← Chapters

#အဓိကအင်အားစုသုံးစုရောက်လာခြင်း#

Vol. 25 Ch. 355

#အဓိကအင်အားစုသုံးစုရောက်လာခြင်း#

Vol. 25 Ch. 355

အမည်မသိလေဟာပြင်၌ လျိုကျိယုက ဆွံအစွာကြည့်နေခဲ့သည်။

အလောင်းများကို အသေအချာရှင်းလင်းနေသည့် လုချန်ရှန်းက အကူအညီမဲ့စွာပြောသည်။

"ဒီလောက်သတိထားဖို့ လိုလို့လားကွာ"

ယနေ့တွင် လုချန်ရှန်းက မွေးကတည်းက သူနားလည်ထားသည်ကို လုပ်ဆောင်နေသည်။

သူကအလောင်းများကို ဖျက်ဆီးကာ ခြေရာများကိုပင် ရှင်းလင်းပြီး မည်သည့်ခြေရာမှ မကျန်ရှိအောင်လုပ်သည်။

ဤသည်ကိုသူများမရှာတွေ့ခင်မှာပင် သူကအရင်လှုပ်ရှားလိုက်ခြင်းပင်။

ထို့နောက် လုချန်ရှန်းက သူတို့၏ကိုယ်များကို မီးရှို့ပစ်ရုံတင်သာမက သူတို့၏ဝိဉာဉ်များကိုပင် ဤကမ္ဘာပေါ်က ပျောက်ကွယ်သွားစေရန်အတွက် အစီအရင်တခုပင် လုပ်ဆောင်ခဲ့သည်။

ငါကလူကောင်းလေးပါဟ!

အလောင်းများကိုသူကဖျက်ဆီးပစ်ရုံတင်သာမက ခြေရာကိုပင်ဖျောက်ပစ်ခဲ့သည်။

ဘယ်လိုလဲ၊ ၀န်ဆောင်မှုက မိုက်တယ်မလား!

ထိုသို့လုပ်ဆောင်ပြီးနောက် လုချန်ရှန်း နဖူးကိုသုတ်ရင်း အမောတဟိုက်ပြောသည်။

"နောက်ဆုံးတော့ပြီးသွားပြီ"

သူလျိုကျိယုနှင့် ထွက်သွားရန်ပြင်နေစဉ် လုချန်ရှန်းထပ်မံမျက်မှောင်ကြုတ်လိုက်ပြန်သည်။

"မဟုတ်သေးဘူး"

"ဘာမှားနေလို့လဲ" လျိုကျိယုအနည်းငယ် အံ့ဩသင့်သွားရသည်။

လုချန်ရှန်း မေ့စေ့ကိုပွတ်သပ်လိုက်၏။

"တခုခုလွဲနေသလားဆိုတာ ငါထပ်ပြီး စမ်းကြည့်ရမယ်"

လျိုကျိယု "...."

....

နှစ်ရက်!

သုံးရက်!

ခုနှစ်ရက်နေ့မတိုင်ခင်အထိ နယ်နိမိတ်မဲ့နယ်မြေသံတမန်က မေ့စေ့ပွတ်ကာ ကောင်းကင်ပေါ်သို့ မျက်တောင်မခတ် စိုက်ကြည့်နေသည်။

ခုနှစ်ရက်တောင်ရှိသွားပြီလေ!

ဘာလို့မိစ္ဆာလူမျိုးစုတွေရဲ့ လှုပ်ရှားမှုမရှိရသေးတာလဲ!

သူတို့ရဲ့စိတ်နေအသွင်အပြင်အရဆိုရင် ဒါကမဖြစ်နိုင်ဘူးလေ!

ယခင်အခြေအနေများကို ကြည့်မည်ဆိုပါက ဤနယ်မြေပြင်ပက မိစ္ဆာများက လူသားများအား အင်မတန်မထီမဲ့မြင်ပြုကြသည်။

ဤသည်သာမက သူတို့ကိုယ်သူတို့ အထင်ကြီးကာ အလွန်အမင်း‌မာနကြီး၊ ဂုဏ်မောက်တတ်ကြ‌သေးသည်။

ထို့ကြောင့် သူတို့ထိခိုက်သည်နှင့်တပြိုင်နက် အဖွဲ့ကိုချက်ချင်းပေါင်းစည်းကာ ဆက်လက်တိုက်ခိုင်ကြပေလိမ့်မည်။

သို့သော် ခုနှစ်ရက်ကုန်ဆုံးသွားလေပြီ။

လေလည်သံပင်မကြားရသလို ယခင်ကအတိုင်းပင် တည်ငြိမ်နေသည်။

ဤသည်က နယ်စပ်၌စောင့်ကြပ်နေသည့် စစ်တပ်အား အနည်းငယ်သံသယ၀င်သွားစေသည်။

သူတို့ကလာနေတုန်းလားဟ!

သို့စေကာမူ ဤသို့ဖြစ်သည့်တိုင် သူတို့က သတိမပေါ့လျော့ရဲကြသေးပါ။

မည်သို့ပင်ဖြစ်စေ ရန်သူများက သူတို့ကို တိုက်ခိုက်လာနိုင်သေးသည်။

နောက်ထပ်လ၀က်ကုန်ဆုံးသွားသည်။

ဟုန်ရင် သီးသန့်ခန်းမကနေ ထွက်လာသည်။

တချိန်တည်းမှာပင် ခွန်အားကလည်း သိုင်းဧကရာဇ်နယ်ပယ် နောက်ဆုံးအဆင့်အထိ ထိုးတက်သွားခဲ့သည်။

ဟုန်ရင်၏ပါရမီက အတော်လေးအားကောင်းသော်လည်း ဤသည်က စုဆောင်းမှုနှင့် လုချန်ရှန်းစွမ်းရည်မျာစ၏ အကူအညီကြောင့်ပင်။

နယ်ပယ်က အလျင်အမြန်ပင် တိုးတက်လာခဲ့သည်။

ဟုန်ရင်ခန်းမထဲကနေထွက်လာပြီးနောက် မန်ဝူကျန်းအား တွေ့သွားသည်။

"မိစ္ဆာမျိုးနွယ်ရဲ့ လှုပ်ရှားမှုမရှိသေးဘူးလား"

မန်ဝူကျန်း လက်ဆန့်လိုက်သည်။

"ကျုပ်လည်းမသိဘူး"

သို့သော် ဟုန်ရင်၏ကိုယ်မှ အငွေ့အသက်ကို သူခံစားမိသောအခါ အနည်းငယ် တုန်ယင်သွားသည်။

ဤတိုးတက်နှုန်းအဆင့်က အတော်လေးမြန်ဆန်လွန်းသည်။

အဆင့်မချိုးဖျက်ခင် ဘယ်လောက်တောင် ကြာသေးလို့လဲဟ!

မန်ဝူကျန်းစိတ်လှုပ်ရှားစွာပြောသည်။

"အရှင်မဟုန်ရင်၊ အရှင်မရဲ့အနာဂတ်ကို ဒီနယ်မြေမှာပဲ မကန့်သတ်ထားသင့်ဘူး"

"အဲဒါက ဒီနေရာမှာပဲ ကန့်သတ်မနေသင့်ဘူး"

"ယွန်ဟွမ်အင်ပါယာကို အရှင်မတည်ဆောက်ခဲ့ပြီး အဆုံးမဲ့ဂုဏ်ကျက်သရေကို ပေးအပ်ခဲ့တယ်ဆိုပေမယ့် မကြာခင် ဒါက အရှင်မအနာဂတ်ကို ကန့်သတ်ချုပ်ချယ်ထားတဲ့ သံကြိုးတပင်ဖြစ်လာလိမ့်မယ်"

ဟုန်ရင်ပြုံးလိုက်သည်။

"ကျွန်မလည်း ထွက်သွားဖို့အစီအစဉ်ရှိပါတယ်၊ ဒါပေမယ့် ဒီနေရာကအရာတွေကို တည်ငြိမ်သွားတဲ့အထိ စောင့်ရဉီးမယ်"

မန်ဝူကျန်း လေးစားအားကျစွာခေါင်းညိတ်သည်။

"ဒီလိုပဲဖြစ်သင့်တာပါ၊ အရှင်မမှာ ဒီစိတ်ကူးရှိနေသရွေ့ အရှင်မဟုန်ရင်ရဲ့အနာဂတ်က နောင်တချိန်မှာ အကန့်အသတ်မဲ့သွားပါလိမ့်မယ်၊ အဲဒီအချိန်ကျရင် ကျုပ်ရဲ့ နယ်နိမိတ်မဲ့နယ်မြေမှာ ပါ၀င်ဖို့အတွက် ဆုံးဖြတ်နိုင်ပါတယ်"

ဤသည်ကိုကြားသောအခါ ဟုန်ရင်ညင်သာစွာပြုံးသည်။

သို့သော်သူမက အဖြေတခုမပေးခဲ့ပေ။

သံတမန်ကလည်းဂရုမစိုက်ဘဲ ပခုံးတွန့်ကာ အကြောင်းအရာတချို့သတိပေးပြီးနောက် ထွက်သွားသည်။

တခြားတဘက်တွင် နင်းချန်ရှင်းက တာအိုနယ်ပယ်၌ နောက်ထပ်ချိုးဖျက်မှုတခု လုပ်ဆောင်ခဲ့သည်။

သိုင်းဧကရာဇ်နယ်ပယ် အလယ်အလတ်အဆင့်ကို ရင်ဆိုင်ရမည်ဆိုလျှင်ပင် နင်းချန်ရှင်းက အချည်းနှီးမဟုတ်တော့ဟု ဆို၍ရနေလေပြီ။

ကောင်းကင်ဘုံဝိဉာဉ်နယ်မြေ၏ နိုးကြားမှုက ဆက်လက်တည်ရှိနေသည်။

သူတို့က နယ်မြေအပြင်ပက မိစ္ဆာများရုတ်တရက်ရောက်လာမည်ကို ကာကွယ်ပေးနေကြသည်။

....

တခြားတဘက်တွင် သွေးထိုးပေးတတ်သူ လုချန်ရှန်းက စံအိမ်တော်သို့ ပြန်ရောက်သွားခဲ့လေပြီ။

လျိုကျိယု၏မျက်နှာက အတိမည်းနက်နေသည်။

သို့စေကာမူ ထိုမည်းမှောင်နေသည့် အသွင်အပြင်၌ အားကိုးရာမဲ့အရိပ်အယောင်တခုရှိနေခဲ့သည်။

ယခုလိုသတိထားတတ်သည့်စရိုက်နှင့်ဆိုပါက လုချန်ရှန်းက သူ့ထက်အဆပေါင်းများစွာ ပိုမိုအားကောင်းသည့် အထူးစူပါစွမ်းအားရှင်တစ်ယောက်ဖြစ်သည်ကို မြင်နိုင်ရန် ခက်ခဲသည်။

ပြန်လာနေစဉ် လုချန်ရှန်းက လွဲချော်မှုရှိမရှိ စစ်ဆေးရန်အတွက် ထပ်ဖန်တလဲလဲ ပြန်သွားခဲ့သည်။

တခါတရံ လွဲချော်မှုအနည်းငယ် တွေ့ရတတ်သော်လည်း ဒါတွေကမသက်ဆိုင်ပါ။

ဥပမာပြောရပါက ထိုအာကာသထဲက ဓားဆန္ဒကို ဖယ်ရှားပစ်ခြင်းပင်။

နောက်ထပ်ဥပမာတခုပေးရမည်ဆိုပါက လုချန်ရှန်း၏တိုက်ချက်ကြောင့် အနည်းငယ်ရှုပ်ထွေးသွားသည့် ဟင်းလင်းပြင်ထဲက ရှုပ်ထွေးမှုစီးကြောင်းများကို အတင်းပြုပြင်ကာ မူလအခြေအနေသို့ ပြန်ရောက်သွားအောင်လုပ်ခြင်းပင်။

ဟင်းလင်းပြင်ရှုပ်ထွေးမှုများက မည်သည့်စည်းမျဉ်းစည်းကမ်းမှမရှိဘဲ မူလကတည်းက ပရမ်းပတာဖြစ်နေခြင်းဖြစ်သည်။

လုချန်ရှန်း စံအိမ်တော်သို့ပြန်လာပြီးနောက် လဲလျောင်းကာ ရေရွတ်သည်။

"ဒီတကြိမ်တော့ တကယ်ဘာပြဿာနာမှ မရှိသင့်တော့ပါဘူး"

လျိုကျိယုအကူအညီမဲ့စွာပြောသည်။

"စီနီယာ၊ ခင်ဗျားရဲ့စွမ်းအားမြဲဆိုရင် ဒီလိုလုပ်စရာတကယ်မလိုပါဘူး၊ မိစ္ဆာကလန်ရဲ့ ဂိုဏ်းချုပ်ကိုယ်တိုင် ရောက်လာမယ်ဆိုရင်တောင် သူက ခင်ဗျားရဲ့ပြိုင်ဘက်မဟုတ်ဘူး"

"သူတို့ တစ္ဆေကလန်ကလူတွေကို မဖိတ်နိုင်သေးသရွေ့ပေါ့"

လုချန်ရှန်းစိုက်ကြည့်လိုက်သည်။

"မှန်တယ်၊ တကယ်လို့ သူတို့လက်စားချေဖို့အတွက် တစ္ဆေကလန်ကို ဖိတ်ခေါ်လိုက်ရင်ရော..."

လျိုကျိယု "......"

သူတကယ်ပင် ဆွံအနေသည်။

"ခင်ဗျားရဲ့တပည့်တွေကို ဒီသတင်းကို မပြောပြလောက်ပါဘူးနော်"

"တကယ်လို့သူတို့မသိဘူးဆိုရင် အမြဲသတိရှိနေကြလိမ့်မယ်"

လုချန်ရှန်းခေါင်းခါယမ်းသည်။

"သူတို့ကို ဒီတကြိမ်ငါကူညီပြီး အတားအဆီးတွေကို ရှင်းလင်းပေးခဲ့တယ်ဆိုပေမယ့် သတိထားဖို့တော့လိုသေးတယ်"

"စိတ်ဖိစီးမှုက လူတွေကို ခရီးပေါက်စေပြီး သူတို့လမ်းကြောင်းက ရှည်လျားနေဆဲပဲ"

"ဒါကိုပြောစရာတောင်မလိုဘူး"

ဟုန်ရင်နှင့်နင်းချန်ရှင်းတို့က အနာဂတ်တွင် ယဲ့ချိုးပိုင်တို့ မျိုးမစစ်လေး သုံးယောက်ဆီသို့ ထွက်သွားရန် စီစဉ်နေသည်ကို လုချန်ရှန်းသိသည်။

အကယ်၍အားလုံးက နယ်နိမိတ်မဲ့နယ်မြေသို့သွားလိုက်ပါက ဤသည်က ပြဿာနာများကို ပိုဖြစ်လာစေလိမ့်မည်။

အကယ်၍ သူတို့သာ ရှင်းသွားပြီဆိုတာကို သိမည်ဆိုပါက နယ်နိမိတ်မဲ့နယ်မြေသို့ တည့်တည့်သွားကြပေလိမ့်မည်။

ဤသည်ကို တွေးတောစဉ် လုချန်ရှန်းအနည်းငယ်စိတ်ရှုပ်လာသည်။

ထို့ကြောင့် လျှို့ဝှက်ထားရန်သာ ဆုံးဖြတ်လိုက်သည်။

.....

ယဲ့ချိုးပိုင်က လေ့ကျင့်ရန်အတွက် ကြယ်ကြွေဓားဂိုဏ်းတွင် ဆက်နေခဲ့သည်။

သူတို့သုံးယောက်၏ခွန်အားက နယ်နိမိတ်မဲ့နယ်မြေတခုလုံးတွင် ကြည့်မည်ဆိုပါက ထိပ်တန်းအဆင့်ကို မရောက်သေး။

အပြင်ပကမ္ဘာတွင် ယဲ့ချိုးပိုင်ကို ရှာဖွေနေသည့် ရေခဲဝိဉာဉ်ဂိုဏ်း၊ ရွှမ်မင်ချောက်ကမ်းပါးနှင့် တောင်သေနတ်တံခါးဂိုဏ်းတဖြစ်လဲ လှံနတ်ဘုရားဂိုဏ်းတို့လည်း ရှိသေးသည်။

ဤဂိုဏ်းများက ပထမတန်းစားအင်အားစုများပင်။

ဤသည်အပြင် ထိုအင်အားစုများက ကြယ်ကြွေဓားဂိုဏ်းထက် ပိုမိုအားကောင်းသည့် အင်အားစုများဖြစ်သည်။

ကျန်းဝူဖန်းကလည်း ဤသတင်းကိုသိထားသည်။

ထို့ကြောင့် သူက ယဲ့ချိုးပိုင်တို့ကို အချိန်အတိုင်းအတာတခုအထိ လေ့ကျင့်ရန်အတွက် ကြယ်ကြွေဓားဂိုဏ်းတွင် နေရန် အကြံပြုခဲ့ခြင်းပေတည်း။

သူတို့ကို တနည်းအားဖြင့် ကာကွယ်ပေးနေခြင်းလည်းဖြစ်သည်။

သို့သော် ကမ္ဘာကြီးထဲတွင် ထိုးဖောက်မရသည့်နံရံဟူ၍မရှိချေ။

ယဲ့ချိုးပိုင်၊ ရှီရှန်းနှင့် ရှောင်ဟိုင်တို့က ကြယ်ကြွေဓားဂိုဏ်းတွင်ရှိနေစဉ်မှာပင် ရေစီးကြောင်းက စတင်ထင်ဟပ်လာသည်။

ရေခဲဝိဉာဉ်ဂိုဏ်း၊ ရွှမ်မင်ချောက်ကမ်းပါးနှင့်လှံနတ်ဘုရားဂိုဏ်း အစရှိသည့် ပထမတန်းစားသုံးဖွဲ့က ဦးဆောင်သည့်ဂိုဏ်းက ကြယ်ကြွေဓားဂိုဏ်းသို့ လူများ စေလွှတ်လိုက်ကြသည်။

ထိုအခိုက်အတန့်၌ ကြယ်ကြွေဓားဂိုဏ်းအပေါ်တွင် ခမ်းနားသည့်ပုံရိပ်သုံးခု ရောက်ရှိလာသည်။

"ရေခဲဝိဉာဉ်ဂိုဏ်း၊ ရွှမ်မင်ချောက်ကမ်းပါးနဲ့ လှံနတ်ဘုရားဂိုဏ်းတို့က ကြယ်ကြွေဂိုဏ်းကို အလည်လာပါတယ်'

ရေခဲဝိဉာဉ်ဂိုဏ်းတွင် အတော်လေးအေးစက်ပြီး ငယ်ရွယ်သည့်အမျိုးသမီးရှိသည်။

ရွှမ်မင်ချောက်ကမ်းပါးတွင် ဆိုးယုတ်သည့်မကောင်းဆိုးဝါးအော်ရာတခုရှိသော အဖိုးအိုတစ်ဦးရှိသည်။

လှံနတ်ဘုရားဂိုဏ်းတွင်မူ လှံရှည်တလက်ကိုင်ထားသည့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ပင်။

ထိုသုံးယောက်စလုံး၏ခွန်အားက အာရုံထွေပြားခြင်းအထွပ်အထိပ်အဆင့်ကိုပင် ရောက်နေလေပြီ။

သူတို့ထဲမှ လှံနတ်ဘုရားဂိုဏ်း၏ သက်လတ်ပိုင်းအရွယ်လူကမူ အန္တိမလှံကျွမ်းကျင်ခြင်းနယ်ပယ်သို့ ဖျော့ဖျော့လေးပင် လှမ်းနေခဲ့သည်။

လူတိုင်းကို ထိတ်လန့်နေသည့်အမူအရာများဖြင့် ကောင်းကင်သို့ကြည့်လိုက်ကြသည်။

ပထမတန်းစားအင်အားစုသုံးစုက မည်သည့်အတွက်ကြောင့် အတူတကွ လာရောက်ကြရလေသနည်း။

ထိုအချိန်တွင် ရှောင်ကျန်းဖန်းက ယွန်ဇောင်ကို ထောက်ခံအားပေးသည်။

ကျိရှတောင်ထိပ်သခင်မနှင့် ဂျီရီတောင်ထိပ်သခင်တို့က ကောင်းကင်ပေါ်သို့ ထိုးတက်ပျံသန်းသွားကြ၏။

အပိုင်း(356) coming။

ငါ့တပည့်တွေက ဘုရင်တွေ

All Chapters