#လေသည် မြက်ပင်၏ခွန်အားကိုသိသည်, ပညာရှိတို့သည် ကြင်နာတတ်ရမည်!#
Vol. 25 Ch. 351
ကပ်ဘေးကြီးကဘာလဲဆိုတာ မည်သူမှ မသိကြပါ။
သို့စေကာမူ ကြယ်ကြွေဓားဧကရာဇ်က ကြိုတင်ကာကွယ်ထားခဲ့သည်။ ဤကဲ့သို့ အပြုမူမျိုးက လေးစားထိုက်သည်။
ဤသည်က ယဲ့ချိုးပိုင်နှလုံးသားထဲက အတွေးဖြစ်သည်။
ကျန်းဝူဖန်းကဘေးကနေရယ်မောသည်။
"ဒါအတွက် မင်းသိပ်ဖိအားများနေစရာမလိုပါဘူး၊ အခုမင်းလုပ်သင့်တာက ခွန်အားကို တိုးတက်ဖို့အတွက် အကောင်းဆုံးကြိုးစားရမယ်"
"ကြယ်ကြွေဓားဂိုဏ်းက မင်းရဲ့ထာ၀ရျြာထောက်နောက်ခံတခုဖြစ်လာပြီးတော့ အခြေခံအားလုံးက မင်းဆီဦးတည်လာလိမ့်မယ်"
ယဲ့ချိုးပိုင်အပြုံးဖြင့်ခေါင်းခါယမ်းသည်။
"စီနီယာကျန်း၊ ကျေးဇူးအများကြီးတင်ပါတယ်၊ ဒါပေမယ့် အရင်းအမြစ်တွေကို မသုံးစွဲပါနဲ့၊ ကျုပ်တကယ်လိုအပ်လာတဲ့အခါကျရင် ခင်ဗျားကိုလာရှာပါမယ်"
ထိုစကားလုံးများကိုကြားသောအခါ ကျန်းဝူဖန်းခေါင်းညိတ်ရင်း သဘောကျသည့်အသွင်ပြောသည်။
"တခြားသူတွေကိုမှီခိုပြီး ပြင်ပပစ္စည်းတွေကို အားကိုးနေမယ်ဆိုရင် အထွပ်အထိပ်ကို ဘယ်တော့မှရောက်နိုင်မှာမဟုတ်ဘူး၊ မင်းမှာဒီလိုစိတ်ထားမျိုးရှိနေတော့ ငါတကယ် စိတ်ချရပါပြီ"
အရိုးသားဆိုးပြောရမည်ဆိုပါက ကျန်းဝူဖန်းပူပန်နေခဲ့သည်။
သူစိုးရိမ်တာက ယဲ့ချိုးပိုင်က ကြယ်ကြွေဓားဂိုဏ်း၏ ဓားသခင်ဖြစ်လာပြီးနောက် ဂိုဏ်းအရင်းအမြစ်များကို အလွဲသုံးစားလုပ်ပစ်မည်ကိုပင်။
ယခုတွင်မူ သူ့ပူပန်မှုများက အခြေအမြစ်မရှိခြင်းများသာ။
ထို့နောက်ယဲ့ချိုးပိုင်ထွက်သွားသည်။
ကျန်းဝူဖန်း လျှို့ဝှက်ခန်းမထဲတွင် ကျန်နေခဲ့ပြီး အဖိုးအိုတစ်ယောက်က စာအုပ်စင်နောက်ကနေ ထွက်လာသည်။
အကယ်၍ယဲ့ချိုးပိုင်သာဤနေရာ၌ရှိမည်ဆိုပါက သူက ဤအဖိုးအိုကို သေချာပေါက်သိပေလိမ့်မည်။ အဖိုးအိုက ကြယ်ကြွေဓားဂိုဏ်း၏ တောင်တံခါးစောင့်ပေတည်း။
"အဖိုးကြီးကျန်း၊ ဘယ်လိုလဲ"
အဖိုးအိုကခေါင်းညိတ်သည်။ သူ့မျက်လုံးများကလုံး၀ဝေဝါးနေခြင်းမရှိဘဲ ပါးနပ်မှုများဖြင့် ပြည့်နှက်နေသည်။
"လေပြင်းက မြက်ခင်းကိုသိသလို ပညာရှိဆိုတာ ကြင်နာတတ်ရမယ်..."
ကြယ်ကြွေဓားဂိုဏ်းက ကျဆင်းသွားပြီး ၎င်း၏စွမ်းအားက အရင်ကနှင့် အတော်လေးဝေးကွာသွားသော်လည်း အုတ်မြစ်က နက်ရှိုင်းနေဆဲပါ။
ယဲ့ချိုးပိုင်က ဤအခြေအနေတွင် ခုခံနိုင်စွမ်းရှိသည်။ သူကခုခံမှုကိုမသုံးသလို ဤအကြောင်းကို တွေးပင်မတွေးထားချေ။
ဤစကားလုံးများအတိုင်းသူနေနိုင်သည်။
"ဟုတ်တယ်၊ ကျန်းဇောင်၊ ကျုပ်သူ့ကို ယုံကြည်လို့ရလောက်မယ်"
"ဒီကောင်လေးရဲ့စရိုက်က ဓားဧကရာဇ်နဲ့ အတော်လေးတူတယ်..."
အဖိုးအိုက ကြယ်ကြွေဓားဧကရာဇ်နှင့် တချိန်တည်းမှာပင် အတုမဲ့ပုံရိပ်တခုဖြစ်ခဲ့သည်။
သူ့ကိုယခုလိုပြောခိုင်းနိုင်ရန်ဆိုသည်က ဤသည်က အဆင့်အမြင့်ဆုံးအနေအထားတွင် ရှိနေသည်ဟုဆို၍ရသည်။
ကျန်းဝူဖန်းကလည်း ခေါင်းညိတ်ပြသည်။ သူလည်းသဘောတူသည်မှာ သိသာထင်ရှားနေသည်။
....
လျှို့ဝှက်သိုလှောင်ခန်းမကနေ ယဲ့ချိုးပိုင် ထွက်ခွာသွားပြီးနောက် ရှောင်ဟိုင်နှင့် ရှီရှန်းတို့ဆီသို့သွားလိုက်သည်။
ဂျီဂျီက သူ့ကိုစနောက်လိုက်သည်။
"ဒီလိုဖြစ်လာမယ်ဆိုတာကိုသာ သိမယ်ဆိုရင် ခင်ဗျားကို ဂိုဏ်းကိုမခေါ်လာပါဘူး"
ယဲ့ချိုးပိုင်ကျယ်လောင်စွာရယ်မောလိုက်သည်။
"ညီလေးလင်းက ဒီလိုမျိုးအမြင်ကျဉ်းတဲ့လူတစ်ယောက်မဟုတ်ပါဘူးလေ၊ ဟုတ်တယ်မလား"
"တချို့ရိုက်ချက်တွေက တကယ်ထိတယ်"
"ဘာပဲဖြစ်ဖြစ် ခင်ဗျားက အရူးတယောက်လိုပါပဲ၊ ခင်ဗျားရဲ့ပါရမီနဲ့အခွင့်အလမ်းကခင်ဗျားကိုအားကျစေဖို့ လုံလောက်ပါတယ်"
ဂျီဂျီကခေါင်းစဉ်ပြောင်းလိုက်ပြီး ဓားကို ဆွဲထုတ်လိုက်လေသည်။
"အစ်ကိုယဲ့၊ ခင်ဗျားမှာအခုလုပ်စရာဘာမှ မရှိတော့လောက်ပါဘူး၊ ဓားဧကရာဇ်ရဲ့ မူလအမွေအနှစ်ကိုရပြီးနောက်မှာ ခင်ဗျားရဲ့ ခွန်အားက ဘယ်လောက်ထိ တိုးတက်လာသလဲဆိုတာ ကျုပ်သိချင်မိသေးတယ်"
ဤသည်ကိုမြင်သောအခါ ယဲ့ချိုးပိုင်လည်း အနည်းငယ်ယားယံသလိုခံစားရသည်။
သူ့ခွန်အားက ဘယ်လောက်ထိ တိုးတက်လာသလဲဆိုတာ သူလည်းသိချင်သည်။
ဂျီဂျီ၏ဦးဆောင်မှုအောက်တွင် လေးယောက်လုံးက ပြိုင်ပွဲစင်မြင့်ပေါ်သို့ ရောက်လာကြသည်။
တချိန်တည်းမှာပင် သတင်းက ဘယ်ကနေဘယ်လိုပေါက်ကြားသွားမှန်းမသိ၊ မရေမတွက်နိုင်လောက်သော ဓားဂိုဏ်း၀င်များက သူတို့နှစ်ဦးယှဉ်ပြိုင်မည့်နေရာသို့ ရောက်လာခဲ့ကြသည်။
မည်သို့ပင်ဆိုစေကာမူ ယခုဂိုဏ်း၏ရှင်သန်ရေးအတွက် မျှော်လင့်ချက်အဖြစ် အလေးထားခံရပြီး ဂိုဏ်းချုပ်၏တပည့်က ဂျီဂျီဖြစ်သည်။
ကြယ်ကြွေဓားဧကရာဇ်၏အမွအနှစ်ကို ပြီးပြည့်စုံစွာဆက်ခံခဲ့ပြီး ကျန်းကျိဟုအမည်ရလာသော ဓားဂိုဏ်းချုပ်နှင့်ပင် ယှဉ်နိုင်သည့်ခွန်အားကို ပိုင်ဆိုင်ထားသော ယဲ့ချိုးပိုင်နှင့် ထိပ်တိုက်တွေ့ပေတော့မည်။
ဤထင်ရှားသည့်ပုဂ္ဂိုလ်နှစ်ဦးကြားတွင် သူတို့အကြားက တိုက်ခိုက်မှုက ဂိုဏ်းသားအားလုံး၏အာရုံစူးစိုက်မှုကို ရသွားခဲ့သည်။
ဤအခြေအနေတွင် ဂျီဂျီကဘာတခုမှ ပြောဆိုခြင်းမရှိပါ။
နှစ်ဦးစလုံးကတချိန်တည်းမှာပင် ပြိုင်ပွဲစင်မြင့်ပေါ်သို့ ခုန်တက်သွားကြ၏။
လူတိုင်း၏အကြည့်အောက်တွင် ဂျီဂျီဆေဘာဓားကို ထုတ်ယူလိုက်သည်။
တချိန်တည်းမှာပင် ယဲ့ချိုးပိုင်ကလည်း နတ်ဆိုးနက်ဓားကိုထုတ်သည်။
သို့သော် ဂျီဂျီက ယဲ့ချိုးပိုင်လက်ထဲက ဓားကိုမြင်သောအခါ အနည်းငယ်မျက်မှောင်ကြုတ်သွားသည်။
"ဓားသမားတစ်ယောက်က သူ့ဓားကို မထီမဲ့မြင်မပြုသင့်ဘူးဆိုပေမယ့် ဒီဓားက ကျုပ်လက်ထဲက ဓားနဲ့အရမ်းကွာတယ်"
"ဒီတော့ ဓားဧကရာဇ်ရဲ့ဓားကို ထုတ်လိုက်ပါ"
ဂျီဂျီလက်ထဲကဓားက အထွပ်အထိပ်အဆင့်ဝိဉာဉ်လက်နက်ဖြစ်ပြီး ၎င်းကို အဆင့်နိမ့်အဆင့်ဝိဉာဉ်လက်နက်တခုဖြစ်သည့် နတ်ဆိုးနက်ဓားနှင့်မယှဉ်နိုင်ပေ။
ယဲ့ချိုးပိုင်ပြုံးလိုက်သည်။
"တကယ်လို့ငါကြယ်ကြွေဓားကို ထုတ်လိုက်မယ်ဆိုရင် အဲဒါက မင်းအပေါ် မတရားရာကျမသွားဘူးလား"
"အဆင်ပြေတယ်"
ခပ်ပေါ့ပေါ့ပြုံးကာ သူကလက်ဝှေ့ယမ်းသည်။ သူ့မျက်လုံးများ၌ စိတ်အားထက်သန်မှုကို ပြသသည်။
"ဘာပဲဆိုဆို အရင်က ကြယ်ကြွေဓားဧကရာဇ်ရဲ့ဓားအကြောင်းနဲ့ပတ်သက်ပြီး ဘယ်လောက်ထိလျှို့ဝှက်ဆန်းကြယ်သလဲဆိုတာ ကျုပ်လည်းကြည့်ချင်ပါသေးတယ်"
ထိုစကားလုံးများကိုကြားသောအခါ ယဲ့ချိုးပိုင်ပခုံးတွန့်လိုက်၏။
သိုလှောင်လက်စွပ်ထဲကနေ သူကကိုးပေရှည်ကြယ်ကြွေဓားကို ထုတ်ယူသည်။
နေအလင်းရောင်အောက်တွင် ထိုကိုးပေရှည်ကြယ်ကြွေဓားက တောက်ပစွာ လင်း၀င်းနေလေသည်။
ဓားထဲတွင် ယဲ့ချိုးပိုင်ထိန်းချုပ်ထားခြင်းမရှိသည့်ကြယ်နှင့်ဓားများစွာရှိနေပြီး လေထုထဲတွင် လွင့်မြောနေသည့်အလား။
ဂျီဂျီက ထိုသို့ပြောလာသောအခါ ယဲ့ချိုးပိုင်က မငြင်းဆန်တော့ပါ။
ဤသည်အပြင်က သူကြယ်ကြွေဓားကို အသုံးပြုတာ ဒါပထမဆုံးအကြိမ်ဟု ဆို၍ရသည်။
အရိုးသားဆုံးပြောရပါက သူ့တွင်လည်း မျှော်လင့်ချက်တချို့ရှိပြီး ဤဒဏ္ဍာရီလာကြယ်ကြွေဓားဧကရာဇ်၏ဓားကို ထိန်းချုပ်နိုင်မလားဆိုတာ သိချင်နေမိသည်။
ဂျီဂျီကလည်း ကိုးပေရှည်ကြယ်ကြွေဓားကို မြင်သောအခါ စိတ်အားထက်သန်နေသည့် ဆန္ဒကိုပြသသည်။
မည်သို့ပင်ဆိုစေကာမူ ဤဓားက အရင်က ကြယ်ကြွေဓားဧကရာဇ် အသုံးပြုခဲ့သည့် ဒဏ္ဍာရီလာဓားတစ်လက်ပေတည်း။
ကောင်းမွန်သည့်ဓားတလက်ကို တောင့်တခြင်းက ဓားသမားတိုင်း၏ တူညီသောစရိုက်တခုပင်။
ဂျီဂျီသက်ပြင်းတချက်ရှူသွင်းသည်။
"စလိုက်ကြရအောင်"
ထိုစကားကိုကြားသောအခါ ယဲ့ချိုးပိုင်ကလည်း ယဉ်ကျေးမနေတော့ဘဲ လက်ထဲက ကြယ်ကြွေဓားကို မြှောက်လိုက်သည်။
အမှန်ပြောရပါက ဤဓားကအမှန်တကယ်ပင် ရှည်လျားသည်။
ပထအဆုံးအကြိမ်အသုံးပြုသောအခါ သူထူးဆန်းသလိုခံစားနေရဆဲပင်။
သို့သော် ယခုတကြိမ်တွင်မူ ယဲ့ချိုးပိုင် ယခင်ဓားနည်းစနစ်ကိုအသုံးမပြုတော့။
ကြယ်ကြွေဓားပညာရပ်တွင် ဓား၉၉၈၁လက်ရှိသည်။
ဓားတစ်လက်ချင်းစီက မူလဓားချက်၏ ဓားဆန္ဒနှင့်စွမ်းအားကို ထပ်ဆင့်ထားသည်။
ဓားကိုးထောင့်ကိုးရာရှစ်ဆယ့်တစ်လက်နှင့် ဖြတ်တောက်သောအခါ ကြယ်ကြွေဓားပညာရပ်ရှိ သရုပ်ဖော်ချက်များအရ ကျဆင်းလာသည့်ဓားများက ကြယ်ကြွေသကဲ့သို့ပင်။
ကြယ်ကြွေခြင်း!
ဤသည်က ကြယ်ကြွေဓားအတွက်ပင်။
ဓားချက်တချက်က ကြယ်များကို ဖျက်ဆီးနိုင်သည်။
သို့စေကာမူ ယဲ့ချိုးပိုင်၏ လက်ရှိခွန်အားနှင့်ဆိုပါက ဓားကိုးထောင့်ကိုးရာရှစ်ဆယ့်တစ်လက်နှင့် ဖြတ်တောက်ရန်ဟူသည် မဖြစ်နိုင်ပါ။
ဓားဖြင့်ဖြတ်တောက်သည့်အချိန်တိုင်း စွမ်းအားက ထပ်ဆင့်သွားပေလိမ့်မည်။
မှန်ပေသည်။ ဤစွမ်းအားကို ခံနိုင်ရည်ရှိ၊ မရှိဆိုသည်က ကိုယ်ခန္ဓာကြံ့ခိုင်မှုနှင့် ကျင့်ကြံသူ၏နယ်ပယ်လည်း လိုအပ်သေးသည်။
ပထမဓားကိုဖြတ်ထုတ်လိုက်သည်။
ကြယ်ဓားဆန္ဒက ဓားကိုယ်ထည်၌စုဝေးလာပြီး ယဲ့ချိုးပိုင်ကိုယ်ထဲရှိ ဓားဆန္ဒက အချင်းချင်း မပိတ်ပင်ကြပေ။
ဤဓားချက်ကို ထုတ်လိုက်သောအခါ ပတ်၀န်းကျင်၌ ဖိနှိပ်ခြင်းအားတခုပေါ်လာပြီး ကြယ်များတွင် ဖိနှိပ်ရန်အတွက် စွမ်းအားရှိလာသည်။
ကြယ်ကြွေဓားပညာရပ်၌ ကြယ်စွမ်းအားကိုလည်းသုံးထားသည်။
တနည်းအားဖြင့်ဆိုရပါက ကြယ်စွမ်းအားကို တိုက်ရိုက်လေ့ကျင့်ရန်အတွက် တိုက်ရိုက်နည်းလမ်းမရှိစေကာမူ ဤသည်က ကြယ်စွမ်းအားနှင့် နီးစပ်နေပါပြီ။
အောက်ကကြည့်နေကြသည့်လူများ၏ မျက်နှာအမူအရာများကလည်း လေးနက်နေကြသည်။
ဤလေးလံပြီးကြမ်းတမ်းသည့်ဓားဆန္ဒအရ ဓားကျင့်ကြံသူများတဖြစ်လဲ သူတို့က ယဲ့ချိုးပိုင်၏ခွန်အားကို အသိအမှတ်ပြုရသည်။
သူတို့ကနာခံချင်နေကြသည့်အလား။
ဓားသမားများဟူသည် လိုချင်သည်ကို တွေးတောရင်း ရှေ့သို့ဆက်သွားရမည်ဖြစ်ကာ လမ်းလွှဲဟူ၍မရှိသင့်ပါ၊ မဟုတ်ပါက ဓားကျင့်ကြံခြင်းလမ်းကြောင်းသို့ သွားနိုင်တော့မည်မဟုတ်တော့။
ဂျီဂျီ၏အမူအရာကလည်း လေးနက်နေသည်။
ဤအလွန်အမင်းလေးလံသည့်ဓားဆန္ဒကို ရင်ဆိုင်ရင်း သူကကွက်ကွက်ကွင်းကွင်းပင်ခံစားနေရသည်။
ပထမဓားတွင်ပင် ဤကဲ့သို့စွမ်းအားမျိုးရှိသည်။
ဤသို့ဆိုပါက ကြယ်ကြွေဓားဧကရာဇ်၏ အမွေအနှစ်ကရော!
တကယ်တမ်းတွင် ဤအမွေအနှစ်က ဂုဏ်သတင်းနှင့်အမှန်တကယ်ထိုက်တန်သည်။
ပထမဆုံးအကြိမ်အသုံးပြုခြင်းကပင် သူ့ကို ဖိအားအများကြီးဖြစ်လာစေသည်။
ဂျီဂျီသည် သာမန်ပါရမီရှင်တယောက်မဟုတ်။
သူက ကြယ်ကြွေဓားဂိုဏ်း၏ ရှင်သန်ရာ မျှော်လင့်ချက်တခုဖြစ်သည်။
ဒါက အပြောသက်သက်မဟုတ်ပါ။
ဤသို့ဆိုပါက ယဲ့ချိုးပိုင်၏ပါရမီကရော!
ဂျီဂျီက ပုံဖော်၍ပင်မရနိုင်သလို ဤပုံမှန်မဟုတ်သည့်အရာနှင့် ယှဉ်၍ပင်မရနိုင်။ ဤသည်ကသူ့ကို မပျော်မရွှင်ပင် ဖြစ်လာစေသည်။
ဓားတစ်လက်ထွက်ပေါ်လာနေသည်။
ဂျီဂျီလက်ထဲကဓားကိုမြှောက်ကာ အသုံးပြုလိုက်လေသည်။
နှစ်ဦးသားအကြား ဤဖလှယ်မှုက လူတိုင်း၏အကြည့်အောက်တွင်ရှိသလို အကြီးအကဲနှင့်တောင်ထိပ်သခင်များ၏ တရား၀င်လျှို့ဝှက်စောင့်ကြည့်ရှုအောက်တွင်လည်းရှိနေသည်။
အပိုင်း(352) coming။
ငါ့တပည့်တွေက ဘုရင်တွေ