← Chapters

#တတောင်ထက် တတောင်ပိုမြင့်သည်#

Vol. 25 Ch. 352

#တတောင်ထက် တတောင်ပိုမြင့်သည်#

Vol. 25 Ch. 352

အမှောင်ထုထဲတွင် ကျန်းယွမ်ဇောင်အပါအ၀င် တောင်ထိပ်သခင်သုံးယောက်စလုံး ရှိနေကြသည်။

ကျိရှတောင်ထိပ်ဆရာသခင်က ဓားသခင်နယ်ပယ်အထွပ်အထိပ်အဆင့်က အမျိုးသမီးဓားသိုင်းပညာရှင်တဦးဖြစ်သည်။

သူမကဤမြင်ကွင်းကို အတော်လေး စိတ်၀င်တစား ကြည့်ရှုနေသည်။

"ဒီနှစ်ယောက်ထဲမှာ ဘယ်သူက ပိုအားကောင်းသလဲဆိုတာ ငါ့ကိုပြောပါဦး"

"ငါယွမ်ဇောင်ကို မေးရလိမ့်မယ်" ဂျီရီတောင်ထိပ်သခင်က ကျန်းယွမ်ဇောင်ကို အပြုံးဖြင့်ကြည့်ကာ မေးသည်။

"မင်းကအဲဒီဂျူနီယာလေးနဲ့ အထိတွေ့ဆုံဆိုတော့ ဘယ်လိုထင်လဲ"

ကျန်းယွန်ဇောင်၏မျက်နှာက အမြဲကဲ့သို့ပင် တည်ကြည်နေဆဲ။

"ယဲ့ချိုးပိုင်ရဲ့ပါရမီက ဂျီဂျီထက်ပိုအားကောင်းတယ်"

စကားလုံးများကရိုးရှင်းသည်။

ကျိရှတောင်ထိပ်သခင်နှင့် ဂျီရီတောင်ထိပ်သခင်တို့က ထပ်မမေးကြတော့။

မည်သို့ပင်ဆိုစေကာမူ သူတို့က ကျန်းယွန်ဇောင်၏စရိုက်ကို နားလည်ကြသည်။

သူကမည်သောအခါမှ မလိမ်တက်သလို ကွေ့ပတ်၍လည်းမပြောတတ်။

တဲ့တိုးပင်ပြောတတ်သည်။

ထို့ကြောင့်လည်း ကျန်းယွန်ဇောင်၏ခွန်အားက သူတို့နှစ်ယောက်ထက် အားကောင်းနေခြင်းပင်။

ကျန်းယွန်ဇောင်၏ဓားပညာက သူတို့နှစ်ယောက်ထက် ပိုသန့်စင်သည်။

"ကောင်းပြီ၊ ကောင်းပြီ၊ စနေကြပြီ၊ သေချာကြည့်ကြရအောင်"

သုံးဦးသားကစကားပြောနေသည်ကို ရပ်လိုက်ကြပြီး ယဲ့ချိုးပိုင်တို့နှစ်ဦးသားအကြားက စိတ်ကူးဖလှယ်မှုကို အလေးအနက်ပင် စောင့်ကြည့်လိုက်ကြသည်။

ဤလူနှစ်ယောက်က ကြယ်ကြွေဓားဂိုဏ်း၏အနာဂတ်ကို ကိုယ်စားပြုသည်။

တောင်ထိပ်သခင်များတဖြစ်လဲ သူတို့ကလည်း အနီးကပ်အာရုံစိုက်ရန်လိုအပ်သည်။

.....

နှစ်ဦးစလုံးက သူတို့၏ဓားများကို အသုံးပြုကြသည်။

ဂျီဂျီ၏ဓားဆန္ဒကလည်းအားမနည်းပါ။

ဂုဏ်ယူစရာအကောင်းဆုံးလူတယောက်တဖြစ်လဲ သူ့နယ်ပယ်က သူ့အဖော်များထက် သာလွန်နေပြီဖြစ်ကာ စကြာ၀ဠာသခင်တ၀က်အဆင့်ကိုပင် ရောက်နေလေပြီ။

သူ့နဖူး၌ ဓားအမှတ်အသားတခုရှိနေပြီး ဓားဆန္ဒကို ထုတ်လွှတ်နေသဘ်။

ဤသည်က ကြယ်ကြွေဓားဂိုဏ်း၏ ထိပ်တန်းကျွမ်းကျင်မှုပေတည်း။

အဆင့်ကလည်း အားနည်းမနေပါ။

ဂျီဂျီ၏ဓားက ကျဆင်းလာပြီး ယဲ့ချိုးပိုင်၏ ကြယ်ကြွေဓားကို ပိုင်းဖြတ်လိုက်သည်။

သို့သော်ထိတွေ့ပြီးတဒင်္ဂလေးအတွင်းမှာပင် လေးလံမှုဟူသည်အရာကို ဂျီဂျီတိကျစွာပင် ခံစားနေရသည်။

အရမ်းလေးတယ်!

သူ့ရှေ့ကယဲ့ချိုးပိုင်က ကြွေကျနေသည့်ကြယ်တစ်လုံးအလား သူ့ကိုတခဏမျှ နေရခက်သွားစေသည်။

နှစ်ဦးစလုံး၏နယ်ပယ်က တူညီသည်။

သူတို့က ဓားဧကရာဇ်နယ်ပယ်တ၀က်အဆင့်၊ ဓားတာအိုနယ်ပယ်နှင့် ဓားသခင်တ၀က်အဆင့်များလည်းဖြစ်ကြသည်။

သို့သော်ခွန်အားအရာ၌ကွာဟချက်ရှိနေသည်။

ယဲ့ချိုးပိုင်က အပြင်ပတွင် ထင်ရသလောက် တည်ငြိမ်မနေပေ။

ဂျီဂျီကတကယ်တမ်းတွင် ဂိုဏ်းချုပ်က ကြယ်ကြွေဓားဂိုဏ်း ပြန်လည်ရှင်သန်ရန်အတွက် မျှော်လင့်ထားဟူဖြစ်သည်။

ဤဓားဖြင့် သူ့ဓားဆန္ဒ၏ထက်ရှမှုကို ယဲ့ချိုးပိုင်ခံစား၍ရနေသည်။

မကြုံစဖူးထက်ရှလွန်းသည်။

ခုခံရန်အတွက်ဘယ်အရာမှမရှိသည့်အလား။

သူဤသို့ခံစားနေရသည်။

ရန်သူများနှင့်ယှဉ်မည်ဆိုပါက ဂျီဂျီ၏ ဓားသိုင်းအဆင့်က သေချာပေါက်အမြင့်ဆုံးပေတည်း။

ထိုအချိန်တွင် ဂျီဂျီလွတ်မြောက်သွားပြီး တရစပ်နောက်ဆုတ်လိုက်ရသည်။

သူက ပြိုင်ပွဲစင်မြင့်၏အစွန်သို့ ရောက်သွားသည်အထိပင် နောက်ဆုတ်ခဲ့ရသည်။

သူ့မျက်နှာကလေးနက်နေပြီး အသက်ရှုသံက အနည်းငယ် ကွဲပြားနေသည်။

ဤဓားအောက်တွင် သူ့တွင် လုံး၀အားနည်းချက်တခုရှိနေခဲ့သည်။

"ကြယ်ကြွေဓားဧကရာဇ်ရဲ့ အမွေအနှစ်ဆိုတဲ့အတိုင်းပါပဲ"

"အစ်ကိုယဲ့၊ ခင်ဗျားရဲ့ပါရမီက တကယ်ကို အားကျဖို့ကောင်းတာပဲ"

စကားပြောနေရင်း ဂျီဂျီ၏တခြားလက်တစ်ဖက်က သူ့နဖူးက အမှတ်အသားကို သုတ်လိုက်သည်။

ထိုအချိန်မှာပင် ဓားတံဆိပ်အောက်၌ ဂျီဂျီ၏လက်နှင့်အတူ အဆုံးစွန်သော ထက်ရှမှုတခုကိုပါ ယူဆောင်လာခဲ့သည်။

ချက်ချင်းဆိုသလို အဆုံးမဲ့ထက်ရှမှုပါရှိသည့်လက်က ဓားသွားကို အစကနေ အဆုံးထိသုတ်ပစ်သည်။

ဓားကိုယ်ထည်၌ အဆုံးမဲ့ဓားဆန္ဒက ချက်ချင်းဆိုသလို ပွင့်လန်းလာသည်။

မရေမတွက်နိုင်လောက်သောဓားဆန္ဒများက ပြိုင်ပွဲစင်မြင့်တခုလုံးကို လွှမ်းခြုံသွာစ၏။

ဓားဆန္ဒက ဤကမ္ဘာက မည်သည့်အကာအကွယ်ကိုမဆို ဖြတ်တောက်ပစ်နိုင်သည့်အလား လုံး၀ထက်ရှနေသည်။

ထိုအချိန်တွင် ဂျီဂျီဓားချက်ကို ထုတ်လွှတ်လိုက်သည်။

ဤဓားက သူ့၏ဓားသိုင်းနားလည်မှုအလုံးစုံကိုပါ စုစည်းယူဆောင်လာသည်။

တချိန်တည်းမှာပင် ဤသည်က သူ့ဘ၀၌ ဖြတ်လျှောက်ခဲ့ရသည့် ဓားသမားလမ်းကြောင်းကိုလည်း အကျဉ်းချုံ့ထားသည်။

ယနေ့ဂျီဂျီတွက် အနှစ်သာရ၊ စွမ်းအင်နှင့် စိတ်ဓာတ်က အမြင့်ဆုံးသို့ရောက်နေသည်။

ယဲ့ချိုးပိုင်နှင့် ထိပ်တိုက်တွေ့ဆုံစဉ် သူကအနိုင်ရရန်မတွေးတောထားသော်လည်း မရှုံးနိမ့်ချင်ပါ။

ဤဓားက သူတခါမှမသုံးဖူးသည့် ဓားသခင်၏ဓားချက်ပေတည်း။

ဓားချက်ထွက်လာသည်နှင့် လူတိုင်း အံ့ဩသင့်သွားကြသည်။

"အစ်ကိုလင်းရဲ့ဓားက ထပ်ပြီး တိုးတက်သွားပြန်ပြီ"

"ဂျီဂျီဆိုတဲ့အတိုင်းပါပဲ... ဒီဓားချက်ကို ငါဆိုရင်တောင် လုံး၀ခုခံဖို့အတွက် ဖြစ်နိုင်ချေမရှိမှာကို ကြောက်နေမိတယ်"

သူ့ဘေးနားကလူများပြောနေကြသည့် ဤစကားလုံးများက လှောင်ပြောင်နေခြင်းမဟုတ်ပါ။

ဤလူက ကြယ်ကြွေဓားဂိုဏ်း၏ အနာဂတ်ဖြစ်သည်။

သိုင်းဧကရာဇ်နယ်ပယ်တ၀က်အဆင့်နှင့် မဟာဓားဂိုဏ်းနယ်ပယ်သို့ ရောက်နှင့်နေသည့် ပါရမီရှင်ဓားသမားပေတည်း။

အမှောင်ထုထဲတွင် ဂျီရီတောင်ထိပ်သခင်က မေ့စေ့ကိုပွတ်ရင်း အပြုံးဖြင့် ခေါင်းညိတ်သည်။

"ဒီဓားချက်က သိုင်းဧကရာဇ်နယ်ပယ်က စွမ်းအားရှင်တွေကိုတောင် ခြိမ်းခြောက်နိုင်စွမ်းရှိတယ်လို့ ပြောလို့ရတယ်၊ ဒီကောင်စုတ်လေးက ငါ့ရဲ့ပုံမှန်သင်ကြားမှုတွေကို မဖြုန်းတီးခဲ့ဘူးဘဲ"

ကျိရှတောင်ထိပ်သခင်မကလည်း မျက်လုံးလိမ့်ကာ ညို့ယူဖမ်းစားသည့်အသွင် ပြောလာသည်။

"ငါတို့သုံးယောက်ထဲမှာ နင်က သူ့ကို အနည်းဆုံးသင်ပေးထားတဲ့သူလေ"

ကျန်းယွန်ဇောင်ကတော့ ဘာမှမပြောဘဲ မြင်ကွင်းကိုသာ အနီးကပ်စိုက်ကြည့်ရင်း တွေးနေသည်။

လူတစ်ယောက်၏ဘ၀တွင် ပစ်မှတ်၊ သို့မဟုတ် ပြိုင်ဘက်ရှိရန်လိုအပ်သည်။

ဤပြိုင်ဘက်က သူကိုယ်တိုင်ထက်ပင် အားကောင်းရမည်။

ကိုယ့်ကိုကိုယ်ယုံကြည်မှုမပျက်ပြားသရွေ့ ယခုလိုပြိုင်ဘက်မျိုးရှိခြင်းက ရှေ့ဆက်ရန်အတွက် ကိုယ့်အဖို့ မောင်နှင်အားတခု ဖြစ်လာပေလိမ့်မည်။

ယခုဂျီဂျီ၏အခြေအနေရပ်ကဲ့သို့ပင်။ ယဲ့ချိုးပိုင်က သူ့နှလုံးသားထဲက စိတ်ကူးထဲက ရန်သူဖြစ်သည်။

ယဲ့ချိုးပိုင်ဟူသော တောင်တစ်တောင်ရှေ့တွင် သူကဖြတ်ကျော်ရန် လိုအပ်သည်။

ထို့ကြောင့် နယ်ပယ်ချင်းထိစပ်နေသည့်သူများကသာ နယ်ပယ်အလွန်က ဤဓားချင်ကို ထုတ်လွှတ်နိုင်သည်။

ဂျီဂျီ၏ပြိုင်ဘက်ဖြစ်သည့် ယဲ့ချိုးပိုင်က ဓားကိုကိုင်ကာရပ်နေရင်း စွမ်းအားကို ကြည့်ရှုနေသည်။

သူ့နှလုံးသားထဲ၌ ဓားသူရဲကောင်းများအပေါ် လျှော့မတွက်သင့်ဟု ခံစားနေရသည်။

ဂျီဂျီ၏ဓားချက်က သူ့ကို အတော်လေး ခြိမ်းခြောက်နေသည့်ခံစားချက်တခု ပေးဆောင်သည်။

ဤဓားချက်ကိုရင်ဆိုင်ရသောအခါ ယဲ့ချိုးပိုင်ပို၍ပင် လေးနက်လာသည်။

တချိန်တည်းမှာပင် စိတ်လှုပ်ရှားမှုအမျှင်တန်းတစက သူ့မျက်လုံးအစုံကနေ ဖြာထွက်သွား၏။

သူကလက်ဖဲကဓားကိုဝှေ့ယမ်းစဉ် ဓားချက်တစ်ချက်ပြီးတချက်ကျဆင်းလာသည်။

ဓား၏စွမ်းအားကလည်း အဆက်မပြတ် တိုးတက်လာနေသည်။

ဤကြယ်ကြွေဓားက ပို၍ပင်လေးလံလာသည်။

တတိယဓား.....

ဆဌမဓား.....

န၀မဓား....

နှစ်ဆယ်မြောက်ဓားသို့ မရောက်ခင် ယဲ့ချိုးပိုင်ရပ်လိုက်သည်။

ဤဓားချက်က ယဲ့ချိုးပိုင်၏ လက်ရှိအကန့်အသတ်ပေတည်း။

ယခုတွင် ဘာမှမရှိသကဲ့သို့ ပေါ့ပါးနေသည့် သူလက်ထဲက ကြယ်ကြွေဓားက တိုင်တောင်တန်းထက်ပင် လေးလံနေသည်။

ဤမြင်ကွင်းကိုကြည့်ရှုရင်း ဂျီဂျီပြုံးသည်။

"ဓားတလက်က ရလဒ်ကို ဆုံးဖြတ်ပေးနိုင်မှာလား"

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။

"ဓားတလက်က ရလဒ်ကို ဆုံးဖြတ်ပေးနိုင်တယ်"

ထိုစကားပြောပြီးသည်နှင့် နှစ်ဦးဓားတချိန်တည်းမှာပင် ဓားချက်ထုတ်လွှတ်လိုက်ကြသည်။

ဂျီဂျီ၏ဓားချက်က လေဟာနယ်ထဲ၌ လွတ်မြောက်နေသည့် အဆုံးမဲ့ထက်ရှသည့်ဓားဆန္ဒကို ဓားတစ်လက်ထဲတွင် စုဝေးလာစေသည်။

ကောင်းကင်ကိုဖြတ်တောက်ကာ မြေကြီးကိုဖျက်ဆီးသည့်ဓားချက်က ယဲ့ချိုးပိုင်ထံ ဦးတည်သွား၏။

လေဟာနယ်က အဆက်မပြတ်ပြောင်းလဲနေသည်။

အစီအရင်၏ကာကွယ်မှုအောက်ရှိ ပြိုင်ပွဲစင်မြင့်က အရူးအမူးစတင်တုန်ခါလာသည်။

ယဲ့ချိုးပိုင်ကလည်း ကျော်လွှားရန်မလွယ်ကူပါ။

ကြယ်ကြွေဓားပညာရပ်၊ နှစ်ဆယ့်တခုမြောက်ဓားက ထိုအခိုက်အတန့်၌ ရုတ်တရက် ဖြတ်တောက်ပစ်လိုက်သည်။

ဓားကျဆင်းလာသည်နှင့်တပြိုင်နက် ယဲ့ချိုးပိုင်၏မျက်နှာကလည်း စတင်ဖြူဖျော့လာသည်။

ဘန်း!

ကောင်းကင်နှင့်မြေကြီး၏အော်ရာက လေဆင်နှာမောင်းတခုကဲ့သို့ပင် လှိုင်းထန်လာပြီး နှစ်ဖက်စလုံးက ဓားဆန္ဒများက ထိုးတက်လာသည်။

ပြိုင်ပွဲသင်မြင့်အောက်က ပရိသတ်များ၏ မျက်နှာအမူအရာများကလည်း ပြောင်းလဲသွားကြပြီး မီတာတစ်ရာသို့ ဆက်တိုက် နောက်ဆုတ်သွားကြသည်။

ဤဓားဆန္ဒကသူတို့ထံရောက်လာသည်နှင့်တပြိုင်နက် အနည်းဆုံးတော့ အတော်များများ ဒဏ်ရာရသွားပေလိမ့်မည်။

တဖက်ဓားချက်က အတော်လေးထက်ရှပြီး တခြားတဖက်ကမူ ကြယ်တစင်းကဲ့သို့ပင် လေးလံလှသဘ်။

နှစ်ဦးစလုံး၏ဓားများက ထိုအခိုက်အတန့်၌ အဆက်မပြတ် ထိတွေ့နေကြသည်။

ပြိုင်ပွဲစင်မြင့်၌ တုန်ခါမှုများကလည်း တိုးမြှင့်လာနေသည်။

သို့စေကာမူ ဤသည်က ယခင်ထိပ်သီးအင်အားစုများက ခင်းကျင်းထားသည့် အစီအရင်ဖြစ်လေရာ အလွယ်တကူ မချိုးဖျက်နိုင်ပေ။

ထိုအချိန်တွင် နောက်ဆုံးအကန့်ယှဉ်ပြိုင်သည့်အခြေအနေရောက်လာစဉ် ဂျီဂျီ၏ အဆုံးမဲ့ဓားဆန္ဒက ယဲ့ချိုးပိုင်၏ ကြယ်ကြွေဓားပညာရပ်ကြောင့် လွှမ်းမိုးခံလိုက်ရသည်။

ဂျီဂျီ၏အမူအရာကပြောင်းလဲသွားသည်။

ထိုအချိန်တွင်ပင် ပိုင်းဖြတ်ကာ ကွဲအက်သွားစေကာ ယဲ့ချိုးပိုင် ကြယ်ကြွေဓားကို ကိုင်လျက် ရှေ့သို့ပြေး၀င်သွား၏။

သူ့ရင်ဘတ်နှင့် လက်တစ်ချောင်းအကွာတွင်ရှိနေသည့် ဓားရှည်ကိုကြည့်ရင်း ဂျီဂျီခါးသီးစွာပြုံးလိုက်သည်။

"ကျုပ်ရှုံးသွားပြီ....."

အပိုင်း(353) coming။

ငါ့တပည့်တွေက ဘုရင်တွေ

All Chapters