ရှန့်ထိုများသာ ကျန်ရစ်သော...
Vol. 010 Ch. 969
တိုက်ခိုက်ရန် ဟန်ပြင်နေသော ရီဖူရှင်းပင် အံ့အားသင့်သည်။
ကျင့်ယွီချန်း သူ့အား လေးစား သည်တဲ့လား။
သူတို့ နှစ်ယောက် စကားပင် ရှားရှားပါးပါး တစ်ခါမှ ပြောဖူးကြ၏။ ယခု အခြေအနေတွင် သူ့အား လေးစားရုံမျှဖြင့် အသက်ကို ရင်းကာ ဝင်ရောက် တိုက်ခိုက်ခြင်းလား။
သို့သော်လည်း ကျင့်ယွီချန်းတွင် ယွီကလန်မှ လူများအား သတ်ဖြတ်ရသော အကြောင်းအရင်းအား သူအနည်းငယ် ရိပ်မိပေ၏။ သို့သော်လည်း ထိုမျှက သူမသည် မိမိကိုယ်ကို အသေခံကာ သူ့အား လာရောက် ကာကွယ်ခြင်းကား မယုံနိုင်ဖွယ် ကောင်းသော ကိစ္စဖြစ်သည်။
လေထဲမှ မည်သူကမှ သူမ၏စကားကို အလေးမထားကြပေ။ သူမကား ပြည်နယ်ကိုးခု ရှီအဆင့်တွင် ရှိသည် ဆိုသော်လည်း ရှန့်ထိုများ၏ မျက်လုံးထဲတွင် အရေးမပါသော ပမွှားတစ်ကောင် ဖြစ်သည်။
ကျိရာက ရှေ့သို့ ထွက်လာကာ ကျင့်ယွီချန်းအား အေးစက်စွာ ကြည့်သည် ...
“တစ်ယောက် ပိုသတ်ရတာ ဘာမှ မခက်ဘူး...”
တော်ဝင်ကျဲ နန်းတော်ကား ကျိမိုကို သတ်ဖြတ်ခဲ့၏။ ယခု တော်ဝင်ကျဲ နန်းတော်နှင့် မဟာမိတ်ဖွဲ့သူ မည်သူ့ကိုမဆို သူသတ်လို ပေသည်။
“ယွီချန်း ... ပြန်လာခဲ့ ... ” မှန်နန်းတော် သခင်က အေးစက်စွာ ပြောသည်။ ကျင့်ယွီချန်း လုပ်ဆောင်သည်များ အားလုံးမှာ သူမအတွက် ဖြစ်သည်ကို သူမ ကောင်းကောင်းသိ၏။ သူမတို့ကား ငယ်ရွယ်စဉ် အချိန်အခါ ကတည်းက အချင်းချင်း မှီခိုနေထိုင် ခဲ့ကြကာ လက်ရှိ အနေအထားသို့ အထိ ရောက်လာခဲ့၏။ ကျင့်ယွီချန်း၏ ပါရမီမှာ သိပ်မကောင်းသော်လည်း သူမကား ပြည်နယ်ကိုးခု ရှီအဆင့်ဝင် တစ်ယောက် ဖြစ်လာခဲ့ပေသည်။ သူမသည်လည်း ခိုင်မာသော စိတ်နှလုံးအား ပိုင်ဆိုင်ပေသည်။
ကျင့်ယွီချန်းက သည်အတိုင်း အသေခံမည်ကို မှန်နန်းတော် သခင်မ မလိုလားပေ။
“သခင်မ ... ဒီတစ်ခေါက်တော့ ယွီချန်း သခင်မအမိန့်ကို မနာခံ နိုင်တော့ပါဘူး” ကျင့်ယွီချန်းက စိတ်ဖြင့် ပြောသည် ...
“တကယ်လို့ ရီဖူရှင်း ဒီနေ့ ဒီနေရာကနေ အသက်ရှင်ရက် ထွက်သွားနိုင်ခဲ့ရင် သူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ဆက်လက် တည်ဆောက်ပါ...။ ယွီချန်းက သခင်မကို နောက်ဘဝမှ အဖော်ပြု ပါတော့မယ်”
သူမက လစန္ဒာရှန့်ထို ဘက်သို့ တစ်ချက်ကြည့်ကာ ရှေ့သို့ ထပ်မံ လှမ်းလိုက်သည်။
သူမသည် တစ်နည်းနည်းဖြင့် သေဆုံးရမည်ကို သိထားပေသည်။ အသက်အတွက် အသက်ကို ပေးရမည်။ သူမလုပ်ခဲ့သည် အတွက် သူမ ပြန်ပေးဆပ်ရမည် ဖြစ်၏။
သူမ သေသွားသောအခါ အမှန်တရားလည်း လိုက်ပါ ကွယ်ပျောက်ရမည်။ သူမသေသောအခါ မည်သူကမှလည်း အမှန်တရားကို ဂရုမစိုက်မည် မဟုတ်တော့ပေ။
ရီဖူရှင်းသည် ကျင့်ယွီချန်းအား တားဆီးခြင်း မပြုပါ။ သူမ၏ ဆုံးဖြတ်ချက်အား သူတားဆီးခွင့်လည်း မရှိပေ။ သူမက ယွီကလန်မှ လူများအား သတ်ဖြတ်ပြီးသည့် အချိန်မှစ၍ သူမ၏ ကံကြမ္မာမှာ သတ်မှတ်ထားပြီးသား ဖြစ်သည်။
“သူမကို သတ် ... ” ရှန့်ထိုကျိက ခံစားချက် ကင်းမဲ့ဟန်ဖြင့် ပြောသည်။
ကျိရှမ်းကမ်းပါးမှ ခွန်ယို လှုပ်ရှားသည်။ တော်ဝင် သိဒ္ဓိဆင်က ပတ်ဝန်းကျင်အား ကြီးမားသော ဖိအားများ ဖြစ်ပေါ်လာ စေသည်။ ကျင့်ယွီချန်း ကြီးမားသော ဖိအားအောက်တွင်ပင် ရှေ့သို့ ဆက်လျှောက်လာခဲ့သည်။
ရှီဟွာတောင်မှ ကျုံးခွေလည်း ရှေ့သို့ ထွက်လာခဲ့၏။ ခေါင်းလောင်းသံ တစ်ခု ထွက်ပေါ်လာကာ ကျင့်ယွီချန်း၏ လှုပ်ရှားမှုမှာ နှေးကွေး လာခဲ့၏။ လီတောက်ချူက သူ၏လက်ကို ဆန့်တန်းကာ လေထုကို ဖမ်းဆုပ် လိုက်လျှင် လေဟာနယ်မှာ အေးခဲလုနီးပါး ဖြစ်လာသည်။ ကျင့်ယွီချန်း သည်လည်း အလွန်အမင်း နှေးကွေး လာခဲ့၏။
အလင်းတန်း နှစ်ခု လင်းလက်သွားသည်။ တော်ဝင်အလင်း နန်းတော်မှ ကျိရာနှင့်ကျိမူတို့ နှစ်ယောက်လုံး တစ်ပြိုင်နက်တည်း လှုပ်ရှား လိုက်ကြ၏။ တော်ဝင်အလင်း ဓားများ လေထဲတွင် လျှပ်တစ်ပြက် လင်းလက်သွား၏။ ကျင့်ယွီချန်း ခန္ဓာကိုယ်ကား အလင်းတန်းများ ဖြတ်သန်းခံ လိုက်ရကာ ခဏချင်း၌ပင် အစိတ်စိတ်အမြွှာမြွှာ ကွဲအက်ကာ အမှုန်အမွှားများ အဖြစ် ပျောက်ကွယ် သွားတော့သည်။
ပြည်နယ်ကိုးခု ရှီအဆင့်မှ တန်ခိုးရှင် ငါးယောက် တစ်ပြိုင်နက်တည်း တိုက်ခိုက်ကာ ထိုအထဲ၌ ကျိရာကား နံပါတ်(၂) ချိတ်ကာ ခွန်ယိုကား နံပါတ်(၉)ချိတ်သည်။ ကျင့်ယွီချန်း အနေဖြင့် ထိုတိုက်ခိုက်မှုများအား ခုခံနိုင်စရာ အကြောင်းမရှိပေ။ ထို့အပြင် သူမကား ထွက်လာ ကတည်းက သေရန် ဆုံးဖြတ်ထားပြီး ဖြစ်၏။
ကျင့်ယွီချန်း အဘယ်ကြောင့် ထိုနည်းဖြင့် အသေခံ လိုသည်ကို မည်သူကမှ နားမလည်ကြပေ။
သူမ၏ မျက်လုံးများမှ မျက်ရည်များ စီးကျလာခဲ့၏။ သူမကား ခံစားချက်များကို ပတ်သက်ခြင်းဖြင့် လေ့ကျင့်သော်လည်း သံယောဇဉ်တရား ဆိုသည်မှာ လောကတွင် ဖြတ်တောက်ရန် အခက်ဆုံးအရာ မဟုတ်ပါလား။ သူမအား သခင်မဟု ခေါ်သော မိန်းကလေးကား ငယ်စဉ် ကတည်းက သူမအား အဖော်လုပ် လာခဲ့ကာ ကောင်းတူဆိုးဖက် ဖြစ်ခဲ့သည်။ သူမအတွက်ဆို ထိုမိန်းကလေးကား အသက်ကိုပင် အသေခံကာ ပေးဆပ်လို၏။
သူမက မျက်ရည်များအား သုတ်ခြင်းမပြုဘဲ ခွန်ယို၊ ကျိရာ၊ ကျုံးခွေနှင့် တခြားလူများကို ကြည့်သည်။ သည်လူများကား ရှန့်ထိုကျိ၊ ရှန့်ထိုကျဲနှင့် ရှီဟွာတောင် ရှန့်ထိုတို့ကို နောက်ခံပြုထားသည်။
လက်ရှိတွင် သူမကား ကျောက်ကျိမင်ကို လက်စားချေရန်ထက် ပိုမို အရေးပါသော ကိစ္စမရှိပေ။
ရီဖူရှင်းက မှန်နန်းတော် သခင်မဘက်သို့ လှမ်းကြည့်လျှင် သူမ၏ ပါးပြင်ထက်မှ ပုလဲမျက်ရည်များအား မြင်သည်။ မှန်နန်းတော် သခင်မကား သူ၏အနိုင်ကျင့်ခြင်း ခံရသော အခိုက်ထက်ပင် ပိုမို သနားဖွယ် ကောင်းနေကာ အဆုံးစွန်သော တိတ်ဆိတ်ခြင်းဖြင့် ငြိမ်သက်နေ၏။
သူက သက်ပြင်းချမိကာ မှန်နန်းတော် သခင်မနှင့် ကျင့်ယွီချန်းတို့အား တစ်နည်းနည်းဖြင့် ကရုဏာ သက်မိသည်။ လူတိုင်းမှာ မိမိတို့ အသက်ထက် တန်ဖိုးထားသော တစ်စုံတစ်ခု ရှိနေနိုင်ပေသည်။ ကျင့်ယွီချန်း အတွက် မှန်နန်းတော် သခင်မသာ ဘဝဖြစ်သည်။ လက်ရှိတွင် မှန်နန်းတော် သခင်မ မည်သို့ ခံစားရမည်ကို သူတွေးကြည့်၍ ရသည်။
လက်ရှိတွင် တော်ဝင်ကျဲ နန်းတော်မှာလည်း အဆုံးဝါးဆုံးသော ကံကြမ္မာနှင့် ရင်ဆိုင် နေရပေ၏။ သူတို့ကား ပြည်နယ် ကိုးခုလုံးနှင့် ရန်ငြိုး ဖွဲ့ခဲ့မိပြီဖြစ်ကာ အသက်ရှင် လွတ်မြောက်ရန် မျှော်လင့်ချက် သိပ်မရှိပေ။
သို့သော်လည်း သူ့ဘေးတွင် ရပ်နေသူများ အားလုံးမှာ သူနှင့်အတူ သေသည်အထိ တိုက်ခိုက် လိုကြသည်။ ကျင့်ယွီချန်း ကဲ့သို့ပင် သူတို့ အားလုံးတွင် ခိုင်မာသော ခံယူချက်များ ရှိကြ၏။
သို့သော်လည်း သူကား မှန်နန်းတော် သခင်မကဲ့သို့ မိမိလူကို မကာကွယ် နိုင်သောသူ မဖြစ်လိုပေ။
သူက ပြည်နယ်ကိုးခုမှ လူတိုင်းအား ရန်သူဖြစ်ခြင်းက ပြဿနာ မဟုတ်ပေ။ ပြည်နယ်ကိုးခုမှ လူများက တော်ဝင်ကျဲ နန်းတော်မှ လူများ၏အသက်ကို ရယူလိုပါက သူက ထိုလူများအား သွေးပင်လယ် လွှမ်းသွားသည် အထိ ပြန်လည် သတ်ဖြတ်ပေမည်။
ရီဖူရှင်း တဖြည်းဖြည်းဖြင့် လေထဲသို့ ပျံတက်လာ၏။
မရေမတွက်နိုင်သော လူများမှာ ကျင့်ယွီချန်း၏ သေဆုံးခြင်းကို မေ့လျော့သွားဟန် ရကာ ရီဖူရှင်းအား စူးစိုက်ကြည့် နေကြသည်။
ကျင့်ယွီချန်း၏ သေဆုံးခြင်းအား မည်သူမှ ဂရုမစိုက်ပေ။ ယခု အားလုံး ဂရုစိုက်သည်ကား ရန်ဟောင်အမွေအနှစ် ဖြစ်သည်။
ရီဖူရှင်း လေထဲသို့ ပျံတက်လာသည်ကို မြင်လျှင် တော်ဝင်မြေမှ ပုဂ္ဂိုလ်များစွာ လှုပ်ရှားကြသည်။ ကျိရာက တော်ဝင် အလင်းဓားအား ဆုပ်ကိုင်လျှင် သူ့ထံမှ ပြင်းထန်သော သတ်ဖြတ်ခြင်း အငွေ့အသက်များ ထွက်လာသည်။
ခွန်ယိုကား လေထဲတွင် နတ်ဘုရားတစ်ပါး အလား ရပ်ကာ ရီဖူရှင်းအား ငုံ့ကြည့်သည်။
ရှီဟွာတောင်မှ ပြည်နယ်ကိုးခု ရှီအဆင့်ဝင် တန်ခိုးရှင် နှစ်ယောက်သည်လည်း အလွန် ပြင်းထန်သော အငွေ့အသက်များအား ထုတ်လွှတ်ထား၏။
ကျောက်ဟောင်နှင့် ကျောက်မင်တို့လည်း လှုပ်ရှားကြသည်။ သူတို့က ရီဖူရှင်းအား တိုက်ခိုက်လျှင် ပြင်းထန်သော အပူလှိုင်းများ ဖြစ်ပေါ်လာသည်။
အဆုံးမဲ့ ပင်လယ်မှ ပြည်နယ်ကိုးခု ရှီအဆင့်ဝင် များသည်လည်း လေဟာနယ်ကို ပိတ်ဆို့ကာ လှုပ်ရှား လာကြသည်။
ယိလကန်မှ လူများသည် သူတို့၏ လေးနှင့်မြားကို ရီဖူရှင်းထံသို့ ချိန်ရွယ် လိုက်ကြ၏။
ထိုထိပ်သီး တန်ခိုးရှင်များ၏ ပေါင်းစပ် တိုက်ခိုက်မှုကပင် တော်ဝင်ကျဲ နန်းတော် တစ်ခုလုံးအား အဆုံးသတ်ရန် လုံလောက်ပေသည်။
ပြည်နယ် ကိုးခုလုံးနှင့် ရန်ဘက် ဖြစ်လာသောအခါ ရှန့်ထိုအဆင့် အောက်မှ လူတစ်ယောက် အတွက် အသက်ရှင် လွတ်မြောက်ရန် အလွန် ခက်ခဲပေတော့သည်။
ကြီးမားသော ဖိအားများ ရီဖူရှင်းထံကို ကျဆင်းလာကာ ပတ်ဝန်းကျင် လေထုမှာ သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာ ဖြစ်ပေါ်နေသည်။
ရီဖူရှင်း၏နောက်မှ တော်ဝင်ကျဲ နန်းတော်မှ လူများလည်း တိုက်ခိုက်ရန် အဆင်သင့် ပြုလုပ်ကြသည်။
လေထုမှာ တိတ်ဆိတ်နေပြီး အေးစက်သော လေပြင်းများ တဟူးဟူး ရိုက်ခတ်နေသည်။
အဝေးမှ ကျုံးကျိုးမြို့သားများ အားလုံးမှာ ထိုမြင်ကွင်းအား ကြည့်ပြီး သက်ပြင်း ချနေကြသည်။ တော်ဝင်ကျဲ နန်းတော်မှာ သည်နေ့ရက်၌ အဆုံးသတ်တော့ မည်လား။ ရီဖူရှင်းသာ သေဆုံးခဲ့လျှင် တော်ဝင်ကျဲ နန်းတော်မှာ ယခင်လို ဆက်လက် ရပ်တည်နိုင်ပါ ဦးမည်လား။
“ကျုပ်ကို သတ်တဲ့သူ ရန်ဟောင် အမွေအနှစ်ကို ရမယ်...”
ရီဖူရှင်း ခေါင်းမော့ကာ လေထဲမှ တန်ခိုးရှင်များအား ကြည့်သည်။သူက ရှေ့သို့ တက်သွားကာ ပြည်နယ်ကိုးခုမှ တန်ခိုးရှင်များအား တစ်ယောက်တည်း ရင်ဆိုင်သည်။
သူက လက်ဆန့်တန်း လိုက်လျှင် လက်ထဲတွင် လင်းလက် တောက်ပသော လှံရှည်တစ်လက် ပေါ်လာ၏။
အသန့်စင်ဆုံးသော ရွှေစင် ရွှေသားတို့ဖြင့် ပြုလုပ်အပ်သော လှံရှည်ကား အလင်း အမှုန်အမွှားများဖြင့် ပတ်ဝန်းကျင်ကို လင်းလက်စေသည်။ လက်နက်မှ ကြောက်မက်ဖွယ် အာကာသ ဓာတ်များ ထွက်ပေါ်နေ၏။
သူကိုင်စွဲထားသော လက်နက်မှာ တော်ဝင်ရတနာ ဖြစ်သည်မှာ ထင်ရှား၏။
တော်ဝင်မြေ အတော်များများမှာ မရိပ်မိကြပေ။ ရီဖူရှင်းတွင် တော်ဝင်ရတနာ တစ်ခု ပိုင်ဆိုင်ခြင်းမှာ ထူးဆန်း အံ့အားသင့်စရာ ကိစ္စလည်း မဟုတ်ပေ။ သို့သော်လည်း အဆုံးမဲ့ ပင်လယ်မှ ရှန့်ထိုများ ထိုလက်နက်ကို ကြည့်ကာ မျက်နှာ အမူအရာများ ပြောင်းလဲ သွားကြသည်။
ပင်လယ်ရှန့်ထိုက မျက်လုံးများ ပြူးကျယ်လျက် ရှေ့သို့ တက်လာကာ အေးစက်စွာ ပြောသည် ...
“အချိန်နဲ့ လေဟာနယ်လှံ ... ”
ပြည်နယ်ကိုးခုမှ ရှန့်ထိုများအားလုံး ထူးဆန်းသော အမူအရာများ ဖြစ်လာကြသည်။ သည်လက်နက်မှာ အမှန်တကယ် ပြည်နယ်ကိုးခု ရတနာအဆင့် (၃)တွင်ရှိသော အချိန်နှင့် လေဟာနယ် လှံလား...။
ယခု ရတနာလှံမှာ အဘယ်ကြောင့် ရီဖူရှင်း၏လက်ထဲတွင် ပေါ်လာရသနည်း။
မြေဘက် ချောက်နက်နှင့် နတ်ဘုရား ကမ်းပါးတို့မှ ရှန့်ထိုများ သည်လည်း ရီဖူရှင်းအား အေးစက်စွာ ကြည့်နေကြသည်။
“ဒါဆို အဆုံးမဲ့ ပင်လယ်မှာ တော်ဝင်မြေ သုံးခုက လူတွေကို သတ်ခဲ့တာ မင်းပေါ့...” ပင်လယ်နန်းတော် သခင်က အေးစက်စွာ ပြောသည်။
ရီဖူရှင်းက ညာလက်ကို မြှောက်ကာ ပင်လယ်ရှန့်ထိုအား လက်ညှိုး ထိုးသည် ...
“ရှေးအမွေအနှစ် ဆိုတာ ခွန်အားကြီးသူပဲ ပိုင်ဆိုင်နိုင်တယ်။ ခင်ဗျားစကားကို ခင်ဗျား မေ့သွားပြီလား”
ယခု အချိန်တွင် ပင်လယ် ပြည်နယ်မှ တော်ဝင်မြေ သုံးခုမှ လူများအား သတ်ဖြတ်ခဲ့ခြင်း ကိစ္စကို လူအများ သိသွားခြင်းက ပြဿနာ မဟုတ်တော့ပေ။
“အရမ်း ကောင်းတယ် ...” ရှန့်ထိုကျိက ပြောသည်။ သူက ယနေ့တွင် ရန်ဟောင် အမွေအနှစ်သာမက အချိန်နှင့် လေဟာနယ်လှံကိုပါ ထပ်တွေ့ခဲ့ရ၏။ အရာအားလုံးက စိတ်ဝင်စားဖွယ် ကောင်းလာတော့သည်။
“ကောင်းတာပေါ့ ... ” ရီဖူရှင်းက ရှန့်ထိုကျိအား အေးစက်စွာ ကြည့်ကာ သူ၏လက်မှ လှံရှည်ဖြင့် ရွယ်လျက် ပြောသည် ...
“ဘယ်တော်ဝင် မြေကမဆို တော်ဝင်ကျဲ နန်းတော်တပည့် တစ်ယောက်ကို သတ်ဖြတ်ခဲ့ရင် ကျုပ်က အဲဒီ တော်ဝင်မြေကို ရှန့်ထိုက လွဲပြီး ဘာသူမှ မကျန်တဲ့နေရာ ဖြစ်အောင် လုပ်ပစ်မယ်...”
***