← Chapters

#ရှီရှန် သူ့စွမ်းအားကိုပြသခြင်း#

Vol. 25 Ch. 359

#ရှီရှန် သူ့စွမ်းအားကိုပြသခြင်း#

Vol. 25 Ch. 359

မြောက်ရိပ်ဓားအစီအရင်!

ဤအစီအရင်ကို ကြယ်ကြွေဓားဂိုဏ်းတပည့်သားတစ်ထောင်ကျော်က တချိန်တည်းတွင် ဖန်တီးခဲ့ကြခြင်းပင်။

အစီအရင်ပြီးသွားသည်နှင့်တပြိုင်နက် ဤသည်က ရေခဲဝိဉာဉ်ဂိုဏ်း၊ လှံနတ်ဘုရားဂိုဏ်းနှင့် ရွှမ်မင်ချောက်ကမ်းပါး အစရှိသည့် ပထမတန်းစားအင်အားစုများ၏ အဟာမိတ်တပ်များကို ကြီးမားသည့် ပျက်စီးမှုတခု ဖြစ်လာစေလိမ့်မည်။

ထို့ကြောင့် သူတို့အဖို့ ကြယ်ကြွေဓားဂိုဏ်းအား ယခုလိုအစီအရင်မျိုးဖန်တီးရန်အတွက် ခွင့်ပြုရန်ဟူသည် လုံးဝမဖြစ်နိုင်ပါ။

ချက်ချင်းဆိုသလို သိုင်းဧကရာဇ်နယ်ပယ်က စွမ်းအားရှင်အများအပြားက ကြယ်ကြွေဓားဂိုဏ်း၏ တပည့်သားများထံ ပြေး၀င်သွားကြ၏။

သူတို့က မြောက်ရိပ်ဓားအစီအရင်ကို တားဆီးချင်ကြသည်။

ကြယ်ကြွေဓားဂိုဏ်းတွင်လည်း တန်ပြန်လုပ်ဆောင်မှုမရှိတာတော့မဟုတ်။

ကြယ်ကြွေဓားဂိုဏ်း၏ အကြီးအကဲများဦးဆောင်သည့် သိုင်းဧကရာဇ်အဆင့် စွမ်းအားရှင်များကလည်း အဖွဲ့သုံးဖွဲ့စုပေါင်းတပ်များထံ ဦးတည်သွားကြသည်။

သို့စေကာမူ ပထမတန်းစားအင်အားစုသုံးခုတွင် လူအများအပြားပါ၀င်လာခဲ့ကြသည်။

သိုင်းဧကရာဇ်နယ်ပယ်က အားအကောင်းဆုံးသူများက ကြယ်ကြွေဓားဂိုဏ်းထင် သုံးဆခန့်ပို၍အစွအ်းထက်သည်။

ဤသည်က တဖက်သတ်အခြေအနေတခုဟုဆို၍ရသည်။

ယဲ့ချိုးပိုင်၊ ရှီရှန်း၊ ရှောင်ဟိုင်နှင့် ဂျီဂျီတို့ကလည်းဦးဆောင်လာကြသည်။

သူတို့ရှေ့ကလူများက သိုင်းဧကရာဇ်နယ်ပယ်အစောပိုင်းအဆင့်ကျင့်ကြံသူများဖြစ်သည်။

ရှီရှန်းက အင်ပါယာမင်ရွှမ်ပုဆိန်ကို ပထမဆုံးထုတ်ယူကာ သူ့ရှေ့က အစွမ်းထက်ဆုံးလူဆီသို့ ပြေး၀င်သွား၏။

ရွှမ်မင်ချောက်ကမ်းပါးက သိုင်းဧကရာဇ်နယ်ပယ်ကျင့်ကြံသူက ရှီရှန်းကို ရှင်းလင်းစွာမြင်‌သည်။ သူက စပ်ဖြီးဖြီးပြုံးလိုက်သည်။

"အိုး၊ မင်းကခွန်းလွန်ကောင်းကင်ဘုံရေကန်ရဲ့ ပစ္စည်းကိုရခဲ့တဲ့ကောင်မလား၊ သေမင်းကိုရှာဖို့ တံခါး၀ကို တကယ်ရောက်လာတာပဲ"

မည်သို့ပင်ဆိုစေကာမူ သူ့ကိုယ်ခန္ဓာ၌ ပတ်၀န်းကျင်တခွင်တွင် ထုတ်လွှတ်မေသည့် မကောင်းဆိုးဝါးစွမ်းအင်အမျှင်တန်းများရှိသည်။

ဤဧကရာမကောင်းဆိုးဝါးစွမ်းအင်က ပတ်၀န်းကျင်ကို ၀န်းရံပစ်ကာ ရှီရှန်းအား လွှမ်းမိုးထားသည့်ပမာ ၀င်ရောက်သွား၏။

ရှီရှန်းမကြောက်ပါ။

သူ့ကိုယ်ထဲက ကြယ်တာရာကောင်းကင်၏ ဒန်တျန်၌ ပထမကြယ်က တောက်ပစွာ ထွန်းလင်းနေသည်။

သူ့လက်ထဲက အင်ပါယာမင်ရွှမ်ပုဆိန်က ကြယ်စွမ်းအားဖြင့် လွှမ်းခြုံသွား၏။

အတော်လေးလေးလံသည့် အင်ပါယာမင်ရွှမ်ဓားက ထိုအခိုက်အတန့်၌ ပို၍ပင် လေးလံလာသည်။ ပုဆိန်ကျဆင်းလာသောအခါ ကြယ်တစ်စင်းကြွေကျသွားသည့်အလားပင်။

"ကြယ်စွမ်းအားလား"

"ကြယ်စွမ်းအားနဲ့ပတ်သက်ပြီး ဘာလို့ ဒီလောက်လျှို့ဝှက်ဆန်းကြယ်နေရသလဲ‌ဆိုတာ ငါလည်းသိချင်ပါတယ်"

ရွှမ်မင်ချောက်ကမ်းပါးက စွမ်းအားရှင်နံဘေးက လှံနတ်ဘုရားဂိုဏ်း၏ သိုင်းဧကရာဇ်နယ်ပယ် အစောပိုင်းစွမ်းအားရှင်တစ်ဦးက လှံရှည်ကိုကိုင်ကာ ရှီရှန်းအား လှမ်းကြည့်လာသည်။

သူပြေး၀င်လာရန်ပြင်နေစဉ်မှာပင် မှော်နတ်ဆိုးနက်စွမ်းအင်တခုဖြတ်သန်းသွားသည်။

ဤနတ်ဆိုးစွမ်းအင်က လက်သီးတချက်ပင်။

ထိုစွမ်းအားရှင်က အနည်းငယ်လန့်သွားသည်။

သူ့လက်ထဲကလှံကိုဝှေ့ယမ်းလိုက်ပြီး လက်သီးချက်ကို အားသုံးတွန်းပစ်စဉ် သူကလည်းလေထဲသို့ရောက်သွားပြီး နောက်သို့ မီတာပေါင်းများစွာ အဆက်မပြတ် ဆုတ်လိုက်ရသည်။

"အဲဒါဘယ်သူလဲ"

လှံနတ်ဘုရားဂိုဏ်းကျင့်ကြံသူ၏မျက်နှာ၌ ထိတ်လန့်သည့်အမူအရာပေါ်လာပြီး ရှေ့တည့်တည့်သို့ လေးနက်သည့်မျက်မှာဖြင့် ကြည့်လိုက်သည်။

နတ်ဆိုးစွမ်းအားဖြင့်ဖုံးလွှမ်းနေသည့် နတ်ဆိုးခေါင်းက သူ့ဝိဉာဉ်ကို တုန်လှုပ်ချောက်ချားသွားစေသည်။

လှံကိုကိုင်ထားသည့်သူ့လက်အစုံကလည်း အနည်းငယ်တုန်ယင်လာသည်။

အားကောင်းလိုက်တာ!

ဒါဘယ်လိုခိုင်မာတဲ့ကိုယ်ခန္ဓာလဲဟ!

ဟန့်တားလိုက်သည့်သူကရှောင်ဟိုင်ဖြစ်သည်။

ရှောင်ဟိုင်၏မျက်လုံးအစုံက စူးရှနေပြီး လှံနတ်ဘုရားဂိုဏ်းက ထိုစွမ်းအားရှင်အားကြည့်ကာ အေးစက်စွာပြောသည်။

"မင်းတိုက်ခိုက်ချင်တယ်ဆိုရင် ငါမင်းကို အဖော်လုပ်ပေးမယ်"

လှံနတ်ဘုရားဂိုဏ်းစွမ်းအားရှင်ကလည်း အေးစက်စွာနှာခေါင်းရှုံ့ရင်း လက်ခါယမ်းကာ ကျန်ရှိနေသည့်ခွန်အားများကို ဖယ်ရှားလိုက်သည်။

ချက်ချင်းဆိုသလို သူခြေနှစ်လှမ်းလှမ်းပြီး ရှောင်ဟိုင်ထံပြေး၀င်သွား၏။

ရှောင်ဟိုင်ကြောက်လန့်ခြင်းမရှိဘဲ အခက်အခဲများကို ရင်ဆိုင်ရန်အတွက် လက်သီးမြှောက်လိုက်သည်။

တခြားသူများတိုက်ခိုက်လာခြင်းမရှိတော့သည့်အတွက် ရှီရှန်းတွင် စိုးရိမ်စရာမရှိတော့။

သူ့လက်ထဲက အင်ပါယာမင်ရွှမ်ပုဆိန်က ခေါင်းအပေါ်အထိ မြှင့်သွားသည်။

ရှေ့နှစ်လှမ်းတိုးရင်း မျက်စိတစ်မှိတ်အတွင်းမှာပင် သူက ရွှမ်မင်ချောက်ကမ်းပါးက စွမ်းအားရှင်၏ ရှေ့တွင် ပေါ်လာပြီး အပေါ်မြှောက်ကာ ပုဆိန်ဖြင့် ခုတ်ချလိုက်သည်။

ပုဆိန်ပေါ်၌ ကြယ်များက တောက်ပစွာ လင်း၀င်းနေကြ၏။

ဖိနှိပ်မှုအသိတခုလည်းပါရှိနေပြီး ရွှမ်ပုဆိန်လုံး၀မကျရောက်သေးခင်မှာပင် ထိုဖိနှိပ်ခြင်းအသိက ရွှမ်မင်ချောက်ကမ်းပါးစွမ်းအားရှင်၏တကိုယ်လုံးကို လွှမ်းခြုံသွား၏။

ထိုစွမ်းအားရှင်၏အမူအရာက ပြောင်းလဲသွားသည်။

ဤဖိနှိပ်ခြင်းအသိက အတော်လေးကြီးမားပြီး လေးလံသည်။

သူ့ရှေ့ကလူက သိုင်းဧကရာဇ်နယ်ပယ် အစောပိုင်းအဆင့်ကျင့်ကြံသူတယောက်သာ။ မည်သည့်အတွက်ကြောင့် ယခုလို ထူးကဲသည့်ဖိနှိပ်နိုင်စွမ်းရှိသော စွမ်းအားရှိနေရလေသနည်း။

ကြယ်စွမ်းအား!

ဒါကတကယ်ပဲအစွမ်းထက်တာလား!

ရှီရှန်း၏အကြည့်က အေးစက်နေသည်။

ဤအချက်ကိုရှေ့တွင်ထားလျှင်ပင် ကြယ်ဗဟို၌ပေါင်းစပ်မှုမရှိပါက တူညီသော နယ်ပယ်၌ သူ့အတွက် ပြိုင်ဘက်အနည်းငယ်ရှိပေလိမ့်မည်။

ယခုသူက ကြယ်ဗဟိုချက်နှင့်ပေါင်းစပ်ကာ သိုင်းဧကရာဇ်နယ်ပယ်သို့ ချိုးဖျက်ခဲ့သည်။

ခွန်အားကလည်းမြှင့်တက်သွားခဲ့သည်။

တူညီသောနယ်ပယ်ကလူများက မည်သို့မည်ပုံ သူ့ပြိုင်ဘက်ဖြစ်နိုင်တော့မည်နည်း။

သူ့လက်ထဲက မင်ရွှမ်ပုဆိန်က ကြွေကျလာသည့်ကြယ်တစင်းအလား ပြင်းထန်စွာ ကျသွားသည်။

ရွှမ်မင်ချောက်ကမ်းပါးကလူက အံကြိတ်ကာ လက်များကိုထောင်လျက် သူ့ခေါင်းပေါ်၌ မကောင်းဆိုးဝါးဝိဉာဉ်များကို စုစည်းရင်း ဤပုဆိန်ကို ခုခံရန်ကြိုးစားနေသည်။

သို့သော် ယနေ့ရှီရှန်း၏စွမ်းအားကို သိုင်းဧကရာဇ်နယ်ပယ် အစောပိုင်းအဆင့်လူများက ခုခံနိုင်မည်နည်း။

ပုဆိန်ကျဆင်းလာသည်နှင့်တပြိုင်နက် မကောင်းဆိုးဝါးဝိဉာဉ်က ဖန်တီးထားသည့် အတားအဆီးက ပေါက်ကွဲသွား၏။

သူ့လက်ထဲက ဆန်းကြယ်သည့်ပုဆိန်က ရပ်သွားခြင်းမရှိဘဲ ရွှမ်မင်ချောက်ကမ်းပါးစွမ်းအားရှင်၏ အထိတ်တလန့်အကြည့်အးအောက်၌ အစကနေ အဆုံးထိ ပိုင်းဖြတ်သွားသည်။

ဖူးးးး

သွေးများက ထိုလူ၏ကိုယ်ကနေထွက်လာပြီး ပုဆိန်တချက်ကျဆင်းလာခြင်းက ထိုလူအား နှစ်ပိုင်းဖြစ်သွားစေသည်။

ရှီရှန်းက အစွမ်းထက်သည်။

ဤသည်ကခံစားမိသဖြင့် ဂျီဂျီတယောက် ထိတ်လန့်သွားသည်။

ယခုသူက အရင်ကတည်းက သိုင်းဧကရာဇ်နယ်ပယ်သို့ချိုးဖျက်ခဲ့သော်လည်း ရှီရှန်း၏ ပုဆိန်ကို ရင်ဆိုင်ရမည်ဆိုပါက အသက်ရှင်ရန်အတွက် သူ့၏ဝှက်ဖဲအလုံးစုံကို အသုံးပြုရပေလိမ့်မည်။

ဤပုဆိန်ချက်က ရှီရှန်း၏ အကန့်အသတ် မဟုတ်သေးသည်မှာ သိသာထင်ရှားနေသည်။

"အစ်ကိုယဲ့၊ ခင်ဗျားရဲ့ဂျူနီယာညီလေးက ခင်ဗျားထက်ပိုတော်တာပဲ...."

ဘေးကယဲ့ချိုးပိုင်ကပြုံးရုံသာပြုံးသည်။ သူကလုံး၀မနာလိုမဖြစ်ပေ။

"ဘာလို့လဲ၊ ဒီလိုဆိုရင် ဒါကငါ့လို စီနီယာ အစ်ကိုကြီးတယောက်အတွက် ပိုမလွယ်သွားဘူးလား"

"ပြီးတော့ မင်းမှာရောအဲလိုရှိလား"

ဂျီဂျီမျက်လုံးလိမ့်လိုက်မိသည်။

"ခင်ဗျားကတော်တော်အကြင်နာကင်းမဲ့တာပဲ"

စကားပြောပြီးသည့်နောက် သူက သူတို့ကိုဖြတ်ကျော်ကာ ကြယ်ကြွေဂိုဏ်းသားများကိုသတ်ချင်နေသည့် သိုင်းဧကရာဇ်နယ်ပယ် အစောပိုင်းအဆင့်ကျင့်ကြံသူတယောက်ရှေ့တွင်ရပ်လိုက်သည်။

ယဲ့ချိုးပိုင်ကမူ ကြယ်ကြွေဓားကိုကိုင်ကာ သိုင်းဧကရာဇ်နယ်ပယ် အစောပိုင်းအဆင့် အမျိုးသမီးတဦးရှေ့တွင် ရပ်နေသည်။

သူမတကိုယ်လုံးကို အေးစက်သည့်လေထုက လွှမ်းခြုံထားပြီး အဖြူရောင်ဇာပဝါကို ခြုံထားလေရာ သူမမျက်နှာက ရှင်းရှင်းလင်းလင်းမမြင်ရပေ။

သူမကကြော့ရှင်းလှပြီး မျက်လုံးများက ကြယ်များပမာတောက်ပနေကာ မျက်နှာကာအောက်က သိမ်မွေ့သည့်မျက်နှာလေးကိုသာ ဖော်ထားသည်။

ရေခဲဝိဉာဉ်ဂိုဏ်း၏ နတ်သမီးလျိုယီမိန်က မျက်ခုံးအနည်းငယ်ပင့်လိုက်သည်။

"သိုင်းဧကရာဇ်နယ်ပယ်တ၀က်အဆင့်လား၊ နင်ငါ့ကိုရပ်တန့်နိုင်မှာမဟုတ်ဘူး"

ယဲ့ချိုးပိုင်ပြုံးလိုက်သည်။

"ကြိုးစားကြည့်တာပေါ့"

"ကြိုးစားတာ ဒါမှမဟုတ် သေတာ"

"ဖြစ်နိုင်တာပဲလေ"

ဤသည်ကိုကြားသောအခါ ရေခဲဝိဉာဉ်ဂိုဏ်း၏ နတ်သမီးက ဘာမှမပြောတော့ပါ။ ညင်သာစွာခေါင်းညိတ်ရင်း ခါးကနေ ရေခဲပြာဖဲကြိုးကို ဆွဲယူလိုက်သည်။

ချက်ချင်းဆိုသလို ဖဲကြိုးကိုကိုင်တွယ်ရင်း ၎င်းက ယဲ့ချိုးပိုင်ထံ ဝိဉာဉ်မြွေတကောင်ပမာ ၀င်ရောက်သွား၏။

ဖဲကြိုးပေါ်၌ ရေခဲအသိက လွှမ်းခြူံနေသည်။

အကယ်၍ပိတ်မိနေမည်ဆိုပါက တိုက်ရိုက်အေးခဲသွားနိုင်သည်။

ယဲ့ချိုးပိုင်ထိုနေရာ၌ရပ်မနေခဲ့ပေ။

ကြယ်ကြွေဓားကိုကိုင်ရင်း ဓားဆန္ဒများကပေါက်ကွဲလာသည်။ ဓားပိုင်နက်ကို ချက်ချင်းထုတ်ဖော်စဉ် အကြွင်းမဲ့ဓားလေးစင်းအစီအရင်က ရောယှက်သွားသည်။

စိတ်လေးသွယ်ဖြင့်ပြည့်နှက်နေသည့် ပုံရိပ်ယောင်ဧရာမဓားကြီးက ယဲ့ချိုးပိုင် ရှေ့တွင်ရှိနေခဲ့သည်။

အာဒိကပ္ပဓားသိုင်း၊ အကြွင်းမဲ့မဟာဓားလေးစင်း!

"နည်းစနစ်တွေရှိသားပဲ..."

ရေခဲဝိဉာဉ်ဂိုဏ်းက နတ်သမီးက နှာခေါင်းရှုံ့သည်။

"ဒါက နယ်ပယ်ကြားက ကွာဟချက်ကို ဘာတခုမှ ဖြည့်ဆည်းပေးနိုင်မှာမဟုတ်ဘူး၊ သိုင်းဧကရာဇ်တ၀က်နယ်ပယ်နဲ့ သိုင်းဧကရာဇ်နယ်ပယ်ကြားက ကွာဟချက်က အရမ်းကြီးမားတယ်"

ယဲ့ချိုးပိုင်မဖြေကြားပါ။ ယင်းအစား သူက အာဒိကပ္ပဓားကိုထိန်းချုပ်နေပြီး ဖဲကြိုးရှိရာသို့ တိုး၀င်သွားစေသည်။

သူက်ူတိုင်ကမူ ကြယ်ကြွေဓားကိုကိုင်ကာ ရေခဲဝိဉာဉ်ဂိုဏ်း၏ နတ်သမီးထံ ပြေး၀င်သွားပြီး ဓားတချက်ထုတ်လိုက်သည်။

ကြယ်ကြွေဓားပညာရပ်!

အေးစက်စွာနှာခေါင်းရှုံ့ရင်း ကြယ်ကြွေဓားဂိုဏ်း၏နတ်သမီးက လက်ဖဝါးကို မြှောက်လိုက်စဉ် သူမလက်ဖဝါး၌ အရိုးခိုက်လုမတတ် အအေးဓာတ်ဖြင့် ပြည့်နှက်နေသည့် ရေခဲပြာကြာပန်းတပွင့်လာသည်။

ချက်ချင်းဆိုသလို သူမက ယဲ့ချိုးပိုင်အား ရိုက်ချလိုက်သည်။

ယဲ့ချိုးပိုင်ကလည်း ဓားဖြင့် ခုတ်ပိုင်းသည်။

မျှော်လင့်ထားသည့်အတိုင်းပင် သူက ဆယ်မီတာကျော်ထိ တိုက်ရိုက်တွန်းထုတ်ခံရသည်။

သူ့လက်မောင်းပင်လျှင် ရေခဲလွှာတစ်လွှာဖြင့် ဖုံးအုပ်သွားသည်။

"မျှော်လင့်ထားတဲ့အတိုင်းပဲ၊ သိုင်းဧကရာဇ်နယ်ပယ်က တကယ်ကိုကွာခြားတာပဲ.."

သို့သော် နယ်ပယ်ဟူသည် ထူးကဲသာလွန်မှုအတွက်သာ။

နယ်စပ်ဖြတ်ကျော်တုန်းက စစ်ဆင်ရေးများ၌ ယဲ့ချိုးပိုင် နှစ်ပေါင်းများစွာ အများကြီး တွေ့ကြုံခံစားခဲ့ရသည်။

တချိန်တည်းမှာပင် သူကမရှုံးနိမ့်ခဲ့ပါ။

အပိုင်း(360) coming။

ငါ့တပည့်တွေက ဘုရင်တွေ

All Chapters