← Chapters

#နောက်တနေ့အတွက် ကောင်းကင်အား ခိုးယူခြင်း#

Vol. 25 Ch. 361

#နောက်တနေ့အတွက် ကောင်းကင်အား ခိုးယူခြင်း#

Vol. 25 Ch. 361

လွန်ခဲ့သည့်နှစ်ရက်က လုချန်ရှန်းက ယဲ့ချိုးပိုင်ဆီကနေ စာတစောင်ရရှိခဲ့သည်။

ဤသတင်းစကားက လုချန်ရှန်းကို ခေါင်းမူးသွားစေသည်။

အကြောင်းအရာက အောက်ပါအတိုင်းပင်ဖြစ်သည်။

ဆရာ၊ ဒီရက်တွေအတွင်း ဘာတွေလုပ်နေလဲ!

ဒီတပည့် ဆရာ့ကိုအရမ်းသတိရနေပါတယ်!

ဒါပေမယ့် မကြာသေးခင်က နယ်နိမိတ်မဲ့နယ်မြေက ပထမတန်းစားအင်အားစုသုံးစုဟာ တခြားသူတွေကိုအနိုင်ကျင့်ခဲ့တယ်!

သူတို့က ဂျူနီယာညီလေးရလာခဲ့တဲ့ ပစ္စည်းကို အရလိုချင်ကြတယ်!

နှစ်ရက်ကြာပြီးတာနှင့် သူတို့လူသတ်ပြီး ပစ္စည်းလုဖို့ လာကြလိမ့်မယ်!

ဆရာကူညီဖို့ ဒီတပည့်မျှော်လင့်ပါတယ်!

.....

.....

တခဏမျှတိတ်ဆိတ်နေပြီးနောက် လုချန်ရှန်း နဖူးကိုပွတ်လိုက်သည်။

ဘေးက လျိုကျိယုက အံ့သြသင့်သွားသည်။

"စီနီယာလု၊ ဘာတွေများ စိတ်မသာမယာဖြစ်နေတာလဲ"

လုချန်ရှန်းအဖြေမပေးဘဲ သူ့ကိုယ်သူသာ ပြောနေသည်။

"ငါသိပါတယ်၊ ငါသိပါတယ်"

"မင်းတို့အဲဒီကိုသွားမှတော့ ပြဿာနာဖြစ်ကြတော့မှာပေါ့၊ ဟုတ်တယ်မလား"

"ပြဿာနာဖြစ်တဲ့အကြိမ်တိုင်း အရမ်းအရမ်းကြီးလာတတ်တာလေ"

"မင်းတို့ရောအဆင်ပြေကြလား၊ ငါလည်းမင်းတို့ကို သတိရတယ်ကွ"

ချက်ချင်းဆိုသလို လုချန်ရှန်းစိတ်ပြောင်းကာ သက်ပြင်းချသည်။

"မေ့လိုက်တော့၊ ပြဿာနာဖြစ်ဖို့ အချိန်အများကြီးယူခဲ့ရတယ်၊ ဒီတော့ ဒါကို တိုးတက်မှုအဖြစ် ရှုစားလို့ရတာပေါ့"

ဘေးကလျိုကျိယုက လုချန်းရှန်းကိုယ့်ကိုကိုယ်ပြောနေသည်ကို နားဆင်နေသည်။

ထို့နောက် ဘာဖြစ်နေသလဲ‌ဆိုတာ သူနားလည်သွားသည်။

သူကကြက်သေသေလျက် ရီနေမိသည်။

စီနီယာခုကဲ့သို့အလွန်အမင်းသန်မာသည့် လူမျိုးကို ယခုလိုခေါင်းကိုက်သည့် ဝေဒနာပေးနိုင်စွမ်းရှိသူများက သူ့တပည့်များသာဖြစ်သည်။

"ခင်ဗျားကျုပ်ကိုသွားစေချင်လား"

ဘေးကလျိုကျိယုက အကြံပြုသည်။

"ကျုပ်က အဆင့်နိမ့်လတ္တီကျူပိုင်နက်က လူတွေကို ကိုင်တွယ်သင့်တယ်၊ စီနီယာအတွက်တော့ ဒါက အလဟာဿလိုဖြစ်နေလိမ့်မယ်"

လုချန်ရှန်းချက်ချင်းခေါင်းခါယမ်းသည်။

ဤသည်ကယဲ့ချိုးပိုင်တို့ကို ကူညီရန်အတွက်ဖြစ်သော်လည်း မည်သို့ပင်ဆိုစေကာမူ သူတို့က သူ့တပည့်များသာ။

လျိုကျိယု ယဲ့ချိုးပိုင်ကိုကူညီခြင်းက လုချန်ရှန်းကို ကူညီနေခြင်းပင်။

ဤကျေးဇူးအတွက် အကြွေးတခုလည်း တင်သွားရ‌ပေလိမ့်မည်။

ထို့ကြောင့် လုချန်ရှန်း ဤငါးစာ၌ လာဟပ်နိုင်နည်နည်း။

လျိုကျိယု လက်အစုံကို အကူအညီမဲ့စွာ ဖြန့်လိုက်သည်။

လုချန်ရှန်း အာကာသယာဉ်အခင်းအကျင်းကို တချက်ကြည့်ကာ အကူအညီမဲ့စွာပြောသည်။

"ကြည့်ရတာ ငါတို့သွားဖို့လိုနေပြီ"

....

တခြားတဘက်တွင် ယဲ့ချိုးပိုင်တို့သုံးယောက်က အောင်မြင်စွာ တိုးတက်ခဲ့ကြသော်လည်း ပထမတန်းစားအင်အားစုသုံးစုက သိုင်းဧကရာဇ်အဆင့်မည်မျှပင် စေလွှတ်ခဲ့လေသနည်း။

သူတို့ထဲကသိုင်းဧကရာဇ်နယ်ပယ်က အလယ်အလတ်အဆင့်ကနေ နောက်ဆုံးအဆင့်ထိ စွမ်းအားရှင်များကလည်း မလုံလောက်ခြင်းမရှိပါ။

ထိုကဲ့သို့အားကောင်းသောသူများအတွက်မူ ယဲ့ချိုးပိုင်တို့အနည်းငယ်တွန့်ဆုတ်နေမိသည်။

သိုင်းဧကရာဇ်နယ်ပယ်သို့ ရောက်လာပြီးနောက် သေးငယ်သည့်နယ်ပယ်တိုင်းတွင်ပင် အလွန်အမင်းကြီးမားသည်။

ယနေ့တွင် သိုင်းဧကရာဇ်နယ်ပယ်အစောပိုင်းအဆင့်ရှိသည့် ရှီရှန်းကသာ သိုင်းဧကရာဇ်နယ်ပယ် အလယ်အလတ်အျင့်များနှင့် ယှဉ်ပြိုင်နိုင်သည်။

ယဲ့ချိုးပိုင်နှင့်ရှောင်ဟိုင်တို့က သိုင်းဧကရာဇ်တ၀က်အဆင့်သာရှိကြသေးသဖြင့် ကြယ်ကြွေဓား၊ သို့မဟုတ် နတ်ဆိုးဘုရင်တို့ကိုသာ အသုံးမပြုပါက သတ်နိုင်မည်ပင်မဟုတ်။

ဤအချက်ကြောင့်လည်း ကြယ်ကြွေဓားဂိုဏ်းဘက်က တဖြည်းဖြည်းဆုတ်ခွာနေရသည်။

အပေါ်တွင် ပိုင်ချီကိုင်သည် ကျန်းယွန်ဇောင်နှင့် တိုက်ခိုက်နေသည်။

လမ်းတ၀က်၌ ပိုင်ချီကိုင်က အောက်က အခြေအနေကိုစိုက်ကြည့်ကာ လှောင်ပြောင်လိုက်သည်။

"ကြည့်ရတာ အနိုင်အရှုံးက ဆုံးဖြတ်ပြီးသွားပုံပဲ"

ကျန်းယွန်ဇောင်ကလည်း ဓားဖြင့် ခုတ်ပိုင်းလျက် အေးစက်စွာပြောသည်။

"မသေချာသေးပါဘူး"

သို့သော် သူ့မျက်နှာကအနည်းငယ် ကြည့်ရဆိုးနေခဲ့သည်။

"ကျုပ်ခင်ဗျားကို ဒီလူသုံးယောက်ကို လွှဲပေးဖို့အတွက် ပြောနေခဲ့တာကြာပါပြီ၊ ဒီလိုဖြစ်မယ်ဆိုတာသိနေတာတောင် ဘာလို့ လုပ်ခဲ့သေးတာလဲ"

ကျန်းယွန်ဇောင်က ပိုင်ချီကိုင်ကို ဓားဖြင့် အဝေးသို့ ခါထုတ်ပစ်ကာ ဓားဆန္ဒက သူ့ကိုယ်ထဲတွင် အရူးအမူးထိုးတက်လာသည်။

"ကြယ်ကြွေဓားဂိုဏ်းက ဒီလိုလူရောင်းတဲ့ အလုပ်မျိုးကို လုပ်မှာမဟုတ်ဘူး"

"ဖျက်ဆီးခံရမယ်ဆိုရင်တောင်ပေါ့"

ကျန်းယွန်ဇောင်လေးနက်စွာခေါင်းညိတ်သည်။

"ဖျက်ဆီးခံရမယ်ဆိုရင်တောင်ပေါ့"

ကျန်းယွန်ဇောင်၏အဖြေကို လက်ခံရရှိသောအခါ ပိုင်ချီကိုင်ကလည်း တိတ်ကျသွားပြီး စကားထပ်မပြောတော့ပါ။

ယခုလိုလူမျိုး၊ ယခုလိုဂိုဏ်းအတွက် တခြားအရာများက အသုံးမဝင်တာ သူသိသောကြောင့်ပင်။

တခုတည်းသော ဖိနှိပ်ရန်အတွက်နည်းလမ်းက မိုးကြိုးပမာတားဆီခြင်းပင်။

အထက်တွင် ဧရာမပုံရိပ်ယောင်စစ်တုရင်ဘုတ်ပြားပေါ်၌ ပစ္စည်းလေးဆယ်ထည့်ထားသည်။

ယခုတွင်မူ အသာစီးရနေသည်က လှံနတ်ဘုရားဂိုဏ်းချုပ်ဖြစ်သည်။

"ဒီတကြိမ်မင်းဘယ်လိုခုခံမှာလဲ"

ကျန်းဝူဖန်းတိတ်ဆိတ်နေကာ စစ်တုရင်ဘုတ်ပြားကို အနီးကပ်စိုက်ကြည့်နေသည်။

ဘုတ်ပြားပေါ်၌ လှံနတ်ဘုရားဂိုဏ်းချုပ်၏ စစ်တုရင်အပိုင်းအစများက ထက်မြက်မှုကို ပြသနေပြီး ကျန်းဝူဖန်း၏ စစ်တုရင်အပိုင်းအစများကို သုံးဘက်ဆိုင် တင်းတင်း၀န်းရံထားသည်။

မည်သည့်လှုပ်ရှားမှုကို လုပ်ပါစေ ပြိုင်ဘက်၏ အနက်ရောင်စစ်တုရင်က သူ့ကို ဝါးမြိုမည်သာ။

အဖြူရောင်အပိုင်းအစများက မရှိသလောက်ပင် အနည်းငယ်မျှသာ ကျန်နေသည်။

"ဒီပွဲက အပြီးသတ်လို့ပြောလို့ရနေပြီ"

ကျန်းဝူဖန်းအဖြေမပေးသေးဘဲ စစ်တုရင်ပြားကိုသာကြည့်နေသည်။

အပြီးသတ်က ဆုံးဖြတ်ပြီးလျှင်ပင် အဲဒီထဲကနေ ထိုးထွက်ကာ အပြီးသတ်အခြေအနေကို ချိုးဖျက်မည့် လျှို့ဝှက်နည်းလမ်းတခုရှိလိမ့်မည်ဟု သူယုံကြည်သည်။

မြောက်ရိပ်ဓားအစီအရင်ကို စီစဉ်နေဆဲဖြစ်ပြီး မြောက်ရိပ်ဓားကြယ်ခုနှစ်လုံးထဲက သုံးလုံးကို ချိတ်ဆက်ပြီးဖြစ်သည်။

မြောက်ရိပ်ဓားကိုပါ အတူတကွချိတ်ဆက်ခြင်းဖြင့်သာ တကယ့်အစစ်အမှန်ကို ထုတ်လွှတ်ပေးပေလိမ့်မည်။

အင်အားစုသုံးစု၏ စုပေါင်းအင်အားစုများက မြောက်ရိပ်ဓားအစီအရင်ကို ဤကဲ့သို့ စောင့်ကြည့်နေမည်မဟုတ်သည်မှာ သိသာထင်ရှားနေသည်။

တခဏအကြာတွင် တိုက်ခိုက်မှုက ပို၍ပို၍ပင်ပြင်းထန်လာသည်။

ဘယ်ဘက်တွင် ဂျီဂျီက ဆယ်မီတာကျော်အထိ တွန်းပို့ခံရသည်။

သူကသွေးတလုပ်အန်ထုတ်လိုက်သည်။

သူ့ပြိုင်ဘက်က သိုင်းဧကရာဇ်နယ်ပယ် အလယ်အလတ်အဆင့်စွမ်းအားရှင်ဖြစ်သည်။

"မင်းကအရမ်းတော်တယ်၊ ဒီလိုနယ်ပယ် ကွာဟချင်နဲ့တောင် မင်းငါ့ကိုမသေသေးဘဲနဲ့ ယှဉ်နိုင်နေတုန်းပဲ"

ဂျီဂျီအဖြေမပေးဘဲ ဘေးက ယဲ့ချိုးပိုင်ကိုသာကြည့်လိုက်သည်။

"ဒီလိုသာဆက်သွားနေမယ်ဆိုရင် ကျုပ်ဆက်ပြီးခံနိုင်မှာမဟုတ်တော့ဘူး"

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။

အကယ်၍ပိတ်ဆို့မှုကို ချိုးဖျက်ချင်ပါက ကြယ်ကြွေဓားကိုပင် အသုံးပြုလျှင်ပင် အလုပ်ဖြစ်မည်မဟုတ်ပေ။

ကြယ်ကြွေဓားကိုသုံးခြင်းဖြင့် သိုင်းဧကရာဇ်နယ်ပယ် အလယ်အလတ်အဆင့် တစ်ယောက်နှစ်ယောက်ကိုသာ တတ်နိုင်ပေလိမ့်မည်။

နောက်ဆက်တွဲအနေဖြင့် ယဲ့ချိုးပိုင်ကလည်း တိုက်ခိုက်ရေးစွမ်းအားကို ဆုံးရှုံးခဲ့ရသည်။

ကြယ်ကြွေဓားကိုအသုံးပြုခြင်းက ‌အော်ရာကို အကြီးအမားကုန်ဆုံးစေရုံတင်မက စွမ်းအင်ပို၍စားသုံးသည်။

လုချန်ရှန်း၏ဆေးလုံးကို စားသုံးခြင်းက ဝိဉာဉ်ကို ပြန်လည်ဖြည့်စွက်ပေးနိုင်စွမ်းမရှိပါ။

ထိုအချိန်တွင် ရှီရှန်းကလည်း ယဲ့ချိုးပိုင်ဘေးသို့ဆုတ်လာပြီး ပြောသည်။

"အစ်ကိုကြီး၊ ကျွန်တော်ကြိုးစားကြည့်နိုင်တယ်"

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။

"မင်းဘာလိုအပ်လဲ"

"နိယာမကို အသပ်ရှုကြိမ်ဆယ်ကြိမ်အတွင်းမှာ ကာကွယ်ဖို့ ကျွန်တော့်ကို ကူညီပေးပါ"

"ကောင်းပြီ"

ယဲ့ချိုးပိုင်ပေါက်တတ်ကရပြောမနေတော့ဘဲ ဤကိစ္စကို အသိပေးရန်အတွက် ရှောင်ဟိုင်ထံ အသံပို့လွှတ်လိုက်သည်။

နှစ်ဦးစလုံးက ရှီရှန်းရှေ့တွင်ရပ်ကာ သူ့ကို ကာကွယ်လိုက်ကြသည်။

သူတို့က မေးမြန်းစရာပင်မလိုဘဲ ရှီရှန်းကို တစ်ရာရာခိုင်နှုန်းယုံကြည်ကြသည်။

ဤသည်ကိုမြင်သောအခါ ရှီရှန်းမျက်လုံးအစုံမှိတ်လိုက်သည်။

၀မ်းဗိုက်အောက်က ကြယ်တာရာကောင်းကင်ဒန်တျန်က ကြယ်တာရာကောင်းကင်၏ ဆိုလိုရင်းနှင့်အတူ ထိုးထွက်လာသည်။

ကြယ်တာရာကောင်းကင်၏ ဤဧရာမစွမ်းအားက မရေမတွက်နိုင်လောက်သော သူများကို အထိတ်တလန့်ဘေးဖယ်သွားစေသည်။

ကြယ်စွမ်းအားက ကောင်းကင်ပေါ်သို့ ထိုးတက်လာသည်။

မူလက ပူပြင်းသောနေ့တစ်နေ့ဆိုသော်လည်း ထိုအခိုက်အတန့်၌ ပါးလွှာသည့်လေထုအလယ်တွင် တဖျပ်ဖျပ် လင်း၀င်းနေသည့် ကြယ်တစ်စင်းပေါ်လာသည်။

"ကောင်းကင်ကိုခိုးယူပြီး နေ့ရက်ကို ပြောင်းလဲခြင်း...."

ပရမ်းပတာကြယ်မှတ်တမ်းက ပိုင်နက်နည်းစနစ်!

ရုတ်တရက် ကောင်းကင်က စတင်မှောင်မိုက်လာသည်။

ကြယ်သေးသေးလေးများက ကောင်းကင်၌ အစက်အပျောက်များအဖြစ် ရှိနေသည်။

ကြယ်စွမ်းအားက ကျဆင်းလာနေသည်။

ဖိနှိပ်ခြင်းစွမ်းအားက ဤလေဟာနယ်ထဲတွင် ဟစ်ကြွေးနေသည်။

အစမှာပင် ရှီရှန်း၏မျက်နှာက ချက်ချင်းဖြူဖျော့သွား၏။

ဤတာအိုနယ်ပယ်ကို ရှီရှန်း ကြယ်ဗဟိုချက်ကို စုပ်ယူပြီးသည့်အခါ‌တွင်သာ တုံ့ဆိုင်းတုံ့ဆိုင်းသုံးနိုင်ခဲ့ခြင်းပင်။

ဤနယ်ပယ်ပေါ်လာသည်နှင့် အဆင်မပြေမှုကို အားကောင်းသည့်လူတယောက်က စတင်သတိထားမိသည်။

တစ်ယောက်ပြီးတစ်ယောက် သူတို့မှားနေတာကို သဘောပေါက်သွားကြသဖြင့် ရှီရှန်းထံပစ်၀င်သွားကြ၏။

ယဲ့ချိုးပိုင်နှင့်ရှောင်ဟိုင်တို့ကလည်း တချိန်တည်းမှာပင် ပြေးသွားကာ သူတို့နှင့် တွေ့ဆုံလိုက်ကြသည်။

ဘေးကဂျီဂျီကလည်းရပ်မနေတော့ဘဲ အော်ဟစ်လိုက်သည်။

"ရှီရှန်းကို ကာကွယ်ကြ"

စကားပြောပြီးသည်နောက် သူကလည်း လက်ထဲကဓားကိုမြှောက်ရင်း ကိုယ်ထဲရှိ ပြင်းထန်သည့်ဒဏ်ရာများကို လျစ်လျူရှုကာ ပြေး၀င်သွား၏။

အသက်ရှူကြိမ်ဆယ်ကြိမ်စာမျှအချိန်က အတော်လေးတိုတောင်းပုံရသော်လည်း ယခုလိုတိုက်ပွဲမျိုး၌ အတော်လေးကြာသည်။

အသက်ရှုကြိမ်တကြိမ်က တိုက်ပွဲဒီရေကိုပြောင်းလဲပစ်နိုင်သည်။ ဆယ်ကြိမ်ဆိုသည်ကမူ ပြောနေစရာပင်မလိုတော့။

တခဏအတွင်း ရှီရှန်းရှေ့တွင် နှစ်ဘက်ကလူများက အရူးအမူးစတင်တိုက်ခိုက်ကြသည်။

စိတ်ဓာတ်တက်ကြွလာခြင်း!

သိုင်းဧကရာဇ်နယ်ပယ်နောက်ဆုံးအဆင့် စွမ်းအားရှင်တစ်ယောက်က ပြိုင်ဘက်ဆီကနေ ပြေးထွက်ကာ လက်ဝါးချက်တစ်ချက် ပစ်လွှတ်လိုက်သည်။

ယဲ့ချိုးပိုင်နှင့်ရှီရှန်းတို့ကလည်း တချိန်တည်းမှာပင် ပစ်လွှတ်လိုက်ကြ၏။

အာဒိကပ္ပဓားသိုင်း၊ အကြွင်းမဲ့ဓားလေးစင်း!

နတ်ဆိုးဘုရင်ဆင်းသက်လာခြင်း!

နှစ်ခုလုံးကစုဆုံသွားစဉ် ချက်ချင်းဆိုသလို ယဲ့ချိုးပိုင်နှင့်ရှောင်ဟိုင်တို့ကလည်း လွင့်စင်သွားကြပြီး သွေးအန်လိုက်ကြရသည်။

ထိုအခိုက်အတန့်မှာပင် ဖိနှိပ်ခြင်းစွမ်းအားများစွာက လေဟာနယ်ကနေ ဆင်းသက်လုသည်။

ရန်သူအားလုံး၌ သူတို့၏အဆင့်၊ အမြန်နှုန်းနှင့် သူတို့ခွန်အားအလုံးစုံက အနည်းနှင့်အများဖိနှိပ်ခံလိုက်ရသည်။

အပိုင်း(362) coming။

ငါ့တပည့်တွေက ဘုရင်တွေ

All Chapters