← Chapters

#သိုင်းဧကရာဇ်နယ်ပယ်ကိုသတ်ဖြတ်ခြင်း#

Vol. 25 Ch. 360

#သိုင်းဧကရာဇ်နယ်ပယ်ကိုသတ်ဖြတ်ခြင်း#

Vol. 25 Ch. 360

ယဲ့ချိုးပိုင်လက်အစုံကိုခါယမ်းစဉ် ဓားဆန္ဒက သူ့လက်က‌နေ ပြေးထွက်လာပြီး အရိုးဖောက်လုနီးပါးရေခဲအား ဖယ်ရှားပစ်သည်။

ဤမြင်ကွင်းကိုကြည့်ရင်း ရေခဲဝိဉာဉ်ဂိုဏ်း၏နတ်သမီးက အနည်းငယ်အံ့ဩသင့်သွားသည်။

"ဒါကလှည့်စားမှုလေးတခုပါပဲ"

သူမကလက်ဖဝါးကိုမထိန်းချုပ်ခဲ့ပေ။

သို့စေကာမူ တခြားတဘက်က သိုင်းဧကရာဇ်တ၀က်နယ်ပယ် ဓားကျင့်ကြံသူက မည်သည့်ကြီးမားသည့်ထိခိုက်မှုမှ မရှိဘဲ သူမ၏လက်၀ါးချက်ကို ခံနိုင်ရည်ရှိသည်။ ဤသည်ကအတော်လေး ကောင်းနေလေပြီ။

နောက်အခိုက်အတန့်၌ ယဲ့ချိုးပိုင် အနည်းငယ်မျှ ကြောက်ရွှံ့မှုကိုပင် မခံစားရတော့။

‌နောက်တကြိမ်သူကဓားကိုမြှောက်ကာ ရေခဲဝိဉာဉ်ဂိုဏ်း၏ နတ်သမီးဆီသို့ ထပ်မံပိုင်းချလိုက်သည်။

ကြယ်ကြွေဓားသိုင်း၊ ဒုတိယဓား!

ဤဓားက ပထမဓား၏စွမ်းအားကို စုစည်းပြီး ဓားနှစ်လက်က တစ်လက်အဖြစ် ပေါင်းစပ်ကာ ထပ်မံပိုင်းဖြတ်သည်။

ရေခဲဝိဉာဉ်ဂိုဏ်းနတ်သမီးကလည်း တုံ့ပြန်ကာ လှုပ်ရှားသည်။

ဖဲကြိုးနှင့် ပိုင်းချည်မျှင်များက ယဲ့ချိုးပိုင်ဆီသို့တွယ်ကပ်လာသည်။

ဓားက ဖဲကြိုးနှင့်ပိုးချည်မျှင်များအပေါ် ကျသွားသော်လည်း မည်သည့်စွမ်းအားမှမရှိသည့် ဝါဂွမ်းကို ပိုင်းဖြတ်လိုက်ရသည့်ပမာ ခံစားလိုက်ရသည်။

သို့သော် ဖဲကြိုးနှင့်ပိုးချည်မျှင်များက သူ့၏ကြယ်ကြွေဓားကို ထိခတ်သွားသောအခါ ယဲ့ချိူပိုင်တယောက် ဧရာမနဂါးတကောင်ကို ရင်ဆိုင်ရသည့်ပမာ ခံစားလိုက်ရပြီး တိုက်ရိုက်ပင် လွင့်စင်သွား၏။

သွေးများက ယဲ့ချိုးပိုင်၏နှုတ်ခမ်းထောင့်စွန်းကနေ စီးကျလာသည်။

သူ့တွင်သုတ်ရန်အချိန်မရှိ။

ဖဲကြိုးနှင့်ချည်မျှင်များက သူ့ကို ဆက်လက်လိုက်ဖမ်းနေသည်။

ယဲ့ချိုးပိုင်၏မျက်နှာက အနည်းငယ်အေးခဲသွားပြီး တတိယဓားဖြင့် ထိုးစိုက်လိုက်သည်။

ဓားဆန္ဒကမြည်ဟီးလာသည်။

အဆုံးမဲ့ဓားဆန္ဒက ကြယ်ကြွေဓား၌ စုစည်းလာပြီး နှစ်ခုစလုံးက ထပ်မံဆုံစည်းကြပြန်သည်။

ယခုတကြိမ်တွက် ယဲ့ချိုးပိုင်၏ဓားသိုင်းက ယခုဓားသိုင်းနှစ်ကွက်ထက် အားကောင်းလာသည်ကို ရေခဲဝိဉာဉ်ဂိုဏ်းမှ နတ်သမီးကခံစားနေရသည်။

"ဒါဘယ်လိုဓားသိုင်းမျိုးလဲ"

ဓားသိုင်းတခုက ဓားသိုင်းတခုထက်ပိုကောင်းသည်။

ရေခဲဝိဉာဉ်ဂိုဏ်းက ဤသိုင်းဧကရာဇ်အဆင့်နတ်သမီးက ကြယ်ကြွေဓားဧကရာဇ်ခေတ်ကမဟုတ်တာ သိသာထင်ရှားနေသည်။

ထို့ကြောင့် ကြယ်ကြွေဓားသိုင်းကို မသိလေရာ တုန်လှုပ်သွားသည်က ပုံမှန်သာ။

ယခုတကြိမ်တွင် ယဲ့ချိုးပိုင်ခြေငါးလှမ်းမျှသာ ဆုတ်လိုက်ရသည်။

ဖဲကြိုးနှင့်ချည်မျှင်များက အရင်ကကဲ့သို့ မရပ်မနားလိုက်မနေတော့ဘဲ ရပ်သွားကာ ယဲ့ချိုးပိုင်ထံ ဆက်လက်‌၀င်ရောက်သွား၏။

ချက်ချင်းဆိုသလို

စတုတ္ထဓား!

ပဉ္စမဓား!

.....

န၀မဓားသို့ ရောက်လာသောအခါ ပို၍တိုက်ခိုက်လေလေ ယဲ့ချိုးပိုင်က ပို၍ကြောက်မက်ဖွယ်ကောင်းလာလေလေဖြစ်လာသည်။

ထိုအချိန်တွင် ရေခဲဝိဉာဉ်ဂိုဏ်း၏နတ်သမီးက ခြေတလှမ်းပင်ဆုတ်လိုက်သည်။

သူမကိုယ်ထဲက ချီနှင့်သွေးများက ကြမ်းတမ်းစွာလှုပ်ရှားနေသည်။

ဤဓားချက်က သူမကိုအမှန်တကယ် နာကျင်စေခဲ့သည်။

သူမအလွန်အမင်းထိတ်လန့်သွားသည်။

ဒါက သိုင်းဧကရာဇ်တ၀င်အဆင့်ဓားကျင့်ကြံသူမှာ ရှိသင့်တဲ့စွမ်းအားလား!

ဤကိုးခုမြောက်ထိပ်တိုက်တွေ့‌ဆုံရာ၌ ယဲ့ချိုးပိုင်က အပြင်းအထန်ဒဏ်ရာမရလျှင်ပင် သူ့ကိုယ်ထဲက အော်ရာက အလွန်အမင်းကုန်ဆုံးနေသင့်သည်။

ယခုတွင်မူ သူမရှေ့က ဓားကျင့်ကြံသူက ပို၍ပင် သတ္တိရှိလာနေသည်။

ဓားသိုင်းက တဆင့်ထက်တဆင့်ပို၍ အားကောင်းလာသည်။

ခွန်အားကလည်း ထပ်မံတိုးတက်လာနေသည်။

သူ့၏ဓားချက်က ဘာအမှားအယွင်းမှ မရှိလေရာ သူမအဖို့ မည်သည့်အပြစ်အနာအဆာမှ ရှာမတွေ့နိုင်အောင်ဖြစ်နေသည်။

နယ်ပယ်အကြားက ကွာဟချက်ကို ခွန်အားဖြင့် ချိုးဖျက်ရန်ဟူသည်ကလည်း သူမအတွက် မဖြစ်နိုင်။

သူမတွေးတောနေသည်အထိ စောင့်မ‌နေတော့ဘဲ ယဲ့ချိုးပိုင်လက်ထဲက ကြယ်ကြွေဓားကို ထပ်မံမြှောက်ကာ ဆယ်ခုမြောက်ဓားချက်နှင့်အတူ သူမထံသို့ ပိုင်းဖြတ်လိုက်သည်။

ဤဓားချက်က ဓားဆန္ဒနှင့်အတူ ပထမဓားချက်ကိုးခုစလုံး၏စွမ်းအားကိုပါ စုစည်းထားသည်။

ဓားကျဆင်းလာသည်က ကြယ်တစင်းကဲ့သို့ လေးလံလှပြီး အဆုံးမဲ့ထက်ရှမှုနှင့်အတူ ရေခဲဝိဉာဉ်ဂိုဏ်းနတ်သမီးထံ ၀င်ရောက်သွားသည်။

နတ်သမီးကအနည်းငယ်အံကြိတ်ကာ လက်တံဆိပ်များကို တချိန်တည်းမှာပင် ဖန်တီးလိုက်စဉ် သူမရှေ့၌ ရေခဲ၏ မဟာအဓိပ္ပာယ်က ပေါ်လွင်လာသည်။

ထို့နောက်အတူတကွစြသဘ်းပာ ဧရာမရေခဲပြာကြာပန်းတခုကို ဖြစ်ပေါ်စေသည်။

လေထုအလယ်၌ လွင့်မြောနေသည့် ဖဲကြိုးနှင့်ပိုးချည်မျှင်များကလည်း ရေခဲပြာကြာပန်းကို ၀န်းရံလိုက်ကြသည်။

"ရေခဲကြာပန်း"

ဤနည်းစနစ်ထွက်လာသည်နှင့်တပြိုင်နက် ပတ်၀န်းကျင်အပူချိန်က သုညဒီဂရီအောက်ကျဆင်းသွား၏။

ဟင်းလင်းပြင်ထဲတွင် လေထုကရေခဲအဖြစ် သိပ်သည်းနေပြီး ပြုတ်ကျလာသည်။

အောက်က လူအုပ်ကကြည့်နေကြသည်။

ဤသည်က မိုးသီးမုန်တိုင်း စတင်ကျဆင်းလာသည့်အလားပင်။

ယဲ့ချိုးပိုင်၏ဓားက နီးကပ်လာလေပြီ။

ရေခဲဝိဉာဉ်ဂိုဏ်းနတ်သမီး၏ မှော်စွမ်းအင်ကလည်း သိပ်သည်းလာပြီး လက်နှစ်ဖက်ကို ပွတ်တိုက်လိုက်သည်။

ရေခဲပြာကြာပန်းပွင့်က ယဲ့ချိုးပိုင်ဆီသို့ ဦးတည်သွားသည်။

၎င်းကနေ စွမ်းအားကအဆက်မပြတ် ထွက်ပေါ်လာနေပြီး ယဲ့ချိုးပိုင်ကို နှလုံးသားထဲကနေ သေရေးရှင်ရေးကိုပင် ခံစားရစေသည်။

ယဲ့ချိုးပိုင်နှာခေါင်းရှုံ့ကာ ညင်သာစွာ အော်ဟစ်သည်။

"အာဒီကပ္ပဓားသိုင်း၊ ဓားလေးစင်း"

ရုတ်တရက်ဆိုသလို ဓားပိုင်နက်ထဲရှိ ဧရာမပုံရိပ်ယောင်ဓားက ရုတ်တရက် ပြိုကွဲသွားသည်။

ချက်ချင်းဆိုသလို ၎င်းက ဓားဆန္ဒများအဖြစ်ပြောင်းလဲကာ ကြယ်ကြွေဓား၌ စုဝေးလာကြသည်။

ကြယ်ကြွေဓားသိုင်းနှင့်အတူ အာဒိကပ္ပဓားသိုင်းစွမ်းအားပေါင်းစပ်ခြင်းက ယဲ့ချိုးပိုင်၏ ဓားစွမ်းအားကို အဆက်မပြတ် တိုးမြှင့်လာစေသည်။

သို့သော် ထို့အတွက်ကြောင့်ပင် ယဲ့ချိုးပိုင်၏ကိုယ်ထဲကအော်ရာက အရူးအမူးကုန်လမ်းသွား၏။

ဤဓားချက်ကိုသုံးရန်အတွက် အော်ရာအသုံးလေးကုန်ဆုံးခဲ့ကြသည်။

၎င်းကယူဆောင်လာသည့်စွမ်းအားကလည်း ထိုအော်ရာနှင့်ပင် တိုက်ရိုက်အချိုးကျသည်။

ထိုအခိုက်အတန့်၌ ကြယ်ကြွေဓားအပေါ်တွင် တောက်ပသည့်ဓားအလင်းတခုရှိနေပြီး ရုတ်တရက်ကျဆင်းလာကာ ရေခဲပြာကြာပွင့်ကို ပိုင်းဖြတ်ပစ်သည်။

ရုတ်ချည်းဆိုသလို ဓားဆန္ဒနှင့် ရေခဲဆန္ဒတို့က ပေါက်ကွဲသွားကြသည်။

ကျင့်ကြံခြင်းဆိုင်ရာအယူအဆနှစ်ခုက အဆက်မပြတ်ရှုပ်ထွေးလာပြီး အရှိန်ရလာကာ ပြိုင်ဘက်၏ခွန်အားကို တိုက်စားသွားသည်။

ဤသည်က ဘေးပတ်ပတ်လည်က လူတိုင်းကို အကျိုးသက်ရောက်မှုမရှိစေရန်အတွက် နောက်ဆုတ်သွားစေသည်။

ရေခဲဝိဉာဉ်ဂိုဏ်းက နတ်သမီးက ဆွံအနေသည်။

အခြေအနေရပ်က ‌နောက်ထပ်တုံ့ဆိုင်းလို့်ရတော့တာကို သူမသိလိုက်သည်။

အကယ်၍ ယဲ့ချိုးပိုင်ကိုသာ ထိုစွမ်းအားစုစည်းနေပုံရသည့် ဓားပညာရပ်ကို အမှန်တကယ် ပြသခွင့်ပေးလိုက်မည်ဆိုပါက အရှိန်ပြီးသွားသည်နှင့်တပြိုင်နက် သူမတွင် ဓားချက်ကိုလက်ခံရန်အတွက် ယုံကြည်မှုမရှိတော့ပါ။

ထို့ကြောင့် သူမ၏အောက်ခြေက လှုပ်ရှားမှုအဖြစ် ရေခဲပြာကြာပန်းပွင့်ကို ပစ်ပေါက်လိုက်သည်။

နယ်ပယ်တခုတည်းကလူများပင်လျှင် အေးခဲသွားနိုင်ချေရှိသော်လည်း ယဲ့ချိုးပိုင်က ဆန့်ကျင်ဘက်ပင် ချက်ချင်းအေးခဲမသွားသလို ပြိုင်ဆိုင်မှုတခုပင်ဖြစ်ပေါ်လာစေသည်။

ဒီဓားသိုင်းကျင့်ကြံသူ!

ကြယ်ကြွေဓားဂိုဏ်းမှာ ဂျီဂျီကလွဲပြီးတော့ ဒီလိုအစွမ်းထက်ဓားသမားတယောက် ရှိသေးတာလား!

ဤသည်သာအမှန်ဆိုပါက နှစ်ယောက်စလုံး စွမ်းရည်ပြည့်၀သွားသည့်အခါတွင် ကြယ်ကြွေဓားဂိုဏ်းအတွက် ပြန်လည် ရှင်သန်ရန် အချိန်ကျရောက်လာပေလိမ့်မည်။

ဤအချက်ကို ယဲ့ချိုးပိုင်လည်း တွေးမိသဖြင့် ရုတ်တရက်နောက်ဆုတ်သွားသည်။

သူက ကြောက်လန့်ခြင်းအတွက်ကြောင့်မဟုတ်ဘဲ နောက်ဆုတ်ရန်အတွက် ကနဦး ခြေလှမ်းလှမ်းလိုက်ခြင်းပင်။

ရေခဲပြာကြာပန်းက ထပ်မံလိုက်ဖမ်းလာသည်။

ယဲ့ချိုးပိုင်လက်ထဲကဓားကို ထပ်မံမြှောက်လိုက်စဉ် ရုတ်တရက်ပေါက်ကွဲသွား၏။

ဆယ့်တစ်ခုမြောက်ဓား!

ပထမဓားချက်ဆယ်ခု၏စွမ်းအားကို စုစည်းရင်း အာဒိကပ္ပဓားသိုင်း၏ ဓားချက်လေးခု၏ စွမ်းအားကိုပါ ဖြည့်စွက်လိုက်သောအခါ ဤသည်က ယဲ့ချိုးပိုင်၏ အားအကောင်းဆုံးဓားချက်ဖြစ်လာသည်။

အော်ရာသုံးစွဲမှုက အတော်လေးကြီးမားသည်။

သို့သော် ဤဓားချက်က ယူဆောင်လာသည့်စွမ်းအားကလည်း ရေခဲဝိဉာဉ်ဂိုဏ်းက နတ်သမီးကို မျက်နှာအရောင်အဆင်းပင် ပြောင်းလဲသွားစေသည်။

သူမမတွေးတောနိုင်သေးခင်မှာပင် ဓားချက်က ရေခဲပြာကြာပန်းပွင့်ကို ခုတ်ပိုင်းလိုက်ပြီဖြစ်သည်။

ဘန်း!

ဧရာမပေါက်ကွဲသံတခုထွက်လာပြီး ရေခဲအဓိပ္ပာယ်က စတင်အရှိန်ဖြင့်ထိုးတက်လာသည်။

ထိုကြာပန်းပွင့်၏အလယ်က ကြယ်ကြွေဓားကျဆင်းသွားသည့်နေရာဖြစ်သည်။

ထိုနေရာ၌ အက်ကြောင်းများစွာပေါ်လာပြီး စတင်ကြီးထွားလာကြ၏။

ယဲ့ချိုးပိုင် အသံတချက်ညီးရင်း လက်ထဲက ကြယ်ကြွေဓားဖြင့် ရှေ့တည့်တည့်သို့ ထပ်မံထိုးစိုက်လိုက်လေရာ ကြာပန်းပွင့်ထဲတွင် တိုက်ရိုက်ပင် နစ်မြှုပ်သွား၏။

အက်ကြောင်းများက ကြာပန်းမျက်နှာပြင်တခုလုံး၌ ပင့်ကူမျှင်များကဲ့သို့ ကြီးသထက်ပိုကြီးလာသည်။

ချက်ချင်းဆိုသလို ရေခဲဝိဉာဉ်ဂိုဏ်းနတ်သမီး၏ ထိတ်လန့်နေသည့်အကြည့်အောက်တွင် ဘန်းခနဲမြည်သံနှင့်အတူ ပြိုကွဲကြေမွကာ ရေခဲအပိုင်းအစများက လေဟာနယ်ထဲတွင် လွင့်စင်သွားကြ၏။

ကြာပန်းပေါက်ကွဲမှုက ရေခဲဝိဉာဉ်ဂိုဏ်းနတ်သမီးအား တန်ပြန်တုံ့ပြန်ခဲ့ပြီး ပါးစပ်အပြည့်သွေးတလုပ်အန်ကာ သူမမျက်နှာက အတော်လေးဖြူဖျော့သွားသည်။

ရင်ဘတ်ကိုတင်းတင်းဖိလျက် သူမရှေ့သို့ စိုက်ကြည့်လိုက်သည်။

ထိုစဉ် ယဲ့ချိုးပိုင်က အေးစက်စွာပင် ရှေ့သို့ ပြေး၀င်လာနေသည်။

ဤအခွင့်အလမ်းကို ယဲ့ချိုးပိုင်လက်မလွှတ်နိုင်ပေ။ ထို့ကြောင့် အောင်ပွဲကိုအသုံးချကာ တိုက်ခိုက်ခြင်းပင်။

တနည်းအားဖြင့် ခွေးကိုရေထဲရိုက်ချခြင်းဟုလည်းဆိုနိုင်သည်။

လူကြီးလူကောင်းတယောက်၏ အပြုအမူကိုပြသရင်း ပြိုင်ဘက်ကို အားပြည့်ပြီး ပြန်လည်တိုက်ခိုက်မည်ကို ခွင့်ပြုပေးသောသူက လူကြီးလူကောင်းမဟုတ်။

သောက်ရူးသာဖြစ်သည်။

ယဲ့ချိုးပိုင် ဤကဲ့သို့နိမ့်ကျသည့်အမှားမျိုးကို လုပ်မည်မဟုတ်။

သူက ရေခဲဝိဉာဉ်ဂိုဏ်း၏ နတ်သမီးထဲ ပြေး၀င်သွား၏။

တခြားတဘက်က တုံ့ပြန်ရန်အတွက် အချိန်မရှိသဖြင့် အထိတ်တလန့် နောက်တလှမ်းဆုတ်လိုက်မိပြီး မသိစိတ်ကပင် ဖဲကြိုးကို ကောက်ယူကာ ဤဓားချက်ကို ခုခံချင်နေသည်။

သို့သော် ဤသည်က ကြယ်ကြွေဓားသိုင်း၏ ဆယ့်ခုနှစ်မြောက်ဓားချက်ပေတည်း။

ဤဓားက ယခင်ဓားချက်ဆယ့်တစ်ခုလုံး၏ စွမ်းအားကိုစုစည်းထားပြီး တစ်ချက်တည်းဖြင့် ပိုင်းချလိုက်သည်။

ဖဲကြိုးနှင့်ပိုးချည်မျှင်များက ဓားဆန္ဒကြောင့် တိုက်ရိုက်ပင် အစစကွဲထွက်သွားသည်။

ယဲ့ချိုးပိုင်က ရေခဲဝိဉာဉ်ဂိုဏ်းနတ်သမီး၏ ရင်ဘတ်ကိုပင် ဓားနှင့်ထိုးပစ်ခဲ့လေသည်။

မယုံနိုင်ဖွယ်အကြည့်အောက်၌ အသက်ဓာတ်က အလျင်အမြန်ပင် ပျောက်ကွယ်လာသည်။

သိုင်းဧကရာဇ်နယ်ပယ်တ၀က်အဆင့်က သိုင်းဧကရာဇ်နယ်ပယ်ကျင့်ကြံသူကို သတ်ပစ်ခဲ့သည်။

ဤဖြစ်ရပ်က နယ်နိမိတ်မဲ့နယ်မြေ၌ အခြေအနေတရပ်ကို နှိုးဆွရန်သေချာနေလေပြီ။

အပိုင်း(361) coming။

ငါ့တပည့်တွေက ဘုရင်တွေ

All Chapters