← Chapters

#အခြေအနေကိုဖြေရှင်းပြီးပြီလား#

Vol. 25 Ch. 363

#အခြေအနေကိုဖြေရှင်းပြီးပြီလား#

Vol. 25 Ch. 363

နယ်နိမိတ်မဲ့နယ်မြေ၏ ခေါင်းဆောင်က နယ်နိမိတ်မဲ့မင်းဆက်ဟု ဆို၍ရသော်လည်း တကယ်တမ်းတွင်မူ တခြားအင်အားစုများကို ဖိနှိပ်ရန်ဟူသည် မဖြစ်နိုင်ပေ။

နယ်နိမိတ်မဲ့နယ်မြေက မည်မျှပင် ကြီးမားလိုက်လေသနည်း။

ဂိုဏ်းပေါင်းများစွာရှိလေရာ မည်သို့မည်ပုံအပြည့်အ၀ထိန်းချုပ်၊ ဟန်ချက်ညီအောင် လုပ်နိုင်မည်နည်း။

မုဖူရှန်းအေးစက်သည့်မျက်နှာဖြင့်ဆိုသည်။

"ဖြစ်နိုင်တာက ဒီနယ်မြေအတွက် ကြယ်ကြွေဓားဧကရာဇ်ရဲ့ ထောက်ပံ့မှုကို ခင်ဗျားမေ့သွားတာများလား"

လှံနတ်ဘုရားဂိုဏ်းချုပ်က လေးနက်သွားပုံရပြီး ကောင်းကင်ဆီသို့ လက်နှစ်ဖက်ဆုပ်သည်။

"ဒီအခိုက်အတန့်ကို ကျုပ်သေချာပေါက်မမေ့ရဲပါဘူး၊ ဒါ‌ပေမယ့် အဲဒီလူသုံးယောက်ကို လက်လွှဲပေးနေသရွေ့ ကျုပ်တို့ဂိုဏ်းသုံးဂိုဏ်းက ကြယ်ကြွေဓားဂိုဏ်းကို အရှက်မရအောင်လုပ်ဖို့ ကတိပေးတယ်"

"ပြီးတော့ ကျုပ်တို့ရဲ့သတင်းအချက်အလက်တွေအရဆိုရင် ယဲ့ချိုးပိုင်တို့က ကြယ်ကြွေဓားဂိုဏ်းကို မ၀င်ကြသေးပါဘူး၊ ဒီတော့ ဒီသုံးယောက်ကို ပစ်မှတ်ထားတာက ကြယ်ကြွေဓားဂိုဏ်းနဲ့ တိုက်ပွဲတခုမဟုတ်ပါဘူး"

ကျန်းဝူဖန်းခပ်ပေါ့ပေါ့ပြုံးသည်။

"အဆုံးသတ်မှာတော့ ဒါက နှလုံးသားထဲက လောဘကြောင့်ပဲမလား"

လှံနတ်ဘုရားဂိုဏ်းချုပ်က အချင်းချင်းထိပ်တိုက်တွေ့နေသည်။

"နတ်ဘုရားဆိုတဲ့အရာကြောင့် ဓားဂိုဏ်းချုပ်က ဒီလူသုံးယောက်ကို အရမ်းအလေးပေးပြီး ကျုပ်တို့ဂိုဏ်းသုံးဂိုဏ်းနဲ့တောင် စစ်တခုစတင်ဖို့အတွက် ကြယ်ကြွေဓားဂိုဏ်းရဲ့ ပျက်စီးမှုကို အလောင်းအစားလုပ်ဖို့ နှောင့်မနှေးခဲ့ဘူး"

"ယဲ့ချိုးပိုင်က ကြယ်ကြွေဓားဂိုဏ်းရဲ့ ဓားသားတော်ဖြစ်ပြီး အရင်ဓားဧကရာဇ်ရဲ့ အမွေအနှစ်ကို ရရှိခဲ့တယ်"

ကြယ်ကြွေဓားဧကရာဇ်ရဲ့အမွေအနှစ်လား!

လှံနတ်ဘုရားဂိုဏ်းချုပ်၏ မျက်သူငယ်အိမ်များက ရှုံ့တွသွားကြ၏။

တစ်ယောက်က ရေကန်အောက်ခြေက ပစ္စည်းကိုရခဲ့ပြီး နောက်တယောက်က ကြယ်ကြွေဓားဧကရာဇ်၏ အမွေအနှစ်ကို ရရှိခဲ့သည်။

ဤသုံးယောက်က ရှိမနေသင့်ပါ။

"ဒါကမင်းကိုယ်တိုင်ခေါ်နေတဲ့အရာပါပဲ"

သူတို့က စကားလုံးတိုင်းတွင် နောက်ဆုတ်ရန် ငြင်းဆိုနေခဲ့ကြသည်။

ဤမြင်ကွင်းကိုမြင်သောအခါ ဒီကိစ္စကို ညှိုနှိုင်းလို့မရတော့တာကို မုဖူရှန်းနားလည်သွား၏။

နာကျင်သောအခါမှသာ ညှိုနှိုင်းရန်အတွက် နေရာရှိလာပါလိမ့်မည်။

ဤသည်ကပို၍လွယ်ကူပါသည်။

မုဖူရှန်းညင်သာစွာပြုံးသည်။

"ဒီလိုဆိုရင် ခင်ဗျားတို့က ဆက်တိုက်ဖို့ ရွေးချယ်မယ်ဆိုရင် နယ်နိမိတ်မဲ့မင်းဆက်ကလည်း ၀င်ရောက်စွက်ဖက်ရတော့မှာပေါ့"

မင်းဆက်ပါ၀င်လာခြင်း!

လှံနတ်ဘုရားဂိုဏ်းချုပ်၏မျက်နှာက လေးနက်သွားသည်။

မုဖူရှန်းဆက်ပြောသည်။

"ဟုတ်တာပေါ့၊ ဒါက ကျုပ်ရဲ့တဖက်သတ်စိတ်ကူးပါပဲ၊ ယဲ့ချိုးပိုင်က ကြယ်ကြွေဓားဂိုဏ်းကို မ၀င်ခဲ့လူးလို့ ခင်ဗျားပြောခဲ့တယ်၊ ဒါပေမယ့် သူက ကျုပ်သူငယ်ချင်းပဲ၊ ကျုပ်သူငယ်ချင်းကို ကျုပ်ကူညီမယ်ဆိုရင်တော့ ပြဿာနာမရှိတော့လောက်ပါဘူး"

အောက်က‌ယဲ့ချိုးပိုင်က ခပ်ပေါ့ပေါ့ပင် ရယ်မောလိုက်သည်။

မုဖူရှန်းက သူအရင်ကတွေ့ဖူးသည့် မင်းဆက်၏မင်းသားများနှင့် မတူပေ။

ထိုသို့သောမင်းသားများတွင်သာ သူငယ်ချင်းများရှိပါက သူတို့ကိုဖုံးကွယ်ပေးထားမည်ဖြစ်သလို ဗိုက်အလွှာတခုထဲတွင်ပင် ထားပေလိမ့်မည်။ သူတို့၏လှုပ်ရှားမှုတိုင်းတွင် အရဲစွန့်ရမည်ကို အရင်ဆုံးဖြတ်ကြမည်။

အကယ်၍အကျိုးရှိပါက တုံ့ဆိုင်းမနေဘဲ ကူညီကြလိမ့်မည်။

အကယ်၍ အန္တရာယ်ရှိပါက ဆက်ဆံရေးကို တိုက်ရိုက်ဖြတ်တောက်ပစ်ပေလိမ့်မည်။

သို့သော် မုဖူရှန်းကမူ ကောင်းကျိုး၊ ဆိုးကျိုးကိုမစဉ်းစားဘဲ သူ့သူငယ်ချင်းအတွက် လာခဲ့သည်။

ဤပထမတန်းစားအင်အားစုတခုချင်းစီက နယ်နိမိတ်မဲ့မင်းဆက်လောက် အစွမ်းမထက်သော်လည်း ပထမတန်းစားအင်အားစုသုံးခု၏ ပေါင်းစပ်မှုက ဤနယ်မြေ၌ ကြီးမားသည့်အနှောက်အယှက်ကို ဖြစ်စေနိုင်ပါသေးသည်။

မုဖူရှန်းက ဤစကားလုံးများကို တိုက်ရိုက်ပြောရန်အတွက် တုံ့ဆိုင်းမနေခဲ့ပေ။

ရေခဲဝိဉာဉ်ဂိုဏ်းချုပ်က အေးစက်သည့်အသံဖြင့်ပြောသည်။

"အရှင်မင်းသားမု၊ ဒီလိုစကားလုံးတွေပြောတာ အရှင်မင်းသားရဲ့ပုံရိပ်အတွက် အပြစ်ရှိသလိုမခံစားရဘူးလား"

မုဖူရှန်း လက်အစုံကိုဖြန့်လိုက်သည်။

"ကျုပ်ကအဲလိုမျိုးပဲလေ၊ တကယ်လို့ ခင်ဗျားမကျေနပ်ဘူးဆိုရင် ကျုပ်အဖေကို ရှာဖို့နန်းတော်ကိုသွား၊ ပြီးရင် အိမ်ရှေ့မင်းသားဆိုတဲ့ ကျုပ်ရာထူးကို ပြောင်းဖို့ပြောလိုက်၊ ကျုပ်လည်းမဖြစ်ချင်ပါဘူး"

ရေခဲဝိဉာဉ်ဂိုဏ်းချုပ် "...."

ထိုစကားလုံးများကိုပြောပြီးလေရာ သူတို့နောက်ထပ်ဘာမှမပြောနိုင်တော့ပါ။

ရွှမ်မင်ချောက်ကမ်းပါးသခင်က လေးလံသည့်အသွင်ဖြင့်ပြောသည်။

"ဒီလိုအခြေအနေမှာ ရပ်ဖို့ဆိုတာမဖြစ်နိုင်ဘူး၊ အရှင်မင်းသားက ၀င်စွက်ဖက်ချင်တယ်ဆိုမှတော့ နောက်ပိုင်းထိခိုက်ဒဏ်ရာရရင် ကျေးဇူးပြုပြီး အပြစ်မတင်ပါနဲ့"

လှံနတ်ဘုရားဂိုဏ်းချုပ်တွင်လည်း အလားတူစိတ်ကူးရှိခဲ့သည်။

မုဖူရှန်းပြောဆိုသည်အရ ဤကိစ္စက သူ့ကိုယ်ပိုင်စိတ်ကူးသာဖြစ်သည်။ တကယ်တမ်းတွင် ဤထဲ၌ အင်ပါယာ၏ ညွှန်ကြားမှုရှိနိုင်သည်။

သို့စေကာမူ ရွှေချပ်ဝတ်သံချပ်ကာတပ်က မရောက်လာလေရာ ဒါကစိုးရိမ်စရာမဟုတ်ပါ။

"ဒီလိုဆိုမှတော့"

လှံနတ်ဘုရားဂိုဏ်းချုပ်က လေထုကို တချက်တည်းဖြင့် ထိုးဖောက်လိုက်စဉ် လှံချက်က ကမ္ဘာကြီးကို ထိုးဖောက်သွားပုံရပြီး မိုးတိမ်များကို ဖြတ်ကျော်သွား၏။

ဤမြင်ကွင်းကိုမြင်သောအခါ မုဖူရှန်းအေးစက်စွာပြောသည်။

"ကြည့်ရတာ စစ်ကူတွေရှိပုံပဲ"

လှံအလင်းတန်းက ကောင်းကင်သို့ ဖြတ်ကျော်သွားပြီးနောက် တခဏအကြာတွင် ဟင်းလင်းပြင်ထဲ၌ အငွေ့အသက်လေးခု ပေါ်လာသည်။

ထိုအော်ရာလေးခုစလုံးက အာရုံထွေပြားခြင်းအဆင့်က စွမ်းအားရှင်များဖြစ်ပြီး ဂိုဏ်းသုံးခုက အသီးသီးလာကြခြင်းပင်။

"အရှင်မင်းသား၊ အပြစ်ပြုမိပါပြီ"

စကားပြောပြီးနောက် သူကအာရုံထွေပြားခြင်းစွမ်းအားရှင်လေးယောက်ကို ကြည့်လိုက်သည်။

လေးယောက်စလုံးက ခေါင်းညိတ်ကာ ဖြစ်ပျက်နေတာကို နားလည်သွားသဖြင့် ကြယ်ကြွေဓားဂိုဏ်းရှိရာသို့ ပြေး၀င်သွားကြ၏။

ယခုတွင်မူ ကြယ်ကြွေဓားဂိုဏ်း၏ အာရုံထွေပြားခြင်းနယ်ပယ် တောင်ထိပ်သခင်လေးဦးက နောက်ပြန်ဆုတ်နေရပြီး သူတို့တွင် တုံ့ပြန်ရန်ပင် အချိန်မရှိကြ။

မုဖူရှန်း သူ့နောက်က ငွေချပ်၀တ်တပ်မှူးနှင့် အဖိူးအိုကိုကြည့်လိုက်စဉ် သူတို့က ခေါင်းညိတ်ပြသည်။

သူတို့က အာရုံထွေပြားခြင်းအဆင့် စွမ်းအားရှင်များကို အသီးသီးတားဆီးလိုက်ကြ၏။

သို့စေသည့်တိုင် အာရုံထွေပြားခြင်းစွမ်းအားရှင်နှစ်ယောက်ကျန်ရှိပါသေးသည်။

အကယ်၍ ဤအာရုံထွေပြားခြင်းနှစ်ယောက်သာ ကြယ်ကြွေဓားဂိုဏ်းသို့ ခြေလှမ်းလှမ်းပြီး မည်သူမှသူတို့ကို မထိန်းချုပ်ပါက ဤသည်က ကြယ်ကြွေဓားဂိုဏ်းကို အကြီးအကျယ်ထိခိုက်စေလိမ့်မည်။

မုဖူရှန်း အစည်းအဝေးခန်းမသို့ တယောက်တည်းသွားခဲ့ပြီး အာရူံထွေပြားခြင်းအဆင့် စွမ်းအားရှင်နှစ်ယောက်နှင့် ငွေချပ်၀တ်စစ်တပ်ကိုသာခေါ်လာနိုင်ခဲ့သည်။

ရုတ်တရက် အေးစက်စက်နှာခေါင်းရှုံ့သံပေါ်လာပြီး ကြယ်ကြွေဓားဂိုဏ်း၏ ကောင်းကင်ယံတလျှောက် ပျံ့နှံ့သွားသည်။

ကြောက်မက်ဖွယ်ဓားဆန္ဒအများအပြားက ကောင်းကင်ယံ၌ မြည်ဟီးလာသည်။

အန္တိဓားပညာနယ်ပယ်!

"ငါမင်းတို့ကို သောင်းကျန်းခွင့်မ‌ပေးနိုင်တော့ဘူး"

ကြယ်ကြွေဓားဂိုဏ်း၏တံခါးပေါက်၌ အဖိုးအိုတစ်ဦးပေါ်လာခဲ့သည်။

ယဲ့ချိုးပိုင်လှမ်းကြည့်လိုက်စဉ် ဤအဖိုးအိုက ကြယ်ကြွေဓားဂိုဏ်း၏ တောင်စောင့်ဖြစ်သည်ကို တွေ့လိုက်ရသည်။

လှံနတ်လုရားဂိုဏ်းချုပ်က ဤမြင်ကွင်းကို မြင်သော်လည်း သူ့မျက်နှာက လုံး၀ပြောင်းလဲသွားခြင်းမရှိပါ။

"တာအိုနယ်ပယ်စွမ်းအားရှင်တွေက ခွင့်ပြုချက်မပါဘဲ တိုက်ခိုက်လို့မရဘူး၊ ဒါကို ခင်ဗျားလည်းသိသင့်ပါတယ်"

အဖိုးအိုကမော့ကြည့်သည်။

"ကြယ်ကြွေဓားဂိုဏ်းကပျက်စီးတော့မယ်၊ ဒီတော့ ဒါကိုအရေးယူတာက အဓိပ္ပာယ်ရှိပါတယ်"

လှံနတ်ဘုရားဂိုဏ်းချုပ်က ဤမြင်ကွင်းကို မျှော်လင့်ထားသည့်အလား ခေါင်းညိတ်သည်။

နောက်အခိုက်အတန့်၌ ကောင်းကင်ထက်ကနေ လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိသည့် အသံတစ်သံထွက်လာသည်။

"စီနီယာ၊ ကြည့်ရတာ ခင်ဗျားကိုယ်က ကျန်းမာသန်စွမ်းနေတုန်းပဲ"

"ကျုပ်သိုင်းဧကရာဇ်နယ်ပယ်မှာရှိတုန်းက ဒီလူငယ်များဆက်က ခင်ဗျားရဲ့အသွင်အပြင်ကို မြင်ခဲ့ရပါတယ်၊ အခု ကျုပ်တကယ်တွေ့ကြုံခံစားချင်ပါတယ်"

ထိုပုံရိပ်ပေါ်ပေါက်လာသည်ကို မြင်ရသောအခါ မုဖူရှန်းအေးစက်စွာနှာခေါင်းရှုံ့သည်။

"အိုး၊ မဟာအကြီးအကဲတောင် တပ်စွဲထားပြီဆိုတော့ လှံနတ်ဘုရားဂိုဏ်းက တကယ်ကို ကြီးမားတာပဲ"

လှံနတ်ဘုရားဂိုဏ်းချုပ်က ညင်သာစွာ ခေါင်းညိတ်သည်။

"အရှင်မင်းသားကတကယ်ကို လေးစားစရာပါပဲ"

အဖိုးအိုက သူနှင့်မနီးမဝေးတွင် လှံကိုင်ထားသည့် စွမ်းအားရှင်ကိုကြည့်ကာ မည်သည့်စကားမှမဆိုဘဲ တဖက်လှည့်ပြီး ခုံတန်း၌ပြန်ထိုင်လိုက်သည်။

ဤလူ၏ခွန်အားက သဟဇာတတာအိုနယ်ပယ် အလယ်အလတ်အဆင့်ဖြစ်သည်။

အကယ်၍ တဖက်လူက သူ့ကိုတားဆီးရန် ဆုံးဖြတ်ထားလျှင် သူမည်မျှပင် ကြိုးစားစေကာမူ ပြိုင်ဘက်၏ စွက်ဖက်မှုကို ဖယ်ရှား၍ရမည်မဟုတ်ပါ။

ဤသည်ကိုမဆိုထားနဲ့၊ သဟဇာတတာအိုနယ်ပယ်နှစ်ယောက်က ဤနေရာ၌ လှုပ်ရှားမှုလုပ်ပါက ကြယ်ကြွေဓားဂိုဏ်းကို အကြီးအကျယ် ရိုက်ခတ်သွားစေလိမ့်မည်။

အခြေအနေရပ်က အတည်ဖြစ်နေလေပြီ။

ထိုအခိုက်အတန့်၌ အတွေးသုံးခုရှိနေခဲ့သည်။

အာရုံထွေပြားခြင်းအဆင့်စွမ်းအားရှင်နှစ်ယောက်က ကြယ်ကြွေဓားဂိုဏ်း၏တပည့်သားများကို မသတ်ဘဲ ယင်းအစား ယဲ့ချိုးပိုင်တို့ထံ တိုက်ရိုက်ပြေး၀င်သွားကြ၏။

သူတို့က ဤစစ်ကြေငြာချက်သုံးခု၏ ပစ်မှတ်များပင်ဖြစ်သည်။

ရှောင်ဟိုင်ရှေ့တလှမ်းတိုးလိုက်သည်။

"ငါနဲ့လွှဲထားခဲ့လိုက်ပါ"

စကားပြောပြီးနောက် သူက အသိစိတ်ပင်လယ်ထဲက တံဆိပ်ကို ထုတ်လွှတ်ကာ ချိတ်ပိတ်ထားသည့် နတ်ဆိုးဘုရင်ကို အားသုံးထုတ်လွှတ်ချင်သည်။

နောက်ထပ်ဘာဖြစ်သွားမလဲဆိုတာ သူမသိသော်လည်း ဤနှစ်ယောက်ကတော့ သေချာပေါက် သေဆုံးရလိမ့်မည်။

ယဲ့ချိုးပိုင် ရှောင်ဟိုင်ကို ဖမ်းကိုင်လိုက်၏။

ရှောင်ဟိုင်လှည့်လာစဉ် ယဲ့ချိုးပိုင်ခေါင်းခါယမ်းရင်း အပြုံးဖြင့်ပြောသည်။

"ကိစ္စမရှိတော့ပါဘူး၊ ငါမကြာခင်လာမယ်"

ရှောင်ဟိုင်အနည်းငယ်အံ့ဩသင့်သွားသည်။

သူကချက်ချင်းပင်တုံ့ပြန်လာသည်။

သူ့စီနီယာအကိုကြီးကို ဤအခြေအနေကို ကယ်တင်နိုင်သည်ဟု ယုံကြည်ချက်ရှိစေသည့်တစ်ဦးတည်းသောသူက ဆရာဖြစ်သည်။

အပိုင်း(364) coming။

ငါ့တပည့်တွေက ဘုရင်တွေ

All Chapters