲတွင် ပေါက်ထွက်နေသော အမှတ်တရများကို ရှင်းလင်းပစ်ရန် သူ့လျှာဖျားကို ကိုက်လိုက်ခြင်းကြောင့် သွေးထွက်လာခြင်းဖြစ်သည်။

“အရင်က ဒီချိပ်တံဆိပ်ကို ချိုးဖျက်ဖို့ တော်တော်ခက်တယ်.. ဒါပေမဲ့ မင်းရောက်လာတဲ့အခါ အမှတ်တရတချို့က အလိုလို ပြန် ပေါ်လာတယ်..တိထျန်း.... ဒါက အတုအယောင်ပဲ.. မင်းပြောတာ မှန်သလားဆိုတာ ငါ့အတွက် အရေးမကြီးဘူး.. ငါမင်းကိုသတ်ချင်နေသရွေ့တော့ ဒါတွေက အရေးမကြီးတော့ဘူး”

စုမင်၏ မျက်လုံးများက ကြက်သွေးရောင်ပြောင်းသွားကာ

တိထျန်း ဆီသို့ တစ်လှမ်းချင်း လျင်မြန်စွာ လှမ်းလိုက်ပြန်သည်။

သူ့ညာလက်ကို မြှောက်လိုက်သောအခါ၊ ကောင်းကင်ရှိမာန်နတ်ဘုရားရုပ်တုမှ ဟိန်းဟောက်သံထွက်လာပြီး အလားတူညာလက်ကို မြှောက်လိုက်သည်။ သို့ပေမဲ့ တိထျန်းဆီသို့ မရည်ရွယ်ဘဲ စုမင်ကိုယ်တိုင်ဆီသို့ ဦးတည်သွားလေသည်။

ဤအခိုက်အတန့်တွင် အစုလိုက်

အပြုံလိုက် ပျံသန်းလာသည့်လွင့်မျော တိမ်လွှာဂိုဏ်းမှ လူများနှင့် ကျန်ဂိုဏ်းအားလုံးက စစ်မြေပြင်မှ ပေပေါင်းသောင်းနှင့်ချီဝေးနေသေးသည်။ သို့တိုင် မတူကွဲပြားသော လမ်းကြောင်းနှစ်ခုမှ စုမင်ကို ငေးကြည့်နေကြသည်။

သူတို့... စုမင်၏ မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်ရပြီး မာန်နတ် ဘုရားရုပ်တုပေါ်တွင် တူညီသော မျက်နှာကိုလည်း တွေ့လိုက်ရသည်။ ထိုခဏတွင် သူတို့၏အကြည့်များက စုမင်၏

ခန္ဓာကိုယ်ပေါ်တွင် စုရုံးလာသည်။ သူတို့အတွင်း၌ လှုံ့ဆော်မှုတစ်ခု တိုးလာကာ ထိုစိတ်လှုပ်ရှားမှုများက သူတို့၏သွေးများကို ထိန်းချုပ်နိုင်စွမ်းမရှိသည့်အထိ ထိုးထွက်လာခဲ့သည်။

ယခု မာန်ကျင့်ကြံသူအားလုံးက ရဲစွမ်းသတ္တိ တက်ကြွနေလေသည်။ မည်သူက ပထမဆုံး အော်ဟစ်ခဲ့မှန်း သူတို့ မသိသော်လည်း ဟစ်ကြွေးသံများက အဆင်မပြတ်ကျယ်လောင်လာလေသည်။

“နှုတ်ခွန်းဆက်သပါတယ်..မာန်နတ်ဘုရားရှင်..”

“နှုတ်ခွန်းဆက်သပါတယ်..မာန်နတ်ဘုရားရှင်..”

“နှုတ်ခွန်းဆက်သပါတယ်..မာန်နတ်ဘုရားရှင်..”

တစ်ချိန်တည်းတွင် လူနှစ်သောင်းမှ မွေးဖွားလာသော ထိုအသံက ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေခဲ့သည်။ ဤသည်မှာ လူနှစ်သောင်း၏ သွေးသားမှ ထွက်ပေါ်လာသော အသံဖြစ်သည်။

ထိုအသံက လောကကြီးတစ်ခုလုံးကို တုန်ခါသွားချိန်တွင် ရုပ်တု၏ ညာဘက်လက်သီးက အရှိန်တင်လာသည့် စုမင်ဆီသို့ ကျရောက်သွားလေသည်။

ပေတစ်သောင်းမြင့်သော ရုပ်တုက ကျင့်ကြံသူများ၏ဂါဝရပြုမှုကို အသိအမှတ်ပြုသည့်‌အနေဖြင့် ပြင်းထန်သော ဟိန်းဟောက်သံကို ထုတ်လွှင့်လိုက်သည်။

ထိုဟောက်သံများကြားတွင် စုမင်၏ ခန္ဓာကိုယ်က သူ့ရုပ်ထုထဲသို့ လျင်မြန်စွာ ပေါင်းစပ်သွားလေသည်။ သူ ပျောက်ကွယ်သွားသည်နှင့် ချက်ချင်းပင် ရုပ်ထု၏ မျက်လုံးများတွင် တစ်ခါမှ မပေါ်ဖူးသော အားကောင်းသည့် အလင်းရောင်တစ်ခု ရုတ်တရက် လင်းလက်လာသည်။ ချက်ချင်းဆိုသလိုပဲ မာန်နတ်ဘုရားရုပ်တုက စုမင်ကိုယ်တိုင်ဖြစ်လာသည်။

မာန်နတ်ဘုရားရုပ်တုနှင့်ပေါင်းစပ်ခြင်းက မာန်စိတ်ဝိညာဉ်နယ်ပယ်တွင် ကြီးကျယ်စွာ ပြီးမြောက်သူများသာ လုပ်နိုင်သော

မြင့်မြတ်သောစွမ်းရည်တစ်ခုဖြစ်သည်။ မာန်စိတ်ဝိညာဉ်နယ်ပယ်ရှိကျင့်ကြံသူများက သူတို့ကိုယ်ထဲတွင် မာန်နတ်ဘုရားရုပ်တုကို သိမ်းဆည်းထားနိုင်သည်။သို့သော် ကြီးကျယ်စွာ ပြီးမြောက်သူများကမူ ရုပ်တုနှင့်အပြန်အလှန် နေရာလဲနိုင်လေသည်။ထိုနေရာမှ… သူတို့က အစွမ်းထက်သော စွမ်းအားကို ထုတ်ပြနိုင်သည် ။

အနက်ရောင်ဝတ်ရုံတိထျန်းက အနည်းငယ် မျက်မှောင်ကြုတ်မိသွားလေသည်။ သူက စုမင်၏ချေပမူအပေါ် အေးစက်စက်အသံတစ်ခု ထုတ်လွှတ်လိုက်လေသည်။ တိထျန်းက စကားဆက်မပြောတော့ဘဲ ညာလက်ကို လျင်မြန်စွာ မြှောက်ကာ ကောင်းကင်ကို လွှဲယမ်းပစ်လိုက်သည်။ ထိုအချိန်တွင် သူက ပါးစပ်ကိုဖွင့်ကာ ရွှေကျောက်တုံးကို ထွေးထုတ်လိုက်သည်။

ထိုအရာက ကျောက်တုံးကြီး မဟုတ်ပေ။ လက်ချောင်းတစ်ဝက်စာသာ ရှည်လျားလေသည်။ သို့သော် ကျောက်တုံးသည် ရုတ်ခြည်းပေါက်ကွဲသွားပြီး ၎င်း၏အစွန်းတစ်ဝိုက်ရှိ ဧရိယာက တွန့်လိမ်လာသည်။ မျက်စိရှေ့တွင်

လက်သီးအရွယ်အထိ ကြီးထွားလာပြီး

နောက်တခဏတွင် ဦးခေါင်းခွံကဲ့သို့ ကြီးမားလာသည်။

ထိုကျောက်တုံးကြီး ပေါ်လာပြီးနောက် တောက်ပသောယန်စွမ်းအားလှိုင်းများ ရုတ်ခြည်း ပြန့်နှံ့သွားကာ ပတ်ဝန်းကျင်တစ်ခုလုံး ကွဲအက်သွားစေသလို ထင်ရသည်။ကျောက်တုံးကြီး၏တည်ရှိမှုကို ဟင်းလင်းပြင်က လက်မခံနိုင်သကဲ့သို့ လှိုင်းဂယက်အထပ်ထပ်ထသွားလေသည်။

ဤသည်မှာ တောက်ပသော ယန်ကျောက်တုံးပင် ဖြစ်သည်။

တကယ်တော့ တိထျန်း သန့်စင်ထားသော တောက်ပသောယန်ကျောက်တုံးပင်ဖြစ်သည်။ ဖြာထွက်လာသော အလင်းရောင်က ယင်မရဏ ဝိညာဉ်အားလုံးကို ဖျက်ဆီးပစ်နိုင်သည်။

“နောက်ဆုံးတော့ မင်းက ယင်မရဏနယ်မြေထဲကပဲ.. ဒါပေမဲ့ ဒီတောက်ပတဲ့ ယန်ကျောက်တုံးက မင်းရဲ့သေခြင်းကို ယူဆောင်လာလိမ့်မယ်..”

အနက်ရောင်ဝတ်ရုံတိထျန်းက သူ့ညာလက်ကိုမြှောက်ပြီး ထိုကျောက်တုံးကိုဆုပ်ကိုင်လိုက်သည်။ ထို့‌နောက် ကျောက်တုံးက အက်ကွဲပြီး ပေါက်ကွဲသွားသည်။

ထိုစဥ် ကောင်းကင်ရှိ နေလုံးကြီးက ပြုတ်ကျသွားသွားသကဲ့သို့ ထင်ရပြီး ပြင်းထန်သော ရွှေရောင်အလင်းတန်းများက ပေါက်ကွဲသံနှင့်အတူ ဧရိယာအနှံ့ ပျံ့နှံ့သွားသည်။ သို့သော်လည်း ၎င်းကပေတစ်ထောင်အထိ ပျံ့နှံ့သွားခဲ့ပြီးမှ စုမင်ဆီသို့ စုစည်းရောက်ရှိသွားလေသည်။

၎င်းက မာန်နတ်ဘုရားသခင်ရုပ်တုအဖြစ်ပြောင်းလဲခဲ့သော စုမင်၏ပတ်ဝန်းကျင်တစ်ခုလုံးကိုရွှေရောင်ပြောင်းသွားစေသည်။ ခဏအကြာတွင် အတွင်းမှ အနက်ရောင် မြူခိုးများ ပြန့်ကျဲလာသည်။

နတ်ဘုရားရုပ်တုပေါ်ရှိ မျက်နှာက လျင်မြန်စွာ ညှိုးနွမ်းစပြုလာသည်။ ဤခံစားချက်က စုမင် ယင်မရဏဒေသမှ ပထမဆုံး ထွက်ခွာသွားသည့်အချိန်ထက် များစွာ ပိုပြင်းထန်သည်။

စုမင်က ဒေါသတကြီးဟစ်ကြွေးလိုက်သော်လည်း နောက်မဆုတ် တပ်မခေါက်ခဲ့ပေ။ ယင်းအစား သူက ထိုရွှေရောင်အလင်းတန်းဆီသို့ ခြေတစ်လှမ်းတိုးခဲ့သည်။ သူ၏ညာလက်ကို ဆန့်ထုတ်လိုက်ပြီး သူ၏လက်ဖဝါးကို အထက်သို့မျက်နှာမူကာ သူ့လက်ဖမိုးကို အောက်ဘက်သို့ ဦးတည်ထားလိုက်သည်။ ထို့နောက် သူပတ်ဝန်းကျင်ရှိ တောက်ပသောယန်ကျောက်တုံးဆီသို့ ဝှေ့ယမ်းလိုက်သည်။

“ဝေးကွာသွားတဲ့အရာတွေက အတိတ်ပဲ.. ကျန်တာတွေကတော့ အနာဂတ်ပါပဲ.. ဒါပေမဲ့ အခုအခိုက်အတန့်ကတော့ ကံကြမ္မာပဲ...”

စုမင်၏အသံက လေထုထဲတွင် ပဲ့တင်ထပ်နေလေသည်။

သူ့လက်ကို လွှဲယမ်းလိုက်သောအခါ

သူ့ကို သေခြင်းတရားအရသာ ခံစားစေခဲ့သော တောက်ပသော ယန်အလင်းရောင်က အချိန်များ နောက်ပြန်စီးဆင်းသွားသကဲ့သို့ သူ့ခန္ဓာကိုယ်မှ ထွက်ခွာသွားလေသည်။ ထိုအချိန်တွင် စုမင်၏ ခန္ဓာကိုယ်ဖြစ်သော ရုပ်တုကို တောက်ပသောယန်အလင်းရောင်ဖြင့် ဖုံးအုပ်ထားခြင်းမရှိတော့ပေ။

ဤသည်မှာ အနက်ရောင်ဝတ်ရုံတိထျန်း စုမင်ကို တားဆီးရန် အထူးအသုံးပြုခဲ့သည့်စွမ်းရည်ဖြစ်သည်။ ကံကြမ္မာ၏ အချိန်ကို ပြောင်းပြန်လှန်ခြင်းဖြင့်ပင် စုမင်က ထိုအလင်းတန်းကို ခဏမျှသာ ဖယ်ထုတ်နိုင်လိုက်သည်။ သို့သော် တောက်ပသောယန်အလင်းရောင်က စုမင်၏ ခန္ဓာကိုယ်ပေါ်သို့ တစ်ဖန်ပြန်လည်ရောက်ရှိလာသည်။

သို့သော် သူ့အား မည်သည့်အရာမှ ဖုံးကွယ် ပေးခြင်းမရှိသောကြောင့် သူ့ ခန္ဓာကိုယ်မှ အနက်ရောင် မြူခိုးများ ပြန့်ကျဲလာပြီး စုမင် တဖြည်းဖြည်း အသက်ကြီးလာပုံရသည်။ ထိုအချိန်တွင် သူ့ရုပ်တုဧ။်ဘယ်လက်ကို မြှောက်လိုက်ပြီး မာန်ပြည်ထောင်အထက်ရှိကောင်းကင်တွင် ပြည့်နှက်‌နေသော ယင်မရဏအရှိန်အဝါကို ဖမ်းဆုပ်ယူလိုက်သည်။

“စိမ်းရင့်ရောင် အသူရာချိပ်တံဆိပ်..”

စုမင်က ကောင်းကင်ဆီသို့ ဟစ်ကြွေးလိုက်စဉ် အစိမ်းရောင်အရိပ်ခုနစ်ခုက ချက်ချင်းဆိုသလို သူ့ပတ်ဝန်းကျင်တွင် ပေါ်လာသည်။၎င်းတို့က စုမင်၏ယင်အသူရာချိပ်တံဆိပ်ခုနှစ်ခု ဖြစ်သည်။

တောက်ပသောယန်က ယင်မရဏအရှိန်အဝါကို တားဆီးနိုင်သည်။သို့ပေမဲ့ စုမင်က အချိန်ကိုပြောင်းပြန်စီးဆင်းစေလိုက်သောကြောင့် ယင်မရဏအရှိန်အဝါက တောက်ပသောယန်ကို နိုင်စားလေသည်။

တောက်ပသောယန်အလင်းရောင်က သူ့ဆီသို့ တစ်ဖန်ရောက်လာသည်။ စုမင်၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းလိုက်သည်နှင့် စုမင် ပတ်လည်ရှိ အစိမ်းရောင် လူခုနစ်ယောက်က ဒူးထောက်ကာ ဦးညွှတ်သွားကြသည်။

သူတို့ ဦးညွှတ်စဥ် ကောင်းကင်တွင် လေပြင်းများ ထန်လာပြီး ပြင်းထန်သောဟိန်းဟောက်သံများ ပေါ်ထွက်လာလေသည်။ အနက်ရောင် မြူခိုးလုံးကြီးက လျင်မြန်စွာ ဆင်းသက်လာပြီး စုမင်ဆီသို့ အရှိန်တင်လေသည်။

စုမင်က သူ့ကိုယ်ပေါ်တွင် စိမ်း‌ရင့်ရောင်အသူရာချိပ်တံဆိပ်ကို တင်ထားသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် တောက်ပသောယန်ထက် ယင်မရဏအငွေ့အသက်များက သူ့ဆီသို့ အငမ်းမရပြေးဝင်လာလေသည်။

ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသော အဆက်မပြတ် ဆူညံသံများ ထွက်ပေါ်လာသည်။ ကောင်းကင်က ပြောင်းလဲသွားပြီး မြေကြီးကို ပုခက်လွှဲသကဲ့သို့ တုန်လှုပ်သွား စေခဲ့သည်။ ထိုအသံများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည့်တိုင် စုမင်၏ ရုပ်တုက ကောင်းကင်တွင် မတ်တပ်ရပ်နေဆဲပင် ဖြစ်သည်။

၎င်းမှာ အိုမင်းလာပြီး အားပျော့သွားသော လေထု ပျံ့နှံ့လာသည်။သို့သော်လည်း စုမင်၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ် ပေါ်လာသဖြင့် သူ၏ အားပျော့သွားသည့် အခြေအနေမှ ချက်ချင်း ပြန်လည် သက်သာလာခဲ့သည်။ မာန်စိတ်ဝိညာဉ်နယ်ပယ်တွင် ကြီးမားစွာအောင်မြင်သူများက လောကကြီး၏စွမ်းအားကို စုပ်ယူနိုင်ပြီး ကိုယ်ကျိုးအတွက် အသုံးပြုနိုင်လေသည်။

အထူးသဖြင့် စုမင်က မာန်နတ်ဘုရား ရုပ်တုနှင့် ပေါင်းစည်းလိုက်သောအခါ ‌လောကကြီး၏ စွမ်းအားကို စုပ်ယူနူန်းက မြန်ဆန်လာပြီး လောကကြီး ဝါးမျိုနေပုံရသည်။

သူ့ပတ်ဝန်းကျင်ရှိ တောက်ပသောယန်က သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ သူ့ရှေ့ရှိ ပေထောင်ပေါင်းများစွာ အကွာတွင် သုန်မှုန်နေသော အမူအရာဖြင့် ရပ်နေသော တိထျန်းပင် ဖြစ်သည်။

“အသူရာဓါးကိုးချောင်းက မင်းကို မသတ်နိုင်သလို တောက်ပတဲ့ယန်ကလည်း မင်းကို မဖျက်ဆီးနိုင်ပါဘူး...ဒါကို မင်း ဘယ်လို ကိုင်တွယ်မလဲဆိုတာ ငါကြည့်ချင်တယ်......ပြစ်ဒါဏ်...”

တိထျန်းက သရော်ပြုံးပြုံးကာ ညာလက်ကိုမြှောက်လိုက်သည်။ထို့နောက် ချိပ်တံဆိပ်ဖန်တီးပြီးနောက် ကောင်းကင်ဆီသို့ လျင်မြန်စွာ ချိန်ရွယ်လိုက်သည်။

All Chapters