← Chapters

#မုဖူရှန်းရောက်လာခြင်း#

Vol. 25 Ch. 362

#မုဖူရှန်းရောက်လာခြင်း#

Vol. 25 Ch. 362

နေ့တာ၏ကောင်းကင်ကိုပြောင်းလဲကာ ပရမ်းပတာကြယ်မှတ်တမ်းတွင် မှတ်တမ်းတင်ထားသည့် ပိုင်နက်နည်းစနစ်တခုကို အသုံးပြုခြင်း!

မှတ်တမ်းဖော်ပြချက်အရ ဤနယ်ပယ်နည်းပညာက အရာအားလုံးအပေါ် ဖိနှိပ်သည့်လုပ်ဆောင်မှုရှိသည်။

ထို့ထဲတွင် နယ်ပယ်နှင့်ရုပ်ပိုင်းဆိုင်ရာခန္ဓာလည်းပါ၀င်သည်။

ယနေ့တွင် ရှီရှန်းက အကောင်းဆုံးသက်ရောက်မှုကို မရနိုင်သော်လည်း ဤသည်ကိုသုံးစွဲရန် တွန့်ဆုတ်နေခဲ့သည်။

သို့သော် သုံးသောအခါ သိုင်းဧကရာဇ်နယ်ပယ်နောက်ပိုင်းအဆင့် စွမ်းအားရှင်ပင်လျှင် အတိုင်းအတာတခုအထိ ဖိနှိပ်ခံရသည်။

ကြယ်ကြွေဓားဂိုဏ်း၏နံဘေးတွင် ဖိအားက ပြင်းထန်စွာကျဆင်းသွား၏။

သိုင်းဧကရာဇ်နယ်ပယ်နောက်ဆုံးအဆင့် စွမ်းအားရှင်တစ်ယောက်က ဤမြင်ကွင်းကို မျက်စိပျက်မျက်နှာပျက်ကြည့်ကာ ပြောလိုက်သည်။

"ကြယ်စွမ်းအားက သူ့ရဲ့ဂုဏ်သတင်းနဲ့ တကယ်ကိုက်ညီလိုက်ဖက်တာပဲ"

ဤလူက လှံနတ်ဘုရားဂိုဏ်း၏ အကြီးအကဲတစ်ဦးဖြစ်ပြီး မူလက သိုင်းဧကရာဇ်နယ်ပယ် နောက်ဆုံးအဆင့်စွမ်းအားရှင်ဖြစ်သည်။

ကောင်းကင်ကိုခိုးယူကာ နေ့တာကို ပြောင်းလဲစေသည့် နယ်ပယ်ဖိနှိပ်မှုအောက်တွင် နယ်ပယ်က သိုင်းဧကရာဇ်နယ်ပယ် အလယ်အလတ်အဆင့်သို့ ကျသွား၏။

ယခုလိုအစွမ်းထက်ပိုင်နက်စွမ်းရည်က ကျောက်တုံးများစွာကို ကုန်ခမ်းစေသည်။

နယ်ပယ်ကိုထိန်းသိမ်းရင်း ရှီရှန်း လုံချန်မြို့ကယူလာခဲ့သည့် ကြယ်ကျောက်တုံးများ၏ ကြယ်စွမ်းအားကို ထိတ်ထိတ်ပျာပျာပင် စုပ်ယူနေသည်။

ဤသည်ကိုမြင်သောအခါ လှံနတ်ဘုရားဂိုဏ်း၏ အကြီးအကဲက နောက်ထပ်တုံ့ဆိုင်းမနေတော့ပါ။ သူသိလိုက်ပါပြီ။

ရှီရှန်းကို တတ်နိုင်သမျှမြန်မြန် ရှင်းထုတ်ပစ်ရပေမည်။

ဤနည်းလမ်းဖြင့်သာ သူတို့က ဤနယ်ပယ်ကို ချိုးဖျက်နိုင်ပေလိမ့်မည်။

လက်ထဲက လှံကိုမြှောက်ရင်း သူတချက်တည်းနှင့် ထိုးဖောက်လိုက်သည်။

လှံ၏ဆိုလိုရင်းက လှံဆန္ဒနှင့်အတူ နဂါးတကောင်အဖြစ်ပြောင်းလဲသွားပုံရသည်။

တချက်ဟိန်းရင်း ရှီရှန်းဆီသို့ပြေး၀င်သွား၏။

ယဲ့ချိုးပိုင်နှင့်ရှောင်ဟိုင်တို့က ရှေ့တက်ကာ ရှီရှန်းဆီသို့ တိုက်ရိုက်သွားလိုက်ကြသည်။

ယဲ့ချိုးပိုင် ကြယ်ကြွေဓားကို လက်ထဲတွင် ကိုင်ထားပြီး အာဒိကပ္ပဓားလေးစင်းသိုင်းက ဓားဆန္ဒအမျှင်တန်းများအဖြစ် ပြောင်းလဲသွားပြီး ဓားကိုရစ်ပတ်ကြသည်။

ထို့နောက် သူကဓားနှင့်ပိုင်းချလိုက်သည်။

တခြားတဘက်တွင် ရှောင်ဟိုင်ကလည်း လုံး၀ထိန်ချန်ထားခြင်းမရှိပါ။

နတ်ဆိုးစွမ်းအင်ဖြင့်၀န်းရံစေပြီး သူ့နောက်တွင် ကြောက်စရာကောင်းသည့် နတ်ဆိုးဘုရင်တစ်ဦးအဖြစ် သိပ်သည်းဖြစ်ပေါ်လာစေကာ လက်သီးဖြင့် တချက် ထိုးနှက်လိုက်သည်။

နတ်ဆိုးဘုရင်ဆင်းသက်လာခဲ့သည်။

ဘန်း!

သူတို့၏တိုက်ချက်များကစုဆုံသွားကြ၏။

အသက်ရှုသံများရပ်သွားသည့်အလား။

ယခုတကြိမ်တွင် ယဲ့ချိုးပိုင်တို့က တိုက်ရိုက်တွန်းထုတ်မခံရပေ။

ကောင်းကင်ကိုခိုးယူကာ နေ့တာကိုပြောင်းလဲစေသည့် ဖိနှိပ်မှုနယ်ပယ်အောက်၌ ဤလှံနတ်ဘုရားဂိုဏ်း အကြီးအကဲ၏ခွန်အားက သိုင်းဧကရာဇ်နယ်ပယ်အလယ်အလတ်အဆင့်အထိ ကျဆင်းသွားခဲ့သည်။

နှစ်ဦးစလုံးက ခွန်အားအလုံးစုံကို ထုတ်လွှတ်လိုက်ကြသည်။

သူတို့ကယှဉ်နိုင်ပါသေးသည်။

လှံနတ်ဘုရားဂိုဏ်း၏အကြီးအကဲက အေးစက်စွာနှာခေါင်းရှုံ့လိုက်သော်လည်း တိုက်ခိုက်မှုကို မတားဆီးခဲ့ပေ။

သူ့လက်ထဲကလှံက လွှဲယမ်းလာသည်။

လှံက နဂါးတကောင်အဖြစ် ပြောင်းလဲသွားပြီး ဧရာမအမြီးဖြင့် ရုတ်တရက် ရိုက်ချကာ အမြီးကို လှုပ်ယမ်းလိုက်သည်။

ယဲ့ချိုးပိုင် ကြယ်ကြွေဓား၏ဓားလက်ကိုင်ကို ကိုင်ထားသည်။

ရှောင်ဟိုင်ကဒေသတကြီးဟိန်းလိုက်စဉ် သူ့အသားအရေမျက်နှာပြင်ရှိ လှိုင်းသုံးကြောင်းက တချိန်တည်းမှာပင် လှုပ်ရှားသွား၏။

သူ့နောက်တွင် နတ်ဆိုးဘုရင်က မှော်တင်းပုတ်တခုကိုကိုင်ကာ ရိုက်ချလိုက်သည်။

ဤသည်ကကမ္ဘာကြီးကို ဖျက်ဆီးနေသည့်အလားပင်။

ဤတိုက်ခိုက်မှုသုံးခုအောက်တွင် လေဟာနယ်က အဆက်မပြတ်တုန်ခါနေသည်။

တခြားတဘက်တွင် ကြယ်ကြွေဓားဂိုဏ်း၏ အကြီးအကဲများက ရန်သူများတိုက်ခိုက်ခြင်းကနေ ရှီရှန်းကို ကာကွယ်ပေးနေကြသည်။

ဤမြင်ကွင်းကိုကြည့်ရင်း စစ်တုရင်ပြားပေါ်က ကျန်းဝူဖန်းက ခပ်ပေါ့ပေါ့ရယ်ကာ နောက်ဆုံးတွင် အဖြူရောင်စစ်တုရင်ရုပ်ကို ကိုင်ရင်း ရုတ်တရက် ချလိုက်သည်။

"လမ်းဆုံးဆိုရင်တောင် ထွက်ပေါက်တခုတော့ရှိရမယ်"

လှံနတ်ဘုရားဂိုဏ်းချုပ်၏မျက်နှာက အနည်းငယ်မည်းမှောင်သွားသည်။

"အဲတော့ရောဘာဖြစ်လဲ၊ ဒါက ခဏတာ နှောင့်နှေးမှုတခုပါပဲ၊ အဆုံးသတ်ကတော့ တူညီနေဆဲပါပဲ"

ချက်ချင်းဆိုသလို သူက စစ်တုရင်နက်ကို လှုပ်ရှားကာ အဖြူရောင်စစ်တုရင်ကို လွှမ်းမိုးလိုက်သည်။

လှံနတ်ဘုရားဂိုဏ်း၏ အကြီးအကဲက မှန်ပေသည်။

ကျန်းဝူဖန်း နှလုံးသားထဲကနေ လေးလံမှုကိုခံစားနေရသည်။

ရန်သူ၏နယ်ပယ်ကဖိနှိပ်ခံရပြီး ကောင်းကင်ကိုခိုးယူနေသည့် အခြေအနေပောက်၌ ကျဆင်းသွားလျှင်ပင် ဤသည်က ယာယီအတွက်သာ။

ဤသည်ကို မြောက်ရိပ်ဓားအစီအရင်ထဲ ဆွဲယူခြင်းက ပို၍အနာတရဖြစ်လာစေလိမ့်မည်။

သို့သော် ပထမတန်းစားအင်အားစုသုံးခုပူးပေါင်းသောအခါ လူမည်မျှပင် ဤနေရာ၌ရှိနေလေသနည်း။

မြောက်ရိပ်ဓားအစီအရင်က တိုက်ပွဲရေစီးကြောင်းကို ပြောင်းလဲစေနိုင်မည့် နည်းလမ်းတခုမဟုတ်သေးပါ။

ထွက်ပေါက်ကဘယ်မှာလဲ!

ကျန်းဝူဖန်းမသိပေ။

သူအချိန်ဆွဲထားရန်ကိုသာ ရွေးချယ်နိုင်သည်။

အချိန်မဆွဲထားပါက အဆုံးသတ်က အမြန်ရောက်လာပြီး ပျက်စီးသွားရပေလိမ့်မည်။

.....

ယဲ့ချိုးပိုင်၊ ရှီရှန်းနှင့် တခြားသူများ၏ အပြည့်အ၀တားဆီးမှုအောက်တွင် ကောင်းကင်ပေါ်၌ ကြယ်ခုနှစ်ပွင့် လင်း၀င်းလာသည်။

ကြယ်ကြွေဓားဂိုဏ်းအပေါ်ယံကောင်းကင်၌ ဓားဆန္ဒများက အရူးအမူးထိုးတက်ရင်း အဆက်မပြတ် အသံမြည်ဟီးနေသည်။

ဓားဆန္ဒက ဓားပင်လယ်တခုအဖြစ် ပြောင်းလဲကာ ပေါင်းစည်းတပ်ဖွဲ့သုံးခုထံ ၀င်ရောက်သွား၏။

မြောက်ရိပ်ဓားအစီအရင်!

ရှီရှန်း၏ကိုယ်က မောပန်း‌နွမ်းနယ်နေပြီဖြစ်ကာ ကောင်းကင်က ထပ်တဖန်နေ့ဘက်သို့ ရောက်သွားပြီး ကြယ်များကပျောက်ကွယ်သွားသည်။

ထိုအချိန်တွင် ပထမတန်းစားအင်အားစုသုံးစုက အစွမ်းထက်သိုင်းဧကရာဇ်နောက်ဆုံးအဆင့်များက တန်းစီကာ တဦးချင်းစီ တိုက်ခိုက်ရင်း ကြောက်မက်ဖွယ်ဓားဆန္ဒဖြင့် ပြည့်နှက်နေသည့် ဤဓားပင်လယ်ကို ခုခံရန် ကြိုးစားနေသည်။

သို့စေကာမူ ဤမျှထိကြိုးစားအားထုတ်ထားသည့် မြောက်ရိပ်ဓားအစီအရင်ကို ကာကွယ်ရန်ဟူသည် မည်သို့လွယ်ကူမည်နည်း။

၎င်းက သိုင်းဧကရာဇ်နယ်ပယ်နောက်ဆုံးအဆင့်ကို ထိခိုက်အောင် မလုပ်နိုင်သော်လည်း ဓားအခင်းအကျင်း၏ စွမ်းအားက သိုင်းဧကရာဇ်နယ်ပယ် နောက်ဆုံးအဆင့်စွမ်းအားရှင်များ၏ ပူးတွဲကာကွယ်မှုကို ကျော်ဖြတ်ကာ ရူးသွပ်မှုက စုပေါင်းအင်အားစုများထံ ‌ကျရောက်သွား၏။

အော်သံများထွက်ပေါ်လာသည်။

မရေမတွက်နိုင်လောက်သော နတ်ဘုရားတ၀က်နယ်ပယ်နှင့် သိုင်းဧကရာဇ်တ၀က်နယ်ပယ်များက ခေါင်းဖြတ်ခံရသည်။

ဤမြင်ကွင်းကိုမြင်သောအခါ ပိုင်ချီကိုင် သူ့လက်ထဲကလှံရှည်ကို လှည့်ကာ ဓားပင်လယ်ကို အပိုင်းပိုင်းဖြတ်ရန်အတွက် လှဲအသိတခုကို ထုတ်လွှတ်လိုက်၏။

ကျန်းယွန်ဇောင်ကလည်း အချိန်ကောင်းကို ဖမ်းဆုပ်ကာ ဓားဖြင့် ခုတ်ဖြတ်သည်။

သူပိုင်ချီကိုင်၏ဒန်တျန်ကို ထိုးရန်ပြင်လိုက်စဉ် အလွန်မာကျောသည့်နေရာတခုကို ထိုးမိသွားခဲ့သည်။

ပိုင်ချီကိုင် နှာခေါင်းရှုံ့လိုက်စဉ် သူ့ပါးစပ်ထောင့်စွန်းမှ သွေးများစီးကျလာသည်။

သူအတွင်းဒဏ်ရာရသွားသော်လည်း အမြစ်ကိုတော့ မထိခိုက်ခဲ့ပေ။

ကျန်းယွန်ဇောင်၏မျက်နှာက ကြည့်ရဆိုးနေသည်။

"ရွှေကြေးခွံချပ်၀တ်၊ အဆင့်နိမ့်အင်ပါယာလက်နက်၊ လှံနတ်ဘုရားဂိုဏ်းက ဒီရတနာကို မင်းလက်ထဲပေးအပ်လိမ့်မယ်လို့ ငါတကယ်မထင်ထားခဲ့ဘူး"

ပိုင်ချီကိုင်ပြုံးလိုက်သည်။

"ဒီလိုမှမဟုတ်ရင် ခင်ဗျားနဲ့ထိပ်တိုက်တွေ့တဲ့အချိန် ကျုပ်ကဘယ်လိုလုပ် ရည်ရွယ်ချက်နှစ်မျိုးနဲ့ တမူထူးခြားသလို နေနိုင်မှာလဲ"

"မြောက်ရိပ်ဓားအစီအရင်မရှိတော့ဘူးဆိုရင် ခင်ဗျားတို့မှာတခြားဘာများရှိသေးလဲ"

ကျန်းယွန်ဇောင်အေးစက်စွာ နှာခေါင်းရှုံ့လိုက်သော်လည်း စကားမပြောတော့ဘဲ ဓားကိုမြှောက်ကာ ပိုင်ချီကိုင်နှင့်အတူ ပြန်ရပ်လိုက်သည်။

အောက်တွင် ကြယ်ကြွေဓားဂိုဏ်းကို ဦးဆောင်သည့်သူ၏ မျက်နှာအမူအရာက ကြည့်ရဆိုးနေသည်။

"ကြယ်ကြွေဓားဂိုဏ်းတပည့်သားတို့၊ ငါနဲ့အတူသေတဲ့အထိ တိုက်ခိုက်ကြမယ်"

မြောက်ရိပ်ဓားအစီအရင်က ချိုးဖျက်ခံလိုက်ရလေပြီ။

ယနေ့တွင် သူတို့ တောင်တံခါးကိုသာ ကာကွယ်ချင်ပါက သေတဲ့အထိ တိုက်ခိုက်ရပေတော့မည်။

ယဲ့ချိုးပိုင်တို့နှင့်အတူ ရှီရှန်းပါ တိုက်ခိုက်ရေးအတွက် သက်ရောက်မှုများကို ဆုံးရှုံးလိုက်ရသည်။

ယဲ့ချိုးပိုင်နှင့်ရှောင်ဟိုင်တို့ကလည်း ဒဏ်ရာရနေကြသည်။

အခြေအနေက တဖြည်းဖြည်းတဖက်သတ်ဆန်လာသည်ဟု ဆို၍ရသည်။

"မင်းတို့မှာ နောက်ထပ်ဘာရှိသေးလဲ"

လှံနတ်ဘုရားဂိုဏ်း၏အကြီးအကဲက အေးစက်စွာလှောင်ပြောင်ရင်း လှုပ်ရှားရန် ပြင်လိုက်စဉ် အနည်းငယ်အံ့ဩသင့်သွားသည်။

ကောင်းကင်က ထပ်တဖန်မှောင်မိုက်သွားသည်။

နောက်ထပ်နယ်ပယ်စွမ်းရည်တမျိုးလားဟ!

ကောင်းကင်ကိုကြည့်လိုက်စဉ် ဧရာမသားရဲတကောင်ပေါ်လာသည်။

ဧရာမကိုယ်ထည်က ကောင်းကင်ကို ပိတ်ဆို့ရင်း နေရောင်ကို ထွန်းလင်းခြင်းကနေ တားဆီးနေသည်။

ထိုဧရာမသားရဲကိုမြင်သောအခါ လှံနတ်ဘုရားဂိုဏ်း၏အကြီးအကဲများနှင့် ကျန်သောသူများ၏ အမူအရာများက ပြောင်းလဲသွားကြ၏။

ဧရာမစစ်တုရင်ခုံ၌ လှံနတ်ဘုရားဂိုဏ်းချုပ်၊ ရေခဲဝိဉာဉ်ဂိုဏ်းချုပ်နှင့် ရွှမ်မင်ချောက်ကမ်းပါးသခင်တို့၏ မျက်နှာများကလည်း လေးနက်သွားကြသည်။

"တော်၀င်ပုဂ္ဂိုလ်တွေလား"

ကြယ်ကြွေဓားဂိုဏ်းကျဆင်းပြီးနောက် ၎င်းမပျက်စီးရခြင်းက နယ်နိမိတ်မဲ့မင်းဆက်၏ လျှို့ဝှက်အထောက်အပံ့ကြောင့်ဟု ကြားခဲ့ကြရသည်။

ယခုကြည့်ရသည်မှာ ကောလဟလက မှန်ပုံရသည်။

ရေခဲဝိဉာဉ်ဂိုဏ်းချုပ်က အံ့ဩသင့်နေပြီး ဘယ်သူလာသလဲဆိုတာကို သိချင်သည့်အလား ဧရာမသားရဲအား လှမ်းကြည့်သည်။

"တော်၀င်မိသားစုကလူတွေက ဘာလို့ ဒီမှာရှိနေရသလဲဆိုတာ ငါမသိဘူး၊ ဂိုဏ်းလေးဂိုဏ်းက မကျေနပ်ချက်မှာ တော်၀င်မိသားစုက ၀င်စွက်ဖက်ချင်လို့လား"

ထိုသို့ပြောပြီးသည်နှင့် ငွေချပ်၀တ်အစောင့်တစ်ယောက်က ဧရာမသားရဲအပေါ်၌ ပေါ်ပေါက်လာသည်။

ဤငွေချပ်၀တ်အစောင့်ကိုမြင်ရသောအခါ ရေခဲဝိဉာဉ်ဂိုဏ်းချုပ်အနည်းငယ် ထိတ်လန့်သွားသည်။

သူက မင်းသားမုဖူရှန်း၏ သက်တော်စောင့်ပေတည်း။

ဤမြင်ကွင်းကိုမြင်သောအခါ ယဲ့ချိုးပိုင်ကလည်း ခပ်ယဲ့ယဲ့ပြုံးသည်။

"ကြည့်ရတာ ဒီလူကို ငါကျေးဇူးတင်သင့်တယ်ထင်တယ်"

မုဖူရှန်း အဖိုးအိုနှင့် ငွေချပ်၀တ်တပ်မှူးကြားကနေ ဖြည်းညင်းစွာလျှောက်လာသည်။

"ဒီမကျေနပ်ချက်ကို လက်လွှတ်လိုက်ကြရင်ရော"

မုဖူရှန်းက ကြယ်ကြွေဓားဂိုဏ်းဖက်မှာ ရှိနေသည်က သေချာနေလေပြီ။

သို့သော် လှံနတ်ဘုရားဂိုဏ်းချုပ်က ထရပ်ကာ လက်သီးနှစ်ဖက်ဆုပ်လိုက်သည်။

"အရှင်မင်းသား၊ ဒီကိစ္စက အရမ်းအရေးကြီးပါတယ်၊ အခု မကျေနပ်မှုကို စတင်လိုက်ကြပါပြီ၊ အင်ပါယာရဲ့တားမြစ်ချက်ကို မချိုးဖောက်ကြသေးပါဘူး၊ ကျေးဇူးပြုပြီး ပြန်သွားလိုက်ပါ၊ အရှင်မင်းသား"

သူတို့ဂိုဏ်းသုံးဂိုဏ်းက နောက်မဆုတ်ချင်သည်မှာ သိသာထင်ရှားနေသည်။

မကျေနပ်ချက်များက ဖြစ်ပျက်ခဲ့ပါပြီ။

တဖက်လူများကို ကြီးထွားလာပြီး သူတို့ကို ဖျက်ဆီးရန်အထိ စောင့်ဆိုင်းမည်ဆိုသည်က မဖြစ်နိုင်ပေ။

အကယ်၍သူတို့သာ လှုပ်ရှားမှုပြုလုပ်ရန်အတွက် ရွေးချယ်ရမည်ဆိုပါက ပေါင်းပင်များကိုခုတ်ဖြတ်ကာ အမြစ်များကိုပင် ရှင်းပစ်ရပေမည်။

အပိုင်း(363) coming။

ငါ့တပည့်တွေက ဘုရင်တွေ

All Chapters