မင်းနဲ့အတူ သေမယ်...
Vol. 49 Ch. 682
တိထျန်းက ကောင်းကင်ထက်သို့ချိန်ရွယ်ရင်း သူ့လျှာဖျားကိုကိုက်ရင်း သွေးချောင်းဆိုးလိုက်သည် ။
ထို့နောက် သူ့ညာလက်ကိုလွှဲယမ်းလိုက်ရာ ထွက်လာသောသွေးများက ရွှေရောင်အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားသည်။၎င်းတို့က ကောင်းကင်ရှိဝဲဂယက်များကို ဦးတည်သွားလေသည်။
“ငါ စိတ်ဆန္ဒနဲ့ အင်မော်တယ်မော်စီးယာဉ်ကို အသက်သွင်းလိုက်တယ်..အဲ့ဒီ့ယာဉ်က ယင်မရဏနယ်မြေကို ဆင်းသက်ပြီး
ကံကြမ္မာရဲ့ကောင်းကင်ဘုံပြစ်ဒါဏ်ကို ဆင့်ခေါ်မယ်..”
ထိုအချိန်တွင် တိထျန်း၏ အသံက စစ်မြေပြင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွား လေသည် ။ ထိုအသံတွင် အစွမ်းထက်သော တန်ခိုးရှိ၍ ကြားရသူတိုင်း စိတ်နှလုံး တုန်လှုပ်သွားစေသည်။
အထူးသဖြင့် ယခုတစ်ကြိမ် တိထျန်း၏စွမ်းရည်သာမန်မဟုတ်တာ သေချာလေသည်။ ထိုအရာ သူ့မှော်ခန္ဓာကိုယ်၏သွေးတစ်လုတ်စာကို တန်ရာတန်ကြေးအနေနှင့် ပေးဆပ်ထားရသည်။ ယခင်ကိုယ်ပွားများက ထိုသို့စွမ်းရည်မျိုးကို အကောင်အထည်ဖော်နိုင်မည်မဟုတ်ပေ။
တိထျန်း၏မှော်ခန္ဓာကိုယ် ပေါ်လာကတည်းက သူက အားနည်းသောစွမ်းရည်ကို တစ်ကြိမ်မှ အသက်မသွင်းခဲ့ဖူးပေ။ သူ၏အသူရာဓါး သို့မဟုတ် ကံကြမ္မာ၏ကောင်းကင်ဘုံပြစ်ဒါဏ်ဖြစ်ဖြစ်၊ အားလုံးက သတ်ဖြတ်လိုစိတ်ကိုဦးတည်သောစွမ်းရည်များပင်ဖြစ်သည်။
ထိုအခိုက်အတန့်တွင် သူ၏သွေးများက ရှည်လျားသော အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက် မာန်ပြည်ထောင်၏ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည့်ဝဲဂယက်ဆီသို့ ဦးတည်သွားပြီ လည်ပတ်မှုများ အေးခဲရပ်တန့်သွားလေသည်။
မာန်ပြည်ထောင်ကောင်းကင်ယံရှိ ဝဲဂယက်နောက်ကွယ်တွင် အဆုံးမဲ့နဂါးငွေ့တန်းများစွာရှိလေသည်။ ထိုနေရာ၌ ယင်မရဏနယ်မြေကို စောင့်ကြပ်နေသော ကျင့်ကြံခြင်းဂြိုလ်ကြီးကိုးလုံးရှိလေသည်။ ဝဲဂယက်များက မလည်ပတ်တော့ဘဲ နဂါးငွေ့တန်းမှ တောက်ပသော စူးစူးရှရှအလင်းတန်းများ ထွက်ပေါ်လာသည်။ထိုထဲမှ ဂြိုလ်ကြီးတစ်ခုက ပြင်းထန်သောအလင်းအားနှင့် လျင်မြန်စွာ ပေါက်ကွဲသွားလေသည်။ထို့နောက် ထိုဂြိုလ်ကြီးက အရှိန်အဟုန်ဖြင့် ယင်မရဏမြူနှင်းအလွှာကို ထိုးဖောက်သွားလေသည်။ ထို့နောက် မြူနှင်းလွှာကိုဖောက်ထွင်းပြီး မာန်ပြည်ထောင်သို့ဦးတည်လေသည်။
သို့ပေမဲ့ တစ်လုံးတည်း မဟုတ်ပေ။
ဂြိုလ်ကြီးကိုးလုံးစလုံးက မာန်ပြည်ထောင်သို့ ဦးတည်သွားလေသည်။
အခြားပြင်းထန်သော အလင်းတန်း ရှစ်ခုက ကျန်ဂြိုလ်ရှစ်လုံးမှ ထွက်ပေါ်လာသည်။ ၎င်းတို့က ကျယ်လောင်သော ဝီစီသံနှင့်အတူ အဆုံးမဲ့နဂါးငွေ့တန်းကို ထိုးဖောက်ကာ ယင်မရဏနယ်မြေကို ဟိန်းဟောက်ခဲ့သည်။ ထို့နောက် ထိုနယ်မြေမှ ထူထပ်သောမြူခိုးအလွှာက အပြင်သို့ ရူးသွပ်စွာ ပျံ့နှံ့သွားခဲ့သည်။ ထိုမြူခိုးထု၏အလယ်မှာ တွင်းနက်ကြီးတစ်ခုပေါ်လာလေသည်။ ထိုမြူခိုးထုဧ။်အစွန်းများက တဖြည်းဖြည်း ပြန့်ကျဲသွားပြီး ကြီးမားသော တွင်းနက်ကြီးတစ်ခုတည်း ထွက်ပေါ်လာလေသည်။
မာန်ပြည်ထောင်ရှိ မည်သူမဆို ခေါင်းမော့ကြည့်ပါက ကောင်းကင်ရှိ ဝဲဂယက်ဧ။်အလယ်ဗဟိုကို တွေ့မြင်ရပေမည်။ ထိုအလယ်ဗဟိုက ကြီးမားသောတွင်းနက်ကြီးပင်ဖြစ်သည်။
မာန်ကျင့်ကြံသူများ၏ဘဝမှာ ပထမဆုံးတွေ့မြင်ရသော စစ်မှန်သောနဂါးငွေ့တန်းပင်ဖြစ်သည်။
နဂါးငွေ့တန်းကြီး ပေါ်လာပြီးနောက် ချက်ချင်းပင် မျက်လုံးများဆီသို့ ထိုးဖောက်ဝင်ရောက်လာသော အားကောင်းသော အလင်းတန်းကိုးခုက ဖြာထွက်လာသည်။ သူတို့က ကျယ်လောင်သော တရွှီးရွှီးမြည်သံများဖြင့် ယင်မရဏ မြူခိုးများကို ဖြတ်၍ မြေပြင်ပေါ်သို့ ဆင်းသက်လာခဲ့သည်။ ၎င်းတို့၏အသွင်အပြင်က မာန်ပြည်ထောင်တွင် စွမ်းအားအရှိဆုံးအလင်းရောင်အဖြစ်သို့ ပြောင်းလဲစေသည်။
တစ်ချိန်တည်းတွင် ပြစ်ဒဏ်ကိုးခု ပေါ်လာပြီး ၎င်းတို့အားလုံးသည် ကံကြမ္မာကို ဖျက်ဆီးရန် ရောက်ရှိလာခြင်း ဖြစ်သည်။
တကယ်တော့ ကံကြမ္မာကို ထိခိုက်စေရုံတင် မဟုတ်ပေ။ ဤအားကောင်းသော အလင်းတန်းကိုးခု၏ စွမ်းအားက အရှေ့မြေရိုင်း နယ်မြေအားလုံးကို ဖျက်ဆီးပစ်နိုင်သည်။ ထိုအရာက...စုမင်ကို ဖျက်စီးရန် တိထျန်းပြင်ဆင်ထားသော အစွမ်းထက်စွမ်းရည်ပင်ဖြစ်သည်။
“မင်း ရူးနေပြီ.”
ကျီအန်းက စုမင်၏အစ်ကိုကြီးကို တိုက်ခိုက်ရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။
တုန်လှုပ်ချောက်ချားမှုအလယ်တွင် မြေပြင်ပေါ်ရှိ အင်မော်တယ်များက သွေးရူးသွေးတန်းအော်ဟစ်ကာ ရောက်တတ်ရာရာသို့ ထွက်ပြေးသွားကြသည်။ အားကြီးသော အလင်းတန်းကိုးခု နီးကပ်လာချိန်တွင် မြေကြီးသည် မီးပင်လယ်ကဲ့သို့ ခံစားရပြီး ရောက်ရှိလာသူတိုင်းအပေါ်၌ အပူလှိုင်းများ လွင့်စင်သွားသည်။
ကောင်းကင်ရှိမာန်ကျင့်ကြံသူအဖွဲ့နှစ်ဖွဲ့က အံ့အားသင့်သွားကာ သူတို့ဆီ ဦးတည်လာသော အားကောင်းသည့် အလင်းရောင်ကို စိုက်ကြည့်နေကြသည်... သူတို့မှာ ပြေးစရာနေရာ မရှိပေ။
“ကံကြမ္မာ.. မင်း ဒီပြစ်ဒဏ်ကို ပြန်ခုခံနိုင်မယ်ဆိုတာ ငါမယုံဘူး..”
အနက်ရောင်ဝတ်ရုံတိထျန်း၏ မျက်နှာပေါ်တွင် ရက်စက်သော အကြည့်တစ်ခု ပေါ်လာသည်။ သူ့လျှာဖျားကို တစ်ဖန်ကိုက်ပြီး မှော်ခန္ဓာကိုယ်၏ သွေးများကို ထွေးထုတ်လိုက်သည်။ ထိုသွေးများက ကျယ်လောင်သော ဝီစီသံနှင့်အတူ ကောင်းကင်ဆီသို့ ထိုးတက်သွားသည်။
တစ်ချိန်တည်းမှာပင် ဂြိုလ်ကိုးလုံးမှ အားကောင်းသော အလင်းတန်းများ ဒုတိယအကြိမ် ပျံ့နှံ့သွားပြီးနောက် ပေါက်ကွဲသံကြီး ဆူညံစွာထွက်ပေါ်လာလေသည်။
“ငါကြည့်ချင်တယ်.. မင်းဒါကိုဘယ်လိုပြန်တိုက်မလဲဆိုတာ..ဟားးးး”
အနက်ရောင်ဝတ်ရုံတိထျန်းက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ မာန်နတ်ဘုရားရုပ်တုနှင့်ပေါင်းစပ်ထားသောစုမင်ဆီသို့ ရက်စက်ကြမ်းကြုတ်စွာ လှမ်းကြည့်လိုက်သည်။
ထိုပြင်းထန်သောအပြစ်ဒါဏ်အလင်းတန်းများကို အသက်သွင်းရန်ပေးဆပ်ထားရသော တန်ရာတန်ကြေးကို တိထျန်း မေ့လျော့နေခဲ့သည်။ အကယ်၍ ၎င်းတို့က အရှေ့မြေရိုင်းနယ်မြေတွင် ဆင်းသက်လာပါက တောင်ပိုင်းအရုဏ်ဦးနယ်မြေကဲ့သို့ သဘာဝဘေးအန္တရာယ်တစ်ခု ယူဆောင်လာမည်ဖြစ်သည်။
မာန်ပြည်ထောင်ကို ဖျက်ဆီးပစ်ရန် လုံလောက်သော ပြင်းထန်သော ပြစ်ဒဏ်ကို အသက်သွင်းနိုင်သည့် အင်မော်တယ်များ၏စွမ်းအားကို အတိအကျ ပြသခဲ့လေသည်။ဤပြိုင်ဘက်ကင်း
ရတနာက သတိထားရန် အကြီးမားဆုံးအကြောင်းရင်းဖြစ်ပြီး မာန်ပြည်ထောင်အတွက် အကြီးမားဆုံးသော ပျက်စီးဆုံးရှုံးမှုကိုလည်း ဆောင်ကျဉ်းပေးနိုင်သည်။
“မင်းငါ့ရှေ့မှာ ခေါင်းငုံ့ပြီး လဲကျနေရင် အသက်ချမ်းသာပေးမယ်..ဒါဆို ငါ မင်းကို နောက်ဆုံးအခွင့်အရေးတစ်ခု ပေးမယ်..”
အနက်ရောင်ဝတ်ရုံတိထျန်းက လေထဲ၌ရပ်နေပြီး စုမင်ကို အေးစက်စွာကြည့်နေသည်။
ထိုအချိန်တွင် သူက ဤတိုက်ပွဲ၏ အမှန်တကယ် ပဲ့ကိုင်ရှင်ဖြစ်သည်။ ယခု စစ်မှန်သော ပြစ်ဒဏ် ပေါ်လာသောအခါ စုမင် တစ်ဦးတည်းသာ သေဆုံးလိမ့်မည် မဟုတ်ပေ။အရှေ့မြေရိုင်းနယ်မြေရှိ ကျင့်ကြံသူများပါ သူနှင့်အတူ သေဆုံးမည်ဖြစ်သည်။
စုမင်က ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ကျယ်လောင်သော လေချွန်သံများဖြင့် သူ့ဆီသို့ အရှိန်တင်နေသော အလင်းတန်းကိုးခုကို မြင်လိုက်ရသည်။ ၎င်းတို့နောက်တွင် ပေါ်လာသည့် ဒုတိယအသုတ်အလင်းတန်းကိုလည်း တွေ့လိုက်ရသည်။
တိထျန်း ထိုတိုက်ခိုက်မှုကို အကောင်အထည်ဖော်သည်မှာပထမဆုံးအကြိမ်မဟုတ်တော့ပေ။ သူနောက်ဆုံးမြင်ခဲ့တာနှင့် ယခုမြင်လိုက်ရသည့်စွမ်းရည်က မတူညီတော့ပေ။ ယခုတစ်ကြိမ်မှာ စစ်မှန်သောပြစ်ဒါဏ်ပင်ဖြစ်သည်။
“အရာအားလုံးပြီးဆုံးသွားတော့မှာလား..”
စုမင်၏ နှလုံးသားထဲတွင် ခါးသီးမှု၊ ခံပြင်းမှုလှိုင်းလုံးကြီး တိုးဝင်လာသည်။ မာန်စိတ်ဝိညာဉ်နယ်ပယ်တွင် ကြီးကျယ်ခမ်းနားစွာ ပြီးမြောက်ခဲ့လျှင်တောင် မာန်ပြည်ထောင်တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သည့် အဖိုးတန်ရတနာကို ရင်ဆိုင်ရတော့မည်။ သို့သော် သူ့မှာ ပြန်လည်ခုခံနိုင်စွမ်းမရှိတော့ပေ။
ထိုအချိန်တွင် တိထျန်းကိုသတ်ပစ်မည်ဟု ကြိမ်ဝါးထားသော ကတိကဝတ်က ကြီးမားသော ဟာသတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။
ထို့အပြင် ယခုတိထျန်းက တိထျန်းအစစ်မဟုတ်ပေ။ ဤသည်မှာ သူ၏ မှော်ခန္ဓာကိုယ်မျှသာ ဖြစ်သည်။
‘ဒါပေမဲ့ ငါ အရှုံးကို လက်မခံနိုင်ဘူး...”
စုမင်၏ မျက်လုံးများတွင် ရူးသွပ်မှု ပေါ်လာပြီး ၎င်းတို့တွင် ကြက်သွေးရောင် အလင်းတန်းများ လင်းလက်နေသည်။ ၎င်းအား ရုပ်တုနှင့် ပေါင်းစပ်လိုက်သောအခါ သူ၏မျက်လုံးများက သွေးကြောမျှင်များဖြင့် ပြည့်နှက်လာပြီး စိတ်ပိုင်းဖြတ်ထားသည့်အကြည့်တစ်ခု ပေါ်လာလေသည်။
“ဒါကို ငါလက်မခံဘူး ..ဘာလို့ ငါက မင်းကို ခေါင်းငုံ့အရှုံးပေးရမှာလဲ...”
စုမင်က ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ထိုအသံက ရူးသွပ်ခြင်းနှင့် ပြည့်နှက်နေသော အသံ၊ သေခြင်းတရားကို ဂရုမမမူသော အသံပင်ဖြစ်သည်။
“ငါသေရင်လည်း သေသွားနိုင်တယ်.. ဒါပေမဲ့ ငါသေသွားရင်တောင် မတ်တပ်ရပ်ပြီးသေမယ်...ခေါင်းမငုံ့ဘူး..တိထျန်း မင်းက ဘယ်သူမို့လို့.. ငါက ခေါင်းငုံ့အရှုံးပေးရမှာလဲ...”
“ငါ့ရဲ့စွမ်းအားက မင်းနဲ့မယှဉ်နိုင်ပေမဲ့ ငါ့ခန္ဓာကိုယ်က စကြာဝဠာတောင်မှ ကွေးညွှတ်လို့မရတဲ့ ရူးသွပ်မှုတွေနဲ့ တည်ဆောက်ထားတာ...”
ထို့နောက် စုမင်က ကောင်းကင်မှ ထွက်ပေါ်လာသော ပထမဆုံး အားပြင်းသော အလင်းတန်းကို ရိုက်ရန် ဘယ်လက်ကို မြှောက်လိုက်သည်။
သူ့လက်သီးကို ရှေ့သို့ ပစ်လွှတ်လိုက်ပြီး ပထမ အလင်းတန်းနှင့် သူ့လက်နှင့် ထိပ်တိုက်မိသွားသည်။ လေထဲတွင် ကျယ်လောင်သောအသံများ အုန်းခနဲထွက်ပေါ်လာလေသည်။ စုမင် ရုပ်တု၏ ဘယ်ဘက်လက်က ပေါက်ကွဲသံနှင့်အတူ ပေါက်ကွဲသွားသည်။ထို့နောက် အရပ်ရပ်သို့ ပြန့်ကျဲနေသော အမှုန့်အမွှားများအဖြစ်သို့ ပြောင်းလဲသွားသည်။
ပြင်းထန်သောလှိုင်းလုံးများ ပျံ့နှံ့သွားသည်နှင့်အမျှ စုမင်၏ ရယ်မောသံများက လေထဲတွင် တဟုန်ထိုး မြည်လာသည်။
“ငါ့ ယောင်ဝါးဝါးနဲ့ နေထိုင်ခဲ့တယ်...လမ်းပျောက်သွားခဲ့တယ်..ငါ့အိမ်ကို ရှာမတွေ့ဘူး..ငါ့မှာ အိမ်မရှိဘူး... အဲ့ဒါ ဘာအရေးလဲ..”
စုမင်က ညာလက်ကို မြှောက်လိုက်ပြီး ကောင်းကင်ဆီသို့ ဖြာကျနေသည့် ဒုတိယအလင်းတန်းဆီသို့ လက်သီးဖြင့် ထိုးချလိုက်သည်။
လေထုထဲတွင် ဟိန်းဟောက်သံတစ်ခုကပဲ့တင်သွားကာ ရာသီဥတု ပြောင်းလဲသွားသည်အထိ လောကကြီးကို တုန်လှုပ်သွားစေခဲ့သည်။ စုမင်၏ ညာလက်မောင်းက အပိုင်းပိုင်း ကျိုးသွားကာ လုံးဝကွဲသွားသည် ။
“သေခြင်းတရားရဲ့ခြိမ်းခြောက်မှုနဲ့ ဘယ်တော့မှခေါင်းမငုံ့မှု.. ငါကတော့ ခေါင်းမငုံ့ဖို့ပဲ ရွေးမယ်...”
စုမင်၏ရုပ်တုက လက်နှစ်ဖက်စလုံး ဆုံးရှုံးသွားသော်လည်း သူ၏ ခန္ဓာကိုယ်သည် ရှေ့သို့ ဆက်လက်အားဖြည့်နေဆဲဖြစ်သည်။ သူ့ညာဖက်ခြေထောက်ကို မြှောက်လိုက်ပြီး တတိယမြောက်ဝင်လာသော အလင်းတန်းကို ကန်ထုတ်လိုက်သည်။
ထိုစဉ် ရုပ်တုဧ။်ညာခြေထောက် လုံးဝအစိတ်စိတ်အမွှာမွှာကွဲသွားလေသည်။
ထိုမြင်ကွင်းများက အနက်ရောင်ဝတ်ရုံတိထျန်းကိုတောင် ထိတ်လန့်စေခဲ့သည်။ စုမင်၏မိုက်ရူးရဲဆန်မှုကြောင့် လက်ဖျားခါမိသွားလေသည်။
ကျီအန်းနှင့်ရှန့်ကန်း(အစ်ကိုကြီး)တို့ထပ်ရန်မဖြစ်တော့ပေ။ ကြောက်မက်ဖွယ်ရာ ပေါက်ကွဲသံများက လူအများ၏ နှလုံးသားကို ထိတ်လန့်စေခဲ့သည်။ စုမင်က ကြောက်မက်ဖွယ်ရာ ပြင်းထန်သော ထိုးနှက်ချက်များအားကို ပြန်ခုခံနေသည်ကို မြင်သော် အင်မော်တယ်များ တုန်လှုပ်သွားကြသည်။
ထိုအချိန်တွင် ကောင်းကင်ရှိ မာန်ကျင့်ကြံသူအဖွဲ့နှစ်ခုမှ အချို့က ငိုကြွေးကြသည်။
ကျယ်လောင်သော ပေါက်ကွဲသံက ကောင်းကင်သို့ ပဲ့တင်ထပ်သော်လည်း စုမင်၏ ရယ်သံကို မဖုံးကွယ်ထားနိုင်ပေ။ စုမင် ဘယ်ခြေထောက်ကို မြှောက်ပြီး စတုတ္ထအလင်းတန်းကို ခုခံလိုက်သည်။ ခြေလက်များ ဆုံးရှုံးသွားသော စုမင်က ပဉ္စမမြောက် အလင်းတန်းကို တိုက်ထုတ်ရန် သူ့ခန္ဓာကိုယ်ကို အသုံးပြုခဲ့သည်။
ပေါက်ကွဲသံတစ်ခုစီနှင့်အတူ အားလုံးက ပိုမိုနက်ရှိုင်းသော တိတ်ဆိတ်ငြိမ်သက်မှုထဲသို့ ကျရောက်သွားသာ်။ ထိုအချိန်တွင် မာန်နတ်ဘုရားဘုရားရုပ်တု၏ ခန္ဓာကိုယ်သည် ကွဲအက်သွားကာ ကောင်းကင်တွင် ဦးခေါင်းတစ်လုံးသာ ကျန်တော့ပြီး ဆဋ္ဌမမြောက် အလင်းတန်းများက သူ့ဆီသို့ ကျရောက်လာသည်။
စုမင်က အကြာကြီးဟားတိုက်လိုက်ပြီး သူ့ရုပ်တုခေါင်းနှင့် ဆဋ္ဌမမြောက် အလင်းတန်းကို ဝင်ဆောင့်လိုက်သည်။ ကျယ်လောင်သောအသံများက လောကတစ်ခွင် အုန်းအုန်းကြွသွားလေသည်။ ရုပ်တု၏ဦးခေါင်း ကွဲအက်သွားသည်နှင့် တပြိုင်နက် စုမင်၏ ခန္ဓာကိုယ်အစစ်အမှန်က ကောင်းကင်တွင် ပေါ်လာသည်။ သူ သွေးချောင်းဆိုးလိုက်ပြီး သူ့ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ လဲကျသွားသည်။
ထို့နောက် သတ္တမ၊ အဋ္ဌမ၊ နဝမ… နှင့် တစ်ဆယ့်ရှစ်ခုမြောက် အလင်းတန်းများအထိ အားလုံးက သူ့ဆီသို့ ဦးတည်နေကြသည်။
“ငါ ဆက်ခုခံနိုင်သေးတယ်..”
စုမင် အံကြိတ်မိလိုက်သည် ။ ယခုအနေအထားဖြင့်ဆိုလျှင် ဤအလင်းရောင်အောက်ရှိ လေထုထဲသို့ ချက်ချင်းပျောက်ကွယ်သွားလိမ့်မည်။ ချက်ချင်းဆိုသလိုပင် စုမင်၏ ခန္ဓာကိုယ်မှ နောက်ဆုံးစွမ်းအားများ ထွက်ပေါ်လာပြီး သတ္တမမြောက်အလင်းတန်းဆီသို့ သူ့ကိုယ်သူ အရှိန်တင်ရန် တွန်းအားပေးတော့မည်... အရပ်ရှည်ပြီး ခေါင်းမဲ့ ခန္ဓာကိုယ်ကြီးတစ်ခု သူ့ရှေ့တွင် ပေါ်လာသည်။
“အငယ်ဆုံးညီလေး ငါမင်းနဲ့အတူတူသေမယ်..”
တိုးတိုးတိတ်တိတ် အသံတစ်ခုကြားလိုက်ရပြီး စုမင်၏ မျက်လုံးများမှ မျက်ရည်များ စီးကျလာသည်။ ထို့နောက် အစ်ကိုကြီးက ကျယ်လောင်စွာ ရယ်မောလေ၏။
“ချီးပဲ.. ဒီအကြောင်းကို ကြိုသိထားရင် ငါ ဒီနေရာကို လာမှာ မဟုတ်ဘူး..
ဒါပေမဲ့ ငါရောက်နေပြီဆိုတော့ လွင့်မျောတိမ်လွှာဂိုဏ်းက ငါ.. ရွှယ်ရွှက မာန်နတ်ဘုရားသခင်နဲ့ အတူတူသေပွဲဝင်မယ်..”
ထိုအချိန်တွင်လွင့်မျောတိမ်လွှာဂိုဏ်းမှ ပိန်လှီသော အဘိုးအိုက သက်ပြင်းကို ချလိုက်ပြီး စုမင်ဆီသို့ အဆမတန် အရှိန်တင်လိုက်သည်။
“လွင့်မျောတိမ်လွှာဂိုဏ်းက ကျုပ်တို့လည်း မာန်နတ်ဘုရားသခင်နဲ့ အတူတူသေမယ်...”
အဘိုးကြီးနောက်ကနေ တက်လာသောဂိုဏ်းဝင် တစ်သောင်းနီးပါးက နောက်မဆုတ်ပေ။ အားလုံးက ဟိန်းဟောက်ပြီး ရှေ့ကို တိုးလာကြသည်။
“အထင်ကရကလန်မှ ကျုပ်.. ထျန်းချီ.. မာန်နတ်ဘုရားသခင်ကို နှုတ်ခွန်းဆက်သပြီး မာန်နတ်ဘုရားသခင်နဲ့အတူ သေဆုံးဖို့ ဆန္ဒရှိပါတယ်..”
အထင်ကရကလန်မှ ထျန်းချီက စုမင်အားလာရောက်ဂါရဝပြုရန် ရွေးချယ်ခဲ့သည့် ပထမဆုံးလူဖြစ်သည်။ သူ့မျက်နှာပေါ်တွင် အနည်းငယ် ရှုပ်ထွေးနေသည့် အကြည့်များ ရှိနေသော်လည်း ထိုစကားများကို သူပြောနေချိန်တွင် သူ့ရင်ထဲတွင် တုံ့ဆိုင်းမှု မရှိပေ။ သူ တစ်ချက်လှုပ်ပြီး ရှေ့သို့ အရှိန်တင်လိုက်သည်။
သူ့နောက်တွင် မျိုးနွယ်စုတစ်ဆယ့်နှစ်စုမှ အဖွဲ့ဝင်များက တညီတညွတ်တည်း ဟိန်းဟောက်ကာ ကျယ်လောင်သော လေချွန်သံများနှင့်အတူ ရှေ့သို့ တိုးထွက်လာသည်။
“ကျွန်ုပ်တို့က မာန်ဘုရားသခင်နဲ့အတူသေဆုံးဖို့ ရှိပါတယ်...”
ဤအခိုက်အတန့်တွင် လူနှစ်သောင်းထံမှ အသံများက အင်မော်တယ်များ၏ မနှလုံးသားကို တုန်လှုပ်စေပါသည်။
ဤအသံများက စုမင်၏ နှလုံးသားထဲတွင် ကြီးမားသော ခံစားချက်လှိုင်းများကို ဖန်တီးပေးသည်... သူ တစ်ခါမှ ထိုကဲ့သို့ခံစားချက်မျိုး မကြုံဖူးပေ။ ယခု သူမြင်နေရသော ဖော်မပြနိုင်သော နွေးထွေးမှုက သူ့နှလုံးသားထဲသို့ ပထမဆုံးအကြိမ် ပျံ့နှံ့သွားသည်။