#ဘေးကျပ်နံကျပ်#
Vol. 25 Ch. 364
ဤသည်က ယဲ့ချိုးပိုင်ကို အများကြီး ယုံကြည်သွားစေသည်။
တခြားဘက်က ရောက်လာသည်နှင့် ဤပြဿာနာကို တခြားမည်သူကများ ဖြေရှင်းနိုင်မည်နည်း။
လုချန်ရှန်းဆိုတာ သံသယမရှိပါ။
ဘေးကရှီရှန်းကလည်း အံ့ဩသင့်သွား၏။
"အစ်ကိုကြီး၊ ဆရာကိုဘယ်တုန်းက ဆက်သွယ်လိုက်တာလဲ၊ ဘာလို့ ကျွန်တော်မသိလိုက်ရတာလဲ"
ယဲ့ချိူပိုင်ပြုံးလိုက်သည်။
"နှစ်ရက်အကြာကပါ၊ ဘာပဲဖြစ်ဖြစ် ပြိုင်ဘက်ကအရမ်းအားကောင်းနေတော့ ငါတို့အစောကြီးကတည်းက ပြင်ဆင်ထားရမယ်လေ"
ရှောင်ဟိုင် ဘေးကနေ ဗလုံးဗထွေးပြောလိုက်၏။
"အစ်ကိုကြီး၊ အစ်ကိုထပ်ပြီး အငေါက်ခံရတော့မယ်ထင်တယ်"
ယဲ့ချိုးပိုင်အကူအညီမဲ့စွာ လက်ဆန့်တန့်လိုက်မိသည်။
"ငေါက်ရင်လည်း အငေါက်ခံရုံပဲပေါ့၊ ဘာပဲဖြစ်ဖြစ် ငါကျင့်သားရနေပါပြီ"
မကြောက်မလန့်မျက်နှာထားနှင့် ယဲ့ချိုးပိုင်ကို ကြည့်ရင်း ရှောင်ဟိုင်ရော ရှီရှန်းပါ ရယ်မောလိုက်ကြသည်။
သူတို့ထံပြေး၀င်လာသည့် အာရုံထွေပြားခြင်းအဆင့်စွမ်းအားရှင်နှစ်ယောက်မှာ ထိုသုံးယောက်စကားပြောပြီး ရီနေသည်ကို တွေ့လိုက်ရသဖြင့် အနည်းငယ်စိတ်တိုသွားကြသည်။
မင်းတို့ငါတို့ကိုမျက်နှာသာပေးလို့ရမလားဟ!
ငါတို့ကအာရုံထွေပြားခြင်းအဆင့်ကပါ!
လက်ဝါးတချက်တည်းနဲ့ မင်းတို့ကို သေတဲ့အထိ ရိုက်သတ်ပစ်နိုင်တယ်!
မင်းတို့ကဒါတောင်စကားပြောပြီး ရယ်နေကြတုန်းလား!
ဤသည်ကိုတွေးမိရင်း နှစ်ဦးစလုံးက တချိန်တည်းမှာပင် အရှိန်မြှင့်တင်လိုက်ကြ၏။
မျက်စိတမှိတ်အတွင်းမှာပင် ယဲ့ချိုးပိုင်က သူတို့ရှေ့တွင်ရှိနေလေပြီ။
သူတို့၏လက်ဝါးချက်များကလည်း ယဲ့ချိုးပိုင်တို့ရှေ့တွင် ရောက်နေလေပြီ။
ထိုအခိုက်အတန့်၌ ယဲ့ချြိးပိုင်တို့ရှေ့က ဟင်းလင်းပြင်က ဆုတ်ဖြဲခံလိုက်ရသည်။
အာရုံထွေပြားခြင်းအဆင့်စွမ်းအားရှင်နှစ်ယောက်၏ အထိတ်တလန့်အကြည့်အောက်၌ ဤနေရာရှိ လေဟာပြင်က လက်နှစ်ဖက်နှင့် အတင်းဆွဲဖြဲခံရသည်။
ချက်ချင်းဆိုသလို သူတို့၏ခေါင်းများကို ဖျစ်ညှစ်လိုက်ကြပြီး သူတို့၏လက်များက အနည်းငယ်တုန်ယင်နေသည်။
ဓားဆန္ဒနှစ်ခုက အာရုံထွေပြားခြင်းစွမ်းအားရှင်နှစ်ဦးထံရောက်လာပြီး သူတို့ကိုယ်ခန္ဓာများကို အပြင်းအထန်တိုက်ခိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ဦးစလုံး၏ကိုယ်ခန္ဓာများက ဓားဆန္ဒဖြင့် တိုက်ရိုက်ချေမွဖျက်ဆီးခြင်းကိုခံရသည်။
လူတိုင်းကထို့ဖက်သို့အာရုံစိုက်လာကြပြီး သူတို့၏မျက်လုံးများက ထိတ်လန့်မှုနှင့် သံသယများဖြင့် ပြည့်နှက်သွားကြသည်။
အဲဒီမှာဘယ်သူလဲ!
ဟင်းလင်းပြင်ကိုဆုတ်ဖြဲပြီး အာရုံထွေပြားခြင်းနယ်ပယ်က စွမ်းအားရှင်ကို သတ်ပစ်နိုင်စွမ်းရှိတဲ့ အဲလူကဘယ်သူလဲ!
ဂိုဏ်းချုပ်သုံးဦး၏မျက်နှာများက အနည်းငယ်ကြုံ့သွားသည်။
ကျန်းဝူဖန်း သို့မဟုတ် ကြယ်ကြွေဂိုဏ်း တာအိုနယ်ပယ်က ထိုအဖိုးအိုဖြစ်ပါစေ သူတို့က ရေတွက်ထားခဲ့ပြီးဖြစ်သည်။
ဒီလူကဘယ်သူလဲ!
ဒါကကြယ်ကြွေဓားဂိုဏ်းရဲ့ ဝှက်ဖဲများလား!
မုဖူရှန်းကလည်း စူးစမ်းလိုစိတ်ကိုပြသသည်။
ယဲ့ချိုးပိုင်သူ့ကိုတခါပြောဖူးတာကို သူမှတ်မိလာသည်။
သူ့တွင်ဂိုဏ်းတစ်ဂိုဏ်းရှိနေပြီဖြစ်လေရာ တခြားဂိုဏ်းများတွင်၀င်ရန် မသင့်တော်ပေ။
ဒီလူက ယဲ့ချိုးပိုင်ရဲ့ဆရာလား!
ကျန်းဝူဖန်းကလည်း အနည်းငယ်အံ့ဩသင့်သွားသည်။
သို့သော် သူ့အတွေးများက ယဲ့ချိုးပိုင်၏ အတွေးများနှင့်ကိုက်ညီနေပြီး လှံနတ်ဘုရားဂိုဏ်းချုပ်ကို စိတ်၀င်တစားစိုက်ကြည့်ရင်း စစ်တုရင်ကိုနေရာချသည်။
"ဖြစ်နိုင်တာက အခြေအနေက တကယ်ပြောင်းပြန်ဖြစ်လာတော့မယ်ထင်တယ်"
ထိုအချိန်တွင် ယဲ့ချိုးပိုင်၊ ရှီရှန်းနှင့် ရှောင်ဟိုင်တို့က လက်များကိုဆုပ်လိုက်ကြသည်။
"ဆရာ"
ဟင်းလင်းပြင်အက်ကြောင်းကနေ အဖြူရောင်၀တ်စုံနှင့်လူတစ်ယောက်ထွက်လာသည်။
ထိုလူ၏မျက်နှာကနက်မှောင်နေပြီး သူထွက်လာသည်နှင့် တခြားသူများကို အာရုံမစိုက်ဘဲ ယဲ့ချိုးပိုင်အား လှမ်းကြည့်လိုက်သည်။
"မင်းကငါဆူပူတာကို ကျင့်သားရနေပြီလို့ ပြောတာငါကြားခဲ့တယ်၊ ကြည့်ရတာ ဆရာက ဒီရက်ပိုင်းအရမ်းကြင်နာပေးခဲ့ပုံပဲ"
လုချန်ရှန်း၏ အေးစက်သည့်မျက်လုံးများကိုကြည့်ရင်း ယဲ့ချိုးပိုင်၏ကိုယ်က အထိန်းအချုပ်မဲ့တုန်ယင်သွား၏။
သူကအနည်းငယ်ဘေးကျပ်နံကျပ်ဖြစ်သွားသည့်ပမာ။
သူပြောသည့်စကားလုံးများကို ဆရာကြားသွားလိမ့်မည်ဟု ယဲ့ချိုးပိုင်မမျှော်လင့်ထားခဲ့ပေ။
"ငါပြန်သွားတဲ့အခါကြမှ မင်းကို သေချာဂရုစိုက်ရမှာပေါ့"
ချက်ချင်းဆိုသလို လုချန်ရှန်း ရှေ့ကပုံရိပ်ကိုကြည့်ကာ စိတ်မရှည်စွာမေးသည်။
"ငါ့ကိုပြောပါ၊ ဘယ်သူငါ့တပည့်ကို သတ်ချင်သေးလဲ"
ထိုစကားလုံးများထွက်ပေါ်လာသည်နှင့်တပြိုင်နက် လူတိုင်းဆွံအသွားကြသည်။
တခဏအကြာတွင် ဤနေရာက ထူးဆန်းစွာပင် တိတ်ဆိတ်သွားသည်။
အတန်ကြာပြီးနောက် လှံနတ်ဘုရားဂိုဏ်းချုပ်က အံကြိတ်ကာပြောသည်။
"တာအိုနယ်ပယ်က ကျင့်ကြံသူတွေကို တိုက်ခိုက်ဖို့ ခွင့်မပြုထားဘူး...."
လှံနတ်ဘုရားဂိုဏ်းချုပ်ကိုယ်တိုင်ကလည်း တာအိုနယ်ပယ်စွမ်းအားရှင်ဖြစ်သည်။
သူလုချန်ရှန်းကိုမြင်သောအခါ သူ့နှလုံးသားထဲကနေ ကြောက်စိတ်တခုကို ခံစားနေရသည်။
ဤနယ်မြေ သို့မဟုတ် အဆင့်နိမ့်လတ္တီကျူတခုလုံးတွင်ပင်လျှင် သူ့ကိုယခုလိုခံစားရအောင် လုပ်နိုင်သည့်သူဟူ၍ များများစားစားမရှိပါ။
သဟဇာတတာအိုနယ်ပယ်အစောပိုင်းအဆင့်ကိုတောင် ဒီလိုခံစားစေရတာဆိုတော့ ဒီလူရဲ့နယ်ပယ်က တာအိုနယ်ပယ် အထက်မှာလား!
ဤသည်ကိုတွေးမိသောအခါ လှံနတ်ဘုရားဂိုဏ်းချုပ်က ချက်ချင်းခေါင်းခါယမ်းသည်။
ဤအဆင့်နိမ့်လတ္တီကျူပိုင်နက်တွင် ယခုလိုလူမျိုးက လုံး၀မရှိပါ။
ထိုစကားလုံးများကိုကြားသောအခါ လုချန်ရှန်းမျက်မှောင်ကြုတ်လိုက်သည်။
"တာအိုနယ်ပယ်စွမ်းအားရှင်က လှုပ်ရှားလို့မရဘူး၊ ဟုတ်လား၊ ငါပြောတာနားထောင်၊ မိတ်ဆွေ၊ ငါကမင်းတို့ရဲ့နယ်နိမိတ်မဲ့နယ်မြေကမဟုတ်ဘူး"
"ဒီတော့ ဒီသောက်စည်းမျဉ်းတွေက ငါ့အတွက်အသုံးမ၀င်ဘူး"
လျိုကျိယုက အဆင့်မြင့်လတ္တီကျူက လာခြင်းဖြစ်သည်ကိုသိပြီးနောက် တချိန်တည်းမှာပင် လုချန်ရှန်းလက်ထဲတွင် ကြက်ငှက်ပမာ အနိုင်ယူခြင်းခံရပြီးနောက် လုချန်ရှန်း သူ့ခွန်အားကို ထပ်ပြီးနားလည်လာသည်။
အနည်းဆုံးဤအဆင့်နိမ့်လတ္တီကျူတွင် ပြိုင်ဘက်မရှိပေ။
ထို့ကြောင့် တခါတလေမောက်မာတာက မဖြစ်နိုင်တာတော့မဟုတ်။
ဤသည်ကအတော်လေးမိုက်ပေသည်။
လုချန်ရှန်း၏မောက်မာသည့်စကားလုံးများကို ကြားရပြီးနောက် မုဖူရှန်း၏အမူအရာက အနည်းငယ်ထူးဆန်းသွားသည်။
ဤစည်းမျဉ်းကို သူတို့၏ နယ်နိမိတ်မဲ့မင်းဆက်က တည်ဆောက်ခဲ့ခြင်းပင်။
ယခုလိုစကားမျိုးကိုပြောခြင်းက နယ်နိမိတ်မဲ့မင်းဆက်ကိုပင် စိတ်ထဲမထည့်ဟု ဆိုလိုခြင်းဖြစ်သည်။
သို့သော် မုဖူရှန်းကအတော်လေးပါးနပ်သည်။
ထိုစကားလုံးများကို သူက ဘယ်ဘက်နားထောင်ရင်း ညာဘက်က ထုတ်ပစ်လိုက်သည်။
လှံနတ်ဘုရားဂိုဏ်းချုပ်က အတော်လေးကြည့်ရဆိုးနေသည်။
"ဒီလိုဆိုရင် မင်းဘာလိုချင်တာလဲ"
လုချန်ရှန်းအနည်းငယ်စိတ်မရှည်ဖြစ်လာသည်။
"ဘာကိုလဲ၊ အရမ်းရိုးရှင်းပါတယ်၊ ငါတပည့်သုံးယောက်ကို သတ်ချင်တဲ့သူတွေ မတ်တပ်ရပ်လိုက်၊ ငါကြည့်ဦးမယ်"
တချက်ကြည့်မှာလား!
သတ်မှာမလား!
"ငါတို့က ရေကန်အောက်ခြေက ပစ္စည်းကိုယူချင်ရုံပဲ"
"ဒါကမတူဘူးမလား၊ ဒါပေမယ့် မင်းက အရေပြားထူးပြီး ဂျူနီယာတယောက်ဆီကနေ တခုခုယူဖို့အတွက် ဒီလောက်မြင့်ပုံရတဲ့ အကြောင်းပြချက်နဲ့ ရောက်လာတယ်"
လှံနတ်ဘုရားဂိုဏ်းချုပ်၏မျက်နှာက ပြာနှမ်းသွားပြီးနောက် ဖြူဖျော့သွား၏။
သူကတခုခုပြောချင်သော်လည်း လုချန်ရှန်းက လက်ဝှေ့ယမ်းပြသည်။
"မေ့လိုက်တော့၊ မင်းကိုပြောနေရတာက အချိန်ဖြုန်းနေတာနဲ့အတူတူပဲ၊ ဘာပဲဖြစ်ဖြစ် မင်းကဒီလူတွေကို မလွှတ်ပေးနိုင်သလို ကိုယ်တိုင်တောင် ထရပ်ဖို့အတွက် ပဏာမခြေလှမ်းလှမ်းခဲ့တယ်"
"ဒီနေရာကဘယ်သူမှတော့ အပြစ်ကင်းစင်မနေပါဘူး၊ ဟုတ်တယ်မလား"
စကားပြောပြီးသည်နှင့် လုချန်ရှန်း လက်တစ်ဖက်ကို ဆန့်လိုက်သည်။
သူ့လက်ဖဝါးပေါ်၌ ဓားသိုင်းစည်းမျဉ်းများ၏ လွန်ကဲသည့်စွမ်းအားနှင့်အတူ သိပ်သည်းနေသည့် စည်မျဉ်းများရှိသည်။
ချက်ချင်းဆိုသလို ညင်သာသောလှိုင်းတကြောင်းနှင့်အတူ ထိုသိပ်သည်းနေသည့် လွန်ကဲသည့်ဓားသိုင်းစွမ်းအား၏ စည်းမျဉ်းများက စုပေါင်းတပ်ဖွဲ့သုံးခုအပေါ်သို့ ပျံသန်းသွားသည်။
ဤမြင်ကွင်းကိုမြင်သောအခါ လှံနတ်ဘုရားဂိုဏ်းချုပ် ကြောက်ရွှံ့သွား၏။
ဒီစွမ်းအားကမည်သည့်နေရာကလာသလဲဆိုတာသူမသိသလို မည်သည့်အတွက်ကြောင့် ဆန်းကြယ်ပြီး အစွမ်းထက်ျနသရလဲဆိုတာ သူမသိပါ။
သို့စေကာမူ ဤစုစည်းသိပ်သည်းထားသည့် စွမ်းအားက စုပေါင်းတပ်ဖွဲ့သုံးခုအပေါ်သို့ မြောလွင့်သွားသည်နှင့် ပျက်စီးမှုကြီးတခုကို ဖြစ်စေလိမ့်မယ်ဆိုတာ သူသိသည်။
ဤသည်ကဖျက်ဆီးခံရပြီဟုဆို၍ရသည်။
"ရပ်လိုက်"
သူကပစ်လွှတ်လိုက်ချင်သော်လည်း အတော်လေးနောက်ကျသွားတာကိုတွေ့လိုက်ရသည်။
ဓားသိုင်းစည်းမျဉ်းစွမ်းအားက အဆုံးစွန်ထိ သိပ်သည်းကာ စုပေါင်းတပ်ဖွဲ့များ၏ အပေါ်သို့ မျောလွင့်သွားသည်။
အထိတ်တလန့်ဖြစ်နေသည့် အကြည့်ထောင်ပေါင်းများစွာအပေါ်၌ ဤစွမ်းအားက အဆုံးမဲ့အလင်းဖြင့် ရုတ်တရက် လင်း၀င်လာသည်။
ထိုအခိုက်အတန့်မှာပင် စည်းမျဉ်းထောင်ပေါင်းများစွာ၏စွမ်းအားက ပေါက်ကွဲသွားသည်။
၎င်းက အဖျက်လေဆင်နှာမောင်းတခုအဖြစ် ပြောင်းလဲသွားပြီး စုပေါင်းတပ်ဖွဲ့ထံ ဖြတ်သန်းသွား၏။
ကမ္ဘာကြီးကိုဖြတ်သန်းရင်း ကမ္ဘာကြီးကို ဖျက်ဆီးကာ ပတ်ပတ်လည်ဟင်းလင်းပြင်က အပိုင်းပိုင်းကွဲအက်သွားသည်။
ထို့ထဲကနေ မရေမတွက်နိုင်လောက်သည့် အာကာသရှုပ်ထွေးမှုများက ဖယ်ရှားခံရသည်။
စုပေါင်းတပ်ဖွဲ့တွင်မူ သူတို့က အော်ဟစ်သံတစ်သံပင်မထုတ်နိုင်ဘဲ အပိုင်းအစများအဖြစ် ဖျက်ဆီးခံရသည်။
ခုခံရန်အတွက် နေရာမရှိပါ။
ဂိုဏ်းသုံးဂိုဏ်း၏ ဂိုဏ်းချုပ်များက ဤမြင်ကွင်းကို စိတ်ပျက်လက်ပျက်နှင့် ကြည့်နေကြသည်။
သူတို့က သံမဏိတုံးတစ်ခုကို ကန်ကျောက်မိခဲ့မှန်း ယခုမှသိနားလည်လာကြသည်။
ဤလူ၏ခွန်အားက အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလွန်းသည်။
မုဖူရှန်းဘေးကနေ ဤမြင်ကွင်းကိုကြည့်ရင်း ကျယ်လောင်စွာရယ်မောနေမိသည်။
ကြည့်ရသည်မှာ သူက မှန်ကန်သည့် ရတနာကို လောင်းကြေးထပ်ခဲ့သည့်အလားပင်။
ဤအကြောင်းကို သူအရင်ကတခါမှ မတွေးတောထားခဲ့ပါ။
ယဲ့ချိုးပိုင်တို့တွင် ယခုလိုအားကောင်းသန်မာလွန်းသည့် ဆရာတစ်ယောက် ရှိနေခဲ့သည်။
အပိုင်း(365) coming။