#စစ်ကြေငြာခြင်း#
Vol. 25 Ch. 356
"ဘာလို့လူတိုင်းက ကျုပ်ရဲ့ကြယ်ကြွေဓားဂိုဏ်းကို ရောက်လာရတာလဲ၊ ကျုပ်တကယ်မသိလို့ပါ"
ဂျီရီတောင်ထိပ်သခင်က တဘက်လူကြောင့် မည်သည့်ဖိအားကိုမှ မခံစားရသည့်အလား မျက်နှာပေါ်၌ အပြုံးတခုကို ပြသနေသည်။
ရွှမ်မင်ချောက်ကမ်းပါး၏ မကောင်းဆိုးဝါး အဖိုးအိုတွင် အဆုံးမဲ့မုန်းတီးမှုများဖြင့် လွှမ်းခြုံနေသည်။
အမှန်ပြောရမည်ဆိုပါက ရွှမ်မင်ချောက်ကမ်းပါးက မကောင်းဆိုးဝါးကျင့်ကြံသူတစု ဖွဲ့စည်းထားသည့် ဂိုဏ်းတစ်ဂိုဏ်းနှင့်တူသည်။
ဤသည်ထက်မပိုပါ။
နယ်နိမိတ်မဲ့နယ်မြေတွင် မကောင်းဆိုးဝါးကျင့်ကြံသူများက စည်းကမ်းရှိပြီး ကမ္ဘာကြီးကို မနှေယက်ယှက်ကြလေရာ တခြားဂိုဏ်းများက သူတို့ကို အုပ်စုလိုက်တိုက်ခိုက်မည်မဟုတ်ပါ။
ဆိုးယုတ်ဖွယ်ရာအဖိုးအိုက မည်းမှောင်နေသည့်အသွင်ဖြင့်ပြောသည်။
"ရှီရှန်းက ခင်ဗျားတို့နဲ့အတူရှိတယ်လို့ ကျုပ်ကြားခဲ့တယ်"
ရေခဲဝိဉာဉ်ဂိုဏ်းက ရှင်းလန်နတ်သမီးကလည်းပြောသည်။
"ယဲ့ချိုးပိုင်ရော ဒီမှာရှိလား"
နှစ်ဦးစလုံး၏အမေးကို ကြားရသောအခါ အောက်က ကြယ်ကြွေဂိုဏ်း၀င်များက အနည်းငယ်လန့်သွားကြသည်။
သူတို့က ယဲ့ချိုးပိုင်တို့အတွက် ရောက်လာကြတာလားဟ!
အဲကောင်တွေဘာလုပ်ခဲ့ကြတာလဲ!
သူတို့က ဒီပထမတန်းစားအင်အားစုသုံးစုကို ရန်စခဲ့တာများလား!
ကျိရှတောင်ထိပ်သခင်မက ပါးစပ်လေးကိုဖုံးကာ နှစ်လိုဖွယ်ပြုံးသည်။
"သူတို့ဒီမှာရှိတယ်ဆိုရင်တောင် ရှင်တို့နဲ့ ဘာဆိုင်လို့လဲ"
ကျန်းယွန်ဇောင်၏တခြားလက်တဖက်က ခါးကဓားလက်ကိုင်တွင်ရှိနေလေပြီ။
သူကသူ့သဘောထားကိုလည်း ဖော်ပြခဲ့သည်မှာ သိသာထင်ရှားနေသည်။
လှံနတ်ဘုရားဂိုဏ်းက လှံရှည်ကို ကိုင်ထားသည့် သက်လတ်ပိုင်းအရွယ်လူက အေးစက်စွာပြောသည်။
"ကျုပ်ခင်ဗျားတို့ကို ရွေးချယ်စရာနှစ်ခုပေးမယ်"
"အို၊ အသေးစိတ်ပြောပြပါဦး"
"ပထမ၊ ယဲ့ချိုးပိုင်တို့သုံးယောက်ကို လွှဲပေးပါ၊ ဒီလိုဆိုရင် ကျုပ်တို့ထွက်သွားမှာဖြစ်ပြီးတော့ ကြယ်ကြွေဓားဂိုဏ်းနဲ့ ငြိမ်းချမ်းစွာနေမယ်၊ ဘာပဲဖြစ်ဖြစ် ကြယ်ကြွေဓားဧကရာဇ် ဖန်တီးခဲ့တဲ့အရာကို ကျုပ်တို့လုံး၀ဘာမှမလုပ်ချင်ဘူး"
"ဒုတိယ၊ မပေးဘူဆိုရင်တော့ အကျိုးဆက်တွေရှ်လာလိမ့်မယ်"
ကျန်းယွန်ဇောင်က အေးစက်စွာမေးသည်။
"အိုး၊ ဘာအကျိုးဆက်တွေလဲ၊ ကျုပ်ကြားချင်သေးလို့"
ထိုစကားကိုကြားသောအခါ လှံနတ်ဘုရားဂိုဏ်းက သက်လတ်ပိုင်းအရွယ်လူက အလယ်က လှံကိုလှုပ်ခါလိုက်သည်။
လှံပစ်ခတ်နေသည့်ခံစားချက်က ကောင်းကင်တခွင် ထိုးတက်လာ၏။
ကျန်းယွန်ဇောင်၏မျက်နှာက အနည်းငယ် ကြည့်ရဆိုးသွားခဲ့သည်။
"ပိုင်ချီကိုင်၊ ခင်ဗျားရဲ့လှံစွမ်းရည်က ပြီးပြည့်စုံခြင်းတ၀က်အဆင့်ကိုတောင် ရောက်သွားပြီလား"
ဓားသခင်အထွပ်အထိပ်အဆင့်အထက်တွင် အန္တိမအဆင့်ရှိသလို လှံသခင်အထွပ်အထိပ်အဆင့်တွင်လည်း အန္တိမအဆင့်ရှိသည်။
ပိုင်ချီကိုင်က ယခင်က လှံနတ်ဘုရားဂိုဏ်း၏ နတ်ဘုရားသားတော်ဟုပင် နာမည်ကြီးသည်။
ယနေ့တွင် သူ့နယ်ပယ်က အာရုံထွေပြားခြင်းအထွပ်အထိပ်အဆင့်ကို ရောက်နေပြီဖြစ်သလို လှံစွမ်းရည်ကလည်း အလျင်အမြန်ပင် တိုးတက်လာခဲ့သည်။
ပိုင်ချီကိုင်အေးစက်စွာပြောသည်။
"အကျိုးဆက်ကတော့ ကျုပ်တို့အဓိကဂိုဏ်းသုံးဂိုဏ်းက ခင်ဗျားတို့ရဲ့ ကြယ်ကြွေဓားဂိုဏ်းနဲ့ စစ်ပွဲတခုစတင်ရလိမ့်မယ်"
"ကြယ်ကြွေဓားဂိုဏ်းက ဂုဏ်ကျက်သရေရှိတဲ့ဂိုဏ်းတဂိုဏ်းဆိုပေမယ့် ယဲ့ချိုးပိုင်တို့သုံးယောက်က ကျုပ်တို့နဲ့ ရန်စခဲ့ကြတယ်"
ဂျီရီတောင်ထိပ်သခင်ကနှာခေါင်းရှုံ့သည်။
"မင်းဘာလို့ဒီလောက် ဟိတ်ဟန်များနေရတာလဲ၊ ပိုင်ချီကိုင်၊ အဲတုန်းက မင်းစကားအရမ်းပြောခဲ့တယ်လေ၊ အခုက မင်းခွန်းလွန်ကောင်းကင်ဘုံရေကန်အောက်ခြေက ရတနာအတွက် ဒီလိုလုပ်နေတာလား"
ခွန်းလွန်ကောင်းကင်ဘုံရေကန်အောက်ခြေက ရှေးဟောင်းရတနာ!
ဤသည်က သူတို့၏တကယ့်ရည်ရွယ်ချက်ပင်။
ဤအချက်ကြောင့်သာမဟုတ်ပါက ဤကိစ္စက သူတို့တပည့်သားများအကြားက ရန်လိုမှုသာ။
သူတို့မည်သို့လှုပ်ရှားကြမည်နည်း။
တပည့်တစ်ဦးသေဆုံးခြင်းက သာမန်ကိစ္စရပ်တခုသာ။
ပထမတန်းစားအင်အားစုတဖြစ်လဲ ဤသည်က ရှင်းလင်းပါသည်။
သို့စေကာမူ အမှားက ရှီရှန်းက ခွန်းလွန်ကောင်းကင်ဘုံရေကန်အောက်က ရတနာကို ရသွားခြင်းပင်။
ထိုနှစ်က ကြယ်ကြွေဓားဧကရာဇ်က ကြယ်ကြွေဓားဧကရာဇ်ပင် မဖြစ်လာသေး။
သူဖြစ်လာရခြင်းက အောက်ခြေကိုရောက်ပြီး ရှေးဟောင်းရတနာကို တွေ့ခဲ့သောကြောင့်ဖြစ်သည်။
နောက်ထပ်နှစ်တစ်ရာအတွင်းမှာပင် သူက လျင်မြန်စွာ တိုးတက်လာခဲ့ပြီး ကြယ်ကြွေဓားဧကရာဇ်ဟူသော ဂုဏ်သတင်းကို ရယူနိုင်ခဲ့ကာ ဤကမ္ဘာထဲတွင် နံပါတ်တစ်ဓားသမားဖြစ်လာခဲ့သည်။
ရှီရှန်းကမူ ဤပစ္စည်းကို တိုက်ရိုက်ပင် ရသွားခဲ့သည်။
သူတို့မည်သည့်အတွက်ကြောင့် မနာလိုမဖြစ်ဘဲ နေနိုင်မည်နည်း။
ဤအရာကိုသာရမည်ဆိုပါက သူတို့ဂိုဏ်းများတွင်လည်း ကြယ်ကြွေဓားဧကရာဇ်ကဲ့သို့ လူတချို့ကို ဖန်တီးနိုင်ပေလိမ့်မည်။
"နှောင့်နှေးစရာမလိုဘူး"
ရွှမ်မင်ချောက်ကမ်းပါးက မကောင်းဆိုးဝါးအဖိုးအိုကပြောသည်။
"ကျုပ်တို့ဒီမှာရှိနေပြီ၊ ဘာပဲဖြစ်ဖြစ် ဒီသုံးယောက်ကို ကျုပ်တို့လက်ထဲ သေချာပေါက် ထည့်ပေးရမယ်၊ လက်မလွှဲပေးဘူးဆိုရင်တော့ စစ်ပွဲကိုပဲစောင့်နေလိုက်တော့"
စစ်ပွဲကိုသွားမှာလား!
ပထမတန်းစားအင်အားစုသုံးခုတွင် ရွှမ်မင်ချောက်ကမ်းပါးတွင် ကြယ်ကြွေဓားဂိုဏ်းနှင့် တူညီသည့်ခွန်အားရှိသည်။
သို့သော် ရေခဲဝိဉာဉ်ဂိုဏ်းနှင့် လှံနတ်ဘုရားဂိုဏ်းတို့ကမူ ၎င်းတို့ထက် သာလွန်သည့် ခွန်းအားကိုပိုင်ဆိုင်သော တည်ရှိမှုများပင်။
ဤအဓိကဂိုဏ်းသုံးဂိုဏ်းက တချိန်တည်းမှာပင် ကြယ်ကြွေဓားဂိုဏ်းကို ဆန့်ကျင်ကြသည်။
ဤသည်ကိုတကယ်ပင်ခုခံနိုင်မည်လား။
ပိုထူးဆန်းတာက ကြယ်ကြွေဓားဂိုဏ်း၏တပည့်များက အထက်က ဤထိပ်သီးအာရုံထွေပြားခြင်းစွမ်းအားရှင်သုံးဦး၏ အေးစက်သောအကြည့်အောက်တွင် ဓားများကို ဆွဲထုတ်လိုက်ကြခြင်းပင်။
သူတို့၏မျက်လုံးများက တိုက်ခိုက်လိုသည့်စိတ်ဓာတ်များဖြင့် ပြည့်နှက်နေပြီး ကြောက်ရွှံ့မှုစိုးစိမျှပင်မရှိ။
သူတို့အတွက် ယဲ့ချိုးပိုင်၊ ရှီရှန်းနှင့်ရှောင်ဟိုင်တို့က ကြယ်ကြွေဓားဂိုဏ်းကို ၀င်လိုက်ပြီဟု မပြောခဲ့သည့်တိုင် ဤလူသုံးယောက်တွင် အထူးသဖြင့် ယဲ့ချိုးပိုင်က ကြယ်ကြွေဓားဂိုဏ်းနှင့် နီးကပ်စွာဆက်နွှယ်နေသည်ဟု ယုံကြည်ကြသည်။
မည်သို့ပင်ဆိုစေကာမူ ယဲ့ချိုးပိုင်က ယခုကြယ်ကြွေဓားဧကရာဇ်၏ တိုက်ရိုက်အမွေဆက်ခံသူဖြစ်လာလေပြီ။
ဤမြင်ကွင်းက ကျန်းယွန်ဇောင်နှင့် ကျန်သောသူများအား ကျေနပ်စေသည်။
ယနေ့ကြယ်ကြွေဓားဂိုဏ်းက ၎င်း၏ အထွပ်အထိပ်ကာလကလောက် အားမကောင်းတော့။
သို့စေကာမူ သူတို့၏တပည့်များက ပထမတန်းစားကျင့်ကြံသူများဖြစ်ကြသည်။
စစ်ပွဲလား!
ဘာမှကြောက်နေစရာမလိုဘူး!
ထိုအချိန်တွင် ကြောက်မက်ဖွယ်ရာ ဓားဆန္ဒတခုက ကောင်းကင်ပေါ်ထိုးတက်လာပြီး ကြယ်ကြွေဓားဂိုဏ်းတခုလုံးကို လွှမ်းခြုံသွား၏။
သဟဇာတတာအိုနယ်ပယ်!
ဓားပညာ၏ အန္တိမအဆင့်!
ဤအငွေ့အသက်ကို ခံစားမိသောအခါ ကြယ်ကြွေဓားဂိုဏ်း၏ တပည့်များက စိတ်လှုပ်ရှားလာကြသည်။
ပိုင်ချီကိုင်၊ ရွှမ်မင်ချောက်ကမ်းပါးအကြီးအကဲနှင့် ရေခဲဝိဉာဉ်ဂိုဏ်း၏ နတ်သမီးတို့က ပျက်ယွင်းနေသည့် အမူအရာများဖြင့် ရှေ့သို့ကြည့်နေကြသည်။
ထိုစဉ် ဓားတစ်လက်နှင့်အတူ သက်လတ်ပိုင်းအရွယ်လူနစ်ယောက် ချဉ်းကပ်လာသည်။
သူက ကြယ်ကြွေဓားဂိုဏ်းချုပ် ကျန်းဝူဖန်းပေတည်း။
"မင်းတို့တိုက်ခိုက်ချင်တယ်ဆိုမှတော့ တိုက်ကြရအောင်"
ဤပုံရိပ်များက ကြယ်ကြွေဓားဂိုဏ်းတခုလုံး၏ ဆိုလိုရင်းကို ဖော်ပြနေသည်။
တိုက်ပွဲ!
သူတို့က ယဲ့ချိုးပိုင်တို့ကို မည်သောအခါမှ လွဲပြောင်းပေးမည်မဟုတ်။
ဤသည်က ကြယ်ကြွေဓားဂိုဏ်းတခုလုံး၏ ဆိုလိုရင်းပင်။
ပိုင်ချီကိုင်ခေါင်းညိတ်ကာ လက်သီးဆုပ်လိုက်သည်။
"ဒီလိုဆိုမှတော့ စစ်ပွဲကိုဦးတည်ကြတာပေါ့၊ အနာဂတ်မှာ ဂိုဏ်းချုပ်ကျန်းနောင်တမရဖို့ မျှော်လင့်ပါတယ်"
"ဓားကျင့်ကြံသူတယောက်က နှလုံးသားနဲ့ထပ်တူ လုပ်ဆောင်တယ်၊ သူဘယ်လိုလုပ် နောင်တရရမှာလဲ"
သုံးဦးစလုံးကခေါင်းညိတ်ကာထွက်သွားကြသည်။
သူတို့ကသူတို့ဂိုဏ်းများကိုအသိပေးပြီး ကြယ်ကြွေဓားဂိုဏ်းနှင့် တရား၀င်စစ်ပွဲစာမျက်နှာတခုကို ကြေငြာချင်ကြသည်။
သုံးယောက်လုံးထွက်သွားသည်နှင့် ကျန်းဝူဖန်းက ချက်ချင်းဆိုသလို ထိုနေရာကနေ အမိန့်များပေးသည်။
"ဂိုဏ်းပြင်ပမှာရှိတဲ့ တပည့်တွေနဲ့အကြီးအကဲတွေကို ပြန်ခေါ်ကြ"
"တိုက်ခိုက်ရေးအတွက် အသင့်အနေပထားကို ဆောင်ရွက်ကြ"
"တချိန်တည်းမှာပဲ ဂိုဏ်းထဲမှာ လျှို့ဝှက်လေ့ကျင့်ခန်းနယ်မြေအားလုံးကို ဖွင့်လှစ်ထားပြီး နယ်ပယ်လိုအပ်ချက်နဲ့ကိုက်ညီတဲ့သူတိုင်း ၀င်နိုင်တယ်"
ယခုတကြိမ်တိုက်ပွဲက ကြယ်ကြွေဓားဂိုဏ်း ထိုးတက်မှုနှင့် ဆက်စပ်နေသည့် တိုက်ပွဲတခုပင်။
အကယ်၍ရှုံးပါက ပလ္လင်ကဖြိုချဖျက်ဆီးထဲရမည်ဖြစ်ကာ တိုက်ရိုက်ပင် ချေမွခံရပေလိမ့်မည်။
အကယ်၍ နိုင်မည်ဆိုပါက ကြယ်ကြွေဂိုဏ်း၏ ပေါင်းစည်းမှုနှင့် ဂိုဏ်းမှ ပိုင်ဆိုင်သည့် အဆင့်အတန်းက မကြုံစဖူးအမြင့်တခုကို ရောက်သွားပေလိမ့်မည်။
တချိန်တည်းမှာပင် ဤသည်က ယဲ့ချိုးပိုင်တို့အတွက် အဖိုးတန်သည့် အချိန်တခုကို ၀ယ်ယူပေးနိုင်သည်။
ဤသုံးယောက်၏ပါရမီနှင့်ဆိုပါက သဟဇာတတာအိုနယ်ပယ်ရို ရောက်ရန် အချိန်အတိုင်းအတာတခုသာ လိုအပ်သည်။
တပည့်အားလုံးက လေးနက်စွာခေါင်းညိတ်ကြပြီး လေ့ကျင့်ရန်အတွက် လျှို့ဝှက်နယ်မြေ သို့မဟုတ် ကျင့်ကြံခြင်းနေရာများသို့ ၀င်ရောက်သွားကြသည်။
သူတို့တွင် ညည်းတွားစရာမရှိပါ။
ဤမြင်ကွင်းကို ယဲ့ချိုးပိုင်တို့လည်း မြင်တွေ့ခဲ့ကြသည်။
ဂျီဂျီက ဘေးကနေ အာရူံစူးစိုက်ထားသည့် အသံဖြင့်ပြောသည်။
"အစ်ကိုယဲ့၊ ဒီအတွက်နဲ့ ခင်ဗျားဖိအားတွေ အရမ်းခံစားနေစရာမလိုပါဘူး၊ ကြိုးစားပြီးပဲလေ့ကျင့်ပါ"
"ကြယ်ကြွေဓားဂိုဏ်းရှိနေသရွေ့ ခင်ဗျားရဲ့ ကျောထောက်နောက်ခံတခုဖြစ်နေမှာပါ"
ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
သူ့နှလုံးသားထဲတွင် အတော်လေးစိတ်လှုပ်ရှားနေသည်။
မည်သည့်ဂိုဏ်းကများ ကြယ်ကြွေဓားဂိုဏ်းကဲ့သို့ စည်းလုံးမှုကို ရယူနိုင်မည်နည်း။
ပြီးတော့ ဖြောင့်မတ်ခြင်းလား!
သူက ကြယ်ကြွေဓားဂိုဏ်းကိုလည်း အပြစ်တင်မရလေရာ ဤနေရာမှ ထွက်သွားရန် စဉ်းစားနေခဲ့သည်။
သို့သော် ယခုတွင်မူ ဤအကြံကို ယဲ့ချိုးပိုင်ဖျက်သိမ်းလိုက်ရသည်။
ဂျီဂျီကပြောသည်။
"ကောင်းပြီ၊ အစ်ကိုယဲ့၊ ကျုပ်လည်းလေ့ကျင့်ဖို့သွားတော့မယ်၊ တိုက်ပွဲကြီးတခုကျရောက်လာတော့မယ်၊ ကျုပ်တို့ မြန်မြန်တိုးတက်အောင် လုပ်ရမယ်"
ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
ထိုအချိန်တွင် ကျန်းဝူဖန်းရောက်လာသည်။
"ဂျီဂျီ၊ ဆရာဆန်ဖန်းက အလှည့်ကျသင်ပေးလိမ့်မယ်"
"ယဲ့ချိုးပိုင်၊ မင်းအတွက်တော့ ငါမင်းကို မသင်ကြားနိုင်ဘူးဆိုပေမယ့် မင်းရဲ့လေ့ကျင့်ရေးအဖော်တော့ လုပ်ပေးနိုင်တယ်"
ရက်အနည်းငယ်အတွင်း သင့်စွမ်းအားကို အမြန်တိုးတက်ချင်ပါက တိုက်ခိုက်ရန် လိုအပ်သည်။
အပိုင်း(357) coming။
ငါ့တပည့်တွေက ဘုရင်တွေ