← Chapters

#မြောက်ရိပ်ဓားအစီအရင်#

Vol. 25 Ch. 358

#မြောက်ရိပ်ဓားအစီအရင်#

Vol. 25 Ch. 358

ရေခဲဝိဉာဉ်ဂိုဏ်း၊ လှံနတ်ဘုရားဂိုဏ်း သို့မဟုတ် ရွှမ်မင်ချောက်ကမ်းပါးပင် ဖြစ်ပါစေ အားလုံးက ပထမတန်းစားအင်အားစုများဖြစ်ကြသည်။

ထို့ထဲတွင် ရေခဲဝိဉာဉ်ဂိုဏ်းနှင့် လှံနတ်ဘုရားဂိုဏ်းတို့က ပထမတန်းစားအင်အားစုနျားကြား၌ ပို၍အားကောင်းသည့် တည်ရှိမှုများဖြစ်ကြသည်။

ထိုအချိန်တွင် အဓိကဂိုဏ်းသုံးဂိုဏ်းက ကြယ်ကြွေတောင်တန်းသို့ ရောက်လာကြသည်။

ကြယ်ကြွေဓားဂိုဏ်းတွင် နောက်ဆုတ်လာကြသည့် တပည့်သားများနှင့်အကြီးအကဲများက လေ့ကျင့်မှုပြီးဆုံးသွားပြီး တောင်တံခါးဆီသို့ပင် ရောက်နေကြလေပြီ။

ထို့ထဲတွင် ဂျီရီတောင်ထိပ်၊ ကျိရှတောင်ထိပ်၊ ရှောင်ဂျန်းတောင်ထိပ်နှင့် ဆရာဆန်ဖန်းတို့က ရှေ့တန်း၌ ရပ်တေကြသည်။

အာရုံထွေပြားခြင်းအထွပ်အထိပ်အဆင့် အငွေ့အသက်များက ပေါက်ကွဲထွက်လာပြီး ကမ္ဘာကြီးကို ပြောင်းလဲပစ်သည့်အလား။

ထိုအချိန်တွင် တောင်တံခါးအပြင်၌ အဆုံးမဲ့အငွေ့အသက်များထွက်ပေါ်လာသည်။

အဓိကဂိုဏ်းသုံးဂိုဏ်းတပည့်သားများ၏ အငွေ့အသက်များက လွင့်ပျံ့လာသည်။

ရေခဲဝိဉာဉ်ဂိုဏ်းက အမျိုးသမီးတပည့်အားလုံးက ရေခဲဖြင့် ၀န်းရံထားကြသည်။

သူတို့ရောက်ရှိလာမှုက ဤ‌လေဟာပြင်က အပူချိန်ကို သုညရောက်သည်အထိ ကျဆင်းသွားစေသည်။

ရွှမ်မင်ချောက်ကမ်းပါးက မကောင်းဆိုးဝါးစွမ်းအားကို သယ်ဆောင်လာသည်။

အနက်ရောင်မြူခိုးအတွင်း မကောင်းဆိုးဝါးအငွေ့အသက်များက တဝဲဝဲလည်နေသည်။

အလယ်တွင် လှံနတ်လုရားဂိုဏ်းသားများက လှံရှည်များကို ကိုင်ထားကြသည်။

သူတို့၏ လှံဆန္ဒများက ကောင်းကင်ချေဖျက်အသိများအလား ကောင်းကင်ထက်သို့ ထိုးတက်သွား၏။

ဤအင်အားစုသုံးစုက ကြယ်ကြွေဓားဂိုဏ်းသို့ တချိန်တည်းမှာပင် ဝိုင်းရံထားသည့် အသံတဝီဝီမြည်နေသော ဓားဆန္ဒကို တွန်းလှန်နေကြသည်။

ထိုအချိန်တွင် ဂိုဏ်းသုံးဂိုဏ်းကနေ ပုံရိပ်သုံးခု တချိန်တည်းမှာပင် ထွက်ပေါ်လာသည်။

ဤလူသုံးယောက်လုံးက ဂိုဏ်းသုံးဂိုဏ်းအတွင်း အာရုံထွေပြားခြင်း အထွပ်အထိပ်အဆင့်များဖြစ်ကြသည်။

သူတို့ထဲတွင် ပိုင်ချီကိုင်လည်းပါ၀င်သည်။

ပိုင်ချီကိုင် လှံကိုကိုင်လျက် ဦးဆောင်မှုရယူကာ ကြယ်ကြွေဓားတံခါးပေါက်ရှိရာသို့ လျှောက်လာသည်။

"ကြယ်ကြွေဓားဂိုဏ်းက တခြားရွေးချယ်စရာတွေကို တကယ်ပဲမဆုံးဖြတ်ကြသေးဘူးလား"

"တကယ်လို့ ခင်ဗျားတို့ လက်လွှဲပေးဖို့ ရွေးချယ်မယ်ဆိုရင် ကျုပ်တို့အချိန်ချွေတာနိုင်မှာပါ၊ မဟုတ်ဘူးဆိုရင်တောင် ကျုပ်တို့က အဆုံးမဲ့လှုပ်ရှားမှုတခုကို လှုပ်ရှားရလိမ့်မယ်"

ကျန်းယွန်ဇောင် ခြေတလှမ်းတိုးလိုက်စဉ် ဓားဆန္ဒက သူ့တကိုယ်လုံး၌ လှည့်ပတ်လာသည်။

ဓားပညာအဆင့်အတန်းက ချက်ချင်းဆိုသလို ဓားသခင်အထွပ်အထိပ်အဆင့်သို့ ရောက်သွားသည်။

သူကဓားရှည်တစ်လက်ကို ကိုင်ထားပြီး ဓားရှည်က ထိန်းချုပ်ထားခြင်းမရှိလေရာ ဓားဆန္ဒက ပေါက်ကွဲနေသည်ာ

"ကြယ်ကြွေဓားဂိုဏ်းကလူတွေက အသက်နဲ့သေခြင်းတရားကို မကြောက်ကြဘူး"

"မင်းတို့တကယ်လို့ ထာ၀ရမသေချင်ဘူးဆိုရင်တောင် ကြယ်ကြွေဓားဂိုဏ်းဒီလိုကျရှုံးသွားခဲ့ရင် မင်းတို့ဂိုဏ်းသုံးဂိုဏ်းရဲ့ အသက်သွေးကြောကိုလည်း ဒါက အပြင်းအထန် ထိခိုက်စေနိုင်တယ်လေ"

ထိုစကားလုံးများထွက်ပေါ်လာသည်နှင့် တပြိုင်နက် ကြယ်ကြွေဓားဂိုဏ်းမှ တပည့်အားလုံးက ဓားရှည်များကို ဆွဲထုတ်လိုက်ကြသည်။

သူတိုဘက တိုက်ခိုက်ရေးစိတ်ဓာတ်နှင့် ဓားဆန္ဒများကို ပေါင်းစည်းလိုက်သောအခါ ကောင်းကင်သို့ ထိုးတက်သွားသည်။

သူတို့က သူတို့၏သဘောထားကို တိုက်ရိုက်ပင် ဖော်ပြကြသည်။

ကြယ်ကြွေဓားဂိုဏ်းက ဘယ်လိုရွေးချယ်မှုမျိုးကို လုပ်ပါစေ၊ သူတို့က ကြယ်ကြွေဓားဂိုဏ်းနှင့်အတူ ရှင်သန်သေဆုံးကြမည်သာ။

အရှုံးပေးခြင်း၊ တ၀က်တပျက်နှင့် ထွက်ပြေးခြင်းဟူသည် သူတို့သမိုင်း၌ ရှိလာမည်မဟုတ်။

ကြယ်ကြွေဓားဂိုဏ်းက သူတို့၏ဂိုဏ်းဖြစ်သလို လက်ရှိနေအိမ်လည်းဖြစ်သည်။

‌နေအိမ်ကိုကာကွယ်ခြင်းက သူတို့၏တာ၀န်ဖြစ်သည်။

ဓားသမားတယောက်တဖြစ်လဲ ဓားကျင့်ကြံသူများ၏ ဂုဏ်ကျက်သရေ သို့မဟုတ် မာန်မာနများက သူတို့ကို ယခုအချိန်တွင် နောက်ဆုတ်ရန် ခွင့်မပြုပါ။

ကျန်းယွန်ဇောင်ပြောသည်နှင့် ကြယ်ကြွေဓားဂိုဏ်းတပည့်သားများ၏ တုံ့ပြန်မှုများကို မြင်ရသောအခါ ပိုင်ချီကိုင်၏ အမူအရာက လုံး၀ကြည့်ရဆိုးသွားခဲ့သည်။

ကြယ်ကြွေဓားဂိုဏ်း၏စည်းလုံးမှုကို တခြားဂိုဏ်းများနှင့် လုံး၀မယှဉ်နိုင်ဟု ဆို၍ရသည်။

အကယ်၍ သူတို့က မသေမျိုးအခြေအနေ၌ ရှိနေမည်ဆိုလျှင်ပင် ကြယ်ကြွေဓားဂိုဏ်းဖျက်ဆီးခံရဖို့ သေချာစေကာမူ သူတို့ကလည်း အကြီးအမားဒဏ်ရာရသွားပေလိမ့်မည်။

သို့သော် ဒါကအဆုံးသတ်ဖြစ်ပါသည်။

ပိုင်ချီကိုင်နောက်ဆုတ်မည်မဟုတ်။

"ဒီလိုဆိုမှတော့ ခင်ဗျားရဲ့ဓားသိုင်းပညာက ဘယ်လောက်ထိ တိုးတက်လာသလဲဆိုတာ ကျုပ်ကြည့်ပါရစေ"

စကားပြောကြီးသည်နှင့် သူကလှံကိုမြှောက်ကာ ကောင်းကင်သို့ထိုးတက်သွား၏။

ကျန်းယွန်ဇောင်အေးစက်စွာ နှာခေါင်းရှုံ့ရင်း ဓားကိုဆွဲထုတ်စဉ် ဓားသံတချက်ပေါ်လာသည်။

တချိန်တည်းမှာပင် ရေခဲဝိဉာဉ်ဂိုဏ်း၏ မဟာအကြီးအကဲက နှာခေါင်းရှုံ့ကာ ကျိရှတောင်ထိပ်သခင်မကိုကြည့်လိုက်သည်။

ကျိရှတောင်ထိပ်သခင်မက ခပ်ပေါ့ပေါ့ပြုံးကာ ခါးကနေ ဓားကိုညင်သာစွာ ထုတ်ရင်း တွေ့ဆုံရန်အတွက် သွားလိုက်သည်။

ဂျီရီတောင်ထိပ်သခင်က ရွှမ်မင်ချောက်ကမ်းပါးသခင်၏ လက်ထောက်နှင့် တွေ့ဆုံသည်။

နှစ်ဘက်စလုံးက အဆင့်မြင့်တိုက်ခိုက်ရေးစွမ်းအားများက စတင်ပေတော့မည်။

ထိုအချိန်တွင် ဤကိစ္စသုံးခုအပြီး အော်ရာသုံးခုပေါက်ကွဲလာကာ ကမ္ဘာကြီး၏ အရောင်အဆင်းကို ပြောင်းလဲသွားစေသည်။

လူတိုင်းက ကောင်းကင်သို့ကြည့်လိုက်ကြပြီး သူတို့၏အမူအရာများက ရုတ်တရက် ပြောင်းလဲသွားကြ၏။

ဤအော်ရာသုံးခုစလုံးက တာအိုနယ်ပယ်က စွမ်းအားရှင်များပေတည်း။

"ကျန်းဝူဖန်း၊ အပြင်ထွက်ပြီး စကားလာပြောစမ်း"

မကြာမီ ကျန်းဝူဖန်ဓားအလင်းတန်းတခုအဖြစ် ပြောင်းလဲကာ အစီအရင်ရှေ့တွင် ပေါက်လာပြီး ပြုံးလိုက်သည်။

"ဟားဟား၊ မတွေ့ရတာကြာပြီနော်"

"နောက်ဂိမ်းတပွဲဆင်နွှဲမလား"

"ရတယ်လေ"

လေးယောက်လုံးက တချိန်တည်းမှာပင် ပျံသန်းသွားကြပြီး ကောင်းကင်၌ ပါးလွှာသည့်လေထုကနေ ဧရာမစစ်တုရင်တခုပေါ်လာသည်။

ကြည့်ရသည်မှာ ကောင်းကင်နှင့်မြေကြီး၏ အသက်ဓာတ်များက အချင်းချင်းတိုက်ခိုက်ရန်အတွက် ဓားစာခံအဖြစ် အသုံးပြုခြင်းခံရပုံပင်။

နှစ်ဘက်စလုံးက အမြင့်ဆုံးတိုက်ခိုက်ရေးစွမ်းအားကို မလုပ်ဆောင်ကြသေး။

ဒါကအများသဘောတူညီချက်ပင်။

တာအိုနယ်ပယ်စွမ်းအားရှင်တစ်ယောက်သာ လှုပ်ရှားမည်ဆိုပါက ဤကမ္ဘာကြီးအား ထိခိုက်စေသည့် ကြီးမားသော ရိုက်ခတ်မှုတခု ဖြစ်လာပေလိမ့်မည်။

နယ်နိမိတ်မဲ့မင်းဆက်ကလည်း အတိအကျပင် တားမြစ်ပိတ်ပင်ထားသည်။

တာအိုနယ်ပယ်က စွမ်းအားရှင်များက အာကာသတနေရာ၌ သေသည်အထိ တိုက်ခိုက်ရပေမည်။

အကယ်၍သင်သာ လိုအပ်သလိုလှုပ်ရှားမည်ဆိုပါက နယ်နိမိတ်မဲ့မင်းဆက်က ခွင့်ပြုမည်မဟုတ်။

ဒါကဘယ်သူမှမမြင်ချင်သည့်အရာဖြစ်သည်။

ကြယ်ကြွေတောင်တန်းအလွန်၌ မရေမတွက်နိုင်လောက်‌သောလူများက စုဝေးကာ ကောင်းကင်က စစ်တုရင်ဘုတ်ပြားကို ကြည့်နေကြသည်။

"ကြည့်ရတာ တိုက်ပွဲစတင်နေပြီထင်တယ်"

"ကြယ်ကြွေဓားဂိုဏ်း၏ အမြင့်ဆုံးတိုက်ခိုက်ရေးစွမ်းအား၊ ကြယ်ကြွေဓားဂိုဏ်းက ဂိုဏ်းသုံးခုအတူတကွ ပူးပေါင်းလုပ်ဆောင်တာလောက် မကောင်းဘူး"

"အင်း၊ ဂိုဏ်းတပည့်တွေထဲမှာတောင် ခွန်အားနဲ့ အရေအတွက်မှာ ကွာဟချက်ရှိနေတယ်"

"ဟူးး၊ ကြယ်ကြွေဓားဂိုဏ်းက သေချာပေါက် ရှုံးနိမ့်ရတော့မယ်၊ ဒါပေမယ့် ဘယ်လောက်ကြာကြာ ကြံ့ကြံ့ခံနိုင်မလဲဆိုတာတော့ မသိဘူး"

....

ယဲ့ချိုးပိုင်၊ ရှောင်ဟိုင်နှင့် ရှီရှန်းတို့ကလည်း အစီအရင်ရှေ့သို့ ရောက်လာကြသည်။

တောင်ထိပ်သခင်များနှင့်ဂိုဏ်းချုပ်က သူတို့ကို ပေါ်လာရန် ခွင်မပြုထားပါ။ မည်သို့ပင်ဆိုစေကာမူ ရန်သူ၏ပစ်မှတ်က သူတို့သုံးယောက်ဖြစ်သည်။

ယဲ့ချိုးပိုင်တို့သုံးယောက်သာ အသတ်ခံရမည်ဆိုပါက အရာအားလုံးက အဓိပ္ပာယ်မရှိဖြစ်သွားပေလိမ့်မည်။

သို့သော် သူတို့ကိုနောက်ကွယ်မှာ ပုန်းနေစေချင်တာလား!

ယဲ့ချိုးပိုင်တို့တွင် ကြယ်ကြွေဓားဂိုဏ်းနှင့် နက်ရှိုင်းသည့် ဆက်ဆံရေးမရှိလေရာ ကြယ်ကြွေဓားဂိုဏ်း၏ တပည့်များနှင့် အကြီးအကဲများကို သူတို့ရှေ့၌ သေသည်အထိ တိုက်ခိုက်ရန်ခွင့်ပြုပြီး သူတို့က နောက်ကနေ ကြည့်နေရမည်လား။

ဒါကဘယ်လိုလုပ်ဖြစ်နိုင်မည်နည်း။

ဂျီဂျီက မည်သည့်စကားမှမဆိုဘဲ ယဲ့ချိုးပိုင်ဘေးသို့ ရောက်လာသည်။ ယဲ့ချိုးပိုင်က ပေါ်ပေါက်လာလေရာ သူ့တွင် ဘာတခုမှ ပြောစရာမလိုအပ်ပါ။

တခုခုပြောဆိုခြင်းကမလိုအပ်ပေ။

အဆင့်မြင့်တိုက်ခိုက်ရေးစွမ်းအားကသာ အရာအားလုံးကို ကိုင်တွယ်သွားပေလိမ့်မည်။

ဂိုဏ်းသုံးဂိုဏ်းအကြား အကြီးအကဲတချို့ ပေါ်လာပြီး လက်အစုံကို ဝှေ့ယမ်းလိုက်ကြသည်။

စုပေါင်းတပ်ဖွဲ့သုံးခုက တောင်တံခါးကို တချိန်တည်းမှာပင် တိုက်ခိုက်ကြသည်။

ဂျီဂျီနှာခေါင်းရှုံ့ကာ လက်ဝှေ့ယမ်းသည်။

"ဓားအခင်းအကျင်းကို အသက်သွင်း"

တပည့်အားလုံးက သူတို့၏ဓားများကို ဆွဲထုတ်ကာ ထရပ်ကြသည်။

ဓားဆန္ဒများစွာက ဂိုဏ်းအပေါ်ယံ ကောင်းကင်ထက်တွင် စုဝေးလာသည်။

ဓားဆန္ဒများအတူတကွ စုဝေးလာပြီးနောက် ချက်ချင်းဆိုသလို ဓားအလင်းတန်း ခုနှစ်ခုအဖြစ် ပိုင်းခြားကာ ဦးတည်ရာ ခုနှစ်ဘက်သို့ ရပ်တည်နေသည်။

အကယ်၍သေချာကြည့်မည်ဆိုပါက ဤဓားအလင်းခုနှစ်ခု၏ ဦးတည်ရာများက မြောက်ရိပ်ဓားကို ဖန်တီးရန်အတွက် အတူတကွဆက်သွယ်နေသည်ကို တွေ့ကြပေလိမ့်မည်။

မြောက်ရိပ်ဓားအစီအရင်!

ကြယ်ကြွေဓားဂိုဏ်း၏တပည့်များက အတူတကွပင် အစီအရင်ကို စီစဉ်ခဲ့ကြသည်။

ဓားသမားများအကြား အဖျက်ဓားဆန္ဒတခုထွက်ပေါ်လာသည်။

ဂိုဏ်းသုံးဂိုဏ်းထဲကလည်း သိုင်းဧကရာဇ်အဆင့်စွမ်းအားရှင်များ ဒါဇင်နှင့်ချီ ထိုးထွက်လာကာ ကြယ်ကြွေဓားဂိုဏ်း တပည့်သားများထံ ဦးတည်သွားကြသည်။

အကယ်၍ သူတို့သာ မြောက်ရိပ်ဓားအစီအရင်ကို အားလုံးမဖြိုခွဲမည်ဆိုပါက ဤသည်က သူတို့၏တိုက်ခိုက်မှုနှုန်းကို အတော်လေး နှောင့်နှေးစေလိမ့်မည်။

ကြယ်ကြွေဓားဂိုဏ်း၏ အထွပ်အထိပ်ကာလ၌ ဤသည်က နယ်နိမိတ်မဲ့မင်းဆက်နှင့် ယှဉ်ပြိုင်နိုင်သည့် အင်အားကြီးအရာနခုဖြစ်ပြီး ခေါင်းတလုံးခန့် အနည်းငယ်ပင် ကျော်လွန်သွားခဲ့သည်။

ယခုတွင်မူ ဆုတ်လျော့ကျဆင်းသွားသော်လည်း အခြေခံအုတ်မြစ်က ရှိနေဆဲပင်။

ဤမြောက်ရိပ်ဓားအစီအရင်က ဓားဂိုဏ်းအထွပ်အထိပ်ကာလကတည်းကပင် ကျန်ရစ်ခဲ့ခြင်းဖြစ်သဖြင့် အားကောင်းသည်။

ဤသည်ကိုကြည့်ရင်း ယဲ့ချိုးပိုင်နှင့် ဂျီဂျီတို့က တစ်ဦးကိုတစ်ဦးကြည့်ကာ ခေါင်းညိတ်လိုက်ကြသည်။

တချိန်တည်းမှာပင် သူတို့က သိုင်းဧကရာဇ်နယ်ပယ်က စွမ်းအားရှင်များစွာကို မိတ်ဆက်လိုက်ကြသည်။

ယဲ့ချိုးပိုင်ဘာမှထိန်ချန်မထားဘဲ ကြယ်ကြွေဓားကိုဆွဲထုတ်သည်။

ဓားပိုင်နက်ကနေစတင်ကာ အကြွင်းမဲ့ဓားလေးစင်းဖွဲ့စည်းမှုပုံစံက ၎င်းနှင့်ရောစပ်သွား၏။

အာဒိကပ္ပဓားသိုင်း၏ အကြွင်းမဲ့ဓားလေးစင်း!

ခြေတလှမ်းနောက်ဆုတ်ရင်း ရှီရှန်းက အင်ပါယာမင်ရွှမ်ပုဆိန်ကို ကိုင်ထားစဉ် ကြယ်စွမ်းအားက တောက်ပလာသည်။

တခြားတဘက်တွင် ရှောင်ဟိုင်တကိုယ်လုံးက မှော်နက်စွမ်းအင်များဖြင့် ဖုံးလွှမ်းနေပြီး နတ်ဆိုးနတ်ဘုရား(နတ်ဆိုးဘုရင်) ဆင်းသက်လာသည်။

သူ့ကိုယ်ခန္ဓာမျက်နှာပြင်၌ လှိုင်းသုံးကြောင်းက တချိန်တည်းမှာပင် ပေါ်လာကာ မှော်ပုဆိန်ကိုကိုင်လျက် ဦးဆောင်လိုက်သည်။

မဟာစစ်ပွဲစတင်လေပြီ။

အပိုင်း(359) coming။

ငါ့တပည့်တွေက ဘုရင်တွေ

All Chapters