← Chapters

#မိစ္ဆာလူမျိုးစုကရော? သူတို့ဘယ်ရောက်သွားကြတာလဲ?#

Vol. 25 Ch. 354

#မိစ္ဆာလူမျိုးစုကရော? သူတို့ဘယ်ရောက်သွားကြတာလဲ?#

Vol. 25 Ch. 354

လုချန်ရှန်းထရပ်လိုက်သည်ကိုမြင်သောအခါ လျိုကျိယု အောင်မြင်သည့်အပြုံးတပွင့်ကိုပြသလာသည်။

သူသိပါသည်။ လုချန်ရှန်းက အပြင်ပန်းတွင် တခြားသူများကို ဂရုစိုက်ပုံမရသော်လည်း သူ့တပည့်များကိုပင် ဂရုစိုက်ချင်ပုံမရသော်လည်း တကယ်တမ်းတွင် လုချန်ရှန်းက သူ့တပည့်များ၏ သတင်းအချက်အလက်များကို တချိန်လုံး အမှတ်မထင် မေးမြန်းနေတတ်သည်။

တချိန်တည်းမှာပင် သူတို့အကြောင်းကို စုံစမ်းလေ့ရှိသည်။

ထို့ကြောင့် ဤစကားလုံးများကို ကိုယ်တိုင်ပြောနေသရွေ့ လျိုကျိယု ဤသည်ကို ကောက်ချက်ချနိုင်သည်။

လုချန်ရှန်းက သေချာပေါက်တခုခုလုပ်ပေလိမ့်မည်။

"လျိုကျိယု၊ တိုက်ခိုက်တော့မယ့် အဲဒီမိစ္ဆာမျိုးနွယ်စုတွေရဲ့နယ်ပယ်က ဘယ်အဆင့်လဲ"

လျိုကုယု လက်နှစ်ဖက်ကိုဆန့်လိုက်သည်။

"အမြင့်ဆုံးတယောက်ကတော့ နတ်ဘုရားနယ်ပယ်မှာရှိတဲ့ တပ်မှူးတယောက်ဖြစ်ပြီး ကျန်တဲ့သူတွေက မိစ္ဆာဗိုလ်ချုပ်ခုနှစ်ယောက်ပဲ၊ သူတို့က သိုင်းဧကရာဇ်နယ်ပယ်ကို ရောက်နေကြပြီ၊ တချို့မိစ္ဆာစစ်သည်တော်တွေကတော့ နတ်ဘုရားတ၀က်နယ်ပယ်ကပါ"

အာရုံထွေပြားခြင်းအဆင့်လား!

(နတ်ဘုရားတ၀က်နယ်ပယ်၊ သိုင်းဧကရာဇ်တ၀က်နယ်ပယ်၊ သိုင်းဧကရာဇ်နယ်ပယ်၊ နတ်ဘုရားနယ်ပယ်{အာရုံထွေပြားခြင်းအဆင့်} )

စိတ်၀င်စားဖို့ကောင်းသားပဲ!

လုချန်ရှန်းခေါင်းခါယမ်းကာမေးသည်။

"အဲဒါက မင်းခွန်အားကို ဘယ်လိုလုပ်နှိုင်းယှဉ်နိုင်မှာလဲ"

လျိုကျိယုပခုံးတွန့်ကာ မထီမဲ့မြင်ပြောသည်။

"လက်တချောင်းနဲ့ ချေမွပစ်နိုင်ပါတယ်"

"အဆင်ပြေပါတယ်"

စကားပြောပြီးနောက် လျိုကျိယု ပြန်မပြောနိုင်သေးခင်မှာပင် လုချန်ရှန်းထိုနေရာကနေ ပျောက်ကွယ်သွား၏။

စံအိမ်တော်ထဲတွင် တစ်ဦးတည်းကျန်နေခဲ့သည့် လျိုကျိယုမှာ ထိုစကားလုံးကို ကြားပြီးနောက် အချိန်အတန်ကြာမှ တုံ့ပြန်လာသည်။

သူအနည်းငယ်လန့်သွားသည်။

"မဟုတ်သေးပါဘူး၊ ဘာလို့သူ့အသံက အရမ်းပြင်းထန်ပုံပေါ်နေတာလဲ"

"အဆင်ပြေပါတယ်ဆိုတာကရော ဘာကို ဆိုလိုတာလဲ"

လျိုကျိယု၏မျက်နှာကမှောင်မည်းသွား၏။ လုချန်ရှန်း၏မျက်လုံးထဲတွင် သူကတကယ်ပင် အားနည်းနေသည်လား။

သို့စေကာမူ လုချန်ရှန်းအရှေ့တွင် သူကအမှန်တကယ်အားနည်းပုံရလေသည်။

မဟုတ်ဘူး!

ငါ လုချန်ရှန်းရှေ့မှာ ပြသဖို့လိုတယ်!

ငါလည်းအရမ်းသန်မာပါတယ်ဟ၊ ဟုတ်ပြီလား!

မည်သို့ပင်ဆိုစေကာမူ သူကအမှောင်နယ်မြေက ကြယ်ငါးပွင့်သင်းအုပ်ဆရာဖြစ်သည်။

....

လမ်းကြောင်းတစ်လျှောက် လေဟာပြင်အာကာသ၌ လွတ်လပ်စွာ ထိုးတက်လာရင်း လျိုကျိယု၏ လမ်းညွှန်မှုအောက်တွင် လုချန်ရှန်းနှင့် လျိုကျိယုတို့က ကောင်းကင်ဘုံနယ်မြေနှင့် အနည်းငယ်ဝေးကွာနေသေးသည့် နေရာတခုကို ရောက်လာကြသည်။

ဤနေရာ၌ အာကာသရှုပ်ထွေးမှုများက ရှိနေဆဲပင်။

သို့သော် လုချန်ရှန်းနှင့် လျိုကျိယုကဲ့သို့ စွမ်းအားရှင်များအတွက်မူ ဤသည်က အမှန်ပင် ဘာအကျိုးသက်ရောက်မှုမှမရှိ။

သာမန်လေတစင်းကဲ့သို့ပင် သူတို့ကိုယ်ကို ခြစ်ရာပင် ထင်အောင်မလုပ်နိုင်။

"ဒီမှာလား"

လျိုကျိယုခေါင်းညိတ်သည်။

"သူတို့အမြန်နှုန်းအရဆိုရင် အမွေးတိုင်တစ်တိုင် ကုန်ခါနီးလောက်ဆိုရင် သူတို့ ရောက်လာကြလိမ့်မယ်"

လုချန်ရှန်းခေါင်းညိတ်ပြီး ပို၍လုံခြုံဘေးကင်းသည့် အစီအရင်တခုကို စီစဉ်ချင်နေသည်။

ဤအကြောင်းကိုတွေးမိသောအခါ သူကမေးလိုက်သည်။

"သူတို့ကတကယ်ပဲ မင်းထက်အားနည်းတာလား"

လျိုကျိယု၏မျက်နှာက မည်းမှောင်သွား၏။

"ဘာကိုဆိုလိုချင်တာလဲ"

လုချန်ရှန်းရှက်ရှက်နဲ့ ခေါင်းကုတ်သည်။

"ဒေါသမထွက်ပါနဲ့၊ ငါမကောင်းတာပြောတာမဟုတ်ပါဘူး၊ငါထပ်ပြီး အတည်ပြုချင်ရုံပါပဲ၊ တကယ်လို့မင်းမသေချာဘူးဆိုရင် ငါအစီအရင်ကို နည်းနည်းစီစဉ်လိုက်မယ်၊ ဒါဆိုပိုပြီး ဘေးကင်းသွားတာပေါ့"

လျိုကျိယု လုချန်ရှန်း၏ ဆွေစဉ်မျိုးဆက် ဆယ့်ရှစ်ဆက်တိုင်အောင် ကျိန်ဆဲလိုက်သည်။

အကယ်၍သူသာ လုချန်ရှန်းကိုနိုင်မည်ဆိုပါက ဤကောင်ကို ၀က်မျက်နှာဖြစ်အောင် သူသေချာပေါက်ထိုးနှက်မိပေလိမ့်မည်။

ဒေါသမထွက်နဲ့၊ မကောင်းတာပြောချင်တာမဟုတ်ဘူး၊ ဟုတ်လား၊ ဘာကိုဆိုလိုချင်တာလဲ!

ဒီစကားလုံးအရ သူ့သေနိုင်စွမ်းက အတော်လေးမြင့်မားသည်ဟု ဆိုလိုနေခြင်းပင်။

အစီအရင်ကို စီစဉ်မှာလား!

ဟမ်

ဒီလောက် သတိထားချင်နေတာလား!

ရိုးသားစွာဆိုရမည်ဆိုပါက ဤနေ့ရက်များအတွင်း စူးစမ်းလေ့လာပြီးနောက် လုချန်ရှန်း၏အသွင်အပြင်က အတော်လေး သတိကြီးနေပုံရသည်။

ဤသည်က ခြင်္သေ့တကောင်က ယုန်တကောင်ကို ခွန်အားအကုန်ဖြင့် တိုက်ခိုက်နေသည်ဟု ဆို၍ရသော်လည်း လုချန်ရှန်က အကောင်းဆုံးလုပ်နေသည်ဟု ဆို၍ရသည်။

ခြင်တွေကိုတိုက်ခိုက်ဖို့ အမြောက်တွေသုံးချင်တာလား!

ဆဲလ်တွေကို ထိ‌ခိုက်အောင်လုပ်ဖို့ နျူကလီးယားဗုံးသုံးချင်တာလား!

"ဒါပေမယ့်...." လျိုကျိယု လုချန်ရှန်းကို ရွှတ်နောက်နောက်ကြည့်လိုက်သည်။

"ခင်ဗျားက ခင်ဗျားတပည့်တွေကို ဂရုစိုက်နေတုန်းပါပဲ"

လုချန်ရှန်းနှာခေါင်းရှုံ့လိုက်သည်။

"ငါကသူတို့ခေါင်းကိုမပြတ်သွားစေချင်ရုံပါပဲ"

လျိုကျိယုခေါင်းခါယမ်းရင်း ရယ်မောလိုက်သည်။

တကယ်ကို ခေါင်းမာတာပဲ!

သို့စေကာမူ သူကလုချန်ရှန်း၏ တပည့်ဖြစ်နိုင်သည်။ သူတို့ကကံကောင်းကြသည်။

ထိုမချိန်တွင် အမွေးတိုင်တတိုင်ကုန်ရန် အချိန်အများကြီးမကျန်တော့ပါ။

လုချန်ရှန်းနှင့် လျိုကျိယုတို့က ဤသည်ကို ရှင်းရှင်းလင်းလင်းခံစားနေကြရသည်ာ

ဧရာမမိစ္ဆာအော်ရာက သူတို့ထံဦးတည်လာနေပြီး လွှမ်းမိုးနေသည်။

လုချန်ရှန်းက အမူအရာကင်းမဲ့နေသော်လည်း အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။

"ဒီအငွေ့အသက်က တကယ်ကို မသက်မသာဖြစ်စေတာပဲ"

သူကအတော်လေးအားကောင်းနေပြီ ဖြစ်သော်လည်း မသက်မသာဖြစ်ဖွယ်အရာများနှင့်ပတ်သက်ပြီး ခံစားချက်များရှိနေဆဲပင်။

နှိုင်းယှဉ်ကြည့်မည်ဆိုပါက ကမ္ဘာပေါ်က ပေကျင်းမြို့ကလူများကဲ့သိုပင်။ သူတို့က လေထုညစ်ညမ်းမှုအပေါ် ကျင့်သားရနေသည်မှာ ကြာမြင့်နေပါပြီ။

သို့စေကာမူ မိုးအုံ့နေချိန်တွင် သူတို့က မသက်မသာဖြစ်နေဆဲပင်။

အကြောင်းပြချက်က အတူတူပင်ဖြစ်သည်။

လျိုကျိယုကလက်ကိုဆန့်ထုတ်လိုက်သည်။

"ဒီလိုဆိုရင် ကိုင်တွယ်လိုက်ကြမလား"

"မင်းငါ့ကို လှုပ်ရှားစေချင်တာလား"

မင်းခွန်အားကိုပြသလိုက်လေ၊ ဒီလိုဆိုရင် ငါ့နှလုံးသားထဲမှုလည်း မင်းပုံရိပ်ကို တည်ဆောက်နိုင်ပြီမလား။

ဤသည်ကိုကြားသောအခါ လုချန်ရှန်း၏ မျက်လုံးအစုံ၏တောက်ပလာသည်။

"အရမ်းကောင်းတယ်"

အကယ်၍သူကိုယ်တိုင်မလုပ်ပါက အကြောင်းရင်းနှင့် အကျိုးဆက်ကို အတိုင်းအတာတခုအထိ ရှောင်ရှားနိုင်မည်။ သို့သော် ဤသည်ကမကောင်းပေ။

လုချန်ရှန်းတခဏမျှတွေးလိုက်သည်။

လျိုကျိယုက ဤကိစ္စကိုယူဆောင်ကာ သူ့အားတောင်းဆိုလာနိုင်သည်။

သူ့ကိုအမှောင်နယ်မြေသို့၀င်ရန် တောင်းဆိုလာမည်ဆိုပါက မည်သို့လုပ်ရမည်နည်း။

ဒါကပိုမဆိုးသွားဘူးလား။

ဤသို့တွေးတောမိသောအခါ လုချန်ရှန်း ကောင်းကျိုး၊ ဆိုးကျိုးများကို ယှဉ်ကြည့်သည်။

လျိုကျိယု၏အဆိုအရ အမှောင်နယ်မြေ၏ ခွန်အားက နယ်မြေပြင်က ဤမိစ္ဆာမျိုးနွယ်ထက်ပင် ပို၍အားကောင်းသည်။

နယ်မြေအပြင်က မိစ္ဆာများအကြောင်းကို ပြောစဉ် သူ့အသံနှင့်မျက်လုံး၌ ဂရုမစိုက်သည့်အသွင်များရှိနေသည်။

ထို့ကြောင့် ဤအချက်အရ ပိုအားကောင်းသည့်လူများနှင့် အင်အားစုများပတ်သက်လာပါက ပို၍ကြီးမားသည့်သက်ရောက်မှုတခုရှိမည်မှာသေချာသည်။

ဤအတွက်ကြောင့် လုချန်ရှန်းကိုယ်တိုင်လုပ်ရန် ဆုံးဖြတ်လိုက်သည်။

"မေ့လိုက်တော့၊ ဘာပဲဖြစ်ဖြစ် ဒါတွေက ငါ့တပည့်တွေရဲ့အလုပ်ဆိုတော့ ဆရာဆိုတဲ့ငါက လုပ်သင့်တာပေါ့"

ထိုစကားကိုကြားသောအခါ လျိုကျိယုပခုံ့တွန့်ရင်း နောက်ဆုတ်သွားသည်။

ဤအမှန်တရားကို သူလက်ခံနိုင်သည်။

သို့သော်သူ့ခွန်အားကို ပြသခွင့်မရသည်ကတော့ ၀မ်းနည်းစရာပင်။

သို့စေကာမူ လုချန်ရှန်း၏ခွန်အားက တိတ်ဆိတ်ငြိမ်သက်သည့် အဝေးတနေရာကနေ ကြည့်ရှုနိုင်ခြင်းကလည်း ကောင်းပါသည်။

ဤသည်က အာရုံထွေပြားခြင်းအဆင့်က မိစ္ဆာလေးတစ်ယောက်သာ။

ဤသည်က လုချန်ရှန်းအဖို့ သူ့ခွန်အားကိုသုံးရန်အတွက်ပင် မလုံလောက်မည်ကို သူစိုးရိမ်မိသည်။

ထိုအချိန်တွင် ကျော၌အတောင်ပံများရှိပြီး ပုံစံအမျိုးမျိုးရှိသော ထိုမိစ္ဆာအုပ်စုများက ဤနေရာသို့ လုနေကြသည်။

ရှေ့ဆုံးတန်းက ခေါင်းဆောင်အဆင့် တပ်မှူးမိစ္ဆာပင်။

သူ့၏ရှည်လျားကျဉ်းမြောင်းသည့်မျက်လုံးများက အနည်းငယ်ကျဉ်းလာသည်။

"နိမ့်ကျတဲ့လူသားလား၊ မင်းဘာလို့ဒီမှာ ရှိနေရတာလဲ"

လုချန်ရှန်းရှေ့တလှမ်းလှမ်းလိုက်သည်။

သူ့လက်ကိုဝှေ့ယမ်းလိုက်သည်နှင့် သစ်သားဓားတစ်လက်က လုချန်ရှန်းလက်ထဲတွင် ပေါ်လာခဲ့သည်။

သူကပြုံးသည်။

"ဒီတော့ငါ့ရည်ရွယ်ချက်ကို မင်းနားလည်လား"

လုချန်ရှန်းလက်ထဲက သစ်သားဓားကိုကြည့်ရင်း မိစ္ဆာတပ်မှူးက နှာခေါင်းရှုံ့သည်။

"လူသား၊ ငါတို့ဘယ်သူတွေလဲဆိုတာသိလား"

လုချန်ရှန်းခေါင်းခါယမ်းသည်။

"မသိချင်ဘူး"

"သိစရာမလိုဘူး"

"ဟမ်" တပ်မှူးကအနည်းငယ်အံ့ဩသင့်သွားပြီး မေးလိုက်သည်။

"ဘာလို့မလိုတာလဲ"

ထိုအချိန်တွင် လုချန်ရှန်းလက်ထဲက သစ်သားဓားကအနည်းငယ် ရွေ့လျားကာ ဓားအလင်းက လင်း၀င်းသွား၏။

တပ်မှူး၏မျက်လုံးများ၌ သံသယရှိနေသေးပြီး သူ့ပါးစပ်ပုံစံက နောက်ဆုံးပြောခဲ့သည့် စကားနှင့်ကိုက်ညီနေသည့်အလား။

ခေါင်းက ကိုယ်ခန္ဓာနှင့် ကင်းကွာသွား၏။

သေခြင်းတရားရောက်လာသည့်တိုင် သူကမတုံ့ပြန်နိုင်ခဲ့ပေ။

လုချန်ရှန်း သစ်သားဓားကိုကိုင်ထားပြီး အဖြူရောင်၀တ်ရုံကို ၀တ်ဆငမထားကာ ဤအာကာသ၏ရှုပ်ထွေးမှုစီးကြောင်းအောက်တွင် အိမ်နောက်ဖေးတွင် လမ်းလျှောက်နေသည့်အလား ရှေ့သို့ ပေါ့ပါးစွာ တချက်လျှောက်သည်။

"လူသေတယောက်က အရမ်းသိဖို့မလိုဘူး"

ချက်ချင်းဆိုသလို လုချန်ရှန်း သူ့အာရုံကို နောက်က မိစ္ဆာလူမျိုးများထံ ဦးတည်လိုက်၏။

ထိုမိစ္ဆာများ၌ ကြောက်ရွံနေသည့်အသွင်များရှိနေကြသည်။

သူတို့ထဲတွင် မြောက်မြားစွာသော မိစ္ဆာဗိုလ်ချုပ်များက အသံများပင် ဆုံးရှုံးသွားကြရသည်။

"ဘာလို့ ဒီလောက်အစွမ်းထက်တဲ့ လူသားကျင့်ကြံသူတယောက် ဒီမှာရှိနေရတာလဲ"

သို့စေကာမူ ထိုအသံကျဆင်းလာသည်နှင့် လုချန်ရှန်း လက်ချောင်းဖြင့်ညွှန်လိုက်သည်။

အလွန်ပင်ထက်ရှသည့်ဓားအလင်းက မိစ္ဆာအုပ်စုထံ ပြေး၀င်သွားသည်။

လူသတ်မှု!

ဤသည်က စိတ်ထင့်စရာမရှိသည့် လူသတ်မှုတခုပေတည်း!

....

တခြားတဘက်တွင် ဝိဉာဉ်နယ်မြေ၌ မန်ဝူကျန်းက လက်နှစ်ဖက်ကို ကျောတွင်ထားကာ ကောင်းကင်ကိုကြည့်ရင်း တွေးနေသည်။

"ဘာလို့မိစ္ဆာမျိုးနွယ်စုတွေ မရောက်လာကြသေးတာလဲ"

အပိုင်း(355) coming။

ငါ့တပည့်တွေက ဘုရင်တွေ

All Chapters